Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြင်းမူတွင် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှု ၈ ဦးသေဆုံးဟုဆို
===============

ပါခွီး

(မဇ္စျိမ) ။ ။မြင်းမူမြို့နယ်တွင် ဇူလိုင်လ ၂၇ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကြောင်း မြင်းမူလင်းယုန်နက်အဖွဲ့ (Black Eagle Defence Force – MMU) က ထုတ်ပြန်သည်။

ဇူလိုင်လ ၂၇ရက် နေ့လည် ၁၂နာရီခန့်က အင်အား ၅၀ခန့်ပါသော စစ်ကောင်စီစစ်ကြောင်းကို လက္ကာကျေးရွာမြောက်ဘက်တွင် ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားကြောင်းမြင်းမူလင်းယုန်နက်အဖွဲ့တာဝန်ခံ ဗိုလ်စံရှားက မဇ္စျိမကိုပြောသည်။

ဒဏ်ရာရသူများကို ကားဖြင့်သယ်ဆောင်လာစဉ် ညနေ ၃နာရီခန့်တွင် အလ္လကပ္ပနှင့် ဝမ်းပြည့်ကျေးရွာကြား၌ ပဒေသာမိုင်းနှစ်လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးထပ်မံသေဆုံးပြီး ငါးဦးဒဏ်ရာရရှိသွားကြောင်းဗိုလ်စံရှားက ဆက်ပြောသည်။ ထို့ကြောင့် ယင်းနေ့တိုက်ခိုက်မှုတွင် စစ် ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးသည်ဟု ဆိုသည်။

ဗိုလ်စံရှားက “ဆေးရုံဆက်မသွားတော့ပဲ အလောင်းတွေသယ်ပြီး သင်္ချိုင်းကိုတန်းသွားပြီး မီးရှို့သွားတယ်” ဟု ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Black Eagle Defence Force အဖွဲ့မှ ဦးဆောင်ပြီး မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ People’s Defence Force Myinmu – MMU PDF တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟုသိရသည်။ 

ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Black Eagle Defence Force – MMUက ထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မဇ္ဈိမအနေဖြင့်သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်သည် ယမန်နေ့ ညနေက လက္ကပင်ရွာအနောက်ဘက်ရှိ ရွှေပေါက် ပင်ရွာနှင့်ကျီးကုန်းရွာကို မီးရှို့ခဲ့ကြောင်းသိရသည်။ဒေသခံပြည်သူ ၅,၀၀၀ ခန့်သည် ယနေ့ ဇူလိုင် ၂၈ရက်နေ့လယ်အထိ နေအိမ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းအချို့သည့် ယခုရက်ပိုင်းတွင် စစ်ကိုင်းတိုင်းအတွင်း မြင်းမူမြို့နယ်အပြင် ဘုတလင်၊ ခင်ဦး၊ ကောလင်း၊ ကန့်ဘလူမြို့နယ်တို့တွင်လည်း စစ်ရေးလှုပ်ရှားမှုရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

https://youtu.be/_3Y5I_oNB3I

စာတည်း - မောင်ကြီး
#mizzima
#မြင်းမူ
#စစ်ကောင်စီတပ်
#ပြည်သူ့ကာကွယ်ရေးမဟာမိတ်
#တိုက်ခိုက်

စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်း 
----------------------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏2😁2
Media is too big
VIEW IN TELEGRAM
မြန်မာအလုပ်သမားဈေးကွက် အခက်အခဲမျိုးစုံနဲ့ စိန်ခေါ်မှုတွေရှိနေဆဲလို့ ILO ပြော

Watch more detail - https://youtu.be/kcMDE0HQ9N8

#PoliticalNews
#reels
#shorts
#MizzimaTV
👍4❤3🔥1
Media is too big
VIEW IN TELEGRAM
တိုက်ပွဲများကြောင့် မြန်မာမှ အိန္ဒိယသို့ ဝင်ရောက်လာသူတိုင်းကို လက်ဗွေ မှတ်တမ်းကောက်ယူရန် စီစဉ်နေ

Watch more detail - https://youtu.be/4jN3uNKOHrs

#PoliticalNews
#reels
#shorts
#MizzimaTV
👍2🔥1👏1
ဇူလိုင်လ ၂၈ ရက်နေ့၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
==================

