Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က စစ်ဘေးရှောင်ပြည်သူများထံ သွားရောက်တွေ့ဆုံပြီး အကူအညီများပေးအပ်

ပါခွီး
မဇ္စျိမ ။။ စစ်ကိုင်းတိုင်း၊တမူးမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသော ကျေးရွာအချို့သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၃)က
သွားရောက်ပြီး စားသောက်ကုန်များကူညီပေးခဲ့ကာ ဒေသခံပြည်သူများ ကြုံတွေ့နေရသော အခက်အခဲများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၃)က
၎င်းတို့ နယ်မြေစိုးမိုးထားသည့် ဒေသမှ ကျေးရွာ လေးရွာရှိ စစ်ဘေးသင့် မိဘပြည်သူများထံ သွားရောက်ခဲ့ပြီး အခြေခံစားကုန်များဖြစ်သည့် ဆန် ၊ဆီ၊ဆားနှင့် အခြားအထွေထွေသုံးဆောင်ပစ္စည်းများကို ပေးအပ်ခဲ့သည်ဟု ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ရက်တွင် သတင်းထုတ်ပြန်သည်။
“ကျွန်‌တော်တို့တပ်ဖွဲ့က ပြည်စုံလွန်းလို့ အခုလိုပေးအပ်တာမဟုတ်ပါဘူး။ ပြည်သူတွေ ခက်ခဲနေတာကို ကျွန်တော်တို့အနေနဲ့ မျှဝေခံစားရတဲ့အတွက် အခုလိုလုပ်ဆောင်ခဲ့တာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၃)တာဝန်ရှိသူတစ်ဦး ကပြောသည်။
စစ်ဘေးရှောင်ပြည်သူများအတွက်
ကျပ်၁၅၀၀၀၀၀၀ (သိန်းတစ်ရာ့ငါးဆယ်) တန်းဘိုးရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ဒေသခံ ပြည်သူများ၏ လိုအပ်ချက်များ ၊ ကြုံတွေ့နေရသော အခက်အခဲများ ၊ အဆင်မပြေမှုများကို တပ်ရင်း၏ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်ဟု သိရသည်။
စစ်ဘေးရှောင်ပြည်သူများသည် လတ်တလောတွင် လယ်ယာလုပ်ငန်းအပါအဝင်အခြားအလုပ်အကိုင်အခွင့်အလမ်းလည်း မရှိသောကြောင့် စားဝတ်နေရေးခက်ခဲမှုများနှင့် ကြုံတွေ့နေရကြောင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။၎င်းတို့ နယ်မြေစိုးမိုးထားသည့် ဒေသတွင် စာသင်ကျောင်း တကျောင်းရှိသော်လည်း ကလေးအားလုံးအတွက် လက်လှမ်းမှီလုံလောက်မှုမရှိကြောင်းနှင့် ပညာရေးအတွက် လုပ်ဆောင်ပေးရန်လည်းလိုအပ်နေကြောင်းပြောသည်။ထို့အပြင် CDM ကျန်းမာရေးဝန်ထမ်းများမှ တတ်နိုင်သ၍ ကျန်မာရေး စောင့်ရှောက်မှုများပေးနေသော်လည်း ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ပြည့်စုံမှု မရှိသေးကြောင်းသိရသည်။
ပြည်သူလူထုအတွက် အခက်အခဲများကြားမှ အတတ်နိုင်ဆုံးနှင့် အကောင်းမွန်ဆုံး ဖြစ်စေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပြီး ၎င်းတို့ နယ်မြေစိုးမိုးထားသည့် ဒေသအတွင်းရှိ ပြည်သူများ၏ လုံခြုံရေးနှင့် အေးချမ်းသာယာရေးအတွက် တပ်ဖွဲ့ဝင်များမှ အစဉ်တစိုက်ကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၃)၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
" တော်လှန်ရေးအောင်ဖို့ စိတ်ရှည်လက်ရှည်ရှိပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ခံပါတယ်။ တော်လှန်ရေးမြန်မြန်အောင်ဖို့ ဒီထက်တော့ ပိုသွက်လက်စေချင်တယ်" ဟု တမူးမြို့ခံတဦးကပြောသည်။
တမူးမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ဝန်းကျင်ခန့်ရှိနေကြောင်း တမူးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆေးက မဇ္ဈိမကို ပြောသည်။
စာတည်း - မောင်ကြီး
#စစ်ကိုင်းတိုင်း
#တမူးမြို့နယ်
#စားသောက်ကုန်များကူညီ
👍21❤5😁4🥰1
ဖေဖော်ဝါရီလ ၂၄ ရက်၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

00:58- ရန်ကုန်တွင် ဝင်ငွေမလုံလောက်လို့ အစားလျှော့စားရသည့် အိမ်ထောင်စုများရှိနေဟု UNDP ပြောတဲ့သတင်း

03:32-(၄) ကြိမ်တိုင် မီးရှိုခံရသော ချောင်းဦးကျေးရွာမှ စစ်ဘေးရှောင်များ ရပ်တည်ရေးအခက်ကြုံနေတဲ့သတင်း

05:12-အစ္စရေးကအနောက်ဘက်ကမ်းကိုစီးနင်းတိုက်ခိုက်မှုအပြီး ဂါဇာပစ်မှတ်တွေကို လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်တဲ့သတင်း

11:03- အိန္ဒိယက အာဏာသိမ်းစစ်တပ်သို့ စစ်လက်နက်ထောက်ပံ့မှု အပါအဝင် နီးကပ်သောဆက်ဆံရေး ဆက်လက်ရှိနေတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/aWk-2XtF4WM
👍4😁2
​​ပြီးခဲ့သည့်လက မြန်မာနိုင်ငံသား ၁၁၄ ဦးကို မလေးရှား နယ်နှင် 

မြန်မာနိုင်ငံ ပြန်ရောက်လျှင် ဖိနှိပ်မှုများ ရင်ဆိုင်ရမည့် ဖြစ်နိုင်ခြေ မြင့်မားသည့် ကြားမှပင် မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံသား မွတ်စလင် ၁၁၄ ဦးကို ပြီးခဲ့သည့်လအတွင်းက ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် မလေးရှား နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏3😁2🤬2👍1
​​ရေစကြိုမြို့မှာ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် ထိခိုက်ဒဏ်ရာရမှုများရှိနိုင်

MTO
မဇ္ဈိမ။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေစိုက် စစ်ကောင်စီတပ် ခလရ (၂၅၈)မှ ရေစကြိုမြို့ ပေါ်သို့ အိမ်စီးကား သုံးစီးဖြင့် ထွက်လာသည့် စစ်ကောင်စီတပ် ယာဉ်တန်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။
ထိုသိုတိုက်ခိုက်ရာတွင် ယာဥ်နှစ်စီး ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်တွင် ထိခိုက်ဒဏ်ရာရရှိမှုများရှိနိုင်ကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ (၂၅၈) ထဲက အာရဖတ် သုံးစီးအပြည့် နဲ့ ထွက်လာတာ၊ ရေစကြို မြို့ အဝင် စိုက်ပျိုးရေးရုံးနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ပဒေသာ သုံးလုံးတွဲတစ်ဆိုင်းနဲ့ အရင်ဆွဲလိုက် အရှေ့က ကား နှစ်စီးက ထိုးရပ်သွားတာ၊ နောက်ဆုံးကားက ကောင်တွေက ဆင်းပစ်တာကို နောက်ဆုတ်ပေးလိုက်တော့ ဆက်လိုက်လာတာကို နောက်ထပ် ပဒေသာ သုံးလုံးတစ်ဆိုင်း ထပ်ဆွဲလိုက်တာ သေဆုံးမှုတော့ မရှိဘူး၊ ထိခိုက်ဒဏ်ရာ ရတာတွေတော့ ရှိနိုင်တယ်” ဟုပြောသည်။
