Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြစ်ကြီးနားမြို့တွင် ၄၄ နှစ်အတွင်း နေ့အပူချိန် စံချိန်သစ်တင်
===================

အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မေလ ၃၁ ရက်နေ့က နှစ်ပေါင်း ၄၄ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် နေ့အပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနရုံးမှ အချက်အလက်များအရ သိရသည်။

မေလ ၃၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် တိုင်းတာချက်အရ မြစ်ကြီးနားမြို့၏ အမြင့်ဆုံးအပူချိန်မှာ ၄၁ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်း ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒရုံးမှ မြစ်ကြီးနားမြို့နယ် ဦးစီး အရာရှိ ဦးနိုင်လင်းထွေးကပြောကြားသည်။

“မြစ်ကြီးနားမြို့ရဲ့ နှစ်စဉ်မေလအတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၄၄ နှစ် ၁၉၇၉ ခုနှစ် မေလရဲ့ အမြင့်ဆုံးအပူချိန် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက် ၀ ဒသမ ၃ ပိုခဲ့ပြီး စံချိန်သစ်တင် ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သော မေလ ၂၉ ရက်နေ့က အမြင့်ဆုံးအပူချိန် ၄၀ ဒသမ ၂ ဒီဂရီစင်တီဂရိတ်၊ မေလ ၃၀ ရက်နေ့တွင် အမြင်ဆုံးအပူချိန် ၄၀ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်နှင့် မေလ ၃၁ ရက်နေ့တွင် ၄၁ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်ရှိခဲ့ကြောင်း ကချင်ပြည်နယ် မိုးဇလရုံးမှအချက်အလက်များအရ သိရသည်။

၁၉၇၉ ခုနှစ်က မြစ်ကြီးနားမြို့တွင် အပူချိန်မြင့်တက်ခဲ့သလို မိုးရာသီတွင်လည်း တမြို့လုံးနီးပါး ဧရာဝတီ မြစ်ရေလွှမ်းမိုးခဲ့ကြောင်း မြို့ခံများကပြောကြားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကချင်ပြည်နယ်
#မြစ်ကြီးနားမြို့
#နေ့အပူချိန်
#စံချိန်သစ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2
ဇွန်လ ၁ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5❤4🔥1
ဇွန်လ ၁ ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=====================

-စစ်ကိုင်းတိုင်း အတိုင်ပင်ခံကောင်စီ ဒါမှမဟုတ် အစုအဖွဲ့တစ်ခုကို တည်ဆောက်မှာဖြစ်တယ်လို့ စစ်ကိုင်းဖိုရမ်မှာ ဆုံးဖြတ်တဲ့သတင်း

-တောင်ငူ လေကြောင်းရန်ကာကွယ်ရေးတပ်က ဒုဗိုလ်မှူးကြီး ရဲနိုင်ကို PDF က ပစ်သတ်လိုက်တဲ့ သတင်း

-လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်တာကြောင့် ရခိုင်နှင့် မြစ်ဝကျွန်းပေါ်ဒေသမှာ လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးဇလပြောတဲ့အကြောင်း

-ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းကြောင်း NUG ထုတ်ပြန်တဲ့သတင်း

-ကယန်းပြည်သစ်လုံခြုံရေး ဂိတ်စခန်း လေယာဥ်နဲ့ ဗုံးကြဲခံရတဲ့အကြောင်းနဲ့

-ဆွီဒင်ဟာ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း ဘလင်ကင်က ပြောကြားလိုက်တဲ့အကြောင်း အပါအဝင် ရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

https://www.youtube.com/live/Zfg7AxrzlGs?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🍌2
​​တရုတ်နှင့် စင်ကာပူ စစ်ဘက်ဆိုင်ရာ အရေးပေါ်ဖုန်းလိုင်း ထားရှိမည်
====================

