Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကံပေါက်ဒေသမှ ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု
=====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် (၆၁) နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ပြုလုပ်ခဲ့ကြသည်။
ဒေသခံတော်လှန်ရေးအင်အားစုဝင် လူငယ်များက စစ်အာဏာရှင်တော်လှန်ရေးဆန့်ကျင်သည့် လှုပ်ရှားမှုဖြစ်သော လက်သုံးချောင်းထောင်ခြင်းနှင့် အခြားသော လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်ဟု
ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိန်ကော်မတီ - Democracy Movement Strike Committee-Dawei က သတင်းထုတ်ပြန်ထားသည်။

၁၉၆၂ ခုနှစ် ဇူလိုင် ( ၇ ) ရက်နေ့တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီကိုဆန္ဒပြကြသည့် ကျောင်းသားကျောင်းသူများအား စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ နောက်တနေ့ ဇူလိုင်လ ၈ရက်တွင် ရန်ကုန်တက္ကသိုလ်ဝန်းထဲရှိ ကျောင်းသားသမဂ္ဂအဆောက်အဦးကို စစ်တပ်က ဗုံးခွဲဖျက်ဆီးခဲ့သည်။ ထိုဖြစ်ရပ်ကို ကျောင်းသားမျိုးဆက်များက နည်းမျိုးစုံဖြင့်ကန့်ကွက်ဆန္ဒပြခဲ့ပြီး ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်ပြုလုပ်ခဲ့ကြသည်။ ယနေ့သည် ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် (၆၁)နှစ်မြောက်ခဲ့ပြီဖြစ်သည်။

စာတည်း - မောင်ကြီး

#mizzima
#ကံပေါက်ဒေသ
#ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်
#စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁2
This media is not supported in your browser
VIEW IN TELEGRAM
ရှားပါးသတ္တုတင်ပို့ခွင့်တားမြစ်ကန့်သတ်မှုဟာ ဘယ်နိုင်ငံကိုမှ မရည်ရွယ်ကြောင်း တရုတ်ပြော

#internationalnews #reels #shorts #China
👍4😁1
မွန်ပြည်သစ်နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးကော်မတီတို့ ထပ်မံတွေ့ဆုံ
===================

စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမမှာ ဒုတိယနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့တယ်လို့သိရပါတယ်။

အပစ်ရပ် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နဲ့ ဇူလိုင် ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်တွေနဲ့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်နဲ့ နိုင်အောင်မငေးတို့ တက်ရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

https://youtu.be/ocTiPgSQ-XQ

#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤮5👍3💩3❤1😁1
Media is too big
VIEW IN TELEGRAM
မွန်ပြည်သစ်နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးကော်မတီတို့ ထပ်မံတွေ့ဆုံ

Watch more detail -
https://buff.ly/44xRi0u

#မွန်ပြည်သစ် #စစ်ကောင်စီ #ထပ်မံတွေ့ဆုံ #VideoNews #shorts #reels
🤮7💩3😁2❤1
Media is too big
VIEW IN TELEGRAM
သီရီလင်္ကာရဲ့ သမ္မတကိုဖြုတ်ချရာမှာ ဦးဆောင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူနှစ်ဦး အာမခံနဲ့ပြန်လွတ်လာ

#internationalnews #reels #shorts #Srilanka
👍4🔥2
ဆဲဗင်းဇူလိုင်နေ့ လှုပ်ရှားမှုအဖြစ် ပြင်ဦးလွင်မှ လူငယ်များ Online Photo Campaign ပြုလုပ်
👍14😁1🤮1
ဆဲဗင်းဇူလိုင်နေ့ လှုပ်ရှားမှုအဖြစ် ပြင်ဦးလွင်မှ လူငယ်များ Online Photo Campaign ပြုလုပ်
===================

ရောင်နီ
(မဇ္စျိမ)။ ။စစ်အာဏာရှင်၏ ယုတ်မာရက်စက်မှုနှင့် ကျောင်းသားများအား ယုတ်မာရိုင်းစိုင်းခဲ့ပုံကို မမေ့ကြစေရန် ဆဲဗင်းဇူလိုင်နေ့ အထိမ်းအမှတ် Online Photo Campaign လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ပြင်ဦးလွင်မှ လူငယ်များက ပြုလုပ်ကြသည်။

“၇.၇.၆၂ မမေ့ကြနဲ့” “အဆောက်အဦဖြိုတိုင်း ငါတို့ သမဂ္ဂစိတ်ဓာတ်မပြို” ဟု စာသား ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ လူမှုကွန်ရက်မှ တစ်ဆင့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ဆဲဗင်းဇူလိုင်အထိမ်းအမှတ် Online Photo Campaign လှုပ်ရှားမှုတွင် မေမြို့ပင်မအထွေထွေသပိတ်အင်အားစု၊ Daung Twin Federal Education School ကျောင်းသားသမဂ္ဂတို့နှင့် လူငယ်များ အတူတကွ ပူးပေါင်းပါ၀င်ခဲ့ကြသည်။

