မေလ( ၁၂ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ရန်ကုန်တိုင်းလွှတ်တော်ဝန်းအတွင်းက အစိုးရအဖွဲ့ရုံး ၄၀ မမ ဗုံးသီးနဲ့ တိုက်ခိုက် ခံရတဲ့သတင်းနဲ့အတူ မန္တလေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD )ဒုတိယဥက္ကဋ္ဌ ဒေါ်၀င်းမြမြ ပြန်လည်လွတ်မြောက်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
ဒါ့အပြင် ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ မုန်တိုင်းဗဟိုချက်အနီးမှာ လေတိုက်နှုန်း မိုင် ၁၁၀ ဝန်းကျင်အထိတိုက်ခိုက်နိုင်ပြီး လက်ရှိခန့်မှန်းထားချက်တွေအရ မုန်တိုင်းလမ်းကြောင်းကျနိုင်တဲ့ဇုံတွေမှာ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း၊ ကျောက်ဖြူခရိုင်နဲ့ သံတွဲခရိုင်တို့ပါဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းဘေးအန္တရာယ်၊ အရေးပေါ်ကယ်ဆယ်ရေးနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကပြင်ဆင် နေမှုတွေနဲ့ အာဆီယံရဲ့လူသားချင်းစာနာထောက်ထားရေးဌာနနဲ့ပူးပေါင်းဆောင်ရွက်နိုင်ခြေအလားအလာတွေကို မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက တွေ့ဆုံမေးမြန်းထားတဲ့ အစီအစဉ်ကိုလည်း နားဆင်ရမှာပါ။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
https://youtu.be/lvjAkZHEQLA
#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မေလ( ၁၂ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ရန်ကုန်တိုင်းလွှတ်တော်ဝန်းအတွင်းက အစိုးရအဖွဲ့ရုံး ၄၀ မမ ဗုံးသီးနဲ့ တိုက်ခိုက် ခံရတဲ့သတင်းနဲ့အတူ မန္တလေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD )ဒုတိယဥက္ကဋ္ဌ ဒေါ်၀င်းမြမြ ပြန်လည်လွတ်မြောက်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရ…

👍9🔥1
This media is not supported in your browser
VIEW IN TELEGRAM
ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုကြောင့် အီကွေဒေါအမေဇုန်ဒေသမှာ ရေနံယိုဖိတ်
#Internationalnews #Mizzima #Reels #Shorts

👍7👎1🔥1
မနှစ်မြို့ဖွယ် နိုင်ငံရေးအခြေအနေမှ ကျောင်းသား၊ ဆရာများ တိမ်းရှောင်ထွက်ခွာခြင်းကြောင့် ဟောင်ကောင် စာသင်ကျောင်းများ အကျပ်အတည်းဖြစ်နေ
======================
ဟောင်ကောင်မှ အသက် ရှစ်နှစ်အရွယ် ပီတာသည် မိဘများနှင့်အတူ ဗြိတိန်ကို ပြောင်းရွှေ့နေထိုင်မည် ဖြစ်သည့်အတွက် လာမည့် သီတင်းပတ်အနည်းငယ်တွင် သူ၏ ကျောင်းမှ အတန်းဖော်သူငယ်ချင်းများကို နှုတ်ဆက်စကား ပြောရတော့မည် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဟောင်ကောင် ကလေးငယ်များသည် ၎င်းတို့၏ သူငယ်ချင်းများ မြို့ကို စွန့်ခွာပြီး ထွက်ခွာသွားမှုများ တစ်နေ့တစ်ခြား တိုးလာသည်ကို မြင်တွေ့ထားကြရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍5🔥1
This media is not supported in your browser
VIEW IN TELEGRAM
ရဟူဒီဘုရားရှိခိုးကျောင်းရှေ့ မှာ လူ ၅ ဦးပစ်သတ်ခံရပြီးနောက်
ကမ္ဘာလှည့်ခရီးသွားတွေအတွက် နိုင်ငံဟာလုံခြုံဆဲဖြစ်ကြောင်း
တူနီးရှားသမ္မတ ပြော
#internationalnews #reels #shorts

