Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
ဂျီဟတ်ဝါဒီ ၂၃ ဦးကို လစ်ဗျားတရားရုံးက သေဒဏ်ချမှတ်

#internationalnews #reels #shorts
👍9🔥3👏2
​​မိုခါ နောက်ဆက်တွဲ မုတ်သုံချည်းကပ်လာ၍ အချိန်က စိုးရိမ်စရာ အရေးကြီးနေ
======================

မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီး အရေးကြီးတဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေကို နှောင့်နှေးအောင်နဲ့ ပိတ်ဆို့ထားနိုင်အောင် မြန်မာစစ်ကောင်စီရဲ့ ရှုပ်ထွေးပြီး ကဖျက်ကယက်နိုင်တဲ့ အားထုတ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ သဘာဝဘေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှု ပေါင်းစုံကြုံတွေ့နေရတာဟာဆိုရင် စိတ်သောကဖြစ်စရာ အခင်းအကျင်းအဖြစ်နဲ့ ရှိနေပါတယ်။
👍5😢4🔥3
​​ဖိလစ်ပိုင်တွင် ရေဒီယိုဂျာနယ်လစ် ၁ ဦး အသတ်ခံရ
=======================

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် မေလ ၃၁ ရက်က ရေဒီယို အစီအစဉ် တင်ဆက်ဆွေးနွေးသူတစ်ဦး ၎င်း၏ နေအိမ်အပြင်ဘက်၌ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ထိုဖြစ်စဉ်သည် နိုင်ငံတွင် ဂျာနယ်လစ်များ အသတ်ခံရမှုများ၏ ရှည်လျားသည့်စာရင်းတစ်ခုတွင် နောက်ထပ် ဖြစ်ပေါ်လာသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။
👍5👎1🔥1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းလေယာဥ်ကွင်းတွေအပါအ၀◌င် ပစ်မှတ်အားလုံးကို ထိမှန်ခဲ့ကြောင်း ရုရှားပြော

https://www.facebook.com/reel/240966538557407/?s=single_unit

#Internationalnews #Mizzima #Ukraine #Russia #Reels #Shorts
😁3👍2👏2🤬1
ကျုံဒိုးမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ အရပ်သား ထိခိုက်၊ သေဆုံးမှုရှိ
🤬4🔥2😭2
ကျုံဒိုးမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ အရပ်သား ထိခိုက်၊ သေဆုံးမှုရှိ
=====================

YT
(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒုံးမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်များသည် ယခင်ကထက် နေ့ရော၊ ညပါ ခပ်စိပ်စိပ် ရှိလာနေပြီး အရပ်သား ထိခိုက်၊ သေဆုံးမှုများလည်း ရှိနေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

မေလ ၃၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်မှစ၍ ကျုံဒိုးမြို့ အခြေစိုက် ခမရ (၅၄၅) တပ်မှ လက်နက်ကြီးများဖြင့် နီးစပ်ရာများသို့ ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးကျည်ထိမှန်ပြီး ကျုံဒိုးမြို့၊ သရက်တောကျေးရွာမှ ဒေသခံတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

" ညောင်ရိပ်နဲ့ ကမ်းနီသွားတဲ့လမ်း၊ သရက်တောရွာ အပြင်ဘက် ဘုရားနှစ်ဆူနားမှာ လက်နက်ကြီးကျတာ၊ လမ်းပေါ်မှာ လူက၊ လူနာဆေးခန်းသွားပို့ရင်း အပြန်ဘေးတွဲဆိုင်ကယ် မောင်းပြီးပြန်လာတော့ လမ်းမှာထိတာ" ဟု ကျုံဒိုးမြို့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
သေဆုံးသွားသူသည် အသက် (၅၀) ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လူနာသွားပို့ရာမှ ဘေးတွဲဆိုင်ကယ်မောင်း၍ ပြန်လာစဉ် သရက်တောကျေးရွာ အပြင်ဘက် ဘုရားနှစ်ဆူ အနီးအရောက်မှာ လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားခြင်းဖြစ်ကြောင်း နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့၊ ည ၈ နာရီအချိန်ကလည်း ကျုံဒိုးမြို့ အခြေစိုက် ခမရ (၅၄၆) တပ်မှ ကော့ကာကျေးရွာအတွင်းသို့ ၁၂၀ မမ၊ ၁၀၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးအမျိုးအစားများဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်ခြောက်လုံး ပျက်စီးသွားသည်ဟု KNU တပ်ဟာ (၆) က မေလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုလက်နက်ကြီးကြောင့် ဒဏ်ရာရသူများမှာ ကျုံဒိုးမြို့နယ်၊ ကော့ကာကျေးရွာမှ အသက် ၅၇ နှစ်အရွယ်ရှိ ဒေါ်သိန်းရွှေ၊ အသက် ၁၅ နှစ်အရွယ် စောထိန်လင်းအောင်နှင့် အသက် ၂၁ နှစ်အရွယ်ရှိ နော်အေးမာန်ထက် တို့ဖြစ်ပြီး ဒဏ်ရာမစိုးရိမ်ရကြောင်း သိရသည်။
ထို့အပြင် မေလ ၂၈ ရက်နေ့၊ ည ၁၀ ဝန်းကျင်ကလည်း ကော့ကရိတ်မြို့နယ်၊ မြောက်ပိုင်းရှိ သုံးထပ်ကွေ့ ဝါးစခန်း၊ စေတီကုန်းသို့ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဘုရားကုန်းရှိ စေတီများ၊ ဘုရားရုပ်တုများနှင့် ဘုန်းကြီးကျောင်း အဆောက်အအုံများ ပျက်ဆီးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်ရှိ ကော့ကရိတ် မြို့နယ်နှင့် ကျုံဒိုးမြို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က နေ့ညမရွေး လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်နေကြောင်း ဆိုသည်။

