Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အာဆီယံ၏ အားလုံးနှင့် ထိတွေ့ဆက်ဆံရေးသဘောထားကို ကြိုဆိုကြောင်း NUGပြော
=======================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)၏ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒို က အာဆီယံထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်သူအားလုံးနှင့် ထိတွေဆက်ဆံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လူ့အခွင့်ရေးချိုးဖောက်မှုတွေကို လက်မခံဘဲ အာဆီယံကရရှိထားသည့် ဘုံသဘောတူညီချက် ငါးရပ်အရ စစ်ခေါင်းဆောင်အပါအဝင် အားလုံးနှင့်စကားပြောရန် အဆင်သင့်ရှိနေသည်ဟု ပြောကြားခဲ့ကြောင်း နိုင်ငံတကာသတင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

ဥက္ကဋ္ဌ၏ပြောကြားချက်အပေါ်တွင် “ကျနော်တို့အနေနဲ့ အဲဒီဟာကိုကြိုဆိုပါတယ်။ ကျနော်တို့အစိုးရက ဒီထိတွေ့ဆက်ဆံမှုတွေ engagementတွေအတွက် အာဆီယံဖွဲ့တွေနဲ့ ဆက်ဆံဖို့ ဥက္ကဋ္ဌနဲ့ ထိတွေ့ဆက်ဆံဖို့ engagement လုပ်ဖို့အတွက် အဆင်သင့်ရှိတယ်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက မဇ္ဈိမသို့ပြောသည်။

လက်ရှိ အာဆီယံဥက္ကဋ္ဌနှင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရသည် ထိတွေ့ဆက်ဆံမှုများရှိနေကြောင်း ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် မေလ ၉ရက်နေ့ကနေ ၁၁ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ လူဘန်ဘာဂျိုမြို့တွင် ကျင်းပခဲ့သည့် ၄၂ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး စသည့်နေ့တွင် မြန်မာ့အရေးကို အဓိကထားဆွေးနွေးခဲ့ကြပြီး အာဆီယံ၏ သံတမန်ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရသည့် ရှမ်းပြည်နယ် ဆီဆိုင်ကိစ္စကို အကြောင်းပြုကာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

သို့သော်လည်း အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနေစဉ်အတွင်းတွင် စစ်တပ်သည် ပဲခူးတိုင်း ထန်းတပင်မြို့နယ် ညောင်ပင်သာကျေးရွာတွင် ကလေးငယ်များအပါအဝင် ဒေသခံ ၁၈ ဦးကို အစုအလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည်။

“အာဆီယံအဖွဲ့ကြီးရဲ့ထိပ်သီးအစည်းအဝေး နောက်ဆုံးရက်မှာ အဲလိုမျိုးလုပ်ပြတာ မထီလေးစားလုပ်တာ” ဟု ဦးကျော်ဇောက မှတ်ချက်ပြုသည်။

အာဆီယံအနေဖြင့် အကြမ်းဖက်မှုများနေ့စဉ်ရှိနေသည့် မြန်မာ့အရေးကိုဖြေရှင်းပေးရန်အတွက် ဘုံသဘောတူညီချက် ငါးရပ်ကို ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဧပြီလအတွင်းက စစ်ကောင်စီနှင့်သဘောတူ ချမှတ်ခဲ့ပြီးလက်ရှိအချိန်မှာ နှစ်နှစ်ကျော်လာပြီဖြစ်သော်လည်း ဘုံသဘောတူညီချက်များကို စစ်ကောင်စီဘက်က တစ်စုံတစ်ရာလိုက်နာခဲ့ခြင်းမရှိပေ။ အာဆီယံ၏အလှည့်ကျဥက္ကဋ္ဌကလည်း အဆိုပါအချက်ကို ထိပ်သီးအစည်းအဝေးတွင် ထောက်ပြခဲ့သည်။

