ကျိုက်ထိုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွား
=====================
YT
(မဇ္ဈိမ) ။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြို မှုများဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်မြစ်များထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ထိုမြို့ပေါ်ရပ်ကွက်များဖြစ်သော ဇေယျာမွန်ရပ်ကွက်၊ တိုးချဲ့ ကွက်သစ်နှင့် အေးရိပ်ငြိမ်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားကာ ဒေသခံများ နီးစပ်ရာ ဘုန်းကြီး ကျောင်းနှင့် စာသင်ကျောင်းများသို့ ပြောင်းရွှေ့ထားရကြောင်း ဒေသခံတဦးကပြောသည်။
“မိုးများတော့ ကဒက်ချောင်းက ရေလျှံပြီး ရေကြီးလာတာပါ။ လောလောဆယ် ဇေယျာမွန်ကွက်သစ်က ဒေသခံတွေကို ဇေယျာမွန်စာသင်ကျောင်းမှာရွှေ့ထားပြီး လိုအပ်တဲ့ အစားအသောက်နဲ့ အကူအညီတွေ ဝိုင်းဝန်းပံ့ပိုးထားကြပါတယ်။ အေးရိပ်ငြိမ်ကတော့ အနိမ့်ပိုင်းရပ်ကွက်ဆိုတော့ နှစ်တိုင်းရေလျှံပါတယ်” ဟု ဆိုသည်။
ကျိုက်ထိုမြို့နယ်တွင် ဇူလိုင်လနောက်ဆုံးပတ်မှစတင်၍ လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်း ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဩဂုတ်လ ၁ ရက်နေ့အထိ မိုးရွာသွန်းနေဆဲဖြစ်သည်။
ရေကြီးရေလျှံမှုများအပြင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်တွင် ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးကားလမ်းအနီး၊ ရသေ့တောင်စခန်းနှင့် ကျီးကန်းပါးစပ်တို့၌မြေပြိုမှုဖြစ်ပွားခဲ့ပြီး တောင်တက်ကားလမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီး နေအိမ်အချို့နှင့် ဈေးဆိုင်အချို့ ပျက်စီးခဲ့ကာ စေတီနှစ်ဆူ ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
မိုးဆက်တိုက်ရွာသွန်းပါက ကျိုက်ထီးရိုးဘုရားတည်ရှိရာ တောင်ကြောတလျှောက်ရှိ ရသေ့တောင်၊ ကြက် ဖတောင်၊ ပန်းထိမ်တောင်၊ စလူတောင်၊ ပျားစွဲတောင်၊ စွန်တောင်၊ မြစိမ်းတောင်၊ ပိတ်သလေးတောင် တို့တွင် မြေပြိုမှုများဖြစ်ပေါ်လေ့ရှိကြောင်း ဒေသခံတဦးက ပြောသည်။
“အရင်ကတည်းက ဖြစ်လေ့ဖြစ်ထရှိတယ်။ တပတ်လောက် မိုးကောင်းကောင်းရွာပြီး လေလည်းတိုက်တဲ့ အခုလိုရာသီဥတုအခြေအနေမျိုးဆိုရင် မြေကြီးထဲ ရေစိမ့်ဝင်တာများတယ်၊ မြေတွေပွလာပြီး ရေလည်း စီး လာတဲ့အတွက် တောင်ပြိုတာပါ" ဟု ကျိုက်ထိုဒေသခံက ပြောသည်။
မိုးသည်းထန်းစွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် မြေပြိုမှုများဖြစ်ပေါ်လာနိုင်သဖြင့် ကျိုက်ထီးရိုးတောင်နှင့် အနီးတဝိုက်တွင် နေထိုင်သော ဒေသခံများအနေဖြင့် သတိ၊ ဝီရိယဖြင့် နေထိုင်ကြ ရန် ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနက ဇူလိုင်လ ၂၉ ရက်က သတိပေးထုတ်ပြန်ထားသည်။
ဩဂုတ်လ ပထမပတ်အတွင်း ကမ်းရိုးတန်းနှင့် ကုန်းတွင်းဒေသအချို့တွင် မိုးဆက်လက်ပိုနေမည်ဖြစ်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင် ပြည်နယ်တို့၌ မိုးသည်းထန်နိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထား ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က ဇူလိုင်လ ၃၀ ရက်ကသတိပေး ချက်ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#မြေပြိုမှု
