ဇူလိုင်လ (၂၅) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=================
- မြန်မာနိုင်ငံကို ခရီးမသွားသင့်တဲ့နိုင်ငံအဖြစ် အမေရိကန် ဆက်သတ်မှတ်တဲ့သတင်း
- ရန်ကုန်ရှိ အိမ်ခြံမြေ၊ ရွှေနဲ့ ကား အရောင်းအဝယ်တွေ ရပ်ဆိုင်းထားရတဲ့ သတင်း
- လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ဆုတ်ခွါထွက်ပြေးတဲ့သတင်း
- စစ်ကောင်စီနှင့်ပူးပေါင်းနေတဲ့ ထိုင်း စွမ်းအင် ကုမ္ပဏီ PTTEP ကို စင်ကာပူ တရားရုံးတင်နိုင်ရေး NUG ကြိုးပမ်းနေတဲ့သတင်း
- မန္တလေးကျောက်ဝိုင်းအတွင်း လိုင်စင်မရှိဘဲ ကျောက်ဝယ်ရောင်းလုပ်ပါက ဖမ်းမယ်လို့ စစ်ကောင်စီ ကြေညာတဲ့ သတင်းနဲ့
- အမေရိကန်စစ်သားတစ်ဦးကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ဆွေးနွေးခဲ့ကြောင်း ကုလတပ်ဖွဲ့ရဲ့ ကွပ်ကဲရေးမှူးပြောကြား တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/live/2PiOkZKK-T4?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇူလိုင်လ (၂၅) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
- မြန်မာနိုင်ငံကို ခရီးမသွားသင့်တဲ့နိုင်ငံအဖြစ် အမေရိကန် ဆက်သတ်မှတ်တဲ့သတင်း
- ရန်ကုန်ရှိ အိမ်ခြံမြေ၊ ရွှေနဲ့ ကား အရောင်းအဝယ်တွေ ရပ်ဆိုင်းထားရတဲ့ သတင်း
- လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ဆုတ်ခွါထွက်ပြေးတဲ့သတင်း…

👍12🍌2
ဇူလိုင်လ (၂၅) ရက်၊အင်္ဂါနေ့ ညပိုင်း ရေဒီယို အစီအစဉ်
================
မြန်မာကုလသံအမတ်ကြီးလုပ်ကြံရန်ကြိုးပမ်းသူ အပြစ်ရှိကြောင်း နယူးယောက် တရားရုံး အမိန့်ချ၊
ထိုင်းနိုင်ငံရေး ဂယက်ကြောင့် ရနောင်းကို တင်ပို့နေတဲ့ ငါးဈေး ထက်ဝက်ခန့် ထိုးကျပြီး လုပ်ငန်းရှင်တွေ အရှုံးပေါ်နေ၊
တရုတ်ရဲ့ဒုံးကျည်တိုက်ခိုက်လာမှုကို တုံ့ပြန်မယ့်ပုံစံအတိုင်း ထိုင်ဝမ်စစ်ရေးလေ့ကျင့်မှုပြုလုပ်တဲ့သတင်းအပါအဝင် သတင်းသုံးသပ်ချက်၊သတင်းဆောင်းပါးနဲ့ ကုန်ဈေးနှုန်း၊အပတ်စဉ် ကဏ္ဍတွေအဖြစ် “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါး အစီအစဉ်နဲ့ “သဘာဝရဲ့လက်ဆောင်” အစီအစဉ်တွေကို နားဆင်ရမှာဖြစ်ပြီးတော့ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။
https://youtu.be/ce9KZcHfhN0
#Eveningradio
#mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

တရုတ်ရဲ့ဒုံးကျည်တိုက်ခိုက်လာမှုကို တုံ့ပြန်မယ့်ပုံစံအတိုင်း…

👍16😁2
This media is not supported in your browser
VIEW IN TELEGRAM
စစ်သားတစ်ဦးကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ဆွေးနွေးခဲ့ကြောင်း ကုလတပ်ဖွဲ့ရဲ့ ကွပ်ကဲရေးမှူးပြော
#internationalnews #reels #shorts #Mizzima