အကြမ်းဖက်မှုများ နေ့စဉ်တိုးလာနေသည့် မြန်မာနိုင်ငံသည် ဒုက္ခသည်အရေအတွက်လည်း နေ့စဉ်တိုးလာနေပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများလည်း လိုအပ်လျက်ရှိနေသည်။
အာဆီယံသည့် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရန်အတွက် ပထမဆုံးခရီးစဉ်အဖြစ် ရှမ်းပြည်နယ်ဆီဆိုင်မြို့သို့ သွားရောက်ခဲ့သော်လည်း ယာဉ်တန်းတိုက်ခိုက်ခံရသည့်အတွက် လှည့်ပြန်သွားခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မှုသည် စစ်တပ်နှင့်ဆက်မှုရှိသည့် အဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့သည်ဟု ကြားသိခဲ့ရပြီး ဘေးကင်းလုံခြုံစွာဖြင့်အကူအညီပေးရေးသည် အရေးကြီးကြောင်း NUGအပါအဝင် တော်လှန်ရေးအဖွဲ့ သုံးခုက ဆိုသည်။

ထို့ကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို မြန်မာနိုင်ငံ၏ အနောက်နှင့်အရှေ့ဘက်တစ်လျောက်မှ ဝင်ရောက်ပြီး အကူအညီများပေးအပ်ရန်အတွက်လည်း ၎င်းတို့က အကြံပြုတိုက်တွန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အာဆီယံ
#ထိတွေ့ဆက်ဆံရေး
#သဘောထား
#ဘုံသဘောတူညီချက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁2🥴1
မေလ ၁၂ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1
Media is too big
VIEW IN TELEGRAM
KNU နယ်မြေအတွင်း စစ်ရှောင်ပြည်သူ ၄ သိန်းကျော်အတွက် အကူအညီတွေလိုအပ်နေ

#BusinessRoundUp #MizzimaTV # မိုခါမုန်တိုင်း #video #short #reels
🔥2👍1😁1🤮1
ကလေးမြိုမြောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားပြီး PDFတပ်ဖွဲ့ဝင်ကျဆုံး
😢12🔥1👏1
ကလေးမြိုမြောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားပြီး PDFတပ်ဖွဲ့ဝင်ကျဆုံး
=================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့မြောက်ဘက် ရာဇာဂြိုဟ်မြို့အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး) PDF – Kalay မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

မေလ ၁၁ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၊ ကလေးမြို့ဘက်မှ သံချပ်ကာကား စစ်ကူလွှတ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရသိရသည်။

ယင်းနေ့တွင်ပင် ကလေးမြို့ရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ငါးလုံး လက်ပံချောင်းကျေးရွာအတွင်း ပေါက်ကွဲခဲ့ပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိကာ လူနေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းတိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ်အခြေအနေများကို သိရှိနိုင်ရန် PDF – Kalay တာဝန်ရှိသူ အချို့ကို မဇ္စျိမ က ဆက်သွယ်ခဲ့သော်လည်း ပြောင်းလဲဖွဲ့စည်းလိုက်သည့် တပ်ဖွဲ့ပုံစံကြောင့် ၎င်းတို့တွင် ပြောပိုင်ခွင့်မရှိကြောင်း ဖြေကြားခဲ့ကြသည်။

PDF – Kalay သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ်(၁) စစ်ဒေသ၊ ကလေးခရိုင်တပ်ရင်းများအနေဖြင့် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး စစ်ဒေသ၏မူနှင့်အညီ PDF – Kalay လူမှုကွန်ရက်စာမျက်နှာများမှ စစ်ရေးသတင်းထုတ်ပြန်မှုများ ရပ်နားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Kalay Region Support Center (KRSC) ကို ဖွဲ့စည်းခဲ့ပြီး အမှတ်(၁) စစ်ဒေသ ကလေးခရိုင် တပ်ရင်း (ကလေး)၏ တော်လှန်ရေးလုပ်ငန်းစဉ်များ ပိုမို အားကောင်းလာရေးနှင့် ရန်ပုံငွေရှာဖွေခြင်းလုပ်ငန်းများ၊ တပ်ရင်းတပ်ဖွဲ့များ၏ လှုပ်ရှားမှုပုံရိပ်သတင်းများကို KRSC တစ်ခုတည်းမှသာ ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကလေးမြို့
#ရန်ပုံငွေ
#KRSC
#PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏2🔥1
"မိုခါ" ဆိုင်ကလုန်း မုန်တိုင်းအန္တရာယ် မပေါ့ဆကြဖို့ ရခိုင်ပြည်သူတွေကို AA ‌သတိပေး
==========================

