Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တောင်ကလေးရဲစခန်းနှင့် ခလယ်တံခွန်တိုင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်
🥰10👍2🔥1
တောင်ကလေးရဲစခန်းနှင့် ခလယ်တံခွန်တိုင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်
=====================

KMN
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တောင်ကလေးရဲစခန်းနှင့် ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်ရှိ ခလယ်တံခွန်တိုင်ရဲစခန်းတို့အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က ဇူလိုင်လ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။

“ခလယ်တံခွန်တိုင် ရဲစခန်းကို နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သား တဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမသို့ ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့တွင် တောင်ကလေးရဲစခန်းနှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား ၆၀ မမ၊ ၈၁ မမ ဗုံးသီး များဖြင့်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် ခလယ်တံခွန်တိုင်ရဲစခန်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံအား ရှေ့ထွက်မိုင်းများ၊ ၆၀ မမ၊ ၈၁ မမ ဗုံးသီးများဖြင့် ဆက်လက်ဖောက်ခွဲ တိုက် ခိုက်ခဲ့သည်ဟု ဆိုသည်။
တောင်ကလေးရဲစခန်း တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး တဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံအား ဖောက်ခွဲတိုက်ခိုက်မှုတွင် 66/33 KV(30)MVA Main Transformer(AG) နှစ်လုံး၊ 66/11 KV(30)MVA Main Transformer(AG) နှစ်လုံးနှင့် Control Box များ၊ လျှပ်စစ်ပစ္စည်းများ၊ အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ပြီး တော်လှန်ရေးရဲဘော်များ အန္တရာယ်ကင်း စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းစစ်ရေးလူပ်ရှားမှုများအား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့ တို့က ရှေ့ထွက်မိုင်းများ၊ ဒရုန်းဖြင့် ပစ်ခတ်ရသော ဗုံးသီးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#မွန်ပြည်နယ်
#ရဲစခန်း
#တိုက်ခိုက်မှု

Photo - Cloud Wings
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏4🔥1
​​အလံပုံကိုပြုပြင်ပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ရေယာဉ်ငယ်ပုံကဲ့သို့ ဖြန့်ဝေ
=====================

အီရန်တော်လှန်ရေးအစောင့်တပ်၏ ရေယာဉ်ငယ်ပုံမှအလံကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) ၏ အလံဖြင့် အစားထိုးပြုပြင်ထားသည့်ပုံတပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

“မြောက်ဦးမြေက လွမ်းနေမယ်” ဟု အဓိပ္ပာယ်ရသည့် ရခိုင်ဘာသာဖြင့်ရေးသားထားသည့် ဖေ့စ်ဘုတ် အကောင့်တစ်ခုက ဇူလိုင်လ ၆ ရက်နေ့တွင် “ကြည့်ကြပါဦး ချစ်အမျိုးတို့” ဟုဆိုကာ ရခိုင်ဘာသာဖြင့် စတင်ဖြန့်ဝေထားသည်။ လက်ရှိတွင် ပို့စ်အားဖျက်သွားသော်လည်း လူမှုကွန်ရက်တွင် ဆက်လက်ပျံ့နှံ့ နေ ဆဲဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2
Media is too big
VIEW IN TELEGRAM
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုခရီးစဉ် မြန်မာ့အရေးဆွေးနွေးမည်

Watch more detail - https://youtu.be/aCszTLGdvB0

#reels #PoliticalNews #shorts #MizzimaTV
👍18❤3👎1🤮1
ဇူလိုင်လ ( ၁၀)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

− လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးချက်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်တဲ့သတင်း

− ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို နေ့ချင်းပြန်လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့သတင်း

− ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့သတင်းနဲ့

− ICC အစိုးရရှေ့နေလာရောက်ပြီးနာရီပိုင်းအကြာ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ လူ ၆ ဦးအသတ်ခံရတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/EJ1aHdVyIfI

#2pmnews
#Mizzimanewshour
#mizzimatv
================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁1
ရေဦးတွင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂စင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်မှုစိစစ်ဆဲဖြစ်ပြီး လေကြောင်းအန္တရာယ်သတိပေးထား
🤬9🔥1
ရေဦးတွင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂စင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်မှုစိစစ်ဆဲဖြစ်ပြီး လေကြောင်းအန္တရာယ်သတိပေးထား
=================

MTO
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာမှ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက် ၉ နာရီ ၄၀မိနစ်ခန့် တွင် စစ်ကောင်စီတပ်က တိုက်လေယာဥ် နှစ် စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာနှစ်စင်းသည် မန္တလေးတိုင်း၊တံတားဦးလေဆိပ်မှတက်လာပြီး ရေဦးမြို့အနောက်ခြမ်းရှိရေမျက်ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ရေဦးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People’s Defense Comradeမှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

“ ရေမျက်ရွာဘုန်းကြီးကျောင်းနဲ့ကလေးတွေစာသင်ကြားနေတဲ့ စာသင်ကျောင်းပါထိခိုက်မှုရှိ ထားပါတယ်။အသေအပျောက်အပျက်အစီး အခြေအနေ အသေးစိတ်မသိရသေးဘူး” ဟုကိုထူးခန့်ဇော်က ယနေ့ နေ့လည် ၁၂နာရီ ၄၀မိနစ်ခန့်တွင် ပြောသည်။
စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာနှစ်စင်းသည် ပေါင်း ၅၀၀ ဗုံး လေးလုံးကြဲချပြီး စက်‌သေနတ်များဖြင့်ပါ ရွာပတ်လည်ကို ပစ်ခတ်သွားသည်ဟု ဒေသခံများကဆိုသည်။