👍7🔥3
ကရင်နီမှာ စစ်ဘေးရှောင် တိုးပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာ လိုအပ် (ရုပ်၊သံ)
=================
KMN
(မဇ္ဈိမ) ။ ။ ကရင်နီ (ကယား) ပြည်နယ်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် စစ်ဘေးရှောင်တွေတိုးလာနေပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးတဲ့ အဖွဲ့တွေကပြောပါတယ်။
ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီပြီး ကရင်နီပြည်နယ်က ဘေးလွတ်ကင်းရာနေရာတွေနဲ့ ထိုင်းနယ်စပ်က စစ်ဘေးရှောင်စခန်းတွေမှာ စစ်ရှောင်နေကြရတာဖြစ်ပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ပြုစုထားတဲ့စာရင်းအရ ကရင်နီပြည်နယ်နဲ့ ရှမ်းနယ်စပ် ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူတွေဟာ ၂၇၀,၀၀၀ နီးပါးရှိနေပါတယ်။
ခုလို ကရင်နီပြည်နယ်အနှံမှာ စစ်ကောင်စီထိုးစစ်ဆင်မှုတွေကြောင့် ထွက်ပြေးနေရတဲ့
စစ်ဘေးရှောင် ထောင်ချီအတွက် လတ်တလောမှာ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ
အရေးပေါ်လိုနေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က ပြောပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN
စာတည်း ။ ။ Alden
https://youtu.be/J60mIbuzLS0
#ကရင်နီ
#စစ်ရှောင်စခန်း
#စစ်ဘေးရှောင်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
KMN
(မဇ္ဈိမ) ။ ။ ကရင်နီ (ကယား) ပြည်နယ်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် စစ်ဘေးရှောင်တွေတိုးလာနေပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးတဲ့ အဖွဲ့တွေကပြောပါတယ်။
ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီပြီး ကရင်နီပြည်နယ်က ဘေးလွတ်ကင်းရာနေရာတွေနဲ့ ထိုင်းနယ်စပ်က စစ်ဘေးရှောင်စခန်းတွေမှာ စစ်ရှောင်နေကြရတာဖြစ်ပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ပြုစုထားတဲ့စာရင်းအရ ကရင်နီပြည်နယ်နဲ့ ရှမ်းနယ်စပ် ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူတွေဟာ ၂၇၀,၀၀၀ နီးပါးရှိနေပါတယ်။
ခုလို ကရင်နီပြည်နယ်အနှံမှာ စစ်ကောင်စီထိုးစစ်ဆင်မှုတွေကြောင့် ထွက်ပြေးနေရတဲ့
စစ်ဘေးရှောင် ထောင်ချီအတွက် လတ်တလောမှာ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ
အရေးပေါ်လိုနေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က ပြောပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN
စာတည်း ။ ။ Alden
https://youtu.be/J60mIbuzLS0
#ကရင်နီ
#စစ်ရှောင်စခန်း
#စစ်ဘေးရှောင်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ကရင်နီမှာ စစ်ဘေးရှောင် တိုးပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာ လိုအပ်
