Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဇူလိုင်လ (၅) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
=================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့...

လူထုထောက်ခံမှုအမြင့်ဆုံးရထားတဲ့ တော်လှန်ရေးကို စိတ်ပျက်အောင် အစိုးရအဖွဲ့ဝင်တွေ မလုပ်ကြဖို့အတွက် NUG ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ အစည်းအဝေးမှာ သတိပေးလိုက်တဲ့သတင်းနဲ့အတူ အခုလအတွင်း ဦးစားပေးဆွေးနွေးမယ့်အကြောင်းအရာတွေထဲမှာ မြန်မာ့အရေးလည်း ပါဝင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ဇူလိုင်လ ၃ ရက်နေ့မှာ သတင်းထောက်တွေကို ပြောလိုက်တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့

“နွေဦးခေါ်သံ” အနုပညာကဏ္ဏ ကို လည်း နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/oXVMVx6RPkY

#Mizzimaradio
#EveningRadio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🥰1😁1🤮1
​​အိန္ဒိယက တရုတ်ကို ပြိုင်ဆိုင်ရန် အာဖရိကသို့ ချေးငွေ တိုးမြှင့်  
=======================

အာဖရိက ၄၂ နိုင်ငံသည် ပြီးခဲ့သောဆယ်စုနှစ်အတွင်း အိန္ဒိယနိုင်ငံမှ တိုးချဲ့ပေးခဲ့သော ချေးငွေအားလုံး၏ ၃၈ ရာခိုင်နှုန်း ခန့် သို့မဟုတ် ဒေါ်လာ ၃၂ ဘီလီယံ ရရှိခဲ့ပြီး ၎င်း၏ အိမ်နီးနားချင်းများအောက် ရာခိုင်နှုန်းအနည်းငယ်သာ ရှိသည်ဟု အိန္ဒိယပို့ကုန်သွင်းကုန်ဘဏ်၏ မန်နေးဂျင်းဒါရိုက်တာ ဟာရှား ဘန်ဂါရီ က အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥2😁1
​​ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ စာသင်ကျောင်း ၂၀ ကျော်ကို ပိတ်ရန်စီစဉ်နေ
======================

ဂျူချန်း
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ စာသင်ကျောင်း ၂၀ ကျော်ကို ပိတ်ရန် စီစဉ်နေပြီး ကျောင်းအချို့မှာ ဇူလိုင်လ ၃ ရက်နေ့မှစတင်ကာ ပိတ်ထားပြီးဖြစ်ကြောင်း ဘီးလင်းမြို့နယ် ပညာရေးမှူးရုံးမှ အမည်မဖော်လိုသူတဦးက မဇ္ဈိမကို ပြောသည်။

ဘီးလင်းမြို့နယ်၊ ကဇိုင်းကျေးရွာနှင့် ညောင်ထောက်ကျေးရွာလမ်းတလျှောက်ရှိ စာသင်ကျောင်းများနှင့် ကဇိုင်းကျေးရွာနှင့် ရင်းအုံကျေးရွာလမ်းတလျှောက်ရှိ စာသင်ကျောင်း ၂၀ ကျော်ကို ပိတ်ရန်စီစဉ်လျက်ရှိ ပြီး လက်ရှိတွင် ကဇိုင်းအထက်တန်းကျောင်း၊ ညောက်ထောက်အထက်တန်းကျောင်းခွဲ အပါအဝင် ကျောင်း ၁၀ ကျောင်းသည် လွန်ခဲ့သည့် နှစ်ရက်က စတင်ပိတ်ထားပြီဖြစ်ရာ ပိတ်ရမည့် စာသင်ကျောင်း စာရင်းကို ဆက်လက်ကောက်ယူနေဆဲဖြစ်ကြောင်း သိရသည်။

