Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
ပုဇွန်ဆနွန်းမှုန့်ထမင်းကြော် | Chef Eve's Easy Thai Cooking Show | Ep - 22

Watch more detail- https://youtu.be/0DMgl4iaY_w

#reels #shorts #ပုဇွန် #ထမင်းကြော် #ChefEve’s #Mizzima
😁3👍2
KNU နယ်မြေမှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု များလာ (ရုပ်/သံ)

KMN

(မဇ္ဈိမ) ။  ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ကရင်ပြည်နယ်မှာ စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလာ တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။

ကရင်ပြည်နယ်က ဒူးပလာယာခရိုင်၊ မူတြော်ခရိုင် ၊ခလယ်လွီထူခရိုင် ၊ဒူးသထူခရိုင် စတဲ့ ခရိုင်တွေမှာစစ်ကောင်စီ ခြေမြန်တပ်ရင်း (၂၇၅)၊ တပ်ရင်း (၃၁၄)၊ တပ်ရင်း (၄၁၀) စတဲ့ တပ်တွေက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် ဇူလိူင် လ ၁ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း အရပ်သား နှစ်ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ဇူလိူင် ၇ ရက်နေ့အထိ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကရင်ပြည်နယ်မှာ အရပ်သား ၅၃ ဦးသေဆုံးခဲ့ပြီး ၁၃၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံက မဇ္ဈိမကိုပြောပါတယ်။

တင်ဆက်/တည်းဖြတ် - KMN

https://youtu.be/dhtO4tltWoA

#Mizzima
#KNU
#အရပ်သားသေဆုံးမှုများလား
#လေကြောင်းတိုက်
#ကရင်ပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8👏4🔥3👍1
This media is not supported in your browser
VIEW IN TELEGRAM
လုံခြုံရေးကြောင့်ဒဏ်ရာရရှိတဲ့ အဆိုတော် Britney Spears

Watch more detail - https://youtu.be/xt0NtKK6-2Y

#reels #shorts #celecity #Mizzima
👍2💩1
Cele City - Episode 27
==============

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..

ဒီအပတ်မှာဆိုရင်

👉 Captain Jack Sparrow ဇာတ်ကောင် မျိုးနဲ့ထပ်မံတွေ့ရနိုင်တဲ့ မင်းသား Johnny Depp

👉 လုံခြုံရေးကြောင့်ဒဏ်ရာရရှိခဲ့တဲ့ အဆိုတော် Britney Spears

👉 စိတ်ကျရောဂါကြောင့်အဆုံးစီရင်ခဲ့တဲ့ Legendary အဆိုတော် Coco Lee

အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

https://youtu.be/xt0NtKK6-2Y

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🍌2
အပိုင်း (၁၁) ဖက်ဒရယ်နိုင်ငံရေးစနစ်ထဲကတရားစီရင်ရေး
================

ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ အစီအစဥ် ----
မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ် Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။

https://youtu.be/ryIsSFjLa8I

ထုတ်လွှင့်ပြီးအပိုင်းများ ပြန်လည်ကြည့်ရှုရန် - https://youtube.com/playlist...
https://youtu.be/ryIsSFjLa8I
👍9🔥2
​​ဇွန်လ အတွင်း KNU တပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီတပ်သား ၁၅၀ နီးပါး သေဆုံး
========================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၁၄၆ ဦးသေဆုံးခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့က သတင်းထုတ်ပြန်သည်။

