Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြန်မာနှင့်အာဖဂန်နစ္စတန်နိုင်ငံရှိ ကလေးငယ်များအတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ကူညီလှူဒါန်းပေးခဲ့ကြောင်း UNICEF ထုတ်ပြန်
================================

ဂျပန်နိုင်ငံသည် မြန်မာနှင့်အာဖဂန်နစ္စတန်နိုင်ငံရှိ ကလေးသူငယ်များ၏ပညာရေး၊ ကျန်းမာရေး နှင့်အာဟာရဖြည့်တင်းရေးအတွက် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၅ သန်း ကူညီလှူဒါန်းခဲ့ကြောင်း ကုလသမဂ္ဂကလေးငယ်များရန်ပုံငွေအဖွဲ့ UNICEF က သတင်းထုတ်ပြန်လိုက်သည်။

UNICEF အကြီးအကဲတစ်ဦးဖြစ်သူ Karin Hulshof သည် မြန်မာနှင့်အာဖဂန်နစ္စတန်နိုင်ငံတို့ရှိ ကလေးငယ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ကူညီလှူဒါန်းမှုများကို ပြီးခဲ့သောရက်ပိုင်းတွင် ၎င်း၏တွစ်တာမှ တဆင့်ကြေညာခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံသည် အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံတို့ရှိ ထိခိုက်လွယ်သော ကလေးသူငယ်များအတွက် ကူညီထောက်ပံ့ပေးမှုများကိုလည်း ဆက်လုပ်လုပ်ဆောင်ရန် ကတိပြုထားကြောင်း UNICEF ၏ အကြီးအကဲက ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းကာလ နှစ်နှစ်ကျော်ကြာချိန်တွင် လူသားချင်းစာနာ ထောက်ထားရေးအကူအညီများရရှိနိုင်ရန် အ‌ရေးတကြီးလိုအပ်နေပြီး၊ အကူအညီများလိုအပ်နေကြသော ကလေးငယ်ပေါင်း ၅ သန်းကျော်ရှိနေကြောင်း UNICEF ကဆိုသည်။

UNICEF အနေဖြင့် ပြီးခဲ့သောနှစ်အတွင်းမှာ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသများ အပါအဝင် မြန်မာနိုင်ငံဒေသအသီးသီးရှိ ကလေးငယ်ပေါင်း 5 သိန်း ၆ သောင်းကျော်ကို အစောပိုင်း သင်ကြားရေး အခွင့်အလမ်းများအပြင် ကျောင်းတွင်းပညာရေးနှင့်ကျောင်းပြင်ပ ပညာရေးကို လက်လှမ်းမီရရှိနိုင်အောင် ပံ့ပိုးပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ကလေးငယ်ဦးရေ ၇ သိန်းခွဲကို အရည်အသွေးမီ ပညာရေးရရှိအောင် တိုးချဲ့ပံ့ပိုးကူညီပေးရန် ရည်ရွယ်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

UNICEF အနေဖြင့် မြန်မာနိုင်ငံရှိကလေးငယ်များကို ကူညီပံ့ပိုးပေးနိုင်ရန် ရန်ပုံငွေလိုအပ်ချက်များရှိနေသလို လက်လှမ်းမီရောက်ရှိရန် အကန့်အသတ်များရှိနေသည့်ကြားမှပင် ၂၀၂၂ ခုနှစ်အတွင်း ကလေးငယ်နဲ့ မိသားစုဦးရေ ၁ သန်းနီးပါးအတွက် အကူအညီများ ပံ့ပိုးပေးနိုင်ခဲ့ကြောင်းသိရသည်။

https://youtu.be/QSOcrj5Vkuo

#PolitiecalNews
#VideoNews
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥2❤1
ချင်းရွှေဟော်လမ်းပိုင်းမှာ ကုန်တင်ကား ၂ စီး မီးရှို့ခံထားရ
===============

မဇ္ဈိမ
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရာဒေသဖြစ်သည့် ကိုးကန့်ဒေသ ချင်းရွှေဟော်လမ်းပိုင်း၌ ယနေ့မနက် ၉ နာရီဝန်းကျင်က ကုန်ကား နှစ်စီး မီးရှို့ခံထားရသည်ဟု ကားသမားတစ်ဦးထံမှ သိရသည်။

