Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မုံရွာ- ယာကြီး လမ်းပိုင်း မိုင်တိုင် ၂၈ အနီးရှိ နေအိမ်များကို စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်
====================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ မုံရွာ- ယာကြီးလမ်းပိုင်း မိုင်တိုင် -၂၈ အနီး ရှိ နေအိမ်များကို စစ်ကောင်စီတပ်က မေလ ၃၁ ရက် နံနက် ၁၁ နာရီ အချိန်ခန့်တွင် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် အကြောင်းမဲ့ လေကြောင်းသုံး တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ ရဟတ်ယာဉ် က သုံးပတ်ဝဲ ပြီးတော့ စက်သေနတ် နဲ့ ကားလမ်းစပ် တစ်လျှောက် ပစ်သွားတယ် ။ ဒါ့အပြင် လက်နက်ကြီးတွေနဲ့ပါ ၁၀ ချက်လောက် ပစ်ခတ်သွားတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ၂၈ မိုင် အနီးရှိ ကုန်စုံဆိုင် တစ်ခု ပျက်စီးခဲ့ပြီး ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်က အကြောင်းမဲ့ လေကြောင်းသုံး တိုက်ခိုက်နေမှုများကြောင့် အညာဒေသခံ ပြည်သူများ စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ အကြမ်းဖက် စစ်တပ်က လေကြောင်းသုံးပြီး ဆက်တိုက် တိုက်ခိုက်နေတော့ ကိုယ့်အိမ်ထဲမှာ နေနေရတာက်ို လုံခြုံတယ်လို့ မခံစားရဘူး။ ကလေးတွေ ကျောင်းသွားရင်လည်း အိမ်ပြန်မရောက်ချင်း စိတ်ပူနေရတယ်။ လေယာဉ်လာပြီ ဆိုရင်ကို ဒူးတွေတုန်ပြီး ကြောက်လန့်နေရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ဆိုသည်။

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်က ဧပြီလအတွင်း လေကြောင်းသုံး တိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မုံရွာ- ယာကြီး လမ်းပိုင်း
#မိုင်တိုင် ၂၈
#လေကြောင်းသုံးတိုက်ခိုက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢7🤬4👍2🔥2😁1
​​မြန်မာနိုင်ငံက ရထားလမ်းစီမံကိန်းအတွက် ဖွံ့ဖြိုးရေး အကူအညီကို ဂျပန် ရုပ်သိမ်း
=====================

ပြီးခဲ့သည့် ဆယ်နှစ်တာအတွက် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတအဖြစ် ရှိနေခဲ့သော မြန်မာနိုင်ငံမှ အဓိက ရထားလမ်းစီးမံကိန်းအတွက် တရားဝင် ဖွံ့ဖြိုးရေး အကူအညီ (ODA) ကို ဂျပန်နိုင်ငံက ပြန်လည်ရုပ်သိမ်းပြီ ဖြစ်သည်။
👍14🔥3
စစ်ကိုင်းဖိုရမ် ကျင်းပပြီးစီး၊ စစ်ကိုင်းတိုင်း အခြေစိုက် တော်လှန်ရေးအင်အားစုအများအပြား ဖိုရမ်သို့တက်ရောက်
❤17👍2😁2
စစ်ကိုင်းဖိုရမ် ကျင်းပပြီးစီး၊ စစ်ကိုင်းတိုင်း အခြေစိုက် တော်လှန်ရေးအင်အားစုအများအပြား ဖိုရမ်သို့တက်ရောက်
====================

ရောင်နီ
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်းအခြေပြုတော်လှန်ရေးအင်အားစုများဉီး‌ဆောင်ပြီး ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် စစ်ကိုင်းဖိုရမ်အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပြီး နိုင်ငံရေးအရွေ့သို့ရောက်အောင် ထပ်မံကျင်းပသွားမည်ဟု ဖိုရမ်‌ဖြစ်မြောက်ရေးကော်မတီ ကိုအောင်ဆန်းက မဇ္ဈိမကိုပြောသည်။

