Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အညာဒေသမှာ စစ်ကောင်စီတပ်က ပြောက်ကျားနည်းဗျူဟာပြောင်း တိုက်ခိုက်လာ
=====================

MTO ။ ။မြန်မာပြည်အလယ်ပိုင်း အညာဒေသမှာ စစ်ကောင်စီတပ်က သာမန်စစ်ကြောင်းထိုး တိုက်ခိုက်ရာကနေ လက်ရှိမှာ ပြောက်ကျားနည်းဗျူဟာပြောင်း တိုက်ခိုက်တာတွေ လုပ်လာနေတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက မဇ္ဈိမကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ အာဏာသိမ်းပြီးနောက် အညာဒေသက ခုခံတော်လှန်သူ တွေကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။

လက်ရှိမှာ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းလာတာနဲ့ အတူ အခြေစိုက် တပ်စခန်းတွေနဲ့ စစ်ယာဉ်တန်းတွေ အကြီးအကျယ် တိုက်ခိုက်ခံနေရချိန်မှာ စစ်ကောင်စီတပ်ဘက် အခုလို ဗျူဟာပြောင်းလာတာ ဖြစ်ပါတယ်။

အရင်က အင်အားအလုံးအရင်း နဲ့ ပေါ်ပေါ်တင်တင်ထိုးစစ်ဆင်နေရာက နေ လက်ရှိမှာ ပြောက်ကျားပုံစံကို ပြောင်းလဲတာ ဖြစ်တယ်လို့ မြောင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ ခေါင်းဆောင် ကိုနွေဦးက မဇ္ဈိမကို ပြောပါတယ်။

https://youtu.be/VvCyyk9OoiE

တည်းဖြတ်/တင်ဆက် = MTO

#ပြောက်ကျား
#စစ်တပ်ကဗျူဟာပြောင်းလာ
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁9🥰1
​​၂၀၂၃ ခုနှစ် ၆ လတာအတွင်း ချင်းလူမျိုးများ မတရားသတ်ဖြတ်ခံရမှု စံချိန်တင်ဟု ချင်းရေးရာအဖွဲ့ချုပ် ထုတ်ပြန်
==================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကောင်စီတပ်က ချင်းလူမျိုးများကို မတရားသတ်ဖြတ်မှု ၂၀၂၃ ခုနှစ် ခြောက်လတာကာလ အတွင်း စံချိန်တင်များပြားခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs – ICA) က ဇူလိုင်လ ၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကိုသိမ်းယူပြီး အတင်းအဓမ္မအုပ်ချုပ်ခဲ့သည်မှာ နှစ်နှစ်ခွဲနီးပါးကြာမြင့် ပြီဖြစ်ပြီး ယင်းကာလများအနက် ၂၀၂၃ ခုနှစ် ခြောက်လတာ၌ ချင်းလူမျိုးသေဆုံးမှု ၁၀၉ ဦးရှိခဲ့ကြောင်း ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ချင်းလူမျိုးများအပေါ် စစ်ကောင်စီတပ်၏ မတရားသတ်ဖြတ်မှုပေါင်း ၁၆၄ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မတရားသတ်ဖြတ်ခံရပြီးသေဆုံးသူ ချင်းလူမျိုး စုစုပေါင်း ၁၉၅ ဦးရှိကြောင်း ဆိုသည်။

၂၀၂၃ ခုနှစ်တွင် ဇန်နဝါရီလမှ ဇွန်လအတွင်း စစ်ကောင်စီတပ်မှ ချင်းလူမျိုးများအပေါ် မတရားသတ် ဖြတ် မှုပေါင်း ၁၀၉ ဦးထိရှိကြောင်း ဆိုသည်။

ယင်းအချက်အလက်များပေါ်အခြေခံ၍ ၂၁၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ် ၂၃ လတာတွင် ချင်းလူမျိုးများ သတ် ဖြတ်ခံရမှု ၃၅၉ ဦးရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် ခြောက်လတာတွင် ၁၀၉ ဦးသေဆုံးခဲ့ခြင်းကြောင့် သိသာစွာမြင့် တက်သွားခြင်းဖြစ်ကြောင်း ချင်းရေးရာအဖွဲ့ချုပ်၏ ကြေညာချက်တွင်ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ခြောက်လတာအတွင်းသေဆုံးခဲ့သည့် ချင်းလူမျိုးများမှာ အရပ်သား ၅၀ ဦ်းနှင့် ချင်းကာကွယ် ရေးတပ်ဖွဲ့ဝင် ၅၉ ဦးဖြစ်ကာ ယင်းသေဆုံးမှုတွင် အသက် ၁၈ နှစ်အောက် ၁၀ ဦးနှင့် အမျိုးသမီး ၃၅ ဦး ပါ ဝင်ကြောင်း ကြေညာချက်က ဖော်ပြသည်၊၊