#မိုးလေဝသ
ဓါတ်ပုံ- ( ပိုသူလှူ လိုသူကူ ကျိုက်ထို) မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလျှံနေသော ဇေယျာမွန်ရပ်ကွက်၊ တိုးချဲ့ကွက်သစ်နှင့် အေးရိပ်ငြိမ်ရပ်ကွက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10🔥2
နယ်စပ်တင်းမာမှုများသည် တရုတ်နှင့် ယုံကြည်မှုကို ပျက်ပြားစေခဲ့ကြောင်း အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အရာရှိ ပြောကြား
=======================
၂၀၂၀ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့သော နှစ်နိုင်ငံ နယ်စပ် ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက် ဖြစ်ပွားခဲ့သော တင်းမာမှုများသည် နှစ်နိုင်ငံဆက်ဆံရေး တွင် ဗျူဟာမြောက်ယုံကြည်မှု ကို ပျက်ပြားစေပြီး ပြည်သူများနှင့် နိုင်ငံရေးအခြေခံများကို ပျက်ပြားစေခဲ့ကြောင်း အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ် က တရုတ်အား ပွင့်လင်းစွာ ပြောကြားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
၂၀၂၀ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့သော နှစ်နိုင်ငံ နယ်စပ် ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက် ဖြစ်ပွားခဲ့သော တင်းမာမှုများသည် နှစ်နိုင်ငံဆက်ဆံရေး တွင် ဗျူဟာမြောက်ယုံကြည်မှု ကို ပျက်ပြားစေပြီး ပြည်သူများနှင့် နိုင်ငံရေးအခြေခံများကို ပျက်ပြားစေခဲ့ကြောင်း အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ် က တရုတ်အား ပွင့်လင်းစွာ ပြောကြားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥4👏2
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁ ဩဂုတ် ၂၀၂၃)
=====================
မတရားဖမ်းဆီးထားသည့် သူများကို ပြန်လွှတ်ပေးခြင်းဖြစ်သည့်အတွက် စစ်ကောင်စီအပေါ် ကျေးဇူးတင်စရာမရှိကြောင်း ပြည်သူများနှင့်တော်လှန်ရေးအင်အားစုများမှ မှတ်ယူထားသည်။

👍14👏2😁2
ကျိုက်ထီးရိုးတောင်ပေါ် ရိုးရိုးလေးဟိုတယ် စတိုခန်း မီးလောင်မှုဖြစ်
===================
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်(၃) စတိုခန်းတွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
" ဝါယာရှော့ဖြစ်တာကနေ လောင်တာလို့ ပြောကြတယ်။ စတိုခန်းမှာ လောင်တာ။ တောင်ပေါ်က မီးသတ်သမားတွေ ဝိုင်းငြှိမ်းလိုက်တာပါ ၊ စတိုခန်းတော့ မီးလောင်သွားတာပေါ့။ မိုးတွင်းဆိုတော့ ဘုရားဖူးပါးတော့ အထိအခိုက်မရှိကြဘူး" ဟု ကျိုက်ထီးရိုးတောင်ပေါ်တွင် နေထိုင်သည့် ဈေးသည်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ယနေ့ ဩဂုတ်လ ၁ ရက်နေ့၊ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်တွင် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်(၃) စတိုခန်းတွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှု စတင်ခဲ့ခြင်းဖြစ်ပြီး ၁၅ မိနစ်နီးပါး ဆက်တိုက်လောင်ကျွမ်းခဲ့ပြီးနောက် ကျိုက်ထီးရိုးတောင်ပေါ်ရှိ နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရာ နေ့လယ် ၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
