ကိုးတောင်ဘို့တိုက်နယ်မှာ ဒေသခံဦးခေါင်းပွင့်သည်အထိ စစ်တပ်မှ ပစ်သတ်ပြီး ကလေးငယ်ကိုပါ ဖမ်းဆီး
ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကိုးတောင်ဘိုတိုက်နယ်အတွင်းရှိ အလယ်ခုံကျေးရွာတွင် ဒေသခံစစ်ရှောင်တစ်ဦးကို စစ်ကောင်စီတပ်သားများမှ ဦးခေါင်းပွင့်သည်အထိ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အသက်မပြည့်သေးသည့် ကလေးငယ်ကိုပါ ဖမ်းဆီးသွားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ကိုးတောင်ဘို့ရွာတွင် အထိုင်ချတပ်စွဲထားသော ခြေလျင်တပ်ရင်း (ခလရ-၁၃၇) စစ်ကြောင်းသည် မတ်လ ၂၉ရက်တွင် အလယ်ခုံရွာ၌ ညအိပ်ရပ်နားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က ဆိုသည်။ ထိုမှတစ်ဆင့် မတ်လ ၃၀ ရက် နံနက် ၆ နာရီခန့်တွင် ကျေးရွာတောင်ဘက်သို့ စစ်ကြောင်းထိုး ထွက်ခွာစဉ် အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဖမ်းဆီးပြီးနောက် မျက်နှာနှင့် ဦးခေါင်းတစ်ခြမ်းပွင့်က သေဆုံးလျက်တွေ့ရှိရကြောင်း သိရသည်။
ထို့ပြင် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကိုပါ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ထံမှသိရသည်။
အဆိုပါ ဒေသခံနှစ်ဦးသည် တောတွင်းရှိ စစ်ဘေးရှောင်တဲများ၌ တိမ်းရှောင်နေသူများဖြစ်ပြီး စစ်ကောင်စီတပ်စစ်ကြောင်းများနှင့်တွေ့ကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
အိမ်ခြေ ၄၁၈ အိမ်ရှိသော အလယ်ခုံကျေးရွာကို စစ်ကောင်စီတပ်များနှင့် ၎င်းတို့ လက်နက်တပ်ဆင်ထားသော ပျူစောထီးများမှ ၂၀၂၂ ခုနှစ် ဇွန်နှင့် အောက်တိုလာလအတွင်းက နှစ်ကြိမ်တိုင် ဝင်ရောက်စီးနင်း မီးတင်ရှို့ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်သားများ၏ မီးရှို့မှုကြောင့် ဒေသခံများနေအိမ် ၁၇၀အိမ်အထိ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ မှတ်တမ်းများအရသိရသည်။
ကန့်ဘလူမြို့နယ် ချပ်သင်းရွာတွင် အထိုင်ချထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲများသည် ချပ်သင်းတိုက်နယ်၊ ပုဏ္ဏားငယ်ကျေးရွာသို့ မတ်လ ၂၉ရက်နေ့တွင် အကြမ်းဖက်ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ ထိုစစ်ကြောင်းသည် ပုဏ္ဏားငယ်ကျေးရွာရှိ လူနေအိမ် ကိုးလုံး၊ လက်တွန်းထွန်စက် တစ်စီး၊ ထော်လာဂျီ တစ်စီးနှင့် စပါးကျီ သုံးခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်များသည် မကြာခဏဆိုသလို စစ်ကြောင်းထိုး လှည့်လည်စီးနင်းမှုများ ပြုလုပ်နေပြီး လူနေအိမ်၊ စားနပ်ရိက္ခာများအား မီးရှိဖျက်ဆီးသည့်အပြင် ဖမ်းဆီးမိသည့် ဒေသခံပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်လေ့ ရှိသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzimatv
#ကန့်ဘလူခရိုင်
#ဒေသခံစစ်ရှောင်
#စစ်ကောင်စီတပ်
#ပျူစောထီးတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬6👍4😁2🔥1
တရုတ်က မြန်မာကို လက်ဦးမှုယူချဉ်းကပ်ခြင်းက ရှုပ်ထွေးမှုကို ဖြစ်စေသလား
မြန်မာနှင့်ပတ်သက်၍ တရုတ်၏ ရပ်တည်ချက်သည် အမြဲတမ်း အလွန်ရှုပ်ထွေးပြီး မျက်နှာစာအမျိုးမျိုးရှိခဲ့သည်။ အချိန် ၂ နှစ်ကျော် ကြာြမင့်လာသည့်တိုင် မြန်မာစစ်တပ်အနေဖြင့် ရွေးကောက်ပွဲကျင်းပပေးမည့် အရိပ်လက္ခဏာ မပြသေးပေ။