“ကျနော်တို့ ဒီအချက်အလက်တွေကို မြေပြင်မှာရှိတဲ့ staff တွေ၊ အွန်းလိုင်းနဲ့ မြို့နယ်အသီးသီးကထုတ် ပြန်ထားတွေကို စုစည်းထားတာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ အထူးဂရုစိုက်ပြီး ထိရောက်တဲ့ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်သင့်ပြီလို့ တိုက်တွန်းချင်ပါတယ်” ဟု ICA လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်က ပြည်တွင်းစစ်အနေဖြင့်မဟုတ်ဘဲ နိုင်ငံအချင်းချင်းကြားတွင်ဖြစ်နေသကဲ့သို့ တိုက် ခိုက်နေပြီး အင်းအားအလွန်အကျွံသုံးစွဲသည့်အတွက် စစ်တမ်းများအရ ပြည်သူလူထုသေဆုံးမှုမှာ ယူက ရိန်းပြည်သူများသေဆုံးမှုနှင့် ကိန်းဂဏန်းမကွာကြောင်း ဆိုသည်။

ယခုအခါ ချင်းပြည်နယ်တွင် တိုက်ပွဲများအဆက်မပြတ်ဖြစ်ပွားနေပြီး မြေပြင်တိုက်ပွဲ၌ ချင်းကာကွယ်ရေး တပ်ဖွဲ့များခုခံနိုင်သော်လည်း လေကြောင်းတိုက်ခိုက်မှုကို ပြန်လည်ခုခံနိုင်ရန် အခက်အခဲများရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူများကို အဓိကပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသဖြင့် လေကြောင်းရန်မှ ကာကွယ်ရန် ဗုံးခိုကျင်းများ အဆင်သင့်ပြုလုပ်ထားရန်လိုအပ်မည်ဖြစ်ပြီး ယင်းသို့မလုပ်ဆောင်ပါက ချင်း လူမျိုးသေဆုံးမှု ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ဆလိုင်းဗန်ဆွီးစံက သုံးသပ်ပြောဆိုသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်ပြည်နယ်
#ချင်းရေးရာအဖွဲ့ချုပ်
#မတရားသတ်ဖြတ်ခံရမှု
#စံချိန်တင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢15👍9😁2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၆ ဇူလိုင် ၂၀၂၃)
===============

အမျိုးသားညီညွတ်ရေး အစိုးရ

•   အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အဖွဲ့ကို အရှေ့တီမောနိုင်ငံ အစိုးရသစ်တက်ပွဲကို သမ္မတ ဟိုဆေးရာမို့စ်ဟော်တာက အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတော် အစိုးရအဖြစ် ဖိတ်ကြားခဲ့ပြီး နောက်တစ်ကြိမ်လည်း အစိုးရခြင်းတွေ့ဆုံကြရန် အရှေ့တီမော နိုင်ငံက ထပ်မံဖိတ်ခေါ်ထားကြောင်း သိရသည်။

•   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၅ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

•   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီeနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၅ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

•   ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယူကေလွှတ်တော်၏ အထက် လွှတ်တော် အမတ် Hon. Mr. Raymond Edward Harry Collins (Lord Collins of Highbury) နှင့် အောက်လွှတ် တော်အမတ် Hon. Ms. Catherine West တို့ဖြင့် ဇူလိုင် ၄ ရက်နေ့က ဗီဒီယိုကွန်ဖရင့်က တဆင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
👍13😁2❤1
Media is too big
VIEW IN TELEGRAM
Human Rights Barometer | ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုပပျောက်ရေး ဘယ်လိုလုပ်ကြမလဲ

Watch more detail - https://buff.ly/3JL3HWV

#HumanRightsBarometer #စကားဝိုင်း #HumanRightsBarometershorts #reels
👍2😁2
ဇူလိုင်လ ၆ ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=====================

-အရှေ့တီမော သမ္မတကျမ်းကျိန်ပွဲမှာ NUG ကို ဖိတ်ကြားတာကြောင့် စစ်ကောင်စီက ကန့်ကွက်တဲ့သတင်း

-ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးဖို့ ICC ရှေ့နေချုပ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့အကြောင်း

