Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းကာလ ၃ နှစ်အတွင်း အလုပ်လက်မဲ့နှုန်း ၂သန်းခန့် ရှိလာဟု စစ်ကောင်စီ

Watch more detail - https://youtu.be/Obp-ibuK7MY

#reels #shorts #BusinessRoundUp #MizzimaTV
🤬4🔥2
Media is too big
VIEW IN TELEGRAM
ရွှေဈေးထိန်းဖို့ မန္တလေးမှာ တစ်ကျပ်သား ရွှေအတုံး ၇၃၀ ခန့် မန္တလေးရွှေအသင်း ထုတ်ရောင်း

Watch more detail - https://youtu.be/Obp-ibuK7MY

#reels #shorts #BusinessRoundUp #MizzimaTV
👍4❤1🔥1
Media is too big
VIEW IN TELEGRAM
အယ်နီညိုကြောင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအပေါ်သက်ရောက်မှုရှိနိုင်

Watch more detail - https://youtu.be/Obp-ibuK7MY

#reels #shorts #BusinessRoundUp #MizzimaTV
🔥2👍1
ကန့်ဘလူခရိုင်အတွင်း မြွေဆိုးကိုက်ခံရသည့် လူနာ ၁၁ ဦးအထိရှိလာ
😢8👍2🤬2😁1
ကန့်ဘလူခရိုင်အတွင်း မြွေဆိုးကိုက်ခံရသည့် လူနာ ၁၁ ဦးအထိရှိလာ
===================

ကိုခင်မောင်
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ချပ်သင်းတိုက်နယ် နှင့် ကိုးထောင်ဘို့တိုက်နယ်တို့တွင် ဇွန်လအတွင်း၌ မြွေဆိုးကိုက်ခံရသူ ၁၁ ဦးအထိ ရှိလာသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

“ပိုးထိလူနာတွေက မြွေပွေးပဲများတယ်ဗျ၊ မေလတုန်းကတော့ မြွေဟောက် ကိုက်ခံရတာ နှစ်ယောက်ရှိတယ်၊ အခုက မြွေကိုက်ခံရတဲ့ လူနာက တစ်ရက်ကို တစ်ယောက်နှုန်းမကအောင်ဖြစ်နေလို့ ဆေးဝါးကတော့ အမြဲလိုပါတယ်”ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။

ယနေ့ ဇွန်လ၂၀ ရက်တွင် ကိုးထောင်ဘို့တိုက်နယ်အတွင်း၌ အသက် ၃၀နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦး မြွေဆိုးကိုက်ခံရ၍ မြွေဆိပ်ဖြေဆေး နှစ်လုံးထိုးပေးထားကာ စောင့်ကြည့်နေဆဲ ဖြစ်သည်ဟု ၎င်းကပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ကိုးတောင်ဘို့တိုက်နယ်၌ အသက် ၅၀ နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးသည် မြွေဆိုးကိုက်ခံရ၍ BPI မြွေဆိပ်ဖြေဆေးလေးလုံးထိုးပေးထားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ထားသည်။

ချပ်သင်းတိုက်နယ်၌ ဇွန်လ ၁၈ ရက်တွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး မြွေဆိုးကိုက်ခံရပြီး ဆေးကုသမှုခံယူနေသည်ဟု သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၌ ဇွန်လ ၆ရက်တွင် အမျိုးသား တစ်ဦး ၊ ဇွန်လ ၈ ရက်တွင် အမျိုးသား တစ်ဦး ၊ ဇွန်လ ၁၁ ရက်တွင်အမျိုးသမီး တစ်ဦး၊ ဇွန်လ ၁၃ ရက်တွင် အမျိုးသား တစ်ဦး၊ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် အမျိုးသမီး နှစ်ဦး နှင့် ဇွန်လ၁၇ရက်တွင် အမျိုးသမီး တစ်ဦးတို့ မြွေဆိုးကိုက်ခံရကြောင်း သိရသည်။

ဇွန်လ ၁ရက်မှ ၂၀ရက်နေ့အတွင်း မြွေဆိုးကိုက်ခံရသည့် လူနာစုစုပေါင်း ၁၁ဦးအထိ ရှိလာပြီဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)မှ ပြုစုထားသည့် စာရင်းအရ သိရသည်။