အခု တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့

00:59-ငွေကြေးတန်ဖိုးကျဆင်းနေချိန်မှာပဲ ပြည်တွင်းစီးပွားရေး ‌၄ ရာခိုင်နှုန်း တိုးတက်လာဖို့ စစ်‌ခေါင်းဆောင် မျှော်မှန်းတဲ့သတင်း

03:34- YGF ဆက်သွယ်ရေးရုံးခန်း ဝင်စီးခံရ လက်နက်ခဲယမ်း သိန်း ၂,၀၀၀ ဖိုးခန့် ဆုံးရှုံးတဲ့သတင်း

05:32- နှစ်ခြမ်းကွဲနေတဲ့ကျွန်းဆွယ်ရဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးအိပ်မက်ကို ကိုရီးယားစစ်ပြန်တွေမက်ခဲ့ကြတဲ့သတင်း

11:54- တိုက်ပွဲများကြောင့် မြန်မာမှ အိန္ဒိယသို့ ဝင်ရောက်လာသူတိုင်းကို လက်ဗွေ မှတ်တမ်းကောက်ယူရန် စီစဉ်နေတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/GcQfBmeWO58

#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍6🌭1🖕1
Media is too big
VIEW IN TELEGRAM
ငွေကြေးတန်ဖိုးကျဆင်းနေချိန်မှာပဲ ပြည်တွင်းစီးပွားရေး ‌၄ ရာခိုင်နှုန်း တိုးတက်လာဖို့ စစ်‌ခေါင်းဆောင် မျှော်မှန်း

Watch more detail - https://youtu.be/txrMsVRrl8c#PoliticalNews

#reels
#shorts
#MizzimaTV
😁8🤮4👍2❤1👏1
ကျောင်းသားများသမဂ္ဂ ရုံးခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် ၃ ဦးအသတ်ခံရ
😢8🤬6😁2
ကျောင်းသားများသမဂ္ဂ ရုံးခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် ၃ ဦးအသတ်ခံရ
=================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ ရုံးခန်းကို ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် အဖွဲ့၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးတို့ ကို သတ်ဖြတ်သွားကြောင် ဗကသများအဖွဲ့ချုပ် မှ ဗဟိုအမှုဆောင်တစ်ဦးက ပြောသည်။

၎င်းက “အသတ်ခံရသူတွေကတော့ ဘုတလင်ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူး သုံးဦးကျဆုံးပါတယ်၊ ပြည်သူတွေထဲက ထိခိုက်ကျဆုံးမှု ရှိတယ်လို့လည်း သတင်းကြားရပေမယ့် ဗကသ အနေနဲ့ အတည်မပြုနိုင်သေးပါဘူး” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဘုတလင်မြို့မှ နံနက်စောစောအချိန်တွင် ညောင်ကန်ရွာရှိ ဗကသ ရုံးကို နေရာအတိအကျဖြင့် ဝင်ရောက်စီးနင်းသွားခြင်းဖြစ်ပြီး သတင်းပေးမှုကြောင့် ဖြစ်နိုင်ကြောင်း ဗကသ အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ မနက် ၄နာရီဝန်းကျင်လောက်မှာ ရုံးကို ဝိုင်းထားပြီးမှ သိရတာမျိုးဖြစ်သွားပြီး ရှောင်တိမ်းချိန်မရလိုက်ဘူး၊ ဒါကြောင့်ပဲ သူတို့ ကျဆုံးသွားရတာပါ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်သည် ဗကသ ကို အဓိကထား တိုက်ခိုက်သွားသည့်လုပ်ရပ်ဖြစ်ပြီး တော်လှန်ရေးသမားများကို သတ်ဖြတ်ရုံဖြင့် တော်လှန်ရေးဟာ ရပ်တန့်သွားမှာမဟုတ်ဘူးဟု ဗကသများ အဖွဲ့ချုပ်၏ ဗဟိုအမှုဆောင် က ပြောသည်။

