Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖေဖော်ဝါရီလ ၂၈ ရက်၊ ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=======================

01:01-ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့တွေ့ဆုံခွင့် ရှေ့နေအဖွဲ့တင်ပြပေမယ့် စစ်ကောင်စီ က တွေ့ခွင့်မပြုတဲ့သတင်း

02:22-ဂျီနီဗာမှာပြုလုပ်မယ့်အစည်းအဝေးကို မြန်မာစစ်ကောင်စီကိုမဖိတ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆိုတဲ့သတင်း

05:08-သန်းခေါင်စာရင်း ပြန်လည်ကောက်ယူသွားမယ်လို့စစ်ကောင်စီဥက္ကဌပြောတဲ့သတင်း

08:32-Nestle ကုမ္ပဏီ မြန်မာပြည်က လုပ်ငန်းတွေရပ်မယ့်သတင်းအပါအဝင်တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/LMFsAEQcwAE

.#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁2🤮1
​​အာဆီယံအနေဖြင့် စစ်ကောင်စီကို အသိအမှတ်မပြုသော်လည်း မြန်မာပြည်တွင်းရေး၌ ဝင်စွက်ဖက်ခွင့် မရှိဟု စင်္ကာပူ ပြော
======================

၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူထောက်ခံခြင်း မရှိသော်လည်း အာဆီယံအုပ်စုအနေဖြင့် မြန်မာ့ပြည်တွင်းရေးတွင် ဝင်စွက်ဖက်နိုင်ခွင့် မရှိဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာကရစ်ရှ်နန်က ဖေဖေါ်ဝါရီ ၂၇ ရက်တွင် ပြောသည်။ စစ်ကောင်စီလက်အောက် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေသည် “လမ်းဆုံး” တစ်ခုကို ဦးတည်နေပြီဟု မိမိအနေဖြင့် ထင်မြင်ယူဆကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤮3😁2👏1
​​မတ္တရာမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး
=====================

ရွှေနွယ်
မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကြာပင်အုပ်စု၊ ကျွန်းပင်ကျေးရွာတွင် နယ်မြေရှင်းလင်းရန်လာသော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ ခြေလျင်စစ်ကြောင်းအား ယမန်နေ့ ဖေဖော်ဝါရီ လ၂၇ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုမှ ဗိုလ်လင်းယုန်က မဇ္ဈိမကိုပြောသည်။

ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦး နေရာတွင်ပင် သေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိသွားသည်ဟု ၎င်းကပြောသည်။

“သတင်းကြိုရလို့ စောင့်ပြီး မိုင်းဆွဲတာပါဗျ၊ သေဆုံးကအတည်ပြုပြီးပါပြီ” ဟု ဗိုလ်လင်းယုန်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစု၊ ကောင်းကင်တော်လှန်ရေးအင်အားစု
တပ်ခွဲ (၁)နှင့် ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့်က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁၀နာရီ ၃၀မိနစ် ခန့်ကလည်း စဥ့်ကိုင်မြို့နယ် နတ်ရေကန်အုပ်စုအတွင်း ကင်းပတ်ထွက်လာသည့် အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့၏ ကားကို ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုနှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးကြောင်း တပ်တွင်းဖရဲသီး၏ သတင်းပေးပို့ချက်အရ သိရသည်ဟု ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုမှ ဗိုလ်လင်းယုန်က ပြောသည်။

ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုသည် မန္တလေးတိုင်းအတွင်းတွင် ကျောက်ဆည်ခရိုင် တပ်ရင်း (၁) နဂါးနီပြောက်ကျားတပ်ဖွဲ့နှင့် Mission များပူးပေါင်းလုပ်ဆောင်လေ့ရှိပြီး NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ဖြစ်ရန် လျှောက်ထားဆဲဖြစ်သည်ဟု သိရသည်။
ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုအနေဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသည်အထိ ဆက်လက်တွန်းလှန် တိုက်ပွဲဝင်သွားမည်ဟု ပြည်သူလူထုကို အသိပေးထားသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်များနှင့်နီးနီးကပ်ကပ်မနေကြရန်၊ စစ်ကောင်စီကားများနှင့်လည်း နီးနီးကပ်ကပ် မောင်းနှင်ခြင်းများ မပြုကြရန် ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုမှ သတိပေးမေတ္တာရပ်ခံထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မန္တလေးတိုင်း
#မတ္တရာမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
👍12👏3😁2
​​မော်လမြိုင်ကျွန်းမြို့တွင် မဘသ ဥက္ကဋ္ဌဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး
=======================

