This media is not supported in your browser
VIEW IN TELEGRAM
ထိပ်သီးဆွေးနွေးပွဲအတွက်ရောက်ရှိလာတဲ့ ဂျပန်ဝန်ကြီးချုပ်ကို အီးယူအကြီးအကဲတွေကြိုဆို
#internationalnews #reels #shorts #Mizzima #EU #Japan

😁4👍2
ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်ပေးတွေ့ခြင်း စစ်ကောင်စီနိုင်ငံရေးအမြတ်ထုတ်လှည့်ဖြားခြင်းဟု အထွေထွေသပိတ်အင်အားစုတုံ့ပြန်၊ န်ိုင်ငံရေးသပ်လျှိုသွေးခွဲမှုကို သတိကြီးကြီးထားရန် လူထုအား တိုက်တွန်း
====================
ရောင်နီ
မဇ္စျိမ ။ ။ သံတမန်ရေးအရ တာ၀န်မရှိသည့် ပုဂ္ဂိုလ်နှင့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပေးခဲ့ခြင်းသည် နိုင်ငံရေးအရ အမြတ်ထုတ်လိမ်ညာလှည့်ဖြားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ နိုင်ငံရေးသပ်လျှို သွေးခွဲမှုကို သတိကြီးကြီးထားကြရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB) က ကြေညာချက်ထုတ်ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးမစ္စတာဒွန်ပရာမွတ်ဝီနိုင်း တွေ့ဆုံခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းစကားပါးလိုက်သည်ဆိုသည့် လတ်တလောထွက်ပေါ်နေသော သတင်းများအပေါ် GSCB က ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် သဘောထားထုတ်ပြန်ရာအထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
နေပြည်တော်အချုပ်ထောင်တွင် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၁၂ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် သတင်းထောက်များအား ပြောကြားခြင်းဖြစ်သည်။ မြန်မာနိုင်ငံပဋိပက္ခချုပ် ငြိမ်းရန် ဆွေးနွေးပွဲများ ပြန်လည်ကျင်းပရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ၎င်းက ဆိုထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ယင်းကဲ့သို့ပြောကြားမှုနှင့်ပတ်သက်သော သတင်းများထွက်ပေါ်လာပြီးနောက် GSCBက ၎င်းတို့၏ သဘောထားကို ကြေညာချက်ထုတ်ပြန်ထားရာ " ယခုသတင်းသည် မှန်ကန်သည် ဖြစ်စေ၊ မမှန်ကန်သည် ဖြစ်စေ အကြမ်းဖက် စစ်အုပ်စုနှင့် အပေါင်းအပါတစုတို့၏ နိုင်ငံရေးအရ အလွဲသုံးစားပြုမှုနှင့် မြန်မာပြည်သူလူထုနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် မထီမဲ့မြင်ပြုမှုအဖြစ်သာ ကျွန်ုပ်တို့က မှတ်ယူပါသည်" ဟု GSCBက ဆိုသည်။
စစ်ကောင်စီသည် အခြားသံတမန်များကိုကျော်၍ နိုင်ငံရေးအရ၊ သံတမန်ရေးအရ တာဝန်မရှိသည့်ပုဂ္ဂိုလ်(မစ္စတာဒွန်ပရာမွတ်ဝီနိုင်း) ကိုဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးခဲ့သည်ဟု သတင်းများထုတ်၍ လှုပ်ခတ်စေရန် ကြိုးစားခြင်းမှာ ၎င်းတို့၏ နိုင်ငံရေးအရ အမြတ်ထုတ်၍ လိမ်ညာလှည့်ဖြားခြင်းဟုGSCBက မှတ်ချက်ပြုထားသည်။
ထို့အပြင် ယခုလုပ်ရပ်သည် အိမ်နီးချင်းနိုင်ငံများ၏ မြန်မာ့အရေးတွင် ပါဝင်ဆောင်ရွက်နေမှုမှာ ပြဿနာကို အမှန်တကယ် ပြေလည်စေလိုသည့် စိတ်စေတနာများထက် အကျိုးစီးပွားပေါ်အခြေခံ၍ ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်နေခြင်းအဖြစ် ထင်ရှားပြီး အာဆီယံ၏တည်ရှိမှု၊ တောင်းဆိုနေမှုများကို မထီမဲ့မြင်ပြုခြင်းဖြစ်ကာ အာဆီယံ၏ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းမှုများသည် အလုပ်မဖြစ်ကြောင်း သက်သေဖြစ်သည်ဟု ဖော်ပြထားသည်။