" ဟိုတယ်နံပါတ် (၃) မှာ ဖြစ်တာပါ၊ စတိုခန်းတစ်ခုတည်းပဲ လောင်းကျွမ်းတာဖြစ်ပါတယ်။ တခြား မီးကူးတာမျိုးတော့ ရှိမရှိတော့ သေချာမသိဘူး၊ ညီမတို့လည်း အဲ့ဒီမှာ ရှိမနေတော့လေ ။ ပုံမှန်တော့ စတိုခန်းထဲမှာ ထွေထွေထူးထူးတော့ မရှိဘူး၊ တံမြတ်စည်းတို့ ဘာတို့ပဲ ထားတာ" ဟု ရိုးရိုးလေးဟိုတယ် ဝန်ထမ်းတစ်ဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ ဟိုတယ် စတိုခန်းအတွင်း ပုံမှန်အချိန်၌ ဟိုတယ်အသုံးအဆောင်ပစ္စည်းများ ထားရှိပြီး မီးလောင်မှုကြောင့် စတိုခန်းအတွင်းရှိ ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ မိုးတွင်းကာလ တောင်ပိတ်ချိန်ဖြစ်၍ ဘုရားဖူး မရှိသလောက် နည်းပါးသဖြင့် လူသူအထိအခိုက်မရှိကြကြောင်း သိရသည်။
တစ်နှစ်တာကာလတွင် ကျိုက်ထီးရိုးဘုရား၏ ဘုရားဖူးကာလသည် ပွင့်လင်းကာလဖြစ်သည့် သတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေအထိဖြစ်ပြီး မိုးတွင်းကာလသည် ဒေသအခေါ်အားဖြင့် ကျိုက်ထီးရိုး တောင်ပိတ်ချိန်ဟုခေါ်ဆိုကာ ဘုရားဖူးရန်လာသော ဘုရားဖူး မရှိသလောက်နည်းပါးကြောင်း သိရသည်။
ဓါတ်ပုံ- (မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့) ရိုးရိုးလေးဟိုတယ်-၃ စတိုခန်း မီးလောင်ကျွမ်းမှုအခြေအနေ
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျိုက်ထီးရိုးဘုရား
#မိုးတွင်းကာလ
#ကျိုက်ထိုမြို့နယ်
#ရိုးရိုးလေးဟိုတယ်

🔥7👍2😢2❤1
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်းပေးသည့်အမှုများမှာ ပြစ်ဒဏ်စေ့တော့မည့် အမှုများဖြစ်
====================
001
(မဇ္စျိမ) ။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် တို့အား စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးကြောင်း ကြေညာခဲ့သည့် အမှုများမှာ ပြစ်ဒဏ်စေ့ရန် လပိုင်းသာ ကျန်ရှိတော့သည့် အမှုများဖြစ်ပြီး ပြစ်ဒဏ်များစွာ ကျန်နေသေးကြောင်း တရားရုံးနှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် စွဲဆိုထားသည့်အမှု နှစ်ခု၊ ပုဒ်မ ၅၀၅ (ခ) အမှု၊ ဆက်သွယ်ရေးပုဒ်မ - ၆၇ အမှု၊ ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈ အမှုများကို လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
“ငါးမှုတောင်မှ အဲ့ဒီငါးမှုရဲ့ ပြစ်ဒဏ်တွေက ပြည့်ခါနီးနေပြီလေ။ အဲ့ဒီပြည့်ခါနီးတဲ့ ကာလကို သူတို့က လွတ်ငြိမ်းချမ်းသာ ခွင့်ပြုတယ်လို့ ပြောတာ။ ကျန်တဲ့ ၁၄ မှုက နည်းတဲ့ ပြစ်ဒဏ်တွေ မဟုတ်ဘူးလေ။ အများကြီးပဲ”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ယင်းအပြင် သမ္မတဦးဝင်းမြင့်၏ သဘာဝဘေးအမှုနှင့် ပုဒ်မ ၅၀၅ (ခ) အမှုကို လွတ်ငြိမ်းခွင့်ပေးကြောင်း ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီက ကြေညာခဲ့သည်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် သဘာဝဘေးဥပဒေပုဒ်မ ၂၅ တစ်မှုနှင့် ပုဒ်မ ၅၀၅(ခ) အမှုကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် တစ်မှုလျှင် ထောင်ဒဏ် နှစ်နှစ်စီဖြင့် စုစုပေါင်း လေးနှစ် အမိန့်ချမှတ်ခဲ့သည်။
