This media is not supported in your browser
VIEW IN TELEGRAM
လူ ၅ ဦးသေဆုံးခဲ့တဲ့ ရေကြီးရေလျှံမှုဖြစ်ပွားရာဒေသတွေဆီ ယူကရိန်းသမ္မတ သွားရောက်
https://www.facebook.com/reel/962994545017037
#Ukraine #Internationalnews #Mizizma #Reels #shorts

😁4
Pentagon says report on China building Cuba spy base 'not accurate'
=======================
https://youtu.be/4GdrEuZwFus
=======================
https://youtu.be/4GdrEuZwFus
YouTube
Pentagon says report on China building Cuba spy base 'not accurate'
Pentagon spokesman General Pat Ryder tells journalists a report that China is planning a surveillance base just off US shores in Cuba is "not accurate" but assures that the United States is "continuously" monitoring relations between Beijing and Havana.
…
…
😁3👍1
ချင်းပြည်နယ်အတွင်း ဒေသခံမှအပ ပြင်ပခရီးသည်များ ဝင်ရောက်ခွင့် CNF တားမြစ်
====================
ပါခွီး
(မဇ္စျိမ)။ ။ ချင်းပြည်နယ်အတွင်း ဒေသခံချင်းလူမျိုးများမှအပ ပြင်ပခရီးသည်များ ဝင်ရောက်ခြင်းကို တားမြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ယမန်နေ့ ဇွန်လ ၈ ရက်တွင် ထုတ်ပြန်သည်။
ချင်းပြည်နယ်သို့ လာရောက်ရန် အရေးကြီးကိစ္စရှိပါက သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့များ(CDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထံမှ ထောက်ခံစာဖြင့်သာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ဆိုသည်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုင်ငံသားမှတ်ပုံတင်တွေ လုပ်ပေးပြီး အရပ်သားပုံစံလုပ်ပြီး အင်အားဖြည့်တင်းလာတယ်လို့ ကျနော်တို့ အခိုင်အမာ သတင်းရထားတယ် ။ အဲဒါကြောင့် စစ်ရေးအရ ပြည်သူလူထုကို ကာကွယ်နိုင်ဘို့ ။ စစ်ကောင်စီ အင်အားဖြည့်တင်းလာတာဟာ ချင်းတောင်အတွက် စစ်ရေးပဋိပက္ခများ ပိုများလာမယ့် အခြေအနေတွေရှိတာကြောင့် အခုလိုထုတ်ပြန်ရတာပါ” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၏ မြေပြင်မှ စစ်ကားများဖြင့် အင်အားဖြည့်တင်းမှုများကို ချင်းအမျိုးသားတပ်မတော် နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များက တုံ့ပြန်ချေမှုန်း နိုင်ခဲ့ကြောင်းနှင့် စစ်အင်အားအသုံးပြုနိုင်ရေးအတွက် စစ်သုံးလေယာဉ်များကလည်း မထိရောက်သောကြောင့် ယခုကဲ့သို့ အရပ်သုံးယာဉ်များကို အသုံးပြုလာခြင်းဖြစ်ကြောင်း ဆိုသည်။
အခြားဖက်တွင်လည်း ချင်းတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေများတွင် ပြည်သူလူထုအား လွပ်လပ်စွာသွားလာခွင့် ဖွင့်ထားပေးသည်ကို စစ်ကောင်စီတပ်ဖွဲ့က အခွင့်ကောင်းယူ၍ ယခုကဲ့သို့ အင်အားတိုးချဲ့လာခြင်းကို ထိန်းချုပ်ရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ဆက်ပြောသည်။
ထို့အပြင် စစ်ကိုင်းတိုင်း ၊ ကလေးမြို့ဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က အရပ်ဖက်သုံးယာဉ်များကို ယူဆောင်ကာ အသုံးပြုနေကြောင်း သတင်းများသိရှိရကြောင်း ဆိုသည်။