👍1🔥1
“မိုခါ”ဆိုင်ကလုန်းမုန်တိုင်း ကျောက်ဖြူနှင့် စစ်တွေအနီးကို မေ ၁၄ရက်တွင် အားအလွန်ပြင်းအဆင့်ဖြင့် ဝင်နိုင်ဟု မိုးဇလသတိပေး
👍4🔥1

=======================
KMN
(မဇ္ဈိမ) ။ ။ မိုခါ(MOCHA)ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ မေလ ၁၂ရက်ညပိုင်းတွင် အားအလွန်ကောင်းသော အဆင့်သို့ရောက်ရှိလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ မေလ ၁၄ ရက်နေ့နေ့လယ်ပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးဇလက သတိပေးထားသည်။
မိုခါသည် ယနေ့ မေလ ၁၂ ရက် ညနေ ၄ နာရီ အချိန်တွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် ရေမိုင် (၂၉၅) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၃၇၀) မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၄၅၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး လိမ္မော်ရောင်အဆင့်အဖြစ် မိုးဇလကသတ်မှတ်ထားသည်။ လိမ္မော်ရောင်အဆင့်သတ်မှတ်ချက်သည် မြန်မာ့ကမ်းရိုးတန်းကို မုန်တိုင်းဦးတည်နေပြီး မုန်တိုင်း၏ ပြောင်းလဲမှုအား အထူးသတိထားစောင့်ကြည့်ရမည့် အဆင့်ဖြစ်သည်။
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ” (MOCHA)သည် နောက်သုံးရက်အတွင်းပိုအားကောင်းလာကာ ယနေ့ညပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ် ပိုင်း၌ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)အဖြစ်သို့ ရောက်ရှိနိုင်ပြီး ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ မေလ ၁၄ရက် နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထုတ်ပြန်ထားသည်။
" မုန်တိုင်းတည့်တည့်ဝင်နိုင်တဲ့ ရခိုင်ကမ်းရိုးတန်းဒေသက ပြည်သူတွေအရေးပေါ်ရွှေ့ပြောင်းဖို့ ကျန်ရှိချိန်က နာရီ ၂၀ ခန့်လောက်ပဲရှိတယ်။ မေလ ၁၃ ရက်၊ နေ့လည် ၁၂ နာရီ မတိုင်မီ ရွှေ့ပြောင်းကြပါ" ဟု မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ယနေ့ နေ့လယ်တွင် တိုက်တွန်းထားသည်။
ရခိုင်ကမ်းရိုးတန်းနှင့်ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနေထိုင်သူများအနေဖြင့် မုန်တိုင်း ဒီရေလှိုင်းအမြင့်၊ မုန်တိုင်းဒီရေလှိုင်းရိုက်ခတ်နိုင်မှုကို သတိပြုရန်လိုကြောင်း ၎င်းက သတိပေးသည်။
“မိုခါ”(MOCHA) ဆိုင်ကလုန်းမုန်တိုင်၏အရှိန်ကြောင့် ယနေ့ညနေမှ မေလ ၁၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင်
နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။
ထို့အပြင် မုန်တိုင်း “မိုခါ (MOCHA)” မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် တစ်ပြည်လုံးတွင် မိုးတိမ်တောင်များအားကောင်းနေပြီး မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များကို သတိပြုရန်လိုအပ်သည်ဟု ဆိုသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” နှင့်ပတ်သက်၍ ဥရောပသမဂ္ဂ (EU) နှင့် ကုလသမဂ္ဂ (UN) မှ ဦးစီးလုပ်ကိုင်နေသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်စနစ် (GDACS) အရ မြန်မာနိုင်ငံသို့ အမြင့်ဆုံးလေတိုက်နှုန်း ၁၆၇ ကီလိုမီတာ (တစ်နာရီ ၁၀၃.၇ မိုင်) ရှိသည့် ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်ပြီး လူဦးရေ နှစ်သန်းကို ထိခိုက်နိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက် “RED ALERT” ထုတ်ပြန်ထားသည်။ မိုခါဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်ရှိနေသည့်အတွက် ယနေ့ မေ၁၂ နေ့လယ် ၁၂နာရီမှစ၍ ပင်လယ်ပြင်သို့ငါးဖမ်းရေယာဥ်၊ လှေ၊ သင်္ဘောများ လုံးဝမထွက်ရန်နှင့် လိုက်နာခြင်းမရှိပါကအရေးယူမည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ် ။ ။ မောင်ကြီး
#Mizzima
#မိုခါဆိုင်ကလုန်းမုန်တိုင်း
#အားအလွန်ကောင်း
#စစ်တွေ
#ကျောက်ဖြူ

