Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​“ဖြစ်စဥ်နဲ့ပတ်သက်တဲ့ မျက်မြင်သက်သေတော့ရှိတယ်။ သူ့မိသားစုရဲ့ လုံခြုံရေးကိုကျတော့ ကျနော်တို့ ဒီအရပ်ဘက်က ပြည်သူတွေရဲ့ ကော်မရှင်တွေကနေ ဝိုင်းဝန်းပြီးကြည့်ထားတာတော့ ရှိတယ်။ သူတို့က ဒီဖြစ်စဥ◌်နဲ့ပတ်သက်ပြီး တိမ်းရှောင်နေတာတော့မဟုတ်ဘူး။ သူတို့ကျတော့ ကျနော်တို့အတွက် အရေးကြီးတဲ့သက်သေဖြစ်တာကြောင့် ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်”
----------
ဖြစ်ရပ်ဖြစ်ပွားတဲ့ ဒေသက ဘယ်လိုဒေသလဲ
ဖြစ်ရပ်ဖြစ်ပွားခဲ့သော လဝါးကျေးရွာအုပ်စု၊ မဂေါင်းတောင်ကျေးရွာ လမ်းပိုင်းက ဖားကန့်မြို့နယ်တွင် ပါဝင်နေသည်။ ဖားကန့်ဒေသက ကေအိုင်အေတပ်မဟာ (၉) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ ဖြစ်ကြတဲ့ ကေအိုင်အေအမှတ် (၆) တပ်ရင်း၊ အမှတ်(၂၆) တပ်ရင်းနဲ့ အမှတ် (၄၄) တပ်ရင်းများကသာ အဓိက စစ် ရေးလှုပ်ရှားလေ့ ရှိသည်။
သို့သော် ယခုဖြစ်ရပ်ဖြစ်ပွားခဲ့သော နေရာဒေသကတော့ ကေအိုင်အေတပ်မဟာ (၂) မှ တိုက်ရိုက်အုပ်ချုပ်ကာ စစ် ရေးလှုပ်ရှားတဲ့ နေရာဖြစ်တယ်လို့ ကေအိုင်အေစစ်ရေးရုံးရဲ့ အချက်အလက်အရ မဇ္ဓျိမကစုံစမ်း သိရှိရသည်။ ကေ အိုင်အေစစ်ရေးရုံးရဲ့ အချက်အလက်အရ ကေအိုင်အေ၏ အနောက်ပိုင်းတိုင်း (ဧရာဝတီမြစ် အနောက်ခြမ်းဒေသ များ) စစ်ဌာနချုပ်မှာပါဝင်တဲ့ ကေအိုင်အေတပ်မဟာ (၂) လက်အောက်ခံ အမှတ် (၁၄) တပ်ရင်းနဲ့ အမှတ် (၁၁) တပ်ရင်းတို့ စစ်ရေးလှုပ်ရှားကြတဲ့ နယ်မြေကြားမှာ အခုလိုဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ဒီဖြစ်ရပ်က လဝါးရွာနားမှာဆိုပေမယ့် တပ်ရင်း (၁၄) နဲ့ တပ်ရင်း (၁၁) နယ်နိမိတ်ကြားမှာဟုတ်တယ်။ ဒီကာလမှာက စစ်ဘက်နဲ့ အုပ်ချုပ်ရေးက တွဲမလုပ်ကြတော့ ဒီဖြစ်ရပ်ဖြစ်တာကို အချိန်တော်တော်ကြာမှ သိရသလိုဖြစ်သွားတယ်။ လဝါးရွာမှာဖြစ်တယ်ဆိုပေမယ့် လဝါးတိုက်နယ်ရုံးအဖွဲ့က ဒီဖြစ်ရပ်မှာမပါဘူး။ ၂၄ ရက်နေ့ကတည်းနေ တိုက်နယ်မှူးက မြို့နယ်နဲ့ ခရိုင်ကို လူပျောက်အမှုတိုင်ထားပြီး၊ အကြံပေး ညွှန်ကြားကြပ်မတ်ပေးဖို့ တောင်းဆိုထားတယ်” လို့ ကေအိုင်အေစစ်ရေးရုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က အခုလို ပြောပြသည်။
စစ်ကောင်စီဘက်ကလည်း မြေပြင်ပကတိအခြေအနေကို ကျွမ်းကျင်ကြသည့် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်မှ တိုက်ရိုက်ထိန်းချုပ်ကွပ်ကဲတဲ့ တစ်ခုတည်းသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ - တနိုင်း)မှ ခြေလျင်၊ ခြေမြန်တပ်ရင်းများလည်း စစ်ရေးလှုပ်ရှားကြသည်။ ဒါ့အပြင် အမှတ်(၃) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်က တိုက် ရိုက်ကိုင်တွယ်လှုပ်ရှားကြသည့် တပ်ရင်းတပ်ဖွဲ့များက ဒီအပြစ်မဲ့ပြည်သူကိုးဦးအသတ်ခံရတဲ့ နေရာများတွင် စစ် ရေးလှုပ်ရှားလေ့ ရှိနေသည်။
သို့သော် ဖြစ်ရပ်ဖြစ်ပွားခဲ့သည့် ရွာအနီးပတ်ဝန်းကျင်တွင် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ ခြေကုပ်ရယူထားခြင်း မရှိဘဲ အဆိုပါလမ်းပိုင်းကိုသာ ခြေကုပ်ရယူနိုင်ရန် နှစ်ဖက် လက်နက်ကိုင်တပ်တို့က တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိနေသည်။
----------
လက်ရှိအမှုအခြေအနေ
ပြည်သူ ကိုးဦး အသတ်ခံရသည့်အမှုနဲ့ပတ်သက်ပြီး သုံးလကျော်ကြာမြင့်လာသည့်အထိ ဖြေရှင်းနိုင်ခြင်း မ ရှိသေးဘဲ အချိန်ကြန့်ကြာနေခြင်း ဖြစ်နေတယ်လို့ ကော်မရှင်အဖွဲ့ဝင်များထံကနေ စုံစမ်းသိရှိရသည်။ ဒီအမှုနဲ့ပတ် သက်ပြီး ကေအိုင်အေဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အကြောင်းကြားလာတာမျိုး မရှိသေးတဲ့အတွက် အခုလို ကြန့်ကြာနေရခြင်းဖြစ်တယ်လို့ အရပ်ဘက် အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်ဝင်များက ဆိုကြသည်။
ဝေးလံပြီး သွားလာရခက်ခဲတဲ့ ကေအိုင်အေတပ်မဟာ(၂) ဌာနချုပ်ဘက်က အဓိကတာဝန်ယူကာ အမှုမှန်ကို စစ်ဆေးနေရသည့်အတွက် အခုလိုကြန့်ကြာနေရခြင်းဖြစ်တယ်လို့ ကေအိုင်အေဘက်က သုံးသပ်ပြထားသည်။ ဒီအမှုနဲ့ပတ်သက်ပြီး ကေအိုင်အေ/ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်နေသော်လည်း တစ်စုံတစ်ရာပြန်လည်ပြောပြခြင်းမရှိသေးပေမယ့် ဧပြီလ ၆ ရက်နေ့မှာ ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်ကိုတော့ အခုလိုမှတ်ချက်ပြု ဖြေဆိုထားတာကို တွေ့ရပါသည်။
“စစ်ဆေးစရာရှိတာတွေ စစ်ဆေးနေတယ်။ တရားရုံးဖွင့်ပြီး စစ်ဆေးနေတယ်။ အဲ့ဒီအတိုင်းအတာထိ ရှိပါသေးတယ်။ စစ်ဆေးမှုရလဒ်ပေါ်မူတည်ပြီး ပြစ်ချက်ဟာ ဆုံးဖြတ်လို့ရတဲ့ အတိုင်းအတာဆိုရင် မကြာတော့ဘူး။ ဆုံးဖြတ်လို့ရတဲ့အတိုင်းအတာ မရှိဘူးဆိုရင်တော့ ဆက်ပြီးစစ်ဆေးရမယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားပါသည်။
ကေအိုင်အိုအစိုးရက ရှာဖွေပေးလာမယ့် ဒီအမှန်တရားအတွက် ကချင်လူထုအသိုင်းအဝိုင်းကလည်း စောင့်ကြည့်နေသလို၊ အမှန်တရားအတွက် မည်သည့် ပူးပေါင်းပါဝင်မှုမျိုးမဆို လုပ်ဆောင်သွားဖို့လည်း အသင့်ရှိနေကြသည်။
ဒါကြောင့်လည်း ပြည်သူ ကိုးဦးအသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မိသားစုဝင်များနဲ့အတူ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ အရပ်ဘက် အမှုန်မှန်ပေါ်ပေါက်ရေး ကော်မရှင်အနေဖြင့် အမှုမှန်အမြန်ဆုံး ပေါ်ပေါက်လာရေးအတွက် ဆက်လက်ကြိုးစားသွားမှာဖြစ်တယ်လို့ ကချင်လူထုကို ကတိကဝတ်ပြုထားပါသည်။
👍11🔥1😁1
“ငါတို့က တိရစ္ဆာန်တွေမဟုတ် ငါတို့က လူသားတွေပါ” မှတ်တမ်းရုပ်ရှင် ဂျပန်နိုင်ငံတွင်ပြသ