ထိုသို့ အမိန့်ချမှတ်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက ၎င်းတို့အပေါ် တရားရုံးက ချမှတ်ခဲ့သည့် ထောင်ဒဏ် လေးနှစ်စီအနက် ထောင်ဒဏ် နှစ်နှစ်စီကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း ကြေညာခဲ့သည်။
အဆိုပါအမှုနှစ်မှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ ပူးတွဲစွဲဆိုခံရသည့် အမှုများ ဖြစ်သည်။
ကျန်သည့် သဘာဝဘေးတစ်မှု၊ ပို့ကုန်၊ သွင်းကုန်အမှုနှင့် ဆက်သွယ်ရေး အမှုတို့မှာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း စွဲဆိုခံရခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က သဘာဝဘေးအမှုကို ထောင်ဒဏ်နှစ်နှစ်၊ ဆက်သွယ်ရေးအမှုနှင့် ပို့ကုန်၊ သွင်းကုန်အမှုကို ပြစ်ဒဏ်တစ်ပေါင်းတည်း ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့သည်။
"ချုပ်ရက်လျော့ရက်က တစ်မှုပဲထည့်တွက်တာ။ ကျန်တဲ့အမှုတွေကတော့ မတွက်တော့ဘူး"ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ထို့ကြောင့် ချုပ်ရက်လျော့ရက်မပါဘဲ တွက်ပါက အဆိုပါ လွတ်ငြိမ်းခွင့်ပေးခဲ့သည့် အမှုများမှာ ပြစ်ဒဏ်စေ့ရန် ငါးလကျော်ခန့်သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။
လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရပြီး ယခု ထောင်ဒဏ်ခြောက်နှစ် လျော့ပေါ့ပေးလိုက်ခြင်းကြောင့် ၎င်းမှာ ထောင်ဒဏ် ၂၇ နှစ် ကျန်ရှိမည် ဖြစ်သည်။
သမ္မတဦးဝင်းမြင့်အနေဖြင့် သဘာဝဘေးအမှု၊ ၅၀၅ (ခ) အမှု၊ ရဟတ်ယာဉ်ကိစ္စ အဂတိ ငါးမှု၊ ပုဒ်မ ၁၃၀ (က) အမှုတို့အတွက် ထောင်ဒဏ် စုစုပေါင်း ၁၄ နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး ၂၀၂၁ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြစ်ဒဏ် နှစ်နှစ်၊ လက်ရှိ ပြစ်ဒဏ် နှစ်နှစ် စစ်ကောင်စီက လျော့ပေါ့ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် ထောင်ဒဏ် ၁၀ နှစ် ဆက်လက်ကျခံရန် ရှိနေသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#Mizzima
#ဒေါ်အောင်ဆန်းစုကြည်
#သက်တမ်းတိုး

👍12🤬11🔥1😁1🤮1
NCA ထိုး EAO ၃ ဖွဲ့အပေါ် စစ်ကောင်စီစွပ်စွဲချက် ဘယ်လိုတုံပြန်ထားကြပါသလဲ
=====================
မိုးသောက် (မဇ္ဈိမ)။ ။ ငြိမ်းချမ်းရေး မဆွေးနွေးတဲ့ NCA လက်မှတ််ထိုး တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဟာ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးကို အချိန်မရွေးနှောက်ယှက်မှု တွေဆောင်ရွက်နိုင်တာကိုသတိပြုမိစေလိုပြီး လက်ရှိမှာလည်း အဲဒီအဖွဲ့တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေဆောင်ရွက်နေတယ်လို့ မနေ့က ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စွပ်စွဲပြောဆိုခဲ့ပါတယ်။
သူစွပ်စွဲပြောဆိုခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ကတော့ ကရင်အမျိုးသားအစည်းအရုံး( KNU) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ ဖြစ်ပါတယ်။
