Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Business Round Up (16 June 2023)
==============

- ရုရှားနှင့်တရုတ် ပါဝင်တဲ့ BRICS ဘဏ်အဖွဲ့နှင့် ပူးပေါင်းရန် စဉ်းစားနေကြောင်း စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ပြော

- ရန်ကုန်နဲ့မန္တလေးက ရွှေလုပ်ငန်းရှင်တချို့ကို စစ်ကောင်စီက ဖမ်းဆီးမေးမြန်းနေ

- စစ်ကောင်စီက ခရီးသွားခွင့်ပြန်ပေးထားပေမယ့် NGO တချို့ကိုသာ ခွင့်ပြုထားခြင်းဖြစ်

- အိန္ဒိယ၊ပါကစ္စတန်သို့ အင်အားပြင်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်နိုင်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေ

https://youtu.be/5MzkO5bDKSU

#businessroundup
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥4👏2🖕1
This media is not supported in your browser
VIEW IN TELEGRAM
June - 16 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour
#reels #shorts
👍4😁1🍌1
နံ့သာဖြူရဲ့အကျိုးကျေးဇူးများ
===========

-နံ့သာဖြူက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-နံ့သာဖြူမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-နံ့သာဖြူမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/c2bBn_t_N4g

#Nature
#NatureArticle
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🌭1🍌1
ဆိုင်ကလုန်းမုန်တိုင်းချဉ်းကပ်လာနေတဲ့ အိန္ဒိယနဲ့ပါကစ္စတန်ကမ်းရိုးတန်းတွေကို လှိုင်းလုံးကြီးတွေရိုက်ခတ်နေ

https://www.facebook.com/reel/981925589651995

#internationalnews #reels #shorts #India #Pakistan
👍3🔥2
ဇွန်လ (၁၆)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

00:59 - မြန်မာ့အရေးအဖြေရှာဖို့ အကြိမ် ၇ဝ ကျော် ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှား ပြောကြားတဲ့သတင်း

03:45 - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့တွင် ပန်းသပိတ်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုတွေ တိုက်တွန်းတဲ့သတင်း

08:25 - ချင်းအမျိုးသား အဖွဲ့ချုပ် တရားရေးဌာန က ၂လအတွင်း အမှု ၈ မှုကို တရားစီရင်တဲ့သတင်း

11:42 - မိမိရဲ့ ရာထူးနေရာအပြောင်းအလဲဟာ မဟာမိတ်တွေအပေါ် မူတည်ကြောင်း နေတိုးအကြီးအကဲ ပြောကြားတဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။

https://youtu.be/Krh2Vt4_g5s

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁1🍌1
Media is too big
VIEW IN TELEGRAM
နံ့သာဖြူက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

Watch more detail -
https://youtu.be/c2bBn_t_N4g

#Nature #NatureArticle #short #Reels
🌭2🍌1
This media is not supported in your browser
VIEW IN TELEGRAM
ကျူးဘားမှာ ရေကြီးမှုကြောင့် လူ ၆ ဦးသေဆုံးကာ လူနေအိမ်ခြေရာနဲ့ချီပျက်စီးဆုံးရှုံးခဲ့

https://www.facebook.com/reel/1670255893492795

#Mizzima #internationalnews #reels #shorts
👍4🔥2
Chef Eve's Easy Thai Cooking Show | Episode (19) Promo
==================

ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ တို့ဟူးချိုချဉ်ကြော် နဲ့ ကြက်သားအစပ်‌ချက် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ တို့ဟူးချိုချဉ်ကြော် နဲ့ ကြက်သားအစပ်‌ချက်ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့် ဇွန်လ ၁၇ရက်၊ စနေနေ့ ညနေ (၆) နာရီမှာ Mizzima + Channel ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/ozO_sjtnbw0

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥1😁1
ဇွန်လ ၁၆ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3
Mizzima + Channel Promo
===========

ဖျော်ဖြေရေးဆိုတာ ဘ၀အမောတွေ သက်သာစေပြီး စိတ်ခွန်အားရစေတာမို့ နေ့စဉ်ဘ၀မှာ အရေးကြီးပါတယ်။ ဒါကြောင့် Mizzima + channel ကနေပြီးတော့ လူကြိုက်များတဲ့ နိုင်ငံတကာ ဇာတ်လမ်းတွဲတွေ၊ ကာတွန်းစီးရီးတွေ၊ variety show တွေနဲ့ ပညာပေး ဖျော်ဖြေရေးအစီအစဉ်ပေါင်းများစွာကို ထုတ်လွှင့်ပေးလျက်ရှိပါတယ်။

Mizzima + channel ကို မနက် ၆ နာရီကနေစပြီး ည ၁၂ နာရီအထိ မြန်မာနိုင်ငံနဲ့ အာရှနိုင်ငံများသို့ မြန်မာဘာသာဖြင့် ထုတ်လွှင့်ပြသလျက်ရှိပါတယ်။

