Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​I ရွှေ့ပြောင်းလုပ်သားများနှင့် ထိုင်းလူမျိုးများအကြား အမုန်းတရားများ မဖြစ်စေရေး ဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံရေးပါတီများကို တောင်းဆို

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သားများ၏ စုဝေးလှုပ်ရှားမှုများကို ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ရွေးကောက်ပွဲနှင့်ချိတ်ဆက်စွပ်စွဲမှုရှိနေသည့်အပေါ် တာဝန်ခံနိုင်ရေးအတွက် ထိုင်းနိုင်ငံရှိ နိုင်ငံရေးပါတီများကို ရွှေ့ပြောင်းနိုင်ငံသားဆိုင်ရာအဖွဲ့အစည်းများကွန်ရက်(Migrant Working Group)က မေလ ၉ရက်နေ့က တောင်းဆိုထားသည်။

မေလ ၁ရက်နေ့ (အလုပ်သမားနေ့)က ထိုင်းလုပ်အားအလုပ်သမားခေါင်းဆောင်အဖွဲ့၊ ကယ်ရီအလုပ်သမားအဖွဲ့၊ ဆေးကုသရေးအသင်း၊ ဖန်တီးမှုအလုပ်သမားအဖွဲ့နှင့် ရွှေ့ပြောင်းလုပ်သားအဖွဲ့များ စုပေါင်း၍ ထိုင်းနိုင်ငံဘန်ကောက်မြို့ Ratchaprasongလမ်းဆုံမှ Pathumwan လမ်းဆုံးအထိ လူစုဝေးပြီး ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်သည့် အရေးများဖြစ်သည့် လူမှုဖူလုံရေး၊ တရားဝင်အလုပ်လုပ်ကိုင်ခွင့်၊ စာရွက်စာတမ်းပြဿနာများ စသည့်တို့အပါအဝင် အချက်လေးချက်ကို တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ရွှေ့ပြောင်းအလုပ်သမား စုဝေးပြီးနောက်တွင် ထိုင်းနိုင်ငံရှိသတင်းမီဒီယာတစ်ခုမှ ထိုင်းအလုပ်သမားများအဖွဲ့မှာ ဘုရင်၊ နန်းတွင်း စနစ်ပပျောက်ရေးဆိုင်းဘုတ် ကိုင်ဆောင်ထားသည်ကို ရွှေ့ပြောင်းလုပ်သမားများမှ ကိုင်ဆောင်ခဲ့ကြောင်း မဟုတ်မမှန်ဖော်ပြခဲ့သည်။

ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့သည် ထိုင်းရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီတစ်ခုကို ထောက်ခံကြောင်းလည်း ထည့်သွင်းစွပ်စွဲရေးသားခဲ့ကြောင်း အဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့သို့ဖော်ပြပြီးနောက် ထိုင်းခေတ္တအလုပ်သမားရေးဝန်ကြီး၏ လူမှုကွန်ရက်စာမျက်နှာတွင် “ရွေ့ပြောင်းအလုပ်သမားများပုဒ်မ ၁၁၃ကိုဖောက်ဖျက်သောကြောင့် အလုပ်လုပ်ကိုင်ခွင့် ရုပ်သိမ်းမယ်” ဟု ရေးသားဖော်ပြခဲ့သည်။ 

မေလ ၃ရက်နေ့တွင် ထိုင်းအလုပ်အကိုင်ဦးစီးဌာနမှ နယ်အသီးသီးဆိုင်ရာဝန်ကြီးများထံ ရွေ့ပြောင်းအလုပ်သမားများ အဖွဲ့သည် ဘုရင်နန်းတွင်းစနစ်ကို ထိခိုက်စေသည့်အပြုအမူများ လုပ်ဆောင်ခဲ့ကြောင်း တိုင်စာထုတ်ပြန်ခဲ့သည်။