ယခုစာရင်းများသည် ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)မှ လက်လှမ်းမီသမျှ ပြုစုထားသည့် အချက်အလက်များသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုဖြစ်ပွားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြွေဆိုးကိုက်လူနာဦးရေ မြင့်တက်သည်နှင့်အမျှ မြွေဆိပ်ဖြေဆေးများလည်း အရေးပေါ်လိုအပ်လျှက်ရှိသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

မိုးတွင်းကာလ ရောက်လာသည်နှင့်အမျှ မြွေဆိုးအန္တရာယ်လည်း ပိုမိုကြုံတွေ့ လာရပြီး စစ်‌ရှောင်များအနေဖြင့် ပိုမိုခက်ခဲလာနေကြကြောင်းလည်း သိရသည်။

မြွေဆိုးအန္တရာယ်မှ ရှောင်ရှားနိုင်ရန် အသိပညာပေးမှုများ ပြုလုပ်သော်လည်း ထပ်ကာတလဲလဲ ထွက်ပြေးနေရသော စစ်ဘေးဒုက္ခသည်များအတွက် လက်တွေ့မြေပြင်တွင် အခက်အခဲများစွာရှိကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိက မဇ္ဈိမကို ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ကန့်ဘလူမြို့နယ်
#စစ်ဘေးရှောင်
#မြွေအန္တရာယ်
ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့- ကန့်ဘလူခရိုင်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😢6🤬2🔥1😁1
ဇွန်လ ၂၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
​​၂ နှစ်ကျော်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတိုင်ကြားချက် ၁၀၀ ကျော်ရရှိခဲ့ဟု NUG ထုတ်ပြန်
==================

001
မဇ္စျိမ။ ။ အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တိုင်ကြားချက် ၁၁၇ မှုကို လက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့မှ ဇွန်လ ၁၉ ရက်နေ့တွင် ပူးတွဲထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့အထိ လက်ခံရရှိထားသည့် စာရင်းများကို ထုတ်ပြန်ခြင်းဖြစ်ပြီး အဆိုပါတိုင်ကြားချက်များတွင် အတည်ပြုနိုင်သည့်ဖြစ်စဉ် ၅၁ ခုနှင့် အတည်ပြုရန်ခက်ခဲသည့်ဖြစ်စဉ် ၆၆ ခုရှိကြောင်း ဆိုထားသည်။
ထိုအနက်မှ ၁၀၈ မှုမှာ စစ်ကောင်စီတပ်က ကျူးလွန်သည့်အမှုများဖြစ်ပြီး ကိုးမှုမှာ အရပ်သားအချင်းချင်း ကျူးလွန်မှုဖြစ်ကြောင်း ဖော်ပြထားသည်။ တော်လှန်ရေးအင်အားစုများက ကျူးလွန်ကြောင်း ဖော်ပြတိုင်ကြားသည့်အမှု ၁၃ မှုလည်းပါဝင်သည်ဟု NUG ကဆိုသည်။