" ကျွန်တော်တို့ဆီမှာက တိုက်ပွဲတွေဖြစ်နေပေမယ့် တိုးတိုးတိတ်တိတ် ချနေရတဲ့ အခြေအနေတွေဗျ။ နေ့တိုင်း တစ်နေရာမဟုတ် တစ်နေရာမှာတော့ ချတာပဲ" ဟု တပ်မဟာ (၅) KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပေါင်း ၁၇၀ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဒု-တပ်ကြပ်တစ်ဦး အပါအဝင် ၁၄၆ ဦး သေဆုံးခဲ့ကာ ၄၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်များအတွင်း တပ်မဟာ (၅) KNLA၊ PDF ပူးပေါင်းတပ်များဘက်တွင်လည်း ရဲဘော်သုံးဦး ကျဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ ပိုင်ဆိုင်သည့် ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီိးတို့အား ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် KNU တပ်မဟာ (၅) နယ်မြေတွင် နေထိုင်သည့် ဒေသခံတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ဇွန်လအတွင်း တပ်မဟာ (၅) နယ်မြေ၊ လူသောမြို့နယ်အတွင်းသို့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး လူထိခိုက်မှု မရှိခဲ့သော်လည်း မျိုးဆက်သစ် ကရင်အထက်တန်းကျောင်း အဆောက်အအုံ သုံးခု၊ ကျောင်းခန်းမဆောင် တစ်ဆောင်၊ ဒေသခံနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု - ISP Myanmar ​၏ မေလ ၁၇ ရက်နေ့ထုတ်ပြန်ချက်အရ စစ်ကောင်စီအာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားခဲ့သော တိုက်ပွဲအရေအတွက်​ အများဆုံးသည် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲပေါင်း ၉,၃၄၇ ကြိမ်အနက် အကြိမ်ရေ ၄,၂၀၀ ကျော်သည် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ထိုအကြိမ်ရေသည် နှစ်နှစ်ကျော်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအားလုံး​၏ ၄၅% ရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#KNU တပ်မဟာ (၅) နယ်မြေ
#စစ်ကောင်စီတပ်သား သေဆုံး
#ပူးပေါင်းတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁2👏1
​​ကျောက်ဆည်တွင် ကြံ့ခိုင်ရေးပါတီဝင် အသတ်ခံရ
=================

007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာအနီး၊ ကျောက်ဆည်-စက်မှုဇုံသွား ကားလမ်းဘေးတွင် ယနေ့နံနက်ပိုင်းက ကြံ့ခိုင်ရေးပါတီဝင်အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

"နာမည်က ဦးမျိုးအောင်တဲ့၊ စကစအတွက် မီတာခလိုက်ကောက်တဲ့အလုပ်လုပ်တယ်၊ မနက်က ကျောက်ဆည်မီတာရုံးမှာ မီတာဖိုးတွေသွားသွင်းပြီးပြန်အလာမှာ အပစ်ခံရတာ၊ ဆိုင်ကယ်နဲ့နှစ်ယောက်က နောက်ကနေလိုက်လာပြီး ပစ်သွားတာ" ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့နံနက် ၁၁ နာရီခွဲခန့်က၊ ကျောက်ဆည်မြို့နယ်၊ရဲဘော်ကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ဦးမျိုးအောင်(အသက် ၄၇ နှစ်)သည်၊ ကျေးရွာအတွင်းမှ မီတာကြေးကောက်ခံရရှိငွေများကို ကျောက်ဆည်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ သွားရောက်ပေးသွင်းပြီးအပြန်၊ ဆိုင်ကယ်ဖြင့်လိုက်လာသူ နှစ်ဦးက၊ အခင်းဖြစ်နေရာအရောက်တွင်၊ သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အဝန်းမှ သိရသည်။

သေနတ်ပစ်ခံရမှုကြောင့် ဦးမျိုးအောင်တွင် ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲဘက်လက်မောင်းဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ လည်ပင်းဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ရင်ညွန့်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်၊ စုစုပေါင်းဒဏ်ရာငါးချက်ရရှိပြီး၊ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းအသတ်ခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း မသိရသေးပေ။

မန္တလေးတိုင်းတွင် ဇွန်လ ၃ ရက်နေ့မှ ယနေ့အထိ၊ စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားတွင် ပူးပေါင်းပါဝင်သော ကြံ့ခိုင်ရေးပါတီဝင် ငါးဦး၊ သေနတ်ဖြင့်ပစ်ခံရပြီး လေးဦးသေဆုံးခဲ့သည်။
စစ်တပ်အာဏာသိမ်းသည့်အချိန်မှ ယမန်နှစ်လယ်ပိုင်းအထိ ကြံ့ခိုင်ရေးပါတီ၀င်များနှင့် ၀န်းရံထောက်ခံသူ စုစုပေါင်း ၁,၃၂၇ ဦးသေဆုံးခဲ့ကြောင်း၊ ထိုစဉ်က ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးသန်းဌေးက ထုတ်ဖော်ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် ပါတီ၀င်များသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန် ခြင်းမရှိတော့ပေ။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျောက်ဆည်
#ကြံ့ခိုင်ရေးပါတီ
#စစ်ကောင်စီ
#မန္တလေးတိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤1😁1🤬1
​​မဇ္ဈိမက သတင်းသမားများအား သတင်တန်းပေးနေခြင်းကို ထိုင်းရှိ ပိုလန်သံရုံး အားပေးကူညီ
=====================

