Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
"ကမ္ဘာမကြေဘူး" သီချင်းဖွင့်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
======================

ဂန္ဒမာ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ရှိ ဈေးတစ်နေရာ၌ "ကမ္ဘာမကြေဘူး" သီချင်းဖွင့်ကာ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike) မှ ရဲဘော်များက ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

"မြို့ပြမှာ ပြည်သူများနှင့်အတူ တော်လှန်ရေးအင်းအားစုများအတူရှိနေပြီး စစ်အာဏာရှင်ကို ရရာနည်းမျိုးစုံနဲ့တော်လှန်နေကြောင်း ပြည်သူများကို သိစေချင်တယ်။ ပြည်သူများရဲ့ ရင်တွင်းခံစားချက်များဖြစ်တဲ့ “ ကမ္ဘာမကြေဘူး”သီချင်းကို လူထုဆီချပြရင်း ပြည်သူများတော်လှန်ရေးကို အာရုံစိုက်စေချင်တာပါ။ အကြမ်းဖက်စစ်တပ်ကိုလည်း ငါတို့ဘက်မှ ပြည်သူရှိတယ်ဆိုတာကို မီးမောင်းထိုးပြပြီး မင်းတို့တစ်နေ့ နိဂုံးချုပ်ရမယ်လို့ သတင်းစကား ပါးချင်တာပါ။" ဟူ၍ လှုပ်ရှားမှုပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဋ္ဌ က မဇ္ဈိမကို ဖြေကြားသည်။

ကမ္ဘာမကြေဘူး"သီချင်းအား ဈေးလမ်းတစ်လျှောက် Sound Box ဖြင့် ဖွင့်လှစ်ခဲ့ပြီး သီချင်းပြီးဆုံးသည်အထိ အဆိုပါနေရာတွင်နေကာ ပြည်သူများအား လှုံ့ဆော်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့လှုပ်ရှားမှုပြီးတော့ အဲ့ဒီနေရာမှာ ဘာမှ ပြဿနာဖြစ်တာမျိုး၊ အစစ်အဆေးလုပ်တာမျိုးတော့ မရှိဘူး။ လုပ်ခဲ့တဲ့ရဲဘော်တွေလည်း ဘေးကင်းကင်းနဲ့လုံလုံခြုံခြုံရှိနေပါတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ အများပြည်သူ သွားလာနေတဲ့ဈေးမှာ လုပ်ခဲ့တာဆိုတော့ ပြည်သူတချို့ရဲ့ ထိတ်လန့်မှုတော့ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကျွန်တော်တို့ဦးတည်ချက်ဖြစ်တဲ့ ကမ္ဘာမကြေဘူးသီချင်းကို လူထုကြားထဲမှာ ပျံ့နှံ့စေပြီး လူထုကိုလှုံ့ဆော်တဲ့သဘောဆိုတော့ သီချင်းပြီးတဲ့အထိ အဆင်ပြေခဲ့ပါတယ်။"ဟု SC Strike မှ အိုမီက မဇ္ဈိမ ကို ပြောသည်။

စစ်တပ်၏ အာဏာသိမ်းမှုဟာ မအောင်မြင်သော အာဏာသိမ်းမှုသာဖြစ်ပြီး တော်လှန်ရေး နှစ်နှစ်ကျော်ကာလအတွင်း ပြည်တွင်းအင်အားစုများ၏တော်လှန်မှုကြောင့် စစ်ကောင်စီသည် နိုင်ငံတကာဆက်ဆံမှု ၊ သံတမန်ရေးရာ ၊ စစ်ရေး အစရှိသဖြင့်အဘက်ဘက်တွင် ရှုံးနိမ့်နေကာ မြို့ပြပြည်သူများသည်လည်း စစ်အာဏာရှင်ကို အမြစ်လှန်ဖို့စောင့်နေပြီဖြစ်ကြောင်း တော်လှန်ရေးအင်အားစုတစ်ခုမှ ရဲဘော်များက ဆိုသည်။