ကီရာ
(မဇ္ဈိမ)။ ။“ငါတို့က တိရစ္ဆာန်တွေမဟုတ် ငါတို့က လူသားတွေပါ” မှတ်တမ်းရုပ်ရှင်ကို ဂျပန်နိုင်ငံ ကိုဘေး မြို့ရှိ ဟိယိုဂိုခရိုင်ရှေ့နေရုံးတွင် မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိပြသခဲ့ပြီး လာ ရောက်ကြည့်ရှုသူများနှင့် ‌ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
“ငါတို့က တိရစ္ဆာန်တွေမဟုတ် ငါတို့က လူသားတွေပါ” မှတ်တမ်းရုပ်ရှင်ကို အသက်(၇၅)နှစ်အရွယ် ဒါရိုက်တာ Mr Sanyu Go က ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး အဆိုပါမှတ်တမ်းရုပ်ရှင်သည် ၎င်း၏ ဒုတိယမြောက် မှတ်တမ်းရုပ်ရှင်လည်း ဖြစ်သည်။
👍4😁1
အဆိုပါရုပ်ရှင်တွင် ဂျပန်နိုင်ငံ နာဂိုယာလူဝင်မှုကြီးကြပ်ရေးရုံးတွင် အဖမ်းဆီးခံရစဉ် သေဆုံးသွားခဲ့သည့် အသက်(၃၃)နှစ်အရွယ် သီရိလင်္ကာမှ အမျိုးသမီးတစ်ဦးဖြစ်သူ Mr.s Sandamari သေဆုံးမှု ဖြစ်စဉ်အပေါ် မေးခွန်းထုတ်မှုများ၊ ဂျပန်အာဏာပိုင်များမှ နိုင်ငံခြားသားအပေါ်ခွဲခြားဆက်ဆံမှုများ၊ ဂျပန်နိုင်ငံ၏ နိုင်ငံ ရေးဒုက္ခသည်ခိုလှုံသည့်အနေအထားကို အလွန်အမင်းကန့်သတ်မှုများအပြင် နည်းပညာအလုပ်သင်များ ၏ လခနည်းမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်ခံရမှုများကိုပါ ဖော်ပြထားသည်။
ထိုမှတ်တမ်းရုပ်ရှင်တွင် ဂျပန်ဌာနဆိုင်ရာများမှ လူတစ်ဦးအားဖမ်းဆီးသည့်အခါ မျက်နှာကိုအဝတ်ဖြင့် အုပ်ခြင်း၊ လက်နှစ်ဖက်ကိုနောက်ပစ်၍ လက်ကောက်ဝတ်ကိုကြိုးဖြင့်တုတ်ခြင်း၊ အဆိုပါလူအား လူ အများမှဝိုင်းဝန်းချုပ်နှောင်ရာတွင် လည်ပင်းကိုလက်ဖြင့် ဖိညှစ်ခြင်း၊ ခေါင်းကို ဒူးဖြင့် အပေါ်မှ‌ဖိခြင်း အစ ရှိသည့် ကိုယ်ထိလက်ရောက်ထိခိုက်မှုများကိုပါ လုပ်ဆောင်နေသည့်မှတ်တမ်းရုပ်သံများအပြင် နည်း ပညာအလုပ်သမားတစ်ဦးဟုယူဆရသူ၏ လုပ်ငန်းခွင်အခြေအနေတစ်ခုကိုလည်း ဂျပန်လူမျိုးတစ်ဦးမှ ထမင်းစားပွဲတွင် ထိုင်နေသော အဆိုပါလုပ်သားအား ခြေထောက်ဖြင့်ကန်ကြောက်၍ အော်ဟစ်ဆဲဆို နေခြင်း ရင်ဘတ်ကို လက်ဖြင့် လှမ်းရိုက်ခြင်းတို့ကို ပြသထားသည်။
ထို့ပြင် ဂျပန်နိုင်ငံ နာဂိုယာလူဝင်မှုကြီးကြပ်ရေးရုံးတွင် သေဆုံးခဲ့သည့် Mr.s Sandamari ၏ လူဝင်မှုကြီး ကြပ်ရေးထောင်အတွင်းရှိနေစဉ် အဖြစ်အပျက်များကိုပုံဖော်ထားသည့် ကာတွန်းပုံများနှင့် မိသားစုပြော ဆိုချက်များ၊ Mr.s Sandamari ၏ လုပ်ငန်းခွင်အတွင်း အရင်းနှီးဆုံး မိတ်ဆွေများ၏ ပြောဆိုချက်များနှင့် ‌၎င်းထောင်အတွင်းရှိနေစဉ် ဆေးကုသမှု မရရှိခြင်းများနှင့် ၎င်း၏ဆံပင်ကို အတင်းအကြပ် ညှပ်ခြင်းများ အပြင် အစားအသောက်ချို့တဲ့မှုများကိုပါ မှတ်တမ်းရုပ်ရှင်တွင် ဖော်ပြထားသည်။
Mr.s Sandamari ၏သေဆုံးမှု ဖြစ်စဉ်အပေါ် ဂျပန်နိုင်ငံ နာဂိုယာ လူဝင်မှုကြီးကြပ်ရေးရုံးမှ ယနေ့ထိ အတိအကျ ထုတ်ဖော်ပြောမှုမရှိသေးပေ။
“ငါတို့က တိရစ္ဆာန်တွေမဟုတ် ငါတို့က လူသားတွေပါ” မှတ်တမ်းရုပ်ရှင်တွင် မြန်မာနိုင်ငံ၏ အာဏာ သိမ်းမှုဖြစ်စဉ်နှင့် မြန်မာပြည်သူများ၏ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှုများအကြောင်းကိုပါ ထည့်သွင်းဖော်ပြသွားသည်ကိုလည်း တွေ့ရသည်။
ယင်းမှတ်တမ်းရုပ်ရှင်ပြပွဲကို မြန်မာဘောလုံးသမားပြည့်လျှံအောင် အထူးဧည့်သည်အဖြစ် လာရောက် ကြည့်ရှုခဲ့ပြီး ၎င်းက “ကျွန်တော် ဒီရုပ်ရှင်ကိုကြည့်ပြီးတော့ ဂျပန်မှာနေထိုင်ခွင့် အသိအမှတ်ပြုခံရတာက တော်တော် ကံကောင်းတယ်လို့ ပြောရမှာပါပဲ ။ ဒီမှာလည်း ဒီလိုအဖြစ်အပျက်တွေရှိတာကို အခုရုပ်ရှင် ကြည့်မှပဲ သိလိုက်ရပါတယ်” ဟု ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံတွင် နန်းမင်းဟုခေါ်သည့် နိုင်ငံရေးခိုလှုံခွင့် ဒုက္ခသည်အသိအမှတ်ပြုလျှောက်ထားသူ မြန်မာ လူမျိုး ၂၀၂၁ ခုနှစ်တွင် ၆၀၀ ကျော်ရှိပြီး ၂၀ ကျော်ခန့်သာ အဆိုပါအသိအမှတ်ပြု လျှောက်ထားခွင့်ကို ရရှိခဲ့ကြောင်း သိရသည်။
ဂျပန်အစိုးရသည် ၁၀၀ ရာခိုင်နှုန်းတွင် တစ်ရာခိုင်နှုန်းခန့်သာ အသိအမှတ်ပြုလျှောက်လွှာကို လက်ခံခဲ့ ခြင်းဖြစ်ပြီး ၉၉ ရာခိုင်နှုန်းခန့် ပယ်ချနေခြင်းဖြစ်သည်။
လတ်တလောတွင်လည်း အဆိုပါ နိုင်ငံရေးဒုက္ခသည် အသိအမှတ်ပြုလျှောက်လွှာ သုံးကြိမ်အထိ လျှောက် ပြီး သူများကို ၎င်းနိုင်ငံသို့ပြန်ပို့ခွင့် ဥပဒေအတည်ပြုကြောင်း TM Group Tukutei မှ ရေးသားထားပြီး လက်ရှိမြန်မာနိုင်ငံရေးအခြေအနေကြောင့် ရရှိထားသည့် ဒုက္ခသည်ဗီဇာများသည်လည်း နိုင်ငံသို့ပြန်ပို့နိုင် ခြေရှိလာနိုင်သည်ဟု ထင်ကြောင်း ၎င်းလူမှုကွန်ရက်တွင် ရေးသားထားသည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဂျပန်ရှေ့နေတစ်ဦးဖြစ်သူ Mr.s Ishida က မြန်မာလူမျိုးများကြား တွင် ယခုကဲ့သို့ ကောလာဟလဖြစ်ပေါ်နေမှုမှာ မည်သည့်အတွက်ကြောင့်မှန်း ၎င်းအနေဖြင့် မသိရှိ‌နိုင် သော်လည်း နိုင်ငံရေးဒုက္ခသည် အသိအမှတ်ပြုလျှောက်လွှာ သုံးကြိမ်အထိလျှောက်ပြီးသူများကို ၎င်းတို့ နိုင်ငံသို့ပြန်ပို့ခွင့် ဥပဒေအတည်ပြုခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် အတည်မပြု‌နိုင်ရေးအတွက် အထက် လွှတ်တော်တွင် ဆက်လက်‌လုပ်ဆောင်နေဆဲဖြစ်ကြောင်းကို မဇ္ဈိမမီဒီယာသို့ မှတ်ချက်ပြု ပြောကြားခဲ့ သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မှတ်တမ်းရုပ်ရှင်
#ဂျပန်နိုင်ငံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁1
​​ဆည်များ၏ကြံ့ခိုင်မှုကို စောင့်ကြည့်နေကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြော

MTO
(မဇ္ဈိမ)။ ။ဆိုင်ကလုန်းမုန်တိုင်းမိုးခါကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် ပုလဲမြို့နယ်အတွင်း ရှိ ဆည်များ၏ကြံ့ခိုင်မှုအခြေအနေကို ဒေသကာကွယ်ရေးအဖွဲ့ များနှင့် ပူးပေါင်းစောင့်ကြည့်နေရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။
“ ပုလဲနယ်ရဲ့ တောင်ခြမ်းကိုရေပေးတဲ့ စံပြဆည်ဆိုတာလည်း ရှိတယ်။ မနေ့ညက ဆည်ဘောင်လျှံခါနီး အထိ မိုးရေတွေတိုးလာတော့ ဆည်ဘောင်ကျိုးနိုင်တဲ့ အနေအထားတစ်ခုဖြစ်လာလို့ တပ်ရင်းတပ်ဖွဲ့တွေ အကူအညီတောင်းပြီးတော့ မနေ့ညက တစ်ညလုံးစောင့်နေရတယ်။ လွှတ်သင့်တဲ့ရေတွေကို ရေပိုလွှဲ အတိုင်း ထုတ်ရတာတွေ ရှိတယ်” ဟုပြောသည်။
လက်ရှိအချိန်အထိ ဆည်၏ကြံ့ခိုင်မှုအတွက် လွှတ်ထုတ်ရန်လိုအပ်သည့်ရေများကို ရေပိုလွှဲများမှ တဆင့် ထုတ်လွှတ်ခြင်း၊ ဆည်တံခါးများဖွင့်ပြီးထုတ်လွှတ်ခြင်း စသည့်နည်းလမ်းများဖြင့် ဆည်ဘောင်များ ကျိုး ကျမသွာအောင် ထိန်းနေရကြောင် ဦးဇော်ထက် က ဆိုသည်။
“ လက်ရှိအနေအထားအတိုင်းပဲ မိုးမရွာဘူးဆိုရင်တော့ ဆည်ဘောင်တွေ ကျိုးကျမသွားအောင် ထိန်းသိမ်း ထားနိုင်တယ်။ ဒါပေမယ့် ဆက်ပြီးများ မိုးတွေထပ်ကျလာရင်တော့ အဲဒီအခြေအနေကိုစောင့်ကြည့် နေရ တာပေါ့” ဟု ၎င်းကပြောသည်။
မေလ ၁၄ ရက်နေ့က ပုလဲနယ်ရှိ ဆည်တစ်ခုဖြစ်သည့် မြောက်ယမားဆည်၏ ဆည်လက်တံများကျိုး၍ အနီးနားရှိ ကျေးရွာများသို့ ရေများစီးဝင်လာ၍ ဒေသခံအချို့ အမြင့်ပိုင်းနေရာများသို့ ပြောင်းရွှေ့ခဲ့ရသည်။
“မြောက်ယမားဆည်ရဲ့ မူလမြောင်းနှင့် လက်ယာမြောင်း လက်တံတွေကျိုးပြီးတော့ ရွာတွေထဲ ရေတွေ ဝင်တယ်။ အဲဒီတော့ မူလမြောင်းနဲ့ လက်ယာမြောင်း ဘေးပတ်ဝန်းကျင်ကျေးရွာတွေ တော်တော်များများ တော့ အထိုက်လျောက်ပျက်စီးဆုံးရှုံးတာတွေရှိတာပေါ့” ဟု ဦးဇော်ထက်က ပြောသည်။
မေလ ၁၅ ရက်နေ့တွင် ဆည်ရေစီးဆင်းမှုအားနည်းသွားပြီး ပြည်သူအမျာစုမှာ ၎င်းတို့နေအိမ်များသို့ ပြန်လည်ဝင်ရောက်ပြီး သန့်ရှင်းရေးပြုလုပ်နေပြီဖြစ်ကြောင်း ဆိုသည်။
ကျိုးကျပျက်စီးသွားသည့် မြောက်ယမားဆည်၏ ဆည်လက်တံ ဆည်ဘောင်များ ပြန်လည်ပြုပြင်နိုင်ရေး အတွက် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#မြောက်ယမားဆည်
#ဆည်
#မုန်တိုင်း
#ဆည်ကြံ့ခိုင်မှု
#ပုလဲမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5👍2👎1
​​စစ်တွေတွင် မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာ

