Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​၂၀၁၅ ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ပြန်၍အကဲဖြတ်ခြင်း
====================

မြန်မာတွင် ၂၀၁၅ ခုနှစ် စစ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် တိုင်းရင်းသား ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးဆီ ဦးတည်သည့် လမ်းစတစ်ခု ဆိုသည်ထက် စင်စစ်အားဖြင့် အစိုးရထိန်းချုပ်မှုကို အားကောင်းစေရေးအတွက် ရည်ရွယ်သည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း အစီရင်ခံစာသစ်တစ်ရပ်က ဖော်ပြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1🤮1
This media is not supported in your browser
VIEW IN TELEGRAM
May - 30 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews
#themizzimaprimetime
#reels
#shorts
👍3🍌1🖕1
မေလ ၃၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2
​​ပီတ လင်ဂျာရွန်ရတ်ရဲ့ စကားကြောင့် စစ်ကောင်စီ သောကများနေပြီလား 
===================

ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အတိုက်အခံပါတီအနိုင်ရပြီးနောက် တော်ဝင်မျိုးနွယ်နဲ့ စစ်တပ်အပေါ် ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်လာပါတယ်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤣2
ဟိုင်းကြီးကျွန်းတွင် PDF တပ်ဖွဲ့ဝင် ရေခပ်ဆင်းစဥ် ဖမ်းဆီးခံရပြီးနောက် စခန်းသိမ်းဆည်းခံရ
😢2👍1🔥1👏1😱1
ဟိုင်းကြီးကျွန်းတွင် PDF တပ်ဖွဲ့ဝင် ရေခပ်ဆင်းစဥ် ဖမ်းဆီးခံရပြီးနောက် စခန်းသိမ်းဆည်းခံရ
=========================

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းတွင် PDF တပ်ဖွဲ့ဝင်တဦးဖမ်းဆီးခံရပြီး လက်နက်ခဲယမ်းအချို့နှင့် ဆေးဝါးများသိမ်းဆည်းခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဟိုင်းကြီးကျွန်းမြို့၊ သံပုရာကုန်းကျေးရွာအနောက်ဘက်တောအတွင်း စခန်းချထားသည့် PDF စခန်းမှ တပ်ဖွဲ့ဝင်တဦးကို စစ်ကောင်စီတပ်ဖွဲ့များကဖမ်းဆီးပြီး ၎င်းနေထိုင်ရာစခန်းရှိ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်မှာ မေလ ၂၆ ရက်နေ့က သံပုရာကုန်းကျေးရွာ အနောက်ဘက်တောအတွင်းစခန်းချထားသည့် PDF အဖွဲ့ဝင်တဦး ရေခပ်ဆင်းစဥ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့်တိုးပြီး ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်ဟု ငပုတောမြို့နယ်အတွင်းလှုပ်ရှားနေသည့် PDF အဖွဲ့တဖွဲ့မှ အတည်ပြု ပြောဆိုသည်။

ဖမ်းဆီးခံရသည့် PDF တပ်ဖွဲ့ဝင်ကို စစ်ဆေးမေးမြန်းပြီး ၎င်းနေထိုင်ရာစခန်းရှိ လက်လုပ်သေနတ်များ၊ လက်လုပ်ကျည်များ၊ ဆေးဝါးများနှင့် ခဲယမ်းများကို စစ်ကောင်စီတပ်ဖွဲ့များက သိမ်းဆည်းသွားခြင်းဖြစ် သည်ဟုဆိုသည်။

“တစ်ယောက်အဖမ်းခံရတယ်ဆိုတာ မှန်ပါတယ်။ ရေခပ်ဖို့ထွက်တဲ့လူကိုဖမ်းပြီး စခန်းကို ဝင်သိမ်းတာပါ။ ကျန်တဲ့လူတွေတော့ အကုန်လွတ်သွားတယ်လို့သိရတယ်။ စစ်တပ်ဘက်က သေနတ်နဲ့ပစ်တာတွေ လုပ် သေးတယ်။ ကျွန်တော်တို့ စုံစမ်းလို့သိရသလောက်တော့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရတဲ့သူမရှိပါဘူး။ ပြီး တော့ အဲ့ဒီစခန်းဟာ ဘယ်အဖွဲ့ရဲ့စခန်းဆိုတာ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပါ”ဟု ဆိုသည်။