👍7🔥1
စစ်ကောင်စီတပ်ကမီးရှို့ပြီး ပြည်သူများကိုဖမ်းဆီး၍ PDF များ ပြုလုပ်ခြင်းဟု ပြောဆိုခိုင်းကာ မှတ်တမ်း ယူဆောင်သွား
======================
MTO
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ချောင်ဦးမြို့ မြို့ပေါ် ရပ်ကွက်များ ဖြစ်သည့် ပွဲရပ်နှင့် ညောင်ပင်ရပ် ရပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ်ဖွဲ့များ မှ အကြမ်းဖက်ဝင်ရောက်ပြီးနောက် နေအိမ်များကိုဝင်ရောက်မီးရှို့သွား ပြီး ရပ်ကွက်အတွင်းမှ ပြည်သူများကို ဖမ်းဆီး၍ PDF များမှ မီးရှို့ ခြင်းဖြစ်သည် ဟု ပြောဆိုခိုင်းကာ မှတ်တမ်းရယူမှုများ ရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် မတ်လ ၁၁ ရက်နေ့ ည ၉နာရီ လောက်တွင် ရပ်ကွက်များအတွင်းသို့ တပ်ဖြန့်ဝင်ရောက်ပြီးနောက် ရပ်ကွက်အတွင်းရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း Chaung U Revolution အဖွဲ့က ပြောဆိုသည်။
“ နေအိမ်တွေကို စပြီး မီးရှို့ တဲ့ အချိန်မှာပဲ ထွက်လာတဲ့ ပြည်သူတွေအားလုံးကို အင်အားအလုံးအရင်း နဲ့ ဝိုင်းပြီးတော့ ဖမ်းတယ်၊ ဖမ်းပြီးတော့ ရတနာရွှေဂူ ဘုရားကြီး တောင်ဘက်မှာရှိတဲ့ ဝန်းကွက်လပ်ထဲကို ခေါ်သွားပြီး ပြည်သူတွေကို ဒီမီးဘယ်သူရှို့လဲ PDF ရှို့ပါတယ်ဆိုပြီး ပြည်သူတွေကိုအော်ခိုင်းပြီး Video Record ယူသွားတာ ရှိတယ် “ ဟု Chaung U Revolution မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပွဲရပ် နှင့် ညောင်ပင်ရပ် ရပ်ကွက်နှစ်ခုမှ နေအိမ် ခြောက်လုံး မီးလောင်ပျက်စီးသွားကြောင်း ကြားသိထားခြင်းမျိုးရှိသော်လည်း အတိအကျကို မသိရသေးကြောင်း Chaung U Revolution မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ ခြောက်လုံး လောင်သွားတယ်လို့ ကြားထားတော့ရှိတယ် အတိအကျတော့ အတည်မပြုနိုင်သေးဘူး စစ်တပ်က ခုထိ အဲ့မှာပဲရှိနေသေးတယ်” ဟု ပြောသည်။
စစ်တပ်က ဖမ်းဆီးထားသည့် ပြည်သူများအနက် ပြန်လည်လွတ်မြောက်လာသူများရှိသကဲ့သို့ ဖမ်းဆီးခံထားရဆဲ ပြည်သူများရှိနေကြောင်း သိရသည်။
မတ်လ ၁၁ ရက်နေ့ တစ်ရက်တည်းတွင် ချောင်ဦးမြို့နယ် ငါးယှန်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ဒေသခံတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း Chaung U Revolution အဖွဲ့က ဖော်ပြထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ချောင်ဦးမြို့
#မြို့ပေါ်ရပ်ကွက်
#စစ်ကြောင်းထိုး
#မီးရှို့ဖျက်ဆီး

🤬7👍5🔥1🥰1🤣1
စစ်ပွဲများနှင့် ရင်ဆိုင်ကြုံတွေ့ရချိန် အရပ်သားပြည်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်များကိုအသိပေး
👍7❤1🔥1😁1

👍9❤1🔥1😁1