KMN (မဇ္ဈိမ) ။ ။ ကရင်နီ (ကယား) ပြည်နယ်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် စစ်ဘေးရှောင်တွေတိုးလာနေပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးတဲ့ အဖွဲ့တွေကပြောပါတယ်။
ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်က…

👍12😢4🔥1😁1
ထိုင်းနိုင်ငံရေး ဂယက်ကြောင့် ရနောင်းကို တင်ပို့နေတဲ့ငါးဈေး ထက်ဝက်ခန့်ထိုးကျလုပ်ငန်းရှင်တွေအရှုံးပေါ်
===================
ကိုရွှေမြိတ် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကို အဓိကထား တင်ပို့၊ ရောင်းချနေတဲ့ ငါးဈေးတွေဟာ ထက်ဝက်ခန့် စျေးထိုးကျသွားပြီး တနင်္သာရီတိုင်းက ငါးဖမ်းလုပ်ငန်းရှင်တွေအရှုံးပေါ်နေတယ်လို့ မြိတ်ငါးဖမ်းလှေ လုပ်ငန်းရှင်တွေနဲ့ တင်ပို့ ရောင်းချနေသူတွေက မဇ္ဈိမကို ပြောပါတယ်။
ထိုင်းနိုင်ငံရေး အကျပ်အတည်းကြောင့် ပြည်တွင်းက တင်ပို့နေတဲ့ ငါးတွေကို ထိုင်းဝယ်လက်တွေက မဝယ်ရဲကြတော့သလို တချို့က ဈေးနှိမ်ဝယ်ယူနေတာကြောင့် အရှုံးပေါ်နေကြတာ ဖြစ်ပါတယ်။
တင်ဆက်/တည်းဖြတ် = ကိုရွှေမြိတ်
https://youtu.be/VpXqhaJOJNM
#ရနောင်း
#ထိုင်းနိုင်ငံရေးဂယက်
#မြိတ်
#ရေလုပ်ငန်း
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ကိုရွှေမြိတ် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကို အဓိကထား တင်ပို့၊ ရောင်းချနေတဲ့ ငါးဈေးတွေဟာ ထက်ဝက်ခန့် စျေးထိုးကျသွားပြီး တနင်္သာရီတိုင်းက ငါးဖမ်းလုပ်ငန်းရှင်တွေအရှုံးပေါ်နေတယ်လို့ မြိတ်ငါးဖမ်းလှေ လုပ်ငန်းရှင်တွေနဲ့ တင်ပို့ ရောင်းချနေသူတွေက မဇ္ဈိမကို…
👍12🔥5
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး၏ အီးမေးလ်အကောင့်များကို ဟက်ကာများ ချိုးဖောက် ဝင်ရောက်
======================
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး နီကိုးလက်စ် ဘန်းစ် ၏ အီးမေးလ်အကောင့်များကို တရုတ် ဟက်ကာများက ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းရေးလှုပ်ရှားမှု အဖြစ် ပစ်မှတ်ထားကာ ချိုးဖောက် ဝင်ရောက်ခဲ့ကြောင်း နှင့် အဆိုပါ လုပ်ရပ်သည် တရုတ်၏ နောက်ထပ် လုံခြုံရေးချိုးဖောက်မှုတစ်ခုဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ CNN က ဇူလိုင် ၂၀ ရက် တွင် ဖော်ပြသည်။
