Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အလုံဓာတ်အားခွဲရုံ မီးလောင်မှုဖြစ်ပွား
============

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊စောရန်ပိုင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အလုံဓာတ်အားခွဲရုံတွင် ယနေ့ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်မှစ၍ မီးလောင်ကျွမ်းပြီး ပျက်စီးမှုများပြားကြောင်း ဒေသခံများကပြောသည်။

အလုံဓာတ်အားခွဲရုံသည် ညနေ ၆ နာရီ မိနစ် ၄၀ အချိန်ခန့်က စတင်လောင်ကျွမ်းခဲ့ပြီး Level 3 အဆင့်ယာဉ်များဖြင့်ငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မီးလောင်ကျွမ်းပြီး ၃၅ မိနစ်ခန့်အကြာ ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် စတင်မီးထိန်းနိုင်ပြီး ၇ နာရီ ၁၈ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

" မီးကတော်တော်များတယ်။ စက်ရုံဝင်းထဲ တော်တော် အပျက်အစီးများတယ်။ မီးတွေလည်း ပြတ်နေတယ်။ မီးပြတ်တာ အ‌ခြေအနေပိုးဆိုးမယ်ထင်တယ်" ဟု မီးလောင်မှုဖြစ်စဉ်ကို သွားရောက်ကြည့်ရှုခဲ့သည့် အလုံမြို့ခံတစ်ဦးကပြောသည်။

အလုံဓာတ်အားခွဲရုံမီးလောင်နေချိန်တွင် ရန်ကုန်မြို့တွင်းမြို့နယ်အများစု လျှပ်စီးမီးပြတ်တောက်နေကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အသေးစိတ်အကြောင်းအရာများနှင့် ပျက်စီးဆုံးရှုံးမှုများကို မဇ္ဈိမအနေဖြင့်ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

#mizzima
#အလုံမြို့နယ်
❤8👍8🔥3😢2🤬1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၈ ဧပြီ ၂၀၂၃ ) 
==========================

မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် တော်လှန်ရေး အားကောင်းနေသလို မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင်လည်း တော်လှန်ရေးအားကောင်းနေပြီး စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေသည်ကြားမှ စစ်ကောင်စီ ရဲစခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်လာသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1😁1
ရွှေကုက္ကိုလ်တိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ဘေးရှောင်လာသူ ၁၀,၀၀၀ ကျော်အထိ ရှိလာ
👍6🔥3😢2👏1
ရွှေကုက္ကိုလ်တိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ဘေးရှောင်လာသူ ၁၀,၀၀၀ ကျော်အထိ ရှိလာ
======================

ဂျူချန်း
(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရွှေကုက္ကိုလ်မြို့သစ်အနီးရှိ ကျေးရွာများမှ ဒေသခံများသည် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးရှောင်ကြရာ လက်ရှိတွင် ဦးရေ ၁၀,၀၀၀ ကျော်နေပြီဖြစ်ကြောင်း စစ်ဘေးဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသူထံက သိရသည်။

ထိုင်းအာဏာပိုင်များက တိုက်ပွဲများကြောင့် တိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များ အရေးပေါ်ယာယီ နေထိုင်နိုင်ရန် နေရာ ၁၅ ခု စီစဉ်ပေးထားရာ စစ်ဘေးရှောင်အရေအတွက် များပြားသဖြင့် သန့်စင်ခန်း၊ အခင်း၊ သောက်သုံးရေနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ဧရာဝတီအဝေးရောက်အသင်း တာဝန်ရှိသူ ကိုဖိုးသင်္ကြန်က ပြောသည်။

“အစားအသောက်ရယ်၊ နောက်ဒီနေရာက ခြင်ကိုက်တယ်။
နောက် အခင်းတွေ၊ အဝတ်အစား အနည်းအပါးလေးတွေ လိုတယ်ပေါ့။ အမိုးအကာက မလုံလောက်ဘူး။ အရေးပေါ်ဆိုတော့ လိုအပ်မှုတော့ ရှိတာပေါ့။ တဲလေးတစ်ခုမှာ ဖျာတွေခင်းပြီး စုပြုံအိပ်ရတာ” ဟု ၎င်းကပြောသည်။

အဆိုပါ စစ်ဘေးရှောင်များတွင် အသက် ၁၀ နှစ်အောက် ကလေးအများစုနှင့် သက်ကြီးရွယ်အို အဖိုးအဖွားများပါ ပါဝင်ကြောင်း ဆိုသည်။

