Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မေ ၁၄ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်

ဒီကနေ့ မေ ၁၄ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေ ထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။

https://youtu.be/z8VA-q20AKM
#ရန်ကုန်ခေတ်သစ်
#thisweek
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁2❤1🤮1
​​Breaking News

မိုခါမုန်တိုင်းသက်ရောက်မှုဒဏ် ခံရမည့်ဒေသများထဲတွင် ချင်း၊ စစ်ကိုင်းမြောက်ပိုင်းနှင့် နာဂဒေသများ ပါဝင်မည်ဖြစ်၍ ကြိုတင်ပြင်တင်ရန်လိုအပ်

မဇ္ဈိမ
နောက်ဆုံးထွက်ပေါ်လာသောမုန်တိုင်းလမ်းကြောင်းမြေပုံများအရ နာဂဒေသတွင်လည်း တစ်နာရီလျှင် ၅၀ မှ ၆၀ မိုင်ဝန်းကျင်ထိ လေပြင်းတိုက်ခတ်နိုင်သည်။ နာဂဒေသသို့ မနက်ဖန် မနက် ၁ နာရီခန့်တွင် ဖြတ်သန်းနိုင်သည်။
ရခိုင်ကမ်းရိုးတန်းသို့ ယနေ့နေ့လယ် ၁၂ နာရီခန့်တွင်ရောက်ရှိမည့် မုန်တိုင်းသည် အမြင့်ဆုံးလေတိုက်ခတ်မှု တနာရီ ၁၆၇ မိုင်ထိရှိနိုင်သည်။ ချင်းပြည်နယ် မင်းတပ်သို့ ယနေ့ည ၈နာရီမှ ၉ နာရီ၊ ဟားခါးသို့ ယနေ့ည သန်းခေါင်ချိန် ရောက်ရှိနိုင်သည်။ ချင်းနှင့်စစ်ကိုင်း ဒေသများတွင် မုန်တိုင်းပြင်းအားလျော့ကျနေမည်ဖြစ်သော်လည်း မိုးသည်းထန်မှုနှင့် လေပြင်းကြောင့် ထိခိုက်မှုများရှိနိုင်၍ ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်။
👍12🔥4
မုန်တိုင်းတိုက်ခတ်နေစဉ် သတိပြုရမယ့် အချက်တွေက ဘာတွေလဲ

-မုန်တိုင်းဗဟိုဖြတ်သန်းနေစဉ်အတွင်း ခေတ္တလေငြိမ်နိုင်သော်လည်း မကြာမီအချိန်မှာ ဆန့်ကျင်ဘက်အရပ်မှ ပိုမိုပြင်းထန်တဲ့လေများ တိုက်ခိုက်နိုင်ကြောင်းသတိပြုပါ။

-ရေကူးခြင်း၊ ရေထဲတွင် လမ်းလျှောက်ခြင်းမှ ရှောင်ကြဉ်ပါ။

-လျှပ်စစ်ပစ္စည်းများကို အသုံးမပြုဘဲ ခလုတ်များပိတ်ထားပါ။

-မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း သတင်းထုတ်ပြန်သည်အထိ ဘေးကင်းသောနေရာတွင် နေထိုင်ပါ။

မုန်တိုင်းတိုက်ခိုက်နေစဉ် လိုက်နာသင်တဲ့ အချက်တွေကို အောက်ဖော်ပြပါ ရုပ်သံဖိုင်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/84FthyzdusY
👍10🔥2❤1
​​Breaking News

မိုခါမုန်တိုင်းသက်ရောက်မှုဒဏ် ခံရမည့်ချင်းပြည်နယ်ဒေသများတွင် ပြင်ဆင်ရန် အချိန် နေ့ဝက်ခန့် ရနေသေးကြောင်း သတိပေးချက်
မိုခါမုန်တိုင်းသည် ချင်းပြည်နယ် မင်းတပ်သို့ ယနေ့ည ၈နာရီမှ ၉ နာရီ၊ ဟားခါးသို့ ယနေ့ည သန်းခေါင်ချိန် ရောက်ရှိနိုင်သည်။
အဆိုပါ ဒေသများသို့ ရောက်ရှိချိန်တွင် မုန်တိုင်းပြင်းအားလျော့ကျနေမည်ဖြစ်သော်လည်း မိုးသည်းထန်မှုနှင့် လေပြင်းကြောင့် ထိခိုက်မှုများရှိနိုင်၍ ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်။ ခန်မှန်းလေတိုက်နှုန်းမှာ တနာရီ မိုင် ၅၀ မှ ၁၀၀ ထိဖြစ်သည်။
ကြိုတင်ပြင်ဆင်ရန် အချိန် နေ့ဝက်ခန့်ရနေသေးကြောင်း မုန်တိုင်းလမ်းကြောင်း စောင့်ကြည့်နေသည့် ပညာရှင်က သတိပေးသည်။
အချိန်မီ ခိုင်ခန်သည့် အဆောက်အအုံများသို့ ရွေ့ပြောင်းရန်၊ ရေနှင့်စားစရာများ စုဆောင်းရန် အထူးလိုအပ်သည်။ မိုးရွာသွန်းမှုကြောင့် မြေပြိုနိုင်သည့် အန္တရာယ်ကိုလည်း သတိပြုရမည် ဖြစ်သည်။
👍15🔥3❤1😁1
​​PDF ကင်းစင်ပ​ပျောက်​အောင်​ဆောင်ရွက်မည်ဟု စစ်​ကောင်စီ​ခေါင်း​ဆောင်ပြော