စစ်ကိုင်းဖိုရမ်ကို ယမန်နေ့မေလ ၃၀ ရက်နှင့် ယနေ့မေလ ၃၁ရက်တွင် အွန်လိုင်းမှတဆင့် zoom meetingဖြင့် နှစ်ရက်ဆက် ကျင်းပခဲ့ခြင်းဖြစ်သည်။

" ခုခံစစ်ကို စစ်ကိုင်းတိုင်းကစခဲ့တယ်။အခက်အခဲမျိုးစုံကို ကျော်ဖြတ်ခဲ့ပြီး အခု အင်အားစုတွေ အများအပြားပါဝင်တဲ့ ဖိုရမ်ကို ကျင်းပနိုင်ခဲ့တယ်။ ဒါကနေတဆင့် နိုင်ငံရေးအရွေ့တစ်ခုဖြစ်လာဖို့ မျှော်လင့်ထားတယ်" ဟုကိုအောင်ဆန်းက ပြောသည်။

စစ်ကိုင်းဖိုရမ်ကို စစ်ကိုင်းတိုင်းအခြေပြု တော်လှန်ရေးအင်အားအစုအဖွဲ့ ၂၀၀ နီးပါးအထိ တက်ရောက်ခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် အထွေထွေကိစ္စရပ်များကို အခြေခံ ဆွေးနွေးခဲ့သည်ဟုယင်းဖိုရမ်တက်ရောက်ခဲ့သည့် တော်လှန်ရေးအင်အားစုများကပြောသည်။

" တော်လှန်ရေးက တဆင့်ချင်း ပြောင်းလဲလာတဲ့ သဘောတရားမှာ ပိုပြီးကောင်းလာနိုင်မယ့် အရွေ့တွေကို တိုးတက်ပြောင်းလဲလာပြီလို့ မျှော်လင့်တယ်"ဟု ဖိုရမ်ကိုတက်ရောက်ခဲ့သည့် စစ်ကိုင်းတိုင်း‌ဒေသကြီး မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM တာဝန်ခံကိုနွေဦးကပြောသည်။

တော်လှန်ရေးနှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံး အကြိမ် ကျင်းပသည့် စစ်ကိုင်းဖိုရမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအ၀င် အဖွဲ့အစည်းအသီးသီးကလည်း သ၀ဏ်လွှာများ ပေးပို့ခဲ့ကြသည်။

NUGက ပေးပို့သည့်သ၀ဏ်လွှာတွင် လက်ရှိကျင်းပနေသည့် စစ်ကိုင်းဖိုရမ်သည် တော်လှန်ရေး အောင်မြင်ရေးအတွက် အရေးကြီးသော အထောက်အပံ့ကောင်း ဖြစ်ပါစေကြောင်းနှင့် ပြင်ပပယောဂများမပါဘဲ မိမိတို့ဒေသအခြေအနေနှင့်ကိုက်ညီသောရလဒ်များကို ဆွေးနွေးအဖြေရှာနိုင်ကြစေရန် ဆန္ဒပြုကြောင်း ဖော်ပြသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း စစ်ကိုင်းတိုင်းကို ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ပါ၀င်ကန် မျှော်လင့်ပြီး ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတွင် အတူတကွ လက်တွဲဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း စစ်ကိုင်းဖိုရမ်သို့ မေလ ၃၀ရက်က ပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ထို့အပြင် မြေပေါ် မြေအောက် တော်လှန်ရေးအဖွဲ့အစည်းများ၊ သပိတ်ကော်မတီများအပြင် အခြားအဖွဲ့အစည်း အသီးသီးကလည်း တော်လှန်ရေးနှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံး ကျင်းပသည့် စစ်ကိုင်းဖိုရမ်ကို ကြိုဆိုကြောင်း သ၀ဏ်လွှာများပေးပို့ခဲ့ကြသည်။