အများပြည်သူ ခရီးသွားယာဉ်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များ (သို့) လက်နက်ခဲယမ်း ၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထုတ်ပြန်ချက်ပါ အချက်အလက်များကို ချိုးဖောက်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ပြီး အမိန့်တစ်စုံတရာ မထုတ်ပြန်မချင်း ယခုထုတ်ပြန်ချက်သည် အတည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်အောက်တွင် လိုက်နာဆောင်ရွက်ရမည့် အသေးစိတ်အချက် အလက်များကို တပ်ဖွဲ့ဝင်များထံ ညွှန်ကြားချက်များ ပေးပို့သွားမည်ဖြစ်ပြီး လိုက်နာမှုမရှိသောသူများကို ထိုက်သင့်သော အပြစ်ဒဏ်ပေး အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်ဘက်သို့ စစ်ကြောင်းနှစ်ကြောင်းထိုးလျက်ရှိရာ ချင်းအမျိုးသား တပ်မတော်နှင့် ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
မေလ ၂၆ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အနည်းဆုံး ၅၀ ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသူ ၂၀ဦးခန့်ရှိကာ ချင်းပူးပေါင်းတပ်ဖွဲ့ ဘက်မှ ၁၅ဦးကျဆုံးခဲ့ပြီး ၁၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားကြောင်း ချင်းအမျိုးသား တပ်မတော်ထံမှ သိရှိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ချင်းပြည်နယ်
#CNF
#စစ်ကောင်စီ
ဓာတ်ပုံ - ချင်းတောင်ကားလမ်း (ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍19❤2🔥2
မြန်မာအပါအဝင်အာဆီယံနိုင်ငံတွေပထမဆုံးအကြိမ်ပူးတွဲစစ်ရေးလေ့ကျင့်မယ်လို့ အင်ဒိုနီးရှားရေတပ်အကြီးအကဲပြော
===================
အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း နာတူနာ ပင်လယ်ပြင်မှာ ကျင်းပမယ့် အာဆီယံနိုင်ငံများရဲ့ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ကို မြန်မာစစ်တပ် အပါအဝင် အာဆီယံနိုင်ငံများရဲ့ စစ်တပ်များ ပူးပေါင်းလေ့ကျင့်သွားဖွယ်ရှိနေကြောင်း အင်ဒိုနီးရှားရေတပ်ဦးစီးချုပ် Admiral Yudo Margono က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံအများအသင်း (အာဆီယံ) နိုင်ငံတွေ နဲ့ လေ့လာသူအဖြစ် တီမောလက်စ်တေနိုင်ငံတို့ပါဝင်တဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ်အတွင်း စက်တင်ဘာလမှာ ကျင်းပမယ်လို့ အင်ဒိုနီးရှားစစ်တပ်အကြီးအကဲက အာဆီယံကာကွယ်ရေးဆိုင်ရာ အစည်းအဝေးအပြီး ပြောကြားလိုက်တာဖြစ်ပါတယ်။
အရှေ့တီမော အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ စစ်တပ်အကြီးအကဲ ၁၁ ဦးစလုံးဟာ လာမယ့် စက်တင်ဘာလမှာ အာဆီယံရဲ့ ပထမဆုံးအကြိမ် ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ရန် သဘောတူညီ ခဲ့ကြောင်း မာဂိုနိုက ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာလည်း ပါဝင်မယ်လို့ ပြောကြားထားပြီး စစ်ရေးလေ့ကျင့်မှုက ရေကြောင်းလုံခြုံရေးနဲ့ ကယ်ဆယ်ရးအတွက်သာဖြစ်ပြီး တိုက်ခိုက်စစ်ဆင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေတော့ မပါဝင်ဘူးလို့ မာဂိုနိုက ပြောပါတယ်။
https://youtu.be/t6yDMZF4PZw
#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း နာတူနာ ပင်လယ်ပြင်မှာ ကျင်းပမယ့် အာဆီယံနိုင်ငံများရဲ့ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ကို မြန်မာစစ်တပ် အပါအဝင် အာဆီယံနိုင်ငံများရဲ့ စစ်တပ်များ ပူးပေါင်းလေ့ကျင့်သွားဖွယ်ရှိနေကြောင်း အင်ဒိုနီးရှားရေတပ်ဦးစီးချုပ် Admiral Yudo Margono…
