ချင်းပြည်နယ်တောင်ပိုင်း မုန်တိုင်းသတိပေးချက် | Warning for Southern Chin
မေလ ၁၄ရက်
ဆိုင်ကလုန်းမိုခါသည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်အပါအဝင် ကျေးရွာများသို့ ယနေ့ည မေလ၁၄ရက် မြန်မာစံတော်ချိန် ၈နာရီမှ ၉နာရီအတွင်း ဖြတ်မည်။
လေတိုက်နှုန်း တစ်နာရီ ၁၀၀ မိုင်နှုန်းရှိနိုင်ပါသည်။
Cyclone Mocha will effect villages in southern Chin state, including Mindat from 8-9pm.
Wind will be 100-150km/h up to 100m/h

👍4🔥2😢1
စစ်ကိုင်းတိုင်းအတွက် ဆိုင်ကလုန်းသတိပေးချက်
မေလ ၁၅ရက် နေ့လည် ၁နာရီမှစ၍ နာဂဒေသအပါအဝင် စစ်ကိုင်းတိုင်းတွင် လေပြင်း ၁နာရီ ၆၀မိုင်နှုန်းဖြင့် မိုးသည်းထန်ပါမည်။
Warning for Sagaing
Strong winds up to 60m/h and heavy rain will effect villages including Naga from 1am 15th May.

🔥3👍1
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်တိုက်ခတ်တော့မည့် အဆင့်( ၅ )ဆိုင်ကလုန်း မိုခါ
မိုခါ မုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီ ၂၅၉ ကီလိုမီတာ သို့မဟုတ် ၁၄၀ knot ရှိကြောင်း အမေရိကန် ပူးတွဲ တိုင်ဖွန်း သတိပေးမှုစင်တာက ပြောပြီး ဆာဖာ ဆင်မ်ဆန် လေတိုက်နှုန်းစကေးအရ အဆင့်( ၅ )ဟာရီကိန်းတစ်ခုနှင့် ညီမျှနေသည်ဟု ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6🔥2👏1
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် စစ်တွေမြို့ နေအိမ်အများစု ခေါင်မိုးလန်ပျက်စီး < တာဝါတိုင်၊ ဓာတ်တိုင်များလဲကျပြီး သစ်ပင်အများစုကျိုးကျနေ
KMN
(မဇ္ဈိမ)။ ။ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများကို စစ်တွေမြို့ အနီးမှ စတင်ဖြတ်ကျော်လျက်ရှိပြီး ယနေ့ မတ်လ ၁၄ ရက် နေ့လယ်၁နာရီခွဲအချိန်ခန့်တွင် စစ်တွေမြို့ နေအိမ်အများစုမှာ မုန်တိုင်းဒဏ်ကြောင့် ခေါင်မိုးလန်ပျက်စီးကာ
ဓာတ်တိုင်များလဲကျပြီး သစ်ပင်အများစုကျိုးကျနေကြောင်း မြို့ခံများက ပြောကြားသည်။
“မိုခါ” မုန်တိုင်းသည် လက်ရှိတွင် စစ်တွေမြို့အား ဖြတ်သန်းနေပြီး အညိုရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့တွင်ထုတ်ပြန်သည်။
"အခု မုန်တိုင်းကဖြတ်နေတုန်းပဲ ။ ကျွန်တော်တို့ ရှေ့လေးတင် အပင်တွေလွင့်ပြီးတော့ မီးကြိုတွေပြတ်ကျ ဓာတ်တိုင်တွေလဲ ကြတာမြင်နေရတယ်" ဟု စစ်တွေမြို့ခံ ကိုဝေဟင်အောင်က မဇ္ဈိမ ကို
က ပြောကြားသည်။

🔥3👍2
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ကြောင့် စစ်တွေမြို့ကုန်းမြင့်ဒေသတွင်ရှိသည့် မုန်တိုင်ရှောင်စခန်း ခိုလှုံရေး အဆောက်အအုံများပါ ခေါင်မိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
မုန်တိုင်း တိုက်ခိုက်နေမှုကြောင့် စစ်တွေမြို့ရှိ MPT တာဝါတိုင် ပြိုလဲသွားကြောင်း ဒေသခံများက ပြောသည်။