ထိုင်းနိုင်ငံရှိ ပိုလန်သံရုံးနှင့် မဇ္ဈိမသတင်းဌာနတို့က ဇူလိုင် ၁၄ ရက်တွင် စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးပြီး မြန်မာသတင်းသမားများ၏ စွမ်းဆောင်ရည် တည်ဆောက်ရေးအတွက် ပိုလန်သံရုံးမှ အမေရိကန်ဒေါ်လာ ၁၈,၅၀၀ အား ပေးအပ်ကူညီသွားမည် ဖြစ်သည်။ အဆိုပါ ရန်ပုံငွေသည် ၂၀၂၃ ၌ ပြုလုပ်မည့် မဇ္ဈိမ မီဒီယာ လေ့ကျင့်သင်ကြားမှုအဖွဲ့ MMTI ၌ မြန်မာသတင်းသမားများအတွက် လေ့ကျင့်သင်တန်းပေးခြင်း စတုတ္ထအသုတ်အတွက် ကုန်ကျစရိတ်များကို ကျခံသွားမည် ဖြစ်သည်။

“MMTI ကို အားပေးကူညီတဲ့ “ပိုလန်အကူအညီ’ စီမံကိန်းကနေပြီး မြန်မာ လူငယ် လွတ်လပ်တဲ့ သတင်းသမားတွေအတွက် အကူအညီပေးရတာ ကျွန်တော်တို့ ဝမ်းမြောက်တယ်၊ ဒီ အကူအညီက အနာဂတ်မှာ လွတ်လပ်တဲ့မီဒီယာအခင်းအကျင်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပေးလိမ့်မယ်လို့ ကျွန်တော် ယူဆတယ်”ဟု စာချုပ်လက်မှတ်ရေးထိုးမှု၌ ထိုင်းနိုင်ငံဆိုင်ရာ ပိုလန်သံအမတ်ကြီး H.E. Artur Dmochowski က ပြောသည်။

ပိုလန်နိုင်ငံသည် ၎င်း၏ နိုင်ငံအတွင်း၌ အပါအဝင် လွတ်လပ်သော မီဒီယာ အခွင့်အရေးအတွက် တိုက်ပွဲဝင်သည့် ရေရှည်သမိုင်းကြောင်း ရှိထားသည်။ သံအမတ်ကြီး Dmochowski ကိုယ်တိုင်က သတင်းပညာနှင့် ပတ်သက်သော နောက်ခံရှိထားသူဖြစ်ပြီး ကွန်မြူနစ်အုပ်ချုပ်သည့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ပိုလန်၏ မြေအောက်သတင်းမီဒီယာ လှုပ်ရှားမှုများတွင် အဓိက ပါဝင်ခဲ့သူဖြစ်ကာ အကြိမ်ကြိမ် ဖမ်းဆီးခံရသူလည်း ဖြစ်သည်။

“ပိုလန်မှာတော့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို ဒီမိုကရေစီနိုင်ငံမှာ နေနေရတယ်ဆိုပြီး အရမ်းကံကောင်းတယ်လို့ ထင်လို့ရတယ်၊ ပိုလန်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က ကျွန်တော်တို့ရဲ့ အခြေခံအခွင့်အရေးလို့ သတ်မှတ်ထားတာ ဖြစ်တယ်၊ လွတ်လပ်တဲ့ မီဒီယာတွေက ကွဲပြားခြားနားတဲ့ အမြင်သဘောထားတွေကို ဖော်ပြကြတယ်”ဟု သံအမတ်ကြီးက မှတ်ချက်ပြုသည်။

