Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မန္တလေးတွင် ရာအိမ်မှူးသားအဖ သေနတ်ပစ်ခံရပြီး ရာအိမ်မှူးသေဆုံး သားဖြစ်သူ ဗိုက်ပေါက်ထွက်
==================

007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ညက ရာအိမ်မှူးသားအဖ နေအိမ်ရှေ့၌ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး၊ ရာအိမ်မှူးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

"သားအဖနှစ်ယောက် အပြင်ကနေပြန်လာတာကို အိမ်ရှေ့ကနေစောင့်ပစ်သွားတယ်၊ ရာအိမ်မှူးက ညက ၁၀ နာရီလောက်က သေတယ်လို့သိရတယ်၊ သူ့သားကတော့ ဆေးရုံမှာအသက်ရှိသေးတယ်လို့ပြောတာပဲ" ဟု အခင်းဖြစ်စဉ်သိရှိသူ တစ်ဦးက ပြောသည်။

မန္တလေး ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက်(၅၀၀)၊ ၁၀၅(A)လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားနေ ရာအိမ်မှူးဦးမြတ်ထူး(အသက် ၅၆ နှစ်)နှင့် သားဖြစ်သူရဲမြင့်မိုရ်ထူး(အသက် ၂၁ နှစ်)တို့၊ ယမန်နေ့ဇွန် ၂၃ ရက်နေ့ ည ၉ နာရီခန့်က၊ သေနတ် ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်သည်။

သားအဖနှစ်ဦး၊ အပြင်မှနေအိမ်သို့ပြန်လာစဉ်၊ နေအိမ်ရှေ့အရောက် ဆိုင်ကယ်တစ်စီးဖြင့်လိုက်လာသည့် သေနတ်သမားနှစ်ဦးက အနီးကပ် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးတွင် ဦးခေါင်းကျည်ဆန်ထိမှန်ဒဏ်ရာ နှစ်ချက်၊ သားဖြစ်သူတွင် ၀မ်းဗိုက်ပေါက်ထွက်ဒဏ်ရာ တစ်ချက်တို့ အသီးသီးရရှိခဲ့ကြောင်း၊ မန္တလေးဆေးရုံကြီးသို့ပို့ဆောင်ကုသမှုပေးထားစဉ် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရာအိမ်မှူးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အ၀န်းမှ သိရသည်။

"သေနတ်နဲ့သုံးချက်ပစ်ခံရတယ်၊ ရာအိမ်မှူးကို နှစ်ချက်ထိတယ်၊ သူ့သားကိုတစ်ချက်ထိတယ်၊ ရာအိမ်မှူးက နှစ်ချက်စလုံးခေါင်းချည်းထိတာ၊ ဆေးရုံရောက်လိုက်သေးတယ် ဆေးရုံရောက်ပြီးမှသေတာ" ဟု နီးစပ်သူတစ်ဦးကပြောသည်။

၎င်းတို့နှစ်ဦးအား၊ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း မသိရသေးပေ။

မန္တလေးမြို့တွင် ဇွန်လ ၁၀ ရက်နေ့ကလည်း၊ မြစ်သားမြို့နယ် ကျောက်ဆောက်ကျေးရွာမှ ရာအိမ်မှူးဦးလှ၀င်းဆိုသူ နေအိမ်ခြံ၀င်းအတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မန္တလေးမြို့
#ရာအိမ်မှူး
#ချမ်းမြသာစည်မြို့နယ်
#သေနတ်သမား
Photo CJ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍27🔥1
​​နေပြည်တော်တွင် တော်လှန်ရေးအင်အားစုများ စစ်ဆင်ရေး စပြီဟု NPT-PDF ပြော
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ စစ်ကောင်စီနယ်မြေဖြစ်သော နေပြည်တော်၏ အရပ်လေးမျက်နှာလုံးတွင် တော်လှန်ရေးအင်အားစုများက စစ်ဆင်ရေး စတင်နေပြီဖြစ်ကြောင်း နေပြည်တော် PDF ၏ ဒု−တာဝန်ခံ ဗိုလ်ငွေစိုးက မဇ္ဈိမကိုပြောသည်။