“ မေမြို့ဆိုတဲ့ ပြင်ဦးလွင်ဟာ စစ်တပ်တွေ အများဆုံးရှိရာမြို့ဖြစ်ပါတယ်။ အစစ်ဆေး အတားအဆီးတွေရှိတဲ့ကြားက အာဏာရှင်ကို ရရာနည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်နေခဲ့ကြတာဟာ မေမြို့ရဲ့ အများထဲကမှ အနည်းငယ်လောက်သာ ရှိကြတဲ့ စိတ်ဓာတ်တွေပဲဖြစ်ပါတယ်” ဟု လှုပ်ရှားမှုတွင် ပါ၀င်ခဲ့သူတစ်ဦးက မဇ္စျိမကို ပြောသည်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဇူလိုင်လ ၇ ရက်နေ့တွင် စစ်ခေါင်းဆောင်များက ကျောင်းသားထုကိုသတ်ဖြတ်ခြင်း၊ ရန်ကုန်တက္ကသိုလ်အတွင်းရှိကျောင်းသားသမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲခြင်းများပြုလုပ်၍ ရက်စက်ယုတ်မာခဲ့သည်မှာ ယနေ့တွင် ၆၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယနေ့အချိန်အထိ ဆက်လက် ယုတ်မာဆဲဖြစ်သည့် စစ်တပ်ကို ပြည်သူများအနေဖြင့် မမေ့ကြရန်လည်း မေမြို့ပင်မအထွေထွေသပိတ်အင်အားစုက တိုက်တွန်း နှိုးဆော်ထားသည်။

၁၉၆၂ မတ်လတွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းပြီးနောက်ပိုင်း အချက် ၂၂ ချက်ပါသည့် တက္ကသိုလ်ကျောင်းဆောင် စည်းကမ်းချက်အသစ်များ ထုတ်ပြန်ခဲ့ပြီး ထိုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ကျောင်းသားများဘက်ကလည်း ဆန့်ကျင် ဆန္ဒပြခဲ့ကြရာမှ စစ်တပ်က ပစ်ခတ် နှိမ်နင်းခဲ့သည့်အတွက် ကျောင်းသားများ သေဆုံးခဲ့ရပြီး ကျောင်းသား သမဂ္ဂ အဆောက်အဦလည်း ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#တက္ကသိုလ်ကျောင်းဆောင်
#ဆဲဗင်းဇူလိုင်နေ့
#ပြင်ဦးလွင်
#Online Photo Campaign
#လှုပ်ရှားမှုအဖြစ်
#လူငယ်များ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁1🤮1
​​စစ်အာဏာရှင် လက်အောက်၌ မြန်မာနိုင်ငံက နက်ရှိုင်းသည့် အကြမ်းဖက်မှုများဆီ ဆက်လက်သက်ဆင်းနေဟု ကုလသမဂ္ဂ ပြော
=======================

မြန်မာနိုင်ငံသည် “အဆင်အခြင်မဲ့သော စစ်အာဏာရှင်၏ ထင်ရာစိုင်းမှု၌ နက်ရှိုင်းသော အကြမ်းဖက်မှုများဆီ ဆက်လက်ကျဆင်းနေကြောင်း” ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက ကြာသပတေးနေ့တွင် ပြောသည်။

“မြန်မာပြည်သူတွေ ဘေးဒုက္ခတွေကို ကြံ့ကြံ့ခိုင်နေမှုဟာ စိတ်ကူးလို့တောင် မဖြစ်နိုင်သလောက်ပါပဲ”ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၅၃ ကြိမ်မြောက် အစည်းအဝေး တစ်စိတ်တစ်ဒေသအဖြစ် ဂျီနီဗာ၌ မြန်မာအရေး ဆွေးနွေးမှုတွင် ဗိုကာ တက်ခ်က ပြောခြင်း ဖြစ်သည်။

“အခုထိ မြန်မာနိုင်ငံဟာ နက်ရှိုင်းတဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်နာစရာဆီကို ဆက်လက် သက်ဆင်းနေပါတယ်”ဟု ၎င်းက ပြောသည်။
👍13🔥2
စစ်ကောင်စီက ဒီဂျစ်တယ်နည်းပညာအသုံးချမှုကို တင်းကြပ်စွာ ကန့်သတ်ချုပ်ကိုင်ထားဆဲ
=====================

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကန့်သတ်ဖို့နဲ့ သတင်း အချက်အလက်တွေကို ပိတ်ပင်ဟန့်တားဖို့အတွက် မြန်မာစစ်ကောင်စီဟာ အင်တာနက်လိုင်း ဖြတ်ချတာတွေလည်း လုပ်ဆောင်ခဲ့ပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာသူတွေရဲ့အသံတွေ တိတ်သွားအောင် ဒီဂျစ်တယ်နည်းပညာအသုံးချမှုကို တင်းကြပ်စွာ ကန့်သတ် ချုပ်ခြယ်ထားတယ်လို့ ဆွစ်ဇာလန်နိင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီမှာ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Article 19 က တင်ပြထားသွားပါတယ်။
မြန်မာနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ” ဟာ လွတ်လပ်စွာ ဒီဂျစ်တယ်နည်းပညာ အသုံးချခွင့်အတွက် အကြီးမားဆုံး အဟန့်အတားဖြစ်နေတယ်လို့လည်းဆိုပါတယ်။
ဒီဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ သတင်းသမားတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ သဘာဝပတ်ဝန်ကျင်အရေး ဆောင်ရွက်သူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို သိသိသာသာ တမင် တိုက်ခိုက် နှိမ်နင်းဖို့ အာဏာပိုင်တွေက ချမှတ်ထားတဲ့အကြောင်းလည်း ပြီးခဲ့တဲ့ မေလက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

https://youtu.be/glFtmOBWUU8

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10❤1🔥1😁1🤬1