“လောလောဆယ် မိဘတွေ၊ ဆရာဆရာမတွေခေါ်တွေ့တာ ကျောင်း ၂၀ ကျော်ပေါ့။ ပိတ်ရမယ့်ကျောင်း စာရင်းကတော့ ကောက်နေဆဲပါ။ အရင်တုန်းက ပိတ်တာက ခရိုင်ချင်းဆက်လမ်းက ကျောင်းတွေပေါ့။ ရန်ကုန်-မော်လမြိုင်လမ်းမကြီးရဲ့ အတွင်းဘက်ကကျောင်းတွေ။ အခု ထပ်ပိတ်မှာကတော့ ဆင်ခြေဖုံး ပေါ့။ ကဇိုင်း၊ ညောင်ထောက် လမ်းတလျှောက်ကျောင်းတွေ။ မြို့ပေါ်ကျောင်းတွေကတော့ အကုန်ဖွင့် ပါတယ်” ဟု မြို့နယ်ပညာရေးမှူးရုံးမှ အမည်မဖော်လိုသူကပြောသည်။

KNU/KNLA က ကျေးရွာများတွင်ရှိသည့် အစိုးရဝန်ထမ်းများကိုသတိပေးသည့် ထုတ်ပြန်ချက်တစောင် ရောက်ရှိလာပြီးနောက် ယခုကဲ့သို့ ကျောင်းပိတ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဆိုသည်။
ထုတ်ပြန်ချက်တွင် စစ်ကောင်စီထောက်တိုင်များ မြို့နယ်အတွင်းမှ အမြန်ဆုံးထွက်ခွာသွားရန် သတိပေး ထားခြင်းဖြစ်ကြောင်း ဘီးလင်းမြို့နယ်ရှိ ကျောင်းဆရာတဦးက မဇ္ဈိမ ကိုပြောသည်။

“KNU က စာထုတ်တာ။ ကျောင်းပိတ်ဖို့တော့ မဟုတ်ဘူး။ သူ့ထုတ်ပြန်စာမှာ စစ်တပ်နဲ့ နီးစပ်သူတွေကို အမြန်ဆုံးထွက်ခွာဖို့ ပြောတာ။ တူတော့ အတူတူပဲပေါ့။ အခု ထပ်ပိတ်တာ ၂၂ ကျောင်းလို့ သိရတယ်။ မြို့ထဲမှာရှိတဲ့ကျောင်းတွေကိုတော့ ခြိမ်းခြောက်တာ မရှိပါဘူး” ဟု အဆိုပါကျောင်းဆရာက ပြောသည်။

မဇ္ဈိမအနေဖြင့် ထိုထုတ်ပြန်ချက်နှင့်ပတ်သက်၍ KNU မှထုတ်ပြန်ထားခြင်း ဟုတ်၊ မဟုတ် သီးခြား အတည်မပြုနိုင်သေးပေ။
KNLA တပ်မဟာ(၁) သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကလည်း လက်ရှိ ကျောင်းပိတ်ရသည့် အခြေအနေနှင့်ပတ်သက်၍ ၎င်းအနေဖြင့် မသိရှိထားကြောင်း ဆိုသည်။

KNU တပ်မဟာ(၁) ဒူးသထူးခရိုင်၏ လူမှုကွန်ရက်တွင်လည်း ထုတ်ပြန်ချက်ကို ဖော်ပြထားခြင်းမရှိပေ။

ဘီးလင်းမြို့နယ်တွင် ကျောင်းပေါင်း ၂၀၂ ကျောင်းအနက် ၁၄၉ ကျောင်းသာ ဖွင့်လှစ်ထားနိုင်ပြီး ၅၃ ကျောင်းပိတ်ထားရကာ လက်ရှိတွင် နောက်ထပ် ကျောင်းပေါင်း ၂၀ ကျော်ကို ပိတ်ရန် စီစဉ်နေခြင်းဖြစ် သည်။

လက်ရှိပိတ်ထားရသည့်ကျောင်းများတွင် အထက်တန်းကျောင်းတကျောင်းလျှင် ကျောင်းသားဦးရေ ၃၀၀ မှ ၄၀၀ ကျော်ရှိပြီး မူလတန်းကျောင်းများတွင် ကျောင်သားဦးရေ ၆၀ ဦးမှ ၇၀ ဦး စာသင်ကြားနေကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#KNUတပ်မဟာ(၁)
#သထုံခရိုင်
#ဘီးလင်းမြို့နယ်
#ကျောင်းပိတ်
👍15🔥1😁1🤮1
​​၀မ်းတွင်း၌ ကြံ့ခိုင်ရေးပါတီ၀င် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာခွဲတာ၀န်ခံတို့ ပစ်ခတ်ခံရ၍ သေဆုံး
====================