😁5🤮4👏3👍2
This media is not supported in your browser
VIEW IN TELEGRAM
ဇာပိုရေးရှားဒေသမှာ ယူကရိန်းရဲ့ ထိုးစစ်ကို တွန်းလှန်နိုင်ခဲ့ကြောင်း ရုရှားပြော
https://www.facebook.com/reel/111012325338959
#Internationalnews #Mizzima #reels #shorts #Ukraine #Russia

👏5😁4
မြင်းခြံမြို့ နီနီလွင်ရွှေဆိုင် ဓားပြတိုက်ရန်ကြိုးစားသူများက ဆိုင်ပိုင်ရှင်ကို ပစ်သတ်
🤬5🔥2

=====================
007
(မဇ္စျိမ)။ ။မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ၊ အမှတ်(၇)ရပ်ကွက် ၊ စည်ပင်သာယာဈေး မြောက်ဘက်ရှိ နီနီလွင်ရွှေဆိုင်တွင် ယမန်နေ့ဇွန် ၈ ရက် နေ့လယ်ပိုင်း၌ ဓားပြတိုက်ရန်ကြိုးစားသူများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဆိုင်ပိုင်ရှင်ဆိုသူ သေဆုံးသွားကြောင်း သိရသည်။
"ဆိုင်ရှေ့ ဓားပြတွေရောက်လာတော့၊ ဆိုင်ရှင်နဲဲ့၀န်ထမ်းတွေက ဆိုင်တံခါးထပိတ်ကြတယ်၊ ဓားပြတွေကသေနတ်တွေလည်း ပါလာတယ်၊ တံခါးကိုဆွဲဖွင့်တာမရတော့ အထဲကိုရမ်းသန်းပစ်ပြီး ထွက်ပြေးတယ်၊ အဲဒီမှာ ဆိုင်ရှင်ဦးဇော် ခေါင်းကိုကျည်ဆန်ထိပြီး သေတာ" ဟု အခင်းဖြစ်စဉ်သိရှိသည့် မြို့ခံတစ်ဦးက ပြောသည်။
ယမန်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်က၊ ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦးအဖွဲ့ ရောက်လာပြီး ရွှေဆိုင်အား ဓားပြတိုက်ရန်ပြုလုပ်စဉ် ဓားပြအဖွဲ့တွင် သေနတ်များ ပါလာကြောင်း သိသာထင်ရှားသည့်အတွက် ဆိုင်ပိုင်ရှင်နှင့်၀န်ထမ်းများက ဆိုင်တံခါးပိတ်လိုက်ရာ ဓားပြအဖွဲ့က ပြန်ဖွင့်ရန်ကြိုးစားသော်လည်း မရသဖြင့် ဆိုင်အတွင်းသို့ ပစ်ခတ်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်ခံရမှုကြောင့် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ အသက် ၅၁ နှစ်အရွယ် ဦးဇော်နိုင်ထွန်းသည် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ဆိုင်အတွင်းရှိ ပစ္စည်းတစ်စုံတရာ ဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါဓားပြတိုက်မှုနှင့်ပတ်သက်၍ စစ်ကောင်စီကိုဝါဒဖြန့်ပေးနေသည့် တယ်လီဂရမ်ချန်နယ်များတွင် PDF လက်ချက်ဖြစ်ကြောင်း ရေးသားဖော်ပြကြပြီး မျက်မြင်ဒေသခံများက ပျူစောထီးအဖွဲ့လက်ချက်ဖြစ်ကြောင်း ဆိုကြသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ကို မဇ္ဈိမအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
မြင်းခြံမြို့တွင်၊ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၈ ရက်ကလည်း၊ အမှတ်(၈)ရပ်ကွက် စည်ပင်သာယာဈေးတောင်ဘက်ရှိ ဝိန့်ဆန်းရွှေဆိုင်ကို ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦးက ဓားပြ၀င်တိုက်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။ အဆိုပါဖြစ်စဉ်တွင်၊ ရွှေထည်ပစ္စည်းမျိုးစုံ သိန်း ၃,၀၀၀ ကျော်ဖိုး ပါသွားကြောင်းလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မန္တလေးတိုင်း
#မြင်းခြံမြို့နယ်
#ရွှေဆိုင်
#ပစ်ခတ်မှု
#ဓားပြမှု
Photo - MDY Image

Facebook
Log in or sign up to view
See posts, photos and more on Facebook.