👍7😁2
မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
Dragon Fly ပရောဂျက်မှ ရရှိသည့် ငွေ ကြေးများကို လေကြောင်းရန်ကာကွယ်ရေးနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးအတွက် အသုံးပြုနေသည်ဟု NUG ကာကွယ်ရေးထုတ်ပြန်
Dragon Fly ပရောဂျက်မှ ရရှိသည့် ငွေ ကြေးများကို လေကြောင်းရန်ကာကွယ်ရေးနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးအတွက် အသုံးပြုနေသည်ဟု မတ် ၃၁ ရက်တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
" နိုင်ငံတကာ Fundraiser မ်ားထံမွ တဆင့် Project DragonFly အတွက် အမေရိကန်ဒေါ်လာ ၂.၂ သန်း တိတိကို လက်ခံရရှိသုံးစွဲလျက်ရှိပါသည်။ ရရှိထားသော ရန်ပုံငွေများကို လေကြောင်းရန်ကာကွယ်ရေးကဏ္႑အတွက် အမေရိကန်ဒေါ်လာ ၁.၄သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္႑အတွက် အမေရိကန်ဒေါ်လာ ရှစ်သိန်း လျာထား သုံးစွဲလျက်ရှိပါသည်" ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ရန်ပုံငွေ ရှာဖွေရေးစီမံချက်များမှ ရရှိလာသော ရန်ပုံငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စနစ်တကျစီမံခန့်ခွဲနေပြီး အလေအလွင့်မရှိ လက်ခံရရှိခဲ့ ကြောင်း၊ ရရှိခဲ့သော ရန်ပုံငွေများဖြင့် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအောင်မြင်မှုများကို လုံခြုံရေးအရ သင့်လျော်သည့် အချိန်များတွင် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္႑ာငွေရှာဖွေရေး အစီအစဉ်များတွင် အတတ္ပညာ၊ အသိပညာ၊ ငွေကြေးအားဖြင့် ပါဝင်ကူညီအားဖြည့်ပေးနေကြသူ တစ်ဦးချင်းစီတိုင်း၏ ကြိုးစားအားထုတ်မှုများကို လေးစားစွာဖြင့် အသိအမှတ်ပြု ကြောင်း
NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
Click to Donate၊ ပန္ဆယ္လို အစရှိသည့် နိုင်ငံတကာ Fundraiser များဖြင့် ပြုလုပ်ခဲ့သည့် Dragon Fly ပရောဂျက်မှာ နွေဦးတော်လှန်ရေးတွင် အကြီးမားဆုံး ရန်ပုံငွေ ရှာဖွေရေးအစီအစဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။
" ကျွန်မကတော့ ဘာမွ ပြောစရာ မရှိတော့ပါ။ Fundraiser တစ်ယောက်အနေနဲ့ Fundraiser တစ်ယောက်ရဲ့ တာဝန္ကို အပြီးအပြတ် ထမ်းဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ MOD အနေနဲ့ ထုတ်ပြန်ပြောဆိုခွင့်ထဲက မိုင်ကုန်ကို ပြည်သူကို တင်ပြထားခြင်း ဖြစ်တာကြောင့် အလေးအနက် ဖတ်ကြည့်ကြစေချင်သလို MOD ရဲ့ လေကြောင်းရန်ကာကွယ်ရေး၊ တိုက်ခိုက်ရေးနဲ့ ပတ်သက်ပြီး အခုထက်ပိုမိုထိရောက်မြင်သာလာဖို့ တောင်းဆိုပါတယ်။ ရန္သူရဲ့ သပ်လျှိုသွေးခွဲသတင်းညှစ်ထုတ်မှုတွေနောက်ကို ပြည်သူက လိုက်ပါခဲ့ရင် ကျွန်မတို့လည်း လိုက်ပါသွေးကွဲရုံပဲ ကျန်ပါတော့ တယ်။ အရေးကြီးချိန်မှာ ခေါင်းကြီးကြီးထားပြီး ချင့်ချိန်ဆုံးဖြတ် နိုင်ကြပါစေ" ဟု ရန်ပုံငွေကောက်ခံရာတွင်ပါဝင်သည့် ပန္ဆယ္လိုက သူမ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးအတွက် ပြုလုပ်ခဲ့ သည့် ယင်းပရောဂျက်မှာ သတ်မှတ်ရက်မတိုင်မီမှာပင် ပြည့်မီခဲ့ သည့် ပရောဂျက်တစ်ခုလည်းဖြစ်သည်။