တရုတ်နှင့် စင်ကာပူနိုင်ငံကြား အဆင့်မြင့် ဆယ်သွယ်ချိတ်ဆက်မှုကို ထားရှိမည့် နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ အရေးပေါ် ဖုန်းလိုင်း ထားရှိရေး ကနဦးလုပ်ငန်းစဉ်ကို နှစ်နိုင်ငံက ဇွန် ၁ ရက်တွင် စတင်ပြီ ဖြစ်သည်။
😁5👍1
မိုင်းလားမြို့က ဆွေးနွေးပွဲအပေါ် အညာက တော်လှန်ရေးသမားတွေရဲ့ အမြင် (ရုပ်/သံ)
======================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ မြောက်ပိုင်း ညီနောင် သုံးဖွဲ့ဖြစ်တဲ့ TNLA ၊ MNDAA ၊ AA နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့ (NSPNC) တို့ ဒီနေ့ ဇွန်လ ၁ ရက်နေ့ မှာ စတင်တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။
မြောက်ပိုင်းညီနောက် သုံးဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေး အဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့မှာ တွေ့ဆုံနေကြတာပါ။

အဲဒီစည်းအဝေးဟာ နှစ်ရက်ခန့် ကြာမြင့်မှာဖြစ်ပြီး ဆွေးနွေးမယ့် အကြောင်းအရာ အသေးစိတ်ကို မသိရသေးကြောင်း ‌AA ပြောခွင့်ရသူ ဦးခိုင်သုခက မေလ ၃၁ ရက်နေ့မှာ မဇ္ဈိမကို ပြောပါတယ်။
ဒီလို တွေ့ဆုံဆွေးနွေးမှုအပေါ် အညာဒေသအခြေစိုက် တော်လှန်ရေးသမား တချို့ရဲ့ အမြင်တွေကို မဇ္ဈိမက စုစည်းတင်ဆက် ပေးလိုက်ပါတယ်။

https://youtu.be/BptKP3txzS0

တည်းဖြတ် = မဇ္ဈိမ

#မြောက်ပိုင်းသုံးဖွဲ့
#အညာPDFအမြင်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁3🤮1
​​အာရှဒေသ၌ ရာသီအလိုက် စံချိန်မှတ်တမ်းများကို ချိုးဖျက်သည့် အပူချိန်လွန်ကဲမှုကို ခံစားရ
=================

အာရှဒေသရှိ နိုင်ငံများသည် ဒေသတစ်ဝန်းလုံး၌ ရာသီအလိုက်ဖြစ်သော အပူချိန်မှတ်တမ်းစံချိန်များကို ကျော်လွန်ချိုးဖျက်ခဲ့သည့် အပူချိန်လွန်ကဲပြင်းထန်မှု၏ နောက်ထပ် အလှည့်ကို ခံစားခဲ့ရသည် ဖြစ်ရာ လျင်မြန်စွာ ပြောင်းလဲနေသော ရာသီဥတုနှင့် ၎င်းတို့၏ နေသားတကျ ဖြစ်နိုင်စွမ်းအပေါ် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။
👍4🔥2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁ ဇွန် ၂၀၂၃)
=======================

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်သည် ပဲခူးတိုင်းအတွင်း ရှေ့တန်းစစ်မြေပြင်များကို လိုက်လံစစ်ဆေးနေသည်ကို ကြည့်လျှင် အကြမ်းဖက်စစ်ကောင်စီ၏ မြေပြင်စိုးမိုးမှုမှာ လျှော့ကျနေသည်ဟု ဆိုရမည်ဖြစ်သည်။
👍5👏5😁2
​​အိန္ဒိယနှင့် တရုတ်သံတမန်များ နယူးဒေလီတွင် တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ထိန်းချုပ်မျဉ်းမှ တပ်ဖွဲ့များ ရုပ်သိမ်းရေး ဆွေးနွေး
======================

