Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒို့ညီနောင် ခရီးသည်ယာဉ်တိမ်းမှောက်မှု သေဆုံးသူများအနက် လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံ ပါဝင်
=======================

ဝေဟင်စိုး
မဇ္ဈိမ။ ။ ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၇/၄ နှင့် ၁၆၇/၅ အကြားတွင် ယနေ့ မတ်လ ၄ ရက် နံနက် ၄ နာရီ ၃၀ မိနစ် ဝန်းကျင်အချိန်၌ ဒို့ညီနောင် ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော မြန်မာ့လက်ဝှေ့ချန်ပီဟောင်းတစ်ဦးဖြစ်သူ "ရွှေဓူဝံ" သေဆုံးခဲ့ကြောင်း သာဂရအမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

“သူ့ (ရွှေဓူဝံ) ကိုတော့ ဆွာတိုက်နယ်ဆေးရုံကို ပို့ထားပါတယ်။ ဘာဆက်လုပ်မလည်းဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ မိသားစုကိုတော့ ဆက်သွယ်ထားတယ်လို့ သိရတယ်” ဟု ပြောသည်။
"ရွှေဓူဝံ"သေဆုံးမှုအတွက် သုဝဏ္ဏဘူမိ ရိုးရာလက်ဝှေ့အသင်း(သထုံ) အပါအဝင် နဂါးမာန် ရိုးရာလက်ဝှေ့အသင်းနှင့် အခြားသော ရိုးရာလက်ဝှေ့အသင်းများက မိသားစုနှင့်အတူ ဝမ်းနည်းကြောင်း အသိပေးထားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၃၁ ဦးအနက် သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၁၅ ဦး အမျိုးသမီး ၁၀ တို့အား ဆွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ တိမ်းမှောက်ခဲ့သော ဒို့ညီနောင် ခရီးသည်တင်ယာဉ်သည် မတ်လ ၃ ရက် ညနေ ၃ နာရီတွင် တောင်ကြီးမြို့မှ မြဝတီမြို့သို့ ထွက်ခွာလာခဲ့ပြီးနောက် မတ်လ ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၇/၄ နှင့် ၁၆၇/၅ အကြားတွင် အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကာရံထားသော GUARD RAILတန်းများအား ဝင်တိုက်၍ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ရွှေဓူဝံ
#အမြန်လမ်း
#ဒို့ညီနောင်ခရီးသည်တင်ယာဉ်
#ယာဉ်မတော်တဆမှု
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5❤1🔥1
Media is too big
VIEW IN TELEGRAM
PDF လက်မောင်းတံဆိပ်နဲ့ ပစ်မှတ်လွဲချော်နေတဲ့ သေနတ်ပစ် လေ့ကျင့်တဲ့ဘုတ်ကို ကိုင်ပြီး ရိုက်ထားတဲ့ ပုံတစ်ပုံပြန့်နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် | https://www.facebook.com/MizzimaDaily/posts/6460137940687723

#Misinformation_Buster
#Shorts
#Reels
#PDF
#Cambodia
👍4😁3👎1
​​ပစ်ချခံရသော တရုတ်မိုးပျံပူဖောင်း၏ အချက်အလက်များကို မျှဝေရန် အမေရိကန်က ငြင်းဆိုနေကြောင်း တရုတ် ပြောကြား 
=====================

အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းတွင် ဖေဖော်ဝါရီလအစောပိုင်းက ပစ်ချခဲ့သော မိုးပျံပူဖောင်းနှင့် ပတ်သက်၍ သတင်းအချက်အလက်တောင်းဆိုမှုအပေါ် အမေရိကန်က ငြင်းဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Media is too big
VIEW IN TELEGRAM
ဖြတ်ညှပ်ကပ်ဗီဒီယိုဖြင့် ယာယီသမ္မတကို ပန်ဆယ်လိုဆဲတယ်လို့ သတင်းအမှားပျံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် | https://www.facebook.com/MizzimaDaily/posts/6469019143132936

#Misinformation_Buster
#Reels
#shorts
#NUG
#ပန်ဆယ်လို
#ယာယီသမ္မတ
#ဒူဝါလရှီးလ
😁3
"တပတ်အတွင်း Facebook မှာ ဘာတွေနာမည်ကြီးနေလဲ” ၊မတ်လ ၄ ရက်
=====================

