Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မေလ (၂၉) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

စစ်ကောင်စီဘက်မှ မြန်မာနှင့် ထိုင်းဆက်ဆံရေးကို ပြန်လည်စဉ်းစားနေတဲ့ သတင်း

တွေအပါအဝင် လေကြောင်းတိုက်ခိုက်မှုကြောင့် Medic Unit (Demoso) က ဆေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့အတဲ့ သတင်းတွေပါဝင်တဲ့

နောက်ဆုံးရ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေအပါအဝင် စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့ ညနေထိ နောက်ဆုံးရ ကုန်ဈေးနှုန်းကိုလည်း နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ “ Mizzima Editorial Talk” အစီအစဉ်တွေကိုနားဆင်ရဖို့ရှိပါတယ်။

https://youtu.be/bdK8GNEUMxY
👍5😁2
ကရင်တော်လှန်ရေးတပ်များ ကော့ကရိတ်ခရိုင်အတွင်း တိုက်ပွဲများဆင်နွှဲ၊ စကစတပ်ရင်းမှူးသေ

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးသေဆုံးခဲ့ကြောင်း ကရင်တော်လှန်ရေးအင်အားစုများနှင့် KNDO တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ကော့ကရိတ်ခရိုင်အတွင်းရှိ ဝေါ်လေဗျူဟာစခန်းကုန်း၊ မော်ခီးစခန်းနှင့် ကနဲလေးစခန်းကုန်းတို့ကို မေလ ၂၃ ရက်နေ့တွင် KNLA (၂၀၁) တပ်ရင်း၊ KNDO အမှတ် (၈) နှင့် Federal Wings ဒရုန်းအဖွဲ့တို့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုတွင် ကနဲလေးစခန်းကုန်းမှ တပ်ရင်းမှူးအပါဝင် ကိုးဦးသေဆုံးခဲ့ပြီး ဝေါ်လေဗျူဟာကုန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဝင်ရောက်တိုက်ခိုက်မှုများအတွင်း မော်ခီးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့များမှာ ထွက်ပြေးခဲ့ကြောင်း သိရသည်။
👍21🤣2
“မော်ခီးစခန်းကို ကျနော်တို့တက်မသိမ်းပါဘူး။ ဒါပေမယ့် စကစတွေက စခန်းထဲမနေရဲဘူး ထွက်ပြေး သွားတယ်။ စခန်းသုံးခုတိုက်ခိုက်ခံရတော့ အရပ်သားတွေရှိတဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်တယ်။ အရပ်သား ထိခိုက်တာတော့မရှိဘူး၊ ရွာထဲကနေထွက်ပြေးရတာတွေတော့ ရှိတယ် ” ဟု KNDO အမှတ် (၈) မှ တာဝန်ရှိသူတဦးက ပြောသည်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မေလ ၂၃ ရက်နေ့ ည ၁၂ နာရီဝန်းကျင်တွင် ပနွယ်ဖိုးကလိုးကျေးရွာကို စစ် ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် ခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ်ရှစ်လုံး ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်၏လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကော့ကရိတ်ခရိုင်အတွင်းရှိ ကနဲလေး၊ ပနွယ်ဖိုး ကလိုး၊ မော်ခီးနှင့် မော်ဖိုးကလိုးကျေးရွာတို့မှ အရပ်သားများမှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရသည်။
အဆိုပါစခန်း သုံးခုကို မေလ ၂၃ ရက်နေ့မှစတင်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ယနေ့ မေလ ၂၉ ရက်နေ့ အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ကနဲလေးစခန်းကုန်း
#မော်ခီးစခန်း
#ဝေါ်လေဗျူဟာကုန်း
#ကော့ဂရိတ်ခရိုင်
#လေကြောင်းတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤3🤣2
တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာတွင် စစ်ကောင်စီက ဝါဒဖြန့်လမ်းကမ်းစာစောင်များဖြန့်ဝေ