နောင်နောင်
(မဇ္ဈိမ) ။ ။ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ် အားကောင်းနေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အန္တရာယ်ကို မပေါ့ဆကြဖို့ ရက္ခိုင့်တပ်တော်(AA) က ရခိုင်ပြည်သူတွေကို သတိပေး ပြောကြားလိုက်ပါတယ်။

"မိုခါ" ဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှတစ်ဆင့် မြန်မာနိုင်ငံကုန်းတွင်ပိုင်းကိုဝင်ရောက်တိုက်ခတ်မယ်လို့ မိုးလေဝသ လေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

ဒီမုန်တိုင်း အန္တရာယ်ကြောင့် စစ်တွေ၊ ရသေ့တောင် ပေါက်တော၊ မြေပုံမြို့နယ်တွေရှိ ပင်လယ်ကမ်းစပ်နဲ့နီးတဲ့ မြေနိမ့်ပိုင်းဒေသက ‌လူပေါင်း ၃၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ‌‌နေရာတွေကို ရက္ခိုင့်တပ်တော် (AA)က ရွှေ့ပြောင်းပေးထားတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။

ဒါ့အပြင် အရေးပေါ် ကူညီကယ်ဆယ်ရေးတွေနဲ့ ဆေးဝါးတွေကိုလည်း အဆင်သင့် ကြိုတင်ပြင်ဆင်ထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ "မိုခါ" မုန်တိုင်း အန္တရာယ်နဲ့ ပတ်သက်ပြီး AA က ကြိုတင်ပြင်ဆင်မှုတွေ၊ နေရာရွှေ့ပြောင်းပေးနေတာတွေနဲ့ ပတ်သက်ပြီးတော့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို ကိုနောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/yTrP3qBYvbg

#မိုခါ
#ရခိုင်AA
#Sittwe
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2❤1🔥1
ဖားကန့်နှင့်ကာမိုင်းတွင် လက်နက်ကိုင်များ အလင်းဝင်ရန် စစ်ကောင်စီလိုက်လံစည်းရုံး၊ သွေးကြွေးတွင် ဆွေးနွေးစရာမရှိ PDF တုန့်ပြန်
👍9😁4🔥2
ဖားကန့်နှင့်ကာမိုင်းတွင် လက်နက်ကိုင်များ အလင်းဝင်ရန် စစ်ကောင်စီလိုက်လံစည်းရုံး၊ သွေးကြွေးတွင် ဆွေးနွေးစရာမရှိ PDF တုန့်ပြန်
======================

အဂမ်
(မဇ္ဈိမ) ။ ။ကချင်ပြည်နယ် ဖားကန့်မြို့နှင့်
ကာမိုင်းမြို့တွင် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်ရန်ဟုဆိုကာ ငွေကြေးဖြင့် မက်လုံးပေးစည်းရုံးထားသော လက်ကမ်းစာစောင်များကို စစ်ကောင်စီက ဖြန့်ဝေနေသည်ဟု ဒေသခံများကပြောသည်။

ယနေ့ မေလ ၁၂ရက် နံနက်က ဖားကန့်မြို့နယ် ပန်းတင်တံတားပတ်ဝန်းကျင်တွင် စစ်ကောင်စီက လက်ကမ်းစာစောင်များ လိုက်ဝေနေသလို လမ်းဘေးဓာတ်တိုင်များတွင်လည်း ကပ်သွားသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

" ပန်းတင်တံတားနားမှာ လမ်းသွားလမ်းလာတွေကို ဝေနေတာ။ PDF တွေ ဥပဒေဘောင်အတွင်းဝင်ဖို့တဲ့။ စစ်တပ်ကအခုထိ ဥပဒေဆိုတာကို ပြောနေတုန်းပဲ" ဟု ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှဒေသခံတဦးကပြောသည်။

ဖားကန့်မြို့အပြင် ကားမိုင်းမြို့တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFများအပါအဝင် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအမျိုးမျိုးကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန်ဟု ရေးသားထားသော စာရွက်များကို အရပ်ဝတ်လူတစ်စုက လိုက်ကပ်သွားသည်ဟု မျက်မြင်တွေ့သူတစ်ဦးက‌ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ အလင်းဝင်ပါက လက်နက်အမျိုးအစား ပေါ်မူတည်ပြီး ကျပ် ၇၅ သိန်းအထိ ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး ယခုအခါ နယ်မြို့များ၌ အထက်ပါအတိုင်း လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေနေသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။

" ကျွန်တော်တို့က ဘဝတွေ၊ အသက်တွေ ပေးခဲ့ရပြီးပြီ။ သွေသွေး‌ကြွေးမှာ ဆွေးနွေးစရာမရှိဘူး။

ကျွန်တော် လူငယ်တွေနဲ့ ဒီနေ့တွေ့ပြီးမေးကြည့်တယ်။ အကုန်လုံးက ရှေ့ဆက်တော်လှန်တိုက်ပွဲဝင်ကြမယ့် သူချည်းပဲ" ဟု ဖားကန့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီသည် ယခင်ကလည်း PDF များ အလင်းဝင်ပါက ပြစ်မှုမကျုးလွန်သူများကို လက်ခံမည်ဟုကြေညာခဲ့ဖူးသည်။ သို့သော် စစ်ကောင်စီထံ လက်နက်ချသူ မရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

စာတည်း - မောင်ကြီး

#mizzima
#ဖားကန့်
#ကာမိုင်း
#PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁3🔥2
This media is not supported in your browser
VIEW IN TELEGRAM
တူရကီ ရွေးကောက်ပွဲကို အီရတ်ကာ့ဒ်တွေ စိတ်၀ င်တစား စောင့်ကြည့်

#Internationalnews #Mizzima #Reels #Shorts #Elections
👍4🔥2
​​Click2 donate (C2D) မှ “ဆယ်ရက်၊ သိန်းတစ်ထောင်” ကမ်းပိန်းပြုလုပ်
==================

ဂျူချန်း
(မဇ္ဈိမ) ။ ။ တော်လှန်ရေးအင်အားစုများအတွက် ရန်ပုံငွေရှာဖွေကာ ငွေကြေးထောက်ပံ့နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Click2donate (C2D) မှ ၁၀ ရက်အတွင်း သိန်း၁,၀၀၀ ရရှိနိုင်ရန် ကမ်းပိန်းတစ်ခု လုပ်ဆောင်နေသည်။

အဆိုပါကမ်ပိန်းကို မေလ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့အထိသတ်မှတ်ထားပြီး နေ့စဉ် ကလစ်နိုင်ရန်အတွက် website လင့်များအား C2D Facebook page မှ တင်ပေးမည်ဖြစ်ကြောင်း သိရသည်။
website များတွင် ကြော်ငြာတက်စေရန် website တစ်ခုတွင် အနည်းဆုံး ငါးမိနစ်ခန့် အချိန်ပေးကာ ကလစ်ရမည်ဖြစ်ပြီး ကလစ်နည်းအသေးစိတ်ကို C2D ဖေ့စ်ဘုတ်စာမျက်နှာတွင် ဗွီဒီယိုဖိုင်တင်၍ ရှင်းပြထားသည်။

မြန်မာပြည်တွင်းနေထိုင်သူများအနေဖြင့် VPN အသုံးပြုရမည်ဖြစ်ကြောင်း ကမ်ပိန်းတာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုပဒေသာမှပြောသည်။

“ကိုယ်က မလုပ်တတ်ဘူးဆိုပြီးတော့ အားမငယ်နဲ့၊ မလုပ်ဘဲနဲ့လည်း မနေနဲ့ ။ တစ်နေ့ကို ၁၀ မိနစ်လောက် အချိန်ပေးရုံနဲ့ ဒီလိုမျိုး သိန်း တစ်ထောင် ရှာမယ့် ကမ်ပိန်းမှာ ပါဝင်လို့ရမှာ” ဟု ၎င်းက ထပ်မံတိုက်တွန်းသည်။