"လအတော်ကြာပြီ၊ တိုက်ပွဲဖြစ်တာမရှိဘဲ သူတို့ နေ့ရောညပါ ထုချင်တဲ့ အချိန် ထထုနေကြတာ၊ ဒေသခံပြည်သူတွေက ဘာမှ မပြောရဲကြတော့ဘူးလေ ဒီအချိန်၊ သိရသလောက်တော့ မနေ့ည ကတည်းကနေ ဒီနေ့အထိ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီတစ်နယ်လုံးကို လက်နက်ကြီးနဲ့ ထုနေတာ၊ လေကြောင်းတော့ ပုံမှန်ရှိနေတယ်" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေလ၂၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကျိုက်ဒုံမြို့နယ်၊ ရပ်ကွက် (၁) ရှိ နေအိမ်တစ်အိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုအိမ်တွင် နေထိုင်သော အသက် (၁၅) နှစ်အရွယ် စောသန်းနိုင်ဦးသည် လည်ပင်းတွင် ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် နေရာ၌ပင် သေဆုံးခဲ့သည်။

၎င်း၏ ညီငယ်ဖြစ်သူ အသက်ခုနစ်နှစ်အရွယ်ရှိ မောင်စန်းဦး၏ ခန္ဓာကိုယ်၌လည်း လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့သည်။

စာတည်း။ ။ နောင်နောင်

#ကျုံဒိုးမှာစကစလက်နက်ကြီးပစ်
#အရပ်သားသေ
#ကော့ကရိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢6😁2👍1🔥1🤬1
စစ်ကောင်စီတပ်သားအင်အား ၂ သိန်းခွဲအောက်သာရှိကြောင်း NUG ထုတ်ပြန်
====================

အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်အင်အားဟာ အများဆုံး ၂ သိန်း၄ သောင်းဝန်းကျင်သာရှိတော့တယ်လို့ NUG အစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ တပ်သားအင်အားဟာ တိုက်ခိုက်ရေးတပ်တွေ နဲ့ လက်ရုံးတပ်တွေ ပေါင်းမှ နှစ်သိန်းနှစ်သောင်း ကျော်ကနေ နှစ်သိန်းလေးသောင်း ကြားမှာပဲ ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားတာဖြစ်ပါတယ်။

https://youtu.be/I-FpxmVOnyU

#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁4👏3
ထားဝယ်မြို့တွင် ညကင်းလှည့်နေသည့် စစ်ကောင်စီတပ် ပစ်ခတ်၍ ခွေးစာကျွေးနေသည့် အမျိုးသား ၂ ဦးသေဆုံး
🤬4🔥3😢1
ထားဝယ်မြို့တွင် ညကင်းလှည့်နေသည့် စစ်ကောင်စီတပ် ပစ်ခတ်၍ ခွေးစာကျွေးနေသည့် အမျိုးသား ၂ ဦးသေဆုံး
====================

ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း ၊ ထားဝယ်မြို့ပေါ်တွင် ယမန်နေ့ မေလ ၃၀ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်၍ ခွေးစာကျွေးနေသည့် ဒေသခံ အမျိုးသား နှစ်ဦးသေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

ထားဝယ်မြို့နယ်၊ ဇရစ်ရပ်ကွက် နေ အသက် ၂၀ နှစ်နှင့် ၂၀ နှစ် ဝန်းကျင်ရှိ လူငယ် အမျိုးသား နှစ်ဦး သည် ဘုမ္မော်ရပ်ကွက်နှင့် စောမိညိုလမ်းဆုံတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု ဘုမ္မော်ရပ်ကွက်နေ ဒေသခံ အမျိုးသား တစ်ဦးက ပြော သည်။

ဘုမ္မော်ရပ်ကွက်နေ ဒေသခံ တစ်ဦးက“ညက ပစ်ခတ်မှုမှာ သေနတ် အချက်ရေ ၅၀ နီးပါးလောက် ရှိတယ်။ ပေါက်ကွဲသံမျိုးတော့ မဟုတ်ဘူး။ ပုံမှန် နေ့တိုင်း ခွေးတွေ အစာလာကြွေးနေတဲ့ လူငယ် နှစ်ဦးကို ပစ်ခတ်လိုက်တယ်လို့ သိရတယ်”ဟု ပြော သည်။
ဘုမ္မော်ရပ်ကွက်နှင့် စောမိညိုလမ်းဆုံ တစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ ကင်းပုန်းဝပ်နေသည့် နေရာလည်း ရှိကြောင်း ဒေသခံများထံက သိရသည်။

“ညဘက် သွားလာသူတွေကို သူတို့ တမင် သက်သက်မဲ့ ပစ်ခတ်တာမျိုးပါ ။ UG တွေလည်း မဟုတ်ပါဘူး”လို့ ထားဝယ်မြို့ခံ နောက် တစ်ဦးက ပြော သည်။

လက်ရှိတွင်သေဆုံးခဲ့သည့် အမျိုးသား နှစ်ဦး၏ အလောင်းကို မိသားစုဝင်များထံ စစ်ကောင်စီက ပို့ဆောင်ပေးခြင်း ရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ် သည်။

#Mizzima
#အမျိုးသား ၂ ဦးသေဆုံး
#ထားဝယ်မြို့
(ပုံ) ထားဝယ်မြို့နဲ့ သက်ဆိုင်သော ပုံများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12👍3🔥2😁2
ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများ၏ နေအိမ်ကို ဝင်ရောက်ဖျက်ဆီး
🤬10😁3❤2👍1🔥1