မကြာသေးမီက နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကန် နှင့် အတူ တရုတ်သို့ သွားရောက်ခဲ့သော အရှေ့အာရှဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်လ် ခရစ်တန် ဘရင့်ခ် ၏ အီးမေးလ်အကောင့်ကိုလည်း ဟက်ကာများ ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ဇွန်လအတွင်း တရုတ်နိုင်ငံသို့ မသွားရောက်မီ သီတင်းပတ်များအတွင်း အစောပိုင်းကလည်း တရုတ်ဟက်ကာများသည် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဂျီနာ ရိုင်မွန်ဒို နှင့် နိုင်ငံခြားရေးဌာနမှ အရာရှိများ ၏ အီးမေးလ်များကို ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ New York Times က ဖော်ပြခဲ့သည်။
အမေရိကန်မှ ထောက်လှမ်းရေး သတင်းအချက်အလက်များ စုဆောင်းရန် ရည်ရွယ်ချက်ရှိသော တရုတ်ဟက်ကာများသည် အစိုးရအီးမေးလ်အကောင့်များသို့ ဝင်ရောက်ခဲ့ကြကြောင်း Microsoft က အစောပိုင်းက ထုတ်ဖော်ပြောကြားသည်။

👍12🔥5😁3
Media is too big
VIEW IN TELEGRAM
July - 25 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍4😁1🤮1
စင်္ကာပူတွင် နှစ် ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး ၁ ဦးကို ကွပ်မျက်ရန် စီစဉ်
=====================
စင်္ကာပူအာဏာပိုင်တို့သည် နှစ် ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ကြိုးပေးကွပ်မျက်မည့် အမျိုးသမီးတစ်ဦး အပါအဝင် မူးယစ်ဆေးမှုဖြင့် ပြစ်ဒဏ်ချခံထားရသည့် အကျဉ်းသား နှစ်ဦးကို ယခုသီတင်းပတ်အတွင်း ကွပ်မျက်ရန် လုပ်ဆောင်နေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဇူလိုင် ၂၅ ရက်တွင် ပြောပြီး တစ်ချိန်တည်းမှာပင် အဆိုပါ သေဒဏ်စီရင်ကွပ်မျက်မှုများ မလုပ်ဆောင်ဘဲ ရပ်ဆိုင်းရန် တိုက်တွန်းသည်။
ဘိန်းဖြူ ၅၀ ဂရမ် (၁ ဒသမ ၇၆ အောင်စ) ကုန်ကူးမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အသက် ၅၆ နှစ်ရှိ အမျိုးသားတစ်ဦးကို နိုင်ငံ၏ ချန်ဂီ အကျဉ်းထောင်၌ ဗုဒ္ဓဟူးနေ့တွင် ကွပ်မျက်ရန် စီစဉ်ထားကြောင်း ပြည်တွင်း လူ့အခွင့်အရေးအဖွဲ့ Transformative Justice Collective (TJC) က ပြောသည်။
ထို့ပြင် အသက် ၄၅ နှစ်ရှိ ပြစ်ဒဏ်ကျ အမျိုးသမီးတစ်ဦးကိုလည်း သောကြာနေ့တွင် ကွပ်မျက်ရန် စီစဉ်ထားကြောင်း ယင်းအဖွဲ့က ပြောသည်။ သူမသည် ဘိန်းဖြူ ၃၀ ဂရမ် ကုန်ကူးမှုအတွက် ၂၀၁၈ တွင် သေဒဏ်ချမှတ်ခြင်းခံခဲ့ရသူဖြစ်သည်။

👍8🔥5
ဘုတလင်မြို့နယ်အတွင်းမှ တရားမဝင် သစ်တန်ချိန် ၃၀ နီးပါးကို ပြည်သူ့လုံခြုံရေးအဖွဲ့မှ ဖမ်းဆီး
👍21👏2🔥1😁1
ဘုတလင်မြို့နယ်အတွင်းမှ တရားမဝင် သစ်တန်ချိန် ၃၀ နီးပါးကို ပြည်သူ့လုံခြုံရေးအဖွဲ့မှ ဖမ်းဆီး
===============
ကိုခင်မောင်
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာရှိ အိမ်ခြံဝင်းတခုအတွင်းမှ တရားမဝင် သစ် တန်ချိန် ၃၀ နီးပါးကို ဘုတလင်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ယင်းအဖွဲ့ တာဝန် ရှိသူထံမှ သိရသည်။
