Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​တွန်းဇံမြို့ အ.ထ.က ကျောင်းတွင် တပ်စွဲထားသည့်စစ်တပ်တိုက်ခိုက်ခံရပြီးသေဆုံးမှုရှိ
=========================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ တွန်းဇံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးကာ သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့ကြောင်း CDF – Ton Zang ကထုတ်ပြန်သည်။
စစ်ကောင်စီတပ်အင်အား ၁၀ ဦးခန့်ဖြင့်တပ်စွဲထားသည့် အဆိုပါကျောင်းကို ဇူလိုင်လ ၁၃ ရက်၊ ၁၀ နာရီခန့်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်နေသည့်အချိန်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ ကျနော်တို့က အဲဒီစာသင်ကျောင်းမှာတပ်မစွဲဖို့ ဗုံးခွဲပြီးသတိပေးထားပြီးပြီ။ အဲဒီအပြင် စစ်ကောင်စီရဲ့ ပညာရေးမှူးကလည်း ကျနော်တို့ကိုစိန်ခေါ်ထားတဲ့အတွက် ဝင်တိုက်ခဲ့တာပါ ” ဟု CDF – Ton Zang ပြောရေးဆိုခွင့်ရှိသူ ထန်ဆွင်းမုန် မဇ္စျိမသို့ပြောသည်။
တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်အချိန်အတွင်း စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး ကျန်တပ်သားများထွက်ပြေးသွားကြကာ ၎င်းတို့ကိုင်ဆောင်သည့် မောင်းပြန်တစ်လက်နှင့် ၆၀ မမ တစ်လက် သိမ်းခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

အဆိုပါစစ်ကောင်စီတပ်သားများသည် နေ့ခင်းပိုင်းကျောင်းဖွင့်ချိန်သာ လာရောက်စောင့်ဆိုင်းနေခြင်းဟု ထန်ဆွင်းမုန်ကဆိုသည်။
ထို့ကြောင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများမှလွဲ၍ အခြားထိခိုက်သူမရှိခဲ့ဟုလည်းပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များသည် စစ်ကောင်စီတပ်သားများကို ကျောင်းခန်းများအတွင်း လိုက်လံရှာဖွေခဲ့ပြီး ထပ်မံမတွေ့ရှိရသောကြောင့် အထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ပစ်ခတ်မှုအပြီး မွန်းတည့် ၁၂ နာရီတွင် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဆင်းပေးလိုက်ပြီးနောက် စစ်ကောင်စီတပ်က အထက်တန်းကျောင်းသို့ စစ်ကားတစ်စီးနှင့် ထပ်မံအင်အားဖြည့်တင်းထား ကြောင်းဆိုသည်။

အဆိုပါကျောင်းတွင် စစ်ကောင်စီတပ်စွဲထားခြင်းနှင့် စစ်ကောင်စီယန္တရားလည်ပတ်မှုကို လက်မခံနိုင်သဖြင့် ဇွန်လ ၂၀ ရက်နေ့က CDF – Ton Zang က ဗုံးဖောက်ခွဲ သတိပေးခဲ့ပြီးဖြစ်သည်။
ယင်းနောက် တွန်းဇံမြို့နယ်ပညာရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေးမှူးတို့က စစ်ကောင်စီယန္တရားလည်ပတ်စေသည် သာမက ချင်းကာကွယ်ရေးတပ်ဖွဲ့အပေါ် ပြင်းထန်သောစကားလုံးများဖြင့် စိန်ခေါ်ပြောဆိုခဲ့သည့်အတွက် CDF – Ton Zang က ဇူလိုင်လ ၅ ရက် တွင် ဖမ်းဝရမ်းထုတ်ပြန်ခဲ့သေးသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#တွန်းဇံ
#ချင်းကာကွယ်ရေးတပ်
#စာသင်ကျောင်း
#တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍26😁3👏2❤1🤔1
မဇ္စျိမပရိသတ်များအတွက် စစ်တမ်းတစ်ခု ပြုလုပ်ပါရစေ.
ပရိသတ်ရဲ့ထင်မြင်ယူဆချက်များသည် မဇ္စျိမအဖွဲ့သားများအတွက်
နေ့တဓူ၀အစီအစဥ်များကို ထုတ်လုပ်ရာတွင်
အလွန်အကျိုးပြုပေးနေကြောင်းကို အသိပေးလိုပါသည်။