အာဏာသိမ်းကာလတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများနှင့် ပတ်သက်ပြီး ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်ရာတွင် အကန့်အသတ်များ၊ အားနည်းချက်များ လွန်စွာရှိနေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ကြောင့် အမျိုးသမီးများအား အကူအညီပေးနေသည့်အဖွဲ့အစည်းများ၏ ကူညီနိုင်မှုမှာလည်း အားနည်းနေရကြောင်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“အထူးသဖြင့်တော့ ကာမလိမ်လည်မှုတွေရှိတယ်။ ပြီးတော့ အိမ်တွင်းအကြမ်းဖက်မှုပေါ့နော်။ ကိုယ့်ရဲ့ မိန်းမကို ပြန်ပြီးမှ လုပ်ချင်သလိုလုပ်တဲ့ဟာပေါ့။ ပြောချင်တာ၊ ပြီးတဲ့အခါ အထူးသဖြင့် ဖခင်တွေကိုယ်တိုင်ကိုယ်က ကိုယ့်ရဲ့သမီးတွေကို အများအသိမှာ ပေါ်ပေါ်တင်တင်ပဲ ကျူးလွန်ပြီးတော့မှ အဲ့ဒီလိုမျိုးပေါင်းသင်းသွားနေတဲ့ဟာတွေပေါ့။ အဲ့တာမျိုးတွေ ဖြစ်နေပါတယ်” ဟု ဆိုသည်။
သို့သော် အဆိုပါအမှုများ၊ ဖြစ်စဉ်များနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပဋိပက္ခကာလအတွင်း လိင်အကြမ်းဖက်မှုအဆုံးသတ်ရေးအတွက် လူ့အဖွဲ့အစည်းဝင်အားလုံး ပါဝင်သည့် စုပေါင်းအားထုတ်မှုလိုအပ်ကြောင်း NUG ၏ အဆိုပါဝန်ကြီးဌာနနှစ်ခုက တိုက်တွန်းသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လိင်အကြမ်းဖက်ခြင်းအမျိုးမျိုးကို ကာကွယ်နိုင်ရန် လမ်းညွှန်ချက်များ၊ ဥပဒေနှင့် နည်းဥပဒေများပြဋ္ဌာန်းကာ လုပ်ဆောင်ထားပြီးဖြစ်သကဲ့သို့ ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကိုလည်း အရေးယူဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့တွင် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှထုတ်ပြန်ခဲ့သည့် စစ်တမ်း၌ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်သားများမှ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကာယိန္ဒြေ ထိပါးနှောက်ယှက်မှု ကိုးမှု ရှိခဲ့သည်။

ထို့အတူ စစ်တပ်မဟုတ်သည့် အခြားသောလက်နက်ကိုင်အဖွဲ့များမှ ကျူးလွန်သည့်အမှု လေးမှု၊ အရပ်သားအချင်းချင်း ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၂၃ မှု၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် ကာမလိမ်လည်မှု ၂၃ မှုရှိကြောင်း ပါရှိကြောင်းဆိုသည်။

စစ်ကောင်စီတပ်က ၎င်းတို့အား ဆန့်ကျင်သူများအား ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများအပြင် ကျား၊ မ မရွေး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စစ်ကြောရေးကာလအတွင်း ကျူးလွန်ခဲ့ကြောင်းလည်း BWU က ဖော်ပြခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
#တိုင်ကြားချက်
#NUG
#အမျိုးသမီး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥3😁2😢1
​​မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး၌ ပိုမို ထဲထဲဝင်ဝင် ပါဝင်ရန် ထိုင်းအနိုင်ရပါတီ ကြိုးပမ်း
======================

ထိုင်းနိုင်ငံ၏ Move Forward Party ပါတီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် “ထိုင်းနိုင်ငံ၏ မြန်မာ့အရေး အကျပ်ရိုက်ခြင်း” အဖြစ် ရည်ညွန်းသော အရေးကိစ္စရပ်အား ကိုင်တွယ်ဖြေရှင်းရေးအတွက် ဝန်ကြီးချုပ်ရုံး၏ အာဏာစက်အောက်တွင် မြန်မာ ပြည်တွင်းအေဂျင်စီ လုပ်ငန်းအဖွဲ့ Myanmar Inter-Agency Task Force ကို ဖွဲ့စည်းထူထောင်ရန် စီစဉ်လျက် ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏4😁1
​​မုန်တိုင်းသင့်ဒေသများသို့ အကူအညီပေးပို့မှုအပေါ် စစ်ကောင်စီ၏ ပိတ်ဆို့မှုက လူသန်းချီကို ခြိမ်းခြောက်နေဟု HRW ပြော
=========================

မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် မြန်မာတွင် လူသားချင်းစာနာမှု အကူအညီများ ပေးပို့မှုအပေါ် စစ်ကောင်စီက တိုးမြင့်တားဆီးပိတ်ဆို့နေခြင်းက လူ့အသက်ဘဝ အမြောက်အမြားကို ချက်ချင်းလက်ငင်း ဘေးမကင်းဖြစ်စေသလို လူသန်းချီတို့အတွက် အန္တရာယ်ဖြစ်စေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ဇွန်လ ၂၀ ရက်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥2😁2
PDF အရာရှိ သင်တန်းဆင်းပွဲ NUG ယာယီသမ္မတ သွားရောက်အားပေး
======================