ဒီသုံးဖွဲ့ဟာ လက်ရှိမှာ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်အပေါ် ဘယ်လိုတုံ့ပြန်ထားကြပါသလဲ။ မိုးသောက်က ပြောပြပေးထားပါတယ်။
https://youtu.be/Djjlyi2TLlQ
#NCA
#စစ်ကောင်စီ
#Mizima

YouTube
NCA ထိုး EAO ၃ ဖွဲ့အပေါ် စစ်ကောင်စီစွပ်စွဲချက် ဘယ်လိုတုံပြန်ထားကြပါသလဲ
မိုးသောက် (မဇ္ဈိမ) ။ ။ ငြိမ်းချမ်းရေး မဆွေးနွေးတဲ့ NCA လက်မှတ််ထိုး တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဟာ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးကို အချိန်မရွေးနှောက်ယှက်မှု တွေဆောင်ရွက်နိုင်တာကိုသတိပြုမိစေလိုပြီး လက်ရှိမှာလည်း အဲဒီအဖွဲ့တွေက အကြမ်းဖက်တိုက်ခို…
😁8👍5🤔2❤1🔥1
မန္တလေးနန်းတွင်းနှင့် အမရပူရထောက်လှမ်းရေး(၁၆)ကို လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့ဟုဆို
===================
007
(မဇ္ဈိမ) ။ ။ မန္တလေးနန်းတွင်းနှင့်၊ အမရပူရမြို့နယ်ရှိ ထောက်လှမ်းရေး (၁၆)တပ်ကို၊ ယနေ့နံနက်ပိုင်းတွင် ၈၀ မမ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ No More Dictatorship People Defence Force-NMD အဖွဲ့တာဝန်ရှိသူက မဇ္ဈိမ ကိုပြောသည်။
“နန်းတွင်းနဲ့အမရပူရက ထောက်လှမ်းရေး(၁၆)ထဲကိုဦးတည်ပြီး၊ လက်လုပ် ၈၀ မမ နဲ့ပစ်ခဲ့တယ်၊ ထိခိုက်ဒဏ်ရာရနဲ့ပတ်သက်လို့ အတည်ပြုနေဆဲပါ” ဟုအဖွဲ့တာဝန်ရှိသူက ပြောသည်။
ယနေ့ သြဂုတ်လ ၁ ရက်နေ့၊ နံနက် ၄ နာရီခွဲခန့်တွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးနန်းတွင်းထဲသို့ဦးတည်ပြီး၊ ၈၀ မမ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ အမရပူရမြို့နယ် ကွက်သစ်ရပ်ကွက်သံလမ်းအနီးရှိ စစ်ကောင်စီ၏ ပင်မအလုပ်ရုံ(လျှပ်/စက်)ဝင်းထဲက ထောက်လှမ်းရေး(၁၆)ရုံးကိုလည်း၊ အလားတူပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏နေရာနှစ်ခုကို၊ စစ်ရေးအရခြိမ်းခြောက်မှုတစ်ခုအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ဖမ်းဆီးခံထားရတဲ့ရဲဘော်တွေအတွက်၊ ဘယ်လောက်အထိလုပ်နေတယ်ဆိုတာကို ပြတဲ့အနေနဲ့၊ စစ်ရေးအရ စကစကိုခြိမ်းခြောက်မှု တစ်ခုလည်းဖြစ်ပါတယ်၊ လက်နက်ခဲယမ်းအခက်အခဲကြောင့် လက်လုပ်နဲ့ပဲ မစ်ရှစ်လုပ်ခဲ့ရပါတယ်၊ ရဲဘော်တွေရဲ့လုံခြုံရေးအရ ၈၀ မမ ပြောင်းတွေလည်း ပြန်မယူလာနိုင်တော့ပါဘူး၊ ဒီထက်ပိုကောင်းတဲ့ မစ်ရှင်တွေလုပ်သွားဖို့ရှိပါတယ်၊ ပြည်သူတွေအနေနဲ့ လိုအပ်နေတဲ့လက်နက်ခဲယမ်းတွေအတွက် ပူးပေါင်းကူညီပေးကြဖို့တိုက်တွန်းချင်ပါတယ်” ဟုလည်း ၎င်းကဆိုသည်။
တိုက်ခိုက်မှုများအတွင်း၊ လက်နက်ခဲယမ်းအခက်အခဲကြောင့်၊ ပစ္စည်း Error ဖြစ်ပြီး၊ တစ်လုံးစီသာပစ်ခတ်နိုင်ခဲ့ကြောင်း၊ တိုက်ခိုက်ရေးရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သော်လည်း လက်နက်ခဲယမ်းတချို့ဆုံးရှုံးခဲ့ရကြောင်း၊ ပြည်သူများအနေဖြင့် Mission လုပ်ဆောင်ခဲ့သောနေရာများအား သတိထားရှောင်ရှားကြရန် အသိပေးကြောင်း ၎င်းအဖွဲ့ကသတင်းထုတ်ပြန်ထားသည်။
