National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်ထုတ်လွှင့်မှုများ
https://youtu.be/1kkJ69gU6r0
https://youtu.be/1kkJ69gU6r0
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်ထုတ်လွှင့်မှုများ
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍4🤮2🍌1
စစ်ကောင်စီသည် မုန်တိုင်းနှင့်ပတ်သက်၍ ကြေညာချက်သာထုတ်ပြန်ခဲ့ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဝေဖန်
001
(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်သို့ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”နှင့်ပတ်သက်၍ စစ်ကောင်စီအနေ ဖြင့် ကြေညာချက်သာထုတ်ပြန်ခဲ့ပြီး ထိရောက်သည့်လုပ်ဆောင်မှုမျိုးမတွေ့ခဲ့ရကြောင်း ဝါရင့် ရခိုင်နိုင်ငံ ရေးသမားဖြစ်သူ ဦးဖေသန်းကဝေဖန်သည်။
ကြိုတင်ပြင်ဆင်မှုကောင်းခဲ့သည့်အတွက် ပြင်းထန်သည့်မုန်တိုင်းဒဏ်ကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ သည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလာသည့်အပေါ် တုံ့ပြန်လိုက် ခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်က မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ပြုလုပ်ခဲ့သည့် မုန်တိုင်း ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင် ရန် အလှူငွေပေးအပ်ပွဲတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
၎င်းက မုန်တိုင်းနှင့်ပတ်သက်ပြီး သတိပေးချက်များ ချက်ချင်းထုတ်ပြန်စေခဲ့ပြီး ပြောင်းရွှေ့မှုများနှင့် ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်စေခဲ့သောကြောင့် မုန်တိုင်းဒဏ်ကျရောက်ချိန်တွင် လူအများထိခိုက် သေဆုံးမှုကိုရှောင်ရှားနိုင်ခဲ့သည်ဟု ပြောသည်။
ထို့ကြောင့် မေလ ၁၅ ရက်နေ့ နံနက်ပိုင်းအထိ သိရှိရသော သတင်းအရ မုန်တိုင်းကြောင့် လူ ၅ ဦးသာ သေဆုံးခဲ့သည်ဟု စစ်ကောင်စီ ခေါင်းဆောင်က ဆိုသည်။
အဆိုပါပြောဆိုချက်နှင့်ပတ်သက်၍ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “ULA / AA ဘက်ကတော့ မြို့ကို ကြိုတင်ကာကွယ်မှု လုပ်ခဲ့တယ်။ စစ်ကောင်စီတပ်တွေဘက်က အဲ့ဒီလောက်လုပ်တာမတွေ့ဘူး။ ကြေညာချက်တွေထုတ်ပြီး ပြည်သူတွေကို သတိပေးတာလောက် အဲ့ဒီလောက် အဆင့်တော့လုပ်ခဲ့တယ်” ဟုဆိုသည်။
ထို့ပြင် CSO အဖွဲ့များ၊ ပရဟိတအဖွဲ့များကလည်းကူညီခဲ့ကြပြီး ULA / AA အနေဖြင့် ပင်လယ်အစပ်အနီး၊ မြစ်ကမ်းစပ်အနီးဝန်းကျင်မှ ဒီရေမြုပ်နိုင်သည့်နေရာတွင်နေထိုင်သူ လူတစ်သိန်းကျော်ကို ရွှေ့ပြောင်းပေး ခဲ့သည့်သတင်းများကြားသိရကြောင်းဆိုသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” မေလ ၁၄ ရက်နေ့တွင် စစ်တွေမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင် ရောက်ခဲ့မှုကြောင့် စစ်တွေတစ်မြို့လုံးနီးပါး ပျက်စီးခဲ့ရကြောင်း ဒေသခံပရဟိတအဖွဲ့များက ပြောသည်။
လေပြင်းတိုက်ခိုက်မှု၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် အခြားတိုင်းနှင့်ပြည်နယ်အချို့တွင်လည်း လူသေဆုံးမှု၊ နေအိမ်ပျက်စီးမှုများ ၊ ကျွဲ၊ နွား တိရိစ္ဆာန် သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အလွန်အမင်းလိုအပ်ချက်များနေသော ပြည်သူများအနေဖြင့် ယခုကဲ့သို့ ကြီးမားသည့်အပျက်အစီးများကြုံရသည့်အတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်း ရန်ကုန်ရှိ အင်္ဂလန် သံရုံးအကြီးအကဲ Ken O’Flaherty က ယနေ့ မေလ ၁၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြောဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံစသည့်မြို့နယ်များကို သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် စစ်ကောင်စီက ကြေညာထားသည်။
မုန်တိုင်းနှင့်ပတ်သက်ပြီး အလှူငွေ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ သိန်း လက်ခံရရှိခဲ့ပြီး မုန်တိုင်းဒဏ် ကြောင့် ထိခိုက်ခဲ့ရသည့် ဒေသများကို ခွဲဝေလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ရခိုင်ပြည်နယ်
#မုန်တိုင်း
#ဆိုင်ကလုန်း
#စစ်ခေါင်းဆောင်
#ဦးဖေသန်း
ဓာတ်ပုံ - ရခိုင်ဝါရင့်နိုင်ငံရေးသမားဖြစ်သူ ဦးဖေသန်း (ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍13😁6🤮4🥰1
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်
မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၁၅ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
"အာဏာရှင်အောက် ငါတို့မနေချင် ပြည်သူ့အားနဲ့ရုန်းထွက်
ကြ"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၈၂)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။
#ဆန္ဒပြ
#Mizzima