⁃လမ်းမပေါ်မှာ လူသတိထားမိလောက်အောင်ကိုချစ်ကြတဲ့ မြေးအဖိုးနှစ်ယောက်

⁃ငုံးဥ size တွေအတွက် gucci fashion show က bra

⁃ရန်ကုန်မြို့နေ ပြည်သူတွေကြားမှာ အန္တရာယ် ဇုန်လို့ သတ်မှတ်ထားတဲ့ နေရာတခု

https://youtu.be/Mh1ctDV2vw0

#facebookhits
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
​​ကော့ကရိတ်မြို့ဝန်းကျင် စစ်ကောင်စီတပ်နှင့် ကော်သူးလေတပ်မတော်တို့ တိုက်ပွဲဖြစ်ပွား
========================

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် မတ်လ၂ရက်နေ့၌ စစ်ကောင်စီတပ်နှင့် ကော်သူးလေတပ်မတော်(Lion Battalion ဗျူဟာစစ်ကြောင်း)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကော်သူးလေတပ်မတော်မှ သုံးဦးလက်နက်ကြီးစ ထိမှန်ခဲ့ကာ ရွာသားတစ်ဦးသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

ကော့ကရိတ်မြို့အနီးတွင် Lion Battalion ဗျူဟာစစ်ကြောင်းတို့ လိုက်ပါလာသည့် ကားကို ကမိုင်ကုန်းကျေးရွာအနီးရှိ စစ်တပ်မှ လက်နက်ကြီးဖြင့်စတင်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“နေ့လယ် ၁ နာရီ ၅၀ ကစပစ်တယ်၊ အချိန် တစ်နာရီခွဲလောက်ကြာတယ်၊ အဲ့မှာ တော်လှန်ရေးတပ်ဖွဲ့ထဲက တစ်ယောက်လက်နက်ကြီးထိတယ်၊ ည ၈နာရီလောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရှိနိုင်တဲ့နေရာတွေကို စစ်တပ်က ရမ်းပြီးလက်နက်ကြီးတွေနဲ့ပစ်တာ ကမိုင်ကုန်း၊ ခလရ(၉၇)တပ်ရင်း၊လှိုင်ဝ အဲ့နေရာတွေကနေ ၈၁ မမ၊ ၁၂၀မ မ ဟောက်ဝစ်ဇာတွေနဲ့ကိုပစ်တာ၊ တစ်နေ့ကုန်ဆိုရင် အချက်ရေ ၁၅၀ လောက်ကိုပစ်တာဗျ၊ ရွာသားတစ်ယောက်သေတယ်၊ လက်ကို တစ်ယောက်ထိတယ်”ဟု ဒေသခံတစ်ဦးမှပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်များပျက်စီးခဲ့ပြီး နွား သုံးကောင်သေကာ ငါးကောင်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ကော့ကရိတ်မြို့အနီးဝန်ကျင်ကျေးရွာအချို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်ခဲ့ပြီး ခလရ(၉၇)တပ်ရင်းမှ နေ့စဉ်ဆိုသလို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ရှိနေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကော့ကရိတ်မြို့နယ်
#လက်နက်ကြီး
#KNU
#စစ်ကောင်စီတပ်
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏7👍5
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep_17 seg_1 (Kira နဲ့ BoBတို့ရဲ့ စိန်ခေါ်မှု ခရီးစဥ်)

Watch more detail - https://youtu.be/S9mPWVnvDpE

#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels
👍1
​​ရုရှားစစ်တပ်ကို အကူအညီပေးသော ကုမ္ပဏီများကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့
=========================

