This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင်တေလာရှီးရှ်ရှိုးပွဲကို တေလာဆွစ်ပရိတ်သတ်တွေ ကြိတ်ကြိတ်တိုးအားပေးခဲ့ကြ
#internationalnews #reels #shorts
#internationalnews #reels #shorts
🔥3👍2
ICC prosecutor promises 'speeding things up' after Bangladesh Rohingya camps killings
================
https://youtu.be/IuYEAuildq4
================
https://youtu.be/IuYEAuildq4
YouTube
ICC prosecutor promises 'speeding things up' after Bangladesh Rohingya camps killings
"I fully agree we have to accelerate the action," says ICC prosecutor Khan during a press conference after his visit to a Bangladesh relief camp where six Rohingya refugees were killed in clashes a few hours later. Khan tells reporters in Dhaka that neither…
👍4😁1🤮1
ပုလောမြို့နယ်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းနှင့် ဖမ်းဆီးစစ်ဆေးခြင်းများကြောင့် လယ်စိုက်ရန် အခက်ကြုံနေရ
🔥5😢5🤬2

==================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခံရခြင်းနှင့် တင်းကြပ်စွာ ဖမ်းဆီး စစ်ဆေးခြင်းများရှိနေသည့်အတွက် လယ်သမားများ စပါးစိုက်ပျိုးရန် အခက်ကြုံနေရသည်ဟု ဒေသခံများ ထံမှ သိရသည်။
“စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖမ်းဆီးတာတွေကိုကြောက်လို့ စပါးစိုက်ဖို့ အခက်ကြုံနေရတာပါ။ အပိုဝင်ငွေ ရအောင်စိုက်ပျိုးဖို့ထက် မိသားစုစားဖို့ကိုတောင် အခြေအနေကြည့်ပြီးစိုက်နေရပါတယ်”ဟု ပလမြို့မှ တောင်သူတဦးက မဇ္ဈိမကို ပြောသည်။
လက်ရှိ ပုလောမြို့နယ်အတွင်းရှိ ပလမြို့နှင့် ပလောက်မြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး ဖမ်းဆီးခြင်းအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိနေသည့်အတွက် စပါးစိုက်ရန် အခက်ကြုံနေကြရ ခြင်းဖြစ်သည်ဟု ဆိုသည်။
ပလမြို့နှင့် ပလောက်မြို့တို့သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့များဖြစ်၍ အချိန် အကန့်အသတ်ဖြင့် သွားလာနေရခြင်းက လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်ကြရန်အတွက် ကန့်သတ် ချက်ဖြစ်နေကြရသည်ဟု ဆိုသည်။
ယင်းအပြင် မျိုးစပါးများ လုံလုံလောက်လောက် ဝယ်ယူမရခြင်းနှင့် လယ်ယာလုပ်သား ခေါ်ယူရန် အခက် အခဲများလည်းရှိနေကြောင်း ဒေသခံတောင်သူများက ပြောသည်။
“မြို့တက်ပြီး မျိုးစပါးက များများစားစားဝယ်လို့ မရဘူး၊ စစ်ဆေးရေးဂိတ်တွေက များများပါလာရင်သိမ်း တယ်၊ အလုပ်သမားတွေကိုခေါ်မရတော့ ကိုယ်တိုင်စိုက်ရတာများတယ်”ဟု ပလောက်မြို့မှ တောင်သူ တဦးက ပြောသည်။
အာဏာသိမ်းပြီးနောက် ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တိုက်ပွဲများကြောင့် စစ်ရှောင်များ ပိုများလာသည်ဟုလည်း ဆိုသည်။
လက်ရှိတွင် ပုလောမြို့နယ်ရှိ စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်များက ဒေသခံပြည်သူများကို စားနပ် ရိက္ခာနှင့်ပတ်သက်ပြီး ဆန်၊ ဆီနှင့် အခြားသော ကုန်ခြောက်များကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့် ပေးထားပြီး ပိုမိုသယ်ဆောင်သည်ကို စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းနေကြောင်း ပုလောဒေခံများထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#စစ်ကောင်စီ
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6🤬5🔥4🤡1🥴1
Business Round Up (10 July 2023)
=============
- ပြင်သစ်ဘဏ္ဍာရေးအဖွဲ့အစည်း၆ခု က မြန်မာစစ်အုပ်စုနှင့် စီးပွားရေးပတ်သတ်မှုရှိတဲ့ ကုမ္ပဏီတွေမှာ ဒေါ်လာ ၆ ဘီလီယံဖိုးရင်းနှီးမြှပ်နှံထား
- MAI လေကြောင်းလိုင်း ဘဏ်အကောင့်များ စင်ကာပူUOBဘဏ်ပိတ်သိမ်း
- မြန်မာနိုင်ငံက အာဆီယံနိုင်ငံများအနက် ကုန်သွယ်မှုလွယ်ကူ ချောမွေ့ရေးအညွန်းကိန်းအဆင့် အောက်ဆုံးတွင်ရှိနေ
- အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်းရန် ဆွေးနွေး
- အင်ဒိုနီးရှားနိုင်ငံက တစ်ခါသုံးပလက်စတစ်အသုံးပြုမှု ၂၀၃၀ မတိုင်ခင် တားမြစ်ဖို့လုပ်ဆောင်နေ
https://youtu.be/WRNdZdbWWew
#BusinessRoundUp
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