စစ်တွေမြို့တွင်းတွင် ယနေ့ မွန်တည့် ၁၂ နာရီဝန်းကျင်မှစတင်ကာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းနေကာ သစ်ပင်ကြီးတစ်ချို့လဲကျပြီး လမ်းပိတ်ဆို့နေသည့်အတွက် လူမူကယ်ဆယ်ရေးအဖွဲ့များက ရှင်းလင်းရေးလုပ်နေကြသည်ကို ၎င်းတို့၏ လူမူကွန်ရက်များတွင် မြင်တွေ့ရသည်။
"သေချာတယ် အပျက်အစီးကတော့ ရှိမယ်။ လေက ပြင်းသထက် ပြင်းလာတယ်"ဟု စစ်တွေမြို့ခံတစ်ဦးက ဆိုသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ကြောင့် စစ်တွေမြို့နည်းတူ ကျောက်ဖြူ၊ မာန်အောင်၊ ဂွ စသည့်မြို့နယ်များတွင်လည်း လေပြင်းများတိုက်ခတ်ပြီး လူနေအိမ်တစ်ချို့နှင့် သစ်ပင်၊ သစ်ကိုင်းများကျိုးကျ
ပျက်စီးခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ကြောင့် စစ်တွေမြို့အပါအဝင် ကျောက်ဖြူ၊မာန်အောင်၊ဂွစသည့်မြို့နယ်များ၏ ထိခိုက်ပျက်စီးမှု အခြေအနေများကို မဇ္ဈိမ အနေဖြင့် အသေးစိတ်မသိရှိရသေးပါ။
မုန်တိုင်း၏ အဝန်းအဝိုင်းသည် လက်ရှိမေလ ၁၄ ရက် နေ့လယ်ပိုင်းတွင်ရခိုင်ကမ်းရိုး တန်းဒေသများကို ဖြတ်ကျော်လျက်ရှိကာ မုန်တိုင်း၏ ဗဟိုချက်သည် နေ့လယ်ပိုင်း တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်။
ထို့နောက် မြောက်-အရှေ့မြောက်ဘက် သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ဆီသို့ အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း “မိုခါ” အနေဖြင့် ဆက်လက်ရွေ့လျားနိုင်သည်ဟု ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူ ခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၁၆ ပေမှ ပေ ၂၀ ခန့် အထိ မြင့်တက်လာနိုင်သည့်အတွက် မုန်တိုင်းဒီရေ အန္တရာယ်ကိုသတိပြုသင့်ကြောင်လည်း
သတိပေးချက်ထုတ်ထားသည်။
(မေ ၁၄ ၊စစ်တွေမြို့မြင်ကွင်း)
#Mizzima
#စစ်တွေ
#ဆိုင်ကလုန်းမုန်တိုင်း

👍6🔥2
မိုခါဆိုင်ကလုန်း မုန်တိုင်းဝင်ရောက်မည့် ချင်းပြည်နယ်တွင် ပြင်ဆင်မှုများပြုလုပ်
ပါခွီး
(မဇ္စျိမ) ။ ။ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်မည့်လမ်းကြောင်းဖြစ်သော ချင်းပြည်နယ်တွင် အဖွဲ့အစည်းအသီး သီးက ကြိုတင်ပြင်ဆင်မှုများနှင့် အသိပေးနှိုးဆော်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
မေလ ၁၁ ရက်နေ့တွင် နိုင်ငံတကာမိုးလေဝသအေဂျင်စီများ၏ ခန့်မှန်းချက်ကိုကိုးကားပြီး ကြားကာလ ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)က မုန်တိုင်းသတိပေးချက် ထုတ်ပြန်ခဲ့သည်။
မုန်တိုင်းဝင်ရောက်စဉ်အတွင်း ထိခိုက်မှုများ အရေးပေါ်ကူညီနိုင်ရေးအတွက် ICNCC နှင့် လူသားချင်း စာနာထောက် ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာတာဝန်ခံများသို့ အချိန်နှင့်တပြေးညီ ချိတ်ဆက်ဆောင်ရွက် သွားကြရန် အသိပေးထားသည်။
မုန်တိုင်းဖြတ်သန်းဝင်ရောက်နိုင်သည့် ချင်းပြည်နယ်နှင့် နယ်စပ်တလျောက် စစ်ဘေးရှောင်စခန်းများ၊ ချင်းကာ ကွယ်ရေးတပ်ဖွဲ့(CDF)စခန်းများ၊ မုန်တိုင်းဒဏ်ခံစားရနိုင်သည့်ဒေသရှိပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် ကြို တင်ကာကွယ်ရှောင်ရှားနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီးဌာန၏ မုန်တိုင်းဆိုင်ရာ ကြိုတင်သတိပေးချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် နှိုးဆော်ထားသည်။