မင်းထက်
မဇ္စျိမ ။ ။ ဧရာဝတီတိုင်း ၊မော်လမြိုင်ကျွန်းမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံခဲ့ရသည့် မဘသ ဥက္ကဋ္ဌ၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်တင့်ဦးဆိုသူသည် ယမန်နေ့က သေဆုံးသွားကြောင်း မော်ကျွန်း ဒေသခံများထံက သိရသည်။

ဦးကျော်တင့်ဦးသည် အမှတ် (၁၀) ရပ်ကွက် Happy လက်ဖက်ရည်ဆိုင်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကို ခံခဲ့ရပြီး လက်မောင်း ၊ဝမ်းဗိုက်နှင့် ဆီးခုံတို့တွင် ဒဏ်ရာများရရှိခဲ့သည်။

ထို့နောက် ပုသိမ်မြို့၊ တောင်ပေါ်ရှိ စစ်ဆေးရုံ (မဆရ ၄) တွင် ဆေးကုသမှုခံယူနေစဉ် ယမန်နေ့ဖေဖော်ဝါရီလ ၂၇ ရက် မွန်းလွဲ ၂ နာရီအချိန်၌ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

"ဦးကျော်တင့်ဦး သေနတ်နဲ့ပစ်ခံရပြီး ချက်ချင်းပဲ ပုသိမ်စစ်ဆေးရုံကို ခေါ်သွားကြတယ်။ စစ်ဆေးရုံမှာ ခွဲစိတ်တာတွေလုပ်ပြီး ကျည်တွေအကုန်ထုတ်လိုက်ပြီလို့ ဒလန်(စစ်ကောင်စီသတင်းပေး) တွေဘက်က တင်ထားပေမဲ့၊ ဗိုက်ကိုထိတဲ့ ကျည်က နံကြားကို ကျည်ဝင်သွားတော့ ထုတ်မရလို့သေတာထင်တယ်"ဟု ဆိုသည်။

သေဆုံးသူ ဦးကျော်တင့်ဦး၏ ရုပ်အလောင်းကို ပုသိမ် စစ်ဆေးရုံမှ မော်လမြိုင်ကျွန်းဆေးရုံသို့ ယမန်နေ့ ညနေပိုင်းက ပြန်လည်သယ်ဆောင်လာခဲ့ပြီး ယနေ့ မွန်းလွဲ ၁ နာရီအချိန်၌ သင်္ဂြိုဟ်မည်ဟု သိရသည်။

ဦးကျော်တင့်ဦးသည် ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦးဖြစ်ပြီး မောင်လမြိုင်ကျွန်းမြို့၏ မဘသ ဥက္ကဋ္ဌလည်းဖြစ်ကြောင်း၊ ၎င်း၏ စစ်ကောင်စီသတင်းပေးလုပ်ရပ်များကြောင့် ဖမ်းဆီးခံခဲ့ရသည့် ဒေသခံပြည်သူအများအပြားရှိကြောင်း ဒေသခံကပြောသည်။

၎င်းအပြင် လူမှုကွန်ရက်ပေါ်၌ PDF တပ်ဖွဲ့ဝင်များကို စိန်ခေါ်သည့်စာများ၊ NUG အစိုးရအား တိုက်ခိုက်သည့် စာများရေးကာ ဝါဒဖြန့်နေသူဖြစ်သည်ဟုလည်း သိရသည်။