" ကျွန်ုပ်တို့မျှော်ရည်သည့် နိုင်ငံသစ်နှင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် ဆင်နွှဲနေသည့် ယခုတော်လှန်ရေးတွင် အပြုသဘောမဆောင်သည့်အပြင် အကျိုးစီးပွားပေါ်အခြေခံသည့် မည်သည့် ကူညီမှုအမည်ခံ ဝင်ရောက်စွက်ဖက်မှုများ၊ ကြားဝင်စေ့စပ်မှုများကိုမျှ ကျွန်ုပ်တို့ လုံးဝ (လုံးဝ) လက်မခံပါ။ အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာလုယူပြီး ပြည်သူလူထုအပေါ် ဆိုးရွားစွာလူ့အခွင့်အရေး ချိုးဖေါက်နေခြင်းသည် ပြဿနာ၏ မူလအရင်းအမြစ် ဖြစ်ပါသည်။ ထိုမူလအရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းရန် မကြိုးစားဘဲ မြန်မာ့အရေး အမှန်တကယ်ပြေလည်သွားစေမည်မဟုတ်သည့် ဆွေးနွေးရေးလမ်းကြောင်းပေါ် အတင်းတွန်းတင်မှုမှန်သမျှကို ဆန့်ကျင်သွားမည်ဖြစ်ပြီး နိုင်ငံတကာ အင်အားစုများအနေဖြင့် သတိထား၍ အပြုသဘောဆောင်သည့် ကူညီပံ့ပိုးမှုများ ပြုလုပ်ကြပါရန် လေးလေးနက်နက် တိုက်တွန်းသည်"ဟု GSCBက ထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး
#mizzima
#ဒေါ်အောင်ဆန်းစုကြည်
#ထိုင်းနိုင်ငံခြားရေးဝန်ကြီး
#နိုင်ငံရေးသပ်လျှိုသွေးခွဲမှု
#GSCB
Photo - စစ်ကောင်စီဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး
==================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍23🤮6🥱3
ဇူလိုင်လ (၁၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================
အာဆီယံ ပူးတွဲကြေညာချက်မှာ မြန်မာ စစ်တပ်ရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ တိုက်တွန်းတဲ့သတင်း
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း စစ်ကောင်စီတပ်အင်အားဖြည့်တဲ့သတင်း
အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင် ထောင်လွတ်ရက်စေ့ပြီးနောက် ပျောက်ဆုံး အဆက်အသွယ်ပြတ်နေတဲ့သတင်း
ကန့်ဘလူမြို့နယ် ညောင်ပင်ရွာမရွာကို စစ်ကောင်စီတပ် မီးရှို့နေတဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။
https://youtu.be/zOFmBjjSf40
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇူလိုင်လ (၁၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
အာဆီယံ ပူးတွဲကြေညာချက်မှာ မြန်မာ စစ်တပ်ရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ တိုက်တွန်းတဲ့သတင်း
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း စစ်ကောင်စီတပ်အင်အားဖြည့်တဲ့သတင်း
အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင် ထောင်လွတ်ရက်စေ့ပြီးနောက် ပျောက်ဆုံး အ…

👍10😁2
This media is not supported in your browser
VIEW IN TELEGRAM
ဂျာမနီက ပိုမိုပြတ်သားတဲ့ တရုတ်နိုင်ငံအပေါ်ချဉ်းကပ်မှုအသစ်ကို ထုတ်ဖော်ပြောကြား
#internationalnews #reels #shorts #Germany #China #Mizzima

😁3👍1
ဝေါမြို့နယ် အမတ် ဦးမောင်ဒီ ကျိုက်စကောထောင်မှ ပဲခူးဆေးရုံသို့ ပို့ဆောင်ထားရ