“ကျွန်တော်တို့ သမိုင်းတစ်လျှောက်မှာ ကျွန်တော်တို့တွေ စိန်ခေါ်မှုတွေ အတောမသတ် ကြုံခဲ့ရတယ်၊ အထူးသဖြင့် ၂၀ ရာစုက ကွန်မြူနစ်အုပ်ချုပ်မှုအောက်မှာ နေရချိန်ကပေါ့၊ ဒါကြောင့် အခြေခံလူသားလွတ်လပ်ခွင့် ချို့တဲ့တာဟာ ဘယ်လိုဆိုတာကို ကျွန်တော်တို့တွေ နားလည်တယ်၊ ဒါကြောင့် မြန်မာနိုင်ငံအတွက် အထူးသဖြင့် မဇ္ဈိမအတွက် ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ မကြာခင် ရရှိခံစားရဖို့ ဆုတောင်းပေးတယ်”ဟု ၎င်းက ပြောသည်။

မဇ္ဈိမအပါအဝင် မြန်မာနိုင်ငံက လွတ်လပ်သော မီဒီယာများသည် ၂၀၂၁ ဖေဖော်ဝါရီ၌ စစ်တပ်က အာဏာသိမ်းပြီးနောက် တရားမဝင်အဖြစ် ကြေညာခံရသည်။ မြန်မာနိုင်ငံသည် နယ်စည်းမခြား သတင်းသမားများ (RSF) ၏ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း၌ နိုင်ငံ ၁၈၀ ရှိရာတွင် ဆိုးဝါးစွာ အဆင့် ၁၇၃ တွင် ရှိနေသည်။ အာဏာမသိမ်းခင်က အဆင့် ၁၃၉ တွင် ရှိခဲ့ခြင်း ဖြစ်သည်။

MMTI မှာ မြန်မာနိုင်ငံ၏ လွတ်လပ်သော မီဒီယာနှင့် သတင်းသမားများအတွက် ပြိုင်ဘက်ကင်း ရင်းမြစ်တစ်ခုပဲ ဖြစ်သည်။ ၂၀၂၂ ဩဂုတ်တွင် ထူထောင်သော MMTI သည် မြန်မာနိုင်ငံအနှံ့မှ သင်တန်းသားများကို မြန်မာကျွမ်းကျင်သူများနှင့် ကျော်ကြားသည့် နိုင်ငံခြားဧည့်သည်များဖြင့် သင်တန်းပေးနေခြင်း ဖြစ်သည်။
MMTI မှ မြန်မာနိုင်ငံမှ လူငယ်သတင်းသမားများအား လေ့ကျင့်သင်တန်းပေးရာတွင် ပိုလန်အပြင် လူဇင်ဘတ်နှင့် အိုင်ယာလန်အစိုးရတို့ကလည်း ရန်ပုံငွေ အကူအညီများ ပေးအပ်ကြသည်။

(မိုးသဲ ဘာသာပြန်သည်။)
👍17❤5🔥1🥴1
Media is too big
VIEW IN TELEGRAM
Captain Jack Sparrow cocsecses cips ထပ်မတွေ့ ရနိုင်တဲ့ မင်းသား Johnny Depp

Watch more detail - https://youtu.be/xt0NtKK6-2Y

#reels #shorts #celecity #Mizzima #captainjacksparrow
👍4😁1
စစ်ကောင်စီတပ် ရိက္ခာကားနှင့် တပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
====================

MTO
(မဇ္ဈိမ) ။ ။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကမ္မမြို့ မှ ပေါက်မြို့ ဘက်သို့လာသည့် စစ်ကောင်စီယာဉ် တစ်စီးနှင့် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ကမ္မမြို့ - ပေါက် လမ်းပိုင်းတစ်နေရာ၌ ယနေ့ နံနက် ၉ နာရီခန့်တွင် အီနာဂါ ဗုံးသီး နှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ဘက်တွင် ထိခိုက်မှုများရှိ ကြောင်း ဆိုသည်။
“တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှာ ထိခိုက်မှုရှိကြောင်းပဲ သိရတယ်ဗျ။ အသေအဆုံးတော့ မသိရသေးပါဘူးဗျ” ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ က ပြောသည်။