ဦးကျော်တင့်ဦးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ကလည်း မော်လမြိုင်ကျွန်း STF၊ ဝါးခယ်မ STF နှင့် ဧရာဝတီလင်းပိုင်အဖွဲ့တို့ ပူးပေါင်းကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဆေးရုံတက် ကုသခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ထို့နောက် ၎င်းသည် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြန်လည်ပူးပေါင်းကာ မော်လမြိုင်ကျွန်းမြို့နယ်ရှိ ပြည်သူများအား နည်းမျိုးစုံဖြင့် ဒုက္ခပေးခြင်း၊ မတရားပုဒ်မများဖြင့် ပြည်သူများ ဒုက္ခရောက်အောင် ဆောင်ရွက်ခြင်း၊ Social Media ပေါ်မှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဆဲဆိုစိန်ခေါ်ခြင်းတို့ကြောင့် ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီလင်း ပိုင်(မော်ကျွန်း)နှင့် ဘိုကလေးလင်းပိုင် PDF အဖွဲ့တို့က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ဧရာဝတီတိုင်း
#မော်လမြိုင်ကျွန်းမြို့
#မဘသ
#PDF
👍19👏3❤1🔥1
​​FATF အဖွဲ့က သတ်မှတ်ထားသည့် အမည်ပျက်စာရင်းတွင် မြန်မာနိုင်ငံဆက်လက်တည်ရှိနေ
========================

မေဘယ်လ်သူ
မဇ္ဈိမ။ ။ ငွေကြေးခဝါချမှုအပါအဝင် အကြမ်းဖက်မှုများနှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများကို စောင့်ကြည့်လေ့လာသည့်အဖွဲ့ ဖြစ်သည့် ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း (Black List) တွင်သာ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ကြေညာထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် FATF ၏ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးအပြီး ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် မြန်မာနိုင်ငံကို အမည်မည်းစာရင်းတွင်သာ ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အီရန်နှင့် မြောက်ကိုရီးယား နိုင်ငံများနှင့်အတူ FATF ၏ အမည်မည်းစာရင်းတွင် ဆက်လက်ပါဝင်နေမည်ဖြစ်ပြီး ၎င်းတို့အကြံပြုထားသည့် လုပ်ဆောင်ချက်အစီအစဉ်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်းလည်း FATF က တိုက်တွန်းထားသည်။

FATF က သတ်မှတ်ထားသည့် အမည်းရောင်နှင့် မီးခိုးရောင်အဆင့် စာရင်းတွင်ရှိနေသည့် နိုင်ငံများအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဥရောပသမဂ္ဂ (အီးယူ) တို့က ငွေကြေးအကူအညီများ ပေးအပ်မည်မဟုတ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF)မှ အမည်ပျက်စာရင်းထည့်သွင်းထားသော်လည်း “၎င်းအဖွဲ့မှ ချမှတ်ထားသည့် ငွေလွှဲလုပ်ငန်း အဆင့်သတ်မှတ်ချက်များ တိုးမြှင့်ရရှိခဲ့ကြောင်း” စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောဆိုခဲ့ပြန်သည်။
ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (Financial Action Task Force-FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်‌ကြောင်း အောက်တိုဘာလ ၂၁ရက် ညပိုင်းက ကြေညာပြီးနောက် ပြည်တွင်းတွင် ကျပ်ငွေတန်ဖိုးများဆက်တိုက်ကျဆင်းနေခြင်း ဖြစ်သည်။

FATF ၏ အမည်ပျက်စာရင်းထဲသို့ မြန်မာနိုင်ငံရောက်ရှိသွားသောကြောင့် နိုင်ငံတကာနှင့် ဆက်သွယ်လုပ်ဆောင်နေသည့် ငွေရေးကြေးရေးစီးဆင်းမှုများအပါအဝင် ကုန်သွယ်ရေးလုပ်ငန်းများ၊ နိုင်ငံတကာတွင် ဖွင့်လှစ်ထားရှိပြီးသော မြန်မာနိုင်ငံသားဘဏ်အကောင့်များမှ ငွေစီးဆင်းမှုများတွင် ယခင်ထက်များပြားသည့် အဆင့်များအား ဖြတ်ကျော်လုပ်ကိုင်ရမည့် အခက်အခဲများ ရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့ကလည်း ထောက်ပြပြောဆိုထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#FATF
#ဘဏ်စနစ်
#အမည်ပျက်စာရင်း
#ငွေကြေးခဝါချမှု
👍7😁1
​​လုပ်ငန်းအချိန်မီမပြီးစီးသည့် တရုတ်ကုမ္ပဏီအား ပါကစ္စတန်စီမံကိန်းတစ်ခုက ဒဏ်ငွေချမှတ်
========================