No More Dictatorship People Defence Force-NMD အဖွဲ့သည်၊ ပြည်သူလူထုမလိုလားသည့် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးအတွက်၊ ရရာလက်နက်ဖြင့်တွန်းလှန်တိုက်ခိုက်နေသည့်၊ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပြည်သူလူထု
#စစ်အာဏာရှင်စနစ်
#မန္တလေးနန်းတွင်း
#အမရပူရမြို့နယ်
#ထောက်လှမ်းရေး
ဓာတ်ပုံ- အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးနန်းတွင်းကို တွေ့ရစဉ်

👍30👏2🤯2😁1
"အာဏာရူးလို့ ၆ လ သက်တမ်း ထပ်တိုးတာပါ" (Vox Pop)
=================
စစ်ကောင်စီ အရေးပေါ်ကာလ သက်တမ်း ခြောက်လ ထပ်တိုးခဲ့သည့် အပေါ်အမြင်များ။
(မဇ္ဈိမ) ။ ။ စစ်ကောင်စီက ဇူလိုင် ၃၁ ရက်မနက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (ကာလုံ အစည်းအဝေး) ခေါ်ကာအရေးပေါ်ကာလကို နောက်ထပ် ခြောက်လသက်တမ်း ထပ်တိုးခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၂၅ အရ အာဏာသက်တမ်းထပ်တိုးခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။ ၂၀၂၂ ဖေဖော်ဝါရီလ၊ သြဂုတ်လနှင့် ၂၀၂၃ ဖေဖော်ဝါရီလက ခေါ်ယူခဲ့သည့် ကာလုံအစည်းအဝေးများတွင် တပ်ချုပ်က အခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ သက်တမ်းတိုးခဲ့ပြီး ဖြစ်သည်။
ထိုပုဒ်မအရ ခြောက်လနှစ်ကြိမ်သက်တမ်းတိုးနိုင်ပြီး စစ်ကောင်စီက သာမန်မဟုတ်သည့် အခြေအနေဟု သုံးနှုန်းကာ သက်တမ်းထပ်တိုးခဲ့သည်။
စစ်ကောင်စီ အရေးပေါ်ကာလ သက်တမ်း ခြောက်လ ထပ်တိုး ခဲ့သည့် အပေါ် အမျိုးသားညီညွှတ်ရေးအစိုးရ ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားတပ်မတော် (CNA) ၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ၊ အမျိုးသမီးမဟာမိတ်အင်အားစု များမှ ပြောရေးဆိုခွင့်ရှိသူများ ယ၏ အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။
https://youtu.be/z74mtLmD0hs
တည်းဖြတ် - KMN
စာတည်း ။ ။ Alden
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

(မဇ္ဈိမ) ။ ။ စစ်ကောင်စီက ဇူလိုင် ၃၁ ရက်မနက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (ကာလုံ အစည်းအဝေး) ခေါ်ကာအရေးပေါ်ကာလကို နောက်ထပ် ခြောက်လသက်တမ်း ထပ်တိုးခဲ့သည်။ …

👍21🤣3❤1😁1
ဩဂုတ်လ (၁) ရက်၊အင်္ဂါနေ့ ညပိုင်း ရေဒီယို အစီအစဉ်နား
===================
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အမှုတစ်ချို့ စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့သတင်းအပါအဝင် ပူးတွဲစစ်ရေးလေ့ကျင့်မှုအားလုံးမှာ တရားမဝင် စစ်ကောင်စီကို ချန်လှပ်ထားဖို့ အာဆီယံ လွှတ်တော်အမတ်တွေ တောင်းဆိုလိုက်တဲ့အကြောင်းတွေပါဝင်တဲ့ ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့ ပြင်သစ်က စစ်ရေးအရဝင်ရောက်စွက်ဖက်ဖို့ ကြံစည်နေတယ်လို့ နိုင်ဂျာ (နီဂျဲလို့ အသံထွက်ပါတယ်) အာဏာသိမ်းစစ်တပ်က ပြောလိုက်တယ်ဆိုတဲ့ နောက်ဆုံးရသတင်းတွေနဲ့အတူ စီးပွားရေးသတင်းတွေနဲ့ အားကစားကဏ္ဍကိုလည်းနားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်၊သတင်းဆောင်းပါးနဲ့ ကုန်ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။