ခလရ (၂၅၈) မှ စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ရေစကြို မြို့ပေါ်ရှိ မြို့နယ်ထွေအုပ်ရုံးသို့ ကူးသန်း သွားလာနေခြင်းဖြစ်ပြီး ယင်းကဲ့သို့ သွားလာချိန်ကို စောင်ံ့၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ခလရ (၂၅၈) နဲ့ မြို့ပေါ်ကထွေအုပ်ရုံးနဲ့ က မိနစ် ၂၀လောက်မောင်းရတယ်။ ထွေအုပ်ရုံး နဲ့ စစ်တပ်ကို သူတို့ က အမြဲကူးနေတာ အဲ့ဒါကို စောင့်ပြီး မိုင်းဆွဲခဲ့တာ “ဟု ရေစကြို ပဖက မှ တာဝန်ရှိသူက ပြောသည်။
ရေစကြိုမြို့ တွင် စစ်ကောင်စီတပ်က အင်အားများ ထပ်တိုးချထားပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ များဘက်မှလည်း မကြာခဏဆိုသလို တိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က လည်းရေစကြိုမြို့ အ.ထ.က ၁ အထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရေစကြို ပကဖ မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရေစကြိုမြို့နယ်
#စစ်ကောင်စီတပ်
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မိုင်းဆွဲတိုက်ခိုက်
👍13❤4👏3😁3
​​မီဇိုရမ်ပြည်နယ်အစိုးရက စစ်ဘေးရှောင် ကူညီရေးအတွက် ရူပီးငွေ သိန်း ၄၀၀ ကျော် အသုံးပြုပြီး ဟုဆို
------------------------------------------------------------------------------
ပါခွီး
မဇ္စျိမ ။။ အိန္ဒိယနိုင်ငံ ၊ မီဇိုပြည်နယ်အစိုးရက စစ်ဘေးရှောင်များ အကူအညီရေး အတွက် ရူပီးငွေ ၄၁,၄၆၆,၀၀၀ အသုံးပြုထားပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ယခုကျင်းပဆဲဖြစ်သော Assembly Budget Session တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့၌ ပြောဆိုခဲ့သည်။
ယင်းလွှတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များ၏ အခြေအနေနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို ဖြေဆိုခဲ့ခြင်းဖြစ်သည်။
မီဇိုရမ်ပြည်နယ်အစိုးရ၏ စာရင်းဇယားများအရ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့အထိ မီဇိုရမ်ပြည်နယ်အတွင် ခိုလှုံနေကြသော စစ်ဘေးရှောင် ၃၁,၅၀၈ ဦးရှိပြီး ၎င်းတို့အနက် ၃၁,၀၅၀ဦးမှာ မြန်မာနိုင်ငံမှဖြစ်၍ ၄၅၈ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ စစ်ဘေးရှောင်များ ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။
မြန်မာနိုင်မှ စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့ရာတွင် ရူပီး ၃၈,၄၆၆,၀၀၀ အသုံးပြုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှ ခိုလှုံလာသူများအတွက် ရူပီး ၃,၀၀၀,၀၀၀ အသုံးပြုခဲ့ကြောင်း သိရသည်။
စစ်ဘေးရှောင်များအတွက် အဓိကအသုံးပြုခဲ့မှုများတွင် ယာယီစခန်းတည်ဆောက်ရေး ၊ စားနပ်ရိက္ခာ ၊ လျှပ်စစ်မီး ၊ သောက်သုံးရေ ၊ဆေးဝါးနှင့် အခြားလိုအပ်သော အရာများ ဝယ်ယူမှုတွင်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“မီဇိုရမ်အစိုးရကလည်း ရှိတဲ့ဘတ်ဂျက်ထဲကနေ အကောင်းဆုံးဖြစ်အောင် ကူညီပေးတာပါ၊ လူဦးရေနဲ့ စာရင် ငွေကမများပေမဲ့ သူတို့ရဲ့ စိတ်စေတနာနဲ့ နေထိုင်ခွင့်ပေး ကူညီစောင့်ရှောက်တာတွေအတွက် ကျေးဇူးအထူးတင်ရပါတယ်” ဟု မြန်မာစစ်ဘေးရှောင်တစ်ဦးက ပြောသည်။