ဂျူချန်း
(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် သေဆုံးသူ ငါးဦးအထိရှိလာကြောင်း ကူညီကယ်ဆယ်ရေးပြုလုပ်နေသည့် မေတ္တာရောင်ခြည် ပရဟိတအသင်းဥက္ကဋ္ဌ ကိုလင်းလင်းကပြောသည်။
မေလ ၁၄ ရက်နေ့က လေဘေးရှောင်စခန်းသုံးခုမှ အသက်သုံးလသားအပါအဝင် ပြည်သူလေးဦးနှင့် သစ်ပင်ပိမှုကြောင့်တစ်ဦး စုစုပေါင်းငါးဦး သေဆုံးခဲ့ရကြောင်း ဆိုသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကုန်းမြင့်ပိုင်းဒေသတစ်ခုဖြစ်သည့် အာကျိတ်တော်ကုန်းရှိ အဓိဌာန်ကျောင်း မှ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး မေလ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၄၀ ခန့်တွင်သေဆုံးခဲ့သည်။
“အပေါ်ကမှန်ပြုတ်ကျပြီး လူကိုထိတယ်။ ကျနော်တို့ မေတ္တာရောင်ခြည်အသင်းကသွားခေါ်တယ်။ သူက ပင်မသွေးကြောကြီးကို ထိသွားတော့ သွေးတအားထွက်တာ။ ထိတာက ဘယ်ဘက်နှလုံးနားမှာ ထိတာ။ သွေးထွက်လွန်ပြီးတော့ ကားပေါ်ရောက်တာနဲ့ ဆုံးသွားတယ်။ မိနစ်ပိုင်းအတွင်းမှာ ဆုံးသွားတာ” ဟု ကိုလင်းလင်းက ပြောသည်။
စစ်တွေမြို့ ဝါးကျောင်းတွင်လည်း လေပြင်းတိုက်ခတ်စဉ် အဆောက်အဦးအုတ်နံရံပြိုကျမှုကြောင့် အသက်သုံးလအရွယ် ကလေးငယ်တစ်ဦးနှင့် အသက်(၄၀) အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
ထို့အတူ ဓါတ်ဦးကျောင်းတွင် အသက်(၇၀)ကျော် အမျိုးသားတစ်ဦးနှင့် သစ်ပင်ပိခြင်းကြောင့် အမျိုးသား တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
မုန်တိုင်းကြောင့် စစ်တွေမြို့ရှိ အဆောက်အဦး အများအပြားပျက်စီခဲ့ရာ အရေးပေါ် ပြန်လည်ပြင်ဆင်ရန် လိုအပ်နေကာ စားသောက်နေထိုင်မှုအတွက်ပါ အခက်အခဲရှိနိုင်ကြောင်း ပရဟိအဖွဲ့များထံမှ သိရသည်။
“အိမ်တွေကို မနက်ပိုင်းကပြင်ဆင်တယ်။ ခုမိုးရွာနေပြီဆိုတော့ အခက်အခဲဖြစ်မယ်လို့ထင်ပါတယ်။ တချို့ ဆိုလည်း နေစရာအိမ်မရှိတော့ဘူး။ ခေါင်မိုးတွေအကုန်လုံး လန်သွားတယ်။ နံရံတွေ စောင်းသွားတယ်” ဟု ကိုလင်းလင်းက ပြောသည်။
လက်ရှိတွင် စစ်တွေမြို့ရာသီဥတုသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီး လေဘေးရှောင် စခန်းမှပြည်သူအများစုသည် နေရပ်သို့ပြန်ကြပြီဖြစ်ကာ ကူညီကယ်ဆယ်မှုများမှာလည်း ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်ထူကိုယ်ထ ပြုလုပ်နေခြင်းဟု သိရသည်။
ဓါတ်ပုံ-CJ (မေ ၁၄၊ အဓိဌာန်ကျောင်း)
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#စစ်တွေမြို့
#မုန်တိုင်း
#ပြန်လည်ထူထောင်ရေး
#လေဘေးသင့်
#သေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😢3😁2
ကရင်နီပြည်နယ်၌ တိုက်ပွဲတွင်ကျဆုံးသွားသည့် ရဲဘော်နိုဘယ်၏စျာပန ပြုလုပ်