အဲဒါပြီးရင်တော့ အပတ်စဉ် ကဏ္ဍတွေအဖြစ် “မရွှေမိုးရဲ့ လေးညှို့သံ" ဆောင်းပါး အစီအစဉ်နဲ့ “သဘာဝရဲ့လက်ဆောင်” အစီအစဥ်တွေကို နားဆင်ရမှာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။
https://youtu.be/Gj6G8TCpccw
#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အမှုတစ်ချို့ စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့သတင်းအပါအဝင် ပူးတွဲစစ်ရေးလေ့ကျင့်မှုအားလုံးမှာ တရားမဝင် စစ်ကောင်စီကို ချန်လှပ်ထားဖို့ အာဆီယံ လွှတ်တော်အမတ်တွေ တောင်းဆိုလိုက်တဲ့အကြောင်းတွေပါဝင်တဲ့ ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့ ပြင်သစ်က စစ်ရေးအရဝင်ရောက်စွက်ဖက်ဖို့ ကြံစည်နေတယ်လို့ နိုင်ဂျာ (နီဂျဲလို့ အသံထွက်ပါတယ်) အာဏာသိမ်းစစ်တပ်က ပြောလိုက်တယ်ဆိုတဲ့ နောက်ဆုံးရသတင်းတွေနဲ့အတူ စီးပွားရေးသတင်းတွေနဲ့ အားကစားကဏ္ဍကိုလည်းနားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်၊သတင်းဆောင်းပါးနဲ့ ကုန်ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။
အဲဒါပြီးရင်တော့ အပတ်စဉ် ကဏ္ဍတွေအဖြစ် “မရွှေမိုးရဲ့ လေးညှို့သံ" ဆောင်းပါး အစီအစဉ်နဲ့ “သဘာဝရဲ့လက်ဆောင်” အစီအစဥ်တွေကို နားဆင်ရမှာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။
https://youtu.be/Gj6G8TCpccw
#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဩဂုတ်လ (၁) ရက်၊အင်္ဂါနေ့ ညပိုင်း ရေဒီယို အစီအစဉ်နား
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အမှုတစ်ချို့ စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့သတင်းအပါအဝင် ပူးတွဲစစ်ရေးလေ့ကျင့်မှုအားလုံးမှာ တရားမဝင် စစ်ကောင်စီကို ချန်လှပ်ထားဖို့ အာဆီယံ လွှတ်တော်အမတ်တွေ တောင်းဆိုလိုက်တဲ့အကြောင်းတွေပါဝင်တဲ့ ပြည်တွင်းသ…
👍13😁2🍌1
၂၀၅၀ ခုနှစ်၌ ဗီးနက်စ်ဂြိုဟ်ပေါ်သို့ လူအယောက် ၁၀၀၀ ပို့ဆောင်သွားမည်ဟုဆို
==================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥4
ဝေလငါးအသေကောင်အတွင်း၌ ဒေါ်လာ ၅ သိန်းတန်ကြေးရှိသည့် အဖိုးတန်ရတနများတွေ့ရှိ
=====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5👍4😱4
လကမ္ဘာပေါ်သက်ဆင်းဖို့အတွက် ဟိုက်ဒရိုဂျင်-အောက်ဆီဂျင် ဒုံးပျံအင်ဂျင်သစ်အား တရုတ်နိုင်ငံစမ်းသပ်
======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏3🤔2👎1
ဟိမဝန္တာသတ္တုသိုက်အတွင်း၌ နှစ်ပေါင်း သန်း ၆၀၀ သက်တမ်းရှိသည့် သမုဒ္ဒရာရေများအား ရှာဖွေတွေ့ရှိ
===================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5👍4🔥2👏1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်ထုတ်လွှင့်မှုများ
====================
https://youtu.be/oas2Klk9cwI

National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃၁ ရက်ထုတ်လွှင့်မှုများ
#PVTV
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

❤7🔥6😁1
Swing kids 2018
============