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရှိ မြို့နယ်များဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအဖွဲ့ (PICIIP က တရုတ်ကုမ္ပဏီ ကန်းစုအပြည်ပြည်ဆိုင်ရာကော်ပိုရေးရှင်းကို မိလ္လာပိုက်လိုင်းများ ပြုပြင်ထိန်းသိမ်းရာတွင် လုပ်ငန်းနှောင့်နှေးမှုများကြောင့် ဒဏ်ရိုက်ခဲ့ကြောင်း Dawn သတင်းက ဖော်ပြသည်။
👍7❤1🔥1
ဖေဖော်ဝါရီလ ၂၈ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

01:06-စစ်ကောင်စီကျူးလွန်နေမှုများကို လာမည့်ကုလလူ့အခွင့်အရေးကောင်စီညီလာခံမှာ တင်သွင်းနိုင်ရန် ကြိုးပမ်းတဲ့သတင်း

04:10-ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့တွေ့ဆုံခွင့် ရှေ့နေအဖွဲ့တင်ပြပေမယ့် စစ်ကောင်စီ က တွေ့ခွင့်မပြုတဲ့သတင်း

05:32-ဝေါမြို့နယ်ရှိ ကျေးရွာတချို့ မှာ စစ်ကောင်စီတပ်မှ ရွာသူ ရွာသားတွေကို မဖြစ်မနေ ကင်းစောင့်ခိုင်းနေတဲ့သတင်း

10:43-ရန်ကုန်မြို့မှာ ပထမဆုံး ကျဆုံးခဲ့တဲ့ ပြည်သူ ၄ ဦးရဲ့ ရုပ်ပုံပါအင်္ကျီတွေဝတ်ဆင်ကာ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုပြုလုပ်တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/6iiKZjXLDl8

Photo - CJ

#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🤮1
နတ်တလင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံ ၁၄ ဦးကိုဖမ်းဆီးသွား
====================

ရွှေနွယ်

မဇ္ဈိမ။ ။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် နတ်တလင်းမြို့တွင် ပေါက်ခေါင်းဘက်မှ စစ်ကြောင်းထိုးလာသော အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ပဲခူးရိုးမပေါ်တွင် တောင်ယာခုတ်နေသော ဒေသခံ ၁၄ ဦးကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးသွားသည်ဟု နတ်တလင်းမြို့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ထို့နောက် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် တောင်ညိုဆည် တောလမ်းအတိုင်း မကျီးပင်ရွာဘက်သို့ ထွက်ခွာသွားသည်ဟု သိရသည်။

"ရစ်ကွင်းရွာအထက်နားမှာပါ ဆပ်သေမြောင်နားလောက်မှာပေါ့ ဖမ်းဆီးသွားတာပါ၊ ယောက်ျားသားတွေရော မိန်းမသားတွေရောအပြင် ကလေးတွေတောင် ပါပါတယ်” ဟု နတ်စစ်သည်အဖွဲ့ဝင် ကိုရဲသွင်အောင်က ပြောသည်။

ထိုကဲ့သို့ ဒေသခံများကို မဖမ်းဆီးမီ စစ်ကောင်စီတပ်သားများသည် PDF များရှိသည်ဟု ယူဆသောနေရာများသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်ဟု ဆိုသည်။

ဖမ်းဆီးခံလိုက်ရသော ဒေသခံများနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာ မသိရှိရသေးဟု ဆိုသည်။

ထို့အပြင် မကျီးပင်ရွာဘက်သို့ အင်အားဖြည့်ရန် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၈နာရီခန့်က အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့၏ ကားတစ်စီးသည် မန်ကျီးပင်ရွာနှင့် တစ်မိုင်ခန့်‌အကွာရှိ ရှင်းလင်းတောင်ဘက်တွင် စစ်ကောင်စီတပ်သားများကို လာချသွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