❤15😁5
ကြက်သွန်မြိတ်ရဲ့ အကျိုးကျေးဇူးများ
-ကြက်သွန်မြိတ်က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?
-ကြက်သွန်မြိတ်မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?
-ကြက်သွန်မြိတ်မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?
အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ
https://youtu.be/-aTkF2xXM7w

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......
#NatureArticle…

👍13👎1🤮1🌭1
မေလ (၁၆) ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
စစ်တွေတွင် မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာတဲ့အကြောင်းတွေ အပါအဝင် ဆည်များ၏ကြံ့ခိုင်မှုကို စောင့်ကြည့်နေကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောလိုက်တဲ့အကြောင်းတွေ ပါဝင်တဲ့နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
https://youtu.be/yOFimwjCy14

စစ်တွေတွင် မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာတဲ့အကြောင်းတွေ အပါအဝင် ဆည်များ၏ကြံ့ခိုင်မှုကို စောင့်ကြည့်နေကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောလိုက်တဲ့အကြောင်းတွေ ပါဝင်တဲ့နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့…

👍5😁2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (မေလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima
မေလ ၁၄ ရက်၊ မနေ့ တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ လက်ရှိအချိန်အထိ မဲရေတွက်ပြီးသမျှ အတိုက်အခံပါတီကြီး ၂ ခုဖြစ်တဲ့ Move Forward နဲ့ ဖုဝထိုင်း (Pheu Thai) ပါတီတို့က အပြတ်အသတ် အသာစီးရနေပါတယ်။ မြန်မာပရိသတ်အတွေ တချိန်ကတော်တော်အားပေးခဲ့တဲ့ ဝူခုန်းဇာတ်ကားကို ကျောရိုးယူပြီး အခုခေတ်အချိန်ပုံမျိုးနဲ့ ရိုက်ကူးတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ဒီလအတွင်း စတင်ပြသမှာပါ။ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/MdCdjCnAFCA

မေလ ၁၄ ရက်၊ မနေ့ တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ လက်ရှိအချိန်အထိ မဲရေတွက်ပြီးသမျှ အတိုက်အခံပါတီကြီး ၂ ခုဖြစ်တဲ့ Move Forward နဲ့ ဖုဝထိုင်း (Pheu Thai) ပါတီတို့က အပြတ်အသတ် အသာစီးရနေပါတယ်။ မြန်မာပရိသတ်အတွေ တချိန်ကတော်တော်အားပေးခဲ့တဲ့…
👍12😁2
သီတာရေစင်ကြည်လင်ပါမှ
အိမ်တွင်းအကြမ်းဖက်မှု၊ တင်းကြပ်မှုတွေက မိသားစု လူမှုဘဝတွေကို ဘယ်လို ထိခိုက်စေပါသလဲ
https://youtu.be/cA8nlwbZqwU

လိင်အခွင့်အရေးနဲ့ မျိုးဆက်ပွား ကျန်းမာရေးကို ရသ ဇာတ်လမ်းတိုလေးတွေနဲ့ အတူ တင်ဆက်ပေးနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ်ပဲ…

