Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ပိုလန်ပါလီမန်က ရုရှား ြသဇာလွှမ်းမိုးမှုနဲ့ ပတ်သက်ပြီး စုံစမ်းရေးစတင်

https://www.facebook.com/reel/258777916732180/?s=single_unit

#Internationalnews #Poland #Mizzima #Reels #Shorts
😁3👍2
"ခမရ( ၃၆၁) စစ်ကြောင်းက ကန့်ဘလူခရိုင်အတွင်း ရွာစဉ်လှည့်ပြီး မီးပတ်ရိူ့ "
=====================

KMN (မဇ္ဈိမ)။ ။ စစ်ကောင်စီလက်အောက်ခံ ခမရ (၃၆၁) ခြေမြန်တပ်ရင်း စစ်ကြောင်းဟာ မေလအတွင်းမှာ ကန့်ဘလူခရိုင်အတွင်းက ကန့်ဘလူ၊ကျွန်းလှမြို့နယ် ကျေးရွာတွေကို လှည့်လှည်ပြီး မီးရိူ့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မေလ ၂၉ ရက်နဲ့ ၃၀ ရက်နေ့ နှစ်ရက်အတွင်းမှာ စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်အတွင်းရှိ သံပုရာပင်စု၊လွှတ်တိုက်၊ဆွဲလှဲ နဲ့ မဒေါင်ကျေးရွာ လေးရွာကို မီးရိူ့ခဲ့တာကြောင့် ပြည်သူပိုင်နေအိမ် ၂၅ လုံး၊စပါးတိုက် သုံးလုံးနဲ့ ကျေးလက်ဆေးပေးခန်းတစ်ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ခံကမဇ္ဈိမကို ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

https://youtu.be/GlYfsqzGOPA

#Mizzima
#ကျွန်းလှ
#ကန့်ဘလူ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤2🔥2🤬2😁1
Business Round Up (31 May 2023)
=====================

- ၃ နှစ်အတွင်း သီလဝါအထူးစီပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုအသစ် ဝင်ရောက်ခြင်းမရှိခဲ့

- မီဇိုးရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအလုပ်အကိုင်ရှားပါး၍ စားဝတ်နေရေးပိုမိုခက်ခဲလာ

- ရော်ဘာအရည်အသွေးကျဆင်းလာတာကြောင့် ပြည်ပနိုင်ငံတချို့ဝယ်ယူမှုရပ်နား

- ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ ဇူလိုင် ၃၁ ရက်အထိ အခမဲ့ သက်တမ်းတိုးခွင့် ရရှိ

https://youtu.be/eoY_ijSqJEY

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁3
This media is not supported in your browser
VIEW IN TELEGRAM
ဆူဒန်မှာ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးလိုက်ပြီး ကူညီကယ်ဆယ်ရေးတွေ တိုးမြှင့်လုပ်ဆောင်

https://www.facebook.com/reel/1612776505868929/?s=single_unit

#Internationalnews #Mizzima #Reels #Shorts
👏4🔥3
မေလ ၃၁ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2❤1
မုံရွာ- ယာကြီး လမ်းပိုင်း မိုင်တိုင် ၂၈ အနီးရှိ နေအိမ်များကို စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်
😢8🔥1👏1
မုံရွာ- ယာကြီး လမ်းပိုင်း မိုင်တိုင် ၂၈ အနီးရှိ နေအိမ်များကို စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်
====================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ မုံရွာ- ယာကြီးလမ်းပိုင်း မိုင်တိုင် -၂၈ အနီး ရှိ နေအိမ်များကို စစ်ကောင်စီတပ်က မေလ ၃၁ ရက် နံနက် ၁၁ နာရီ အချိန်ခန့်တွင် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် အကြောင်းမဲ့ လေကြောင်းသုံး တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ ရဟတ်ယာဉ် က သုံးပတ်ဝဲ ပြီးတော့ စက်သေနတ် နဲ့ ကားလမ်းစပ် တစ်လျှောက် ပစ်သွားတယ် ။ ဒါ့အပြင် လက်နက်ကြီးတွေနဲ့ပါ ၁၀ ချက်လောက် ပစ်ခတ်သွားတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ၂၈ မိုင် အနီးရှိ ကုန်စုံဆိုင် တစ်ခု ပျက်စီးခဲ့ပြီး ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်က အကြောင်းမဲ့ လေကြောင်းသုံး တိုက်ခိုက်နေမှုများကြောင့် အညာဒေသခံ ပြည်သူများ စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ အကြမ်းဖက် စစ်တပ်က လေကြောင်းသုံးပြီး ဆက်တိုက် တိုက်ခိုက်နေတော့ ကိုယ့်အိမ်ထဲမှာ နေနေရတာက်ို လုံခြုံတယ်လို့ မခံစားရဘူး။ ကလေးတွေ ကျောင်းသွားရင်လည်း အိမ်ပြန်မရောက်ချင်း စိတ်ပူနေရတယ်။ လေယာဉ်လာပြီ ဆိုရင်ကို ဒူးတွေတုန်ပြီး ကြောက်လန့်နေရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ဆိုသည်။