နေပြည်တော်ကောင်စီနယ်မြေသည် စစ်ကောင်စီ၏ နောက်ဆုံးခံတပ်ဖြစ်သည့်အတွက် "လမ်းအားလုံးနေပြည်တော်သို့" စစ်ဆင်ရေးကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပြီး နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှာလည်း တိုက်ရည်ခိုက်ရည်မြင့်တက်လာပြီဟု ၎င်းကပြောသည်။

"မကြာသေးခင်ကဖြစ်ခဲ့တဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်းက စစ်ဆင်ရေးတွေကိုကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်သားတွေဟာ စိတ်ဓာတ်ရေးရာကျရှုံးနေပြီ။ ကျွန်တော်တို့ဘက်ကလည်း ဇွဲစိတ်သန်မှုနဲ့ နေပြည်တော်အထိချီတက်သွားမှာပါ” ဟု ဗိုလ်ငွေစိုးကပြောသည်။

စစ်ရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း နေပြည်တော်ကောင်စီနယ်မြေတွင် ပြောက်ကျားစစ်ဆင်ရေးများ ပိုမိုအားကောင်းလာနိုင်ကြောင်း သုံးသပ်သည်။

ထို့ပြင် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ပါဝင်သည့် ပျဥ်းမနားမြို့နှင့် ပတ်သက်၍ “ရှမ်းကယားနယ်စပ် ပေါင်းလောင်းမြစ်ဝှမ်း၊ တစ်ဖက်ကကြည့်ရင်း ပျဉ်းမနားပေါ့ ။ အဲ့ဒီနေရာမှာ စစ်ကောင်စီဘက်က ခံစစ်ကြီးကို အပြည့်အဝပြင်ဆင်ထားပါတယ်။ အဲ့တာကိုကျော်နိုင်မှ နေပြည်တော်ကိုထိုးစစ်စလာနိုင်မှာပါ ” ဟု လည်း ၎င်းကပြောသည်။


စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်ဆင်ရေး စ
#NPT-PDF
#နေပြည်တော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍36❤8😁3
This media is not supported in your browser
VIEW IN TELEGRAM
မင်းသား ပတ်ဆိုးဂျွန်ရဲ့ Dating သတင်း

Full Video Link - https://youtu.be/POrdyIyfBVE

#entertainmentnews
#celecity #mizzimaplus
#internationalnews #reels #shorts
👍5🍌1
This media is not supported in your browser
VIEW IN TELEGRAM
ဖျော်ဖြေပွဲမှာ ခေါင်းပေါက်သွားတဲ့ Bebe Rexha

Full Video Link - https://youtu.be/POrdyIyfBVE

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍5🍌1
လောက်ကိုင်မြို့တွင် ပြည်သူ့စစ်အဖွဲ့နှင့် ရဲတပ်ဖွဲ့ တို့ပစ်ခတ်မှုဖြစ်ပွား
==================

ဂျူချန်း (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ လူစည်ကားရာ နေရာတွင် ယမန်နေ့ ဇွန်လ ၂၃ ရက် ည ၈ နာရီခွဲအချိန်၌ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်တို့ အချင်းချင်း စကားများရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း အမျိုးသားတစ်ဦးနေရာတွင် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။

“လူငယ်ချင်းငြိ(စကားများ)ကြတာက စတယ်၊ ဘာကြောင့်ငြိ(စကားများ)သလဲတော့ မသိရပါဘူး။ ကောင်လေးတစ်ယောက်ကို ရဲဝတ်စုံနဲ့ ငါးယောက်လောက် ဝိုင်းထိုးကြတယ်။ အဲ့ဒါနဲ့ အထိုးခံရတဲ့ကောင်လေးက သူ့အဖွဲ့ခေါ်လာပြီး ပစ်တယ်။ အဲ့ဒီလူငယ်ကလည်း ပြည်သူ့စစ်အဖွဲ့ကပဲ။ အချင်းချင်းရန်ဖြစ်ပြီး ပစ်ကြတာ” ဟု လောက်ကိုင်တွင် နေထိုင်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ည ၈ နာရီခွဲမှ ၉ နာရီကျော်အထိ ဘုံခုနစ်ဆင့်အဝိုင်းနှင့် ကျင်ကျန်းဝန်း ဟုန်ဖူလမ်းသွယ်(၁) ထိပ်ရှိ ကျင်ဟိုင်းဟိုတယ်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနီးဝန်းကျင်ရှိ အဆောက်အအုံနံရံများကိုလည်း ကျည်ဆန်နှင့် ဗုံးစထိမှန်မှုများ ရှိခဲ့ကြောင်း လောက်ကိုင်ဒေသခံက ဆိုသည်။