- မြန်မာနိုင်ငံက အာဆီယံနိုင်ငံများအနက် ကုန်သွယ်မှုလွယ်ကူ ခ…

👍10🔥2😁1
သထုံ-ဘားအံလမ်း ဘုရင့်ညီဂူနှင့် ဝါးပိုးတောလမ်းဆုံကြားရှိတံတား မိုင်းခွဲဖျက်ဆီးခံရ
👍6🔥2🤮1

=======================
YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သထုံ-ဘားအံလမ်းမကြီးပေါ်ရှိ တံတားတစ်စင်း ယနေ့ ဇူလိုင် လ ၁၀ ရက် နံနက် ၁ နာရီ ၁၀ မိနစ်ခန့်က မိုင်းခွဲဖျက်ဆီးခံလိုက်ရကြောင်း ဒေသတွင်းသတင်းရင်းမြစ် များထံမှ သိရသည်။
သထုံ-ဘားအံလမ်းမကြီး ကရင်ပြည်နယ်ဘက်အခြမ်း၊ ဘားအံမြို့နယ်၊ ဂူဝကျေးရွာ၊ ဘုရင့်ညီဂူနှင့် ဝါးပိုး တောလမ်းဆုံကြားရှိ တံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။
ဖောက်ခွဲမှုကြောင့် တံတားလက်ရန်းအချို့ပျက်စီးပြီး ကြမ်းခင်းအချို့ အက်ကွဲ၊ ပေါက်ပြဲသွားကြောင်း ဒေသတွင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးကဆိုသည်။
“အခုတော့ လမ်းတစ်ခြမ်း ပိတ်ထားသေးတယ်။ ကျန်တဲ့အခြမ်းကနေ အကုန်ပြန်သွားလို့ရနေပါပြီ” ဟု ဒေသတွင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်အစောပိုင်းက တံတားပေါ်သို့ ယာဉ်ဖြတ်သန်း သွားလာမှုကို ပိတ်ဆို့ထားခဲ့ပြီး နံနက် ၉ နာရီဝန်းကျင်မှစ၍ အိမ်စီးကားများ၊ ဆိုင်ကယ်၊ သုံးဘီး အစရှိ သည့် ယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
မွန်းလွဲ ၂ နာရီခွဲခန့်မှစတင်ကာ ကုန်ကားအချို့ကိုပါ ပြန်လည်ဖြတ်သန်းသွားလာခွင့် ပြုနေပြီဖြစ်ကြောင်း သိရသည်။
မိုင်းခွဲဖျက်ဆီးခံရသည့်တံတားတည်ရှိရာ သထုံ- ဘားအံလမ်းမကြီးသည် မြဝတီ-ဘားအံ-သထုံ-ရန်ကုန် ကုန်သွယ်ရေးအတွက် အဓိကအသုံးပြုနေကြရသည့်လမ်းဖြစ်ပြီး မည်သည့်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း မသိရသေးပေ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင်၊ မိတ်ဖက်ရေးရာကော်မတီ ဥက္ကဋ္ဌထံ မဇ္ဈိမမှ ဖုန်းဖြင့်လေးကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ချေ။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီထောက်ပို့လမ်းကြောင်းအား တားဆီးရန် ဘီးလင်းမြို့ နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်ရှိ ကျုံအိတ်တံတား(ခ) ဗိုလ် ပလေးတံတားအား တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သည်။
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#တံတား
#မိုင်းခွဲဖျက်ဆီး
#သထုံ
#ဘားအံ
#ကရင်ပြည်နယ်
ဓါတ်ပုံ- Nay Lin Aung ( လူမှုကွန်ယက်)

👍10❤1🔥1🤮1
အာဖဂန်တာလီဘန်များက ပါကစ္စတန်၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် စတင် လုပ်ဆောင်နေ
====================
တာလီဘန်ဦးဆောင်သော အာဖဂန်ကြားဖြတ်အစိုးရသည် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏စိုးရိမ်ပူပန်မှုများအပါအဝင် ပါကစ္စတန်နှင့် အခြားအိမ်နီးချင်းနိုင်ငံများနှင့် ဖြေရှင်းရန် ခြေလှမ်းများ စတင်နေပြီဖြစ်ကြောင်း ပါကစ္စတန်သံအမတ်က ပြောကြားသည်။
ဗွီအိုအေ သတင်းဌာန နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အာဖဂန်နစ္စတန်ဆိုင်ရာ ပါကစ္စတန် အထူးကိုယ်စားလှယ် အာဆစ်ဒါရန်နီက အာဖဂန်နယ်စပ်ဒေသများမှ တီရစ်-အီ-တာလီဘန်ပါကစ္စတန် (TTP) စစ်သွေးကြွများကို ပြောင်းရွှေ့နေရာချထားခြင်းသည် သိသာထင်ရှားသော တိုးတက်မှုဖြစ်စဉ်တစ်ခုဖြစ်သော်လည်း ရလဒ်များကို ခန့်မှန်းရန် စောနေသေးကြောင်း ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လက အာဖဂန်တာလီဘန်များ အာဏာပြန်ရလာပြီးနောက် ပါကစ္စတန် တွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများအတွက် တာဝန်ရှိ သည့် TTP အပါအဝင် အကြမ်းဖက်သမားများကို ပြတ်ပြတ်သားသား အရေးယူရန် ပါကစ္စတန်က တာလီဘန်အာဏာပိုင်များကို တောင်းဆိုထားသည်။