😢8👍5👎2🔥2❤1
Media is too big
VIEW IN TELEGRAM
မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မယ်လို့ အင်ဒိုနီးရှားရေတပ်အကြီးအကဲပြော
Watch more detail - https://youtu.be/t6yDMZF4PZw
#PoliticalNews
#reels
#shorts
#MizzimaTV

👎8👏1
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၅ ရွာမှ ဒေသခံများ တိမ်းရှောင်နေရ
===================
ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာ ငါးရွာမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၇) သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။
ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာမှ ထွက်လာသည့် အင်အား ၁၇၀ ၀န်းကျင်ပါ စစ်ကောင်စီတပ်သည် ဇွန်လ ၆ ရက်နေ့က စတင်ကာ လမ်းတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်။
“ လွန်ခဲ့တဲ့ သုံးရက်ကတည်းက စထိုးတာပါ။ ညောင်ပင်ကြီးက ထွက်လာပြီး အဲ့ဘက် မြစ်ကြောင်းဘေးက တုန်ရွာတွေဘက်ကနေ ဖို၀င်တောင်ဘက်ကို ၀င်တယ်။ အဲ့ကနေ တောက်လျှောက်စစ်ကြောင်းထိုး ပြီးတော့မှ မနေ့ညက လယ်ငေါက်ရွာ ဘုန်းကြီးကျောင်းမှာ သူတို့တပ်စွဲတယ်။” ဟု ယင်းမာပင်ခရိုင် တပ်ရင်း (၇) သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။
ယင်းသို့ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ကျေးရွာများအတွင်း ၀င်ရောက်ကာ စစ်ကြောင်းထိုးနေမှုကြောင့် ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်ရှိ ကျေးရွာ ၂၄ ရွာက ဒေသခံပြည်သူ ထောင်နှင့်ချီကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အဆိုပါ စစ်ကောင်စီတပ်သည် ယနေ့ ဇွန်လ ၉ ရက်နေ့တွင်လည်း ဆက်လက်စစ်ကြောင်းထိုးနေပြီး ပုလဲမြို့နယ် အလယ်ဘုံကျေးရွာကို ရောက်ရှိနေကြောင်း သိရသည်။
“ ဒီနေ့ မနက်ခင်း မုန်တိုင်းရွာကို ရောက်တယ်။ အဲ့ကနေမှ အလယ်ဘုံကို ပြန်ထွက်နေတာ။ စုစုပေါင်း စပြီးထိုးတဲ့ စလင်း၊ ယင်းမာပင်၊ ပုလဲ ဘက်တစ်လျှောက် စစ်ဘေးရှောင်နေတဲ့ရွာတွေက လေးရက်အတွင်းမှာ ၂၄ ရွာလောက်ရှိတယ်။ စစ်ကြောင်းထိုးတဲ့ရွာတွေက ဒီကောင်တွေ စစ်ကြောင်းထွက်ပြီးတော့ ပြန်လည်နေထိုင်နေတာရှိတယ်။။ အခု လက်ရှိ ရှောင်နေရတာတော့ ငါးရွာလောက်ရှိတယ်။ ဒီနေ့အတိုင်းအတာနဲ့ပေါ့။ “ ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ စစ်ကြောင်းထိုးနေသည့် လေးရက်တာ ကာလအတွင်း စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိသေးသော်လည်း မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ထားကြောင်း ကာကွယ်ရေးတပ် တာ၀န်ရှိသူက ပြောသည်။
“သူတို့ထိုင်နေတဲ့ လယ်ငေါက်ကျေးရွာ ဘုန်းကြီးကျောင်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းထုတာတော့ရှိတယ်။ မျက်နှာချင်းဆိုင် တိုက်ပွဲတော့မရှိသေးဘူး။ မိုင်းဆွဲတာက သုံးနေရာလောက်ပဲရှိတယ်။ စစ်ကြောင်းထိုးတဲ့အချိန် ရွာနဲ့ မနီးတဲ့နေရာမှာ မိုင်းဆွဲတိုက်ခိုက်တာပါ။ ထိခိုက်တာတော့ မသိရဘူး။ အခုကတော့ ယင်းမာပင်ကနေ ပုလဲနယ်ထဲကို ရောက်နေပြီ။ ကျွန်တော်တို့ယူဆတာက ပျူရွာတွေကို ၀င်မယ်လို့ ခန့်မှန်းရတယ်။” ဟု ယင်းမာပင်ခရိုင် တပ်ရင်း (၇) သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာ၀န်ရှိသူက ဆိုသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီးအားကောင်းသည့်ကျေးရွာများသည် စစ်ကြောင်းထိုးလာသည့် အခါမှသာ စစ်ကြောင်းနှင့်ပူးပေါင်းပြီး ကျေးရွာအတွင်းမှ ထွက်ခွာရဲကြကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
ယခုစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည်လည်း ပျူရွာများတွင် စားနပ်ရိက္ခာပြတ်တောက်မှုရှိလာသည့်အတွက် အနီးရှိကျေးရွာများအတွင်း စစ်ကြောင်းထိုးလှုပ်ရှားကာ ဒေသခံများ ထွက်ပြေးနေသည့်အချိန် ကျေးရွာတွင်းရှိ ရိက္ခာများကို သယ်ဆောင်ရန် လာရောက်ခြင်း ဖြစ်နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ယူဆထားကြသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုး၀င်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှ ပြည်သူများကိုလည်း Beyond The Chindwin Organization နှင့် ဒေသအခြေစိုက်အဖွဲ့အစည်းများ ပူးပေါင်းကာ စားနပ်ရိက္ခာထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းရှိ ဆားလင်းကြီး၊ ယင်းမာပင်နှင့် ပုလဲမြို့နယ်အတွင်းမှ ကျေးရွာများကို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုး၀င်ရောက်ကာ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိသည်။
ထို့သို့ပြုလုပ်နေသည့် စစ်ကောင်စီတပ်ကို ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် ခုခံတိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများလည်း ရှိနေသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#ဒေသအခြေစိုက်
#ကာကွယ်ရေးတပ်ဖွဲ့များ
#ပုလဲမြို့နယ်
#မိုင်းဆွဲ
ဓာတ်ပုံ - စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ပြည်သူများ (ပုံ-အဟောင်း)

🤬6👍2🔥2😢2😁1
ဥရောပရဲ့ တန်ဖိုးအကြီးဆုံးအသင်းအဖြစ် ရီးယဲလ်မက်ဒရစ် နေရာကို သိမ်းပိုက်လိုက်တဲ့ မန်ချက်စတာစီးတီး
===================
ဒီတပတ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ မန်ချက်စတာစီးတီးဟာ ရီးယဲလ်မက်ဒရစ်ကို ပထုတ်လိုက်ပြီး ဥရောပရဲ့ တန်ဖိုးအကြီးဆုံးဘောလုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
Football Benchmark အစီရင်ခံစာက ဥရောပရဲ့ အထင်ရှားဆုံးကလပ် ၃၂ သင်းကို သူတို့ရဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေ၊ အသင်းတန်ဖိုးနဲ့ သူတို့ရဲ့ ရုပ်သံထုတ်လွှင့်မှုဈေးကွက် အရွယ်အစားတို့ကို အကဲဖြတ်တာအပါအဝင် စံနှုန်းများစွာအပေါ် အခြေခံပြီး အဆင့်သတ်မှတ်ထားတာပါ။
စနေနေ့မှာ အစ္စတန်ဘူလ်မှာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အင်တာမီလန်နဲ့ ကစားမယ့် စီးတီးဟာ တန်ဖိုး ယူရို ၄.၀၇၃ ဘီလီယံ (ဒေါ်လာ ၄.၃၉ ဘီလီယံ) နဲ့ ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။

😁3👍2
This media is not supported in your browser
VIEW IN TELEGRAM
ဆူဒန်ရဲ့ စစ်ဘက်ဆိုင်ရာဇုန်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေ
https://www.facebook.com/reel/1445050022978353
#Internationalnews #Sudan #Mizzima #Reels #Shorts

🔥3👍2👏1
ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင် အမျိုးသား ၂ ဦး မြွေကိုက်ခံရ
========================
KMN