-တောင်ငူ- လိပ်သို ကားလမ်းမှာ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၂ ယောက် အသတ်ခံရတဲ့သတင်း

-ထိုင်းပါလီမန်အသစ်က ဇူလိုင် ၁၃ ရက်မှာ ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်ဖို့ရှိတဲ့အကြောင်း

-ဘားနှင့်စားသောက်ဆိုင်တွေမှာ တီးဝိုင်းနဲ့ ဖျော်ဖြေရေးလုပ်မယ်ဆိုရင် ဖျော်ဖြေရေးလိုင်စင် ထပ်လျှောက်ဖို့လိုအပ်တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အကြောင်း

-စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ကြောင်း KIA သတိပေးတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်သွားပါမယ်။

https://www.youtube.com/live/nYAqmemzsw4?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2
ဇူလိုင်လ (၆)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
======================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

အရှေ့တီမောသမ္မတ ကျမ်းကျိန်ပွဲအခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ဖိတ်ကြားခဲ့မှု အပေါ်ကန့်ကွက်တဲ့အကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းနဲ့အတူ ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်မှာ မြို့ပေါ်အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့်လူနေအိမ်ပျက်စီးမှုရှိပြီး အရပ်သား သေဆုံးမှုလည်းရှိတယ်လို့ ဒေသခံတွေကပြောဆို တဲ့ သတင်း အပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။

ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/pJNL1HeyWB4

#Mizzimaradio
#Eveningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁1🤮1
ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုပပျောက်ရေး ဘယ်လိုလုပ်ကြမလဲ | Human Rights Barometer - Episode 17
====================

မြန်မာနိုင်ငံတွင် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတွေဘယ်လောက်တောင်ဖြစ်ပွားနေခဲ့သလဲ၊ ဒီလိုမျိုးအကြမ်းဖက်မှုတွေပပျောက်အောင် ဘယ်လိုလုပ်မလဲ စတာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ခွန်ဗဟန်းထန်ကို တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

https://youtu.be/KPRM-d47dpo

#Human Rights Barometer
#ခွန်ဗဟန်းထန်
#ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁1🍌1
​​ဘီးလင်း-ကျိုက်ထိုလမ်းပိုင်းမှ စစ်ကောင်စီဂိတ်အား ဒရုန်းဖြင့် ၁နေ့တည်း ၆ ကြိမ် တိုက်ခိုက်
=======================

YT
(မဇ္ဈိမ)။ ။ ဘီးလင်းနှင့်ကျိုက်ထိုမြို့အား ဆက်သွယ်ထားသည့် သံတံတား (သဲဖြူချောင်းတံတား) စစ်ကောင်စီဂိတ်စခန်းအား ယနေ့ ဇူလိုင်လ ၆ရက်တွင် ဒရုန်းဖြင့် ခြောက်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း KNU တပ်မဟာ (၁) သထုံခရိုင် PDF ထံမှ သတင်းရရှိသည်။

သံတံတားတံတားစောင့် စစ်ကောင်စီဂိတ်ကို ယနေ့နေ့လည် ၁၂ နာရီမှ ညနေ ၃နာရီခွဲခန့်အတွင်း ဒရုန်းဖြင့် ခြောက်ကြိမ်တိတိ ဗုံးချသွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။

" ဒရုန်းနဲ့တိုက်ခိုက်တာမှာ သူတို့ဂိတ်ကို တည့်တည့်ထိမှန်တာတွေရှိပါတယ်။ ပြီးတော့ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ လက်နက်ကြီးနဲ့ ပစ်တဲ့နေရာကိုကလည်း တည့်တည့်ကျသွားပုံရပါတယ်" ဟု ကိုအေးမင်းထွန်းက ပြောသည်။

သံတံတားသည် ရန်ကုန်- မော်လမြိုင်ကားလမ်းပိုင်းတွင်ပါဝင်သည်။တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁)နှင့်PDF ပူးပေါင်းတပ်ဖွဲ့များက ဆောင်ရွက်ခြင်းဟု သိရသည်။တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်မှ အထိအခိုက်၊ အပျက်အစီးသတင်းအားအသေး စိတ် စုံစမ်းနေဆဲဟု ကိုအေးမင်းထွန်းက ဆိုသည်။

