ဂုဏ်သိက္ခာမရှိတဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်စာတန်းကိုင်စွဲပြီး ကြံခင်းမြို့နယ်မှာဆန္ဒပြ
======================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၃၁ ရက်၊ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်းသိရသည်။
"ဂုဏ်သိက္ခာမရှိတဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်" စာသားပါ ဘန်နာအားကိုင် စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၉၈)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။
#ဆန္ဒပြ
#Mizzima

❤17👍6😁2
ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို တရားမဝင် လွှင့်တင်တဲ့ ဂိုဏ်းကို ထောင်ချ
========================
လူပေါင်း သောင်းနဲ့ချီကို အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ တရားမဝင် ထုတ်လွှင့်ခဲ့တဲ့ ယူကေက အမျိုးသား ၅ ဦးကို အင်္ဂါနေ့က ထောင်ဒဏ် ချမှတ်လိုက်ကြောင်း လိဂ်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ဟာ တရားမဝင် ထုတ်လွှင့်တဲ့ ကွန်ရက်ကို ဥပဒေအရ အရေးယူမှု စတင်ခဲ့ပြီး ဒါဟာ ကမ္ဘာပေါ်မှာ "အကြီးမားဆုံး တရားစွဲဆိုမှု"မျိုးဖြစ်လာပြီးနောက် ဂိုဏ်းအဖွဲ့ဝင်တွေဟာ ထောင်ဒဏ် ၃ နှစ်မှ ၁၁ နှစ်အထိ အသီးသီး ချမှတ်ခံခဲ့ရပါတယ်။
အသက် ၃၀ နဲ့ ၄၆ နှစ်ကြားရှိ တရားခံတွေဟာ တရားမဝင် ထုတ်လွှင့်တဲ့ ပလပ်ဖောင်းသုံးခုမှာ စာရင်းသွင်းရောင်းချရာကနေ ဝယ်ယူသူတွေနဲ့ ပြန်လည်ရောင်းချသူ ၅၀,၀၀၀ ကျော်ထံဆီက စတာလင်ပေါင် ၇ သန်း (ဒေါ်လာ ၈.၇ သန်း) ကျော် လက်ခံရရှိခဲ့ပါတယ်။
“ဒီအဖွဲ့အစည်းတွေက ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ၊ ကမ္ဘာတစ်ဝှမ်းက ရာနဲ့ချီ ချန်နယ်တွေ၊ သောင်းနဲ့ချီပြီး လိုအပ်ချိန်ကြည့်ရှုနိုင်တဲ့ အွန်လိုင်း ရုပ်ရှင်နဲ့ တီဗီရှိုးတွေကို ကြည့်ရှုဖို့ တရားမဝင် ဝင်ရောက်ချိတ်ဆက်ခွင့်ကို ပေးကမ်းခဲ့တာပါ”လို့ ပရီးမီးယားလိဂ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဒီဂိုဏ်းရဲ့ "mastermind" ဖြစ်တဲ့ အသက် ၃၆ အရွယ် Mark Gould ကို အင်္ဂလန်အလယ်ပိုင်းရှိ Chesterfield Justice Centre မှာ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ပါတယ်။

👍9🔥3
ဂျာနယ်လစ်များအတွက် ဗီဇာပြဿနာအပေါ် တရုတ်က အိန္ဒိယကို ပြစ်တင်ရှုတ်ချ
=========================
နှစ်နိုင်ငံစလုံးမှ ဂျာနယ်လစ်များကို အပြန်အလှန် နေရပ်ပြန်စေသည့် လက်စားချေလုပ်ရပ်အတွက် တရုတ်က အိန္ဒိယကို မေ ၃၁ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့ရာ အိမ်နီးချင်း အင်အားကြီး နှစ်နိုင်ငံအကြား တင်းမာမှုများကို ပိုမို မြင့်တက်လာစေခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😁11👍9👏2
UEFA ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲရလဒ်
============
ဆီဗီလာ ၁-၁ ရိုးမား
မန်ချီနီ ၅၅' (OG) | ဒီဘားလား ၃၅' ( ပင်နယ်တီအဆုံးအဖြတ်မှာ ဆီဗီလာက ၄-၁ ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်ဆွဲ)
ဆီဗီလာဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ ၂၀၀၆၊ ၂၀၀၇၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၂၀၊ ၂၀၂၃ (၇)ကြိမ်စလုံးမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။
Photos: EPA

👍15🔥1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန် ၁ ရက်၊ ၂၀၂၃ | VOA On Mizzima
===============
ထိုင်းမှာ တကျော့ပြန်ကူးစက်နေတဲ့ ကိုဗစ်မျိုးကွဲသစ် သတိပေးတားဆီးမှုတွေကြားမှာ မြန်မာတွေလည်း ကူးစက်ခံရ၊ မကြာခင်ကြုံရတော့မယ်ဆိုတဲ့ ယူကရိန်းရဲ့ ရုရှားကို တန်ပြန်ထိုးစစ် အလားအလာ ဘယ်လို သုံးသပ်နေကြပါလဲ၊ နောက် အမျိုးသမီးတွေ အစဥ်အလာအရ ဖိနှိပ်ခံရတဲ့ အိန္ဒိယမှာ ရပ်ကျေးအုပ်ချုပ်ရေးမျာ အမျိုးသမီးတွေ ပါလာရပေမဲ့ အိမ်တွင်းအာဏာကို အမျိုးသားတွေပဲ ချုပ်ကိုင်ဆဲ ဖြစ်ပါတယ်။ စတဲ့ နိုင်ငံတကာ သတင်းဆောင်းပါးတွေအပြင်၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁ ရက်၊ ကြာသပတေးမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/G7rywcN2RO0
#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန် ၁ ရက်၊ ၂၀၂၃ | VOA On Mizzima
ထိုင်းမှာ တကျော့ပြန်ကူးစက်နေတဲ့ ကိုဗစ်မျိုးကွဲသစ် သတိပေးတားဆီးမှုတွေကြားမှာ မြန်မာတွေလည်း ကူးစက်ခံရ၊ မကြာခင်ကြုံရတော့မယ်ဆိုတဲ့ ယူကရိန်းရဲ့ ရုရှားကို တန်ပြန်ထိုးစစ် အလားအလာ ဘယ်လို သုံးသပ်နေကြပါလဲ၊ နောက် အမျိုးသမီးတွေ အစဥ်အလာအရ ဖိနှိပ်ခံရတဲ့ အိန္ဒိယမှာ ရပ်…
👍6🔥2
၂၀၂၃၊ ဇွန်လ ၁ ရက်နေ့ က ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့မှာ ဆီဗီလာနဲ့ ရိုးမားတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ဖိုင်နယ်မှာ ဆီဗီလာတို့ အနိုင်ရရှိအပြီး အောင်ပွဲခံစဉ်။ ဆီဗီလာက ပင်နယ်တီအဆုံးအဖြတ်မှာ ၄-၁ နဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။ ဓာတ်ပုံ - EPA
👍13🔥2