ယင်းစစ်ကောင်စီယာဉ်သည် ကမ္မမြို့ မှ ပေါက်မြို့ သို့ ရိက္ခာလာရောက်ပို့ဆောင် ခြင်းဖြစ်ပြီး ထိုယာဉ်ကို လုံခြုံရေး လာယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုကို မသိရသေးပေ။ တိုက်ခိုက်ခံရသော ရိက္ခာကားသည် ပေါက်မြို့ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် ကမ္မမြို့နယ်အတွင်း မြို့နှင့် အနီးဆုံးနေရာအထိကပ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို တိုက်ခိုက်လျက်ရှိကြောင်း တာဝန်ရှိသူ ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ကလည်း ကမ္မမြို့ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် People Defense Force-Kamma အဖွဲ့ က သွားရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ ဝင်တစ်ဦး သေဆုံးသွားကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ပခုက္ကူ-ကမ္မ-ပေါက် လမ်းပိုင်းအသုံးပြုမှုနှင့်ပတ်သတ်၍လည်း ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းမပြုကြရန် ၊ မော်တော်ကားများသွားလာရာမှာလည်း အရှိန်လျော့၍ မှန်ချမောင်းနှင်ကြရန် မြို့ နယ် ပ..ကဖနှင့် တော်လှန်ရေးအဖွဲ့ အစည်း များ၏ လိုအပ်ချက်အရ စစ်ဆေးမှုများကို ကြည်ဖြူစွာလက်ခံပေးရန် ပခုက္ကမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၃၀ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။

https://youtu.be/AIfBkgLM7OY

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပခုက္ကူကမ္မပေါက်
#ရိက္ခာကား
#တိုက်ခိုက်ခံရ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁5❤3
​​အာဆီယံက မည်သည့်နိုင်ငံ၏မှ ‘ကြိုးဆွဲရာ အဖြစ်မခံ’ ဟု အင်ဒိုနီးရှား သမ္မတ သတိပေး
=======================

အာရှ-ပစိဖိတ်ဒေသက အရေးကိစ္စများနှင့် ပတ်သက်ကာ အမေရိကန်-တရုတ် တင်းမာလျက် ရှိချိန်၌ အာဆီယံသည် အခြားသော နိုင်ငံများ၏ ကြိုးဆွဲရာ ဖြစ်မလာနိုင်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက သောကြာနေ့တွင် ပြောသည်။

တရုတ်က အားလုံးနီးပါး ပိုင်ဆိုင်သည်ဟု ပြောဆိုထားသော အငြင်းပွား တောင်တရုတ်ပင်လယ်အရေးမှသည် မြန်မာနိုင်ငံက ပဋိပက္ခအရေးအထိ ဒေသတွင်း အရေးကိစ္စများနှင့် ပတ်သက်ကာ ဆွေးနွေးပွဲများအတွက် ဂျကာတာတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးများ စုဝေးကြသည်။ မြန်မာအာဏာသိမ်း စစ်ကောင်စီ၏ အဓိက မိတ်ဖက်မှာ တရုတ်နိုင်ငံပဲ ဖြစ်သည်။

ရေပိုင်နက်နှင့် ပတ်သက်ပြီး အချို့သော အာဆီယံအဖွဲ့ဝင်များက တရုတ်ကို ဆန့်ကျင်ကြပြီး တရုတ်၏ ကြီးထွားလာသော ငါတကောကောမှုကို အမေရိကန်၏ ဆန့်ကျင်မှုအတွက် ထောက်ခံကြကာ အခြားသော အဖွဲ့ဝင်များက တရုတ်ကို ထောက်ခံကြ၍ သဘောမတူမျှမှုများ ရှိခဲ့သည်။