007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ်တွင် ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းက ကြံ့ခိုင်ရေး ပါတီ၀င် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာခွဲတာ၀န်ခံတို့ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး သွားကြောင်း သတင်းရရှိသည်။

“သုံးဒေါင့်အိုင်ရွာက အုပ်ကြီးထီလာနဲ့ တာ၀န်ခံမဲလေးတို့ကို PDF ကပစ်သွားတာပါ၊ ဘေးရွာမှာ နွားသွား ၀ယ်ပြီးပြန်အလာကို စောင့်ပစ်သွားတာ၊ သေနတ်နဲ့ ၁၀ ချက်မကဘူးပစ်သွားတာ၊ နှစ်ယောက်စလုံးပွဲချင်း ပြီးသေတယ်၊ ဒီလူနှစ်ယောက်စလုံးက ကြံ့ဖွံ့တွေ။ မနှစ်က မိတ္ထီလာတပ်မမှူးကိုယ်တိုင်ခန့်ထားတာ ရပ်ရွာအပေါ်တအားအနိုင်ကျင့်တဲ့လူတွေ” ဟု ဒေသခံတဦးကပြောသည်။

ဇူလိုင်လ ၄ ရက်နေ့ ညနေ ၅ နာရီခန့်က ၎င်းတို့နှစ်ဦး ၀မ်းတွင်းမြို့နယ် ကန်ပတ်လည်ကျေးရွာမှ နွား၀ယ် ပြီးပြန်အလာ ရုံးပင်ကုန်းနှင့် ညောင်ပင်ကုန်းကျေးရွာကြားတွင် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှသိရသည်။

ပစ်ခတ်မှုကြောင့်၊ သုံးဒေါင့်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထီလာတွင် သေနတ်ဒဏ်ရာကိုးချက်၊ ကျေးရွာ ခွဲတာ၀န်ခံ ဦးနေမင်းထွန်း(ခ)ကိုမဲလေးတွင် သေနတ်ဒဏ်ရာသုံးချက်တို့ဖြင့် နေရာတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူတဦးကပြောသည်။
၎င်းတို့နှစ်ဦးအား ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Wundwin Township Revolution Force (WTRF) အဖွဲ့က ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူကိုမျက်နှာမမူဘဲ မိတ္ထီလာတပ်မမှူးခိုင်းသမျှလိုက်လုပ်ပြီး ပြည်သူကိုခြိမ်းခြောက် ငွေညှစ်နေတာ ကြောင့် ရှင်းလင်းခဲ့တာဖြစ်တယ်၊ အရှင်းခံရမယ့်သူတွေရှိသေးတယ်” ဟု ၎င်းအဖွဲ့တာ၀န်ရှိသူတဦးက ပြောသည်။

မန္တလေးတိုင်းတွင် ဇူလိုင်လ ၄ ရက်နေ့က မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဖလံကုန်းကျေးရွာမှ ကြံ့ခိုင်ရေး ပါတီ ရပ်/ကျေးဥက္ကဋ္ဌနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ဌေးဆိုသူလည်း သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေ ဆုံးခဲ့ သည်။

အလားတူ မြင်းခြံမြို့နယ် ရွှေပေါ်ကျွန်းကျေးရွာမှ ကြံ့ခိုင်ရေးပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်း ထွန်းအောင်နှင့် သားဖြစ်သူတို့လည်း ဇူလိုင်လ ၃ ရက်နေ့က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြ သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#ကြံ့ခိုင်ရေးပါတီဝင်
#ကျေးရွာအုပ်ချုပ်ရေးမှူး
👍17❤2🔥2👏2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၅ ဇူလိုင် ၂၀၂၃) 
===========================