👍16😁2
မတရားအသင်းများအား ဆက်သွယ်ခြင်း ငွေကြေးထောက်ပံ့ခြင်းများမလုပ်ကြဖို့ စစ်ကောင်စီ ဖိအားပေး
https://youtu.be/YxuWDOOvWMw
https://youtu.be/YxuWDOOvWMw
YouTube
မတရားအသင်းများအား ဆက်သွယ်ခြင်း ငွေကြေးထောက်ပံ့ခြင်းများမလုပ်ကြဖို့ စစ်ကောင်စီ ဖိအားပေး
ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေကို NUG နှင့် PDF အပါအဝင် မတရားအသင်းများအား ဆက်သွယ်ခြင်း ငွေကြေးထောက်ပံ့ခြင်းများမလုပ်ကြဖို့ စစ်ကောင်စီ ဖိအားပေး
---------------
ရခိုင်ပြည်နယ်အတွင်းက လူမှုအရပ်ဘက်အဖွဲ့အစည်းများအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ လက်အောက်ခံ ပြ…

😁7👍2❤1
ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံး၊ လက်နက်များ သိမ်းဆည်းရရှိ
မဇ္ဈိမ
ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ၊ ဒေါလျားခူကျေးရွာအနီး ညေးဘူးခူ တောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ် အင်အားစုများအကြား နှစ်ဘက်တိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးနှင့်အထက် သေဆုံးသွားကြောင်း KNDF တပ်ရင်း (၁) က ယနေ့ မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။
ဒေါလျာခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ခလရ (၂၈၇)တပ်နှင့် KA ၊ KNDF တို့အကြား မတ်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့အထိ နှစ်ရက်တာ ပြင်းထန်ခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ထိုသို့ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ပွဲတွင် ကရင်နီတပ်မတော် (KA) ၊ KNDF ဗျူဟာ (၃)မှ တပ်ရင်းများဖြစ်သော KNDF/B (10) ၊ KNDF/B (15) ၊ နှင့် KNDF/B (07) တို့ကပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းနှစ်ရက်တာ တိုက်ပွဲအတွင်း KA၊ KNDF ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရသူအချို့ ရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA-1 သေနတ် သုံးလက် ၊ MA-2 သေနတ် နှစ်လက် ၊ MA-3 သေနတ် တစ်လက် နှင့် ဆက်စပ် ခဲယမ်းမီးကျောက်များ ၊ အသုံးဆောင်များအား သိမ်းဆည်ရရှိခဲ့ကြောင်း KNDF တပ်ရင်း (၁) က ထုတ်ပြန်ထားသည်။
တိုက်ပွဲများအတွင်း အထိနာသော စစ်ကောင်စီတပ်သည် မတ်လ (၃၀) ရက်နေ့ မွန်းလွဲပိုင်းတွင် တိုက်လေယာဉ် နှစ်စီးဖြင့် ဒေါလျားခူကျေးရွာ တောင်ပေါ်သို့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
ယင်းအပြင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် ကျေးရွာတစ်ရွာ၏ စာသင်ကျောင်းဝန်း တစ်ခုကိုလည်း နှစ်ကြိမ်ခန့် လှည့်ပတ် ပစ်ခတ်ခဲ့သဖြင့် အရပ်သားတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။
စစ်ကောင်စီတပ်သည် ယင်းနေ့ ညပိုင်းတွင်လည်း ဒေါတမကြီးကျေးရွာ တောင်ပေါ်ဖက်သို့ တိုက်ခိုက်ရေးလေယာဉ် နှစ်စီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကရင်နီပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် ထိုးစစ်ဆင် ဝင်ရောက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ကရင်နီပူးပေါင်း တပ်များအကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
ရက်ရှည်ခုခံတိုက်ပွဲ ရလာဒ်ကောင်း ဖော်ဆောင်နိုင်ရန်အတွက် တက်ညီ လက်ညီဖြင့် ကူညီထောက်ပံ့ပေးကြရန်လည်း KNDF က တောင်းဆိုထားသည်။
စာတည်း။ ။ နောင်နောင်
#KNDF
#ဒီးမော့ဆို
#ဒေါလျားခူကျေးရွာ