ကိုဇာနည်
(မဇ္ဈိမ) ။ ။ကရင်နီပြည်နယ်၊ တိုက်ပွဲတစ်နေရာတွင် မေလ ၁၀ ရက်နေ့က ကျဆုံးခဲ့သည့် ကယား(ကရင်နီ) တော်လှန်ရေးတပ်ရင်း လက်အောက်ရှိ တပ်ခွဲ (၁) ကွန်မန်ဒိုတပ်ခွဲမှ ရဲဘော်အဲလ်ဖရက်(ခ)ခွန်နိုဘယ်၏ ဈာပနအခမ်းအနားအား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသက်(၁၈)နှစ်အရွယ် ရဲဘော်ခွန်နိုဘယ်သည် မေလ ၁၀ ရက်နေ့က ကရင်နီပြည်နယ်တစ်နေရာ၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU တို့ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း ကျဆုံး သွားခဲ့သည်ဟု KRU မှ မေလ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။
“စစ်ကောင်စီတပ်ဖွဲ့ကို ရင်ဆိုင်ရင်း ရှေ့တန်းစစ်မျက်နှာ တစ်နေရာတွင် မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ရဲဘော်အဲလ်ဖရက်(ခ)ခွန်နိုဘယ်အား ကယား(ကရင်နီ)တော်လှန်ရေးတပ်ရင်း(KRU) မှ အာဇာနည် သူရဲကောင်းအဖြစ် အသိအမှတ်ပြု လိုက်ပါကြောင်း” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်နီပြည်နယ်
#KRU
#ဈာပန
😢14👍1🔥1👏1
မေလ (၁၅) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