ကမ်ပိန်းစတင်သည့် မေလ ၁၁ ရက်နေ့ တစ်ရက်တွင် ငွေကျပ် ၁၀ သိန်းဝန်းကျင်ရရှိထားပြီး ကလစ်လုပ်ကြသူ ၂,၈၀၀ ကျော်ရှိကြောင်းသိရသည်။

အဆိုပါကမ်ပိန်းမှရရှိသည့် ရန်ပုံငွေများအား စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် နှင့် မကွေးတိုင်း အတွက် သိန်း ၅၀၀၊ ကရင်နီပြည်နယ်အတွက် သိန်း ၂၀၀၊ တောင်ပိုင်းအတွက် သိန်း ၂၀၀ နှင့် မြို့ပြ ပြောက်ကျားအဖွဲ့များအတွက် သိန်း ၁၀၀ အသီးသီး လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းတို့အဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဧပြီလအထိ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ တစ်ဆင့် US ဒေါ်လာ ၁၄၅,၇၆၂.၁၅ (ကျပ်ငွေ သိန်း ၄,၀၀၀ မှ ၄,၃၀၀ကြား) အား ပေးပို့လှူဒါန်းနိုင်ခဲ့ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် You Tube Channel များမှတစ်ဆင့် တော်လှန်ရေးရန်ပုံငွေ ရှာဖွေပေးနေသည့်”Padathar Pin-ပဒေသာပင်”သည် လူဝင်နှုန်းကျဆင်းလာမှုကြောင့် ရပ်နားခဲ့ကြသည်။

ကလစ်လုပ်နည်း ဗီဒီယိုလင့် https://fb.watch/ktJDlXw9yJ/
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#Click2donate
#C2D
#ဆယ်ရက်
#သိန်းတစ်ထောင်
#ကမ်ပိန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤4😁3
This media is not supported in your browser
VIEW IN TELEGRAM
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေကြား ဒုံးကျည်တွေနဲ့ အပြန်အလှန်ပစ်ခတ်

#internationalnews #reels #shorts
👍4👏2🔥1
​​အဆင့် ၅ ဟာရီကိန်းမုန်တိုင်းမှာ ဘာတွေ ပြင်ထားရမလဲ
===========================

တကယ်လို့ အဆင့် ၁ ဟာရီကိန်းမုန်တိုင်းဆိုရင် တော်တော်များများဟာ သူတို့ရဲ့ အသက်အိုးအိမ်အတွက် အနည်းငယ်သာ စိုးရိမ်ကြမှာ ဖြစ်ပေမယ့် အဆင့် ၅ ဆိုရင်တော့ ဆန့်ကျင်ဘက် ဖြစ်သွားပါပြီ။ အဆင့် ၅ ဟာရီကိန်း မုန်တိုင်း ချည်းကပ်လာပြီဆိုတဲ့ ကြေညာချက်တစ်ရပ်ဟာ ရဲရင့်ပါတယ်ဆိုတဲ့ လူတွေကိုတောင် တောင်ကုန်းတွေဆီ ပြေးစေမှာပါ။ ကတ်တရီနာ၊ ဝဲလ်မာနှင့် အင်ဒရူးတို့လို မကြာသေးခင်က အဆင့် ၅ ဟာရီကိန်းတွေကြောင့် ဒီ မုန်တိုင်းတွေရဲ့ ဖျက်ဆီးနိုင်စွမ်းကို သံသယ ရှိစရာ မလိုပါဘူး။ ပျက်စီးခဲ့ရတဲ့ ပုံရိပ်တွေဟာလည်း ကွက်ကွက်ကွင်းကွင်း ရှိနေတာဖြစ်ပြီး ဘယ်လိုလူမျိုးမှ ဒီလို သဘာဝဘေးတစ်ခုမှာ ဘေးအန္တရာယ် စွန့်စားမှာ မဟုတ်ပါဘူး။
🔥3🥰1