တော်လှန်ရေးကာလ နှစ်နှစ်ကျော်ကြာလာပြီးနောက် မြို့ပြတွင် လုထုသပိတ်များနည်းပါးသွားခြင်းမှာ လုံခြုံရေးအခြေအနေကို ဦးစားပေးနေရခြင်းကြောင့်ဖြစ်ပြီး သပိတ်တိုက်ပွဲများမှာလည်း တော်လှန်ရေးအရွေ့အပြောင်းအတိုင်း ဆင့်ကဲပြောင်းလဲမှုများဖြစ်ကာ လူထုသပိတ်၊ ပြောက်ကျားသပိတ်၊ အွန်လိုင်းကမ်ပိန်းသပိတ်၊ စတစ်ကာကပ်ခြင်း၊ ဘန်နာချိတ်ခြင်း စသည်ဖြင့် လုံခြုံလျှို့ဝှက်သည့် နည်းလမ်းများဖြင့် ရှေ့ဆက်တိုက်ပွဲဝင်လျက်ရှိကြောင်း မြေပြင်သပိတ်အဖွဲ့အစည်းများက မဇ္ဈိမကို ဖြေကြားသည်။

https://youtu.be/_ghNlyQ96pE

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကမ္ဘာမကြေဘူး
#သီချင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#SCStrike
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤20👏4👍3😁2
မနှိမ်ကြေး- I am proud of myself "
==========

"ဘာလိုလို့လဲ" ဇာတ်လမ်းတွဲမှ "မနှိမ်ကြေး" ဆိုတဲ့ နောက်ထပ် ဇာတ်လမ်းတိုတပုဒ်

ဂေးဆိုတဲ့ လိင်တူချင်း ချစ်သူတွေကို ခွဲခြား ဆက်ဆံသင့်ပါသလား....

သူတို့ရဲ့ မွေးရာပါ ဖြစ်တည်မှုတွေကို အသိအမှတ်မပြုသင့်ဘူးလား။

စတဲ့ အကြောင်းအရာတွေ ဖော်ပြထားတဲ့ ဇာတ်လမ်းတို

ကြည်နူးကကော ဒီဇာတ်လမ်းမှာ ဘယ်နေရာက ပါမှာလဲ...?

သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။

အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀ နာရီ နဲ့ ည ၉း၄၅ နာရီ အပြင် ဗုဒ္ဓဟူးနေ့ မွန်းလွှဲ ၁း၁၅ နာရီ အချိန်တို့တွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

အောက်ပါလင့်တွေမှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/XWYTapIPGcY
👍7😁1🍌1
​​အမျိုးသားညီညွတ်ရေး အစိုးရ
============

• စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်ထဲက စခန်းကြီးရွာတိုက်ပွဲအတွင်း ရန်သူ့တပ်က လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး Faw ကား ၂စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) ကဒီနေ့မှာ အသိပေးထုတ်ပြန်လိုက်သည်။

• အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ စိုးမိုးနယ်မြေတွေမှာရှိသည့် အလုပ်သမား များ အတွက် အလုပ်အကိုင်များ ဖန်တီးရန် ကြိုးစားဆောင်ရွက်လျက် ရှိပြီး အလုပ်သမားများ၏ အခွင့် အရေး နှင့် အတူ မြန်မာပြည်သူတွေရဲ့ အခြေခံအခွင့်အရေးများကာကွယ်နိုင်ရန် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုဝန်ကြီးနိုင်သု၀ဏ္ဏက ပြောသည်။

• နွေဦးတော်လှန်ရေးကာလတွင် LGBTQIA+ အသိုင်းအဝိုင်းရဲ့စွမ်းဆောင်ရည်ကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာ ဝန်ကြီးဌာနက လေးစားစွာ ဦးညွတ်ဂုဏ်ပြုကြောင်း ၂၀၂၃ ခုနှစ် Pride Month အမှတ်တရ တိုက်တွန်းအားပေးချက်တွင် ဖော်ပြထားသည်။

• စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်တာက လူမဆန်ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုကျူး လွန်ခြင်း ဖြစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာနအနေဖြင့် အပြင်းအထန်ရှုတ်ချကြောင်းထုတ်ပြန်သည်။

• International Conference of Emergency Medicine 2023 သို့ ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာဥက္ကာ တက်ရောက်ပြီး အကြမ်းဖက်စစ်တပ်၏ ကျန်းမာရေးဝန်ထမ်းများ ဆေးရုံ ဆေးပေးခန်းများကို ဖျက်ဆီးနေသည်များကို ဆွေးနွေးတင်ပြခဲ့သည်။

• အကြမ်းဖက်စစ်တပ်ကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများနှင့် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက် ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ‌ရေးဝန်ကြီးဌာနက ကူညီထောက်ပံ့ပေးနေကြောင်း အသိပေးထုတ်ပြန်သည်။

• တရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၅ဦးကို PDFတပ်ဖွဲ့က ပြည်သူ့ခုခံတော်လှန်စစ်အရ ရှင်းလင်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ထုတ်ပြန်သည်။
👍20😁1🤣1
Media is too big
VIEW IN TELEGRAM
ကြက်သားအစပ်‌ချက် | Chef Eve's Easy Thai Cooking Show | Ep - 19

Watch more detail- https://youtu.be/PshJsersqNI

#reels #shorts #ကြက်သား #ChefEve’s #Mizzima
❤4😁1🤮1
POWER CUTS
=============

https://youtu.be/CNwxRjZutUg

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍1😁1🤮1
​​စစ်ကောင်စီပါမည့် ထိုင်းအစိုးရ၏ အစည်းအဝေးသို့ ဖိတ်ကြားခံရသည့်နိုင်ငံများ မတက်ရောက်ရန် NUG ပန်ကြား
===============

002
စစ်ကောင်စီပါဝင်မည့် ထိုင်းအစိုးရ၏ မြန်မာ့အရေး Track 1.5 အစည်းအဝေးသို့ ဖိတ်ကြားခံရသည့်နိုင်ငံများ မတက်ရောက်ရန် NUG နိုင်ငံခြား ရေးက တောင်းဆိုလိုက်သည်။

" ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ယုတ္တိမတန်သော၊ အဆင့်သင့်မဖြစ်သေးသော အဆိုပါ အစည်းအဝေးကို ဖျက်သိမ်းရန်နှင့် ဆွေးနွေးပွဲသို့တက်ရောက်ရန် ဖိတ်ကြားခံရသော နိုင်ငံများ အနေဖြင့်လည်း အဆိုပါအစည်းအဝေးသို့ တက်ရောက် ခြင်းမပြုကြရန် တောင်းဆိုအပ်ပါသည်" ဟု NUG ကဆိုသည်။

ဆွေးနွေးပွဲသို့ စစ်အုပ်စုအား ဖိတ်ကြားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာရပ်များကို အဖြေရှာနိုင်မည် မဟုတ်သည့်အပြင် မြန်မာ့ ဒီမိုကရေစီ၊ တရားမျှတမှုနှင့် လူ့အခွင်အရေးအတွက် ကြိုးပမ်းတိုက်ပွဲဝင်နေမှုများ ပျက်ရယ် ပြုရာ ရောက် ကြောင်း၊ မြန်မာလူထုအပေါ် နေ့စဉ် အကြမ်းတမ်း အရက်စက်ဆုံး နည်းလမ်းများကို အသုံးပြု၍ ဖိနှိပ်နေသည့် အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ် ထောက်ခံရာ ရောက်နိုင် ကြောင်း NUG က မှတ်ချက်ပြုသည်။