စစ်ကောင်စီဘက်မှ ၈၁ မမ အမျိုးအစား လက်နက်ကြီးများဖြင့် နီးစပ်ရာသို့ ပြန်လည်ပစ်ခတ်သော်လည်း ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက် မရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့နှင့် ဇွန်လ ၃၀ ရက်နေ့ကလည်း အဆိုပါ သံတံတားစစ်ကောင်စီဂိတ်အား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကသတင်းထုတ်ပြန်သည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်ကလည်း ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားမှ ကျုံအိတ်တံတားကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းခွဲဖျက်ဆီးခဲ့သည်။ စစ်ကောင်စီ၏ အဓိကထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ခြင်းဟု KNLA က ထုတ်ဖော်ပြောကြားသည်။

ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်တို့သည် ကကရင်အမျိုးသားအစည်းအရုံKNU တပ်မဟာ (၁) နယ်မြေအတွင်း တည်ရှိပြီး ထိုနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ ဂိတ်စခန်း၊ လုံခြုံရေးကင်းပုန်းများ၊ စစ်ယာဉ်တန်းများကို တော်လှန်ရေးအင်အားစုများက မကြာခဏသွားရောက်တိုက်ခိုက်နေသည်။

စာတည်း - မောင်ကြီး

#mizzima
#ဘီးလင်း-ကျိုက်ထိုလမ်း
#သံတံတား
#စစ်ကောင်စီဂိတ်
#ဒရုန်းဖြင့်တိုက်ခိုက်

ဓါတ်ပုံ- Hawk Revolutionary Squad (ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏11❤4🔥2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်ထုတ်လွှင့်မှုများ
===================

https://youtu.be/nKn-QzjkAtY

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1🍌1
လယ်ကူစိုက်ပေးနေသည့် PDF များ၏ ပုံကိုအသုံးပြုပြီး ပိုင်ရှင်ကိုသတ်ကာ လယ်မြေအတင်းအဓမ္မယူဟု သတင်းမှားဖြန့်
❤17👍3🔥2😁1
လယ်ကူစိုက်ပေးနေသည့် PDF များ၏ ပုံကိုအသုံးပြုပြီး ပိုင်ရှင်ကိုသတ်ကာ လယ်မြေအတင်းအဓမ္မယူဟု သတင်းမှားဖြန့်
======================

ZZ
မဇ္ဈိမ ။ ။ပြည်သူများ၏ လယ်ယာများတွင် ကူညီပေးနေသည့် PDF များ၏ဓာတ်ပုံများကို အသုံးပြုကာ ပိုင်ရှင်အမျိုးသားအားသတ်ပြီး လယ်မြေကိုအတင်း အဓမ္မယူထားသည်ဆိုသောသတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။

“အမဲလိုက်မုဆိုကြီး သတင်းအမှန်” အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ ဇူလိုင်လ ၃ ရက်နေ့တွင် “လယ်ပိုင် ရှင်အမျိုးသားကိုသတ်ပြီး၊ ကျန်ရစ်သူအမျိုးသမီးနဲ့ကလေးကို ရွာမှမောင်းထုတ်ကာ လယ်မြေကို အဓမ္မ နည်းနဲ့ရယူပြီး လယ်ဝင်လုပ်နေတဲ့ မန္တလေးတိုင်းထဲက PDF အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးက ဒါလား” ဟု ရေးသားဖြန့်ဝေထားသည်။ ထိုဖြန့်ဝေမှုတွင် လယ်စိုက်နေသည့် ပြည်သူကာကွယ်ရေးတပ်သားများ၏ ပုံ လေးပုံလည်း ပါဝင်သည်။

ထိုအကြောင်းသည် တယ်လီဂရမ်ချန်နယ်နှင့် ဂရုခြောက်ခုတွင် ပျံ့နှံ့နေပြီး ဖတ်ရှုသူ ၁၀,၀၀၀ ကျော်နေပြီ ဖြစ်သည်။ ထို့ပြင် ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ သတင်းတုပါပုံများကို စစ်ဆေးခဲ့ရာတွင် ထိုပုံများမှာ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပုံများဖြစ်နေသည်ကို တွေ့ရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး၏ ဖေ့စ်ဘုတ်ပေ့ချ်ဖြစ်သည့် “Mandalay People's Defence Force” မှ ဇွန်လ ၂၉ ရက်နေ့တွင် “ပြည်တော်ဝင်မယ့် MDYPDF ရဲ့ ရဲဘော်တွေရဲ့ ရှေ့တန်းတနေရာမှာ ပြည်သူ့လယ်ယာတွေကို ဝိုင်းကူလုပ်ပေးနေကြတဲ့ ပုံလေးတွေပါ” ဟုဆိုကာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ဝင်များ လယ်စိုက်နေကြသည့်ပုံများကို ဖော်ပြထားသည်။ လင့် - https://shorturl.at/fkxG1