မုန်တိုင်းသင့်ဒေသများတွင် ခက်ခဲနေသည့် ပြည်သူများထံသို့ အရေးပေါ်အကူအညီများ မပေးပို့နိုင်ရန် စစ်ကောင်စီမှ တားဆီးနေသည်။ယင်းကြောင့် UN အဖွဲ့အစည်းများမှ ပြည်သူများကို ကူညီနိုင်ရန် စစ်ကောင်စီ အား တိုက်တွန်းနေရသည်။ စစ်ကောင်စီသည် ကယ်ဆယ်ရေးများ ဟန်ပြသာလုပ်နေပြီး ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့်ပြည်သူများကို ပေးအပ်မည် အကူအညီများကို တားဆီးပြီး လူအခွင့်အရေးကို ဗြောင်ချိုး ဖောက်နေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2
KNU အုပ်ချုပ်မှုနယ်မြေများတွင် အမျိုးသမီးစစ်ရှောင်များအတွက် အကူအညီများစွာ လိုအပ်နေဟုဆို
😢13🔥2🥰2👍1😁1
KNU အုပ်ချုပ်မှုနယ်မြေများတွင် အမျိုးသမီးစစ်ရှောင်များအတွက် အကူအညီများစွာ လိုအပ်နေဟုဆို
=====================

YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေများတွင် အမျိုးသမီးစစ်ဘေးရှောင်များ ထပ်မံတိုးလာနေပြီး အခက်အခဲများစွာကြုံတွေ့နေရကာ အကူအညီလိုအပ်နေကြောင်း ကရင်အမျိုးသမီး အစည်းအရုံး (KWO) ထံမှသိရသည်။

KNU အုပ်ချုပ်နယ်မြေများဖြစ်သည့် တပ်မဟာခုနစ်ခုအတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ဘေးရှောင် ၅၀၀,၀၀၀ ကျော်ရှိပြီး ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း KWO တွဲဖက်အတွင်းရေးမှူး (၂) နော်အဲ့တမွီဖောကပြောသည်။

ယခုကာလသည် မိုးတွင်းဖြစ်သည့်အတွက် အမျိုးသမီးများအနေဖြင့် လစဉ်ဓမ္မတာဖြစ်စဉ်မှစ၍ နေ့စဉ် ကြုံတွေ့နေရသော အခက်အခဲများ ပိုမိုတိုးပွားလာပြီး ခြင်ကိုက်၊ ဖြုတ်ကိုက်မှုများကြောင့် ရာသီတုပ်ကွေး ဖြစ်ပွားမှု၊ နေထိုင်မကောင်းဖြစ်မှုများရှိနေကြောင်း သိရသည်။

“အခုချိန်ကတော့ မိုးတွင်းကာလဖြစ်တဲ့အတွက် စစ်ဘေးရှောင်အမျိုးသမီးတွေ ကြုံတွေ့ရတဲ့အခက်အခဲ က အများကြီးရှိလာတယ်။ အမျိုးသမီးတွေဟာ တောတောင်တွေထဲမှာ အသီးအရွက်ရှာတာတွေအတွက် သွားဖို့လာဖို့ အခက်အခဲတွေရှိတယ်။ တောထဲတောင်ထဲမှာ ခြင်တွေ၊ ဖြုတ်တွေ ကိုက်တာတွေရှိတယ်၊ စစ်‌ဘေးရှောင်တဲ့နေရာတွေမှာ ဆေးခန်း၊ ဆေးရုံတွေမရှိတဲ့အတွက် ပိုခက်ခဲရတယ်” ဟု KWO တွဲဖက် အတွင်းရေးမှူး(၂) နော်အဲ့တမွီဖောက ဆိုသည်။

အမျိုးသမီးစစ်ဘေးရှောင်များသည် ၎င်းတို့မိသားစုတွင်ရှိသော ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာ ရေး၊ စားဝတ်နေရေးတို့ကိုပါ ပူပန်နေရကြောင်း ၎င်းကပြောသည်။

“ကလေးတွေနေမကောင်းရင် သူတိုပိုပြီး အခက်တွေ့ရတယ်၊ နောက်တခုက ကလေးတွေကျောင်းနေဖို့ အတွက်ရောပေါ့” ဟု နော်အဲ့တမွီဖောကဆိုသည်။

ထို့ကြောင့် တပ်မဟာအသီးသီးမှ အမျိုးသမီးခေါင်းဆောင်များ၏ တင်ပြချက်အပေါ်မူတည်၍ စစ်ရှောင် အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအတွက် KWO မှ ရန်ပုံငွေရှာဖွေရေးအဖွဲ့များဖြင့် ချိတ်ဆက်ကူညီနေကြောင်း ပြောသည်။