ထို့ပြင် အာဆီယံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ခြင်းဖြစ် ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုအား ဆွေးနွေးပွဲသို့ ဖိတ်ကြားမှုအား ကန့်ကွက် ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဆိုးရွားနေပြီးဖြစ်သော အကြောင်းအရာများကိုပိုမိုဆိုးရွား သွားအောင် မပြုလုပ်ကြရန်နှင့် စစ်အုပ်စုက ပြည်သူလူထုအပေါ် အကြမ်းဖက်မှု နှင့် စစ်ပွဲဆင်နေခြင်းများကို ဆက်လက်ပြုလုပ် နိုင်စေမည့် အားပေးအားမြောက်ပြု ထောက်ခံခြင်းများကိုလည်း မပြုလုပ်ကြရန် တောင်းဆို ကြောင်း NUG က ထုတ်ပြန်သည်။

လက်ရှိထိုင်းအစိုးရအနေဖြင့် မြန်မာပြည်သူလူထု၏ ဆန္ဒကို အလေးထားလျက် မြန်မာနိုင်ငံအား ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် ကြိုးပမ်းနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ ဆက်ဆံ၍ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေး၊ နှစ်နိုင်ငံ ပြည်သူများ အေးချမ်းသာယာရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန် ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန် အလေးအနက်ထား တိုက်တွန်းအပ် ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

လက်ရှိထိုင်းအစိုးရသည် ဇွန်လ ၁၈ ရက်မှ ၁၉ ရက်အထိ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အလွတ်သဘော ဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ပြီး စစ် ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်း ဆွေ တက် ရောက်မည်ဖြစ်သည်။

ထို့ပြင် အာဆီယံနိုင်ငံများကိုလည်း ဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားထားသည်။ ထိုင်းနိုင်ငံက ပြုလုပ်ရန်စီစဉ်နေသည့် ဆွေးနွေးပွဲမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်တွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် တက်ရောက်ခဲ့သည်။
👍21🤬3❤1😁1🤣1
Look out for the next Green Tribe show on Mizzima
================

https://youtu.be/s0DSkxhWaVU

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁1🤮1
Weekend News Roundup
=========================

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

-ကရင်နီပြည်နယ်တွင် Starlink အင်တာနက် စတင်အသုံးပြု တဲ့ သတင်း

-ထိုးစစ်ကို ရုရှားကပြင်းပြင်းထန်ထန်ခုခံနေပေမဲ့ ယူကရိန်းဘက်ကခိုင်မာတဲ့တိုးတက်မှုတွေ ရှိနေကြောင်းပြောကြား တဲ့သတင်း

-မိမိရဲ့ ရာထူးနေရာအပြောင်းအလဲဟာ မဟာမိတ်တွေအပေါ် မူတည်ကြောင်း နေတိုးအကြီးအကဲပြောကြား တဲ့သတင်း

-အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်တိုက်ကျဆင်း တဲ့ သတင်း

-အိန္ဒိယက မြန်မာကို ရူပီးဖြင့် ကုန်သွယ်မှု အမြန်စတင်ဖို့ တောင်းဆိုတဲ့သတင်း

https://youtu.be/1M5yPzHeR80

#weekendnewsroundup
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁2❤1
ဇွန်လ (၁၇) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=============

ဒီကနေ့ညမှာတော့ အကျဉ်းကျခံ သမ္မတဦးဝင်းမြင့် တောင်ငူထောင်တွင်းမှာ ဆီးပိုက်တပ်ထားရတဲ့သတင်းနဲ့အတူ ထိုင်းနိုင်ငံမှာ မြန်မာ့အရေး Track 1.5 ဆွေးနွေးပွဲကျင်းပသွားဖို့ရှိနေပြီး

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကိုပါ ဖိတ်ကြားထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ တစ်ပတ်အတွင်း

စီးပွားရေးသတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ်အစီအစဉ်ကို နားဆင်ရမှာပါ။

https://youtu.be/KMhCat2Q2c8

#Eveningradio
#mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2🤮2
ဗန်းမော်မြို့နယ်တွင် ရွှေတူးဖော်မှုကြောင့် လယ်ယာမြေဧကအများအပြားပျက်စီး၍ ဒေသခံများစိုးရိမ်နေ
😢7🔥4👍2
ဗန်းမော်မြို့နယ်တွင် ရွှေတူးဖော်မှုကြောင့် လယ်ယာမြေဧကအများအပြားပျက်စီး၍ ဒေသခံများစိုးရိမ်နေ
===================

ကိုခင်မောင်
(မဇ္စျိမ)။ ။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ရွှေတူးဖော်မှုများကြောင့် ကျွန်းကိုင်းမြေ စိုက်ပျိုးနေသော လယ်ယာမြေ ဧက ရာနှင့်ချီကာ ပျက်စီးနေသဖြင့် ဒေသခံများ စိုးရိမ်နေကြသည်ဟု ဗန်းမော်မြို့နယ် ဒေသခံများထံမှ သိရသည်။

“မြစ်ထဲမှာ မောင်းနေတာဖြစ်လို့ ရေလမ်းကြောင်းပြောင်းလာတယ်၊ ရေကြောင်းတွေပြောင်းပြီးတော့ ကမ်းပါးပြိုတာဖြစ်တယ်။ ယာခင်းတွေရဲ့ အစပ်မှာ ကပ်ပြီးတော့ မောင်းတဲ့အတွက် ကမ်းပါးပြိုပြီး ယာခင်းတွေပျက်တာတွေရှိတယ်”ဟု ဒေသခံက ပြောသည်။
စိုက်ပျိုးမြေများ မြေပြိုကျခြင်းအပြင် ရွှေမျောများက စွန့်ပစ်လိုက်သည့် ဓာတုပစ္စည်းများကြောင့် စိုက်ခင်းများ ပျက်စီးမှုရှိလာနေသည်ဟု ဆိုသည်။

ရွှေတူးဖော်နေခြင်းကို ဒေသခံများ၊ ဒေသခံတိုင်းရင်းသား NGO အဖွဲ့အစည်းများနှင့် ဘုန်းတော်ကြီးများက အကြိမ်ကြိမ်တားမြစ်သည့်ကြားမှ လုပ်ကိုင်ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဗန်းမော်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ရွှေတူးဖော်ရာတွင် ရွှေမျောများကြောင့် သောင်ကမ်းပါးများထွန်းပြီး ရေလမ်းကြောင်းပြောင်းကာ ရေတိုက်စား၍ စင်းခမ်းတံတား ပျက်စီးခြင်းအပြင် ရွှေတူးဖော်မှုကြောင့် သမိုင်းဝင် ရွှေကူကျွန်းတော်ဘုရား ၊ ဘူးတောင်ဘုရား၊ မြစေတီဘုရားများ ပျက်စီးမှုများလည်းရှိနေကြောင်း ယင်းဒေသခံထံမှ သိရသည်။