ယူကရိန်းကျူးကျော်မှု ပထမနှစ်ပတ်လည်သို့ ရောက်ရှိလာချိန်တွင် ရှရှားအား ပိုမိုဖိအားပေးထိုးနှက်သည့် အနေဖြင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အစိုးရက ရှရှားစစ်တပ်ကို ထောက်ပံ့နေသော ရုရှား၏ ဒုတိယအကြီးဆုံး မိုဘိုင်းဖုန်းအော်ပရေတာ အပါအဝင် တရုတ်နှင့် ရုရှားကုမ္ပဏီများကို ဖေဖော်ဝါရီ ၂၄ ရက်က ကုန်သွယ်မှုအမည်ပျက်စာရင်းတွင် ထည့်သွင်းလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁1
တရားဝင်လူမှုကွန်ယက်စာမျက်နှာ ၁ခုတည်း သုံးမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့( မင်းတပ်)မှ ထုတ်ပြန်
👍9😁1
​​တရားဝင်လူမှုကွန်ယက်စာမျက်နှာ ၁ခုတည်း သုံးမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့( မင်းတပ်)မှ ထုတ်ပြန်
===================

ကိုခင်မောင်
(မဇ္ဈိမ)။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အခြေစိုက်ဖွဲ့စည်းထားသော ကာကွယ်ရေးတပ်ဖွဲ့ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာ(၁‌၃)ခုကို ဖျက်သိမ်းခြင်း (သို့မဟုတ်) CDF-Mindat ၏အမည်မဟုတ်သည့် အမည်ပြောင်းလဲပေးကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat က မတ်လ ၃ရက်တွင် အသိပေးထုတ်ပြန်သည်။

Chin Defence Force CDF-Mindat ၊ CDF - Mindat Revolution Movements၊ CDF Mindat လင်းယုန်တပ်ရင်း၊ နဂါးတပ်ရင်း - CDF-Mindat၊ CDF ၊ သိန်းငှက်တပ်ရင်း ၁-Cdf-Mindat ၊ CDF-Mindat မြို့ပေါ်တပ်ရင်း 1၊ CDF-Mindat မြို့ပေါ်တပ်ရင်း - ၃၊ Yoma Battalion - CDF-Mindat ၊ TIGER Battalion C. D. F ၊ Chin Defence Force-Mindat - ၄၀ ဗျူဟာတပ်ရင်း၊ နာဂစ်တပ်ရင်းနှင့်ဇာမဏီတပ်ရင်းသတင်းမှန်ပြန်ကြားရေးစသည့် လူမှုကွန်ရက်စာမျက်နှာများကို

ဖျက်သိမ်းခြင်း (သို့မဟုတ်) CDF-Mindat ၏ အမည်မဟုတ်သည့် အမည်ပြောင်းလဲခြင်းများပြုလုပ်ပေးကြရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သော အထွေထွေညီလာခံအစည်းအဝေးတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၏ ကာကွယ်ရေးဗဟိုကော်မတီဝင်များ၊ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများမှ သဘောတူဆုံးဖြတ်ချက်အရ ယခုလို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat ၏ သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ထုတ်ပြန်ထားသည်။

ပိုမိုကျစ်လစ်သည့် ဖွဲ့စည်းပုံစုဖွဲ့မှုနှင့်အတူ နိုင်ငံရေး၊စစ်ရေး အတွက်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိသောကြောင့် ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat က ဆိုသည်။

ထို့ကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat ၏ တရားဝင်ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာ
https://www.facebook.com/chinDefenceforce တစ်ခုတည်းကိုသာ ဆက်လက်အသုံးပြုမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) စစ်ဒေသမှူးက မဇ္ဈိမကို အတည်ပြု ဖြေကြားသည်။

အလှူငွေထည့်ဝင်လှူဒါန်းလိုပါကလည်း အထက်ဖော်ပြပါ တရားဝင်ဖေ့ဘုတ် စာမျက်နှာနှင့် CDF-Mindat ၏ ဘဏ္ဍာရေးကော်မတီထံတွင်သာ ဆက်သွယ်လှူဒါန်းပေးကြပါရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat ၏ သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနက မေတ္တာရပ်ခံထားသည်။

စာတည်း - မောင်ကြီး

#ချင်းပြည်နယ်
#မင်းတပ်မြို့နယ်
#ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤5😁1
​​ကန့်ဘလူခရိုင်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးတင်ရှိူ့
==================

MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ကိုးထောင်ဘို့ တိုက်နယ်ရှိ အောက်တဲကျေးရွာနှင့် ပင့်သာတိုက်နယ် အတွင်းရှိ ပင့်သာ (တည်ပင်) ရွာ နှစ်ရွာကို ယနေ့ မတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင်စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည်။