1950 ခုနှစ် ကိုရီးယားစစ်ပွဲအတွင်းမှာ တောင်ကိုရီးယားရဲ့ မဟာမိတ် အမေရိကန်တွေက မြောက်ကိုရီးယား ရဲဘော်တွေနဲ့ တရုတ် ကွန်မြူနစ်တွေကို ကိုဂျဲကျွန်းမှာ အကျဉ်းစခန်းတည်ဆောက်ပြီး ထိန်းသိမ်းထားကြတယ်။
အကျဉ်းစခန်းချင်းတောင် အပြိုင်အဆိုင်တွေ ရှိလာကြတော့ လူ့အခွင့်အရေး အပြည့်အဝရတဲ့ အကျဉ်းစခန်းဖြစ်ဖို့အရေး ပျော်ပွဲ ကပွဲတွေ စီစဉ်ဖို့ကြိုးစားရာကနေ Tap Dance အကအဖွဲ့ လေး ဖြစ်လာခဲ့တယ်။
အမေရိကန်က Tap Dancer ဂျက်ဆင်က ဦးဆောင်ပြီး တရုတ်ရဲဘော် ရှောင်ဖန်း၊ ကွန်မြူနစ်ဆိုပြီး မှားဖမ်းခံရတဲ့ ဗြောင်ဆမ်း၊ မိဘတွေ ဆုံးပြီး အငယ်လေးတွေကို ရှာကျွေးနေရတဲ့ ယန်ပါလေးဆိုတဲ့ ကောင်မလေးနဲ့ မြောက်ကိုရီးယား ကွန်မြူနစ်ရဲဘော် ဂီဆူး တို့ ၅ယောက်အဖွဲ့ Tap Dance နဲ့ ခံစားချက်တွေ ဝေမျှကြရင်း အိပ်မက်တွေ အပြည့်နဲ့ Tap Dance World Tour သွားချင်ခဲ့ကြတယ်။
သူတို့ရဲ့ အိပ်မက်လေးတွေအတွက် ဘယ်လိုတွေကြိုးစားပြီး ဘယ်လောက်ထိ ပျော်ရွှင်ခဲ့ကြသလဲ ဆိုတာကို ဇာတ်လမ်းလေးထဲကနေ Jazz Music သွက်သွက်လေးတွေ နားထောင်ရင်းနဲ့ တမေ့တမော ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ်။ IMDb ကတော့ 7.4/10 ဖြစ်ပါတယ်။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
#New ပြသမည့်ရက်။ ။ ၂.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍13😁4❤2
ဩဂုတ်လ (၂) ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
=====================
ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
ကျိုက်ထိုမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားနေတဲ့သတင်းတွေအပါအဝင်
စစ်ကောင်စီရဲ့ ထွေပြားတဲ့ ကစားကွက်အောက်မှာ ဝေဝါးနေမှာ မဟုတ်ဘူးလို့ NUG ပြောလိုက်တဲ့ သတင်းလွှာ အစရှိတဲ့
ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေကို ကြားကြရမှာပါ။
နိုင်ငံတကာဘက်မှာတော့
နိုင်ဂျာစစ်တပ်ကို ဒေသတွင်းခေါင်းဆောင်တွေဖိအားပေးပါတယ်ဆိုတဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ်ကို နားဆင်ရမှာပါ။
https://youtu.be/kNZcNIAXdII
#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
ကျိုက်ထိုမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားနေတဲ့သတင်းတွေအပါအဝင်
စစ်ကောင်စီရဲ့ ထွေပြားတဲ့ ကစားကွက်အောက်မှာ ဝေဝါးနေမှာ မဟုတ်ဘူးလို့ NUG ပြောလိုက်တဲ့ သတင်းလွှာ အစရှိတဲ့
ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေကို ကြားကြရမှာပါ။
နိုင်ငံတကာဘက်မှာတော့
နိုင်ဂျာစစ်တပ်ကို ဒေသတွင်းခေါင်းဆောင်တွေဖိအားပေးပါတယ်ဆိုတဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ်ကို နားဆင်ရမှာပါ။
https://youtu.be/kNZcNIAXdII
#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဩဂုတ်လ (၂) ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
ကျိုက်ထိုမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားနေတဲ့သတင်းတွေအပါအဝင်
စစ်ကောင်စီရဲ့ ထွေပြားတဲ့ ကစားကွက်အောက်မှာ ဝေဝါးနေမှာ မဟုတ်ဘူးလို့ NUG ပြောလိုက်တဲ့ သတင်းလွှာ အစရှိတဲ့
ပြည်တ…

👍10😁3