ဇူလိုင်လ ၂၄ ရက်နေ့က ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာအား ဒေသခံတဦး၏ သတင်းပေးချက်အရ ဝင်ရောက်ဖမ်းဆီးတွင် ကျွန်း၊ ပိတောက်၊ တမလန်းစသည့် တရားမဝင်သစ်များကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
“လူနေအိမ်ဝင်းထဲမှာ တရားမဝင်သစ်တွေတွေ့တာ။ NUG ရဲ့မြို့နယ် သယံဇာတကော်မတီ၊ ပြည်သူ့လုံခြုံ ရေးအဖွဲ့ ဝင်ရောက်ဖမ်းဆီးတာပါ။ ပိုင်ရှင်က မရှိတော့ပါဘူး။ ထွက်ပြေးတာ ထင်တယ်။ အဲဒီခြံဝင်းထဲမှာ သစ်တန် ၃၀ နီးပါးလောက်တော့ ရှိတယ်” ဟု ဘုတလင်မြို့နယ် ပြည့်သူ့လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူတဦး က ပြောသည်။
ဖမ်းမိထားသောသစ်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လမ်းညွန်မှုအတိုင်း ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး သစ်တတန်လျှင် ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိကြောင်း ၎င်းက ဆိုသည်။
ဖမ်းမိထားသောသစ်များသည် အလောင်းတော်ကဿပဥယျာဉ်မှ တရားမဝင်ထုတ်ယူထားသော သစ်များ ဖြစ်သည်ဟု ဘုတလင်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူက ပြောသည်။
သို့သော် မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ အသေးစိတ်ကို အတည်ပြုချက်ရယူနိုင်ရန် ကြိုးပမ်းနေဆဲဖြစ် သည်။
ဘုတလင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့အနေဖြင့် သစ်များ ဖမ်းဆီးမိသည်မှာ ပထမအကြိမ်လည်းဖြစ် သည်။
အဆိုပါ ခြံဝင်းအတွင်းမှသစ်များအား ၂၀၂၃ ခုနှစ် မတ်လကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ အင်အားသုံးဝင်ရောက်၍ ဖမ်းဆီးခဲ့ဖူးကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ဘုတလင်မြို့နယ်
#တရားမဝင်သစ်
#ပလဖ
#ဖမ်းဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===============
ကိုခင်မောင်
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာရှိ အိမ်ခြံဝင်းတခုအတွင်းမှ တရားမဝင် သစ် တန်ချိန် ၃၀ နီးပါးကို ဘုတလင်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ယင်းအဖွဲ့ တာဝန် ရှိသူထံမှ သိရသည်။
ဇူလိုင်လ ၂၄ ရက်နေ့က ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာအား ဒေသခံတဦး၏ သတင်းပေးချက်အရ ဝင်ရောက်ဖမ်းဆီးတွင် ကျွန်း၊ ပိတောက်၊ တမလန်းစသည့် တရားမဝင်သစ်များကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
“လူနေအိမ်ဝင်းထဲမှာ တရားမဝင်သစ်တွေတွေ့တာ။ NUG ရဲ့မြို့နယ် သယံဇာတကော်မတီ၊ ပြည်သူ့လုံခြုံ ရေးအဖွဲ့ ဝင်ရောက်ဖမ်းဆီးတာပါ။ ပိုင်ရှင်က မရှိတော့ပါဘူး။ ထွက်ပြေးတာ ထင်တယ်။ အဲဒီခြံဝင်းထဲမှာ သစ်တန် ၃၀ နီးပါးလောက်တော့ ရှိတယ်” ဟု ဘုတလင်မြို့နယ် ပြည့်သူ့လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူတဦး က ပြောသည်။