“ပထမက အတွဲလိုက် ပစ်ခတ်သံတွေညံနေတာ ဆယ်မိနစ်နီးပါး၊ အဲ့ဒါပြီးတော့ တစ်ချက်နှစ်ချက်သံက နာရီဝက်နီးပါးထိ ကြားနေရတယ်။ ဗုံးသီးနှစ်လုံးပါ ပစ်ခတ်ပါတယ်။ နံရံကိုထိပြီး ပေါက်ကွဲတယ်။ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဟိုတယ်ကိုတော့ ပိတ်လိုက်ပြီလို့ ကြားရပါတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ပစ်ခတ်မှုအတွင်း သေဆုံးသွားသူများ ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သည်ဟု ဒေသခံအချို့က ပြောဆိုကြသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ချင်းမရှိသေးပေ။

ယင်းအပြင် ဇွန်လ ၂၃ ရက်နေ့ တစ်ရက်တည်းတွင်ပင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အရပ်သား နှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးအပါအဝင် ခုနစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

လောက်ကိုင်မြို့သည် တရုတ်- မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်ပြီး တရားမဝင် လောင်းကစားရုံများ အများအပြားရှိကာ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်များနှင့် ကိုးကန့်တပ်မတော် (MNDAA) လှုပ်ရှားရာ ဒေသလည်း ဖြစ်သည်။

https://youtu.be/Q4BAwOaGrcw

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#လောက်ကိုင်မြို့
#ရှမ်းပြည်နယ်
#ပြည်သူ့စစ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍20🤣4
Media is too big
VIEW IN TELEGRAM
ကြက်မျှစ်ချဉ် | Chef Eve's Easy Thai Cooking Show | Ep - 20

Watch more detail- https://youtu.be/ZOtRMQILQAk

#reels #shorts #ကြက်မျှစ်ချဉ် #ChefEve’s
🤮2👍1
ဖားဆောင်းမြို့ တိုက်ပွဲမှာ စကစတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး၊ တော်လှန်ရေးအင်အားစုဘက်က ၆ ဦး ဒဏ်ရာရ
=================

ကိုဇာနည် (မဇ္စျိမ) ။ ။ ကရင်နီပြည်နယ်၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်း သံလွင်တံတားထိပ်အနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးသွားကြောင်း ဖားဆောင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

သံလွင်အရှေ့ဖက်ကမ်း သံလွင်တံတားထိပ်က တောင်ယာခင်းများတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ပြီးခဲ့သည့် ဇွန်လ ၂၁ နေ့က နှစ်ဘက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးသကဲ့သို့ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ခြောက်ဦး ထိခိုက်ဒဏ်ရာရထားကြောင်း ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများနေသည့် စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ လေးကြိမ် လုပ်ဆောင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

အလားတူ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်၏ မြေပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားဆောင်းမြို့ပေါ် တောင်ပိုင်းရပ်ကွက်တွင် ကျရောက်ပေါက်ကွဲရာ သိမ်ကျောင်း ဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော်ဘုန်းကြီး တစ်ပါးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ပွဲသည် ဇွန်လ ၂၁ ရက်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့ပြီး ဖားဆောင်း PDF နှင့်အတူ ဘောလခဲ PDF၊ လွိုင်ကော်PDF၊ ERO အဖွဲ့တစ်ဖွဲ့တို့ ပူးပေါင်းတိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်းမှာ Falcon Win တပ်ဖွဲ့နှင့် ဘောလခဲခရိုင်ဗျူဟာ Drone တပ်ဖွဲ့တို့ကလည်း ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဖားဆောင်းမြို့နယ်တွင် ဇွန်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိလည်း အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီလက်အောက်ခံ တပ်မ (၄၄) တပ်ဖွဲ့ နှင့် ကရင်နီပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ယင်းနောက် နှစ်ဘက်စစ်ရေးတင်းမာကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။

https://youtu.be/znQCvU2SVSU

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ဖားဆောင်း
#PDF
#ကရင်နီ
#‌ဘော်လခဲ
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15❤3😁2👎1👏1
​​မယ်စဲ့တွင် ကျန်ရှိနေသည့် ဗျူဟာကုန်းအား ကရင်နီပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်၊ BP-13 မှ တပ်သားများ လက်နက်ချအညံ့ခံ
=================

ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ မယ်စဲ့မြို့ အရှေ့ဘက်တွင်ရှိသည့် စစ်ကောင်စီ၏ ဗျူဟာကုန်းအား ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ထိုဗျူဟာကုန်းအနီးတွင်ရှိသည့် BP-13 မှ တပ်သားများလည်း လက်နက်ချ အညံ့ခံလာကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံက သိရသည်။
ဇွန်လ ၂၃ ရက်နေ့ နံနက် ၄နာရီခန့်တွင် ဗျူဟာကုန်းသို့ ကရင်နီပူးပေါင်းတပ်ဖွဲ့များသွားရောက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲပိုင်းတွင် စခန်းသိမ်းနိုင်ခဲ့ပြီး လက်ရှိတွင် ထိုဗျူဟာကုန်း၌ ကရင်နီ ပူးပေါင်းတပ်များ တပ်စွဲထားပြီဖြစ်ကြောင်း သိရသည်။

“မနက်ကနေ မွန်းလွဲပိုင်းအထိ တက်သိမ်းရတယ်။ နေ့လယ်ပိုင်းလောက်မှာ သိမ်းလို့ရသွားတယ်ပေါ့။ ဗျူဟာကုန်းမှာ ကျနော်တို့တပ် ရှိပြီပေါ့။ စကစ ဘက်က ထိခိုက်ကျဆုံးမှု၊ လက်နက်ဘယ်လောက်ရတယ်ဆိုတာ စာရင်းမလာသေးဘူး။ ရှိတဲ့စခန်းတွေတော့ ကုန်သလောက်တော့ ရှိပြီ” ဟု စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က မဇ္ဈိမ ကိုပြောသည်။

ထိုစခန်းသိမ်းတိုက်ပွဲအတွင်းတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိရာ တိုက်ပွဲအတွင်း KNDF မှ ရဲဘော်နှစ်ဦး၊ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တိုက်ပွဲအပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် KA မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကာ စစ်ကောင်စီဘက််မှ ထိခိုက်ကျဆုံးမှု စာရင်းအတိအကျကိုမူ မသိရသေးကြောင်း ခူညေးရယ်က ပြောသည်။

ဗျူဟာကုန်းစစ်တပ်စခန်းသည် မယ်စဲ့မြို့တစ်ဝိုက်တွင် အရေးအပါဆုံး တပ်စခန်းတစ်ခုဖြစ်ရာ ထိုစခန်းအတွင်း၌ အရေးကြီးသည့် စစ်ရေးစီမံခန့်ခွဲမှုစာရွက်စာတမ်းများနှင့် လက်နက်ခဲယမ်းများ ရှိကြောင်း သူကဆိုသည်။

ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း နောက်ဆုံး ကျန်ရှိနေသည့် BP-13 မှ စစ်ကောင်စီတပ်သား ၁၈ ဦး လက်နက်ချအညံ့ခံလာပြီး အရာရှိသုံးဦးမှာ ပျောက်ဆုံးနေသည်ဟု သတင်းရကြောင်း ဆက်ပြောသည်။

“၂၁ ယောက်ထိုင်တဲ့ကုန်းမှာ ၁၈ယောက်ဝင်လာတယ်။ သူ့တပည့်တွေတော့ ရောက်နေပြီပေါ့။ အထက်အရာရှိတွေတော့ မပါသေးဘူးပေါ့။ ထိုင်းဘက်ရောက်သွားတာလား။ သူတို့(ကျန်နေသည့် အရာရှိ သုံးဦး) ပုန်းနေလား မသိဘူး။ ပျောက်နေတာက တပ်ရင်းမှူးတို့၊ ဒုရင်းမှူးတို့ဖြစ်မှာပေါ့။ အဲ့ဒီစခန်း(BP-13)ကပါ အားလုံး လက်နက်ချလာရင်တော့ ကုန်ပြီ” ဟု ခူညေးရယ်က ပြောသည်။