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာတွင် မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီက ဝါဒဖြန့်လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
တော်လှန်ရေးအင်အားစုများအပေါ် ပြည်သူများအထင်မြင်လွဲမှားစေသည့် လက်ကမ်းစာစောင်များအား ကျေးရွာအတွင်းလိုက်လံဖြန့်ဝေခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
ညောင်ပင်ကွင်းရွာအရှေ့ကမ်းနှင့် အနောက်ကမ်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့က လမ်းသွားလမ်းလာ ပြည်သူများ၊ နေအိမ်များအပါဝင် လမ်းဘေးဓာတ်တိုင်များပါမကျန် ၎င်းတို့၏ ဝါဒဖြန့်စာစောင်များ ကပ် သွားခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်၏ ဝါဒဖြန့်စာစောင်များတွင် NUG နှင့် NLD အစွန်းရောက်နိုင်ငံရေးသမားများသည် လူငယ်များကို အသုံးချနေသည်ဟူ၍လည်းကောင်း၊ NUG ဝန်ကြီးများ၏ ပုံများကိုဖော်ပြကာ “မြို့ပေါ်မှာ နေပြီး ပြည်သူကို တောခိုခိုင်းသူများ”ဟူ၍လည်းကောင်း ဖော်ပြထားသည်။
😁13❤3
ထို့ပြင် ၎င်းတို့ဖန်တီးထားသည့်ပုံများ၊ အွန်လိုင်းပေါ်တွင်ပျံ့နှံ့နေသည့်ပုံများကိုလည်း လိုရာဆွဲ၍ ပြည်သူ များအထင်အမြင်မှားစေရန် စွပ်စွဲရေးသားထားသည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေထားခြင်းဖြစ်သည်။
“ရွာထဲမှာ လာကပ်သွားတယ်သိရတယ်။ သိပ်မကြာပါဘူး။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းကြား လို့ သွားရှာတဲ့အချိန်မှာ တပ်ထဲကိုဝင်ပြေးသွားတယ်”ဟု ညောင်ပင်ကွင်းကျေးရွာနေ ဒေသခံတဦးက ပြောသည်။
ဝါဒဖြန့်စာစောင်များကို လာရောက်ဖြန့်ဝေခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းအရ တိုက်ခိုက်ရန်သွားရောက်စဉ် ညောင်ပင်ကွင်းအခြေစိုက် တပ်ရင်း (၅၆၁) ထဲသို့ ဝင်ပြေးသွား သည်ဟု PDF များကဆိုသည်။
တနင်္သာရီမြို့နယ်ရှိ တပ်ရင်း (၅၆၁)မှတပ်သားများသည် တိုက်ပွဲဖော်ဆောင်ရန်ပင် အလွန်ကြောက်လန့် နေကြကြောင်း ၎င်းတို့ကဆိုသည်။
ယခုဝါဒဖြန့် စာရွက်များဖြန့်ဝေရာတွင်၌ တပ်စခန်းများမှထွက်၍ လက်ကမ်းစာစောင်များကို လမ်းသွား၊ လမ်းလာများအားပေး၍ တစ်ဆင့်ခံဝါဒဖြန့်ရသည့်အထိပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များထံမှ သိရသည်။
တနင်္သာရီမြို့နယ်သည် စစ်ကောင်စီတပ်၏ စစ်အုပ်ချုပ်ရေး ကြေညာထားသောမြို့နယ်လည်း ဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီမြို့နယ်
#ညောင်ပင်ကွင်း
#ဝါဒဖြန့်
#လက်ကမ်းစာစောင်
#တပ်ရင်း(၅၆၁)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁10👍9❤1
မေလ (၂၉) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

- မတ်လနဲ့ ဧပြီလအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀၀၀ ကျော်သေဆုံးဟု NUG ကာကွယ်ရေး ထုတ်ပြန် တဲ့ သတင်း

- စစ်ကောင်စီဘက်မှ မြန်မာနှင့် ထိုင်းဆက်ဆံရေးကို ပြန်လည်စဉ်းစားနေတဲ့သတင်း

- စစ်ခေါင်းဆောင် မန္တလေးကိုရောက်နေချိန် ခြေလျင်တပ်ရင်း နဲ့ အခွန်ရုံး တိုက်ခိုက်ခံလိုက်ရတဲ့သတင်း

- လေကြောင်းတိုက်ခိုက်မှုကြောင့် Medic Unit (Demoso) က ဆေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့ရတဲ့သတင်း

- ဘီးလင်းက စစ်တပ်စခန်းကို KNU က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ပစ်မှတ်လွဲသွားခဲ့တာကြောင့်အရပ်သားနှစ်ဦး သေဆုံး

https://youtu.be/w8dW3lUOdO0
👍8🤮2❤1🍌1
မန္တလေးတွင် ကနားစီးတဦး သေနတ်ပစ်ခံရပြီး သေဆုံး