“အာဆီယံဟာ ပြိုင်ဖက် ဖြစ်မလာနိုင်ဘူး၊ အခြားနိုင်ငံရဲ့ ကြိုးဆွဲရာ မဖြစ်နိုင်ဘူး၊ နိုင်ငံတကာဥပဒေကို အပြောင်းအလဲမရှိ လေးစားလိုက်နာရမှာ ဖြစ်တယ်”ဟု ဝန်ကြီးများအား ဝီဒိုဒိုက ပြောသည်။
“ကျွန်တော်တို့ အာဆီယံဟာ စည်းလုံးညီညွတ်မှု ခိုင်မာရေးအတွက် လုပ်ဆောင်နေသလို ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းကျောင်းရာလည်း ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ကမ္ဘာ့စီးပွားရေးအကြီးဆုံး အမေရိကန်နှင့် တရုတ်ကြားတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ပတ်လည်၌ တရုတ်က စစ်ရေးလေ့ကျင့်ခြင်းနှင့် ခေတ်မီ semicondutors များကို အမေရိကန်က တင်ပို့မှု ကန့်သတ်ခြင်းအပါအဝင် အရေးကိစ္စ တော်တော်များများအတွက် မကြာသေးသောနှစ်များအတွင်း တင်းမာမှုများ မြင့်တက်နေခဲ့သည်။

ဂျကာတာ အစည်းအဝေးများတွင် တရုတ်ရော အမေရိကန်ပါ ပါဝင်၍ ကြာသပတေးနေ့၌ ထိပ်တန်းသံတမန်များ တွေ့ဆုံခဲ့ကြသည်။

အခြေတည်စ တည်ငြိမ်သော ဆက်ဆံရေးကို ထပ်မံခြိမ်းခြောက်လာသော တရုတ်အပေါ် စွပ်စွဲထားသည့် ဆိုင်ဘာလုံခြုံရေး ချိုးဖောက်မှုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ ကြုံရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က သတိပေးခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။

ဝမ်ယီကလည်း ဘလင့်ကင်အား အမေရိကန်အနေဖြင့် တရုတ်၏ အရေးကိစ္စကို ဝင်ရောက်မစွက်ဖက်သင့်ကြောင်းနှင့် ဆက်ဆံရေး ကောင်းမွန်ရန် တရုတ်နှင့် လက်တွဲဆောင်ရွက်သင့်ကြောင်း ပြောဆိုခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

(မိုးသဲ ဘာသာပြန်သည်။)
👍12😁8🤣1
Media is too big
VIEW IN TELEGRAM
အရင်က Playboy ဖြစ်ခဲ့ဘူးတဲ့ ထိုင်းမင်းသား James Jirayu

Watch more detail - https://youtu.be/xt0NtKK6-2Y

#reels #shorts #celecity #Mizzima
😁2👍1🔥1
စစ်ကောင်စီတပ် ရိက္ခာကားနှင့် တပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
=================

MTO(မဇ္ဈိမ) ။ ။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကမ္မမြို့ မှ ပေါက်မြို့ ဘက်သို့လာသည့် စစ်ကောင်စီယာဉ် တစ်စီးနှင့် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ကမ္မမြို့ - ပေါက် လမ်းပိုင်းတစ်နေရာ၌ ယနေ့ နံနက် ၉ နာရီခန့်တွင် အီနာဂါ ဗုံးသီး နှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ဘက်တွင် ထိခိုက်မှုများရှိ ကြောင်း ဆိုသည်။

“တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှာ ထိခိုက်မှုရှိကြောင်းပဲ သိရတယ်ဗျ။ အသေအဆုံးတော့ မသိရသေးပါဘူးဗျ” ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ က ပြောသည်။