001
မဇ္စျိမ။ ။ ပြည်သူ့ကာကွယ်​​ရေးတပ်ဖွဲ့ဝင် PDF များကို ကင်းစင်ပ​​ပျောက်​အောင် ​ဆောင်ရွက်ရမည်ဖြစ်​ကြောင်း အာဏာသိမ်းစစ်​ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က ​မေလ ၁၂ ရက်​နေ့က ကျိုင်းတုံတပ်နယ်မှ စစ်တပ် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ​တွေ့ဆုံရာတွင် ​ပြောကြားခဲ့သည်။
လက်ရှိတွင် နိုင်ငံတည်ငြိမ်​အေးချမ်း​အောင် ဖန်တီး​ဆောင်ရွက်​ပေးရန်လိုပြီး အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်မူ ငြိမ်းချမ်း​ရေးရရှိ​​အောင် ​ဆောင်ရွက်ရမည်ဖြစ်​ကြောင်းလည်း စစ်​ကောင်စီ​ခေါင်း​ဆောင် မင်း​အောင်လှိုင်က ​ပြောသည်။
အမျိုးသားညီညွတ်​ရေးအစိုးရ NUG ၊ PDFနှင့် ၎င်းတို့ကို ပံ့ပိုး​နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကို ပြတ်ပြတ်သားသား အ​ရေးယူ​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က ပြီးခဲ့သည့် မတ်လ ၂၇ ရက်​နေ့က ​၎င်း၏ မိန့်ခွန်းတွင် ​ထည့်သွင်းပြောဆိုခဲ့ဖူးသည်။
"သူတို့ တပ်မ​​တော်​နေ့ မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က PDF ​တွေကိုကူညီ​ပေး​နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်​တွေကို အပြတ်တိုက်ခိုက်မယ်လို့ ကြိမ်း​မောင်း​နေတာပါ။ ဒါ​ပေမဲ့ အဲ့ဒီအ​ပြောက ​လေထဲကလာ လေထဲမှာတင် ​ပျောက်သွားတာပါပဲ။ အခု PDF ​တွေနဲ့ ပတ်သက်လို့ အပြုတ်​​ချေမှုန်းမယ်ဆိုတာလည်း ​လေထဲမှာ လာပြီး ​လေထဲမှာပဲ ​ပျောက်သွားပါလိမ့်မယ်"ဟု နိုင်ငံ​ရေး​လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က​ပြောသည်​။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်​ကောင်စီက စစ်​ရေးအသုံးစရိတ်များ ပိုမို သုံးစွဲခဲ့ကာ လက်ရှိတွင်လည်း ယခုဘဏ္ဍာနှစ်အတွက် စစ်​ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ​ကျော်အထိ တိုးမြှင့် ​သုံးစွဲလျက်ရှိသည်။
တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်​ရေးအစိုးရ NUGကယခု ၂၀၂၃ ခုနှစ်ကို ​တော်လှန်​ရေးအဆုံးအဖြတ်နှစ်အဖြစ် သတ်မှတ်ထားသည်။
ပြီးခဲ့သည့်နှစ်နှစ်အတွင်း PDFနှင့် မဟာမိတ် တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့များ၏ စု​ပေါင်းစွမ်း​ဆောင်ရည်ဖြင့် အနည်းဆုံး ရန်သူ့ အင်အား သုံး​သောင်းခန့်ကို သုတ်သင်နိုင်ခဲ့​ကြောင်း NUG ၊ ကာကွယ်​​ရေးဝန်ကြီးဌာနက ​မေလ ၅ရက်​နေ့က ထုတ်ပြန်​ပြောဆိုခဲ့သည်။
"ကျွန်​တော်တို့ ကြားရသ​လောက်ဆိုရင် ​မြေပြင်စိုးမိုးမှုမှာတိုင်းနဲ့ပြည်နယ် ခုနှစ်ခုမှာ PDF ​တွေက ​ဒေသအုပ်ချုပ်​ရေး၊ တရားစီရင်​ရေးကိစ္စ​တွေကို သူတို့က လှုပ်ရှား​နေတဲ့ အ​နေအထားဖြစ်ပြီး စစ်​ကောင်စီရဲ့ လုံခြုံ​ရေးတပ်​တွေက​တော့ သူတို့ ကင်းစခန်း​တွေမှာပဲ ဝပ်​နေရတယ်ဆိုတဲ့ သတင်း​တွေက အဆက်မပြတ်ရနေပါတယ်။ အဲ့ဒီ အ​ခြေအ​နေမှာ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်​ပြောတဲ့ PDF ​တွေကို အပြုတ်တိုက်မယ့်ကိစ္စက ရမှာ မဟုတ်ဘူး"ဟု ဦးသန်းစိုးနိုင်က​ပြောသည်။
ယခုနှစ်အတွင်း စစ်​ကောင်စီနှင့် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပိုမိုဖြစ်ပွားလာပြီး ပထမသုံးလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ​ပေါင်း ၆၈၀ ​ကျော်တွင် တိုက်ပွဲ​ပေါင်း ၃၉၀ ​ကျော်မှာ စစ်​ကောင်စီနှင့် PDFများအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ​လေ့လာ​ရေးအင်စတီကျူ ISP Myanmarက ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သည်။
😁20👍4❤3💩2🥰1
ပြင်ဦးလွင်အနီးစခန်းတွင် သစ်ပင်လဲကျပြီး ပိမိသူသေဆုံး