" ဘာကြောင့်လာပစ်တယ်ဆိုတာ ကျွန်တော်တို့ စဉ်းစားမရဘူး။ မိုးရွာနေချိန်ကြီး လာပစ်တာ။ တိုက်လေယာဉ် တစ်စင်းကို ဗုံးနှစ်လုံးနဲ့ စုစုပေါင်း ဗုံးလေးလုံးကြဲသွားတာ" ဟု ‌ရေဦးမြို့ဒေသခံတစ်ဦးကပြောသည်။

ယနေ့ မွန်းလွဲ ၂နာရီခန့်တွင် ရေဦးမြို့ဒေသခံများသို့ ဆက်သွယ်မေးမြန်းရာ ဘုန်ကြီးကျောင်းနှင့်စာသင် ကျောင်းပျက်စီးသည့်အပြင်ဘုန်းကြီးကျောင်းဝင်းအတွင်းရီိ စေတီငယ်ခြောက်ဆူလည်း ပျက်စီးခဲ့ကြောင်း ပြောသည်။ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီးလတ်တလောတွင် လူထိခိုက်မှုမရှိဟု ကြားသိရကြောင်း ပြော‌သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် မြေပြင်အခြေအနေကို အသေးစိတ် အတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်။

ရေမျက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းဟု ကိုထူးခန့်ဇော်က ပြောသည်။

“ သုံးချက်ကတော့ မြေပြင်ပေါက်ကွဲမှုတအားပြင်းတယ်။ ခုနစ်မိုင်၊ရှစ်မိုင်အကွာအဝေးလောက်ထိ မြေကြီးတွေတုန်သွားတာ။ စာသင်ကျောင်းအနီး ဘောလုံးကွင်းထဲမှာ မပေါက်ကွဲသေးတဲ့ ပေါင် ၅၀၀ ဗုံး တစ်လုံးလည်းတွေ့ ထားတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ရေမျက်ကျေးရွာ ကို MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား ခြောက်ဦးထက် မနည်းသေဆုံးခဲ့ဖူးသည်။ပြီးခဲ့သည့် မေလ ၉ ရက်ကလည်း ရေဦးမြို့နယ်၊ ထန်းတောကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနေပြီး ချင်းပြည်နယ် မင်းတပ်မြို့ကို ဇူလိုင် ၇ရက်က လေကြောင်းမှ တိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား သုံးဦးသေဆုံးခဲ့သည်။ပြီးခဲ့သည့် ဇွန်လ ၂၇ရက် ညနေကလည်း ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာနှင့် ချင်ပြစ်ကျေးရွာကိုစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၂ဦး သေဆုံးခဲ့ကြောင်း
သိရသည်။

လတ်တလောတွင် စစ်ကောင်စီက နောက်ထပ်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လာနိုင်သောကြောင့် ရေဦးနယ်အနောက်ခြမ်းရှိ ပြည်သူများ လေကြောင်းအန္တရာယ်အထူးဂရုစိုက်ကြရန်နှင့် အကာကွယ်ကောင်းသည့်နေရာများတွင် တိမ်းရှောင်ထားပေးကြရန်People's Defense Comradeအဖွဲ့က သတိပေးထားသည်။

စာတည်း - မောင်ကြီး

#mizzima
#ရေဦးမြို့နယ်
#ရေမျက်ကျေးရွာ
#လေကြောင်းမှဗုံးကြဲတိုက်ခိုက်
Photo - မြေပြင်ထိခိုက်ပျက်စီးမှုများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍8🔥1
This media is not supported in your browser
VIEW IN TELEGRAM
ရာဟူးဂန္ဒီရဲ့အသရေဖျက်မှုပြစ်ဒဏ်အပေါ် အယူခံဝင်မှုကို အိန္ဒိယတရားရုံးထပ်မံပယ်ချ

#InternationalNews#reels #shorts
👍5🔥2
This media is not supported in your browser
VIEW IN TELEGRAM
July - 10 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍4😁1🍌1
ဇူလိုင်လ (၁၀)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

01:00 - အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုခရီးစဉ် မြန်မာ့အရေးဆွေးနွေးမယ့် သတင်း

05:09 - မြင်းခြံအကျဉ်းထောင်မှ ထောင်ဝန်ထမ်း ၃ ဦး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီး ထောင်ချခံရတဲ့ သတင်း

06:36 - ဇူလိုင်လပထမပတ်အတွင်း ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်တို့တွင် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးတဲ့ သတင်းနဲ့

08:27 - အိန္ဒိယနိုင်ငံ ဒေသန္တရရွေးကောက်ပွဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး လူ ၇ ဦးသေဆုံးတဲ့ သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/n1HYVmP6N6g

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁1🍌1
This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင်တေလာရှီးရှ်ရှိုးပွဲကို တေလာဆွစ်ပရိတ်သတ်တွေ ကြိတ်ကြိတ်တိုးအားပေးခဲ့ကြ

#internationalnews #reels #shorts
🔥3👍2