“ချင်းပြည်နယ်မှာ ဖြစ်ပေါ်လာနိုင်တဲ့အခြအနေတွေကို ICNCCနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြို့နယ် တာဝန်ခံများ နှင့် ကြိုတင်သတိပေးတာ၊ ကာကွယ်၊ ကယ်ဆယ်ရေးအပိုင်းတွေကို လက်တွဲဆောင်ရွက်ဖို့ ညှိနှိုင်း ဆွေးနွေးထားပါတယ် ၊ ဆက်သွယ်ရေးကွန်ရက်တွေကိုလည်း ထူထောင်ထားတာရှိပါတယ်” ဟု NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဒုဝန်ကြီး ဒေါက်တာငိုင်တမ်မောင်က မဇ္စျိမကို ပြောသည်။
၎င်းအပြင် ICNCC နှင့် ဝန်ကြီးဌာနသာမက နယ်မြေအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော ချင်းအမျိုးသား တပ်ဦး/တပ်မတော် (CNF/CNA) ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) အဖွဲ့အစည်းများနှင့် လက်တွဲ ၍ ပြည်နယ်လုံးအတိုင်းအတာနှင့် တုန့်ပြန်ဆောင်ရွက်ရန် Emergency response Team တစ်ခု ပေါ်ပေါက်နိုင်ရေး အတွက် လုပ်ဆောင်လျက်ရှိကြောင်းဆိုသည်။
လတ်တလောတွင် ပမာဏမများလှသော်လည်း လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန် ကျပ်သိန်း ၁၀၀ ကို ဝန်ကြီးဌာနအနေဖြင့် ကနဦးမတည်ပေးထားကြောင်း သိရသည်။
မုန်တိုင်းဝင်ရောက်လာပါက လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်မည်ဖြစ်သဖြင့် စစ်ဘေးရှောင် ယာယီ တဲစခန်းများ ပျက်စီးဆုံးရှုံးနိုင်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ စခန်းများလည်း သစ်ပင်သစ်ကိုင်းများ ကျိုးကျ နိုင်သည့် အန္တရာယ်များ ကြုံတွေ့ရနိုင်ကြောင်း ဒုဝန်ကြီးက သုံးသပ်ပြောဆိုသည်။
ထို့ပြင် ချင်းပြည်နယ်တွင် မိုးများသည့်အချိန်၌ ဖြစ်လေ့ဖြစ်ထရှိသော မြေပြိုခြင်းများလည်း ကြုံတွေ့နိုင်သည်ဟု ဆိုသည်။
လတ်တလော ဟားခါးမြို့တွင် မြေပြိုနိုင်သည့် အန္တရာယ်ရှိသည့်အတွက် ဒေသခံအချို့ ယမန်နေ့ မေလ ၁၃ ရက်မှ စတင်ပြောင်းရွှေ့လျက်ရှိကြောင်းသိရှိရသည်။
မုန်တိုင်းဝင်ရောက်မည့် အခြေအနေများနှင့်ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေကို ချင်းလက်နက် ကိုင်အဖွဲ့အစည်းအချို့ထံ မဇ္စျိမမှ ဆက်သွယ်မေးမြန်းခဲ့သည်။
“လုံခြုံရေးသတိနဲ့ မုန်တိုင်းကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေမှာ တတ်နိုင်သလောက် ပြည်သူကိုကူညီဖို့ တပ်လှန့် ထားတယ်” ဟု ချင်းအမျိုးသားတပ်ဦး /တပ်မတော် (CNF/CNA)မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဖြေကြား သည်။
“ရွာတွေကို မိုခါမုန်တိုင်းရှိတဲ့အတွက် သတိနဲ့နေကြဖို့ သတင်းပေးတာတွေ၊ အသိပေးတာတွေ လုပ်ဆောင်နေ ပါ တယ်" ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျွန်ငိုင်းက ပြောကြားသည်။