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ဇွန်လ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ စစ်ဘေးရှောင်အမျိုးသား နှစ်ဦး မြွေကိုက်ခံခဲ့ရကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ကိုးထောင်ဘို့တိုက်နယ်အတွင်းရှိ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ညနေနွားသိမ်းသွားချိန်တွင် မြွေဆိုးကိုက်ခံရပြီး အိန္ဒိယမြွေဆိပ်ဖြေဆေး လေးလုံးထိုးပေးထားကာ အခြေအနေစောင့်ကြည့်နေဆဲဖြစ်ကြောင်း ၎င်းအဖွဲ့တာဝန်ရှိသူကပြောသည်။
အလားတူ ဇွန်လ ၈ ရက်နေ့ကလည်း ချပ်သင်းတိုက်နယ်မှ အသက် ၂၉ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးသည် စစ်ရှောင်တဲတွင်သန့်ရှင်းရေးလုပ်ချိန် မြွေဆိုးကိုက်ခံခဲ့ရသည်။ ၎င်းအမျိုးသားကို BPI မြွေဆိပ် ဖြေဆေး လေးလုံးထိုးပေးထား ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
"ကန့်ဘလူခရိုင်အတွင်းက ချပ်သင်း၊ ကိုးထောင်ဘို့၊ ထန်းကုန်း စတဲ့ဒေသတွေဟာ မြွေဆိုးကိုက်လူနာအများဆုံးတွေ့ရတဲ့ ဒေသတွေပါ။ မေလ တစ်လအတွင်း မြွေဆိုးကိုက်လူနာ ရှစ်ဦးထိ စံချိန်တင်တွေ့ရှိခဲ့ပါတယ်" ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်တာဝန်ခံက ဆိုသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်နှင့် ကျွန်းလှမြို့နယ်တွင် ထောင်နှင့် ချီသည့် စစ်ဘေးရှောင်များရှိနေပြီး တောတောင်တွေထဲ စစ်ဘေးရှောင်နေရချိန်တွင် အဆိပ်ပြင်းသည့်မြွေပွေး၊ မြွေဟောက် အကိုက်ခံရပြီး သေဆုံးသူများ ရှိနေသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ပြီးခဲ့သည့်မေလအတွင်းတွင် စစ်ဘေးရှောင် ရှစ်ဦးထိ မြွေဆိုး ကိုက်ခံခဲ့ရသည်။ ၎င်းအပြင် ဧပြီလအတွင်းကလည်း စစ်ဘေးရှောင် လေးဦး မြွေဆိုးကိုက်ခံခဲ့ရပြီး အသက်ရှစ်နှစ်အရွယ်ကလေးငယ်နှင့် အသက် ၅၃ နှစ်အရွယ်လူကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကန့်ဘလူခရိုင်
#မြွေဆိုး
#စစ်ဘေးရှောင်
#မြွေဆိပ်ဖြေဆေး
Photo - ကျွန်းလှ၊ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့

😢7👍5🔥3
ဇွန်လ (၉)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
01:01 - မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်းတဲ့သတင်း
04:01 - စစ်ကောင်စီလက်ထက် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ထုတ်ပြန် ၊ ကျောင်းများတွင်လာရောက်ကြည့်ရှုသူ မရှိ တဲ့သတင်း
05:31 - ဇာပိုရေးရှားဒေသမှာ ယူကရိန်းရဲ့ထိုးစစ်ကို တွန်းလှန်နိုင်ခဲ့ကြောင်း ရုရှားပြော တဲ့သတင်း
11:01 - ပြန်ပို့ရေးစီမံချက် ချက်ချင်းဆိုင်းငံ့ဖို့ ကုလကပြောကြား၊ တချိန်တည်းမှာပဲ မြန်မာပြည်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ ဆန္ဒပြတောင်းဆိုတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
https://youtu.be/5LS3SSPt63w
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
01:01 - မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်းတဲ့သတင်း
04:01 - စစ်ကောင်စီလက်ထက် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ထုတ်ပြန် ၊ ကျောင်းများတွင်လာရောက်ကြည့်ရှုသူ မရှိ တဲ့သတင်း
05:31 - ဇာပိုရေးရှားဒေသမှာ ယူကရိန်းရဲ့ထိုးစစ်ကို တွန်းလှန်နိုင်ခဲ့ကြောင်း ရုရှားပြော တဲ့သတင်း
11:01 - ပြန်ပို့ရေးစီမံချက် ချက်ချင်းဆိုင်းငံ့ဖို့ ကုလကပြောကြား၊ တချိန်တည်းမှာပဲ မြန်မာပြည်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ ဆန္ဒပြတောင်းဆိုတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
https://youtu.be/5LS3SSPt63w