ယင်းစစ်ကောင်စီယာဉ်သည် ကမ္မမြို့ မှ ပေါက်မြို့ သို့ ရိက္ခာလာရောက်ပို့ဆောင် ခြင်းဖြစ်ပြီး ထိုယာဉ်ကို လုံခြုံရေး လာယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုကို မသိရသေးပေ။ တိုက်ခိုက်ခံရသော ရိက္ခာကားသည် ပေါက်မြို့ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် ကမ္မမြို့နယ်အတွင်း မြို့နှင့် အနီးဆုံးနေရာအထိကပ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို တိုက်ခိုက်လျက်ရှိကြောင်း တာဝန်ရှိသူ ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ကလည်း ကမ္မမြို့ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် People Defense Force-Kamma အဖွဲ့ က သွားရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ ဝင်တစ်ဦး သေဆုံးသွားကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ပခုက္ကူ-ကမ္မ-ပေါက် လမ်းပိုင်းအသုံးပြုမှုနှင့်ပတ်သတ်၍လည်း ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းမပြုကြရန် ၊ မော်တော်ကားများသွားလာရာမှာလည်း အရှိန်လျော့၍ မှန်ချမောင်းနှင်ကြရန် မြို့ နယ် ပ..ကဖနှင့် တော်လှန်ရေးအဖွဲ့ အစည်း များ၏ လိုအပ်ချက်အရ စစ်ဆေးမှုများကို ကြည်ဖြူစွာလက်ခံပေးရန် ပခုက္ကမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၃၀ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။

https://youtu.be/oQJJzaw4lgo

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပခုက္ကူကမ္မပေါက်
#ရိက္ခာကား
#တိုက်ခိုက်ခံရ
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12👏4🔥2🥱1
ကြက်သားအာလူးဟင်းနဲ့ ပုဇွန်ဆနွန်းမှုန့်ထမင်းကြော် | Chef Eve's Easy Thai Cooking Show | Ep - 22
===================

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့ ကြက်သားအာလူးဟင်းနဲ့ ပုဇွန်ဆနွန်းမှုန့်ထမင်းကြော် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။
တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/0DMgl4iaY_w

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁2
"ပြောခွင့်လေးပေးပါ" | ဘာလိုလို့လဲ ဇာတ်လမ်းတို
==============

ဘာလိုလို့လဲ ဇာတ်လမ်းတွဲက နောက်ထပ် ဇာတ်လမ်းတိုတပုဒ်ပါ။

မိသားစုအတွင်း အထီးကျန်ရာကနေ စိတ်ဒဏ်ရာ ရသွားတတ်တဲ့ ကလေးတွေ အကြောင်း။

မိသားစုအတွင်း အထီးကျန်နေသူတွေ ရှိတတ်ကြပါတယ်။
သူတို့ရဲ့ ပြောဆိုမှုတွေက မိသားစုထဲမှာ အရာမရောက်ပဲ ရှိတတ်ကြပါတယ်။
ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိတတ်ကြပါသလဲ။

စိတ်ဒဏ်ရာ ရသွားတဲ့သူတွေမှာကော ဘယ်လို သက်ရောက်မှုတွေ ရှိတတ်ပါသလဲ။
မိသားစုနဲ့ ပြောရေးဆိုခွင့်ကိစ္စကို ဒီဇာတ်လမ်းလေးမှာ တင်ဆက်ထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။

အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀ နာရီ နဲ့ ည ၉း၄၅ နာရီ အပြင် ဗုဒ္ဓဟူးနေ့ မွန်းလွှဲ ၁း၁၅ နာရီ အချိန်တို့တွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

https://youtu.be/SWKz8oPUdls
❤6👍4😁2👏1
ဇူလိုင်လ (၁၅) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဒီကနေ့ညမှာတော့ ........

လားရှိုးမြို့မဈေးအတွင်းက ဇွဲထက်ရွှေဆိုင်ရှေ့မှာ ဗုံးပေါက်ကွဲပြီး ဆိုင်၀န်ထမ်း ၁၂ ဦး ထိခိုက်ဒဏ်ရာရသွားတဲ့သတင်းနဲ့အတူ

တစ်ကျော့ပြန် ရက်ရှည်တိုက်ပွဲတွေကြားက နန်ဆန်ယန်ကျေးရွာအကြောင်း သတင်းလွှာအပါအဝင်

နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်စနေနေ့တိုင်းတင်ဆက်နေကျဖြစ်တဲ့ “သံစဉ့်အိမ်” အစီအစဉ်ကို နားဆင်ကြရပါမယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/M9JnnYrfq68

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2🔥1
ရှိမ်းမကားရွာ စည်ပင်သာယာစျေးကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ ဆိုင်ခန်း နှင့်နေအိမ် ၃၀ ကျော် ပျက်စီး
🤬11😁2👍1