- စစ်တွေမြို့မှာ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်ပြီးတဲ့နောက် ပျက်စီးဆုံးရှုံးမှု ၉၀ ရာခိုင်နှုန်းအထက် ရှိတဲ့သတင်း

− မိုခါမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ထိခိုက်ပျက်စီးတာတွေ ရှိတဲ့သတင်း

− ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် နိုင်ငံတဝှမ်းက ပျက်စီးဆုံးရှုံးမှုသတင်းတွေ

− မုန်တိုင်းသင့်သူတွေ အကူအညီပေးရေး ကုလအဖွဲ့တွေ ပြင်ဆင်ထားတဲ့သတင်း နဲ့

− ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေ ဈေးတက်လာတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်း တွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://youtu.be/SgYNnxY_4LU
👍4😁1🍌1
“မိုခါ” မုန်တိုင်းဘေး ပြန်လည်ထူထောင်ရန် နိုင်ငံတကာ အကူအညီလိုအပ် (Editorial Talk)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဗဟိုပြုပြီး ရခိုင်ကမ်းရိုးတန်းကို အားကောင်းကောင်းနဲ့ ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းအပြီး ထိခိုက်ပျက်စီးမှုတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်မယ့် ရခိုင်ပြည်သူတွေအတွက် နိုင်ငံတကာ အကူအညီတွေ လိုအပ်နေပါတယ်။

https://youtu.be/4P-licpY2qs
👍5😁2
မေလ (၁၅) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ပျက်ဆီးဆုံးရှုံးမှု နောက်ဆုံးရသတင်းတွေနဲ့အတူ

မဲဆောက်မှာ မီးလောင်တဲ့အိမ်က လက်နက်ခဲယမ်းတွေ့ရှိပြီး မြန်မာအမျိုးသား အဖမ်းခံရတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ နောက်ဆုံးရ စီးပွားရေးသတင်းနဲ့ နောက်ဆုံးရ ကုန်စျေးနှုန်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/Pd4h59s0QF8
👍2🔥1
​​ကမ္ဘောဒီးယား အဓိကအတိုက်အခံပါတီ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရ

မ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ကမ္ဘာ့ သက်တမ်းအရှည်ဆုံး ခေါင်းဆောင်များထဲမှ တစ်ဦး ဖြစ်ပြီး ၎င်းသည် အထူးသဖြင့် ရွေးကောက်ပွဲ အကြိုကာလတွင် ၎င်း၏ အုပ်ချုပ်မှုအပေါ် ဆန့်ကျင်အတိုက်အခံပြုသူများကို တရားရေးစနစ် အသုံးပြုပြီး ဖိနှိပ်နေကြောင်း ဝေဖန်သူများနှင့် လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬3❤1
ထားဝယ်အထူးစီးပွားရေးဇုန်တဝိုက်သို့ စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေး‌လေယာဉ်များ ပျံဝဲနေ