007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ အနီးစခန်းရဲကင်းရှေ့တွင် ယနေ့ မေလ ၁၄ ရက် နံနက် ၇ နာရီခွဲခန့်က သစ်ပင်လဲပြိုကျကာ အမျိုးသားတစ်ဦးပိမိပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“မိုးရွာတယ် လေကတစ်ချက်တစ်ချက် ခပ်ပြင်းပြင်းတိုက်တယ်၊ အဲဒီမှာ သစ်ပင်လဲကျချိန်နဲ့ လူကလည်း ဖြတ် အသွားနဲ့ တိုက်ဆိုင်ပြီး သစ်ပင် ပိမိတာပါ၊ ညောင်ပင်အဆွေးကြီးဆိုတော့ အောက်ကမြေသားအိကျပြီး လဲကျတာ ဖြစ်နိုင်တယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
သေဆုံးသူ၏ရုပ်အလောင်းအား ပြင်ဦးလွင်အခမဲ့နာရေးကူညီမှုအသင်းက ပြင်ဦးလွင်ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော အားအလွန်ကောင်းသည့် မိုချာမုန်တိုင်း၏အရှိန်ကြောင့် မန္တလေး တိုင်းအတွင်း၌ ယမန်နေ့နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခိုက်ခြင်းများလည်း နေရာကွက်ကျား ဖြစ်ပေါ်လျှက်ရှိသည်။
👍8😢2❤1🔥1
လက်ရှိအချိန်နွင် မန္တလေးမြို့နှင့် အနီး၀န်းကျင်ရှိ မြို့နယ်များ၌ မိုးအုံံ့ခြင်း၊ နေပူ၍ လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ် ပေါ်လျှက်ရှိသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#ပြင်ဦးလွင်မြို့နယ်
#သစ်ပင်လဲပြိုကျ
#သေမှုသေခင်း
Photo ပြင်ဦးလွင်နာရေးကူညီမှုအသင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
ဂွမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ နေအိမ် ၅၀ ကျော် ပျက်စီး

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရွှေဦးကွင်းကျေးရွာတွင် ယနေ့ မေလ ၁၄ ရက်နေ့ နံနက် ၆ နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးသွားကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းတခုမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
ဂွမြို့နယ်တွင် အင်အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်မုန်တိုင်း “မုန်ခါ” အရှိန်ကြောင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ လက်ရှိတွင် လူမူကူညီရေးအသင်းမှရရှိထားသည့်စာရင်းအရ ရွှေဦးကွင်းကျေးရွာတွင် နေအိမ် ၅၀ ကျော် ပျက်စီးသွားကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာမှုနှင့်ပတ်သက်ပြီး ဆက်သွယ်အကြောင်းကြားလာခြင်း မရှိသေး ကြောင်း ဂွမြို့နယ် ထာဝရမေတ္တာနာရေးကူညီမှုအသင်း တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
“လူတွေတော့ ထိခိုက်တာ မရှိပါဘူးခင်ဗျား၊ လူတွေအကုန်လုံးက အန္တရာယ်ကင်းပါတယ်၊ ဓာတ်တိုင်တွေလဲတာ၊ အုန်းပင်တွေလဲတာတွေတော့ ရှိပါတယ်” ဟု ဂွမြို့နယ် ထာဝရမေတ္တာနာရေးကူညီမှုအသင်း တာဝန်ရှိသူက မဇ္ဈိမ ကို ပြောသည်။
👍10😢4🔥2
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ ဗဟိုချက်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာ နိုင်ငံကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ရခိုင်ပြည်နယ်
#ဂွမြို့နယ်
#ရွှေဦးကွင်းရွာ
Photos- ဂွမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီတွင် လေပြင်းတိုက်ခတ်မှုအပြီး မြင်ကွင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4😢2❤1