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်က ဧပြီလအတွင်း လေကြောင်းသုံး တိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မုံရွာ- ယာကြီး လမ်းပိုင်း
#မိုင်တိုင် ၂၈
#လေကြောင်းသုံးတိုက်ခိုက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢7🤬4👍2🔥2😁1
​​မြန်မာနိုင်ငံက ရထားလမ်းစီမံကိန်းအတွက် ဖွံ့ဖြိုးရေး အကူအညီကို ဂျပန် ရုပ်သိမ်း
=====================

ပြီးခဲ့သည့် ဆယ်နှစ်တာအတွက် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတအဖြစ် ရှိနေခဲ့သော မြန်မာနိုင်ငံမှ အဓိက ရထားလမ်းစီးမံကိန်းအတွက် တရားဝင် ဖွံ့ဖြိုးရေး အကူအညီ (ODA) ကို ဂျပန်နိုင်ငံက ပြန်လည်ရုပ်သိမ်းပြီ ဖြစ်သည်။
👍14🔥3
စစ်ကိုင်းဖိုရမ် ကျင်းပပြီးစီး၊ စစ်ကိုင်းတိုင်း အခြေစိုက် တော်လှန်ရေးအင်အားစုအများအပြား ဖိုရမ်သို့တက်ရောက်
❤17👍2😁2
စစ်ကိုင်းဖိုရမ် ကျင်းပပြီးစီး၊ စစ်ကိုင်းတိုင်း အခြေစိုက် တော်လှန်ရေးအင်အားစုအများအပြား ဖိုရမ်သို့တက်ရောက်
====================

ရောင်နီ
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်းအခြေပြုတော်လှန်ရေးအင်အားစုများဉီး‌ဆောင်ပြီး ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် စစ်ကိုင်းဖိုရမ်အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပြီး နိုင်ငံရေးအရွေ့သို့ရောက်အောင် ထပ်မံကျင်းပသွားမည်ဟု ဖိုရမ်‌ဖြစ်မြောက်ရေးကော်မတီ ကိုအောင်ဆန်းက မဇ္ဈိမကိုပြောသည်။

စစ်ကိုင်းဖိုရမ်ကို ယမန်နေ့မေလ ၃၀ ရက်နှင့် ယနေ့မေလ ၃၁ရက်တွင် အွန်လိုင်းမှတဆင့် zoom meetingဖြင့် နှစ်ရက်ဆက် ကျင်းပခဲ့ခြင်းဖြစ်သည်။

" ခုခံစစ်ကို စစ်ကိုင်းတိုင်းကစခဲ့တယ်။အခက်အခဲမျိုးစုံကို ကျော်ဖြတ်ခဲ့ပြီး အခု အင်အားစုတွေ အများအပြားပါဝင်တဲ့ ဖိုရမ်ကို ကျင်းပနိုင်ခဲ့တယ်။ ဒါကနေတဆင့် နိုင်ငံရေးအရွေ့တစ်ခုဖြစ်လာဖို့ မျှော်လင့်ထားတယ်" ဟုကိုအောင်ဆန်းက ပြောသည်။

စစ်ကိုင်းဖိုရမ်ကို စစ်ကိုင်းတိုင်းအခြေပြု တော်လှန်ရေးအင်အားအစုအဖွဲ့ ၂၀၀ နီးပါးအထိ တက်ရောက်ခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် အထွေထွေကိစ္စရပ်များကို အခြေခံ ဆွေးနွေးခဲ့သည်ဟုယင်းဖိုရမ်တက်ရောက်ခဲ့သည့် တော်လှန်ရေးအင်အားစုများကပြောသည်။