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၉)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:01 - မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်းတဲ့သတင်း
04:01 - စစ်ကောင်စီလက်ထက် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ထုတ်ပြန် ၊ ကျောင်းများတွင်လာရောက်ကြည့်ရှုသူ မရှိ တဲ့သတင်း
05:31 - ဇာပိုရေးရှားဒေသမှာ…

👍2🔥1🌭1
This media is not supported in your browser
VIEW IN TELEGRAM
ကနေဒါတောမီးကြောင့် နယူးယောက်မှာ မီးခိုးတွေ ဖုံးလွှမ်းနေ
https://www.facebook.com/reel/1497269444010650
#Internationalnews #Mizzima #Canada #Reels #shorts

👍3🔥2
မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်း
=========================
နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များနဲ့ ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးကို ဇွန် ၈ ရက်နေ့မှ စကာ သွားလာခွင့်များနဲ့ ကူညီခွင့်များအား စစ်ကောင်စီက ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီကနေ ခွင့်ပြုထားတဲ့ ခရီးသွားလာခွင့်တွေကို ရပ်ဆိုင်းလိုက်တဲ့အကြောင်း ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ကလက်မှတ်ထိုးပြီး ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း ဒေသခံပြည်သူ သေဆုံးသူ ၁၄၆ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၀ ဦးနဲ့ ပျောက်ဆုံးသူ ၃ ဦးရှိတဲ့အပြင် လူ တစ်သန်းနှစ်သိန်းကျော်မှာ ထိခိုက်နစ်နာဆုံးရှုံးခဲ့ကာ လူနေအိမ် ၂၁၆၀၀၀ ကျော် ပျက်စီးမှုရှိကြောင်း မေလ နောက်ဆုံးအပတ်က ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားပါတယ်။
https://youtu.be/dveHz_jVgF8
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=========================
နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များနဲ့ ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးကို ဇွန် ၈ ရက်နေ့မှ စကာ သွားလာခွင့်များနဲ့ ကူညီခွင့်များအား စစ်ကောင်စီက ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီကနေ ခွင့်ပြုထားတဲ့ ခရီးသွားလာခွင့်တွေကို ရပ်ဆိုင်းလိုက်တဲ့အကြောင်း ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ကလက်မှတ်ထိုးပြီး ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း ဒေသခံပြည်သူ သေဆုံးသူ ၁၄၆ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၀ ဦးနဲ့ ပျောက်ဆုံးသူ ၃ ဦးရှိတဲ့အပြင် လူ တစ်သန်းနှစ်သိန်းကျော်မှာ ထိခိုက်နစ်နာဆုံးရှုံးခဲ့ကာ လူနေအိမ် ၂၁၆၀၀၀ ကျော် ပျက်စီးမှုရှိကြောင်း မေလ နောက်ဆုံးအပတ်က ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားပါတယ်။
https://youtu.be/dveHz_jVgF8
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်း
နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များနဲ့ ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးကို ဇွန် ၈ ရက်နေ့မှ စကာ သွားလာခွင့်များနဲ့ ကူညီခွင့်များအား စစ်ကောင်စီက ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေး…

🤬6👍2👎2🔥2
YBS ပေါ်တွင် ခါးပိုက်နှိုက်ဖမ်းဆီးပေးသောအဖွဲ့ ပြန်လည်ပေါ်ပေါက်
========================
ဂန္ဒမာ