👍3🔥3
ဆင်ဖြူကျွန်းမြို့ ရေတက်လာစဉ် လူပျောက်ကြော်ငြာခဲ့သည့် အမျိုးသမီး ၂ ဦး၏ ရုပ်အလောင်းပြန်တွေ့
ရွှေနွယ်
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့တွင် "မိုခါ" ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းစတင်ဝင်ရောက်လာသော မေလ ၁၄ ရက်နေ့က တောင်ကျရေများနှင့် မိုးကြောင့် ရေကြီးရေလျှံကာ ကျေးရွာများရေနစ်ချိန် ဆင်ဖြူကျွန်းမြို့ပေါ်မှ အမျိုးသမီးနှစ်ဦး ရေစီးနှင့်အတူ မျောပါ ပျောက်ဆုံးသွားသောကြောင့် မိသားစုများမှ လူပျောက်ကြော်ငြာခဲ့သည်။
ပျောက်ဆုံးခဲ့သူများမှာ ဒေါ်အေးသန်း (အသက် ၇၀ နှစ်)နှင့် သမီးဖြစ်သူ ဒေါ်ယဉ်မင်းစိုး (အသက် ၄၄ နှစ်)တို့ဖြစ်ကြပြီး ဒေါ်အေးသန်းကိုမူ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အလောင်းပြန်တွေ့ခဲ့ပြီး သမီးဖြစ်သူ၏ ရုပ်အလောင်းကိုမူ ည ၈ နာရီခန့်၌ ရှာဖွေအတည်ပြုနိုင်ခဲ့သည်ဟု မိသားစုဝင်တစ်ဦးမှ ပြောသည်။
“ကျွန်တော်တို့က ရန်ကုန်မှာအလုပ် သွားလုပ်နေကြတာ။ ဒီလောက်အထိဖြစ်သွားလိမ့်မယ်လည်း ထင်မထားဘူးလေဗျာ။ တခြားသေဆုံးသူ ပျောက်ဆုံးသူတွေလည်းရှိတယ်ကြားထားပါတယ်။ အခုတော့ ဘာကိုမှအာရုံမစိုက်နိုင်သေးဘူး နာရေးကိုပဲ” ဟု မိသားစုဝင်မှပြောသည်။
"မိုခါ" ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ် စစ်တွေမြို့မှ တစ်ဆင့် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ဖြတ်ကျော်နေစဉ် မေလ ၁၄ ရက်နေ့တွင် မကွေးတိုင်းအတွင်း မိုးကြီးကာ တောင်ကျရေများကြောင့် ချောင်းရေမြစ်ရေများလျှံခြင်း ဆည်များ ရေကျော်ခြင်းများဖြစ်ပွားပြီး စလင်းမြို့နယ် ရှိ ကျေးရွာ ၂၀ ခန့်နှင့်၊ ဆင်ဖြူကျွန်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာခန့် ရေနစ်မြုပ်ကာ ရေစီးသန်ခဲ့သည်။
ဒေသခံများမှ ထိုကဲ့သို့ဖြစ်မည်ဟု ကြိုတင်မတွက်ဆထားမိသောကြောင့် မုန်တိုင်းရှောင်ခြင်းမပြုမိကြဘဲ နေအိမ်များအတွင်းတွင်သာ ပိတ်မိနေခဲ့ကြပြီး တချို့မှာလည်း ရေစီးနှင့်အတူမျောပါသွားခဲ့ကြသည်။
အဆိုပါ သားအမိနှစ်ဦးအပြင် ဆင်ဖြူကျွန်းမြို့ အနောက်ဘက်ရှိ နွယ်တမယ်ကျေးရွာသား အသက် ၂၂ အရွယ် အမျိုးသားတစ်ဦးလည်း ဆင်ဖြူကျွန်းအောက်ဈေးရှိ၎င်းတို့၏ဆိုင်ခန်းမှ ပစ္စည်းများမျောမပါစေရန် သယ်ယူရင်းရေမျောပါ သေဆုံးခဲ့ရကြောင်း ဒေသခံများမှပြောသည်။
အလားတူ ရွှေလှေရပ်ကွက်မှ သားအဖနှစ်ဦးရေတက်ချိန်တွင်ပျောက်ဆုံးခဲ့ပြီး သားဖြစ်သူ ကလေးငယ်၏ ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ရှိထားပြီဖြစ်ကြောင်း ဆင်ဖြူကျွန်းဒေသခံမှပြောသည်။
ရေစီးဖြင့်မျောပါခဲ့သူများမှာ အများအပြားရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးအသင်းများနှင့် ဒေသခံများအချင်းချင်း ပြန်လည်ဆယ်ယူကယ်ယူခဲ့မှုများကြောင့် အသက်ဘေးမှလွတ်ခဲ့ရသူများလည်း အများအပြားရှိကြောင်း သိရသည်။
လက်ရှိတွင် ဆင်ဖြူကျွန်းမြို့နှင့်အနီးကျေးရွာများ၌ ရေများပြန်ကျသွားပြီဖြစ်သော်လည်း နုန်းများကျန်နေခြင်းနှင့် သစ်ပင်သစ်ကိုင်းများ မျောပါခဲ့ခြင်းတို့ကြောင့် သွားလာရေးမလွယ်ကူဘဲ ကူညီကယ်ဆယ်ရေးများလည်း ခက်ခဲလျက်ရှိကြောင်း သိရသည်။
ဆင်ဖြူကျွန်းမြို့တွင် သေဆုံးခဲ့သူလူဦးရေစာရင်းအား အတည်ပြုနိုင်ရန် မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဆင်ဖြူကျွန်းမြို့
#သေဆုံးခဲ့သူ
#လူဦးရေစာရင်း
#မိုခါ
#ဆိုင်ကလုန်းမုန်တိုင်း