007
(မဇ္စျိမ(။ ။မန္တလေးမြို့တွင် ယမန်နေ့ မေလ ၂၈ ရက် ညပိုင်းက ကနားစီးအမျိုးသားတဦး နေအိမ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ဓားပြတိုက်တယ်မှတ်တာ။ နောက်တော့မှသိရတာက အဲဒီအိမ်က ကနားစီးကိုပစ်သတ်သွားတာ။ အဲဒီလူ က တောင်ပြုန်းပွဲတွေမှာလည်း ကနားစီးလုပ်တယ်။ မိသားစုက အေးအေးချမ်းချမ်းနေထိုင်သူတွေပါ”ဟု ဒေသခံတဦးက ပြောသည်။
ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၂ လမ်းနှင့် ၃၂ လမ်းထောင့်အနီးရှိ ကုန်စုံဆိုင်ဖွင့် ထားသောနေအိမ်တအိမ်တွင် မေလ ၂၈ ရက်နေ့ ည ၉ နာရီခန့်ကဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ အနုကြမ်းစီး ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း ကနဦးသတင်းထွက်
ပေါ်ခဲ့ သော်လည်း လူသတ်မှုသာဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
“တယောက်က သေနတ်အတိုနဲ့ နောက်တယောက်က ဓားရှည်ကိုင်ထားတယ်။ အပြင်မှာတယောက်က ဆိုင်ကယ်မှာ အသင့်စောင့်နေတာ။ သေနတ်နဲ့လူကအပေါ်တက်သွားပြီး ကိုဆွေလင်းဦးကို သေနတ်နဲ့ နှစ် ချက်ပစ်လိုက်တာ” ဟု နီးစပ်သူတဦးကပြောသည်။
👍6😁3
အသတ်ခံရသည့်ကနားစီးနတ်ဆရာမှာ ကိုဆွေလင်းဦး(၃၉ နှစ်)ဆိုသူဖြစ်ပြီး နံပါတ်ပြားမပါသော ဆိုင်ကယ်တစီးဖြင့်ရောက်လာသည့်လူသုံးဦးက နေအိမ်အပေါ်ထပ်အထိတက်ပြီး ပစ္စတိုသေနတ်ဖြင့် နှစ်ချက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ပထမတစ်ချက်မှာကျည်မထွက်ဘဲ နောက်တစ်ချက်မှ ကျည်ထွက် ပြီး ကိုဆွေလင်းဦး၏ ဝဲဘက်ရင်အုံကို ဖောက်၀င်ကာသေ ဆုံးသွားခြင်းဖြစ်ကြောင်း၊ သေနတ်သမားနှင့် အဖွဲ့သည် အိမ်ရှင်များ၏လက်ကိုင်ဖုန်းနှစ်လုံးကို ယူဆောင်ထွက်ပြေးသွားကြောင်း ရဲ သတင်းအချက် အလက်အရ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက မည်သည့်အတွက် ပစ်သတ်သွားခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်လာသည်ကိုမတွေ့ရသေးသော်လည်း စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် PDF က သေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေး
#အနုကြမ်းစီး
#ဓားပြတိုက်
#သေနတ်ဖြင့်ပစ်သတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5👍1
​​တမူးမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို PDF က ဖမ်းဆီးအရေးယူ