"ဘယ်သူက ရှို့လဲတော့ မသိရဘူး။ အခွန်မဆောင်လို့ ရှို့ခံရတာလို့ တချို့ကားဆရာကပြောတယ်။ အဲကားတွေ ဘာတင်လဲဆိုတာ မသိဘူး။ အနီးကပ် သွားမကြည့်ရဲဘူး။ ကားမီးလောင်တာဘဲ သိတယ်။ အရင်က အဲနားမှာ လက်နက်ကိုင်အစုံရှိတာ။ ဒီမနက်ဖြတ်တဲ့အချိန် ဘယ်သူမှ မတွေ့ဘူးဘဲ။ ကားက တစ်ဝက်လောင်နေပြီ"
လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ယခုလို ကားမီးရှို့ခြင်းသည် လူမဆန်သည့်လုပ်ရပ်ဖြစ်ပြီး ပြည်သူ၏ဘဝကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေသည်ဟု ၎င်းက ဆိုသည်။

ကိုးကန့်တပ်မတော် (MNDAA)က မီးရှို့ကြောင်း ဒေသခံအချို့က ပြောဆိုကြပေမဲ့ သီးခြားအတည်မပြုနိုင်သေးပေ။

ချင်းရွှေဟော်-မန်တိန်လမ်းပိုင်းအား ၁၂ ဘီးတွဲကားများကိုသာ သွားလာခွင့်ပြုထားပြီး ၎င်းနေရာတွေမှာ လက်နက်ကိုင်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေကြသည့်ဒေသဖြစ်သည်။
👍17🔥3🥴1
​​ရန်ကုန် အနုပညာတက္ကသိုလ်မှ ကျောင်းသင်္ကြန် ဝေဖန်သူများကို ဟန်ငြိမ်းဦးတယ်လီဂရမ်သို့ ပေးပို့တိုင်ကြားမှုပြုလုပ်
====================

ကီရာ
ရန်ကုန်တိုင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ပြုလုပ်သော ကျောင်းသင်္ကြန်နှင့်ပတ်သက်၍ ဝေဖန်မှုပြုလုပ်သူများကို လက်ရှိတွင် ကျောင်းတက်ရောက်နေကြသည့် Non CDM ကျောင်းသားကျောင်းသူများမှ ဟန်ငြိမ်းဦးတယ်လီဂရမ်သို့ ပေးပို့တိုင်ကြားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသင်္ကြန်နှင့်ပတ်သက်၍ ဝေဖန်မှုပြုလုပ်ခဲ့သူတစ်ဦးကိုလည်း ဟန်ငြိမ်းဦးတယ်လီဂရမ်တွင် ၎င်း၏ဖေ့ဘွတ်စ်အကောင့်နှင့် ဓာတ်ပုံများ ဖော်ပြထားပြီး NUG PDF အကြမ်းဖက်အားပေးသူမို့ လိပ်စာပေးပို့ရန် ရေးသားထားသည်ကိုလည်း တွေ့ရသည်။

ယခုလို ဟန်ငြိမ်းဦး တယ်လီဂရမ်သို့ CDM ကျောင်းသားများ၏ အချက်အလက်များမရောက်ရှိသေးချိန်တွင် ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် သဘင်နောက်ဆုံးနှစ်တက်ရောက်နေသူတစ်ဦးဖြစ်သည့် ယဉ်မင်းဖြူမှလဲ ၎င်း၏ ပိုစ့်များတွင် မှတ်ချက်များရေးသားမည့်အစား အိမ်လိပ်စာများ ရေးသားရန်နှင့် ဘောမရတဲ့ပွဲရောက်ရင် ငါတို့နဲ့ မဆုံစေနဲ့ သဘင်က CDM လုပ်တဲ့သူတွေ ကိုယ့်အကြောင်းကိုယ်သိ ဆိုသည့်စာသားများနှင့် ကျောင်းတက်ရောက်သူနည်းသည့်အတွက် ကျောင်းပိုမို သန့်သွားသည့်ဆိုသည့် စာသားများကိုလည်း ၎င်း၏လူမှုကွန်ရက် Yin Min Phyu ဖေ့ဘွတ်စ်အကောင့် တွင် မှတ်ချက်ရေးသားမှုများကိုလည်း ပြုလုပ်ခဲ့ပြီး တခြား NOn CDM ကျောင်းသားများသည်လည်း CDM များကို လှောင်ပြောင်သည့် စာသားရေးကို ပြန်လည် မှတ်ချက်ပြုရေးသားထားသည်ကိုလည်း တွေ့ရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ CDM ပြုလုပ်ထားသူကျောင်းသူတစ်ဦးက" ငါတို့က မိဘကိုမလွန်ဆန်နိုင်လို့ ကျောင်းတက်နေတယ်ဆိုလဲ တက်လိုက်ပါ ရတယ်။ ဒါပေမယ့် နည်းနည်းလေး အရှက်ရှိစေချင်တယ်။ ငါတို့မှန်တယ်ဆိုတဲ့ ပုံစံနဲ့တော့ မနေပြပါနဲ့။ ညီမသာ သူတို့လို မိဘကြောင့် ကျောင်းတက်နေရတယ်ဆိုရင် သူတို့လို ထောင်မနေဘူး ‌။ ခေါင်းငုံပြီးပဲ နေရမယ့်ကိစ္စလေ။ လူအများ က မှားပါတယ်လို့ ထောက်ပြနေတဲ့ကိစ္စကို သူတို့က ငါတို့မှန်တယ်ဆိုပြီး ဇွတ်နေနေကြတာ။ အဲ့ဒါတွေကို ဆွဲလဲမခေါ်ချင်ဘူး ဘယ်သောအခါမှလည်း ကိုယ်နဲ့ပြန်ပြီး တတန်းထဲ တန်းမညှိနိုင်တော့ဘူး " ဟု ၎င်း၏အမြင်ကို ပြောသည်။

