NUG ကာကွယ်ရေးဌာနက မကွေးတိုင်းရှိ PDF တပ်ရင်း ၅ ခုကို လက်နက်တပ်ဆင်ပေး
==================
ကိုခင်မောင်
(မဇ္ဈိမ) ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ မကွေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ငါးရင်းကို လက်နက်များတပ်ဆင်ပေးခဲ့ကြောင်း NUG ကာကွယ်ရေးဌာနက ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်မှု အခမ်းအနားကို ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားကို မကွေးတိုင်းကွပ်ကဲရေးရုံး တာဝန်ရှိသူများ၊ တပ်ရင်းမှူးများနှင့် ဒုတပ်ရင်းမှူးများ တက်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်း တာဝန်ခံမှ မိန့်ခွန်းပြောကြားခြင်း၊ တာဝန်ရှိသူများမှ တပ်ရင်း ငါးရင်းကို လက်နက်တပ်ဆင်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တစ်နှစ်မဟာဗျုဟာနှင့်အညီ စစ်ဆင်ရေးစီမံချက်များကို အကောင်အထည်ဖော်နေပြီး လက်နက်တပ် ဆင်မှုများကိုလည်း စဉ်ဆက်မပြတ် အားထုတ်ကြိုးစားနေကြောင်းလည်း NUG ကာကွယ်ရေးဌာနက ပြောဆိုသည်။
စာတည်း။ ။ နောင်နောင်
#NUG
#လက်နက်တပ်ဆင်ပေး
#မကွေးတိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
❤37👍11🔥1
ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာတော့
=============
-လိင်ပြောင်းလဲသူများအသိုင်းအဝိုင်းအဖွဲ့ဝင်များက နယူးဒေလီမြို့က အလှမယ်ပြိုင်ပွဲတစ်ခုမှာပါဝင်ခဲ့ကြ
-အိန္ဒိယနိုင်ငံ မဒူရိုင်းရှိ ရွာငယ်လေးတစ်ရွာက သာစလီမာ နာရှရင်ဆိုတဲ့မူဆလင်အမျိုးသမီးတစ်ဦးမှ အနီးအနားရွာမှ ကျောင်းသားများကိုပညာအခမဲ့သင်ကြားပေး
-ရှေးဟောင်းကားပိုင်ရှင်များက အိန္ဒိယအနောက်ပိုင်း ပူနေးမြို့မှာစုရုံးခဲ့ကြပြီး ဂန္ဒဝင်ကားအလှများကို ပြသဖို့ပြိုင်ပွဲမှာ ပါဝင်ခဲ့ကြ
-အိန္ဒိယတောင်ပိုင်း မဒူရိုင်းခရိုင်အတွင်းက ကိုးကွယ်သူများက နှစ်စဉ်ကျင်းပမြဲ ပန်ဂူနီပွဲတော်ကို ကြီးမားလှတဲ့ ရထားလုံးကို ဆွဲ၍ ဆင်နွှဲခဲ့ကြ
-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတတ်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
https://youtu.be/WW3Ma6WHScI
#myindia
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာတော့
-လိင်ပြောင်းလဲသူများအသိုင်းအဝိုင်းအဖွဲ့ဝင်များက နယူးဒေလီမြို့က အလှမယ်ပြိုင်ပွဲတစ်ခုမှာပါဝင်ခဲ့ကြ
-အိန္ဒိယနိုင်ငံ မဒူရိုင်းရှိ ရွာငယ်လေးတစ်ရွာက သာစလီမာ နာရှရင်ဆိုတဲ့မူဆလင်အမျိုးသမီးတစ်ဦးမှ အနီးအနားရွာမှ ကျောင်းသားများကိုပညာအခမဲ့သင်ကြားပေး
-ရှေးဟောင်းကားပိုင်ရှင်များက…

👍6🔥2❤1
ရုရှစစ်ခေါင်းဆောင်များကို ဖြုတ်ချမည်ဟု Wagner ကြေးစားတပ်အကြီးအကဲ ပြော
=====================
ရုရှ၏ Wagner ကြေးစားတပ် အကြီးအကဲက ရုရှစစ်တပ်ခေါင်းဆောင်ပိုင်းကို ဖြုတ်ချရန်အတွက် “နည်းလမ်းကုန်” ဖြင့် လုပ်ဆောင်သွားမည်ဟု စိတ်ပိုင်းဖြတ် ပြောဆိုသည်။ ရုရှက ၎င်းအား “လက်နက်ကိုင် ပုန်ကန်သည်” ဟု စွပ်စွဲပြီး နာရီပိုင်းမှာပင် ပြောဆိုခြင်းပဲ ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ရုရှ၏ Wagner ကြေးစားတပ် အကြီးအကဲက ရုရှစစ်တပ်ခေါင်းဆောင်ပိုင်းကို ဖြုတ်ချရန်အတွက် “နည်းလမ်းကုန်” ဖြင့် လုပ်ဆောင်သွားမည်ဟု စိတ်ပိုင်းဖြတ် ပြောဆိုသည်။ ရုရှက ၎င်းအား “လက်နက်ကိုင် ပုန်ကန်သည်” ဟု စွပ်စွဲပြီး နာရီပိုင်းမှာပင် ပြောဆိုခြင်းပဲ ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤3😁1
ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် အင်တာဗျူး
===============
မဇ္ဈိမ။ ။မစ္စတာရှောင်တာနယ်အပါအဝင် နိုင်ငံတကာမှ ဘဏ်လုပ်ငန်းဆိုင်ရာအကြံပေး ၂ ဦးကို ကြားကာလ ဗဟိုဘဏ်ရဲ့အကြံပေးအဖြစ် ခန့်အပ်သွားမယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံကိန်း၊ဘဏ္ဌာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မဇ္ဈိမရဲ့ Weekly Interview မှာပြောပါတယ်။
ဒီလို ကြားကာလ ဗဟိုဘဏ်ရဲ့လုပ်ငန်းတွေအပြင် နွေဦးဘဏ်နဲ့ ပတ်သက်တာတွေ၊ တစ်လကို NUG အစိုးရရဲ့ ရန်ပုံငွေလိုအပ်ချက်တွေနဲဲ့ အမေရိကန်မှာရှိတဲ့ ဘဏ္ဍာငွေ ဒေါ်လာ တစ်ဘီလီယံကိစ္စနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒီတပတ် Weekly Interview မှာဆက်သွယ်မေးမြန်းထားပါတယ်။
https://youtu.be/R0fZlerG8ns
မေးမြန်း၊တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ
#weeklyinterview
#Mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===============
မဇ္ဈိမ။ ။မစ္စတာရှောင်တာနယ်အပါအဝင် နိုင်ငံတကာမှ ဘဏ်လုပ်ငန်းဆိုင်ရာအကြံပေး ၂ ဦးကို ကြားကာလ ဗဟိုဘဏ်ရဲ့အကြံပေးအဖြစ် ခန့်အပ်သွားမယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံကိန်း၊ဘဏ္ဌာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မဇ္ဈိမရဲ့ Weekly Interview မှာပြောပါတယ်။
ဒီလို ကြားကာလ ဗဟိုဘဏ်ရဲ့လုပ်ငန်းတွေအပြင် နွေဦးဘဏ်နဲ့ ပတ်သက်တာတွေ၊ တစ်လကို NUG အစိုးရရဲ့ ရန်ပုံငွေလိုအပ်ချက်တွေနဲဲ့ အမေရိကန်မှာရှိတဲ့ ဘဏ္ဍာငွေ ဒေါ်လာ တစ်ဘီလီယံကိစ္စနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒီတပတ် Weekly Interview မှာဆက်သွယ်မေးမြန်းထားပါတယ်။
https://youtu.be/R0fZlerG8ns
မေးမြန်း၊တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ
#weeklyinterview
#Mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် အင်တာဗျူး
မဇ္ဈိမ။ ။မစ္စတာရှောင်တာနယ်အပါအဝင် နိုင်ငံတကာမှ ဘဏ်လုပ်ငန်းဆိုင်ရာအကြံပေး ၂ ဦးကို ကြားကာလ ဗဟိုဘဏ်ရဲ့အကြံပေးအဖြစ် ခန့်အပ်သွားမယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံကိန်း၊ဘဏ္ဌာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က…
👍14❤3😁2👏1
မူဆယ်တွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားရာ အရပ်သား ၂ဦးထက်မနည်း သေဆုံး၊ ၇ဦး ပြင်းထန်ဒဏ်ရာရ
👍7🔥2

===================
ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ စက်မှုဇုန်လမ်းခွဲတွင် ဇွန်လ ၂၃ ရက်နေ့ ည ၇နာရီခွဲဝန်းကျင်၌ ပစ်ခတ်မှုထပ်မံ ဖြစ်ပွားခဲ့ရာ အရပ်သား နှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးအပါအဝင် ခုနစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံများမှ သိရသည်။