“ Emergency response committe ဖွဲ့စည်းဆောင်ရွက်နေပါတယ် ပျက်စီးဆုံးရှုံးမှုသတင်း အချိန်နဲ့တပြေးညီ ရယူ နိုင်ဖို့၊ ကူညီဆောင်ရွက်နိုင်ဖို့၊ လိုအပ်ရင်ကယ်ဆယ်ဆောင်ရွက်နိုင်ဖို့ လောလောဆယ်မှာတော့ ပြည်သူတွေဆီ သတင်းစကားပို့နေကြပါတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်းကလည်း ပြောကြားသည်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်က လူပေါင်း ၂၀၀,၀၀၀ ကျော် ထိခိုက်နိုင်ကြောင်း ကမ္ဘာ့သဘာဝ ဘေးသတိပေးချက် ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordination SYSTEM − GDACS) က မေလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#မိုခါမုန်တိုင်း
#သဘာဝဘေးအန္တရာယ်

👍5🔥2❤1😁1
မိုခါ ဆိုင်ကလုန်း မုန်တိုင်းက မြန်မာလူဦးရေ၏ ၄ ပုံ ၁ ပုံကျော်အပေါ် သက်ရောက်မှု ရှိမည်
မြန်မာနိုင်ငံကို လက်ရှိ စတင်ဝင်ရောက်နေပြီဖြစ်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါက နိုင်ငံ၏ လူဦးရေ ၅၄ သန်းအနက် ၁၆ သန်းကျော်ကို ထိခိုက်သက်ရောက်စေမည့် မြင့်မားသော လူသားချင်းစာနာမှု သက်ရောက်မှုတစ်ရပ်ကို ဖြစ်စေလိမ့်မည် ဖြစ်သည်ဟု သဘာဝဘေးအန္တရာယ် သတိပေးမှုစနစ်တစ်ခုက အကဲဖြတ်ထားပြီး ယင်းသည် အမြင့်ဆုံး လေတိုက်နှုန်း၊ မုန်တိုင်းဒဏ် ထိခိုက်သက်ရောက်မည့် လူဦးရေနှင့် ခုခံနိုင်စွမ်းအားနည်းမှုတို့အပေါ် အခြေတည် တွက်ချက်ခြင်း ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ် သတိပေးရေးနှင့် ညှိနှိုင်းဆောင်ရွက်မှုစနစ် (GDACS) အရ သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
မြန်မာနိုင်ငံကို လက်ရှိ စတင်ဝင်ရောက်နေပြီဖြစ်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါက နိုင်ငံ၏ လူဦးရေ ၅၄ သန်းအနက် ၁၆ သန်းကျော်ကို ထိခိုက်သက်ရောက်စေမည့် မြင့်မားသော လူသားချင်းစာနာမှု သက်ရောက်မှုတစ်ရပ်ကို ဖြစ်စေလိမ့်မည် ဖြစ်သည်ဟု သဘာဝဘေးအန္တရာယ် သတိပေးမှုစနစ်တစ်ခုက အကဲဖြတ်ထားပြီး ယင်းသည် အမြင့်ဆုံး လေတိုက်နှုန်း၊ မုန်တိုင်းဒဏ် ထိခိုက်သက်ရောက်မည့် လူဦးရေနှင့် ခုခံနိုင်စွမ်းအားနည်းမှုတို့အပေါ် အခြေတည် တွက်ချက်ခြင်း ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ် သတိပေးရေးနှင့် ညှိနှိုင်းဆောင်ရွက်မှုစနစ် (GDACS) အရ သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢18❤3👍2🔥2😁1
အနန်းကွင်းဘက်သို့ ရိက္ခာလာပို့သော စစ်ယာဉ်တန်းကို ပူးပေါင်းတပ်ဖွဲ့က မြေပြင်၊ ဝေဟင်က တိုက်ခိုက်
https://youtu.be/ZDxTr8asrao
https://youtu.be/ZDxTr8asrao
YouTube
အနန်းကွင်းဘက်သို့ ရိက္ခာလာပို့သော စစ်ယာဉ်တန်းကို ပူးပေါင်းတပ်ဖွဲ့က မြေပြင်၊ ဝေဟင်က တိုက်ခိုက်
YT (မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဘက်သို့ ရိက္ခာလာပို့သော စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်းအား မေလ ၉ ရက်နေ့တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း Saw Dragon…
❤12👍5😁1