(မဇ္ဈိမ) ။ ။ ကိုယ်ခံပညာတတ်မြောက်ထားသူများဖြင့်သာ ဖွဲ့စည်းထားသည့် YBS ပေါ်တွင် ခါးပိုက်နှိုက်ဖမ်းဆီးပေးသောအဖွဲ့မှာ ယခုရက်ပိုင်းမှစတင်၍ ပြန်လည်ပေါ်ပေါက်လာပြီဖြစ်ကြောင်း အဖွဲ့၏ တာဝန်ရှိသူများထံကတစ်ဆင့် သိရသည်။
"အရင်ကခိုးဆိုးလုနှိုက်တွေ တစ်ခါပေါတုန်းကလည်း ခုလို ကူညီပေးခဲ့ပါတယ်ဗျ။ နောက်ပိုင်း ကျွန်တော်တို့လိုအဖွဲ့တွေ ထပ်ပေါ်လာပြီး ခိုးဆိုးလုနှိုက်လည်းငြိမ်သွားတော့ ကျွန်တော်တို့ နားလိုက်တာပါ။ ခုက ပြန်ထလာတော့ ကျွန်တော်တို့လည်းပြန်ရောက်လာတာပါဗျ။" ဟု Yangon Guards Of YBS(YGY)အဖွဲ့မှ တာဝန်ခံ စနိတ်က မဇ္ဈိမကိုပြောသည်။
Yangon Guards Of YBS(YGY) အဖွဲ့သည် ပြည်သူမှပြည်သူသို့ ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။ အဖွဲ့ဝင်အင်အားမည်မျှရှိသည်ကို ထုတ်ဖော်ပြောကြား၍ မရသေးသော်လည်း အဖွဲ့၏ ရည်ရွယ်ချက်မှာ YBS ယာဉ်လိုင်းများပေါ်တွင် အားနည်းသူများနှင့် မတရားမှုများကိုတွေ့ရှိရပါက တတ်နိုင်သလောက် ကာကွယ်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောသည်။
စစ်ကောင်စီတပ်မှ အာဏာသိမ်းယူထားသည့်ယခုလို ကာလမျိုးတွင် YGY ဟူ၍ အဖွဲ့စုဖွဲ့၍ ခိုးဆိုးလုနှိုက်ဖမ်းဆီးရေးလုပ်ဆောင်ရမှုအပေါ် Yangon Guards Of YBS၏ Founder ကိုလင်းယုန်က အခုလိုပြောသည်။
"ဒီအဖွဲ့အစည်းက ဘယ်သူ့လက်အောက် ဘယ်နိုင်ငံရေးပရောဂမှမပါဘဲ ပြည်သူမှပြည်သူ ဖွဲ့ထားတာပေါ့နော်။ ထိပ်တိုက်ရင်ဆိုင်ရရင်လည်း အတတ်နိုင်ဆုံး ရှောင်ရှားရမှာပေါ့။ အဓိကက ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ပါပဲ" ဟူ၍ ဖြစ်သည်။
YBS ယာဉ်လိုင်းများပေါ်တွင် ခိုးဆိုးလုနိုက်များနှင့် မသမာမှုများကိုတွေ့ကြုံရပါက Yangon Guards Of YBS ဖေစ့်ဘွတ်ပေခ်ျ့သို့ အချိန်နှင့် အခြေအနေ၊ ပုံပန်းသဏ္ဌာန်များကိုပြောကြားကာ လာရောက်တိုင်ကြားနိုင်ပြီး YGY အနေဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲကာ ယာဉ်လိုင်းအချို့ကို အပတ်စဉ် ကွင်းဆင်း ကြီးကြပ်ပေးနေကြောင်း သိရသည်။
YGY အနေဖြင့် ကွင်းဆင်းနေချိန် မသမာမှုကို တွေ့ရှိရပါက ၎င်းတို့၏နည်းလမ်းဖြင့် အရေးယူမည်ဖြစ်ပြီး သူခိုး၊ ခါးပိုက်နှိုက်မိပါက သူနှင့်ထိုက်တန်သည့်အပြစ်ပေးကာ ရဲလက်အပ်မည်ဖြစ်ကြောင်း ပြောသည်။
Yangon Guards Of YBS အဖွဲ့ အဖွဲ့စည်းထားခြင်းမှာ အချိန် တစ်နှစ်ကြာရှိပြီဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ တာ၀န်သုံးချိန်ခွဲပြီးလှုပ်ရှားတယ်ပေါ့ဗျ။ အထူးသဖြင့် ညနေပိုင်းရုံးဆင်းချိန်မှာ အများဆုံးတွေ့ရတတ်တယ်ဗျ။ ခါးပိုက်နှိုက်ကတော့ ကျွန်တော်တို့ နှစ်ယောက်လောက်ဖမ်းမိဘူးတယ်ဗျ။ ကားပေါ်ကအဆင်းမှာဖမ်းတာမျိုးပေါ့၊ အဲ့တုန်းကတော့ မိတာကို အဲ့ရပ်ကွက်က လူကြီးတွေဆီပဲ အပ်ခဲ့ပါတယ်ဗျ။ ပြီးတော့ ကားပေါ်မှာဖမ်းမိတာမဟုတ်ဘဲ လမ်းသွားရင်းဖမ်းမိတာမျိုးလည်းရှိတယ်။" ဟူ၍ အဖွဲ့၏ ယခင် လုပ်ဆောင်ချက်ကို တာဝန်ခံ စနိတ်က ပြန်ပြောသည်။
ယခုတွင်လည်း YBS ပေါ်တွင် ခိုးဆိုးလုနှိုက်များ တစ်ဖန်သောင်းကျန်းလာသဖြင့် အဖွဲ့အနေဖြင့် ပြန်လည်ထွက်ပေါ်လာရခြင်းဖြစ်ကာ ယခုတွင် ယာဉ်လိုင်းပေါင်းစုံ မကြည့်ရှုနိုင်သေးသော်လည်း အဖွဲ့အင်အားကောင်းလာသည်နှင့်အမျှ အကူအညီတောင်းခံမှုများကို လာရောက်ဖြေရှင်းပေးမည်ဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ခိုးဆိုးလုနှိုက်များ
#YBS
#YGY
# မတရားမှုများ

👍20❤2👎1👏1🍌1