“ကျွန်တော်တို့အဖွဲ့ထင်ပြီး အရပ်သားကားကို ပစ်ခတ်ခဲ့တာပါခင်ဗျ။ အရပ်သား သုံးယောက်လောက်ကျတယ်၊ ဒဏ်ရာရများပါတယ်ခင်ဗျ။ အဲ့ကားသမားကို PDF အထင်နဲ့ဝိုင်းပစ်ကြတာ။ ပြီးမှ အရပ်သားဖြစ်နေမှန်းသိသွားကြတာခင်ဗျ။ အထိခိုက်များတယ် ခုနစ်ယောက်အထက်ပဲ” ဟု မူဆယ်ဗျူဟာ ပြန်ကြားရေးတာဝန်ခံ ကိုဒိုးက မဇ္ဈိမ ကို ပြောသည်။
စစ်ကောင်စီတပ်သား နှင့် ပြည်သူ့စစ် ခုနစ်ဦးကျော် ကင်းစောင့်နေသည့် ကင်းစခန်းတွင် ဇွန်လ ၂၂ ရက်နေ့ ဖြစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာအနီး၌ စစ်ဆေးမှု လုပ်ဆောင်နေစဉ် အရပ်သားကားတစ်စီးကို တားဆီးရာ မရပ်ပေးသဖြင့် ပစ်ခတ်မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လမ်းပေါ်တွင် သွားလာနေသူများကိုလည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံက ပြောသည်။
“ပစ်ခတ်မူက တပ် က တားတာမရပ်လို့ အရပ်သားကားလျောက်ပစ်တာ၊ မနေ့က(၂၂ရက်နေ့) ဖြစ်ခဲ့တဲ့နေရာမှာ စစ်ဆေးရေးလုပ်တာ မရပ်လို့ လိုက်ပစ်တာနဲ့ ကားကိုထိကုန်တာပါ” ဟု မူဆယ်မြို့ခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ထိခိုက်ဒဏ်ရာရသူများတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးလည်း ပါဝင်ပြီး ၎င်းသည်လည်း ပစ်ခတ်မှုဖြစ်ပွားသည့်အချိန်တွင် သွားလာရင်း ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။ ထို့နောက် သေဆုံးသူများနှင့် ဒဏ်ရာရသူများအား မူဆယ်ဆေးရုံတွင် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုအပြီး ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တစ်ခုတွင် ဗီဒီယိုရိုက်ကူးနေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးသည် ထိခိုက်ဒဏ်ရာရသူတစ်ဦးကို ပစ်ခတ်ခြင်းရှိ မရှိမေးမြန်းနေပြီး ဒဏ်ရာရသူ အရပ်သားမှာ ပစ်ခတ်ခြင်းမရှိကြောင်း ပြန်ပြောသည်ကို တွေ့ရသည်။ ထို့နောက် ဆေးကုသရန် လိုအပ်နေသည့် ဒဏ်ရာရသူများအား ဆေးကုသခြင်း ဆောင်ရွက်မပေးဘဲ “သေရင်သေပါစေ” ဟု ဆရာကြီးဆိုသူတစ်ဦးက အော်ပြောနေကာ ကျန်သည့် စစ်ကောင်စီတပ်သားနှင့် ပြည်သူစစ်များမှာ ၎င်းတို့အဖွဲ့မှသာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံ ပြောဆိုထားသည်ကို ထိုဗီဒီယိုဖိုင်ထဲတွင် တွေ့ရသည်။
ယမန်နေ့ည ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာအနီးတွင် ဇွန်လ ၂၂ ရက် ညနေ ၆ နာရီကျော်အချိန်၌ စစ်ကောင်စီတပ်ဖွဲ့နှင့် လုံထန်ပြည်သူ့စစ်များ စီးနင်းလာသည့်ကား ပစ်ခတ်ခံရ၍ ပြည်သူ့စစ်တစ်ဦး သေဆုံးကာ တစ်ဦးထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မူဆယ်
#ပစ်ခတ်မှု
#ဟိုနားရပ်ကွက်
#လုံထန်ပြည်သူ့စစ်

Facebook
#mizzima – Explore
explore #mizzima at Facebook
👍12🔥3❤1
ပေါင်းတည်မြို့နယ် လက်ပံခုံရွာရှိ ကျောင်းထိုင်ဘုန်းကြီး ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ
======================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လက်ပံခုံရွာရှိ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ဇွန်လ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူသွားကြောင်း ဒေသခံများက မဇ္ဈိမကိုပြောသည်။