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ သံတမန်အရာရှိများသည် မေ ၃၁ ရက်က တွေ့ဆုံကာ အိန္ဒိယအရှေ့ပိုင်း အရှေ့လာဒက်ဒေသရှိ နယ်စပ်ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက် ပြဿနာကျန်ရှိနေသည့် နေရာများမှ တပ်ဖွဲ့များ ရုပ်သိမ်းရေးအတွက် နယူးဒေလီမြို့တွင် တွေ့ဆုံကာ အဆိုပြုချက်များကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
👍7🔥1
ဇွန်လ( ၁ )ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
======================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ပဲခူးရှေ့တန်းစစ်မျက်နှာပြင်ကို NUG ပြည်ထဲရေးဝန်ကြီးနဲ့အဖွဲ့ သွားရောက်ခဲ့တဲ့သတင်းနဲ့အတူ ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်းဖွဲ့စည်းကြောင်း NUG က ထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။

ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/LGLfV33cCfE

#Mizzimaradio
#Eveningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1😁1
ခလရ (၁)တပ်ရင်းမှူးဒုဗိုလ်မှူးကြီးသူရိန်ကို စစ်ကောင်စီ သေဒဏ်ချပြီး ပိုင်ဆိုင်မှုများချိတ်ပိတ်သိမ်ဆည်းဟုဆို
😁3
ခလရ (၁)တပ်ရင်းမှူးဒုဗိုလ်မှူးကြီးသူရိန်ကို စစ်ကောင်စီ သေဒဏ်ချပြီး ပိုင်ဆိုင်မှုများချိတ်ပိတ်သိမ်ဆည်းဟုဆို
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ကရင်နီပြည်နယ် ရှေ့တန်းစစ်‌မြေပြင်တွင်တာဝန်ကျနေစဉ် ထွက်ပြေးသွားရာမှ ပြန်ဖမ်းဆီးခံရသော တပ်မ (၆၆) လက်အောက်ခံ ခလရ (၁)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန်ကို စစ်ကောင်စီက စစ်ခုံရုံးဖြင့် စစ်ဆေးပြီး သေဒဏ်ချမှတ်ကာ ၎င်း၏ပိုင်ဆိုင်မှုများလည်းချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။

“သူရိန်ကို စစ်ခုံရုံးကနေ သေဒဏ်ချတယ်။ သူ့အိမ်တွေနဲ့ပိုင်ဆိုင်မှုတွေကိုတော့ ချိတ်ပိတ်လိုက်ပြီ။ ပြန်တိုက်ပါမယ်လို့ ပြောတာတောင်မရတော့ဘူး” ဟု တပ်တွင်းသတင်းရင်းမြစ်က မဇ္ဈိမကို ယနေ့ ဇွန်၁ရက်တွင် ပြောသည်။

ဒုဗိုလ်မှူးကြီးသူရိန်သည် ပဲခူးတိုင်း၊မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် ခလရ (၁)တပ်ရင်း၏ တပ်ရင်းမှူးဖြစ်သည်။ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်၌ တာဝန်ကျနေစဉ် မေလ ၂၁ ရက်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲ၌ ၎င်း၏ လက်အောက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ငါး ဦးသေဆုံးပြီးနောက် အရေးယူခံရမည်ကို စိုးရိမ်၍ရှေ့တန်းမှထွက်ပြေးခဲ့သည်ဟု သိရသည်။ သို့သော် မေလ ၂၈ ရက်နေ့တွင် ၎င်းအားစစ်ကောင်စီတပ်ကပြန်ဖမ်းမိကာ စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ယမန်နေ့ မေလ ၃၁ရက်တွင် အမိန့်ချခြင်းဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