96 Soldiers - PDF အညာဒေသတပ်ခွဲမှ ကိုဇေယျာလွင်က “ စုပေါင်းပြီးတိုင်ပင်ဖို့ လိုအပ်နေတဲ့အချိန်မှာ အခုလိုစုဝေးပြီး ရှိနေတဲ့ အခြေအနေတွေကိုပြောဆိုဆွေးနွေးတိုင်ပင်ကြတဲ့အတွက် ဒါဟာအပေါင်းလက္ခဏာဆောင်တဲ့လုပ်ဆောင်ချက်ဖြစ်တယ်လို့မြင်ပါတယ်” ဟု စစ်ကိုင်းဖိုရမ်ကျင်းပခဲ့သည့်အပေါ် မှတ်ချက်ပြုသည်။

စစ်ကိုင်းတိုင်းသည် အာဏာသိမ်း စစ်တပ်အား လက်နက်ကိုင် ခုခံတိုက်ခိုက်မှုအားကောင်းသည့် ဒေသဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရေး စတင်အခြေပြခဲ့သည့် ဒေသဖြစ်သည်။မြေပြင်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အများစု ပါ၀င်သည့် ဖိုရမ်ကျင်းပနိုင်သည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။

" ပထမဆုံး ကျင်းပတဲ့ ဖိုရမ်ကို တော်လှန်ရေးအင်အားစုတွေ၊ သပိတ်ကော်မတီ‌တွေ လာတက်ကြတယ်။ တော်လှန်ရေးအင်အားစုတွေတော်တော်များများကိုစုစည်းနိုင်ခဲ့တယ်။ နောက်ထပ်လည်း ထပ်လုပ်နိုင်ဖို့ ကြိုးစားမယ်။ ဒီကနေ ဖက်ဒရယ်ပြည်‌ထောင်စုကိုသွားမယ်"ဟု စစ်ကိုင်းဖိုရမ်‌ဖြစ်မြောက်ရေးကော်မတီ ကိုအောင်ဆန်းက ပြောသည်။

စာတည်း - မောင်ကြီး

#mizzima
#စစ်ကိုင်းဖိုရမ်
#ကျင်းပပြီးစီး
#နိုင်ငံရေးအရွေ့
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤17👍4😁2
​​ရွှေဘိုတွင် စစ်ကြောင်းထိုးရန် ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ အထိအခိုက်မသိရသေး
=================

ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တွင် စစ်ကြောင်းထိုးရန်ထွက်လာသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Black Wolf Army တပ်ဖွဲ့တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။

ယမန်နေ့ မေလ ၃၀ ရက်၊ ညနေ ၆ နာရီခွဲ၀န်းကျင်အချိန်က ရွေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်၊ ဆယ့်သုံးမိုင်ကျေးရွာမှ စစ်ကြောင်းထိုးရန် ထွက်ခွာလာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ကို ၀က်လက်မြို့နယ်၊ စခန်းသာကျေးရွာအရောက်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ၀က်လက် စခန်းသာ ကျေးရွာအရောက်မှာ ဒရုန်း တိုက်ခိုက်ခဲ့တာပါ။ ဗုံးသီး ခုနစ်လုံးချပြီး တိုက်ခိုက်တာ ဖြစ်ပါတယ် ” ဟု Black Wolf Army တပ်ဖွဲ့တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။
ဗုံးသီးချ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ၄င်းက ဆိုသည်။

ထို့အပြင် မေလ ၂၈ ရက်နေ့ကလည်း ၀က်လက်မြို့နယ်၊ ဟန်လင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
“ ၀က်လက်နယ်၊ ဟန်လင်းရွာမှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့တာမှာ သူတို့ရဲ့ နေရာတချို့ပျက်စီးပြီး ဘန်ကာတစ်ခု ပွင့်ထွက်သွားတယ်။” ဟု Black Wolf Army တာ၀န်ရှိသူက ဆက်ပြောသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာထိခိုက်ပျက်စီးမှုများ အပြင် တပ်သား လေးဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် မေလ ၁၆ ရက် ရက်နေ့ကလည်း ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ် သုံးဦးသေဆုံးခဲ့ကြောင်းလည်း Black Wolf Army က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုများကို Black Wolf Army တပ်ဖွဲ့ နှင့်အတူ Who Am I Army၊ ပြည်သူ့အစေခံတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အခြေအနေနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက်ရယူနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