=======================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအရှေ့ခြမ်း ဝေါမြို့နယ်၏ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရ တိုင်းဒေသကြီးအမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီသည် ကျိုက်စကောအကျဉ်းထောင်တွင် အကျဉ်းကျနေရာမှ ကျန်းမာရေးအခြေအနေဆိုးဝါးလာသဖြင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဦးမောင်ဒီနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
ကျိုက်စကောထောင်၏ ထောင်ဆေးရုံအုပ်မှ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့တွင် မိသားစုထံသို့ " ဦးမောင်ဒီအား ဇူလိုင်လ ၇ ရက်နေ့တွင် ပဲခူးဆေးရုံသို့ပို့ဆောင်မည်" ဖြစ်ကြောင်း အကြောင်းကြားလာခြင်းဖြစ်သည်ဟု သိရသည်။
"လက်ရှိ ပဲခူးဆေးရုံမှာ ဆေးကုသမှုခံနေရဆဲပါ။ ဆေးရုံရောက်တော့ အူတွေက ပုပ်တောင်နေပြီပြောတယ်၊ တန်းပြီးခွဲစိတ်ရတယ်။ အလုံးတွေ့တယ်တဲ့။ ၁၀ ရက်အကြာမှာ ရောဂါရဲ့အခြေအနေ ဘာရောဂါဆိုတာ သိရမယ်ပြောတယ်။ အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့လည်း သိထားရပါတယ်” ဟု ဝေါမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်မှ မဇ္ဈိမကို ပြောသည်။
ဦးမောင်ဒီသည် ယခင်က ရောဂါအခံများရှိသည်ဟု မကြားဖူးကြောင်းနှင့် အကျဉ်းကျပြီးနောက်ပိုင်းမှ ယခုကဲ့သို့ ကျန်းမာရေးဆိုးဝါးခြင်းဖြစ်ကြောင်းလည်း ဒေါ်ရီရီထိုက်က ပြောသည်။
ဦးမောင်ဒီသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅ (က) နှင့်အတူ မတရားအသင်း ဆက်သွယ်ရေးအက်ဥပဒေပုဒ်မ ၁၇ (၂) တို့ဖြင့် တရားစွဲဆိုခံရကာ ထောင်ဒဏ်ချမှတ်ခံထားရခြင်းဖြစ်သည်။
ဦးမောင်ဒီ၏ နောက်ဆက်တွဲ ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေသည်။
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) (National League for Democracy – Human Rights Documentary Team) (NLD-HRDT) မှ ပြုစုထားသည့် စာရင်းအချက်အလက်များအရ စစ်အာဏာသိမ်းပြီးချိန်မှစတင်ကာ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သောကြောင့် လွှတ်တော်ကိုယ်စားလှယ် ၇၇ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၀၀ ဦးအား စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးထားစဉ်အတွင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၈၁၈ ဦးရှိသည့်အနက် ထိုအထဲတွင်လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ၉၃ ဦး ပါဝင်ကြောင်း NLD-HRDT၏ အချက်အလက်များအရ သိရသည်။
ပဲခူးတိုင်း ဒိုက်ဦးမြို့ရှိ ကျိုက်စကောအကျဉ်းထောင်သည် ယခုလပိုင်းအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများအား ထောင်တွင်းဖိနှိပ် နှိပ်စက်မှုများနှင့်အတူ အကျဉ်းသားသတ်ဖြတ်ခံရမှုများလည်းရှိနေသည့် အကျဉ်းထောင်ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် ထောင်ပြောင်းရန် ဟုဆိုကာ အကျဉ်းသား ၃၇ ဦးအား ကျိုက်စကောထောင်အတွင်းမှ ခေါ်ထုတ်သွားပြီးနောက် ဇူလိုင်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ခေါ်ထုတ်သွားခံရသူများအနက်မှ ကိုခန့်လင်းနိုင်နှင့် ကိုပြည့်ဖြိုးဟိန်းတို့၏ မိသားစုများထံသို့ သေဆုံးကြောင်း အကြောင်းစာများ ရောက်ရှိလာခဲ့သည်။