မုန်တိုင်းဒဏ်သင့်ပြည်သူများကိုကူညီရန် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကုလ ထုတ်ပြန်
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဒဏ်သင့်ပြည်သူများအတွက် သဘာ၀ဘေးဆိုင်ရာ ကူညီကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် အသင့်အနေအထားပြင်ဆင်ထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ UNOCHA က ယနေ့ သတင်းထုတ်ပြန်ထားသည်။
မုန်တိုင်းကြောင့် ထိခိုက်ခံစားရမည့်သူများအတွက် အကူအညီများပေးနိုင်ရန် ပြီးခဲ့သည့်သီတင်းပတ်ကတည်းက သက်ဆိုင်ရာအဖွဲ့များအားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်မှု ပြုလုပ်ထားခဲ့ပြီးဖြစ်သည်ဟု တာဝန်ရှိသူကဆိုသည်။
“ဆိုင်ကလုန်းမုန်တိုင်းပြီးတာနဲ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂ ဝန်ထမ်းတွေကို ကြိုတင်စီမံနေရာချထားသလို မုန်တိုင်းသင့်ဒေသတွေမှာ ကယ်ဆယ်ရေးပစ္စည်းတွေ ကြိုတင် စုဆောင်းပြင်ဆင်ထားရှိမှုတွေကို ကျွန်တော်တို့ တတ်နိုင်သမျှအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ထားပြီးဖြစ်ပါ တယ်။ ဘေးဒဏ်သင့်ဒေသခံပြည်သူတွေကို အကူအညီတွေဝင်ရောက်ပေးခွင့်ရဖို့နဲ့ ရန်ပုံငွေတိုးမြှင့်ရရှိရေးက လည်း ယခုလိုကာလမှာ အရေးတကြီး လိုအပ်ပါတယ်”ဟု ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး(ယာယီ) မစ္စတာရာမနသန် ဘလာခရစ်ရှ်နန်ကပြောကြားကြောင်း UNOCHA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)ကလည်း ရခိုင်ပြည်နယ်နှင့် အနီးတဝိုက်မှ ဒေသခံ ၄၀၀,၀၀၀ ကျော်အတွက် တစ်လ စာ စားနပ်ရိက္ခာများပေးပို့ထားပြီးပြီဖြစ်ကြောင်း ကြေညာထားသည်။
မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ရခိုင်ကပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ကို ရိုက်ခတ် မည်ဖြစ်ပြီး လူဦးရေ ၁ ဒသမ ၂ သန်းခန့်သည် ရွှေ့ပြောင်းရသည့်အခြေအနေတွင်ရှိနေကာ အများစုသည် အိုးအိမ်မဲ့ ဖြစ်သွားနိုင်ကြောင်း UNOCHA ကထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် မုန်တိုင်းရှောင်ပြည်သူများအတွက် ရွှေ့ပြောင်းရန် ထိရောက်စွာလုပ်ဆောင်နေသော်လည်း စစ်ရေးပဋိပက္ခများဖြစ်နေသည့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် မုန်တိုင်းအန္တရာယ်ကို ရင်ဆိုင် နိုင်ရန်အတွက် အကန့်အသတ်များစွာရှိနေသည်။
အဆိုပါဒေသများတွင် စစ်ကောင်စီသည်စစ်ကြောင်းထိုးမှုများပြုလုပ်ခြင်း၊ အင်တာနက်ဖြတ်တောက်ခံထားရခြင်း ကြောင့် သတင်းအချက်အလက်ရရှိမှုနှောင့်နေးခြင်းနှင့် အကူအညီပေးရေးအဖွဲ့များရောက်ရှိနိုင်ရန်အတွက် အကန့် သတ်များစွာရှိနေသည့် အနေအထားဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မုန်တိုင်းသင့်ပြည်သူများ
#ကူညီကယ်ဆယ်ရေး
#ကုလသမဂ္ဂ
#လူသားချင်းစာနာမှု

👍10❤4😁3
ညောင်ပင်သာရွာတွင် မီးရှို့သတ်ဖြတ်ခံထားရသည့် ဒေသခံ ဦးရေ ၂၀ ၏ ရုပ်အလောင်းတွေ့ရှိ ဟု KNU ပြော