အောက်တဲကျေးရွာသည် သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ပင့်သာကျေးရွာသည် လေးကြိမ်မြောက် မီးတင်ရှို့ ခံရခြင်း ဖြစ်သည်။

“စစ်ကြောင်း နှစ်ခု၊ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေ့ကတော့ မသိရသေးဘူးဗျ၊ အောက်တဲရွာက စစ်ကြောင်းက တော့ ပြန်ထွက်သွားပြီ ၊ ဒါပေမယ့် ချက်ချင်းဝင်ကြည့်လို့ မရဘူး၊ ကင်းပုန်းကျန်ခဲ့ရင် ပစ်သတ်ခံရတာမျိုး ရှိတတ်သလို စစ်ကြောင်းပြန်လှည့်လာမှာလည်း ပူရတယ်၊ စစ်ကြောင်းအဝေး ရောက် သွားတော့မှ ပြန်ကြည့်ရတာပါ။ ပင့်သာမှာတော့ စစ်ကြောင်းက မထွက်သေးဘူးလို့ ကြားတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အောက်တဲကျေးရွာကို ဝင်ရောက်မီးရှို့သည့် စစ်ကောင်စီစစ်ကြောင်းသည် ကိုးထောင်ဘို့ အထိုင် ခလရ (၁၃၇) တပ်မှ ဖြစ်ပြီး ဝက်သအင်းရွာမှ တစ်ဆင့် အောက်တဲရွာကို ဝင်ရောက်ပြီးနောက် ရွာကိုမီးရှို့ ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

ထိုအောက်တဲကျေးရွာသည် ပြီးခဲသည့် ၂၀၂၂ ခုနှစ် ဇွန်လ နှင့် အောက်တိုဘာလတို့တွင်လည်း စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးခံရမှုကို ခံခဲ့ရပြီး လူနေအိမ် ၄၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားများအဖွဲ့ က ဆိုသည်။

အလားတူ ပင့်သာ(တည်ပင်) ရွာကို ဝင်ရောက်မီးရှို့သည့် စစ်ကောင်စီစစ်ကြောင်းသည် ပျူစောထီးများနှင့် ပူးပေါင်းထားသော အင်အား ၁၅၀ ခန့်သည် စစ်ကြောင်းဖြစ်ပြီး ကျွန်းလှမြို့ပေါ်မှ တစ်ဆင့် ပင့်သာ ရွာသို့ ယနေ့ မတ်လ ၄ ရက်နေ့ တွင် ဝင်ရောက်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီး ခံရခြင်းဖြစ်သည်။

ပင့်သာကျေးရွာသည် ယခင်ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၀၀ နီးပါး မီးလောင်ကျွမ်းထားသော ကျေးရွာဖြစ်ကြောင်း သိရသည်။

ထိုကျေးရွာ နှစ်ရွာကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၄ ရက်နေ့ ဝင်ရောက်မီးတင်ရှို့မှု ဖြစ်စဉ်အတွင်း မီးလောင်ကျွမ်းသွားသည့် နေအိမ်အရေ အတွက်ကို မဇ္ဈိမက စုံစမ်းနေဆဲ ဖြစ်သည်။
စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများကြောင့် ကန့်လလူ ခရိုင်အတွင်းရှိ တိုက်နယ်များဖြစ်သော ကိုးထောင်ဘို့ ၊ပင့်သာ၊ ချပ်သင်း စသည့် တိုက်နယ် သုံးခုတွင် စစ်ဘေး ဒုက္ခသည် ၃,၀၀၀၀ ဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ က ပြုစုထားသည့် စာရင်းများအရ သိသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသော စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်၏ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ထပ်ပံပေါ်ပေါက်နေပြီး ယခုမတ်လ ၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာက အရပ်သား ၁၇ ဦးကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။

စာတည်း။ ။ နောင်နောင်

#ကန့်ဘလူခရိုင်
#မီးရှီု့ခံရ
#အစုလိုက်အပြုံလိုက်
#စစ်ကိုင်း
#mizzimatv
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬2😢2😁1