သက်တော် ၆၅ နှစ်ခန့် ရှိပြီဖြစ်သော လက်ပံခုံရွာ ကျောင်းထိုင်ဘုန်းကြီးသည် တောင်ခမောက်ရွာနှင့် လက်ပံခုံရွာကြားတွင် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
"နေ့လယ်ဘက်ဗျ သေနတ်သံ သုံးချက်ကြားလိုက်တယ်။ ဘုန်းကြီးက မဘသဘုန်းကြီးပါ။ ဟိုတလောက ဒီဘက်မှာ ရွာသားတွေ အစာငတ်ရေငတ် တစ်နေကုန် နေလှမ်းခံရတဲ့ကိစ္စတွေမှာလည်း ဘုန်းကြီးနဲ့ ရဲပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ ရွာသားတွေကတော့ ယူဆကြတယ်။ ပြောရရင်တော့ဗျာ ရွာသားတွေဘက်မှာလည်း မကျေနပ်သူတွေရှိကြပါတယ်။ နောက်တစ်ခုကတော့ ဒီဘက်မှာ ပကဖတွေလည်းရှိတယ် ရှစ်လုံးတဲတိုက်ရွာဘက်မှာလည်း ပျူလက်နက်ကိုင်တွေရှိတယ်" ဟု ဒေသခံအမျိုးသားတစ်ဦးက မဇ္ဈိမကိုပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို လက်ရှိအချိန်အထိ မသိရှိရသေးပေ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မဇ္ဈိမမှ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသို့ မေးမြန်းရာတွင် ၎င်းတို့တပ်ရင်းတပ်ဖွဲ့များအနေဖြင့် အဆိုပါ ပစ်ခတ်မှုကို စီစဉ်ခြင်း ၊ အမိန့်ပေးခြင်း မရှိကြောင်းနှင့် လက်ရှိအချိန်အထိ မည်သည့်အဖွဲ့အစည်း၊ မည်သူမည်ဝါက လုပ်ဆောင်သည်ကို အတည်ပြုချက်ပေး၍ မရသေးကြောင်း ပြောသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ အာဘော်များကိုဖြန့်ဝေပေးနေသည့် တယ်လီဂရမ်ချန်နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လုပ်ဆောင်ချက်ဖြစ်သည်ဟု စွပ်စွဲရေးသားထားသည်များကိုလည်း တွေ့ရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ပဲခူးတိုင်း
#ပေါင်းတည်မြို့နယ်
#ကျောင်းထိုင်ဘုန်းကြီး

👍13😱3❤1
ကော့သောင်းမြို့ ရေငန်းချိုင်ရွာက ပျူစောထီးဆိုသူများ၏ကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်၊ ၃ ဦး သေဆုံး
👍14👏3❤2🔥1

=================
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ရေငန်းချိုင်ရွာရှိ ကင်းစခန်းကို ဇွန်လ ၂၂ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာ ပျူစောထီးဆိုသူ သုံးဦး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)က ဇွန်လ ၂၃ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ ကင်းစခန်းအား ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင်ဆိုသူ စိန်သန်းကို အပါဝင် သုံးဦး သေဆုံးသွားသည်ဟု ပ.က.ဖ အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံထံက သိရသည်။
“ရွာမှာ သူတို့က မူယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတယ်၊ ပြည်သူတွေကို ဖိနှိပ်နေလို့ ရှင်းလိုက် ရတယ်။ ပစ်ခတ်တာ အပြီးမှာ စစ်ကောင်စီတပ်သားတွေက လာစစ်ဆေးတာရှိတယ်”ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ထိုသို့ ပျူစောထီး ကင်းစခန်းကို ဝင်ရောက် ပစ်ခတ်ချိန် အတွင်း ပျူစောထီး သုံးဦးကို ရှင်းလင်း နိုင်ခဲ့သည့်အပြင် လက်နက် ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ အပါအဝင် wy စာတန်းပါ စိတ်ကြွဆေးပြားများကိုပါ သိမ်းဆည်း ရမိခဲ့ပြီး ထိုသို့သိမ်းဆည်း ရမိသည့် မှုးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီးလိုက်ကြောင်း ဆိုသည်။
ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေအဖွဲ့နှင့်သာ သက်ဆိုင်ပြီး ကျေးရွာနေ ပြည်သူများနှင့် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်း မရှိကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
#တနင်္သာရီတိုင်း
#ကော့သောင်းမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

#တနင်္သာရီတိုင်း – Explore
explore #တနင်္သာရီတိုင်း at Facebook
👍16❤5🔥1
နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်ခြင်းခံရသော အရပ်သားပြည်သူ ဦးရေ ၃,၇၀၀ နီးပါးရှိ
===================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ မြန်မာနိုင်ငံတစ်ဝန်း၌ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသော အရပ်သားပြည်သူဦးရေ ၃,၆၉၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။
အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ကြောင့် ၃၅၄ ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၁၁၄ဦးဖြင့် သေဆုံးမှုအများဆုံးဖြစ်သည်ဟု AAPP က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ကြောင့် ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ ဇွန်လတတိယပတ်အထိ ၁၁၄ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၂၁၇ ဦး နှင့် ၂၀၂၁ခုနှစ်တွင် ၂၃ဦး သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုလ ဇွန်လ ၂၁ ရက်နေ့ တွင်ပင် စစ်ကိုင်းတိုင်း၊ ကလေးနည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကလေးမြို့နယ်၊ အရှေ့စံသာကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ငါးနှစ်အရွယ် ကလေးတစ်ဦး ဦးခေါင်းထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ရသည်။
ထို့အပြင် အာဏာသိမ်းချိန်မှစ၍ ဇွန်လ ၂၃ရက် ညနေ ၆နာရီအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံရသူစုစုပေါင်း ၂၃,၄၄၁ ဦးအထိ ရှိနေပြီး ၆,၅၀၆ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရကြောင်း AAPP က ကောက်ယူထားသော စာရင်းများအရ သိရသည်။
စစ်ကောင်စီက ပြစ်ဒဏ်ချမှတ်ခံရသူများထဲမှ ၁၅၇ ဦးအား သေဒဏ်ချမှတ်ထားပြီး ဖမ်းဆီးခံထားရသူများအနက် ၁၂၁ ဦးအား မျက်ကွယ်ပြစ်ဒဏ်ချမှတ်ထားကာ ၄၂ ဦးအား မျက်ကွယ်သေဒဏ်ချမှတ်ထားခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ထို့ကြောင့် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယမန်နေ့ ဇွန်လ ၂၃ ရက်အထိ သေဒဏ်ချမှတ်ခံရသူ စုစုပေါင်းသည် ၁၅၇ ဦးအထိ ရှိနေပြီး ပြန်လည်လွတ်မြောက်သူ စုစုပေါင်းသည် ၄,၃၄၅ ဦးရှိကြောင်းသိရသည်။
အဆိုပါ စာရင်းများသည် နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း( AAPP)မှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသော အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟုလည်း ယင်းအဖွဲ့ကဆိုသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#နွေဦးတော်လှန်ရေး