မီဇိုရမ်ပြည်နယ်တွင် အစိုးရ စာရင်းဇယားများထက် လက်တွေ့တွင် စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားနေပြီး မြန်မာပြည်သားအချို့မှ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ဥပဒေစည်းကမ်းများကို ချိုးဖောက်မှုများလည်း ရှိနေကြောင်း ဆိုသည်။
မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူများ၌ အလုပ်အကိုင် ရှားပါးသဖြင့် အဓိက စားနပ်ရိက္ခာ အခက်အခဲများ တွေ့ကြုံရလေ့ရှိကြောင်း အဆိုပါ မြန်မာစစ်ဘေးရှောင်က ပြောသည်။
ယင်းအခက်အခဲများကို မြန်မာပြည်သား ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံ လူမှုရေး ၊ ဘာသာရေး နှင့် ပရဟိတအဖွဲ့များက ရန်ပုံငွေများရှာဖွေပြီး ကူညီလျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၀ရက် ချင်းအမျိုးသားနေ့ကို မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တွင် စစ်ဘေးရှောင်များကူညီနေသည့် မြန်မာနိုင်ငံသား အဖွဲ့အစည်း ကိုးဖွဲ့မှ ဦးစီးကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါ နှင့်အတူ ဒေသတွင်းရှိ ဩဇာကြီးမားသော လူမှုအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#အိန္ဒိယနိုင်ငံ
#မီဇိုရမ်ပြည်နယ်
#စစ်ဘေးရှောင်
#ကူညီကယ်ဆယ်ရေး
👍8🤮1
ဗုံးပစ်ခံရမည်စိုး၍ သံဇကာများကာထားသည့် မြောက်ဥက္ကလာပ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ
========================
ဂျူနို
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက် ခံရကြောင်းသိရသည်။
''ခဏ ခဏ ဗုံးပစ်တိုက်ခိုက်ခံနေရလို့ ကြောက်ပြီး တိရစ္ဆာန်ရုံလို သံဇကာတွေ ကာရံထားတဲ့ကြားကနေ တိုက်ခိုက်ခံရပြန်တာပါ။''ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်သားအချို့ရှိနေစဉ် မြောက်ဥက္ကလာ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား Yangon Underground Force (YUF) မှ လက်ပစ်ဗုံးတစ်လုံးဖြင့် ယမန်နေ့ ဖေဖော်ဝါရီလ၂၃ရက်၊ မွန်းလွဲ ၃နာရီ ၁၀မိနစ်ဝန်းကျင်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
👍16😁3👏2❤1
အဆိုပါ (င)ရပ်ကွက်ရုံးသည် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးပေါ်တွင်တည်ရှိပြီး မြို့ပြပြောက်ကျားအဖွဲ့များ၏ မကြာခဏ တိုက်ခိုက်ခံရမှုကြောင့် သံဆူးကြိုးအကာအရံများ၊ သဲအိတ်ဘန်ကာများချထားသည့်အပြင် ယခုတိုက်ခိုက်ခံရချိန်တွင် ရုံးရှေ့၌ ဇာပိုက်အစိမ်းများပါ ကာရံထားကြောင်း သိရသည်။