“ကျွန်မတို့ KWO ကတော့ စစ်ဘေးရှောင်တွေအတွက် Fundraiser Group တွေ အဓိကထားပြီး ကလေး တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေအတွက် သူတို့လိုအပ်တာတွေ ကူညီပါတယ်။ အမျိုးသမီး လစဉ်သုံးပစ္စည်း၊ မွေးကင်းစကလေးတွေအတွက်ဆို နို့မှုန့်တွေ အဲ့ဒီလိုတွေကို ကျွန်မတို့ KWO အနေနဲ့ တက်နိုင်သလောက် ကူညီနေပါတယ်" ဟု ဆိုသည်။

ကရင်အမျိုးသမီးအစည်းအရုံး(KWO)သည် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာနယ်မြေ ခုနစ်ခု နှင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်စခန်းများမှ အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီး ရွယ်အိုများအပေါ် အကာအကွယ်ပေးရေးလုပ်ဆောင်နေသော အမျိုးသမီးအဖွဲ့အစည်းဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#တပ်မဟာ
#အမျိုးသမီး
#စစ်ရှောင်
#ကလေးငယ်
#KWO
😢13👍5🥰5🔥2😁1
ဖက်ဒရယ်နိုင်ငံရေးစနစ်နဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ အရေးပါမှု | Beyond Panglong OathEp9
===================

ပင်လုံသစ္စာအလွန် ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ အပိုင်း(၉) | မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်လို့ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/zZ1NYRn6Ss8

#ပင်လုံသစ္စာ
#ဖက်ဒရယ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19💩2❤1🔥1
​​အိန္ဒိယအား ကလေးများအပေါ် စစ်ပွဲများ သက်ရောက်စေသည့် နိုင်ငံများစာရင်းမှ ကုလသမဂ္ဂ ဖယ်ရှား 
==========================

အစိုးရက ကလေးများအား ကာကွယ်စောင့်‌ရှောက်မှု တိုးတက်လာခြင်းကြောင့် ‘ကလေးများအပေါ် စစ်ပွဲများ သက်ရောက်မှု’ ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတွင် ကုလသဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အိန္ဒိယနိုင်ငံအား ဖယ်ရှားလိုက်သလို ကလေးများအား ကာကွယ်စောင့်ရှောက်မှု အားကောင်းစေသည့် အိန္ဒိယ လုပ်ငန်းစဉ်များအပေါ်လည်း အသိအမှတ်ပြုလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20🔥1😁1
ဇူလိုင်လ (၆) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=======================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

တနင်္သာရီတိုင်း၊ ရေဖြူ - ကလိန်အောင် လမ်းပိုင်းတစ်နေရာမှာ ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ ရဲတပ်ကြပ်ကြီးကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဖမ်းထားချိန် သေနတ်လုယူ ထွက်ပြေး ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးတာမှာ သေဆုံးသွားတဲ့သတင်းနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် ရဲအုပ် ပြည့်ဖြိုးနိုင် ဇူလိုင်လ ၅ ရက် မနက်ပိုင်းမှာ ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဏ ကို လည်း နားဆင်ရမှာ ဖြစ်ပါတယ်။

https://youtu.be/9gaErNpLXkk

#Mizzimaradio
#Morningradio

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15😁2
ပါကစ္စတန်ကို ထွက်ပြေးခဲ့ရတဲ့ အာဖဂန်အမျိုးသမီးရဲအရာရှိ | VOA On Mizzima
========================

အာဖဂန်ရဲအရာရှိဟောင်း Sweeta Yousafi က ၂၀၂၁ ခုနှစ် ဩဂုတ်လတုန်းက အာဖဂန်ကို တာလီဘန်တွေ ပြန်ပြီး သိမ်းပိုက်လိုက်တဲ့အချိန်မှာ အလုပ်ဆက်လုပ်ကိုင်ဖို့ မဖြစ်နိုင်တော့ပါဘူူး။ ဒါ့ကြောင့် ပါကစ္စတန်နိုင်ငံကို ထွက်ပြေးခဲ့ပြီး သမီးဖြစ်သူနဲ့အတူ ဆင်းဆင်းရဲရဲဘဝကို ဖြတ်သန်းနေရပါတယ်။ VOA သတင်းထောက် Nazar ul Islam သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ဆက်ထားပါတယ်။

https://youtu.be/ORuG22OvvtA

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------

@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6👏1😁1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၆ ရက်၊ ၂၀၂၃ | VOA On Mizzima
=======================