၎င်းက " ဖက်ဆစ်တပ်က သူတို့လုပ်နေကျ ဖက်ဆစ်လုပ်ရပ်မျိုးတွေကို လုပ်သွားတဲ့အပေါ်မှာတော့ ကျနော်တို့အနေနဲ့ များများစားစား ပြောစရာမရှိပါဘူး။ သေချာတာက တော်လှန်ရေးသမားကို သတ်ဖြတ်ရုံနဲ့ တော်လှန်ရေးက ရပ်တန့်မှာမဟုတ်ဘူး။ ကျနော်တို့ ဆက်ပြီးတိုက်ပွဲဝင်သွားမယ်။ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကို ဆုံးခန်းတိုင်တဲ့အထိ ဗကသများအဖွဲ့ချုပ်အနေနဲ့ဆက်လက် တိုက်ပွဲဝင်သွားမှာပါ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဘုတလင်မြို့ ဗကသရုံးကို ဝင်ရောက်စီးနင်းပြီးနောက် ရုံးခန်းနေရာ၊ စာသင်ကျောင်းနှင့် အနီးအနား ကျေးရွာများရှိ နေအိမ်များကိုလည်း မီးရှို့ ဖျက်ဆီးသွားကြောင်းသိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဗကသများ အဖွဲ့ချုပ်အဖွဲ့ ဝင် ၁၇ ဦးထိ စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ဘုတလင်မြို့နယ်
#ကျောင်းသားများသမဂ္ဂ
#စစ်ကောင်စီတပ်
----------------------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢18🤬9👍4😁2❤1
​​အင်းတော်မြို့နယ်တွင် စစ်ရှောင်ဒေသခံ ၂ ဦး မိုင်းထိသေဆုံး
=================

ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ၊ အင်ပင်ရွာ၌ ဇူလိုင်လ ၁၇ရက်နေ့တွင် စစ်ဘေးရှောင်နှစ်ဦး မိုင်းထိသေဆုံးသွားကြောင်း Indaw Revolution -IR အဖွဲ့က ယမန်နေ့ ဇူလိုင်လ ၂၇ရက်တွင် သတင်းထုတ်ပြန်သည်။

“စစ်ရှောင်ပြည်သူနှစ်ယောက်၊ သူတို့က အင်းတော်နားလေးမှာ အိမ်ငှားပြီးစစ်ရှောင်နေတာ။ သူတို့က နံ့သာဘက်ကို သုံးဘီးနှင့် ဝက်ပို့သွားရင်းနဲ့ သူတို့ရဲ့လယ်ကို သွားကြည့်တာ အဲဒီလယ်နားလေးမှာမိုင်းမိပြီးတော့ ပွဲချင်းပြီးသေသွားတာ။ အပိုင်းပိုင်းပြတ်သွားတာပါ” ဟု Indaw Revolution – IR အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

မိုင်းထိသေဆုံးသူနှစ်ဦးသည် အင်းတော်မြို့နယ် နန့်သာရွာသား အသက် ၃၀နှစ်အရွယ် ကိုပေါ်လွင်ဦး နှင့် အင်ပင်ရွာသား ကိုမျိုးမြင့် တို့ဖြစ်ကြပြီး မော်တိတ်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေ၍ အင်းတော်မြို့အနီးတွင် စစ်ဘေးတိမ်းရှောင်နေကြသူများ ဖြစ်သည်ဟု ဆိုသည်။

အဆိုပါမိုင်းသည် မည်သည့်အဖွဲ့မှ ထောင်ထားသောမိုင်းဖြစ်သည်ကိုမူ မသိရသေးကြောင်းလည်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုနှစ် မတ်လ ၂၀ရက်မှ စ၍ ယနေ့အချိန်ထိ အင်းတော်မြို့နယ် ၊ မော်တိတ်ဒေသရှိ ကျေးရွာအချို့တွင် တပ်စွဲနေသည့်အတွက် အောင်းကုန်း၊ အင်ပင်၊ နန့်သာ၊ မော်တိတ်၊ ရွာသာယာ စသည့်ကျေးရွာများမှ ဒေသခံ ၅,၀၀၀ကျော်သည် ဘေးလွတ်ရာသို့ စစ်ဘေးတမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#အင်းတော်မြို့နယ်
#စစ်ဘေးရှောင်
#မိုင်း
----------------------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢10😁2
​​အလုပ်လိမ်လည်ခံရသည့် နိုင်ငံသားများကို အင်ဒိုနီးရှားသံရုံးက မြဝတီမှ ပြန်လည်ခေါ်ယူ
=========================