''ကျွန်တော်တို့တိုက်ခိုက်တဲ့အချိန်မျာ အဲဒီရုံးမှာ စစ်ကောင်စီတပ်သား သုံးယောက်လောက်ရှိတယ်။ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ စာရေးတွေရှိတယ်။ ကျွန်တော်တို့က ၁၀ ပေ၊ ပေ ၂၀ အကွာလောက်ကနေ လက်ပစ်ဗုံးနဲ့ပစ်တယ်။ ဒီကောင်တွေထိုင်နေတဲ့စားပွဲခုံဘေးကို ထိသွားတယ်။''ဟု YUF တာဝန်ခံ LEO က မဇ္ဈိမကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး အတည်မပြုနိုင်သေးကြောင်း Yangon Underground Force ( YUF )က သတင်းထုတ်ပြန်ထားသည်။
မြောက်ဥက္ကလာ (င)ရပ်ကွက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးမှ ပြည်သူများကို ဒုက္ခပေးလျက်ရှိကြောင်း ပြည်သူများမှ တိုင်ကြားလာသည့်အတွက် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း YUF တာဝန်ခံ ထံက သိရသည်။
အထက်ပါ မစ်ရှင် ဖြစ်မြောက်ရေးတွက်ကူညီပေးကြသော Milk Tea Alliance Yangon အဖွဲ့သားများနှင့် အလှူရှင်များအား ကျေးဇူးအထူးတင်ရှိကြောင်း Yangon Underground Force (YUF) က မှတ်တမ်းတင် ဖော်ပြထားသည်။
''အခု တိုက်ခိုက်မှုအတွက်ဆိုရင် နာနတ်သီး( လက်ပစ်ဗုံး)အတွက် အချိန် တစ်လလောက် အသုံးပြုလိုက်ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အလှူငွေ နည်းနေတဲ့အတွက် ဒီပစ္စည်း ဝယ်နိုင်တယ်ဆိုတဲ့ အချိန်မှ မစ်ရှင်စဆွဲရတာပါ။''ဟု YUF တာဝန်ခံ LEO က ပြောသည်။
ယခုလက်ရှိတွင် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် အခြားစစ်ကောင်စီလက်အောက်ခံ ဒလန်များက လက်နက်ကိုင်ဆောင်နေကြပြီဖြစ်၍ တော်လှန်ရေးအင်အားစုများအတွက် အဘက်အဘက်က အခက်အခဲရှိနေကြောင်း YUF တာဝန်ခံက ဆိုသည်။
''ကျွန်တော်တို့အဘက်အဘက်က အခက်အခဲအများကြီး ရှိတယ်။ အခက်အခဲကြားထဲကပဲ ပြည်သူတွေအတွက်၊ တော်လှန်ရေးအတွက် တတ်နိုင်သလောက် မစ်ရှင်ဖြစ်မြောက်ရေးအတွက် ဖော်ဆောင်နေတယ်။ ကျွန်တော်တို့အဖွဲ့အတွက်ဆို အတို တစ်ချာင်းလောက် လိုအပ်တယ်။ အတိုမရှိတာကလည်း မစ်ရှင်တချို့ဖော်ဆောင်တဲ့နေရာမှာ အခက်အခဲကြုံရတယ်။''ဟု YUF တာဝန်ခံ LEO က ပြောသည်။
အခက်အခဲများစွာကြားမှ တော်လှန်ရေးအင်အားစုများသည် အရှိန်အဟုန်ကောင်းကောင်းဖြင့်တော်လှန်နေကြ၍ စစ်ကောင်စီတပ်ဘက်မှလည်း ရှုံးမဲမဲပြီး ပြည်သူများကို အကြောက်တရားမျိုးစုံထည့်သွင်းနေကြောင်း YUF တာဝန်ခံက ဆိုသည်။
သို့ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏အကြောက်တရားများထဲ ဝေဝါးမသွားရန်နှင့် ခြောက်ခြားမသွားဘဲ အာဏာရှင်စနစ်လျင်မြန်စွာ ပျောက်ကွယ်သွားရန် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ အတူတကွပူးပေါင်းတိုက်ထုတ်ရန်Yangon Underground Force (YUF) က မေတ္တာရပ်ခံထားသည်။
Yangon Underground Force (YUF) အဖွဲ့မှာ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က စတင်ဖွဲ့စည်းပြီး တိုက်ပွဲမစ်ရှင်များကို မဟာမိတ်ပူးပေါင်းအဖွဲ့များနှင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သို့သော် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလနှောင်းပိုင်းတွင် YUF ရဲဘော်အချို့ဖမ်းဆီးခံလိုက်ရပြီး ခေတ္တရပ်နားထားကြောင်း သိရသည်။