ထိုင်း-ကရင်နီနယ်စပ်တွင် ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် 4K တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ ကြား ဇွန်လ ၁၃ ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မယ်တနွယ်တပ်စခန်း၊ တောင်လှတပ်စခန်း၊ BP-14 နှင့် မယ်စဲ့ ရဲစခန်းတို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ BP-13 သည် ကရင်နီပြည်နယ်အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်စခန်း တစ်ခုဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24👏8❤4😁2
​​အသုတ်မြို့တွင် ဆိုင်ကယ်ခိုးမှု သံသယဖြင့် ဖမ်းဆီးခံရသူ စစ်ကြောရေးတွင်သေဆုံး
====================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ အသုတ်မြို့တွင် ဆိုင်ကယ်ခိုးမှု သံသယဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် လူငယ်တစ်ဦး စစ်ကြောရေးတွင် သေဆုံးသွားသည်ဟု သိရသည်။

စစ်ကြောရေး၌ သေဆုံးခဲ့သူမှာ အသုတ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ အောင်ဇေယျ (၆ )လမ်းတွင် နေထိုင်သည့် အသက် ၂၆ နှစ် အရွယ် ကိုထူးဝေအောင်ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက် ညပိုင်းက ကိုထူးဝေအောင်အား ဆိုင်ကယ်ခိုးမှုတစ်မှုနှင့် ပတ်သက်သည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇွန်လ ၂၂ ရက်နံနက်ပိုင်းတွင် ကိုထူးဝေအောင်၏ ရုပ်အလောင်းအား အသုတ်ဆေးရုံရှိ ရင်ခွဲရုံ၌ လာထုတ်ရန် မိသားစုများအား အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

"အလောင်းမှာ ဒဏ်ရာတွေအများကြီးပဲ ရိုက်နှက်စစ်ရင်း လက်လွန်သွားပုံရတယ်။အဲ့ဒီမှာ အသုတ်စခန်းမှူးက အမှုကိုကျေအေးပေးရင် ငွေပေးမယ်လို့ မိသားစုကိုပြောတယ်။ စခန်းမှူးပြောတဲ့အထဲမှာ ကျေအေးမပေးရင် PDF ဆိုပြီး ခေါင်းစဥ်တပ်မယ်လို့လည်းပါတယ်"ဟု မိသားစုဝင်နှင့်နီးစပ်သူက ‌ပြောသည်။

သေဆုံးသူ ကိုထူးဝေအောင်သည် ပန်းရံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ အသုတ်စခန်းမှူးက မိသားစုဝင်များအား ငွေကျပ် သိန်း ၈၀ ပေးကာ အမှုအား ကျေအေးပေးရန် လိုက်လံဖိအားပေးနေသည်ဟု ၎င်းကဆက်ပြောသည်။

အသုတ် ရဲစခန်းမှူး၏ ညှိနှိုင်းမှုကို သေဆုံးသူ၏ မိသားစုဝင်များက လက်ခံခြင်း ရှိ၊ မရှိ အတိအကျ မသိရကြောင်း၊ယနေ့ ဇွန်လ ၂၄ ရက် နံနက်ပိုင်းအချိန်အထိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖိအားပေးကာ လိုက်လံညှိနှိုင်းနေကြောင်း မိသားစုနှင့်နီးစပ်သူက ပြောသည်။

လက်ရှိ သေဆုံးသူ၏ ရုပ်အလောင်းအား ၎င်း၏ဇနီးဖြစ်သူနေထိုင်သည့် အသုတ်မြို့၊ ကျုံဖားရိုးကျေးရွာသို့ သယ်ဆောင်သွားသည်ဟုသိရသည်။ ၎င်းတွင် သုံး နှစ်ခန့်အရွယ် သမီးတစ်ဦး ကျန်ရစ်ခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများကပြောသည်။