၂၀၂၃ ခုနှစ် မေလမှစတင်ကာ လက်ရှိအချိန်အထိ ဒိုက်ဦးထောင်တွင် စစ်ကောင်စီတပ်၏ စစ်ဆေးခံရသူ ၇၀ ကျော်ရှိနေပြီး စစ်ကြောရေးတွင် ကိုသန့်ဇင်ဝင်းအပါအဝင် ရှစ်ဦးသေဆုံးကာ သာယာဝတီထောင်သို့ ပြောင်းရွှေ့မည်ဟုဆိုကာ ခေါ်ထုတ်ပစ်သတ်ခံရသူ ၁၄ ဦးအထိရှိကြောင်း ဒိုက်ဦးအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးမှ မဇ္ဈိမသို့ပြောဆိုထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဒိုက်ဦးအကျဉ်းထောင်
#ဝေါမြို့နယ်
#လွှတ်တော်ကိုယ်စားလှယ်
#ဦးမောင်ဒီ
#ကျိုက်စကောထောင်

😢16👍7😁3❤1👎1
ယူကရိန်းတွင် ထာဝရငြိမ်းချမ်းမှုရရှိရေး အိန္ဒိယ၏ပါဝင်မှု့ကို အမေရိကန် ကြိုဆို
======================
ယူကရိန်းနိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုနှင့် အချုပ်အခြာအာဏာကို အသိအမှတ်ပြုသည့် တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းမှုရရှိရေး ကူညီရာတွင် အိန္ဒိယဖြစ်စေ၊ အခြားနိုင်ငံဖြစ်စေ ပါဝင်နိုင်မည့် အခန်းကဏ္ဍကို အမေရိကန်က ကြိုဆိုကြောင်း ဇူလိုင်လ ၁၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက ပြောကြားလိုက်သည်။
ရုရှားနှင့် ယူကရိန်းအကြား ကာလရှည်ပဋိပက္ခ အဆုံးသတ်ရေးအတွက် အိန္ဒိယနိုင်ငံဖြစ်စေ၊ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီဖြစ်စေ တစ်ထောင့်တစ်နေရာက ပါဝင်နိုင်မလားဟု မေးမြန်းခဲ့ရာ “ယူကရိန်းရဲ့ နယ်မြေ ပိုင်ဆိုင်မှုနဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုတဲ့ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းမှုရရှိရေး ကူညီရာမှာ အိန္ဒိယဖြစ်စေ၊ အခြားနိုင်ငံဖြစ်စေ ပါဝင်နိုင်မည့် အခန်းကဏ္ဍကို မိမိတို့အနေနဲ့ ကြိုဆိုပါတယ်” ဟု မီလာက ပြောကြားခဲ့သည်။
ယူကရိန်းနှင့် ပဋိပက္ခသည် ရုရှားအတွက် မဟာဗျူဟာ ကျရှုံးမှုဖြစ်ကြောင်းနှင့် ရုရှားသည် စစ်သည်များ၊ လက်နက်ကိရိယာများ ဆုံးရှုံးခဲ့ရကြောင်း မီလာက ပြောကြားခဲ့သည်။ ပဋိပက္ခ စတင်ချိန်မှစ၍ ယူကရိန်းအပေါ် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုကို အမေရိကန်က ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

👍17😁2
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ရွာပေါင်းစုံသပိတ်
================
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများမှစုပေါင်းစစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ ၁၄ရက် ယနေ့တွင် ဆက်လက်ချီတက်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး အထူးအစီအစဉ်အဖြစ် CDM သူရဲကောင်းများအတွက် စက္ကန့် ၃၀အကြာ လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခဲ့ကြသည်။
ဒေသတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုနှင့် စိုက်ပျိုးရာသီဖြစ်သောကြောင့် လူအင်အားနည်းပါးသော်လည်း လွတ်မြောက်ရေးအတွက် ပြည်သူအားလုံး စည်းစည်းလုံးလုံးနှင့် တောင့်ခံတော်လှန်ပေးကြရန် အထိုင်သပိတ်ပြုလုပ်စဉ် သပိတ်ကော်မတီဝင်တစ်ဦးက တိုက်တွန်းပြောဆိုခဲ့သည်။