လက်ရှိတွင် အကြမ်းမဖက် အာဏာဖီဆန်မှု ‌CDM ပြုလုပ်နေဆဲ ကျောင်းသားကျောင်းသူများသည် Non CDM ကျောင်းသားကျောင်းသူများ၏ လှောင်ပြောင်မှုများ ၊ ဆဲဆိုမှုများအပြင် စစ်ကောင်စီ၏ သတင်းပေးတစ်ဦးဖြစ်သူဟန်ငြိမ်းဦးထံသို့ ပေးပို့တိုင်ကြားမှုနှင့် ခြိမ်း‌ခြောက်မှုများကိုလည်း အများစုမှာ ရင်ဆိုင်တွေ့ကြုံနေရသည်ဟု သိရသည်။
🤬29👍12❤1👏1😁1
​​အမေရိကန် ထရိုင်တက္ကသိုလ်က ဖက်ဒရယ်ရန်ပုံငွေရရှိရေးအတွက် ကွန်ဖြူးရှပ်စင်တာကို ပိတ်သိမ်း
=====================

အမေရိကန်နိုင်ငံ၊ အလာဘားမားပြည်နယ်၊ ထရိုင်မြို့ရှိ ထရိုင်တက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့သည် တရုတ်က ရန်ပုံငွေ ထောက်ပံ့ထားသည့် အငြင်းပွားဖွယ် ကွန်ဖြူးရှပ်စင်တာကို မဲခွဲဆုံးဖြတ်ပြီး တစ်လအကြာ မတ်လ ၁ ရက်တွင် ပိတ်လိုက်သည်။
👍5🔥2🤣1
​​အမေရိကန်၏ ကုန်သွယ်ရေးအမည်ပျက်စာရင်းသစ်တွင် တရုတ်ကုမ္ပဏီများ ပါဝင်
===================

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရသည် မတ်လ ၂ ရက်က ကုမ္ပဏီ ၃၇ ခုကို ကုန်သွယ်မှုအမည်ပျက်စာရင်း တွင် ထည့်သွင်းခဲ့ပြီး ၎င်းတို့တွင် ထိုင်ဝမ်ကုမ္ပဏီ ၃ ခု၊ တရုတ်မျိုးရိုးဗီဇဆိုင်ရာ ကုမ္ပဏီ (BGI)နှင့် တရုတ် ကွန်ပျူတာကုမ္ပဏီ Inspur တို့၏ ဌာနခွဲများ ပါဝင်သည်။
👍16🔥1🤣1
​​ဟောင်ကောင်ရဲတပ်ဖွဲ့၏ သတိပေးမှုကြောင့် အမျိုးသမီးအခွင့်အရေး ဆန္ဒပြပွဲ ဖျက်သိမ်းခဲ့ရ
===================