ယင်းနောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၌ ပြန်လည်စုဖွဲ့မှုများပြုလုပ်ပြီး ယခုကဲ့သို့ မစ်ရှင်များ ပြန်လည်ဖော်ဆောင်ခြင်းဖြစ်ကြောင်း Yangon Underground Force (YUF) အဖွဲ့ထံက သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြောက်ဥက္ကလာပမြို့နယ်
#စစ်ကောင်စီ
#အုပ်ချုပ်ရေးမှူးရုံး
#YUF
👍18❤1😁1
​​အနောက်ဖိလစ်ပိုင်ပင်လယ်တွင် အနှောင့်အယှက်ပေးမှုများ ရပ်တန့်ရန် တရုတ်အား ဖိလစ်ပိုင်တောင်းဆို

အနောက်ဖိလစ်ပိုင်ပင်လယ်တွင် အနှောင့်အယှက်ပေးခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့်အတွက် အဆိုပါ လုပ်ရပ်ကို ရပ်တန့်ရန် တရုတ်နိုင်ငံအား ဖိလစ်ပိုင်က တောင်းဆိုလိုက်ကြောင်း Philippine Daily Inquirer သတင်းစာတွင် ဖော်ပြထားသည်။
👍8🔥1
လူမဲ့သပိတ်အား ဖြုတ်သိမ်းရန် ဆိုင်ကယ်မောင်းလာသည့် စရဖ တပ်ဖွဲ့ဝင်က ရပ်ထားသည့်ကားကို ဝင်တိုက်ပြီးသေဆုံး

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်အချိန်က စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ဝင်တစ်ဦးသည် ရပ်ထားသည့် ၁၀ ဘီးကားကို ဝင်တိုက်ပြီး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
သေဆုံးခဲ့သူမှာ ကြံခင်းမြို့နယ်(စရဖ) ရုံးမှ အသက် ၂၆ နှစ်အရွယ် ဦးကျော်ဇင်ဝင်း ဆိုသူဖြစ်သည်ဟု သိရသည်။
ဦးကျော်ဇင်ဝင်းသည် ယနေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမကြီးဘေး ကံဆယ်ရွာနှင့် ရှောက်ခုံရွာကြားတွင် စင်္ကြာဝတေးမင်းကြီးသပိတ်အဖွဲ့က ပြုလုပ်ထားသည့် အာရုဏ်ဦး လူမဲ့သပိတ်အား ဖြုတ်သိမ်းရန်လာစဥ် ယာဥ်တိုက်မှုဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
😁12👍7🤣3❤2👏1
"လူမဲ့သပိတ်ကိုတားဖို့ မြန်အောင်ဘက်ကနေ အုတ်ပုံဂိတ်ဘက်ကို ဆိုင်ကယ်နဲ့တအားမောင်းပြန်လာတာမှာ မြို့ရှောင်လမ်းမှာ ရပ်ထားတဲ့ ကုန်တင်ကားကို ဝင်တိုက်မိပြီး ပွဲချင်းပြီးသေသွားတာပါ။ လူမဲ့သပိတ်က အုတ်ပုံဂိတ်နဲ့ တစ်မိုင်ကျော်လောက်ပဲဝေးတယ်။ ဘယ်လိုတိုက်လဲတော့ မသိဘူး ဆိုင်ကယ်က ကားအောက်ကို တစ်ဝက်လောက်ဝင်သွားတယ်လို့ သိရတယ်"ဟု ဒေသခံက‌ ပြောသည်။
သေဆုံးသူ ဦးကျော်ဇင်ဝင်းသည် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ဇာတိဖြစ်သည်ဟုသိရပြီး ၊ကြံခင်း(စရဖ)ရုံးတွင် တာဝန်ကျနေသူဖြစ်ကြောင်း၊ ကြံခင်းမြို့နယ် အုတ်ပုံစစ်ဆေးရေးဂိတ်တွင် ဒေသခံများထံမှ မတရားငွေကြေးတောင်းယူမှုများ နေ့စဥ်ပြုလုပ်နေသူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် သေဆုံးသူ ဦးကျော်ဇင်ဝင်းဆိုသူ၏ ရုပ်အလောင်အား ၎င်း၏ ဇာတိဖြစ်သည့် မအူပင်မြို့သို့ သယ်ဆောင်သွားပြီဖြစ်သည်ဟု ဒေသခံများကပြောသည်။
ယနေ့ နံနက်ပိုင်းအချိန်က လူမဲ့သပိတ်ပြုလုပ်ခဲ့သည့်စင်္ကြာဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် စင်္ကြာဝတေးမင်းကြီး သပိတ်အဖွဲ့၏ ခြောက်ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ဧရာဝတီတိုင်း