ကျုးကျော်ရန်စတဲ့ ပြစ်မှုနဲ့ ရုရှားခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးမယ့် စင်တာ တခုကို နယ်သာလန်နိုင်ငံ The Hague မြို့မှာ ယူကရိန်း နဲ့ အနောက်မဟာမိတ်နိုင်ငံတွေ ပူးပေါင်းဖွင့်လှစ်လိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ သိန်းနဲ့ချီရောက်ရှိနေထိုင်နေကြတဲ့ မြန်မာပြည်သာ ပအိုဝ်းတိုင်ရင်းသားတွေရဲ့ (၁၅) ကြိမ်မြောက် ပထမဝါဆို၊ ဝါဆိုသင်္ကန်းကပ်လှုတဲ့ ပွဲကို ဘန်ကောက်မြို့က ထိုင်းဘုန်းတော်ကြီး ကျောင်းမှာကျင်းပခဲ့ကြပါတယ်။ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/rqiDqp37R2U

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5❤2👏1😁1
စစ်ကောင်စီအထိုင်စခန်းများအား ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း SOF ပြော
👍13🔥1😁1
စစ်ကောင်စီအထိုင်စခန်းများအား ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း SOF ပြော
=======================

YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ စစ်ကောင်စီ အထိုင်တပ်စခန်းနှင့် ဂိတ်စခန်းများကို တပတ် တိုင်တိုင် ဒရုန်း၊ လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ( SOF) တာဝန်ခံထံက သိရသည်။

ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာ စစ်ကောင်စီဂိတ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ (၂၈၃)၊ ခုတ်ခွားစစ်ကောင်စီစခန်း၊ ခလယ် တံခွန်တိုင်ကျေးရွာရှိ ရဲစခန်တို့အား ဒရုန်း၊ လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

ခလရ (၂၈၃) အပါအဝင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများတွင် ဆက်သွယ် ရေးလှိုင်းဖြတ်တောက်နိုင်သည့် ဂျန်မာ(Jammer) တပ်ဆင်ထားပြီး သွားရောက်တိုက်ခိုက်စဉ် ဒရုန်းပျက် ကျမှုများရှိကြောင်း သိရသည်။

“ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင် ၅ ရက် အထိ ၈၁ မမဗုံးသီး၊ ၆၀ မမ ဗုံးသီးတွေ၊ လက်နက်ကြီးတွေ အသုံး ပြုပြီး နေ့စဉ်အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမ ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ SOF ၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပတ်တာအတွင်းတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်စခန်းအချို့ပျက်စီးခဲ့ပြီး မုဒုံမြို့နယ်၊ အဘစ် အခြေစိုက် အမတ(၃၁၈)မှ စစ်ဗိုလ်တဦးနှင့် စစ်သားတဦး သေဆုံးခဲ့ကာ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“သူတို့ဘက်က သေတာကတော့ ဇူလိုင်လ ၁ ရက်နေ့ တိုက်ခိုက်မှုမှာ တယောက်သေတယ်။ ဇူလိုင်လ ၃ ရက်နေ့ တိုက်ခိုက်မှုမှာ တယောက်သေတယ်” ဟု ကိုအောင်စံရှားက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်က ၆၀ မမ ၊ ၈၁ မမ ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#မွန်ပြည်နယ်
#အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤1🔥1👏1😁1
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်ကို ထွက်ပြေးခဲ့ရတဲ့ အာဖဂန်အမျိုးသမီးရဲအရာရှိ | VOA on Mizzima

Watch more detail - https://buff.ly/3PIOKZi #VOA

#ခြိမ်းခြောက် #ဥတုရာသီပြောင်းလဲမှု #Mizzima #shorts #reels
👍4👏1😢1