အဆိုပါစွပ်စွဲမှုများဖြင့်တိုင်ကြားမှုအပေါ်တွင် ထိုင်းအစိုးရမှ စုံစမ်းစစ်ဆေးခြင်းမရှိဘဲ အစိုးရအဖွဲ့အစည်းအေဂျင်စီများကို အသုံးပြု၍ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့နှင့်အလုပ်ရှင်အမည်ကို ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းအမှားများပေါ်မူတည်ပြီး အစိုးရအဖွဲ့အနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် တစ်နိုင်ငံလုံးဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများကို ခြိမ်းခြောက်ခြင်းနှင့် နိုင်ငံအတွင်း မတည်ငြိမ်မှုကိုဖြစ်စေသည်ဟု အဖွဲ့၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ကြောင့် ထိုင်းနိုင်ငံရှိ ခေါင်းဆောင်များ၊ ထင်ပေါ်ကျော်ကြားသူများသည် ခွဲခြားဆက်ဆံခြင်းအမုန်းတရားများဖန်တီးမှုမရှိဘဲ နှစ်ဖက်လုံးမှထင်မြင်ယူဆချက်များကိုအခြေခံပြီး သတင်းအချက်အလက်များတင်ဆက်ပေးခြင်းများကို လုပ်ဆောင်သည်ဟု အဖွဲ့ကထောက်ပြသည်။

နိုင်ငံရေးပြဿနာများနှင့် တိုးတက်ရေးအတွက် မူဝါဒများသတ်မှတ်သည့်နေရာတွင် အလုပ်သများအဖွဲ့အသီးသီးကို ပါဝင်ခွင့်ပြုလျှင် ထိုင်းနိုင်ငံသည် ဒီမိုကရေစီလူ့အဖွဲ့အစည်းဆီကို ဦးတည်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ရွှေ့ပြောင်းနိုင်ငံသားဆိုင်ရာအဖွဲ့အစည်းများကွန်ရက်က ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရွှေ့ပြောင်းလုပ်သားများ
#ထိုင်းလူမျိုး
#ဒီမိုကရေစီ
#လူ့အဖွဲ့အစည်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤5😁3
Breaking News
နောက်ဆုံးရရှိသော ရုပ်ပုံကားချက်- ဆိုင်ကလုန်းမိုခါသည် လွန်ခဲ့သော နာရီအနည်းငယ်အတွင်း အလျင်အမြန်ရွေ့လျားနေပြီး ဧရာ၀တီကမ်းရိုးတန်းအနောက်ဘက်ကို စတင်သက်ရောက်မှုပြုလာနေသည်။
 
နောက်ဆုံးရရှိသော ဆိုင်ကလုန်းမုန်တိုင်းမိုခါလမ်းကြောင်းပြမြေပုံ- ဆိုင်ကလုန်းမုန်တိုင်းသည် Cat 2 ဆိုင်ကလုန်းအဖြစ် တောင်ပိုင်းချင်းပြည်နယ်ကို သက်ရောက်နေပြီး နောက်ထပ် ၂၄ နာရီအတွင်း လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၁၀၀ မှ ၁၃၀ အထိ တိုက်ခိုက်နိုင်သည်ဟု ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ သုတေသီ ဆိုနီယာ လီယိုနတ်က ခန့်မှန်းထားသည်။
👍25😢13❤1👎1🥰1
မေလ (၁၄) ရက်၊ တနင်္လာနေ့ နံနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

မုန်တိုင်းဒဏ်ခံစားရမယ့် လူ လေးသိန်း ကျော်အတွက် ၁ လစာ ရိက္ခာတွေ ပြင်ဆင်ထားတယ်လို့ WFP ထုတ်ပြန်တဲ့သတင်းနဲ့အတူ