အသုတ် စခန်းမှူးမှာ ရဲအုပ်သက်စိုးဦးဆိုသူ ဖြစ်ပြီး စစ်ကောင်စီအလိုကျ ဒေသခံများကို ဖမ်းဆီးခြင်း၊ငွေကြေးတောင်းယူခြင်းများကို ပြုလုပ်နေသူဖြစ် သည်ဟု အသုတ်မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်က ဧရာဝတီတိုင်း ၊ ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာမှ NLD ပါတီ ထောက်ခံသူ ကိုကျော်ဝင်းနိုင်ကို စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်ကြောရေးတွင် ရိုက်နှက် သတ်ဖြတ်ခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ဧရာဝတီတိုင်း
#ရေကြည်မြို့နယ်
#စစ်ကြောရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍5❤1😢1
Media is too big
VIEW IN TELEGRAM
ဝက်သားငရုတ်သီးအနှစ် | Chef Eve's Easy Thai Cooking Show | Ep - 20

Watch more detail- https://youtu.be/ZOtRMQILQAk

#reels #shorts #ဝက်သား #ငရုတ်သီးအနှစ် #ChefEve’s
👍4🤮1
စစ်ကောင်စီတပ် မီးရိူ့နေသည့် ညောင်ပင်ကြီးရွာမှ တစ်ဖက်ကမ်းကို စက်လှေကူးခွင့်ပိတ်
❤5
စစ်ကောင်စီတပ် မီးရိူ့နေသည့် ညောင်ပင်ကြီးရွာမှ တစ်ဖက်ကမ်းကို စက်လှေကူးခွင့်ပိတ်
=========================

KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကို စစ်ကောင်စီက ယနေ့ ဇွန်လ ၂၄ ရက် မနက် ၉ နာရီ ဝန်းကျင်တွင် မီးရှို့ခဲ့ပြီး ရွာတစ်ဖက်ကမ်း မုံရွာဘက်အခြမ်းသို့ ကူးတို့ စက်လှေကူးခွင့်ကို ယနေ့မှစကာ သုံးရက်ပိတ်လိုက်ကြောင်း ဒေသခံများကပြောသည်။

"ကြားပေါက်ပြေးတဲ့ စက်လှေတွေကို အကပ်မခံတော့တဲ့သဘောပါ။ အရင်ကတော့ ညကလွဲရင် ကူးလို့ရတာပေါ့။ ခုက သူတို့ကအကုန်ပိတ်တဲ့အနေအထားပါ"ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့တာဝန်ရှိသူက မဇ္ဈိမ ကိုပြောကြားသည်။

မုံရွာမြို့သို့ ကူးသန်းသွားလာရေးအတွက် ညောင်ပင်ကြီးရွာ ဒေသခံများသည် ကူးတို့ စက်လှေများကိုသာ အားထားနေရသည့်အတွက် သွားလာရေးအခက်အခဲ ဖြစ်ပေါ်နေကြာင်း ဒေသခံတစ်ဦးကပြောသည်။ ဒေသခံများအား ကမ်းကူးခွင့်ပိတ်ထားသော်လည်း စစ်ကောင်စီတပ်သည် သံခွန်စက်လှေများဖြင့် မုံရွာဘက်ခြမ်းမှ ညောင်ပင်ကြီးရွာသို့ သို့ စစ်သားများနှင့် ရိက္ခာများ ပို့ဆောင်နေကြောင်းသိရသည်။

စစ်ကောင်စီတပ် ယနေ့ မနက်ပိုင်းက စတင် မီးရှို့ခဲ့သည့် ညောင်ပင်ကြီးရွာ၊ သိမ်တော်ရပ်ကွက်နှင့် ရွှေအင်းလေးရပ်ကွက်များတွင် ယနေ့ ညနေပိုင်း၌ မီးငြိမ်းသွားပြီဖြစ်ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ညောင်ပင်ကြီးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်းသေဆုံးခဲ့ကာ လက်နက်ခဲယမ်းများကို သိမ်းယူနိုင်ခဲ့သည်။ ထိုတိုက်ပွဲအပြီးတွင် မုံရွာတစ်ဖက်ကမ်းမှ စစ်ကောင်စီတပ်သားများ ညောင်ပင်ကြီးကျေးရွာတစ်ဝိုက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံများ၏ နေအိမ်များကို မီးရက်ဆက်ရှို့နေခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ညောင်ပင်ကြီးရွာ
#စက်လှေကူးခွင့်ပိတ်
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများအဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2😢2❤1
အစတည်းက နိုင်မယ်လို့ ယုံလို့မဟုတ်ဘူး၊ မှန်တယ်လို့ ၁၀၀% ယုံလို့ လုပ်တာ | Two Years After Coup (Ep-6)
==============