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ တမူးမြို့၊ နန်းကလား စော်ဘွား(၄)ရပ်ကွက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး) တပ်ရင်း(၄)ထံမှ သိရ သည်။
တာဝန်သိပြည်သူတစ်ဦး၏သတင်းပေးချက်အရ မေလ ၂၆ ရက်နေ့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ နေသူများရှိသည့်အိမ်ကိုဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသမီးတဦးအပါအဝင် ခြောက်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။
“ကျနော်တို့ဖမ်းဆီးပြီး မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ပစ္စည်း အရောင်းအဝယ်လုပ်ထားတဲ့ ငွေတချို့နဲ့ ဖုန်း လေးလုံးကို သိမ်းခဲ့ပါတယ်။ သူတို့ကိုတော့ ခံဝန်သတိပေးပြီး ကြိမ်ဒဏ်အပြစ်ပေးခဲ့ပါတယ်” ဟု PDF – Tamu တပ်ရင်း(၄)မှ တိုက်ခိုက်ရေးခေါင်းဆောင်ဗိုလ်ခန့်က မဇ္စျိမကိုပြောသည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ (ဆပ်ပြာခွက်နှစ်ခွက်)၊ WY စိတ်ကြွဆေးနှစ်ပြားနှင့် ဆက် စပ်ပစ္စည်းများဖြစ်ပြီး ဘိန်းဖြူဆပ်ပြာခွက်တခွက်လျှင် ကာလတန်ဘိုးကျပ် ၃၅၀,၀၀၀ (သုံးသိန်းခွဲ) ခန့်ရှိ ကြောင်း သိရသည်။
၎င်တို့အား ကြိမ်ဒဏ် အချက် ၃၀ စီ အပြစ်ပေးခဲ့ပြီး ခံဝန်သတိပေးကာ ထပ်မံပြုလုပ်ပါက မြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ (ပလဖ) ထံ အပ်နှံပြီး အရေးယူသွားမည်ဟု အသိပေးခဲ့ကြောင်း ဆိုသည်။
တမူးမြို့နယ်အတွင်း၌ မူးယစ်ဆေးဝါးသုံးစွဲသူများပြားပြီး ဆိုင်ကယ်အပါအဝင် ခိုးယူလုယက်ခြင်းများဖြစ် ပွားလျက်ရှိနေကာ ပြည်သူများမှာ နေအိမ်ခြံဝင်းအတွင်း၌ပင် မိမိတို့ပစ္စည်းဥစ္စာများ လုံခြုံမှုမရှိသကဲ့သို့ ခံစားနေရကြောင်း ဗိုလ်ခန့်ကဆိုသည်။
ယင်းအခြေအနေများကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် မူးယစ်ဆေးအန္တရာယ် တားဆီးကာ ကွယ်ရေးပညာပေးမှုများပြုလုပ်ပေးလျက်ရှိပြီး အချို့နေရာများတွင် ဆေးဖြတ်သည့်စခန်းများ၌လာ ရောက်ကုသမှုခံယူသူများလည်း ရှိနေကြောင်း သိရသည်။
“နိုင်ငံရေးကမကောင်းတော့ စီးပွားရေးနဲ့အလုပ်တွေရှားပါလာတော့ လူတွေကြပ်တည်းလာပြီး အလွယ် ဝယ်လို့ရတဲ့ မူးယစ်ဆေးဘက်ကို လမ်းမှားရောက်ကုန်ကြတာ”ဟု ဗိုလ်ခန့်က မူးယစ်ဆေးသုံးစွဲသူ များ ပြားလာမှုအပေါ် သုံးသပ်ပြောဆိုသည်။
ယင်းအပြင် မသမာသူလူတစုမှ စစ်ကောင်စီတပ်ဖွဲ့ကိုငွေပေးပြီး ရောင်းဝယ်ဖောက်ကားနေသဖြင့် ယခု ကဲ့သို့ ရောင်းဝယ်သုံးစွဲသူ များပြားနေခြင်းဖြစ်‌သည်ဟု ၎င်းက ဆက်ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးမှုများရှိခဲ့ကာ ပြစ်ဒဏ်နှင့် သတိပေး မှုများပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#တမူးမြို့
#မူးယစ်ဆေးဝါး
#ဖမ်းဆီးမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤20👍9😁1🤣1
​​ထိုင်း စီးပွားရေး အပြည့်အဝ ပြန်နာလန်ထူလာမည့် လမ်းကြောင်းပေါ်တွင် ရှိနေဟု ဆို

ကောင်းမွန်သည့် အခွန်ဘဏ္ဍာ ကောက်ခံရရှိမှုနှင့် ခရီးသွားလုပ်ငန်း ပုံမှန်ပြန်ဖြစ်လာခြင်းတို့နှင့်အတူ ထိုင်းနိုင်ငံ၏ စီးပွားရေးသည် အပြည့်အဝ ပြန်နာလန်ထူမှုဆီ ဦးတည်သည့် ခိုင်မာသော လမ်းကြောင်းတစ်ခုပေါ်တွင် ရောက်နေပြီး ဒဏ်ခံနိုင်မှုကိုလည်း ပြသလျက် ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဖြစ်သူက မေလ ၂၉ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2