ထို့ပြင် သတင်းမီဒီယာများတွင်လည်း လယ်ပိုင်ရှင်အား မန္တလေး PDF များက သတ်ဖြတ်ခဲ့ကြောင်းရေး သားဖော်ပြခဲ့ခြင်း မရှိပေ။
ထို့ကြောင့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်သတင်းမှာ မန္တလေး PDF ၏ ပြည်သူ့လယ်ယာများအား ဝိုင်းကူ လုပ်ပေးနေကြသောပုံများဖြင့် လယ်ပိုင်ရှင်အားသတ်ကာ လယ်မြေအား အတင်းအဓမ္မရယူထားသည်ဟု ဆိုကာ သတင်းမှားဖြန့်ဝေနေကြခြင်းသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#MDYPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍30🔥2😁2👎1
Media is too big
VIEW IN TELEGRAM
Nature Article |မျောက်ငိုသီးက သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://buff.ly/3riNaU1

#naturearticle #စကားဝိုင်း #naturearticleshorts #reels #Shorts #Mizzima
👍11🤮1🌭1
ဇူလိုင်လ (၇)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
===================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့  

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့  ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေအချိန်မရွေး ဖြစ်လာနိုင်ပြီး ဒေသခံပြည်သူတွေအနေနဲ့ အထူးဂရုစိုက် သွားလာနေထိုင်ကြဖို့ KIA က သတိပေးချက်ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်က အုပ်ချုပ်ရေးမှူးနဲ့ပညာရေးမှူးတွေကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) က ဖမ်းဝရမ်းထုတ်လိုက်တဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
 
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း  ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။ 

https://youtu.be/Fh0D1-EKlEA
 
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2
မျောက်ငိုသီးရဲ့အကျိုးကျေးဇူးများ
===========

-မျောက်ငိုသီးက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-မျောက်ငိုသီးမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-မျောက်ငိုသီးမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/kvSHB3FCIC4

#Nature
#NatureArticle
#VideoNews
#MizzmaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9❤2🌭1🍌1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၇ ရက်၊ ၂၀၂၃ | VOA On Mizzima
====================

နေတိုးထိပ်သီးအစည်းအဝေးအကြို သုံးသပ်ချက်နဲ့ မြန်နှုန်းမြင့် အင်တာနက် ပြည်သူတိုင်း ရရှိနိုင်ရေး အမေရိကန်က ဒေါ်လာ ဘီလျံ ၄၀ ကျော် တိုးချဲ့ ရင်းနှီးမြှုပ်နှံနေတဲ့အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/FfcLu9WIbfU

#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁2
စစ်ကောင်စီလက်ထက် မြန်မာပြည်ရဲ့ အော့ဇဝစ် ငရဲခန်းတွေ
===================

ဇူလိုင်လ ၂ ရက်နေ့က မြင်းခြံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားကိုစိန်ဝင်း ရုတ်တရက် အစာအိမ် သွေးကျောပေါက်လို့ သေဆုံးတယ်ဆိုပြီး မိသားစုဝင်တွေကို ထောင်က အကြောင်းကြားလာတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

ကိုစိန်ဝင်းရဲ့ ရုပ်အလောင်းကို ထောင်အာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့ သင်္ဂြ ိုဟ်လိုက်တာဖြစ်ပြီး မြေချတဲ့ အချိန်မှာ မိသားစုဝင်တွေ ရှိခွင့်ရပေမယ့် ကိုစိန်ဝင်းရဲ့ ရုပ်အလောင်းကို သေသေချာချာ ကြည့်ခွင့်မရဘူးလို့ သိရပါတယ်။

ဆေးစစ်ချက်မှာ အစာအိမ်သွေးကျောပေါက်တယ်လို့ ရေးထားပေမယ့် ယုံကြည်လို့မရဘူးလို့လည်း မိသားဝင်တွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။
မြင်းခြံမြို့နယ် မကျီးစုရွာသား ကိုစိန်ဝင်းဟာ ပုဒ်မ ၅၀၅ - က၊ အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲခံထားရပြီး စုစုပေါင်း ထောင်ဒဏ် ၉ နှစ် အကျခံထားရတာ ဖြစ်ပါတယ်။

https://youtu.be/PqRxFbNWVxU

#Newsfeature
#Mizzima
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬16😁2👍1😢1