👍14🥴2
NUG ရဲတပ်ဖွဲ့နဲ့ ချင်း ပြည်သူ့ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ဥပဒေစိုးမိုးရေး ဆောင်ရွက်မယ် (ရုပ်/သံ)
https://youtu.be/lvFDSgCjus8

ရွှေနွယ်
(မဇ္ဈိမ)။ ။အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ အတူတကွ နက်နက်ရှိုင်းရှိုင်းပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေး၊ လေ့ကျင့်သင်ကြားရေးနဲ့ သတင်းဖလှ…

👍17😁2💩1
မတူပီတိုက်ပွဲအတွင်း ပြင်းထန်ဒဏ်ရာရသော ချင်းကာကွယ်ရေးရဲဘော် ဆေးကုသရန် အရေးပေါ်အကူအညီလိုအပ်နေ
ကိုခင်မောင်
မဇ္ဈိမ။ ။ မတူပီမြို့နယ်တိုက်ပွဲအတွင်း ပြင်းထန်စွာဒဏ်ရာရသွားသော ချင်းပြည်သူ့ကာကွယ်ရေးရဲဘော်တဦးအား ဆေးကုသနိုင်ရန် အရေးပေါ်အကူအညီလိုအပ်နေပြီး ပြည်တွင်း၊ပြည်ပရှိပြည်သူများမှ ပံ့ပိုးကူညီပေးပါရန် Chinland Defense Force Matupi( CDF-Matupi)က မေတ္တာရပ်ခံတောင်းဆိုထားသည်။
အသက်၂၄နှစ်အရွယ်ရှိ ချင်းပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးသည် မတ်လ ၂၀ရက်နေ့က မတူပီ - ပလက်ဝလမ်းပေါ်ရှိ ၉ မိုင်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း မိုင်းထိကာ ဒဏ်ရာရခြင်းဟုသိရသည်။ ယင်းရဲဘော်၏ ခန္တာကိုယ်ညာဘက်ခြမ်းတွင် ကြီးမားသည့် ဒဏ်ရာရသွားကြောင်း CDF-Matupi ထောက်ပို့တပ်သားတဦးကပြောသည်။
" စစ်ကောင်စီက လမ်းမမှာ ထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့်ပါ။တိုက်ပွဲပြီး အဲ့ဒီနေရာကို ကွင်းဆင်းတဲ့အချိန်မှာ ဖြစ်သွားတာပါ။မတူပီမှာ အခုတိုက်ပွဲလည်း တောက်လျှောက်ဖြစ်လာတော့ ငွေရေးကြေးရေးက အရမ်းကိုခက်ခဲပါတယ်။
လောလောဆယ်တော့ ပိုက်ဆံက သူများဆီ ခဏငှားပြီးတော့ ကုသနေတာပါ" ဟု CDF-Matupiသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
လက်ရှိတွင် အဆိုပါရဲဘော်၏ ဒဏ်ရာပြင်းထန်မှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် လွတ်မြောက်ဒေသဆေးရုံကြီးများသို့ ပို့ဆောင်ကုသရန် အခက်အခဲကြုံတွေ့နေရသည်ဟု CDF-Matupiကထုတ်ပြန်ထားသည်။ဒဏ်ရာရရဲဘော်သည် အနီးစပ်ဆုံး ဆေးခန်းတွင်သာ ဆေးကုသမှု ခံယူနေရပြီး ရဲဘော်၏လိုအပ်သော ဆေးဝါးစရိတ်များအတွက်သော်လည်ကောင်း၊ပို့ဆောင်ရေးအတွက်သော်လည်းကောင်း မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်ကူညီပေးကြပါရန် CDF-Matupiက မတ်လ ၃၀ရက်နေ့က ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