ဟောင်ကောင်ရဲတပ်ဖွဲ့က ဆန္ဒပြပွဲတွင် အကြမ်းဖက်အဖွဲ့များ ပူးပေါင်းပါဝင်လာနိုင်သည်ဟု သတိပေးလာပြီးနောက် အမျိုးသမီးအခွင့်အရေးအဖွဲ့သည် မတ်လ ၄ ရက်၌ပြုလုပ်မည့် ဆန္ဒပြပွဲကို အချိန်နီးမှ ဖျက်သိမ်းလိုက်ရသည်။
👍9🔥2
မြန်မာ့အရေးအတွက် မူ ၅ ချက်နဲ့ အလုပ်ရှုပ်နေတဲ့ အာဆီယံရဲ့အလားအလာ (ဆောင်းပါး)
======================

အာဆီယံအနေနဲ့ မြန်မာ့အရေးကြားဝင်ဖြေရှင်းပေးဖို့ တာဝန်ယူထားခဲ့တာ ၃ နှစ်တာကာလအတွင်းရောက်လာခဲ့ ပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ အာဆီယံကချမှတ်ထားတဲ့ မူ ၅ ချက်ဟာ ဘာတစ်ခုမှ အလုပ်မဖြစ်သေး တာတွေ့ရပါတယ်။ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ကြဉ်ထားနိုင်တာကလွဲပြီး မူ ၅ ချက်က ဘာမှအလုပ်မဖြစ်သေးဘူးလို့ဆိုရပါမယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မှာ စစ်တပ်ကအာဏာသိမ်းပြီး ၂ လကျော်အကြာ ဧပြီ ၂၄ ရက်မှာ အာဆီယံက မြန်မာ့အရေး အရေးပေါ်အစည်း အဝေးခေါ်ပြီး ဘုံသဘောတူညီချက် ၅ ချက်ကိုချမှတ်ထားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခုရအောင် သက်ဆိုင်သူအားလုံး အပြုသဘောဆွေးနွေးကြဖို့၊ အာဆီယံအတွင်းရေးမှူးချုပ် ရဲ့ အကူအညီနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်အောင် အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ် တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့၊ အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတစ်ဆင့် မြန်မာ နိုင်ငံကိုအကူအညီတွေပေးဖို့၊ သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံဖို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ဆိုတဲ့အချက် ၅ ချက်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

https://youtu.be/mFgJ04DQoxI

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🥴2😁1
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_29 Seg_1 | ဝက်သားလုံးချဉ်စပ်ဟင်းရည်နှင့် အာလူးထောင်း

Watch more detail - https://youtu.be/jAeKBnq-xhg

#thecookingguy #mizzimatv #reels #shorts #cooking
👍3🤮1
မတ်လ (၈) ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဖို့  နိုင်ငံတကာကို ICA ‌တောင်းဆိုတဲ့ သတင်းနဲ့ အတူ  
 
ရေတာရှည်မြို့နယ်မှာ  PDF တွေထံပေးပို့မယ့်  လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရတဲ့သတင်းတွေ အပါအ၀င်  အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ရမှာပါ။
 
အဲ့ဒီနောက်မှာတော့ အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ မရွှေမိုးရဲ့ လေးညှို့သံအစီအစဉ်ကိုလည်း နားဆင်ကြရဖို့ ရှိပါမယ်။ 

https://youtu.be/WvZdQeIsZWk
 
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🤮1
​​တရုတ်တွင် ဆင်ဆာဖြတ်တောက်ခြင်းက ဉာဏ်ရည်တု ထုတ်ကုန်များအပေါ် သက်ရောက်မှုရှိလာမည်
============================

တရုတ်နိုင်ငံတွင် လူမှုရေး၊ နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ အကြောင်းအရာများအား ဆင်ဆာဖြတ်တောက်ခြင်းများသည် ဉာဏ်ရည်တု (AI) ထုတ်ကုန်များအပေါ် မလွှဲမရှောင်သာ သက်ရောက်မှုရှိလာမည်ဖြစ်ပြီး ယင်းကဲ့သို့ အထောက်အထားများလည်း ရှိနှင့်ပြီးဖြစ်ကြောင်း Insideover ဝက်ဘ်ဆိုက်တွင် ဖရက်ဒရီကို ဂူလီယာနီက ရေးသားထားသည်။
👍5
​​တရုတ် သမ္မတက ကိုဗစ်အလွန်ကာလစီးပွားရေး ပြန်လည်နာလန်ထူရန် စားသုံးသူများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပစ်မှတ်ထား 
=================