နတ်တလင်းမြို့နယ်အတွင်း တောင်ညိုဆည်အနီးရှိ မကျီးပင်စက်လှေဆိပ်တွင် စစ်ကောင်စီတပ်ဖွဲ့များမှ အထိုင်ချထားပြီး ရိုးမပေါ်နှင့် တောင်ညိုဆည်နားတစ်ဝိုက်တွင် နေထိုင်လုပ်ကိုင်စားသောက်နေသော ဒေသခံများအား ထိုကဲ့သို့ဖမ်းဆီးမှုများမကြာခဏ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ထို့အပြင် တောင်ညိုဆည်အတွင်း နေထိုင်သူများ ဆန်၊ ဆီ၊ ဆား၊ ရိက္ခာများ ထွက်ဝယ်ရာတွင်လည်း အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပေးသည်ဟု ဆိုသည်။

ရိက္ခာအပိုရှိပါက PDF များကို ထောက်ပံံ့မည်စိုးသောကြောင့် ထိုကဲ့သို့ အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပေးခြင်းဖြစ်သည်ဟု ဒေသခံများ၏ အပြောအရ သိရသည်။

https://youtu.be/zcRzVODrc7s

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ပဲခူးတိုင်း
#နတ်တလင်းမြို့
#စစ်ကောင်စီ
#ကာကွယ်ရေးတပ်ဖွဲ့
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬5👍2🔥1
မြင်းမူမြို့မြန်မာ့စီးပွားရေးဘဏ်တွင်တပ်စွဲစစ်ကောင်စီတပ်သားများကို PAFDနှင့်ပူးပေါင်းအဖွဲ့တိုက်ခိုက်
=========================

MTO

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင်အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီလ ၂၇ ရက် ညနေပိုင်းတွင် လက်နက်ငယ်များဖြင့် အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားကြောင်း People Army to Fight Dictatorship-PAFD အဖွဲ့ က ထုတ်ပြန်ကြေညာသည်။

ယင်းတိုက်ခိုက်မှု နှင့် တစ်ပြိုင်နက်တည်းတွင် မြင်းမူမြို့ အ.ထ.က (၁) အထက်တန်းကျေင်း၌ တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လက်ပစ်ဗုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးကြောင်း PAFD အဖွဲ့ က တာဝန်ရှိသူက ဆိုသည်။

“ဘဏ်ရုံးထဲမှာက ဆယ်ယောက်လောက်ရှိတယ် ဘေးမျက်နှာချင်းဆိုင်မှာရှိတဲ့ အထက (၁)ကျောင်းထဲမှာက ၂၀ လောက် ရှိတယ် ဘဏ်ရုံးကနှစ်ထပ် အဲ့မှာမှ ဘန်ကာတွေ လုပ်ထားတယ် သူတို့ ၀ရန်တာ မှာ လမ်းလျှောက်နေတဲ့အချိန် တိုက်ခိုက်ခဲ့တာပါ” ဟု PAFD က တာဝန်ရှိသူကပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွားလာနိုင်ခဲ့ကြောင်း PAFD အဖွဲ့က ဆိုသည်။

တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မြင်းမူမြို့ပေါ်ရှိ လူငယ်များကို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း PAFD အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ယင်းတိုက်ခိုက်မှုများကို People Army To Fight For Dictatorship (PAFD)၊ တပ်ခွဲ DK PDF(MMU)၊ People Knight Defense Force (MMU)၊ မြင်းမူမြို့တိုက်နယ် အနောက်ခြမ်း ပ.က.ဖ၊ TAUNGTHA People Defense Force (TTAPDF)၊ D.B.B.F (MMU)အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

https://youtu.be/kys0DhMwoYk

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#မြင်းမူမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2🔥1
မုံရွာတွင် စစ်ကောင်စီတပ်သတင်းပေး စစ်မှုထမ်းဟောင်း ပစ်သတ်ခံရ
👍11😁2
မုံရွာတွင် စစ်ကောင်စီတပ်သတင်းပေး စစ်မှုထမ်းဟောင်း ပစ်သတ်ခံရ
==========================

ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီတပ်ကိုသတင်းပေးပြီး ရိက္ခာများ ထောက်ပံ့ပေးနေသည့် စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဗန္ဓုလနှင့် အဖွဲ့သားများ ထံမှသိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်၊ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်နေ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်ဟောင်းဦးသန်းနိုင်ကို မြို့၏တစ်နေရာတွင် ဝင်ရောက်ဖမ်း ဆီးခေါ်ဆောင်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တိုင်းလွှတ်တော်အကြားတွင် ပစ်သတ်ခဲ့ခြင်းဟုဆိုသည်။