ယနေ့ ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့် ကျင်ရေး ရက်ပေါင်း ၈၄၄ ရက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
#ကျေးရွာပေါင်းစုံ
#သပိတ်စစ်ကြောင်း

👍17❤8😁2
မြန်မာအပေါ် ထိုင်း၏ သံတမန်ရေး ချည်းကပ်မှုကို ထောက်ခံသည့် အာဆီယံအဖွဲ့ဝင်အချို့ ရှိ
========================
မြန်မာနိုင်ငံက အကျဉ်းချခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံခဲ့ခြင်းအပါအဝင် မြန်မာဆီ ထိုင်း၏ သံတမန်ရေး ချည်းကပ်မှုနှင့် ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်အချို့က ထောက်ခံထားသည်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ ပူးတွဲထုတ်ပြန်ချက်၌ မှတ်ချက်ပြုထားသည်။
ဂျကာတာတွင် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တို့၌ ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အကျဉ်းချုပ်အဖြစ် ထုတ်ပြန်ချက်ကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမတ်ဝီနိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းအပါအဝင် မြန်မာနိုင်ငံဆီ မကြာသေးခင်က လာရောက်သည့် ခရီးစဉ်အား အာဆီယံအစည်းအဝေး၌ တင်ပြခဲ့သည်။ ထိုင်းနိုင်ငံသည် မြန်မာစစ်ကောင်စီနှင့် ဆွေးနွေးပွဲများကို အားပေးလျက်ရှိကြောင်း ဒွန်က အလေးအနက်ထား ပြောဆိုရာ အင်ဒိုနီးရှားနှင့် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများက စစ်ကောင်စီအပေါ် တင်းမာစွာ ရပ်တည်လျက်ရှိခြင်းနှင့် တမူကွဲစေသည်။
မြန်မာအရေးတွင် ထိုင်းနိုင်ငံ၏ “မကြာသေးခင် လှုပ်ရှားဆောင်ရွက်မှုများ” သည် “အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုများ” အဖြစ် အာဆီယံနိုင်ငံ တော်တော်တော်များများက ရှုမြင်ကြောင်း ပူးတွဲထုတ်ပြန်ချက်၌ မှတ်ချက်ချထားရာ ယင်းအရေးတွင် ကွဲလွဲမှုလည်း ရှိနေသည်ကို ထင်သာမြင်သာ ရှိစေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒွန်တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းကို အထူးတလည် ပြောဆိုထားသည်တော့ မရှိပေ။
သံတမန်ရေး အားထုတ်မှုများသည် “အာဆီယံဥက္ကဋ္ဌနှင့် ညှိနှိုင်းလုပ်ဆောင်မှု” ရှိသင့်သည်ဟု ထုတ်ပြန်ချက်၌ အလေးထား ဆိုထားရာ ထိုင်းနိုင်ငံအား အာဆီယံ၏ ခေါင်းဆောင်မှုကို လေးစားရန် သတိပေးခြင်း ဖြစ်ဟန်ရှိသည်။
အာဆီယံအဖွဲ့ဝင်များသည် ဒီမိုကရေစီ လိုလားသော ပြည်သူများကို အကြမ်းဖက်နေသည့် မြန်မာစစ်တပ်၏ လုပ်ရပ်မျာကို ထပ်မံရှုတ်ချခဲ့သည်။
အကြမ်းဖက်မှုများ ရပ်တန့်ရေးကဲ့သို့ မြန်မာနှင့် သဘောတူထားသော “သဘောတူညီချက် ငါးရပ်” အကောင်အထည်ဖော်မှုအပေါ် အာဆီယံအနေဖြင့် ဆန်းစစ်သွားမည်ဖြစ်ကာ တွေ့ရှိချက်ကို အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဆိုထားသည်။
(မိုးသဲ ဘာသာပြန်သည်။)

👍14🤮4❤2🔥1
ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===========================
https://youtu.be/JXzWgXxUNI0
===========================
https://youtu.be/JXzWgXxUNI0