Satellite တွေကနေ တစ်ဆင့် ဖမ်းယူကြည့်ရှုနိုင်သလို ဖုန်းတစ်လုံးရှိယုံနဲ့လည်း

Mizzima TV Application ကနေ အလွယ်တကူကြည့်ရှုနိုင်တာမို့
အခုပဲ ဒေါင်းယူပြီး ကြည့်လိုက်ရအောင်။

https://youtu.be/vku7PGQCnZ8

#mizzima +
#mizzima TV
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🖕3😁1
​​စစ်ရေး ဦးစားပေးနေရ၍ CDM ထောက်ပံ့မှု အားနည်းနေဟု NUG ဝန်ကြီး တောင်းပန်
=======================

002
(မဇ္ဈိမ)။ ။စစ်ရေးကိုဦးစားပေးနေရပြီး CDM များကို ထောက်ပံ့မှု အားနည်းရသဖြင့် တောင်းပန်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ( NUG )၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာတူးခေါင်က ပြောသည်။

ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာတူးခေါင်နှင့် ဝန်ကြီးဌာန CDM ဝန်ထမ်းများ တွေ့ဆုံခြင်းအစီအစဉ်တွင် တောင်းပန်ခဲ့ပြီး CDM ထောက်ပံ့ကြေးများ ပေးနေသော်လည်း အားလုံးကို မလွှမ်းခြုံနိုင်သေးကြောင်း ဝန်ကြီးက ဝန်ခံသည်။

ဝန်ထမ်းအားလုံးကို ထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အတွက် တောင်းပန်လို ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အရေးပေါ် အထောက်အပံ့အကူအညီများကိုလည်း ဦးစားပေးထောက်ပံ့ပေးနေကြောင်း၊ CDM Success Committee က CDM ရေးရာကိစ္စများကို တာဝန်ယူဆောင်ရွက်နေ ကြောင်း ၎င်းကဆက် ပြောသည်။
တော်လှန်ရေးအတွက် စစ်ရေးပိုင်းတွင် ဦးစားပေးဆောင်ရွက်နေရသဖြင့် CDM ထောက်ပံ့မှုအားနည်းခြင်းဖြစ်ကြောင်း၊ စစ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှု များစွာရှိကြောင်း၊ တော်လှန်ရေး အမြန်ဆုံးပြီးဆုံးရေး စောင့်မျှော်နေကြသည်ကို နားလည်ပါကြောင်း ဝန်ကြီးက ဆိုသည်။

NUG အနေဖြင့် တော်လှန်ရေး အောင်မြင်ရန် အစဉ်တစိုက် ဆောင်ရွက်နေ ကြောင်း၊ အချို့ကိစ္စရပ်များကို လျှို့ဝှက်အနေဖြင့် ချပြနိုင်ခြင်းမရှိသေး ကြောင်း၊ တော်လှန်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေ ရရှိရေး တရားမဝင်သစ်ဖမ်းဆီးခြင်း/ သယံဇာတ တူးဖော် ခြင်းများအပေါ် ဒဏ်ကြေးကောက်ခံခြင်းမှ တစ်ဖက်တစ်လမ်း ဆောင်ရွက်နေပါကြောင်း၊ ယခင်တော်လှန်ရေးများတွင် ကိုယ်ထူကိုယ်ထ ရန်ပုံငွေ ရှာဖွေနိုင်ခြင်းမရှိခဲ့သော်လည်း ယခုတော်လှန်ရေးတွင် NUGPay လည်ပတ်ဆောင်ရွက်နေပြီး ဘဏ်တည်ထောင်နိုင်ရေး စီစဉ်နေပြီ ဖြစ်ကြောင်း ဒေါက်တာ တူးခေါင်က ပြောသည်။

CDM များအနေဖြင့် စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပြီးဆုံးသည် အထိ လက်တွဲသွားစေလိုကြောင်း၊ ဘဝပေါင်းများစွာ ရင်းနှီးခဲ့ရသူများဖြစ်သည့်အတွက် CDM ဝန်ထမ်းအားလုံးကို လေးစားပြီး ယနေ့အချိန်အထိ မားမားမတ်မတ်ရပ်တည်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးဒေါက်တာတူးခေါင်က ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)


#mizzima
#စစ်ရေး
#CDM
#ထောက်ပံ့မှု
#NUG
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤9😁2🥱2
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် (၈၁၈)ရက်မြောက် ချီတက်ဆန္ဒပြ
====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှ ရွာပေါင်းစုံသပိတ်သည် ယနေ့ ဇွန်လ ၁၆ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ (၈၁၈) ရက်မြောက်အဖြစ် ချီတက်ဆန္ဒပြခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံးခဲ့သော အာဇာနည်များကို ဦးညွှတ်အလေးပြုခဲ့ကြကြောင်းသိရသည်။
ယင်းမာပင်နှင့် ဆားလင်းကြီး ကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရွာပေါင်းစုံသပိတ်
#ချီတက်ဆန္ဒပြ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤8🔥1🥰1😁1
Media is too big
VIEW IN TELEGRAM
Jun - 16 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍3🤮1🌭1