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်းအတွင်းသို့ စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေးလေယာဉ်များ ယနေ့ မေလ ၁၅ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် ထပ်မံပျံဝဲနေကြောင်း တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေး အဖွဲ့-ပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏လေတပ်မှ ရဟတ်ယာဉ်တစ်စီး မြေပြင်မှပေ ၂၀၀ ခန့် အမြင့်တွင် စက်သေနတ်များဖြင့် အသင့်ချိန်ရွယ်လှည့်လည်ပျံသန်းခဲ့သည့်အပြင် မွန်းလွဲပိုင်းတွင် ဂျက် ဖိုက်တာလေယာဉ်တစ်စီး ပျံသန်းလှည့်လည်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရ သည်။
ထားဝယ်အထူးစီးပွားရေးဇုန်တည်ရှိရာ နဘုလယ်ဒေသတစ်ဝိုက်ကို မေလ ၁၄ ရက် နံနက်ပိုင်းက နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က တိုက်ခိုက်ရေး လေယာဉ် Jet Fighter အမျိုး အစားဖြင့် ဗုံးနှစ်လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန် ကြားရေးတာဝန်ခံကပြောသည်။
👍6🤬2❤1🔥1👏1
“လက်ရှိအချိန်ထိတော့ စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲတာ ဒေသခံတွေရော အရပ်ဖက် အဖွဲ့စည်းတွေအပြင် ရဲဘော်တွေ လုံး၀ထိခိုက်မှု မရှိပါဘူး”ဟု တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေး တာဝန်ခံက ပြောသည်။
စစ်ကောင်စီက ယခုကဲ့သို့ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုပြုလုပ်ခြင်းသည် နယ်မြေစိုးမိုးထားနိုင် ခြင်းမရှိတော့သည့် အနေအထားအားဖော်ပြသကဲ့သို့ ဖြစ်နေကြောင်း ၎င်းကဆိုသည်။
တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် ပုလောမြို့နယ်နှင့်တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လေကြောင်းရန် ကြိုတင် ပြင်ဆင်ကာစစ်ရေးသတိဖြင့်နေထိုင်ကြပါရန် စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့များက သတိပေးထုတ်ပြန်ထား သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#စစ်ကောင်စီ
#ရဟတ်ယာဉ်
#လေကြောင်းတိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2😁1
​​မိုခါမုန်တိုင်း​ဘေး မြေပြင်အရေးပေါ် ကူညီကယ်ဆယ်​ရေးတွင် စစ်​ကောင်စီ၏လူကယ်ပြန်ဝန်ကြီးဌာနလုပ်အားမပါဟု ဝေဖန်ခံရ

001
(မဇ္ဈိမ)။ ။ မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးအတွက် ရှာ​ဖွေကယ်ဆယ်​​ရေးလုပ်ငန်းစဉ်များအတွင် အသင့်ပြင်ထား​ကြောင်း စစ်​ကောင်စီ လူကယ်ပြန်ဝန်ကြီး ဌာနက ထုတ်ပြန်ထား​သော်လည်း ​​မြေပြင်ကယ်ဆယ်​ရေးလုပ်‌ဆောင်ရာတွင် ယင်းဌာန၏ လုပ်အား မတွေ့ရကြောင်း ဘေးသင့်ဒေသမှ ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များက‌ ပြောသည်။
ယမန်​နေ့ ​မေလ ၁၄ရက်​နေ့က အင်အားအလွန်ပြင်းထန်သည့်အဆင့်ဖြင့် စစ်တွေမြို့သို့ ဝင်ရောက်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ခြောက်ခုထက်မနည်းတွင် လူ​သေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ မြေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲရေးအပိုင်းတွင် စစ်ကောင်စီ၏ ဘေးစီမံဝန်ထမ်းများမတွေ့ရဘဲ ‌ ပရဟိတအဖွဲ့များနှင့် မီးသတ်ဝန်ထမ်းများသာ အဓိက လုပ်​ဆောင်​နေသည်ကို တွေ့ရသည်ဟုဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များက‌ ပြောသည်။
" မိုးထဲလေထဲမှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတွေ မတွေ့ရဘူး။လူကယ်ပြန်ရဲ့ ဘေးစီမံဆိုတာ ဘယ်ဌာနမှန်းတောင် မသိရဘူး။ အများဆုံးတွေ့ရတာကတော့ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တွေ၊ မီးသတ်တွေပါ"ဟု မကွေးတိုင်း၊ စလင်းမြို့မှ ရေဘေးသင့် ပြည်သူတစ်ဦးကပြောသည်။
စစ်ကောင်စီ၏ လူကယ်ပြန်ဌာနက မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးအတွက်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနကို ဖွင့်လှစ်ကာ
ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ မြို့အပါအဝင်မြို့နယ်ခုနှစ်ခုကို ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးအတွက် ရခိုင်ပြည်နယ်တွင် ၃,၂၁၄ဖွဲ့နှင့် ချင်းပြည်နယ်တွင် ၉၄၅ ဖွဲ့ ဖွဲ့စည်းထားခြင်းအပါအဝင် မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးအစီအမံများလို့ဆောင်ထားသည်ဟု မုန်တိုင်းမဝင်မီက ထုတ်ပြန်ခဲ့သည်။
သို့သော် ယင်းထုတ်ပြန်ချက်သည် ဟန်ပြသာဖြစ်သည်ဟု ရေဘေးသင့်ပြည်သူများကပြောသည်။
😁11👍7❤1
​​ကော်ဘရာစစ်ကြောင်းထိန်းချုပ်ရာနေရာကို စစ်ကောင်စီတပ်နှင့် BGF တို့ ထိုးစစ်ဆင်နေသော်လည်း အထိအခိုက်များကာ တပ်လှန်နေ