YouTube
ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍6🔥2
Chef Eve's Easy Thai Cooking Show | Episode (22) Promo
==================
ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ ကြက်သားအာလူးဟင်း နဲ့ ပုဇွန်ဆနွန်းမှုန့်ထမင်းကြော် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကြက်သားအာလူးဟင်း နဲ့ ပုဇွန်ဆနွန်းမှုန့်ထမင်းကြော်ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့် ဇူလိုင်လ (၁၅)ရက်၊ စနေနေ့ ညနေ (၆) နာရီမှာ Mizzima + Channel ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/yJoZFDCsCPg
#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ ကြက်သားအာလူးဟင်း နဲ့ ပုဇွန်ဆနွန်းမှုန့်ထမင်းကြော် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကြက်သားအာလူးဟင်း နဲ့ ပုဇွန်ဆနွန်းမှုန့်ထမင်းကြော်ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့် ဇူလိုင်လ (၁၅)ရက်၊ စနေနေ့ ညနေ (၆) နာရီမှာ Mizzima + Channel ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/yJoZFDCsCPg
#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
Chef Eve's Easy Thai Cooking Show | Episode (22) Promo
ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ ကြက်သားအာလူးဟင်း နဲ့ ပုဇွန်ဆနွန်းမှုန့်ထမင်းကြော် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကြက်သားအာလူးဟင်း နဲ့ ပုဇွန်ဆနွန်းမှုန့်ထမင်းကြော်ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့်…
👍3🍌2
ဝက်လက်မြို့နယ် သုံးဆင့်ကန်ကျေးရွာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
=======================
MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ သုံးဆင့်ကန်ကျေးရွာကို ယမန်နေ့ ဇူလိုင်လ ၁၃ ရက် နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၄၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“၁၃ ရက်နေ့ မနက်ခင်း ၆ နာရီလောက်ရောက်တော့ သုံးဆင့်ကန်ရွာက အိမ်ခြေ ၁၄၀ လောက်ကို မီးရှို့တယ်၊ အဲ့မှာ သက်ကြီးရွယ်အို တစ်ယောက်မီးထဲပါသွားတယ်” ဟု ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုငြိမ်းချမ်းနိုင်က ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဇူလိုင်လ ၁၂ ရက်မှ စတင်ကာ ဝက်လက်မြို့နယ်၊ သာလိုင်းကျေးရွာသို့ စတင်စစ်ကြောင်းထိုးလာပြီး ကျေးရွာအတွင်းရှိ အသက် ၆၀ နှစ် အရွယ် အမျိုးသားတစ်ဦးကို ပစ်သတ်ပြီးနောက် သုံးဆင့်ကန်ကျေးရွာတွင် ညအိပ်တပ်စွဲခဲ့သည်ဟု ဆိုသည်။
ထို့နောက် ဇူလိုင်လ ၁၃ ရက် နံနက်ပိုင်းတွင် သုံးဆင့်ကန်ကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် အငြိမ်းစားကျောင်းဆရာတစ်ဦးကို သတ်ဖြတ်ကာ ကျေးရွာအတွင်းမှ ထွက်ခွာသွားကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုငြိမ်းချမ်းနိုင်က ပြောသည်။