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ တပ်မဟာ (၃) နယ်မြေ ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် စစ်ကောင်စီက အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည့် ဒေသခံ ဦးရေ ၂၀ ၏ ရုပ်အလောင်းကို တွေ့ရှိထားသည်ဟု KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေးထံက သိရသည်။
စစ်ကောင်စီနှင့် တပ်မဟာ (၃) KNLA ပူးပေါင်းတပ်ဖွဲ့တို့ မေလ ၁၀ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပြီး ထိုနေ့ ည ၈ နာရီ ၀န်းကျင်တွင် စစ်ကောင်စီတပ်သားများက ညောင်ပင်သာကျေးရွာအတွင်း ဝင်ရောက်၍ မီးရှို့ခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့နောက် မေလ ၁၁ ရက်တွင် တပ်မဟာ (၃) KNLA လက်အောက်ခံစစ်ကြောင်းက ညောင်ပင်သာကျေးရွာအတွင်း ဝင်ရောက်ရှင်းလင်းခဲ့ရာမှ ဒေသခံများ မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများကို တွေ့ရခဲ့ပြီး လက်ရှိတွင်လည်း နယ်မြေခံတာဝန်ရှိသူများအနေဖြင့် ပျောက်ဆုံးနေသည့် ဒေသခံစာရင်းအား လိုက်လံကောက်ယူနေဆဲဖြစ်ကြောင်း သိရသည်။
" ကျွန်တော်တို့ရထားတဲ့သတင်းအရ လူအယောက် ၂၀ လောက်တော့ရှိပြီ။ အဲ့ဒီထဲမှာ ကရင်လေးယောက်လည်း ပါတယ်။ အခုချိန်ထိ ရှာလို့မရသေးတာတွေလည်း ရှိနေသေးတယ်" ဟု KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေးက မဇ္ဈိမကိုပြောသည်။
KNU နယ်မြေအတွင်း ဖြစ်ပွားခဲ့သော ယခုဖြစ်စဉ်အတွက် အချက်အလက်စုဆောင်းခြင်း၊ အပျက်အစီးများအား စီစစ်ခြင်းတို့ကို ပြုလုပ်နေပြီး စစ်ကောင်စီ ကျူးလွန်ခဲ့သော ရာဇဝတ်မှုအတွက် တာဝန်ခံရမည်ဖြစ်ပြီး တရားမျှတမှုရရှိရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
KNU ၏ ထုတ်ပြန်ချက်အရ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရသည့်ထဲတွင် အသက်မပြည့်သေးသော ကလေးငယ် လေးဦးအပါအဝင် အမျိုးသားရှစ်ဦး၊ အမျိုးသမီး ၁၁ ဥိီး စုစုပေါင်း ၁၉ဦးအား မီးရှို့သတ်ဖြတ်ခဲ့ပြီး အမျိုးသားတစ်ဦးအား ညောင်ပင်သာကျေးရွာ သင်္ချိုင်းဝန်းအတွင်း သတ်ဖြတ်ခဲ့ကြောင်း တွေ့ရသည်။
" ဒီလိုဖြစ်စဉ်မျိုးကို KNU နယ်မြေတွေမှာ တော်တော်များများ ကြုံလေ့ရှိပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို ဗမာစစ်တပ်က အရင်တုန်းက ခဏခဏ ကျူးလွန်လေ့ရှိတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်းပဲ ဒီလိုမျိုးပုံစံတွေက ကျွန်တော်တို့ဒေသမှာ ရှိနေဆဲပဲဖြစ်တယ်" ဟု KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေးက ပြောသည်။
တပ်မ (၄၄) ဦးဆောင်သော စုပေါင်း စစ်ကြောင်းသည် မုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးသို့ ထိုးစစ်ဆင် ဝင်လာသဖြင့် မေလ ၁၀ ရက် ညနေ ၅ နာရီဝန်းကျင်တွင် တပ်မဟာ (၃) KNLA ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦး၊ ဒု- ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦးသေဆုံးခဲ့ပြီး ၎င်းတို့အထိနာခဲ့သဖြင့် စစ်ကောင်စီတပ်သည် ညောင်ပင်သာကျေးရွာအတွင်း ဝင်ရောက်၍ ကျေးရွာမီးရှို့မှု ပြုလုပ်ခဲ့ကြသည်ဟု ယူဆကြောင်း KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေးထံက သိရသည်။