“ဒီနေ့တွေ့လာတာ အငယ်ဆုံးဆိုရင် တစ်လလောက်ရှိတယ်။ အကြီးဆုံးဆိုရင် အသက် ၈၀ လောက်အထိ ရှိတယ်။ ကလေးလေးတွေများတယ်။ သုံးချိုးတစ်ချိုးကျော်တယ် ကလေးဦးရေက ။လေးနှစ်၊ငါးနှစ် ၊ ဆယ်နှစ်အောက်တွေပေါ့” ဟု ကိုဖိုးသင်္ကြန်က ပြောသည်။
မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့သစ်အနီးတွင် ကရင်လက်နက်ကိုင်ပူးပေါင်းတပ်များ၊ PDF များနှင့် စစ်ကောင်စီလက်အောက်ခံ BGF တို့ကြား ဧပြီလ ၅ ရက်နေ့မှ ယနေ့အထိ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ရေးအခြေအနေ တင်းမာနေမှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဧပြီလ ၇ ရက်နေ့ မှ ဧပြီလ ၂၁ ရက်နေ့အထိ နှစ်ပတ်ကြာ အသုံးပြုသွားလာခြင်းများ မပြုလုပ်ကြရန် တော်လှန်ရေးတပ်ဖွဲ့ဆယ်ဖွဲ့၏ စစ်ကြောင်းမှူးများက လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ကရင်ပြည်နယ်
#မြဝတီမြို့
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7👍4🔥2😁1😱1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဧပြီလ ၈ ရက်ထုတ်လွှင့်မှုများ
==================

https://youtu.be/sEB4TsdVvZ8

#PVTV
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤15👍8🤮1🍌1
ဧပြီလ (၉) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

စစ်ကောင်စီတပ်မိသားစုဝင်တွေကို ချိတ်ထမိန် မဝတ်ကြဖို့ တားမြစ်ထားတဲ့သတင်းနဲ့အတူ

တပ်မ(၁၀၁) က ဒုအရာခံဗိုလ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ဖမ်းဆီးရမိထားတဲ့သတင်း အပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ သံစဉ့်အိမ် အစီအစဉ်ကို နားဆင်ကြရမှာပါ။

https://youtu.be/W6mLCniJ3OM
😁6👍3❤1
ဧပြီ ၉ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၉ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။

https://youtu.be/rAhOz095ZAg
#ရန်ကုန်ခေတ်သစ်
#thisweek
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18😁1🤮1
My India အစီအစဉ်

-ဘာဆန့်ပန်ချာမီက ဟိန္ဒူနတ်ဘုရားမ ဆာရာဆွာသီကိုပူဇော်တဲ့ပွဲတော်ကိုအိန္ဒိယတွင်ကျင်းပ
-ဘောလိဝုဒ်ပရိတ်သတ်တွေရဲ့ အသည်းစွဲ သရုပ်ဆောင်စုံတွဲ အလီယာဘတ်နဲ့ ဗာရွန်ဒါဝမ်တို့က အိန္ဒိယရုပ်ရှင်မြို့တော် မွမ်ဘိုင်းမှာ ‘Zee Cone Awards 2023’ကို တက်ရောက်
-ပြင်သစ်စက်ဘီးစီးသမား နာသာလီ မက်ဆီက အိန္ဒိယနိုင်ငံတောင်ပိုင်း ကွိုင်ဘက်တိုးရ်မြို့ကိုရောက်ရှိလာခဲ့ပြီး မြေဆီလွှာတိုက်စားခြင်းကို အသိပညာပေးဖြန့်ဝေ
-ဘဏ္ဍာရေးဝန်ကြီးချုပ် နီမလာ ဆီတာရာမန်တင်သွင်းတဲ့ ၂၀၂၃/၂၄ဘတ်ဂျက်ကိုကြိုဆို
-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

https://youtu.be/gWzgxLgtA1g
👍8🔥2
ဒီးမော့ဆို နှစ်ရက်တာပြင်းထန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု KNDF ထုတ်ပြန်

001
(မဇ္စျိမ) ။ ။ ကရင်နီ ပြည်နယ်၊ ဒီးမော့ဆိုမြို့အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ အရှေ့ဖက်တောင်ပေါ်တစ်ကြောတွင် ဖြစ်ပွားခဲ့သော နှစ်ရက်တာပြင်းထန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဧပြီလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီလ ၄ ရက်နှင့် ၅ ရက်တို့တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းအဖွဲ့တို့အကြား တနေကုန်နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားပြီး စစ်ကောင်စီ စစ်ကြောင်းထိုးနေသော တပ်ရင်းများထဲမှ ခမရ (၅၁၇) တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် နှစ်လက်၊ MA-3 သေနတ် တစ်လက်နှင့် ကျည်ဆန်များ၊ ဆက်စပ်ခဲယမ်းမီးကျောက်များနှင့် အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း KNDFက ဖော်ပြထားသည်။
👍30👏2🔥1🥱1🤣1