အဆိုပါစစ်ကြောင်းသည် ယင်းနေ့ နံနက် ၈ နာရီခွဲအချိန်တွင် ပေါက်ကန်ကျေးရွာ အတွင်းသို့ ဝင်ရောက်ပြီးနောက် နံနက် ၁၀နာရီ ၂၅ မိနစ် အချိန်မှ စတင်ကာ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ရာနေအိမ် ၁၂ လုံး မီးလောင်ပျက်စီးသွားကြောင်း Wetlet Information Network က သတင်းထုတ်ပြန်ထားသည်။
ယင်းစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ထန်းကြီးရွာတွင် ညအိပ်တပ်စွဲပြီးနောက် ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက် ၈နာရီခန့်တွင် ခက်ခ အရှေ့ရွာနှင့် အနောက်ရွာတို့အား စစ်ကြောင်း နှစ်ကြောင်းခွဲ ဝင်ရောက်ပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း Wetlet Information Network ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဇူလိုင်လ ၁၂ ရက်မှစတင်ကာ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည့်အတွက် အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ၃,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
ဓါတ်ပုံ - ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ
#စစ်ကိုင်းတိုင်း
#ဝက်လက်မြို့နယ်
#စစ်ကောင်စီတပ်ဖွဲ့
#မီးရှို့ဖျက်ဆီး

🤬10👍4🔥3😁1😢1
ထိုင်းဒုတိယဝန်ကြီးချုပ်ပြောသည့် ဒေါ်အောင်ဆန်းစုကြည်၏သဘောထားဆိုသည်ကို သံသယရှိဟု NLD ထုတ်ပြန်
====================
ခက်နွေ၊ရွှေနွယ်
(မဇ္ဈိမ)။ ။အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်ဝီနိုင်းပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆိုသည့်စကားရပ်သည် စစ်မှန်သည်ဟု ယူဆရန် သံသယရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဗဟိုကော်မတီက ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။
“ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆိုသော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်များသည် ကာယကံရှင်ကိုယ်တိုင်နှင့် လွတ်လပ်စွာပူးတွဲပြောကြားနိုင်သောအခြေအနေမဟုတ်သည့်အတွက် စကားရပ်တိုင်းသည် စစ်မှန်သည်ဟုယူဆရန် ကျွန်ုပ်တို့ သံသယရှိသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်က မတရားဖမ်းဆီးခံရစဥ်ကာလတွင် (က)ဗဟိုအလုပ်အမှု ဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းနိုင်ဘဲ သူမအနေဖြင့် မည်သည့်သဘောထားများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်မဟုတ်(ခ) ပြည်သူလူထုကိုသာအခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသဘောထားကို မည်သည့်အခါမှ ဆန့်ကျင်မည်မဟုတ်ပါ စသည့် သဘောထားများနှင့် ယခု ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး၏ ပြောကြားချက်များမှာ ကွဲလွဲနေကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဖော်ပြသည်။
ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးမစ္စတာဒွန်ပရာမွတ်ဝီနိုင်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့က မြန်မာနိုင်ငံသို့နေ့ချင်းပြန်လာရောက်ခဲ့ပြီးနောက် စစ်ကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့သည်ဟု ပြောကြားခဲ့သည်။ထို့နောက် အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့ တွင်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဒုတိယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် နိုင်ငံတကာသတင်းထောက်များကမေးမြန်းရာ ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားခြင်းဖြစ်ပြီး "သူမ ကျန်းမာပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို သူမကထောက်ခံပါတယ်။ ဒီတွေ့ဆုံမှုဟာ မြန်မာ့မိတ်ဆွေအနေနဲ့ချဉ်းကပ်ခဲ့တာပါ။ ကျွန်တော်တို့ ငြိမ်းချမ်းတဲ့တွေ့ဆုံရေးကိုမြင်ချင်ပါတယ်”ဟု ပြောဆိုခဲ့သည်။
ထိုပြောဆိုချက်များသည် သံသယရှိဖွယ်ဖြစ်ပြီး အတည်မပြုနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူအချို့က ထုတ်ဖော်ပြောကြားပြီးနောက် NLD ပါတီဗဟိုကော်မတီက ယနေ့တွင် တရားဝင်ထုတ်ပြန်လာခြင်းဖြစ်သည်။
မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်ရေးလမ်းစအဖြစ် အရေးပါလှသော ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒသဘောထားကို ပြည်သူလူထုထံသို့ လွတ်လပ်စွာတင်ပြနိုင်ရန် အာဆီယံခေါင်းဆောင်များအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်၍ လွတ်လပ်စွာသဘောထားအမြင်ဖော်ထုတ်နိုင်မှုကို အားစိုက်လုပ်ဆောင်သင့်ကြောင်းလည်းNLD ပါတီဗဟိုကော်မတီက တိုက်တွန်းထားသည်။
"ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ သူ့ရဲ့ပြောကြားချက်တွေကို အတည်ပြုဖို့ယုံမှားသံသယဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရစဉ်မှာ သူ့အနေနဲ့ တရားဝင်ထုတ်ပြောပိုင်ခွင့်လည်းမရှိဘူး။ ဒါပေမယ့် အာဆီယံအနေနဲ့ ကြိုးပမ်းချင်တယ်ဆိုရင် ဘုံသဘောတူညီချက် ၅ ရပ်ကိုအကောင်အထည်ဖော်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုလွှတ်ပေးပြီးမှ သူတို့အားလုံးရဲ့သဘောထားကို ထုတ်ဖော်ပြောဆိုခွင့်ပေးပါလို့ အစည်းအဝေးအမှီ တိုက်တွန်းလိုက်တဲ့စာပါ” ဟု NLD ဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်က မဇ္ဈိမကိုပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လ ၉ ရက်နေ့တွင် တစ်နာရီခွဲနီးပါးကြာတွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုထားသည်။
"ထိုင်းနိုင်ငံခြားရေးဝန်ကြီးက လက်ရှိမှာ အာဆီယံရဲ့ တရားဝင်တာဝန်ရှိပုဂ္ဂိုလ်မဟုတ်ပေမယ့် ဒီလိုတွေ့ဆုံတယ်ဆိုတာဟာ စစ်ကောင်စီကို နိုင်ငံတကာကအသိအမှတ်ပြုဖို့ တရားဝင်မှုရရှိအောင်လို့ တစိတ်တပိုင်းကြိုးပမ်းတယ်လို့ပဲမြင်ပါတယ်” ဟု ဦးထွန်းမြင့်က ဆိုသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇူလိုင်လ ၁၁ ရက်မှ ဇူလိုင်လ ၁၃ ရက်နေ့ထိ ကျင်းပခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရကိုရော စစ်ကောင်စီကိုပါ အစည်းအဝေးတက်ရောက်ခွင့်မပေးဘဲ ချန်လှပ်ထားသည်။ယနေ့ ဇူလိုင် ၁၄ ရက်နေ့တွင် အာဆီယံဒေသရေးရာညီလာခံနှင့် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီး အစည်းအဝေးကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
စာတည်း - မောင်ကြီး
#mizzima
#အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး
#ဒေါ်အောင်ဆန်းစုကြည်
#မစ္စတာဒွန်ပရာမွတ်ဝီနိ
#NLD

👍19😁3❤1