ရွှေဘိုခရိုင်အတွင်း အခြေစိုက်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ ပြုလုပ်နေသည့် Black Wolf Army က “ နွေပူအညာမဲ ဝံပုလွေအောင်ပွဲ" အမည်ဖြင့် ကမ်ပိန်းတစ်ခုကိုလည်း ပြုလုပ်နေသည်။
အဆိုပါ ကမ်ပိန်းမှ မဲလက်မှတ်တစ်စောင်ကို မြန်မာကျပ်ငွေ တစ်သောင်းခွဲဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ပြီး ရရှိလာသည့် အလှူငွေများအား စစ်လက်နက်၀ယ်ယူ ဖြည့်တင်းရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

“ "နွေပူအညာက ဝံပုလွေစနိုက်ပါ" ရက် ၃၀ Campaign ကတော့ မအောင်မြင်ခဲ့ပါဘူး။ အခု ထပ်လုပ်မယ့် ကမ်ပိန်းတော့ အောင်မြင်ဖို့ မျှော်လင့်ပါတယ်။ ပြည်သူတွေ ပါ၀င်လှုဒါန်းပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု တပ်ဖွဲ့ တာ၀န်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနီးတ၀ိုက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ၀င်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေပြီး ဖမ်းဆီးခံရမှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို Black Wolf Army နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက မေလ ၁ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ တိုက်ခိုက်မှုအကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ကြောင်း မဇ္စျိမကို ပြောကြားထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
# Black Wolf Army
#ဒရုန်းဖြင့်တိုက်ခိုက်ခံရ
#ရွှေဘိုမြို့
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁2❤1
သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး အပါအ၀င် ၅ ဦး ဒဏ်ရာရ
🔥7😢5😁1
သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး အပါအ၀င် ၅ ဦး ဒဏ်ရာရ
========================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်တစ်ဝိုက်တွင် စစ်ကောင်စီတပ်များ​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး အပါအ၀င် ငါးဦးဒဏ်ရာရကာ ဒေသခံများ၏ နေအိမ် နှင့် ဆေးခန်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ရှိနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။

ယနေ့ မေလ ၃၁ ရက်၊ နေ့လယ် ၁ နာရီ ဝန်းကျင်တွင် သံတောင်မြို့ ၁၃ မိုင်ရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးကျည်များကို ဘောဂလိမြို့အတွင်းဘက်သို့ ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်ထိမှန်၍ ၁၀ နှစ်အအောက် ကလေးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူ ထိခိုက်ဒဏ်ရာရခဲ့ကာ ၎င်းတို့​၏ နေအိမ် ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

" ဘောဂလိမြို့ထဲ မွန်းလွဲတစ်နာရီမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ချတယ်။ ကလေးအမေတစ်ယောက်နဲ့ ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ထို့အပြင် ယမန်နေ့ မေလ ၃၀ ရက်နေ့နှင့် မေလ ၂၉ ရက်နေ့ ညနေပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သံတောင်မြို့ ၁၃ မိုင် စစ်ကောင်စီတပ်နှင့် ခုနစ်မိုင်စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သံတောင်မြို့ ၁၃ မိုင်၊ ရပ်ကွက် (၄) တွင် နေထိုင်သော ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ တောင်ငူဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

" ၃၀ ရက်နေ့က စစ်မဖြစ်တော့ဘဲနဲ့ တပ်စခန်းက လှမ်းထုတာ။ ခြောက်ခန်းတွဲ ရပ်ကွက် (၄) ထဲကျပြီး လူငယ်တစ်ဦးကိုထိတယ်။ အဲ့ဒီလူငယ်က ပြင်းထန်ဒဏ်ရာနဲ့ တောင်ငူကို ပို့ထားရတယ်။ အဲ့ဒီလူငယ်ရဲ့ အိမ်ကလည်း ပထမတစ်ခေါက်ပစ်တုန်းက အိမ်ထိထားသေးတယ်။ ၂၉ ရက်နေ့ညက ရပ်ကွက် (၄)က ဒေသခံတစ်ယောက် ဒူးထိတယ်။ သူ့သား နားပင်းသွားတယ်" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