😢12👍5😁1
Aftermath of cyclone Mocha in Myanmar: damaged houses, fallen trees and debris
https://youtu.be/CP-S0-GWR_o

Cyclone Mocha crashed through Myanmar and southeastern Bangladesh on Sunday, sparing sprawling refugee camps but bringing a storm surge to swathes of western Myanmar where communications were largely cut off.
-----------------------------------------
@MizzimaTV…

ရွှေတံဆိပ်နဲ့အတူ ဗီယက်နမ်အမျိုးသမီးအသင်း ကမ္ဘာ့ဖလားအတွက် ယုံကြည်မှုတိုးလာ
ဗီယက်နမ်လက်ရွေးစင်အမျိုးသမီးအသင်းဟာ တနင်္လာနေ့က အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာအသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရရှိကာ ရွှေတံဆိပ်ရယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားအကြို အဓိက တွန်းအားတစ်ရပ်ကို ရယူနိုင်ခဲ့ပါတယ်။

👍6😁5🔥1🏆1
မိုခါမုန်တိုင်းအရှိန် လေပြင်းကြောင့် မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာ ၁ ရွာလုံးနီးပါးထိခိုက်ပျက်စီးဟုဆို
မဇ္ဈိမ။ ။မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခဲ့ရာချင်းပြည်နယ်၊ မတူပီမြို့နယ်၊ဖနိုင်ကျေးရွာမှ နေအိမ်အများအပြား ပျက်စီးခဲ့ပြီး ဘေးသင့်ဒေသခံများသည် ခိုင်ခန့်သည့်နေအိမ်အချို့တွင် စုပေါင်း၍ ယာယီ ခိုလှုံနေကြရကြောင်းသိရသည်။
မတူပီမြို့နယ်တွင် မေလ ၁၂ရက်မှ မေလ ၁၄ရက်ညအထိ လေပြင်းတိုက်ခိုက်ခဲ့ပြီးနောက် ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ အိမ်ခြေ ၂၀၀ခန့်ရှိသော ဖနိုင်ကျေးရွာသည် တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။
" ရွာထဲမှာတစ်ရွာလုံးနီးပါး အိမ်ခေါင်မိုးတွေမရှိကြတော့ဘူး။နေအိမ် သုံးလုံးကတော့လုံးဝပျက်စီးသွားတယ်။ဘုရားကျောင်းသုံးကျောင်း၊ စာသင်ကျောင်း (၄)ကျောင်းနဲ့ဝန်ထမ်းအိမ်ယာ တွေလည်းပျက်စီးတဲ့အထဲမှာပါတယ်’’ဟုဖနိုင်ကျေးရွာသားတစ်ဦးက မဇ္ဈိမကို ပြောသည်။
ဖနိုင်ကျေးရွာသည် မတူပီမြို့ပေါ်နှင့်ကပ်လျက်ရှိသော ရွာကြီးတစ်ရွာဖြစ်သည်။ ယခုအခါ လေဘေးသင့်ပြည်သူများ၏ နေအိမ်များကို ပြန်လည်ပြင်ဆင်နေပြီဟု သတင်းရရှိသည်။
မတူပီမြို့ပေါ်တွင်လည်း မေလ ၁၃ရက်နှင့် ၁၄ရက်က လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လောင်ဗန်းရပ်ကွက်၊ ဘောလုံးကွင်းအောက်ပိုင်းရှိ နေအိမ် သုံးလုံးပျက်စီးခဲ့သည်။ ထို့အပြင် သစ်ပင်ကြီးအချို့လဲကျခဲ့ပြီး ဈေးတန်းဆိုင်ခန်းများအားလုံးလည်း ပျက်စီးသွားကြောင်းသိရသည်။
စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်ထား၍ ဒေသခံများ မုန်တိုင်းသတင်းအချက်အလက်ရရန် ခက်ခဲခဲ့သည်ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။ မုန်တိုင်းသတိပေးချက်များကို မတူပီမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပေးခဲ့သည်ကို တွေ့ရသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ” (MOCHA)သည်ယမန်နေ့ မေလ၁၅ရက်တွင် ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီး အားပျော့ပျက်ပြယ်သွားပြီဖြစ်သည်။
စာတည်း-မောင်ကြီး
#mizzima
#မိုခါမုန်တိုင်း
#မတူပီမြို့နယ်
#ဖနိုင်ကျေးရွာ

😢10👍9🔥2
မေလ ၁၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥2
US voices religious freedom concerns in China, Iran, Myanmar, Nicaragua and India
https://youtu.be/BnwXoCivwok

US Secretary of State Antony Blinken voices alarm by actions by authorities in China, Iran, Myanmar and Nicaragua, while presenting the "2022 Report on International Religious Freedom". The annual report also listed attacks against religious minorities including…
🔥3👍2