စစ်အာဏာသိမ်းအပြီး (၂)နှစ်အကြာ၊ CDM ဝန်ထမ်းများရဲ့ လက်ရှိအခြေအနေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ Two Years After Coup အစီအစဉ်ရဲ့ အပိုင်း (၆) ဖြစ်ပါတယ်။

https://youtu.be/5FyhXvBr8vU

#two_years_after_coup #episode6 #ရုန်းကန်သံ #SOSMYANMAR
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12❤3😁1
​​ကန့်ဘလူမြို့နယ် ညောင်ကန်သာရွာရှိ နေအိမ် ၅ လုံးမီးရှို့ဖျက်ဆီးခံရ
====================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ညောင်ကန်သာရွာရှိ နေအိမ်ငါးလုံးကို စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဇွန်လ ၂၂ရက် နံနက် ၈နာရီ အချိန်ခန့်တွင် မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားသော ချပ်ကြီးကျေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ ညောင်ကန်သာရွာကို အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းက မီးတင်ရှို့သဖြင့် နေအိမ်ငါးလုံး မီးလောင်ပြာကျသွားသည်ဟု ချပ်ကြီးရွာ ဒေသခံက မဇ္စျိမကို ပြောသည်။

“အိမ်အမျိုးအစား အသေးစိတ်တော့ မသိရသေးဘူးဗျ။ တိုက်ပွဲမရှိပါဘူး။ ဒေသခံတွေတော့ ထွက်‌ပြေးရတာပေါ့။ နီးစပ်ရာ တောထဲပြေးကြရပါတယ်။ ချပ်ကြီးက ပျူစောထီးနဲ့ စခ(စစ်ကောင်စီတပ်ဖွဲ့)တွေက ဘေးနားကရွာတွေကို ခဏခဏ ဝင်မွှေ၊ ဝင်ခိုးပြီး ဖျက်ဆီးနေတာပါ” ဟု ၎င်းဒေသခံက ပြောသည်။

ညောင်ကန်သာရွာတွင် အိမ်ခြေ ၁၁၀ ခန့်ရှိပြီး ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်မြောက်ခြမ်းရှိ ချပ်ကြီးရွာ၊ ချပ်သင်းရွာနှင့် ကိုးတောင်ဘို့ရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများ အထိုင်ချတပ်စွဲနေပြီး အနီးအနားရှိ ကျေးရွာများအား မကြာခဏ စစ်ကြောင်းထိုးကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်ဟုလည်း ၎င်းဒေသခံက ပြောသည်။

ထို့ကြောင့် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ဒေသခံများသည် ဘေးလွတ်ရာ တောတောင်များသို့ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး အကူအညီများ လိုအပ်လျက်ရှိကြောင်းလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ကန့်ဘလူမြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍5🔥2❤1
​​တောင်အာရှတွင် မုတ်သုံရေကြီးမှုများကြောင့် လူ ၁၉ ဦး သေဆုံးကာ ထောင်ပေါင်းများစွာ ရွှေ့ပြောင်း
=====================

အိန္ဒိယတွင် သီတင်းပတ်ကြာ မရပ်မနား မိုးရွာသွန်းကြောင့် ပြည်သူထောင်ပေါင်းများစွာ ခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းရခြင်းနှင့်အတူ တောင်အာရှ၌ မုတ်သုံမိုးကြောင့်ဖြစ်သော ရေကြီးမှုများအတွင်း လူပေါင်းအနည်းဆုံး ၁၉ ဦး သေဆုံးပြီ ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
Cele City - Episode 24
==========

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..