“ရွှေကူကနေဆိုရင် ဧရာဝတီ မြစ်ကြောင်းတစ်လျောက် ဗန်းမော်အထက် မြစေတီရွာအထိ စိုက်ခင်းဧကပေါင်း ရာချီပျက်စီးပါတယ်။ တံတားတွေ၊ ဘုရားစေတီတွေ ပျက်စီးစ ပြုနေလို့ ဒေသခံတွေနဲ့ဘုန်းတော်ကြီးတွေက အကြိမ်ကြိမ်တားမြစ်ကြပါတယ်။ ဘုရားစေတီတွေနဲ့ တည့်တည့်ကပ်လျက် နေရာတွေမှာ တူးဖော်နေကြတာပါ” ဟု အမည်မဖော်လိုသူ ဗန်းမော်မြို့နယ် ဒေသခံက ပြောသည်။
အာဏာသိမ်းပြီးနောက် ဗန်းမော်မြို့အောက်ဘက်ရှိ စင်းခမ်းရွာ၊ ဗန်းမောက်မြို့ အထက်ဘက် မြစေတီရွာ၊ ရွှေကူမြို့နယ် ကျွန်းတောရွာ၊ နတ်ခုတ်ရွာ၊ ဘူးတောင်းရွာ၊ မြလည်ရွာ၊ ကောင်းတုံရွာ တို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းကာ ရွှေတူးဖော်နေကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ ရွှေတူးဖော်မှုကြောင့် မြစ်ကမ်းပြိုခြင်း၊ လယ်ယာကိုင်းကျွန်းမြေများ ပျက်စီးခြင်း၊ ရွှေလုပ်ငန်းတွင် အသုံးပြုနေသည့် ယန္တရားဆက်စပ်ပစ္စည်းနှင့် ဓာတုဆေးဝါးများ အသုံးပြုခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ရေကြောင်းပြောင်းလဲပြီး ဧရာဝတီမြစ် တိမ်ကောပျက်စီးသွားမည်ကို တားမြစ်ချင်၍ ရွှေတူးဖော်မှုကို ကန့်ကွက်နေခြင်းဖြစ်သည်ဟု ဗန်းမော်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

“ရွှေတူးဖော်ရာမှာ ကုန်သယ်ယာဥ် မော်တော်အကြီးစားပိုက်တွေနဲ့ တူးဖော်နေကြတာပါ။ တူးဖော်နေတဲ့ မော်တော်အစီးရေ ထောင်ချီရှိပါတယ်” ဟု ရွှေတူးဖော်ရာနေရာအနီးရှိ ဒေသခံက ပြောသည်။

အခွန်အခအနေဖြင့် ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ စကခ(၂၁)၊ တပ်မ(၈၈) တပ်ရင်းများဆီသို့ ပေးဆောင်၍ မော်တော်ယာဥ်တစ်စီးလျှင် တစ်ရက် ၂၀၀,၀၀၀ ကျပ်နှုန်းဖြင့် တူးဖော်‌နေခြင်းဖြစ်သည်ဟု ၎င်းကဆက်‌ပြောသည်။
အဆိုပါနေရာဒေသများတွင် အာဏာမသိမ်းမီအချိန်က ရွှေတူးဖော်ခြင်းမရှိခဲ့ဖူးကြောင်း ဒေသခံများထံမှသိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကချင်ပြည်နယ်
#ဗန်းမော်မြို့နယ်
#ရွှေတူးဖော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥7
​​မြန်မာရှိ မြေရှားသတ္တုတူးဖော်နေရာများ
================

မြန်မာနိုင်ငံရှိ မြေရှားသတ္တုတူးဖော်သောနေရာများတည်ရှိရာကို ညွှန်ပြသည့် တည်နေရာပြမြေပုံကို ထုတ်ပြန်လိုက်ပါတယ်။ ယခုလင့်ခ်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ

https://myanmarwitness.org/rare-earth-min

Myanmar Witness နှင့် Mizzima တို့မှ ပူးပေါင်းဖန်တီးထားသော ယခုမြေပုံအသစ်တွင် မြန်မာနိုင်ငံ၌ ဆင်ခြင်မဲ့တိုးပွားလုပ်ကိုင်လာသည့် မြေရှားသတ္တုတွင်းများ၏ လုပ်ကွက်နေရာများကို အသေးစိတ် ကြည့်ရှုလေ့လာနိုင်ပါတယ်။

#Myanmar
#RareEarth
🤬9👍2🔥2😁1
ထီးလင်းမြို့ အုန်းတွဲရွာတိုက်ပွဲအတွင်း ကျဆုံးရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား ပြုလုပ်
😢41👍3😁3