ရုန်းကန်နေရသော စီးပွားရေးကို ပြန်လည်အသက်သွင်းရေးအတွက် တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်၏ အထက်မှ အောက်သို့ အစီအစဉ်ချမှတ်ကြိုးပမ်းမှုတွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ပျက်စီးသွားမှုများကို ထည့်သွင်းစဉ်းစားထားခြင်းမရှိကြောင်း RFA သတင်းတွင် ဖော်ပြထားသည်။
😁5
​​ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့ ကြိုးပမ်းနေ
=======================

ပါကစ္စတန် အစိုးရအား ရွေးကောက်ပွဲများ စော၍ ကျင်းပရန် ဖိအားပေးနေသော တရားဥပဒေဆိုင်ရာ အမှုအခင်းများစွာ ရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ရဲတပ်ဖွဲ့က မတ် ၅ ရက်က ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြသည်။
👍4😁2
မတ်လ 8 ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1
Myanmar PDFs remain outgunned
==============

https://youtu.be/fkfkLbo2tWw

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁1
မန္တလေးအိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများ အဆိုးဝါးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရ
=========================

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူများထဲမှ အမျိုးသမီး ၇၀ ကျော်ကို စစ်ကောင်စီက ရိုက်နှက်၊ နှိပ်စက်၊ အစာဖြတ် စသည့် နည်းမျိုးစုံသုံး၍ ဆိုးရွားစွာ ဖိနှိပ်နေသည်ဟု စုံစမ်းသိရှိရသည်။

မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)တွင် မတရားသဖြင့် ဖမ်းဆီးခံထားရသော အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများသည် စစ်ကောင်စီလက်အောက်ခံ ထောင်တာဝန် ရှိသူများကြောင့် လက်ရှိတွင် အဆိုးဝါးဆုံး အခြေအနေများနှင့် ရင်ဆိုင်နေရပြီး ထောင်ပြောင်းရွေ့မှုများလည်း ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသူ မိသားစုဝင်များနှင့် ရှေ့နေများထံက သိရသည်။

နိုင်ကျဉ်းအမျိုးသမီးများကို ထောင်အာဏာပိုင်တို့က ဖေဖော်ဝါရီလဆန်းမှစ၍ နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့ပြီး ပြင်ပမှ အစားအစာပို့ခွင့် (ထောင်ဝင်စာ) ပိတ်ထားသလို အခန်းကျဉ်းထဲတွင် တစ်ဦးချင်း ပိတ်လှောင်ထားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော မိသားစုဝင်အချို့ထံမှ သိရသည်။

မတ်လ ၇ ရက်နေ့က ပြုလုပ်သည် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ-မန္တလေး (AFCC Mandalay) ၏ သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါထောင်တွင်းရှိ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများ ရင်ဆိုင်နေရသည့် အခြေအနေနှင့် ပတ်သက်၍ ပြောကြာခဲ့ခြင်းဖြစ်သည်။

https://youtu.be/ZPovMRINPOk

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬15❤1😢1
ရေးတံတားကြီးဂိတ်အား ရေးဘီလူးအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်
===================

ဂျူချန်း
မဇ္ဈိမ။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်အထွက်ရှိ လုံခြုံရေးတင်းကြပ်ထားသည့် ရေးတံတားကြီးဂိတ်အား ရေးဘီလူးအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းအား ဆက်သွယ်ထားသည့် ရေးတံတားကြီးဂိတ်ရှိ ကတုတ်ကျင်းများအား ရေးဘီလူးအဖွဲ့မှ မတ်လ ၈ ရက်နေ့က ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဆက်သွယ်ရေးမြောင်း (ကတုတ်ကျင်း) ကိုချတာ။ တပ်သား ၃၀ လောက်တော့ရှိမယ်” ဟု ရေးဘီးလူး အဖွဲ့ခေါင်းဆောင်က မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုရှိနိုင်သော်လည်း အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။
ဒရုန်းဖြင့် တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း ရေးဘီးလူးအဖွဲ့မှ ဒရုန်းရောလူပါ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေးတံတားကြီးဂိတ်အား ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရေးဘီလူးအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အဖွဲ့ခေါင်းဆောင်က ဆိုသည်။

ယင်းသို့ တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်မှ အထိနာခဲ့သဖြင့် လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ကျောင်းရွာအခြေစိုက် အမှတ်(၅၈၃) ခြေမြန်တပ်ရင်းအား ရေးဘီလူး အဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့သေးသည်။

https://youtu.be/gekrv4RXROg

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မွန်ပြည်နယ်
#ရေးမြို့နယ်
#ရေးဘီလူးအဖွဲ့
#ဒရုန်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13❤5😁1