ဒီအပတ်မှာဆိုရင်

👉 naver No 1 မှာ trendingဖြစ်နေတဲ့ Song JoongKi ရဲ့အင်တာဗျူး
👉 ၄ လအကြာမှာ ပြုလုပ်ခဲ့တဲ့ ရက်စက်စွာအသတ်ခံခဲ့ရတဲ့ဟောင်ကောင်မော်ဒယ်နာရေးအခမ်းအနား
👉 မိန်းမလို၀တ်ဆင်ကာဖျော်ဖြေခဲ့တာနဲ့ပတ်သတ်ပြီး သူအတွေးကို‌ပြောပြခဲ့တဲ့မင်းသား Tom Holland

အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

https://youtu.be/POrdyIyfBVE

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
​​ပခုက္ကူမြို့နယ် စစ်ကောင်စီ လျှပ်စစ်မီတာရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ
=====================

MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် လျှပ်စစ်မီတာ ရုံးကို ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် လက်ပစ်ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Young Force (UG) အဖွဲ့ က မဇ္ဈိမကို ပြောသည်။

လျှပ်စစ်မီတာရုံး ဝန်ထမ်းများသည် စစ်သားများ၊ ရဲများဖြင့် လုံခြုံရေးယူပြီး ပြည်သူ့လူထုထံမှ မီတာခများကို အတင်းအဓမ္မခြိမ်းခြောက်ကောက်ခံနေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း တိုက်ခိုက်မှုလုပ်ခဲ့သည့် Young Force (UG) အဖွဲ့က ဆိုသည်။

“ပြည်သူလူထု ကို အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီး မီတာမဆောင်ပါက ဖြုတ်သိမ်းတာတွေ အတင်းအဓမ္မ ခြိမ်းခြောက်ပြီး ငွေကြေးကောက်ခံနေတာကြောင့် အခုလိုမျိုးတိုက်ခိုက်ခဲ့တာပါ” ဟု Young Force (UG) အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုများရှိသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးဘဲ စစ်ကောင်စီဘက်က အနီးပတ်ဝန်းကျင်နှင့် လမ်းအချို့ကို ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း Young Force (UG) အဖွဲ့ က ဆိုသည်။

“စကစတွေ လာရောက်စစ်ဆေးနေတယ် ကြားတယ်။ အပျက်အစီး ထိခိုက်မှုရှိတယ်လို့လည်း သိရပါတယ်” ဟု Young Force (UG) အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ တိုက်ခိုက်ခံလိုက်ရပြီးနောက် လျှပ်စစ်မီတာရုံးကို ပိတ်ထားလိုက်ပြီး ရုံးအတွင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ပခုက္ကူမြို့နယ် လျှပ်စစ်မီတာရုံးသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၂ ခုနှစ် မတ်လတို့တွင်လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့၏ ဗုံးခွဲတိုက်ခိုက်မှု ခံခဲ့ရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပခုက္ကူ
#လျှပ်စစ်မီတာရုံး
#YFUG
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1😁1
ကြက်မျှစ်ချဉ် နဲ့ ဝက်သားငရုတ်သီးအနှစ် | Chef Eve's Easy Thai Cooking Show | Ep - 20
=====================

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့
ကြက်မျှစ်ချဉ် နဲ့ ဝက်သားငရုတ်သီးအနှစ် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။ တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/ZOtRMQILQAk

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🤮1
ဇွန်လ (၂၄) ရက်၊ စနေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===============

ဒီကနေ့ညမှာတော့

NUG ကာကွယ်ရေးဝန်ကြီးဌာနက မကွေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၅) ရင်းကို လက်နက်တွေတပ်ဆင်ပေးတဲ့သတင်းနဲ့အတူ

ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဝင်၊ မြို့နယ် YMBA ဥက္ကဋ္ဌ ဦးလှကြည် ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ သတင်းအပါအဝင်

နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ တစ်ပတ်အတွင်း စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ NUG တည်ထောင်တဲ့ နွေဦးဘဏ် အကြောင်းနဲ့ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူးအစီအစဉ်ကို တင်ဆက်ပေးသွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/WjAGMS5nzpM

#Eveningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2🔥1👏1