မြန်မာနိုင်ငံ ပဋိပက္ခ ကြုံကြိုက်နေသည့် မြဝတီတွင် အလုပ်လိမ်လည်ခံရသည်ဆိုသော အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးကို ရန်ကုန်ရှိ အင်ဒိုနီးရှားသံရုံးက ဇူလိုင် ၂၅ ရက်တွင် ပြန်လည်ခေါ်ယူကြောင်း ဇူလိုင် ၂၈ ရက်၌ Antara သတင်းဌာနက သတင်းဖော်ပြသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁6👍2
​​လွိုင်ကော်တွင် လက်နက်ကြီးကြောင့် ၁ ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အပါအဝင် အရပ်သား ၈ ဦးဒဏ်ရာရ
=================

001
(မဇ္စျိမ)။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဇူလိုင်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက် ညပိုင်းက လွိုင်လင်မြို့အခြေစိုက် စစ်ကောင်စီ ခမရ ၅၃၀ တပ်ရင်း ပစ်ခတ်ခဲ့သည့် လက်နက်ကြီးသည် ဝမ်ကုန်းကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး နှင့် ကလေး တစ်ဦး အပါအဝင် မိသားစုဝင်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့မှာ အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း ဆေးကုသမှုခံယူနေကြရကြောင်း သိရသည်။

ဇူလိုင်လ ၂၀ရက်က ပဒါးညေးကျေးရွာနှင့် ကုန်းသာကျေးရွာတို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုဖြစ်ရပ်တွင် ပဒါးညေးကျေးရွာမှ အရပ်သားပြည်သူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲမှ အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ကုန်းသာကျေးရွာတွင် ကလေးငယ်တစ်ဦးနှင့် သက်ကြီးပိုင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDF ကပြောသည်။

ထိုဖြစ်ရပ်များ နှင့်ပတ်သက်၍ KNDF ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်၍ မရပေ။
ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂၇ ရက်နေ့အထိ ခုနစ်လတာ ကာလအတွင်း နိုင်ငံတဝန်းစစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် ၁၅၇ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကိုယ်ဝန်ဆောင်
#အရပ်သားသေဆုံး
#လက်နက်ကြီးကျည်
----------------------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬5👍4😁2👎1
Media is too big
VIEW IN TELEGRAM
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂျီ-၂၀ အကြီးအကဲတွေ အိန္ဒိယမှာကျင်းပတဲ့ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲသို့တက်ရောက်

#InternationalNews #reels #shorts #Mizzima #India
👍5🔥2
ZARA ပိုင်ရှင် INDITEX မြန်မာနိုင်ငံမှ အထည်ဝယ်ယူမှု ရပ်ဆိုင်းမည် | Business Round Up (28.7.2023)
==================

- ZARA ပိုင်ရှင် INDITEX မြန်မာနိုင်ငံမှ အထည်ဝယ်ယူမှု ရပ်ဆိုင်းမည်

- ၂၀၂၂ ခုနှစ်အတွင်း ‌ကန်ဒေါ်လာ ၄ ဘီလီယံခန့် တန်ဖိုးရှိ ကျောက်စိမ်းများ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့

- ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရပါက နိုင်ငံသားအခွင့်အရေးနှင့် လုံခြုံရေးအာမခံချက်ပေးရန် တောင်းဆို

- စံချိန်တင် အပူဆုံး ကာလသို့ရောက်ရှိနေပြီး တကမ္ဘာလုံး ဆူပွက်နေပြီ လို့ ကုလ သတိပေး

https://youtu.be/TeY3NA1PnCc
 
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍6🔥2
Media is too big
VIEW IN TELEGRAM
နိုင်ဂျာအာဏာသိမ်းမှုကို ထောက်ခံကြောင်း စစ်တပ်အကြီးအကဲပြော

#InternationalNews #reels #shorts
👍5🔥1
​​မတူပီမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်ကို CDF ဖမ်းဆီး
===================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ မတူပီ - ဟားခါးလမ်းပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တစ်ဦးကို စစ်ဆင်ရေးပြုလုပ်၍ ဖမ်းဆီးခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က ယမန်နေ့ ဇူလိုင်လ ၂၇ရက်တွင်ထုတ်ပြန်သည်။
မတူပီမြို့နယ် ၊ ဖနိုင်ကျေးရွာနှင့် မတူပီခရိုင်ရုံးအကြား၌ ဇူလိုင်လ ၂၆ရက် ညနေ ၃နာရီ ၃၀မိနစ်အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။