သေဒဏ် ချမှတ်နိုင်တဲ့ လက်နက်ဥပ​ဒေကို စစ်​ကောင်စီ ​ခေါင်း​ဆောင် လက်မှတ်​ရေးထိုး ပြဋ္ဌာန်းလိုက်တဲ့သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ်အစီအစဉ်ကိုလည်း တင်ဆက်သွားဖို့ရှိပါတယ်။

https://youtu.be/4mRgEwhFx-w
😁6👍4❤1👎1
ဒါတွေလိုက်နာပါ။
👍8😁1
ရန်ကုန်မြို့ နောက်ဆုံးရ ရာသီဥတုအခြေအနေ
==============
ဂန္ဒမာ(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များစု၌ မိုခါ(Mocha) ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ပြီး နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနေကြောင်း သတင်းရရှိသည်။
မရမ်းကုန်း၊ စမ်းချောင်း၊ မြောက်ဥက္ကလာပ၊ သာကေတနှင့် သုဝဏ္ဏအပါအဝင် မြို့နယ်အများစု၌ လေပြင်းတိုက်ခတ်ပြီး မိုးကောင်းနေခြင်းဖြစ်သည်။
“မိုးကရွာတာ ရေတော်တော်ပါတယ်။ ဒါပေမယ့် နားနားပြီး ရွာတာ။ အတွင်းလမ်းတွေ ရေမြုပ်တယ်လို့တော့ ကြားတယ်” ဟူ၍ မြောက်ဥက္ကလာပမြို့နယ်မှ ဒေသခံတစ်ဦးက ယနေ့ မေလ ၁၄ ရက် နံနက် ၁နာရီခန့်အခြေအနေကိုပြောသည်။
မရမ်းကုန်း၊ သမိုင်း၊စမ်းချောင်းနှင့်သုဝဏ္ဏတွင်လည်း ယမန်‌နေ့ မေ ၁၃ရက် ညပိုင်းမှစတင်၍ လေပြင်းများတိုက်ခတ်နေကြောင်းသိရသည်။
“ည၁၂ နာရီမထိုးခင်လောက်ထဲက လေပြင်းတိုက်တာ။သွပ်ပြားတွေလန်သလို အသံတွေလည်းထွက်တယ်” ဟု သုဝဏ္ဏမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
😢9👍6🔥1
သာကတေမြို့နယ်တွင်လည်း လေပြင်းတိုက်ခတ်နေပြီး မေလ ၁၃ ရက်တ‌နေကုန်နီးပါးသည် နေပူလိုက်၊ မိုးရွာလိုက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။
အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းတွင် မေလ ၁၃ ရက် ညနေပိုင်းမှစတင်ကာ မေလ ၁၄ ရက်နံနက်အထိ လေပြင်းတိုက်ခတ်နေသည်ဟု သိရသည်။
ရန်ကုန်မြို့တွင် လေပြင်းဘေးကြောင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်း၊ ဓာတ်တိုင်းအချို့ လဲကျခြင်းတို့ ဖြစ်ပွားခဲ့သည်။
မိုခါ(Mocha) ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ မေလ ၁၄ရက် နေ့လယ်တွင် ရခိုင်ပြည်နယ် စစ်‌တွေမြို့နှင့် မောင်တောမြို့ကြားသို့ အင်းအားပြင်းဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဝင်ရောက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားသည်။ မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ မကွေးတိုင်း၊စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်တို့တွင်မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းလည်းကျရောက်နိုင်ကြောင်း သတိပေးထားသည်။
စာတည်း - မောင်ကြီး
#mizzima
#ရန်ကုန်
#မိုခါ(Mocha)ဆိုင်ကလုန်း
#လေပြင်းတိုက်
#မိုးသည်းထန်
😢8👍2🔥1
​​ဆိုင်ကလုန်းမုန်တိုင်း“မိုခါ” ရခိုင်ကမ်းရိုးတန်းကို စတင်ဖြတ်ကျော် စစ်တွေမြို့မှာ မိုးသည်းထန်နေ