" တော်လှန်ရေးက တဆင့်ချင်း ပြောင်းလဲလာတဲ့ သဘောတရားမှာ ပိုပြီးကောင်းလာနိုင်မယ့် အရွေ့တွေကို တိုးတက်ပြောင်းလဲလာပြီလို့ မျှော်လင့်တယ်"ဟု ဖိုရမ်ကိုတက်ရောက်ခဲ့သည့် စစ်ကိုင်းတိုင်း‌ဒေသကြီး မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM တာဝန်ခံကိုနွေဦးကပြောသည်။

တော်လှန်ရေးနှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံး အကြိမ် ကျင်းပသည့် စစ်ကိုင်းဖိုရမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအ၀င် အဖွဲ့အစည်းအသီးသီးကလည်း သ၀ဏ်လွှာများ ပေးပို့ခဲ့ကြသည်။

NUGက ပေးပို့သည့်သ၀ဏ်လွှာတွင် လက်ရှိကျင်းပနေသည့် စစ်ကိုင်းဖိုရမ်သည် တော်လှန်ရေး အောင်မြင်ရေးအတွက် အရေးကြီးသော အထောက်အပံ့ကောင်း ဖြစ်ပါစေကြောင်းနှင့် ပြင်ပပယောဂများမပါဘဲ မိမိတို့ဒေသအခြေအနေနှင့်ကိုက်ညီသောရလဒ်များကို ဆွေးနွေးအဖြေရှာနိုင်ကြစေရန် ဆန္ဒပြုကြောင်း ဖော်ပြသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း စစ်ကိုင်းတိုင်းကို ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ပါ၀င်ကန် မျှော်လင့်ပြီး ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတွင် အတူတကွ လက်တွဲဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း စစ်ကိုင်းဖိုရမ်သို့ မေလ ၃၀ရက်က ပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ထို့အပြင် မြေပေါ် မြေအောက် တော်လှန်ရေးအဖွဲ့အစည်းများ၊ သပိတ်ကော်မတီများအပြင် အခြားအဖွဲ့အစည်း အသီးသီးကလည်း တော်လှန်ရေးနှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံး ကျင်းပသည့် စစ်ကိုင်းဖိုရမ်ကို ကြိုဆိုကြောင်း သ၀ဏ်လွှာများပေးပို့ခဲ့ကြသည်။

96 Soldiers - PDF အညာဒေသတပ်ခွဲမှ ကိုဇေယျာလွင်က “ စုပေါင်းပြီးတိုင်ပင်ဖို့ လိုအပ်နေတဲ့အချိန်မှာ အခုလိုစုဝေးပြီး ရှိနေတဲ့ အခြေအနေတွေကိုပြောဆိုဆွေးနွေးတိုင်ပင်ကြတဲ့အတွက် ဒါဟာအပေါင်းလက္ခဏာဆောင်တဲ့လုပ်ဆောင်ချက်ဖြစ်တယ်လို့မြင်ပါတယ်” ဟု စစ်ကိုင်းဖိုရမ်ကျင်းပခဲ့သည့်အပေါ် မှတ်ချက်ပြုသည်။

စစ်ကိုင်းတိုင်းသည် အာဏာသိမ်း စစ်တပ်အား လက်နက်ကိုင် ခုခံတိုက်ခိုက်မှုအားကောင်းသည့် ဒေသဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရေး စတင်အခြေပြခဲ့သည့် ဒေသဖြစ်သည်။မြေပြင်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အများစု ပါ၀င်သည့် ဖိုရမ်ကျင်းပနိုင်သည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။

" ပထမဆုံး ကျင်းပတဲ့ ဖိုရမ်ကို တော်လှန်ရေးအင်အားစုတွေ၊ သပိတ်ကော်မတီ‌တွေ လာတက်ကြတယ်။ တော်လှန်ရေးအင်အားစုတွေတော်တော်များများကိုစုစည်းနိုင်ခဲ့တယ်။ နောက်ထပ်လည်း ထပ်လုပ်နိုင်ဖို့ ကြိုးစားမယ်။ ဒီကနေ ဖက်ဒရယ်ပြည်‌ထောင်စုကိုသွားမယ်"ဟု စစ်ကိုင်းဖိုရမ်‌ဖြစ်မြောက်ရေးကော်မတီ ကိုအောင်ဆန်းက ပြောသည်။

စာတည်း - မောင်ကြီး

#mizzima
#စစ်ကိုင်းဖိုရမ်
#ကျင်းပပြီးစီး
#နိုင်ငံရေးအရွေ့
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤17👍4😁2