“သူ့ကို ပြည်တွင်းမှာပဲ ဖြစ်သလို ဆေးကုသမှုပေးနေတယ်။ အခုက ချင်းတောင်မှာပဲဆိုတော့ မီဇိုရမ်ဘက်ကို သယ်ဖို့ဆိုရင်လည်း ဆိုင်ကယ်နဲ့ဆိုလည်း မဖြစ်နိုင်ဘူး။ ကားဆိုရင်လည်း ကားကမရှိဘူး။ အခက်အခဲဖြစ်နေတယ်" ဟု CDF-Matupi ထောက်ပို့တပ်သားက မဇ္ဈိမကို ပြောသည်။
မတူပီမြို့နယ်တွင် မတ်လ ၂၀ရက်မှ စ၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။မတူပီ - ပလက်ဝလမ်းရှိ ထယ်ဘွေးတပ်စခန်းသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် CDF-မတူပီက မတ်လ ၂၀ရက်တွင် စတင်တိုက်ခိုက်ခဲ့သည်။ ယင်းနောက်ပိုင်းတိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိနေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် မတူပီဒေသ၌ အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
စာတည်း - မောင်ကြီး
#မတူပီမြို့နယ်
#ချင်းကာကွယ်ရေးရဲဘော်
#အရေးပေါ်အကူအညီလိုအပ်
#Chinland Defense Force Matupi

👍9😢8❤1🔥1😁1
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
Project DragonFly ရန်ပုံငွေတွေကို လေကြောင်း ကာကွယ်ရေးအတွက်အဓိကလျာထားသုံးစွဲနေတယ်လို့ NUG ကထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ နွေဦးတော်လှန်ရေးဟာ အုပ်စုအကျိုးစီးပွားအတွက် ဖြစ်ပေါ်လာတဲ့ တော်လှန်ရေး မဟုတ်ဘူးဆိုတာကို ပြတ်ပြတ်သားသား နားလည်ထားကြဖို့လိုအပ်တယ်လို့ NUG ယာယီသမ္မတကြီးကပြောလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။
https://youtu.be/2P5fwS6EI7w

မတ်လ ၃၁ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
Project DragonFly ရန်ပုံငွေတွေကို လေကြောင်း ကာကွယ်ရေးအတွက်အဓိကလျာထားသုံးစွဲနေတယ်လို့ NUG ကထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ နွေဦးတော်လှန်ရေးဟာ အုပ်စုအကျိုးစီးပွားအတွက် ဖြစ်ပေါ်လာတဲ့ တော်လှန်ရေး မဟုတ်ဘူးဆိုတာကို ပြတ်ပြတ်သားသား…

👍8🤮1