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ ကော်ဘရာစစ်ကြောင်း ထိန်းချုပ် ရာနေရာဖြစ်သည့် ကျောက်မိုင်းဒေသကို စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့ အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်နေသော်လည်း အထိအခိုက်များကာ တပ်လှန်နေကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။
ဧပြီလမှစတင်ကာ ကျောက်မိုင်းဒေသရှိ ကရင်နယ်ခြားစောင့်တပ်(BGF) စခန်းကုန်းတို့ကို KNU/KNLA, ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle တို့က စခန်းသိမ်း တိုက်ပွဲများပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့်ကရင်နယ်ခြားစောင့်တပ်(BGF)တို့က အပြင်း အထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
မေလ ၁၁ ရက်နေ့မှစတင်ပြီး မေလ ၁၃ ရက်နေ့အထိတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှတစ်ဦးကျဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။
“တိုက်ပွဲက ပြင်းထန်တယ်လို့ပြောလို့ရတယ်။ အခုထိုးနေတာ စစ်ကြောင်းများတယ်။ လက်နက်ကြီးက နေ့တိုင်းလိုပစ်နေတာ နေရာစုံပဲ။ လေကြောင်းကတော့ ပြောစရာကိုမလိုတာ အားလုံးသိတဲ့အတိုင်းပဲ သူတို့အထိနာလေ လေကြောင်းပစ်ကူက သုံးလေပဲ”ဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းမှူး မိုင်းထိကာသေဆုံးသွားကြောင်း မြေပြင်သတင်း ရင်းမြစ်များထံမှ သိရသည်။
စစ်ရေးအရေးနိမ့်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် စွယ်တော်ကုန်း(ခွေးကုန်း)၊ လက်ခတ်တောင်၊ ကြက် ကင်ကုန်း၊ မေတ္တာလင်းမြိုင်နှင့် ခလရ(၂၇၅)တို့မှ လက်နက်ကြီးများ၊ အတွဲလိုက်ပစ်ဒုံးကျည်များဖြင့် နေ့စဉ် ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။
ကျောက်မိုင်းဒေသတွင် စစ်ကောင်စီ၏ ခမရ(၁၁၈)၊ လ(၈)၊ ခလရ(၂၇၅)၊ ကရင်နယ်ခြားစောင့်တပ် (BGF) (၁၀၁၉) တပ်ရင်းတို့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#မြဝတီမြို့
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁3👏1
​​သပိတ်ကျင်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ၃ ဦးထက်မနည်း သေဆုံး

ပါခွီး
(မဇ္စျိမ) ။ ။ မန္တလေးတိုင်း၊ သပိတ်ကျင်းမြိုနယ်အတွင်း ခြောက်ဘီးကားနှစ်စီးဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးထက်မနည်းသေဆုံး သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တကောင်း)က မေလ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
သပိတ်ကျင်းမြို့နယ်၊ လက်ပန်ကုန်းကျေးရွာမှ ခြောက်ဘီးကားနှစ်စီးဖြင့် အင်အား ၅၀ ခန့် ပါဝင်သော စစ်ကောင်စီတပ်သားများသည် တကောင်းဘက်သို့တက်လာရာ ဆူးတောရွာဝင်ပေါက်၌ မေလ ၁၃ ရက် နံနက် ၁၁ နာရီခန့်က မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းသို့တိုက်ခိုက်မှုကြောင့် ကားတစ်စီးကို တည့်တည့်ထိမှန်ခဲ့ပြီး ကားမှာထိုးရပ်သွားခဲ့ကာ လိုက်ပါလာ သည့် စစ်ကောင်စီတပ်သားသုံးဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့အကြား မိနစ်အနည်းငယ် ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ သေဆုံးသူအလောင်းများနှင့် ဒဏ်ရာရရှိသူများကို တကောင်းဆေးရုံသို့ ခေါ်ဆောင် သွားကြောင်းထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ် သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနေဆဲ ဖြစ်သည်။
မေလ ၆ ရက် နံနက် ၈ နာရီကျော်ကလည်း ဆူးတောကျေးရွာကို မီးရှို့ပြီးထွက်လာသော တပ်မ (၈၈) လက်အောက်ခံ ခလရ(၇၈)မှ အင်အား ၁၅၀ ပါဝင်သော စစ်ကြောင်းနှစ်ကြောင်းကို တကောင်း (ပ.က.ဖ) မှ ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
မေလ ၆ ရက်နေ့ တစ်နေ့တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ များလည်း ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး(တကောင်း) မှ ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#သပိတ်ကျင်း
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း)
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁3👏2