PDF အရာရှိ သင်တန်းဆင်းပွဲ NUG ယာယီသမ္မတ သွားရောက်အားပေးစကား ပြောကြားခဲ့သည်ဟု NUG က သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အရာရှိ သင်တန်းဆင်းပွဲသို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံခဲ့ပြီး သင်တန်းကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့ကာ တစ်နိုင်ငံလုံးရှိိ ပြည်သူ့ကာကွယ်ရေးသင်တန်းသားများတက်ရောက်ခဲ့ကြသည်ဟု NUG ကဆိုသည်။
👍21❤4😁4
​​မင်းတပ်တွင် ဒေသခံများပိုင် ဆိုလာပြားများကို စစ်တပ်က လိုက်ဖြုတ်ပြီး အတင်းအဓမ္မယူဆောင်ဟုဆို
=================

ကိုခင်မောင်
(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ နေအိမ်‌အချို့တွင် တပ်ဆင်ထားသော ဆိုလာပြားများကို စစ်ကောင်စီတပ်သားများက ဖြုတ်ယူသွားကြောင်း မြို့ခံများက ပြောသည်။

မင်းတပ်မြို့၊ စံမင်းသီရိကုန်းအနီးရှ်ိ နေအိမ်များမှ ဆိုလာပြားများကို စစ်ကောင်စီတပ်သားများက ဇွန်လ ၁၈ရက်ညတွင် ဖြုတ်ယူသွားပြီး ၎င်းတို့ တပ်စွဲထားသည့်နေရာသို့ ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးက မဇ္စျိမသို့ ပြောသည်။

“လေး၊ ငါးချပ်လောက်တက်ဖြုတ်တယ်လို့ပြောတယ်။ ကြည့်နေတဲ့သူ အိမ်အပစ်ခံရလို့ ဆက်မကြည့်ဘဲပုန်းနေလိုက်တာ။ သူတို့စခန်းချတဲ့နေရာတွေဆီ ယူဆောင်သွားတယ်” ဟု အဆိုပါဒေသခံက ဆိုသည်။

စံမင်းသီရိကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးရဲဘော်များ ဇွန်လ ၁၈ရက်နေ့ ညပိုင်းတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီက ‌ဒေသခံအရပ်သားများ၏ နေအိမ်များမှ ဆိုလာပြားများကို တက်ဖြုတ်ကာ ယူဆောင်သွားခြင်းဟု မင်းတပ်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ CDF Mindat မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၎င်းက " ဟိုတုန်းကဆို ဒေသခံတွေပိုင်ဆိုင်တဲ့ တီဗီစလောင်းတွေရော၊ ထမင်းပေါင်းအိုးတွေပါ ခိုးယူတာပါ။အခုလည်း ဆိုလာပြားတွေ ယူသွားပါတယ်"ဟု ပြောသည်။

မင်းတပ်သို့ လျှပ်စစ်မီးပို့လွှတ်နေသော မဟာဓာတ်အားလိုင်းတာဝါတိုင်သည် စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးထိမှန်ထားသောကြောင့် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ လအနည်းငယ်ကြာပြီဟု ဒေသခံများကပြောသည်။ လျှပ်စစ်မီးရရေးအတွက် ဆိုလာပြားများ တပ်ဆင်ထားစဉ် စစ်ကောင်စီ၏ လုယက်ခိုးယူမှုကို ခံနေရကြောင်း မြို့ခံများက ညည်းတွားကြသည်။

စာတည်း - ‌မောင်ကြီး

#mizzima
#ချင်းပြည်နယ်
#မင်းတပ်မြို့
#ဆိုလာပြားများ
#စစ်ကောင်စီတပ်သားများဖြုတ်ယူ
ဓါတ်ပုံ - မင်းတပ်မြို့ပေါ် တ‌နေရာ(ပုံဟောင်း)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬20👍5❤2🔥1😁1