ဖမ်းဆီးရမိသူမှာ မတူပီမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ချမ်းမြေ့အောင် (ကိုယ်ပိုင်အမှတ် - လ - ၂၃၁×××) ဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ ခြောက်လုံးပြူး တစ်လက် ၊ လက်ပစ်ဗုံး နှစ်လုံး ၊ ကျည်ဆန် ၅၈ တောင့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျနော်တို့ သူ့ကိုစစ်ဆေးနေဆဲဖြစ်ပါတယ် ၊ စစ်ဆေးပြီးမှ ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာကို ပြန်လည်အသိပေးသွားပါ့မယ်” ဟု CDF – Matupi မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ပြောသည်။
ဖမ်းဆီးရမိသူအား စစ်ဆေးပြီး ၎င်းကျူးလွန်သည့် ပြစ်မှုအတိုင်း တရားသဖြင့် စီရင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယခုဖမ်းဆီးရမိသောနေရာသည် မတူမီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ စိုးမိုးထားသော နယ်မြေဖြစ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ၎င်းတို့(စစ်ကောင်စီလက်‌အောက်ခံများ)ကို နေရာမရွေး တိုက်ခိုက်နိုင်ကြောင်း သိစေလိုသောကြောင့် စစ်ဆင်ရေးတစ်ရပ်အဖြစ် ပြုလုပ်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဇူလိုင်လ ၁၀ရက်နေ့က CDF – Matupi တပ်ဖွဲ့ ၏ ဦးဆောင်မှုဖြင့် ဒေါက်တာ အေးငြိမ်းသူနှင့်အတူ ဒုတိယအကြိမ်မြောက် အခြေခံဆေးသင်တန်းကို အောင်မြင် စွာပြုလုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

မတူပီမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းလာသဖြင့် ပြည်သူနှင့် တပ်ဖွဲဝင်များ အခက်အခဲများ ကြုံတွေ့နေရပြီး အသက်မဆုံးရှုံးသင့်သော အခြေအနေများတွင် အသက်ပေးရသော အခြေအနေမျိုးလည်း ကြုံတွေ့နေရကြောင်း ဆိုသည်။

အဆိုပါ အခြေခံဆေးဝါးသင်တန်းကို သင်တန်းသား ၂၇ဦး တက်ရောက်ကြပြီး ရက် ၂၀ကြာ ပို့ချခဲ့ကြောင်းနှင့် ဆေးဝါးအခက်အခဲများ ရှိသဖြင့် မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် CDF – Matupi က မေတ္တာရပ်ခံထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာတည်း ။ ။သန့်ဇော်(သန်လျင်)

#ချင်းပြည်နယ်
#မတူပီမြို့နယ်
#စစ်ကောင်စီတပ်
#ဖမ်းဆီးမှု
----------------------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏2😁1🥱1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းလေယာဉ်ကွင်းတွေနဲ့ အနောက်အုပ်စုရဲ့ လက်နက်တွေသိုလှောင်ရာနေရာတွေကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားပြော

#InternationalNews #reels #shorts #Ukraine #Russia #Mizzima
😁7❤1👏1
ဇူလိုင်လ ၂၈ ရက်၊ ညနေ ၄ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:00-ငွေကြေးတန်ဖိုးကျဆင်းနေချိန်မှာပဲ ပြည်တွင်းစီးပွားရေး ၄ ရာခိုင်နှုန်း တိုးတက်လာဖို့ စစ်‌ခေါင်းဆောင် မျှော်မှန်းတဲ့သတင်း

03:33-YGF ဆက်သွယ်ရေးရုံးခန်း ဝင်စီးခံရပြီး လက်နက်ခဲယမ်းတွေ ဆုံးရှုံးတဲ့သတင်း

08:17-၂၀၂၂ ခုနှစ်အတွင်း ‌ကန်ဒေါ်လာ ၄ ဘီလီယံခန့် တန်ဖိုးရှိ ကျောက်စိမ်းများ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့တဲ့သတင်း

13:46--သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂျီ-၂၀ အကြီးအကဲတွေ အိန္ဒိယမှာကျင်းပတဲ့ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်တဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။

https://youtu.be/v3vDsNuDh1Q

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍8😁2
This media is not supported in your browser
VIEW IN TELEGRAM
ပါပူဝါနယူးဂီနီသို့ အမေရိကန်ကမ်းရိုးတန်းစောင့်သင်္ဘော ဖြန့်ကြက်ချထား

#InternationalNews #reels #shorts #American #Mizzima
👍5🔥2👏1😱1