ဖမ်းမိထားသောသစ်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လမ်းညွန်မှုအတိုင်း ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး သစ်တတန်လျှင် ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိကြောင်း ၎င်းက ဆိုသည်။
ဖမ်းမိထားသောသစ်များသည် အလောင်းတော်ကဿပဥယျာဉ်မှ တရားမဝင်ထုတ်ယူထားသော သစ်များ ဖြစ်သည်ဟု ဘုတလင်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူက ပြောသည်။
သို့သော် မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ အသေးစိတ်ကို အတည်ပြုချက်ရယူနိုင်ရန် ကြိုးပမ်းနေဆဲဖြစ် သည်။
ဘုတလင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့အနေဖြင့် သစ်များ ဖမ်းဆီးမိသည်မှာ ပထမအကြိမ်လည်းဖြစ် သည်။
အဆိုပါ ခြံဝင်းအတွင်းမှသစ်များအား ၂၀၂၃ ခုနှစ် မတ်လကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ အင်အားသုံးဝင်ရောက်၍ ဖမ်းဆီးခဲ့ဖူးကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ဘုတလင်မြို့နယ်
#တရားမဝင်သစ်
#ပလဖ
#ဖမ်းဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍23❤1🔥1😁1
ကျပ်၂၀,၀၀၀တန်ဂယက် ဆောက်လုပ်ရေးလုပ်ငန်းကြီးအချို့ ဝယ်ရောင်းခေတ္တရပ်ဆိုင်း၊အရောင်းပြခန်းပါပိတ်
=============
(မဇ္စျိမ) ။ ။စစ်ကောင်စီက ကျပ်၂၀,၀၀၀တန် ငွေစက္ကူထုတ်ဝေမည်ဟု ကြော်ငြာပြီးသည့်နောက် အိမ်ခြံမြေဈေးကွက်အတွင်း ဝယ်လိုအားနှင့်ရောင်းလိုအားမမျှဖြစ်နေပြီး ဆောက်လုပ်ရေးလုပ်ငန်းကြီးအချို့နှင့်ကွန်ဒိုကြိုပွိုင့်အရောင်းများ ခေတ္တရပ်နားထားကြောင်းသိရသည်။
‘’အရောင်းခဏရပ်ထားတယ်ဆိုတာက ကျွန်တော်တို့ကဈေးတက်ချင်လို့မဟုတ်ပါဘူး။ဝယ်အားနဲ့ရောင်းအားမမျှဘူးဖြစ်နေလို့ပါ။ကျွန်တော်တို့ရောင်းထားပြီးသားကြိုပွိုင့်တွေကိုတော့ဈေးလည်းမတက်ပါဘူး။ စာချုပ်ထဲကအတိုင်းပဲ ရောင်းမယ်။နောက်ထပ်ရောင်းမဲ့အခန်းတွေကိုတော့ ဘာမှကျွန်တော်တို့ကိုယ်တိုင်ပြောလို့မရသေးဘူး’’ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ကျပ်၂၀,၀၀၀ တန် ငွေစက္ကူကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထုတ်ဝေမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ကြေညာထားသည်။ အဆိုပါကြေညာချက်ထွက်လာပြီးနောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်းများမြင့်တက်သွားကာ ကားစျေးကွက်နှင့် ရွှေ
ဈေးကွက်အပြင်၊အိမ်ခြံမြေနှင့်ကွန်ဒိုရောင်းဝယ်ရေးလုပ်ငန်းများလည်း အရောင်းအ၀ယ်ပိတ်ထားလိုက်ရသည့်အခြေအနေဖြစ်နေကြောင်းသိရသည်။