#AAPP
#စစ်ကောင်စီ

🤬11🔥2😢2
ကျောက်လုံးကြီးစခန်းအား ဇွန်လအတွင်း ၃ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း KNU တပ်မဟာ (၂) ပြော
========================
YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ လိပ်သို- တောင်ငူကားလမ်းဘေးရှိ ကျောက်လုံးကြီး စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၂)၊ တပ်ရင်း (၅)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဇွန်လအတွင်း သုံးကြိမ်သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ (၂) KNLA၊ တပ်ရင်း (၅) တာဝန်ရှိသူတစ်ဦးထံက သိရသည်။
" ကျောက်လုံးကြီးစခန်းက တောင်ငူကနေ လိပ်သိုသွားတဲ့လမ်းကြားမှာ ရှိတယ်။ အင်အားကတော့ အနည်းဆုံး လေးငါးဆယ်လောက်တော့ရှိမယ်။ မြေပြင်ချည်းပဲ သွားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်" ဟု တပ်မဟာ (၂) KNLA၊ တပ်ရင်း (၅) တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီတပ် အင်အား ၅၀ ဝန်းကျင် အထိုင်ချနေသော ကျောက်လုံးကြီး စစ်ကောင်စီတပ်စခန်းအား တပ်မဟာ(၂) KNLA တပ်ရင်း(၅)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် တစ်ကြိမ်၊ ဇွန်လ ၁၂ ရက်နေ့တွင် တစ်ကြိမ်၊ ဇွန်လ ၂၀ ရက်နေ့တွင် တစ်ကြိမ် မြေပြင်မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်ဘက်တွင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင်မူ အထိအခိုက်မရှိခဲ့ကြောင်း တပ်မဟာ (၂) KNLA၊ တပ်ရင်း (၅) တာဝန်ရှိသူတစ်ဦးထံက သိရသည်။
" သူတို့ဘက်က ၁၀ ဦးထက်မနည်းသေတယ်၊ အတိအကျ ဒဏ်ရာရတာတော့ သုံးယောက်ပဲသိရတယ်၊ KNLA ဘက်မှာတော့ ထိခိုက်မှု မရှိပါဘူး" ဟု တပ်မဟာ (၂) KNLA၊ တပ်ရင်း (၅) တာဝန်ရှိသူတစ်ဦးက ဆိုသည်။
တိုက်ပွဲဖြစ်စဉ်များအတွင်း သံတောင် (၇) မိုင်ရှိ စစ်ကောင်စီတပ်စခန်း၊ ထုံးဘိုကြီးစခန်း၊ လိပ်သိုမြို့အခြေစိုက် အမှတ်(၆၀၃) ဗျူဟာကုန်း တပ်စခန်းတို့မှ လက်နက်ကြီးများဖြင့် ကူပစ်ပေးခဲ့ကြကြောင်းလည်း သိရသည်။
ထို့အပြင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အထိနာခဲ့သော ကျောက်လုံးကြီး စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် ကျောက်လုံးကြီးကျေးရွာ၊ ရွာသစ်၊ ကွမ်းပင်ကျေးရွာ အစရှိသော ကျေးရွာများ၏ အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် အဆိုပါကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ကလည်း ကျောက်လုံးကြီးစစ်ကောင်စီတပ်စခန်းအား တပ်မဟာ (၂) KNLA၊ တပ်ရင်း (၅) ၊ PDF ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းရှိပြီး ထိုတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဒု-ရင်းမှူး အပါအဝင် တပ်သားအချို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများစွာ ရှိခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျောက်လုံးကြီး
#စစ်ကောင်စီတပ်စခန်း
#သံတောင်ကြီးမြို့နယ်
#KNLA

👍17❤3😁1
ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဝင်မြို့နယ် YMBA ဥက္ကဋ္ဌ ပစ်ခတ်ခံရ၍ သေဆုံး
👍21😁2