KMN
(မဇ္ဈိမ)။ ။အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ အပြင်ဘက်ဆုံး အဝန်းအဝိုင်းသည် ယနေ့မနက်မှ ရခိုင်ကမ်းရိုးတန်းဒေသများကို စတင်ဖြတ်ကျော်လျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းတွင် အရေးပေါ်ထုတ်ပြန်သည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်နိုင်သည့် အနီရောင်အဆင့်သတ်မှတ်ထားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း မုန်တိုင်းငယ် အဆင့်ဖြင့်မိုးများစတင်ရွာသွန်းနေကြောင်း စစ်တွေမြို့ဒေသခံ ကိုဝေဟင်အောင်က မဇ္ဈိမကို ပြောသည်။
"ညကတော့ ထူးထူးခြားတာမရှိဘူး။ ဒီမနက်တော့ မုန်တိုင်းငယ် အဆင့်ရှိတယ်။ လေက တစ်နာရီကို မိုင် ၆၀လောက်ရှိမယ်။ မိုးတွေရွာနေပြီ၊ မီးတော့မပျက်ဘူး ပြန်လာနေပြီ" ဟု၎င်းကဆိုသည်။
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ ဗဟိုချက်သည် ယနေ့ နေ့လယ်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်။
ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ချင်းပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ဆီသို့ အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဆက်လက်ရွေ့လျားနိုင်သည်ဟု မိုး/ဇလဌာနက ခန့်မှန်းထားသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အပါအဝင် ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော၊ မာန်အောင်စသည့် မြို့နယ် ခုနစ်ခုကို အနီရောင်အဆင့် သတ်မှတ်ထားကြောင်း
အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ယမန်နေ့၊ မေလ ၁၂ ရက်နေ့ ညနေပိုင်းက သတိပေးထုတ်ပြန်ထားသည်။
ယနေ့၊ နံနက်ပိုင်းကစတင်ကာ မာန်အောင်မြို့နယ်တွင်လည်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အရှိန်ကြောင့်လေပြင်းများ တိုက်ခတ်နေပြီး သစ်ပင်များပြိုလဲကျခြင်းတွေ ဖြစ်ပေါ်နေကြောင်း ဒေသတွင်းမီဒီယာများတွင်ဖော်ပြထားသည်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လာမည့် ၂၄ နာရီအတွင်း မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင်မိုင် ၁၁၀ မှမိုင် ၁၂၀ ခန့်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၆ ပေမှ ပေ ၂၀ ခန့် ရှိနိုင်သည်။
မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၁၆ ပေမှ ပေ ၂၀ ခန့်အထိမြင့်တက်လာနိုင်ကြောင်း
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရေးပေါ်ထုတ်ပြန်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#Mizzima
#ဆိုင်ကလုန်းမုန်တိုင်း
#မိုခါ
#ရခိုင်ကမ်းရိုးတန်း
Photo - KKS (ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁1
ကနီတွင် မုန်တိုင်းမိုးရွာသွန်းနေစဉ် စစ်ကောင်စီတပ်ကစစ်ကြောင်ထိုးသဖြင့် ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေး နေရ

KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း နေစဉ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ များထွက်ပြေးနေရကြောင်း မြို့ခံများက ပြောသည်။
“မုန်တိုင်းကြောင့် မိုးသည်းနေတာ နှစ်ရက်ရှိပြီ။ စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ မိုးထဲလေထဲထွက်ပြေးနေရ တယ်။ စစ်ဘေးရှောင် ပြည်သူ ထပ်မံတိုးလာနိုင်တဲ့အနေအထားရှိတယ်” ဟု ကနီမြို့ခံ ဦးပြည့်အောင်နိုင်က ပြော သည်။
ကနီမြို့အောက်ဘက် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှ ကျေးရွာများအား စစ်ကောင်စီတပ်များက စစ်ကြောင်း ထိုးနေမှုကြောင့် ကျေးရွာအုပ်စုငါးစုမှ ဒေသခံ ၁၃,၁၅၂ ဦးခန့်သည် ဘေးလွတ်ရာသို့ မိုးထဲရေထဲတွင် ထွက်ပြေး တိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်းသိရသည်။
😢16🤬8🔥2❤1