လက်ရှိတွင် မြန်မာငွေစက္ကူတန်ဖိုးကျဆင်းနေပြီး ဒေါ်လာဈေး၊ရွှေဈေး၊အိမ်ခြံမြေဈေးများမှာအဆ မတန်မြင့်တက်နေသည်ဟု သိရသည်။ ထို့ကြောင့် ငွေသားမပျောက်မပျက်သည့်အိမ်၊ခြံ၊မြေနှင့်ကွန်ဒိုများဝယ်ယူရန် ကြိုးစားနေကြပြီး အိမ်ခြံမြေဈေးထိုးတက်နေသည်ဟု သိရသည်။
‘’ကျွန်တော်တို့ဆီမှာရောင်းပေးနေတာ ၁ပေပတ်လည်ကို ၅၆၀,၀၀၀(ကျပ်)ကျော်ရှိတယ်။ အခုတော့Developerတွေက အရောင်းကိုခဏရပ်ခိုင်းထားတော့ ရပ်ထားရတယ်။ ဒါတောင်ကျွန်တော်တို့က ကြိုပွိုင့်နဲ့ရောင်းတာနော်’’ဟုပြည်ပDeveloperမှ တာဝန်ယူဆောက်လုပ်နေသော
ကွန်ဒိုတစ်ခုမှ အရောင်းတာဝန်ခံကပြောသည်။
အိမ်ခြံမြေဈေးကွက် တည်ငြိမ်ရေးသည် အစိုးရက ထုတ်ပြန်ထားရှိသည့်မူဝါဒများနှင့် သက်ဆိုင်ပြီး လတ်တလောတွင် စစ်ကောင်စီမှထုတ်ပြန်သည့်ဥပဒေများသည် ဈေးကွက်ကို ကမောက်ကမ
ဖြစ်စေသည်ဟု လုပ်ငန်းရှင်အချို့က သုံးသပ်သည်။
‘’ကုန်ဈေးနှုန်းတစ်ခုတက်တယ်ကျတယ်ဆိုတာကို ဥပဒေတွေနဲ့ထိန်းချုပ်လို့မရဘူး။အဲဒါဆိုပိုဆိုးမယ်။ သူက တအိအိနဲ့ဈေး တက်မယ်။ တအိအိနဲ့ဈေးပြန်ကျမယ်၊ ဒီလိုဘဲသွားနေရတာ။ အခုတော့ဈေးကချက်ချင်းထိုး တက်သွားတယ်။ချက်ချင်းထိုးကျလာတယ်။ ဥပဒေမူဝါဒတစ်ခု ထွက်လာပြီဆိုရင် လူတွေကကြောက်အားလန့်အား ပစ္စည်းတွေလျောက်ဝယ်ကြတယ်။ဥပမာ ၂၀,၀၀၀တန်ထွက်တော့မယ်ဆိုတာနဲ့ လူတွေကဈေးတက်တော့မှာပဲဆိုပြီး ပစ္စည်းတွေစုဝယ်ကြတယ်။ဝယ်လိုအားများပြီးဈေးတွေတက်တော့တာပဲ။တခါစစ်ကောင်စီကလည်း ဒီလိုဈေးတင်ရင်ဖမ်းမယ်ဆိုပြီးဥပဒေတွေနဲ့ထိန်းချုပ်ပြန်တယ်။ဒီတော့ဝယ်တဲ့သူရော ရောင်းတဲ့သူရောက လက်ထဲမှာသိမ်းထားပြီး တကယ်လိုအပ်တဲ့ပြည်သူကျတော့ဈေးကြီးပေးပြီးဝယ်သုံးနေရတာပေါ့’’ ဟု လုပ်ငန်းရှင်တစ်ဦးကရှင်းပြသည်။
လက်ရှိကာလတွင် လက်ထဲ၌ ငွေစက္ကူကိုင်မထားချင်သူများက ဈေးကွက်မငြိမ်သည့် ရွှေနှင့်ဒေါ်လာ ဝယ်ကိုင်ထားခြင်းထက် အိမ်ခြံမြေ၊ကွန်ဒိုများဝယ်ယူထားရှိခြင်းက အကျိုးအမြတ်များသည်ဟု ယူဆသည့်အတွက် အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်ဖြစ်နေရခြင်းဟု ဆိုသည်။
‘’တကယ်တန်း ဒီအချိန်က အရောင်း၊အဝယ်၊အငှားငြိမ်နေရမယ့်အချိန်ဖြစ်နေပြီ။ ဘာကြောင့်လည်းဆိုရင် ဝါဝင်တော့မယ်လေ။ ဘယ်သူမှလည်းအပြောင်းအရွေ့ကမလုပ်တော့ဘူး။ ဒါပေမယ့်အခုကတော့အဲဒီလိုမဟုတ်ဘူး။ နေရာကောင်း၊အိမ်ကောင်းတယ်ဆိုရင် အခုအရောင်းတင် အခုအရောင်းထွက်။ အဲဒီလိုဖြစ်နေတယ်။ ဈေးတွေကလည်းပေါက်ဈေးမဟုတ်တော့ဘဲ ပါးစပ်ထဲကဈေးဖြစ်နေတယ်။အရင် ဦးခင်ညွန့်လက်ထက်က ငြိမ်းချမ်းရေးလုပ်တဲ့'ဝ'တွေ၊ကိုးကန့်တွေ အိမ်တွေကိုဈေးမဆစ်ဘဲအတင်းလိုက်ဝယ်နေတဲ့ပုံစံဖြစ်နေတယ်" ဟု ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည်။