အဆိုပါ PDF အဖွဲ့ဝင်အားဖမ်းဆီးသွားပြီးနောက် ဟိုင်းကြီးရဲစခန်းသို့ခေါ်ဆောင်သွားပြီး ထိုမှတဆင့် ဟိုင်း ကြီးရေတပ်အတွင်း ခေါ်ဆောင်ကာ ရိုက်နှက်စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။
ဖမ်းဆီးခံထားရသည့် PDF အဖွဲ့ဝင်မှာ မည်သည့်အဖွဲ့အစည်းမှဖြစ်သည်ကို မဇ္စျိမက ဆက်လက်စုံစမ်းနေ ဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သံပတ်ကွင်းကျေးရွာ အနီးရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းသွားခဲ့သေးသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း
#ဟိုင်းကြီးကျွန်း
#PDFတပ်ဖွဲ့ဝင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢14❤4👍3👏1
ယင်းမာပင်မြို့နယ်တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့်လမ်းကို ပြုပြင်နေစဉ် လေကြောင်းတိုက်ခိုက်ခံရ
👍2🔥1
ယင်းမာပင်မြို့နယ်တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့်လမ်းကို ပြုပြင်နေစဉ် လေကြောင်းတိုက်ခိုက်ခံရ
==================

လွှမ်းမိုး
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာတွင် ယမန်နေ့ မေလ ၂၉ရက် မွန်းလွဲ ၂နာရီအချိန်ခန့်၌ ဒေသခံများက မုန်တိုင်းကြောင့် ပျက်စီးသွားသည့်လမ်းအား ပြုပြင်နေစဉ် တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံလိုက်ရသည်ဟု သိရသည်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် လမ်းပိုင်းများကို ပြန်လည်ပြုပြင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ် နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယင်းဖြစ်စဉ်ကြောင့် ကား နှစ်စီး ပျက်စီး၍ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တိုက်လေယာဉ် နှစ်စီးနဲ့ လက်နက်ကြီး အချက် ၂၀ လောက်ကို ပစ်ခတ်သွားတာပါ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ဆိုသည်။

မိုခါမုန်တိုင်းကြောင့် မိုးရွာရေကြီးကာ အလောင်းတော် ကဿပ တောင်ကျချောင်းရေများကြောင့် ပျက်စီးသွားသည့် ယင်းမာပင် နှင့် ကပိုင်ရွာ လမ်းပိုင်းကို ပြင်ဆင်နေစဉ် မြေသယ်ရန်အတွက် ရွာရန်ပုံငွေဖြင့် ငှားထားသည့် ကားနှစ်စီး ထိခိုက်ပျက်စီးသွားခြင်း‌ဖြစ်ကြောင်း အခြားဒေသခံ တစ်ဦးက ပြောသည်။

“လမ်းပြုပြင်နေတာ ဆိုတော့ လုပ်အားပေး အနေနဲ့ ရွာသူ ၊ ရွာသားတွေနဲ့ ကလေးတွေရော ပါတာပေါ့ဗျာ။ နေ့လယ် ထမင်းစားနေတဲ့ အချိန်နဲ့ ကြုံကြိုက်သွားတော့ အသက်ဘေးက လွတ်မြောက်သွားတာ ဖြစ်ပါတယ်။ အခုဆို လုပ်အားပေးဖို့အတွက် ဘယ်သူမှ မလိုက်ဝံ့အောင်ကို ဖြစ်နေတာပါ။ ကျနော်တို့က မုန်တိုင်းဒဏ်လည်းခံရတယ် ၊ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်လည်း ခံနေရပါတယ်” ဟု ဒေသခံက မဇ္ဈိမကိုပြောသည်။

မေလ ၁၈ ရက်နေ့ မွန်းလွဲ ၂နာရီအချိန်ကလည်း ယင်းမာပင်မြို့နယ်၊ချောင်းမကျေးရွာ စာသင်ကျောင်းအား ‌စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥3🤬1