👍4😁2
စပွန်ဆာမပါတဲ့ အိမ်ကွင်းအင်္ကျီဝတ်စုံအသစ်ကို ချယ်လ်ဆီးအသင်း ထုတ်ပြ
===================
ချယ်လ်ဆီးအသင်းဟာ အင်္ကျီရှေ့စပွန်ဆာမပါဘဲ ၂၀၂၃-၂၄ ရာသီအတွက် သူတို့ရဲ့ အိမ်ကွင်းဝတ်စုံကို ထုတ်ဖော်ပြသလိုက်ပါတယ်။
ဆက်သွယ်ရေးကုမ္ပဏီ Three နဲ့ ရှပ်အင်္ကျီစာချုပ်ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ သက်တမ်းကုန်ဆုံးချိန်မှာ သက်တမ်းတိုးခြင်းမရှိခဲ့ပါဘူး။
ပရီးမီးယားလိဂ်ဟာ သူတို့ရဲ့ ရုပ်သံထုတ်လွှင့်ခွင့်မူပိုင်ကိုင်ဆောင်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေမှာကို စိုးရိမ်တာကြောင့် streaming ဝန်ဆောင်မှုပေးတဲ့ Paramount+ နဲ့ သဘောတူညီချက်ကို ပိတ်ပင်ခဲ့တာပါ။

👍8😁3
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
=======================
ပါကစ္စတန်နိုင်ငံရဲ့အဆုံးမရှိသော စီးပွားရေးဒုက္ခများ
မက်ဇဖာရာဘတ်တွင် ဝန်ထမ်းများကအာဏာပိုင်များကို ဆန္ဒပြ
နှစ်စဉ်ကျင်းပသော အရှင်ဂျဂန်နက်ရဲ့ရက်ရထရာပွဲတော်ကို တကမ္ဘာလုံးရှိ ကိုးကွယ်ယုံကြည်သူများလာရောက်ဆင်နွှဲ
အိန္ဒိယနိုင်ငံရဲ့မြင့်မြတ်တဲ့ ပူရီမြို့မှာ ရက်ရာထရာခေါ် ပန်းရထား ပွဲတော်ကို
ကြီးမြတ် နက်ရှိုင်းတဲ့ယုံကြည်မှုတွေနဲ့ ကျင်းပခဲ့
အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/loptfS_3fHU
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
=======================
ပါကစ္စတန်နိုင်ငံရဲ့အဆုံးမရှိသော စီးပွားရေးဒုက္ခများ
မက်ဇဖာရာဘတ်တွင် ဝန်ထမ်းများကအာဏာပိုင်များကို ဆန္ဒပြ
နှစ်စဉ်ကျင်းပသော အရှင်ဂျဂန်နက်ရဲ့ရက်ရထရာပွဲတော်ကို တကမ္ဘာလုံးရှိ ကိုးကွယ်ယုံကြည်သူများလာရောက်ဆင်နွှဲ
အိန္ဒိယနိုင်ငံရဲ့မြင့်မြတ်တဲ့ ပူရီမြို့မှာ ရက်ရာထရာခေါ် ပန်းရထား ပွဲတော်ကို
ကြီးမြတ် နက်ရှိုင်းတဲ့ယုံကြည်မှုတွေနဲ့ ကျင်းပခဲ့
အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/loptfS_3fHU
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
ပါကစ္စတန်နိုင်ငံရဲ့အဆုံးမရှိသော စီးပွားရေးဒုက္ခများ
မက်ဇဖာရာဘတ်တွင် ဝန်ထမ်းများကအာဏာပိုင်များကို ဆန္ဒပြ
နှစ်စဉ်ကျင်းပသော အရှင်ဂျဂန်နက်ရဲ့ရက်ရထရာပွဲတော်ကို တကမ္ဘာလုံးရှိ ကိုးကွယ်ယုံကြည်သူများလာရောက်ဆင်နွှဲ
အိန္ဒိယနိုင်ငံရဲ့မြင့်မြတ်တဲ့ ပူရီမြို့မှာ ရက်ရာထရာခေါ်…

👍4😁1