" ဖြစ်စဉ်က တပ်မ ၄၄ ဦးဆောင်တဲ့ စုပေါင်းစစ်ကြောင်းက ကျွန်တော်တို့ရဲ့ နယ်တွေကို ရောက်ရှိလာတာဖြစ်တယ်။ သူတို့ရောက်လာပြီး ညနေ ၅ နာရီကျော်လောက်မှာ ကျွန်တော်တို့တပ်ဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်တယ်။ အဲ့ဒီမှာ သူတို့ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ငါးဦးကျတယ်။ အဲ့ဒါကြောင့်မို့ အဲ့ဒါကို မကျေနပ်လို့လို့ ကျွန်တော်တို့ယူဆလို့ရတယ်။ အနီးဆုံးဖြစ်တဲ့ ညောင်ပင်သာရွာထဲ ဝင်ပြီးတော့မှ ရွာမီးရှို့မှုတွေဖြစ်တယ်" ဟု KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေးက ဆက်လက်ပြောဆိုသည်။
ယခုဖြစ်စဉ်ကဲ့သို့သော ကိစ္စရပ်များသည် စစ်ကောင်စီတပ်က ကျူးလွန်လေ့ရှိသော ပြစ်မှုပုံစံမျိုးဖြစ်ပြီး KNU နယ်မြေများတွင် တွေ့ရလေ့ရှိကြောင်း သိရသည်။
ထို့ပြင် ရေအိုးစည်ကျေးရွာမှ ဒေသခံ ခုနစ်ဦးအား မေလ ၁၀ ရက်နေ့မှစ၍ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားရာ ယနေ့အထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းတွင်လည်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် KNU နယ်မြေများတွင် နေထိုင်သော ဒေသခံပြည်သူ ၁၄ ဦးသေဆုံးပြီး ဒေသခံ ဦးရေ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ်၏ အကြောင်းမဲ့ဖမ်းဆီးခြင်းခံရသူ ၁၆ ဦးရှိပြီး ထိုအနက် နှစ်ဦးမှာ စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။
စာတည်း ။ ။အောင်ကျော်ဖြိုး
#Mizzima
#အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်
#ညောင်ပင်သာရွာ

😢14👍3😁2❤1🔥1
တရုတ်နှင့် ရုရှားက စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်နေဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး သတိပေး
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာရာရှီက အာရှတွင် ရုရှားနှင့်တရုတ်တို့၏ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် စိုးရိမ်ကြောင်း မေလ ၁၃ ရက်က ပြောကြားခဲ့ပြီး ရုရှားက ယူကရိန်းကို အင်အားအလုံးအရင်းဖြင့် ကျူးကျော်ပြီးနောက်ပိုင်း ဥရောပ၏ လုံခြုံရေးအခြေအနေသည် အင်ဒို-ပစိဖိတ်ဒေသ၏ လုံခြုံရေးနှင့် ခွဲခြား၍မရနိုင်ကြောင်း သတိပေးလိုက်သည်။

😁6👍3
တော်လှန်ရေးတပ်ဖွဲ့များကိုထောက်ပံ့ကူညီရန်ရဲဘော်များသီဆိုထားသည့်“ကမ္ဘာပြိုခဲ့ကြသူများ”MiniAlbumထွက်ရှိ
https://youtu.be/8A6CKGQcNMk

(မဇ္ဈိမ)။ ။ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များကို ကူညီထောက်ပံ့နိုင်ရန်အတွက် တော်လှန်ရေးရဲဘော်များကိုယ်တိုင်သီဆိုထားသည့် သီချင်း ခုနစ်ပုဒ်ပါ “ကမ္ဘာပြိုခဲ့ကြသူများ” တေးသီချင်း Mini Album မေလ၁၀ရက်နေ့မှစတင်ကာ ထွက်ရှိခဲ့ကြောင်းသိရသည်။…
❤11👍7🔥1😁1