“ ကျနော်တို့ကို ပြည်သူများက သတင်းပေးတိုင်ကြားတဲ့အတွက် စောင့်ကြည့် ခဲ့တာအချိန် တစ်ခုကြာခဲ့ပါပြီ။ သူက သတင်းပေး၊ ထောက်ပို့တင်မကဘူး။ စစ်ကြောင်းတွေနဲ့ပါလိုက်တယ်ဆိုတဲ့ သက်သေ အထောက်အထားတွေ ကျနော်တို့ ရထားခဲ့တဲ့အတွက် အခုလိုရှင်းလင်းခဲ့တာပါ ” ဟု ဗန္ဓုလနှင့်အဖွဲ့သားများတပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကပြောသည်။

သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ပြီး ၎င်းထံမှစစ်မှုထမ်းအဖွဲ့ဝင်ကဒ်၊ ၉ မမ ကျည်ဆန်နှစ်တောင့်၊ လက်ပစ်ဗုံးတစ်လုံးနှင့် ဖုန်းတစ်လုံးသိမ်းဆည်းရခဲ့မိကြောင်း သိရသည်။

သေဆုံးသူသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တပ်အတွင်းသို့ ရိက္ခာများထောက်ပို့ခြင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းများကိုစုံစမ်းသတင်းပေးခဲ့ကြောင်း ဆိုသည်။

ထို့အပြင် မုံရွာမြို့အနီးကျေးရွာများသို့ စစ်ကောင်စီတပ်၏စစ်ကြောင်းများတွင် လိုက်ပါဆောင်ရွက်နေသည်ကို အချိန်ကြာမြင့်စွာစောင့်ကြည့် အတည်ပြုခဲ့ပြီးနောက် ရှင်းလင်းခဲ့ ခြင်းဟု သိရသည်။

ဒုတပ်ကြပ်သန်းနိုင် အသတ်ခံရပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ၎င်း မိသားစုဝင် သားနှစ်ယောက် သမီးတစ်ယောက်နှင့် ဇနီးအား တပ်အတွင်း သို့ လာရောက်ခေါ်ဆောင်သွားကြောင်း ပြန်ကြားရေးတာဝန်ခံမှပြောသည်။

အဆိုပါ ရှင်းလင်းမှုကို မုံရွာ - ဗန္ဓုလနှင့် အဖွဲ့သားများ အဖွဲ့ ၊ Black Falcom မြို့တွင်း ပြောက်ကျားတပ်ဖွဲ့ ၊ Brave Heart Army – BHA နှင့် Special Force – 11 PDF တို့ မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မုံရွာ
#စစ်မှုထမ်းဟောင်း
#ပစ်သတ်
#ဗန္ဓုလနှင့်အဖွဲ့သားများ
👍14🔥1
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_16 seg_2

Watch more detail - https://youtu.be/sLRTmvn4qaI

#myanmardramaseries #lovestory #BLSeries #reels
👍5🍌1
ရန်ကုန်မြို့တွင် ပထမဆုံး ကျဆုံးခဲ့သည့် ပြည်သူ ၄ ဦး၏ ရုပ်ပုံပါအင်္ကျီများဝတ်ဆင်ကာ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုပြုလုပ်
=====================

ဂန္ဒမာ၊ မေဘယ်လ်သူ
မဇ္ဈိမ ။ ။ ရန်ကုန်မြို့တွင် ပထမဆုံးကျဆုံးခဲ့သည့် ပြည်သူလေးဦးအား အောက်မေ့ဂုဏ်ပြုသည့် အနေဖြင့် ၎င်းတို့ရုပ်ပုံပါအင်္ကျီများဝတ်ဆင်ကာ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် YRF မှ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ကျဆုံးသွားခဲ့ ပြည်သူ လေးဦး၏ ရုပ်ပုံရိုက်နှိပ်ထားသည့် အင်္ကျီကိုဝတ်ဆင်ကာ ၎င်းတို့ကျဆုံးခဲ့သည့် နေရာများအပါအဝင် ရန်ကုန်မြို့ရှိနေရာအချို့၌ Yangon Revolution Force - YRF ၏ Soft Strike Community ရဲဘော်များမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
👍14❤3🔥1