သံတောင်မြို့ ၁၃ မိုင်တွင် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်မှစတင်၍ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး သံတောင်မြို့ ၁၃ မိုင် စစ်ကောင်စီတပ်စခန်း၊ ဘုရင့်နောင်တပ်မြို့၊ ခုနစ်မိုင် စစ်ကောင်စီစခန်း၊ ၁၆ မိုင် စခန်း၊ ခလရ-၁၂၄ တို့မှ လက်နက်ကြီးများဖြင့် ကျေးရွာ၊ ရပ်ကွက်များအတွင်း နေ့ညမရွေး ပစ်ခတ်မှုများ ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။

" ထိတွေ့မှုတွေ ဖြစ်ပြီးသွားတာနဲ့ ခုနစ်မိုင်တပ်စခန်းကုန်းကနေ လက်နက်ကြီးတွေပစ်လို့ ငွေတောင်ကလေးမှာ ဆေးခန်းတွေထိထားတာရှိတယ်။ သံတောင်ကြီး ၁၂၄ တပ်ရင်း၊ ဘုရင့်နောင်တပ်ကနေ လက်နက်ကြီးတွေ ၁၂၀ မမတွေ ပစ်တယ်။ အများကြီးပါပဲ အိမ်တွေထိထားတာလည်းရှိတယ်။ ပျက်စီးသွားတဲ့အိမ်တွေလည်းရှိတယ်" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
သံတောင်မြို့ တစ်ဝိုက်တွင် စစ်ကောင်စီ​၏ လက်နက်ကြီးကြောင့် ကျေးလက်ဆေးပေးခန်းတစ်ခုပျက်စီးခဲ့ရပြီး ဒေသခံများ​၏ နေအိမ်ပျက်စီးမှုများရှိသော်လည်း လက်ရှိအနေအထားအရ ပျက်စီးမှုအရေအတွက်အား အတည်ပြုရန်ခက်ခဲကြောင်း ဆိုသည်။

သံတောင်မြို့ ၁၃ မိုင်မှ ဒေသခံအများစုသည် နှစ်ဖက်ထိတွေ့တိုက်ပွဲများ၊ စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှု၊ ဒေသခံများအား ဖမ်းဆီးမှုတို့ကြောင့် နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာဒေသများတွင် စစ်ဘေးရှောင်နေကြပြီး ဒေသခံအချို့သာ ၎င်းတို့​၏ နေအိမ်များတွင် ပြန်လည်နေထိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#သံတောင်ကြီးမြို့
#၅ ဦး ဒဏ်ရာရ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍5🔥2👏1
​​ကိုဆိုဗိုနဲ့ ပတ်သက်ပြီး ဂျိုကိုဗစ် မက်ဆေ့ချ်ကို ပြင်သစ်အားကစားဝန်ကြီး ရှုတ်ချ
====================

ရိုလန်ဂါရို့စ်ရဲ့ အဖွင့်ပွဲမှာ အနိုင်ရအပြီး နိုဗက်ဂျိုကိုဗစ်က ကိုဆိုဗိုဟာ "ဆားဘီးယားရဲ့ နုလုံးသားမှာရှိတယ်"လို့ မက်ဆေ့ချ်ရေးခဲ့ပြီးနောက် ပြင်သစ်အားကစားဝန်ကြီးက သူ့ကို ဗုဒ္ဓဟူးနေ့မှာ ရှုတ်ချလိုက်ပါတယ်။