ကျပ်၂၀,၀၀၀တန်ငွေစက္ကူများအား အရေအတွက်အကန့်အသတ်ဖြင့်သာထုတ်ဝေသွားမည်ဖြစ်ကြောင်းစစ်ကောင်စီ၏ဗဟိုဘဏ်ကကြေညာထားသည်။ ကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမည့်အစီအစဥ်သည် ကုန်ဈေးနှုန်းများမြင့်တက်စေခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ကမောက်ကမဖြစ်စေသည်ဟုဆိုကာ ပြည်သူလူထုက အပြင်းအထန်ဝေဖန်နေသည်။
စာတည်း - မောင်ကြီး
#mizzima
#ကျပ်၂၀,၀၀၀တန်ငွေစက္ကူ
#အိမ်ခြံမြေဈေးကွက်
#ဝယ်လိုအားနှင့်ရောင်းလိုအားမမျှ

👍14🔥5👏2
သံဖြူဇရပ်တွင် စစ်ကောင်စီတပ်နှင့်ကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွား
==============
ဂျူချန်း
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA၊PDF ပူးပေါင်းတပ်များကြား တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိသည်ဟု ကျားဖြူစစ်ကြောင်းက ယမန်နေ့ ဇူလိုင်လ ၂၄ရက်တွင် ထုတ်ပြန်သည်။
“ပထမနေ့မှာ ဝဲဝန်းရွာအနီးမှာ ပစ်တာကြားရတယ်။ နောက်တစ်နေ့မနက်မှာတော့ အာရှလမ်းမကြီးကနေ ဝင်လာရင် ပထမဆုံးတွေ့တဲ့ရွာအနီးမှာ ထပ်ပစ်ကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇူလိုင်လ ၂၂ ရက် ညနေ ၆နာရီအချိန်ခန့်တွင် စစ်ကောင်စီ၏ အမှတ်(၄) လေ့ကျင့်ရေးတပ် နှင့် အမတ(၃၁၅) တပ်တို့က စစ်ကြောင်းထိုးလာသဖြင့် သံဖြူဇရပ်မြို့နယ်၊ ဝဲဝန်းကျေးရွာအနီးတွင် KNLA တပ်ရင်း(၂၇)၊ ပဒဲကောအဖွဲ့၊ ကျားဖြူစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇူလိုင်လ ၂၃ ရက် နံနက် ၆နာရီကျော်တွင်လည်း အထက်ငှက်ပျောတောကျေးရွာတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။
ထိုနှစ်ရက်တာ တိုက်ပွဲအတွင်းတွင် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်ငါးဦးသေဆုံးပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူများရှိကာ KNLA တပ်ရင်း(၂၇) မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပြီး သေနတ် နှစ်လက်ဆုံးရှုံးခဲ့ရကြောင်း ကျားဖြူစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားချိန်တွင် ဝဲဝန်းကျေးရွာ၊ အထက်ငှက်ပျောတောကျေးရွာနှင့် အောက်ငှက်ပျောတောကျေးရွာမှ ဒေသခံအချို့သည် အနီးဝန်းကျင်ရှိ ကျေးရွာများသို့ ရှောင်တိမ်းခဲ့ကြကြောင်း ဒေသခံထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက် နှင့် ဇွန်လ ၂၇ ရက်တို့တွင်လည်း သံဖြူဇရပ်နှင့် ရေးမြို့နယ်ကြားရှိ အောင်သာယာကျေးရွာနှင့် ကနင်ကမော့ကျေးရွာကြား၌ စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်းသုံးတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မွန်ပြည်နယ်
#သံဖြူဇရပ်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
ဓါတ်ပုံ-ကျားဖြူစစ်ကြောင်း(ပုံဟောင်း)

👍18👏3🔥2