ဒါဆို ဘာကြောင့် ဒီစစ်တမ်းကို ကောက်ယူနေတာလဲ?
ပရိသတ်အဖြေများသည် မဇ္စျိမ၏တင်ဆက်မှုအပေါ် နှစ်သက်မှု၊ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များကို ပိုမိုနားလည်သဘောပေါက်ရန် ကူညီပေးပါသည်။ အကြံပြုချက်များကို တိုက်ရိုက်ကြားသိရခြင်းဖြင့် ပရိသတ်ရဲ့ထင်မြင်ယူဆချက်တွေမှတဆင့် ဆွဲဆောင်မှုအရှိဆုံးအကြောင်းအရာများ၊ သင်နှစ်သက်သော အစီအစဥ်များနှင့် အနာဂတ်တွင် မည်သည့်အစီအစဥ်မျိုးကို ကြည့်လိုကြောင်းကို မဇ္စျိမအဖွဲ့သားများက သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။
ဒါကြောင့် -
စစ်တမ်းတွင်ပါဝင်ခြင်းဖြင့် သင်၏ထင်မြင်ယူဆချက်တွေကို
မဇ္စျိမအဖွဲ့သားများအား ပြောပြပေးလိုက်ပါ.

စစ်တမ်းတွင် ၀င်ရောက်ဖြေဆိုရန် -
https://www.surveymonkey.com/r/25JR9Z3

#mizzimasurvey #mizzimaudiencesurvey
❤17👍7😁3
မဇ္စျိမပရိသတ်များအတွက် စစ်တမ်းတစ်ခု ပြုလုပ်ပါရစေ.

ပရိသတ်ရဲ့ထင်မြင်ယူဆချက်များသည် မဇ္စျိမအဖွဲ့သားများအတွက်
နေ့တဓူ၀အစီအစဥ်များကို ထုတ်လုပ်ရာတွင်
အလွန်အကျိုးပြုပေးနေကြောင်းကို အသိပေးလိုပါသည်။

ဒါဆို ဘာကြောင့် ဒီစစ်တမ်းကို ကောက်ယူနေတာလဲ?
ပရိသတ်အဖြေများသည် မဇ္စျိမ၏တင်ဆက်မှုအပေါ် နှစ်သက်မှု၊ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များကို ပိုမိုနားလည်သဘောပေါက်ရန် ကူညီပေးပါသည်။ အကြံပြုချက်များကို တိုက်ရိုက်ကြားသိရခြင်းဖြင့် ပရိသတ်ရဲ့ထင်မြင်ယူဆချက်တွေမှတဆင့် ဆွဲဆောင်မှုအရှိဆုံးအကြောင်းအရာများ၊ သင်နှစ်သက်သော အစီအစဥ်များနှင့် အနာဂတ်တွင် မည်သည့်အစီအစဥ်မျိုးကို ကြည့်လိုကြောင်းကို မဇ္စျိမအဖွဲ့သားများက သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။

ဒါကြောင့် -
စစ်တမ်းတွင်ပါဝင်ခြင်းဖြင့် သင်၏ထင်မြင်ယူဆချက်တွေကို
မဇ္စျိမအဖွဲ့သားများအား ပြောပြပေးလိုက်ပါ.

စစ်တမ်းတွင် ၀င်ရောက်ဖြေဆိုရန် -
https://www.surveymonkey.com/r/25JR9Z3
#mizzimasurvey #mizzimaudiencesurvey
👍6🔥2
​​မြန်မာ့အရေးတွင် ဘုံသဘောတူညီချက် ငါးရပ်ကို အာဆီယံ ဆက်လက်ကိုင်စွဲ
=====================

မြန်မာနှင့် အာဆီယံကြား ရရှိထားသော ငြိမ်းချမ်းရေးအစီအစဉ်သည် အာဆီယံ၏ မြန်မာ့ပဋိပက္ခအား ချည်းကပ်ရာ၌ အခြေခံအဖြစ် ရှိနေဆဲဖြစ်ကာ ယင်း အစီအစဉ် အကောင်အထည်ဖော်ရေးက အရေးကြီးကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အလေးထားဖော်ပြသည်။

ဂျကာတာတွင် ဗုဒ္ဓဟူးနေ့က ၅၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနှင့်ပတ်သက်ပြီး အာဆီယံက မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဆိုခြင်း၌ အခြေခံမူဘောင်အဖြစ် ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်အတည်ပြုခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းကိုလည်း အတည်ပြုခဲ့ကြတယ်”ဟု ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
😁14👍10🤣3😢1
This media is not supported in your browser
VIEW IN TELEGRAM
July - 13 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍4🍌2
​​ရှေ့သို့ချီပါတီ ခေါင်းဆောင် ဖိထာ ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် လွှတ်တော်တွင်း မဲခွဲမှု၌ အရေးနိမ့်
======================

ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ချီပါတီ (MFP) ခေါင်းဆောင် ဖိထာ လင်မ်ဂျရွန်ရတ်သည် ယနေ့ ဇူလိုင် ၁၃ ရက်တွင် ကျင်းပသည့် လွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေးတွင် ဝန်ကြီးချုပ်နေရာရယူနိုင်ရန် လိုအပ်သည့် ထောက်ခံမဲအရေအတွက်ကို မရရှိခဲ့သဖြင့် ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာရန် ၎င်း၏ ကနဦးကြိုးပမ်းမှု အရေးနိမ့်ခဲ့ရသည်။

MFP ခေါင်းဆောင် ဖိထာသည် ဝန်ကြီးချုပ်နေရာ ယှဉ်ပြိုင်ပွဲတွင် ကန့်ကွက်ခံခဲ့ရခြင်း မရှိသော်လည်း ၎င်းအား ဝန်ကြီးချုပ်ခန့်အပ်ရန် မဲခွဲဆုံးဖြတ်မှုတွင် ကြားနေမဲများ၊ ကန့်ကွက်မဲများ ရှိခဲ့ခြင်းနှင့်အတူ အနိုင်ရရန် လိုအပ်သည့် ထောက်ခံမဲအရေအတွက်ဖြစ်သည့် ၃၇၅ မဲကို စုဆောင်းရရှိနိုင်ခဲ့ခြင်း မရှိဟု သိရသည်။ မဲများကို ဆက်လက်ရေတွက်ဆဲဖြစ်သော်လည်း လက်ရှိတွင် ဖိထာအနေဖြင့် ယခုမဲခွဲဆုံးဖြတ်မှုတွင် ဝန်ကြီးချုပ်ဖြစ်လာရန် လိုအပ်သည့် မဲအရေအတွက်ကို ရရှိရန် မဖြစ်နိုင်တော့ဟု သိရသည်။

ထိုင်းပါလီမန်သည် လာမည့်သီတင်းပတ်တွင် ဝန်ကြီးချုပ်သစ်ရွေးချယ်ရန် နောက်ထပ်တစ်ကြိမ် မဲခွဲဆုံးဖြတ်မှုကို ကျင်းပဖွယ်ရှိပြီး ထိုမဲခွဲမှုတွင် ဖိထာအနေဖြင့် အကယ်၍ နောက်တစ်ကြိမ် ထပ်မံ အဆိုပြုခံရမည်ဆိုပါက ယှဉ်ပြိုင်နိုင်မည်ဟု သိရသည်။
😢23👍2😁2
ဇူလိုင်လ ၁၃ ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=====================

-ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးတွေ့ဆုံမှုအခြေအနေ အာဆီယံအစည်းအဝေးမှာ တင်ပြဖို့ရှိတယ်ဆိုတဲ့ သတင်း

-ထိုင်း-ကရင်နီ နယ်စပ်က ဆယ်သဲ စစ်ရှောင်စာသင်ကျောင်း ဗုံးကြဲခံရပြီး အသက်မပြည့်သူ ဦးအပါအဝင် စစ်ဘေးရှောင် နှစ်ဦးသေဆုံးခဲ့တဲ့သတင်း

-ရန်ကုန်မှာ ရာသီတုပ်ကွေးနဲ့ အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့အကြောင်း

-PDF သင်တန်းဆင်းပွဲရှိလို့ လေကြောင်းတိုက်တာပါဆိုတဲ့ စစ်ကောင်စီ စွပ်စွဲချက် ရေမျက်ဒေသခံတွေ ငြင်းဆိုတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/fBAbPrQrkuA?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13😁3❤2🤬1
ဇူလိုင်လ (၁၃)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
=================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးတွေ့ဆုံမှုအခြေအနေ အာဆီယံအစည်းအဝင်းအတွင်း တင်ပြဖို့ရှိတယ်ဆိုတဲ့သတင်း နဲ့အတူ ကရင်နီဒေသအတွက် ခွဲစိတ်ခန်းပစ္စည်းကိရိယာစုံပါ ကိန္နရာဆေးရုံ တည်ဆောက်ဖို့ ရှိတယ်ဆိုတယ်ဆိုတဲ့ နောက်ဆုံးရပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေအပြင် စီးပွားရေးကဏ္ဍတွေကိုလည်းနားဆင်ရမှာဖြစ်ပြီး သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်တွေနဲ့ ကုန်ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။