ဘယ်ဂရိတ်မှာ မွေးဖွားခဲ့တဲ့ တင်းနစ်စူပါစတားက "ကိုဆိုဗိုဟာ ဆားဗီးယားရဲ့ နှလုံးသားဖြစ်တယ်။ အကြမ်းဖက်မှုတွေကို ရပ်တန့်ပါ"လို့ နယ်မြေရှိ အယ်လ်ဘေးနီးယန်းတွေနဲ့ ဆာ့ဘ်လူမျိုးစုတွေအကြား ပြင်းထန်တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကြားထဲ ပါရီမှာ တနင်္လာနေ့က ကင်မရာမှန်ဘီလူးပြင်ပေါ် ရေးသားခဲ့ပါတယ်။

မွတ်စလင် အယ်လ်ဘေးနီးယန်း လူမျိုးစု အများစုနေထိုင်တဲ့ ကိုဆိုဗိုဟာ ၁၉၉၀ ပြည့်နှောင်းပိုင်းမှာ အဲဒီအချိန်က ယူဂိုဆလားဗီးယားမှ ခွဲထွက်ကာ ၂၀၀၈ မှာ လွတ်လပ်ရေးကြေညာခဲ့ပါတယ်၊၊ အိမ်နီးချင်း ခရစ်ယာန်အများစုဖြစ်တဲ့ ဆားဘီးယား ဒါမှမဟုတ် သူတို့ရဲ့မဟာမိတ် ရုရှားတို့က ဘယ်တုန်းကမှ လက်ခံခြင်းမရှိတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။
👍6👏3😁2❤1
ဓမ္မံရံကြီးနဲ့ ပိရမစ် | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၅၅)
=================

မတရားအာဏာသိမ်း၊ ပြည်သူတွေကိုသတ်— ပြီးရင် ဘုရားထီးတော်တင်၊ စေတီဆောက်ပြီ သူတို့ကိုယ်သူတို့ သာသနာပြုမင်းတွေဆိုပဲ....ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/gD45zJJD6mo
👍11👏1😁1🖕1
Media is too big
VIEW IN TELEGRAM
May - 31 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍1🍌1🖕1
​​မြန်မာရှိ စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်ရေး နိုင်ငံတကာကုမ္ပဏီများကို ESG ရင်းနှီးမြှုပ်နှံသူများ တိုက်တွန်း
=====================

အမေရိကန်နှင့် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်အတူ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကော်ပိုရိတ် အုပ်ချုပ်မှု (ESG) ကိစ္စများအပေါ် အလေးထားသည့် ရင်းနှီးမြှုပ်နှံသူများ၏ ဖိအားပေးမှုက နိုင်ငံတကာကုမ္ပဏီများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြန်ရုပ်သိမ်းစေရေးကို တွန်းအားပေးလျက် ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👎1😁1🖕1
ဗိုလ်မှူးဆိုင်ဂုံပါ ၇ ဦးအမှု နောက်ဆက်တွဲ
===========

ဗိုလ်မှူးဆိုင်ဂုံနှင့် ၎င်း၏တပ်ဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများဖြစ်သော မိုးကြိုးပြောက်ကျားတပ်၏ပြောရေးဆိုခွင့်ရှိသူ ခွန်အောင်ကိုကို ကို မဇ္ဈိမသတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ကိုစိန်ဝင်းက မေးမြန်းထားသည်။ ယခုအင်တာဗျူးတွင် ဘာကြောင့်ဖမ်းဆီးမှုပြုသည်၊ စစ်ဆေးတွေ့ရှိချက်များနှင့် စွပ်စွဲချက်၊ လက်နက်များပြန်အပ်ရေး၊ မအပ်ရေးမှသည် ပြေလည်နိုင်မည့်နည်းလမ်းရှိ၊ မရှိတို့ကို မေးမြန်းထားသည်။

https://youtu.be/jctvy9mO1J4

#ဗိုလ်မှူးဆိုင်ဂုံ
#CDM
#ဗိုလ်ကြီးသူရိန်ဝင်း
#မိုးကြိုးပြောက်ကျား
#MizzimaExclusiveInterview
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1😁1