ဒုဗိုလ်မှူးကြီးသူရိန်သည် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ခလရ (၁) သို့ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြောင်းရွှေ့တာဝန်‌ပေးခံရသူဖြစ်သည်။ ၎င်းသည်ခလရ (၁)ယခင် တပ်ရင်းမှုးဒုဗိုလ်မှူးကြီး ကျော်ဇေယျ ရှေ့တန်းတွင်သေဆုံးပြီးနောက် ခလရ (၁)တပ်ရင်းမှုးတာဝန်ဖြင့် ရှေ့တန်းသို့သွားရခြင်းဖြစ်သည်။ဒုဗိုလ်မှူးကြီး ကျော်ဇေယျသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ကရင်နီပြည်နယ်၊ ငွေတောင်ဆည်တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဒုဗိုလ်မှူးကြီးသူရိန်မိသားစု၏ ရွှေ့ပြောင်း၍ ရသောပိုင်ဆိုင်မှုများကို စစ်ကောင်စီတပ်မှ လာရောက်မသိမ်းယူခင် ၎င်းနှင့်ဝမ်းကွဲညီအစ်ကို တော်စပ်သူ သာယာဝတီမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကြည်မျိုးလွင်က ရွှေ့ပြောင်းပေးနေကြောင်း ဌာနဆိုင်ရာနှင့် နီးစပ်မှုရှိသော သာယာဝတီမြို့ခံ သတင်းရင်းမြစ်များက ပြောသည်။ဗိုလ်မှူးကြည်မျိုးလွင်သည် သာယာဝတီခရိုင်အတွင်း တော်လှန်ရေးအင်အားစုများကို ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်နေသည်ဟု မြို့ခံများကပြောသည်။ ဗိုလ်မှူးကြည်မျိုးလွင်အား ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း မရခဲ့ပေ။

ဒုဗိုလ်မှူးကြီးသူရိန်ကို စစ်ကောင်စီက သေဒဏ်ချမှတ်ပြီးနောက် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဝင့်နှင်းဖြူကိုလည်း မေလ ၃၁ ရက်နေ့ညတွင် ခလရ (၁) တပ်ရင်းမှ ပြည်မြို့၊မင်းကြီးတောင်စစ်ကြောရေးသို့ ပို့ဆောင်လိုက်သည်ဟု တပ်တွင်းသတင်းရင်းမြစ်များကပြောသည်။အဆိုပါဖြစ်စဥ်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် ခလရ (၁)တပ်ရင်းမှ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး ကျော်ဇေယျအပါအဝင် စစ်ကောင်စီတပ်သား ၄၀ ကျော်သည် ကရင်နီဒေသတိုက်ပွဲများအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် အဆိုပါတပ်ရင်းတွင် CDM ပြုလုပ်ထားသူ ၁၀ဦးနှင့်အထက် ရှိနေကြောင်းတပ်တွင်းသတင်းရင်းမြစ်များကပြောသည်။

တပ်မ (၆၆) လက်အောက်ခံခလရ (၁) တပ်ရင်းသည် ၁၉၇၁ ခုနှစ်တွင် မင်္ဂလာဒုံမြို့နယ်မှ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာသို့ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဗိုလ်ချုပ်မှုးကြီးဟောင်းသန်းရွှေမှ တပ်ရင်းမှူးအဖြစ်စတင် တာဝန်ယူခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများပြားနေပြီး တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)၏ ယနေ့ ဇွန် ၁ရက် ထုတ်ပြန်ချက်များအရ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ ခုနှစ်မေလ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်းတွင် တိုက်ပွဲပေါင်း ၆၉၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၂၀၆၈ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

စာတည်း - မောင်ကြီး

#mizzima
#ဒုဗိုလ်မှူးကြီးသူရိန်
#စစ်ခုံရုံးဖြင့်စစ်ဆေး
#သေဒဏ်
#ပိုင်ဆိုင်မှုများချိတ်ပိတ်သိမ်းဆည်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23😁2❤1👎1
ရခိုင်တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများကို ထွေအုပ်ဝန်ထမ်းတချို့ ရောင်းစားမှု ရှိနေ
😁9👍3🤬3