အဲဒါပြီးရင်တော့ အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာ ထုတ်လွင့်မယ့် အစီအစဉ်သစ်တခုအဖြစ် “Post Mocha” ဆိုတဲ့ခေါင်းစဉ်နဲ့ မိုခါအလွန် ရခိုင်ဒေသအခြေအနေတွေအကြောင်းကို နားဆင်ရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍအနေနဲ့ “ကျန်းမာသုတလူမှုဘဝ“ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။

ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/fMr-EOgkeSE

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1😁1
ဖက်ဒရယ်စစ်ကြောင်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲ ပြုလုပ်
==================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖက်ဒရယ်စစ်ကြောင်း၏ အပတ်စဥ် (၄) သင်တန်း ဆင်းပွဲကို ဇူလိုင် ၁၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း People's Defence Force - Federal Column မှ ထုတ်ပြန်သည်။

" စစ်ကြောင်းအနေနဲ့ တစ်နှစ်ကျော်ကာလအတွင်း စည်းကမ်းကောင်းမွန်ပြီး စိတ်ဓာတ်ခိုင်မာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေကို မွေးထုတ်ပေးခဲ့တာ အခုအခါ အပတ်စဥ် (၄) တိုင်ရှိပြီးဖြစ်ပါတယ် "ဟု ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖက်ဒရယ်စစ်ကြောင်းအနေနှင့် ပိုမိုကောင်းမွန်မြင့်မားသည့် စစ်ပညာရပ်များကိုလည်း လေ့လာလျက်ရှိကြပြီး ဒေသတွင်းသာမက မဟာမိတ်ဒေသများ၏ ရှေ့တန်းစစ်မြေပြင်မှာပါ ပါဝင် တိုက်ခိုက်နေကြသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

PDF - Federal Column တပ်ဖွဲ့သည် ထိန်းချုပ်ထားသည့်နယ်မြေများမှာသာမက မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့တစ်ခု ဖြစ်သည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ဖက်ဒရယ်စစ်ကြောင်း
#သင်တန်းဆင်း
#NUG
#Mizzima
❤12👍5🥰2🔥1👏1
စစ်တွေမြို့နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းက မိုခါ ထူထောင်ရေး အခြေအနေတွေ
====================

မိုခါအလွန် ရခိုင်ဒေသ အခြေအနေတွေကို နားဆင်ကြရပါမယ်။
ဒီအပတ် နားဆင်ကြရမှာကတော့ “စစ်တွေမြို့နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းက မိုခါ ထူထောင်ရေး အခြေအနေတွေ”အကြောင်း ဖြစ်ပါတယ်။

https://youtu.be/cH_C9owmb-c

#postmocha
#Mizzima
#Rakhine
#Ep-2
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥2👍1😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၃ ဇူလိုင် ၂၀၂၃)
==================

အမျိုးသားညီညွတ်ရေး အစိုးရ
•   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွတ် ဝီနိုင်း၏ ပြောကြားချက်မှာ နိုင်ငံရေး လုပ်ကြံမှု တစ်ခုဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။

•   စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် မူးယစ်ဆေးဝါး ရောင်းချသူ ၁ ဦးကို ကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း NUG အစိုးရ၏ စစ်ကိုင်းတိုင်း ပြည်ထဲရေး နှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

•   အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေပြီး ဇူလိူင် ၁၁ ရက်တွင် ကယ်လီဖိုးနီးယား ပြည်နယ်မှ မြန်မာ မိသားစုများ နှင့် ရင်းရင်းနှီးနှီး တွေဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

•   အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီး David Gum Awng က ပြီးခဲ့တဲ့ ဇွန်လအတွင်း အီတလီနိုင်ငံကို သွားရောက်ပြီး ပါးမားမြို့ နှင့် ရောမမြို့များတွင် မြို့တော်ဝန်၊ အစိုးရ တာဝန်ရှိသူများ လွှတ်တော်အမတ်များ အီတလီရောက် မြန်မာများ နှင့် တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံ အခြေအနေ၊ တော်လှန်ရေး တိုးတက်အောင် မြင်မှုများ နှင့် အီတလီ-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

•   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် ပြုလုပ်ခဲ့ကြသည်။

•   PDF အမည်အသုံးပြုပြီး စီးပွားရေးသမားများကို ခြိမ်းခြောက်ငွေတောင်းမှုများ ပြုလုပ် နေသည်ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဇူလိုင် ၁၁ ရက်က အသိပေး ထုတ်ပြန်လိုက်သည်။
👍16🔥1😁1