#ကြံခင်းမြို့နယ်
#လူမဲ့သပိတ်
#သေမှုသေခင်း
👏13👍7❤2😁2🤣1
​​မော်လမြိုင်ကျွန်းမြို့တွင် မဘသ ဥက္ကဋ္ဌ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ သေနတ်ဖြင့် ၃ ချက်ပစ်ခံရ
=======================
မင်းထက်
မဇ္စျိမ ။ ။ ဧရာဝတီတိုင်း ၊မော်လမြိုင်ကျွန်းမြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန်က မဘသ ဥက္ကဋ္ဌ၊ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်တင့်ဦးဆိုသူ သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ဦးကျော်တင့်ဦးသည် အမှတ် (၁၀) ရပ်ကွက် Happy လက်ဖက်ရည်ဆိုင်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး လက်မောင်း ၊ဝမ်းဗိုက်နှင့် ဆီးခုံတို့တွင် ဒဏ်ရာများရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
"လက်ဖက်ရည်ဆိုင်ထဲကို ဝင်လာပြီး သေနတ်နဲ့ သုံးချက် ပစ်သွားတာ၊ သုံး ချက်လုံး ကျော်တင့်ဦးကိုထိတယ်။ သေဖို့တော့များတယ်၊ အပစ်ခံရပြီး ချက်ချင်း ရန်ကုန်ဆေးရုံကို ခေါ်သွားကြပြီ၊ ပစ်တဲ့လူတွေကတော့ ထွက်ပြေးသွားကြတယ်"ဟု ဆိုသည်။
ဦးကျော်တင့်ဦးသည် ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦးဖြစ်ပြီး မောင်လမြိုင်ကျွန်းမြို့၏ မဘသ ဥက္ကဋ္ဌလည်းဖြစ်ကြောင်း၊ ၎င်း၏ စစ်ကောင်စီသတင်းပေးလုပ်ရပ်များကြောင့် ဖမ်းဆီးခံခဲ့ရသည့် ဒေသခံပြည်သူအများအပြားရှိကြောင်း ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က မော်လမြိုင်ကျွန်း STF၊ ဝါးခယ်မ STF နှင့် ဧရာဝတီလင်းပိုင်အဖွဲ့တို့ ပူးပေါင်းပြီး ယခုပစ်ခတ်ခံရသည့် ဦးကျော်တင့်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သေးသည်။
ထိုပစ်ခတ်မှုတွင် ဦးကျော်တင့်ဦး၏ လက်မောင်းအား ကျည်ထိမှန်ခဲ့ပြီး ဆေးရုံတက်ခဲ့ရသည်ဟု ဒေသခံကပြောသည်။
"ပထမ တစ်ခါလည်းအပစ်ခံရပြီးပြီ၊ မမှတ်ဘူး၊ ဒလန်လုပ်လိုက်၊ပြည်သူ့စစ်လုပ်လိုက် ပြန်လုပ်နေလို့ ထပ်ပစ်သွားတာထင်တယ်"ဟုပြောသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် ပစ်ခတ်မှုအပြီးတွင် အခင်းဖြစ်ရာနေရာသို့ စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်နေ ဒေသခံပြည်သူများကို လိုက်လံဖမ်းဆီးနေသည်ဟု ဒေသခံများကပြောသည်။
စာတည်း -သန့်ဇော်(သန်လျင်)

#mizzima
#မော်လမြိုင်ကျွန်းမြို့
#ပြည်သူ့စစ်
#ပစ်ခတ်မှု
#စစ်ကောင်စီတပ်
👍9❤8👏3🔥1
​​အမေရိကန်သမ္မတ ယူကရိန်းသို့သွားစဉ် တရုတ်ထိပ်တန်းသံတမန်က ရုရှားသို့ ရောက်ရှိ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မဟာမိတ်ဖြစ်သော ယူကရိန်းသမ္မတ ဗိုလော့ဒီးမား ဇယ်လန်းစကီးနှင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ဆုံစဉ် တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန်တစ်ဦးကလည်း ရုရှားသို့ ရောက်ရှိခဲ့သည်။
😁6👍4🤮2