စစ်တပ် အသွင်ပြောင်း YCDC ဌာနမှူးများနှင့် ဒု ဌာနမှူးကို NUG အမည်ပျက်စာရင်းသွင်း
========================
KMN
(မဇ္စိုမ)။ ။စစ်တပ်ဘက်မှအရပ်ဘက် အသွင်ပြောင်းထားသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) ဌာနမှူး ၁၄ ဦး ၊ ကော်မတီရုံး ရုံးအဖွဲ့မှူးတစ်ဦး နှင့် ဒုဌာနမှူးများပါဝင်သည့် လူပုဂ္ဂိုလ် ၄၉ ဦးအား အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အမိန့်အမှတ် (၄၅/၂၀၂၃) ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း ၄၉ ဦး သည် CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းများပြုလုပ်နေကြောင်း သိရသည်။
ထို့အပြင် ဥပေဒနှင့်အညီ ပြန်ဆပ်ရန်မလိုတော့သည့် လစာချေးငွေများအား အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်ကောင်စီ၏ စီမံချက်မှန်သမျှအားလုံးအား ပုံဖော်ဆောင်ရွက်ပေးနေခြင်းကြောင့် ယခုကဲ့သို့ အမည်ပျက်စာရင်းသွင်းကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
အမည်ပျက်စာရင်းသွင်းကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss)ခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီစာရင်းတွင် တပ်မှအရပ်ဘက်အသွင်ပြောင်းထားသည့် စီမံရေးရာ ဌာနမှူး ဦးကျော်မင်း ၊ အင်ဂျင်နီယာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှူး ဦးချိုထွန်းအောင်၊ ရာပြတ်ဌာနမှူး ဦးသစ္စာ ၊ အင်ဂျင်နီယာ ရေနှင့်သန့်ရှင်းမှု ဌာနမှူး ဦးမြင့်ဇော်သန်း ၊ အင်ဂျင်နီယာ လမ်းနှင့်တံတား ဗဟိုပစ္စည်းထိန်းဌာနမှူး ဦးလင်းခိုင်၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှူး ဦးညီညီဦး ၊ အင်ဂျင်နီယာ အဆောက်အအုံ ဌာနမှူး ဦးတင်မောင်ကြည်၊ ပန်းဥယာဉ်နှင့် အားကစားကွင်းများဌာနမှူး ဦးကိုကိုလင်းတို့ပါဝင်သည်။
၎င်းအပြင် တပ်မှအရပ်ဘက်အသွင်ပြောင်းထားသည့် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာနမှူး ဦးတိုးအောင် ၊ တိရစ္ဆာန်ဆေးကုနှင့်ထုန်လုပ်ရေး ဌာနမှူး ဦးစောလင်း၊ ဈေးများနှင့်ကုန်စည်ပွဲရုံများ ဌာနမှူး ဦးသန်းထိုက် ၊အခွန်ဌာနမှူး ဦးနေမျိုးဦး ၊ စစ်ဆေးရေး ညှိနိူင်းဆောင် ရွက်ရေးဌာနမှူး ဦးကျော်မိုး၊ ပြည်သူ့ကျန်းမာရေး ဌာနမှူး ဒေါက်တာမြင့်သန်းထွန်း၊ ကော်မတီရုံးရုံးအဖွဲ့မှူး ဦးဉာဏ်လင်းစိုး တို့ပါဝင်သလို အရပ်ဘက်ဌာနမှူး နှစ်ဦးဖြစ်သည့် ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာနမှူး ဒေါ်နီနီအေး ၊ မြို့ပြစီမံကိန်းဌာနမှူး ဒေါ်တင်တင်ကြည် တို့လည်းပါဝင်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးသည် ၂၀၂၁ အောက်တိုဘာလမှ စတင်၍ အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့ကြသည့် ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံ ဘေးကင်းရေးနှင့် ဖိအားကင်းစင်ရေးတို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျာ်ဖြိုး
#Mizzima
#YCDC
#အမည်ပျက်စာရင်း
Photo - Mizzima / Archive
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍18😁5
မူဆယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
👍15❤2😁2
မူဆယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
========================
ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စယ်လန့်ကျေးရွာအုပ်စု နာထန်နှင့် ဂေါင်ရာကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံမှ သိရသည်။
“စစ်တပ်ဘက်က ပြန်ဆုတ်တဲ့အချိန်မှာ အလောင်းတွေ၊ စစ်လက်နက် ပစ္စည်းတွေကို ကျမတို့က သိမ်းဆည်းရမိပါတယ်။ ကိုယ်လွတ်ပြေး တပ်ဆုတ်တဲ့ သဘောပါ” လို့ TNLA ပြောရေးဆိုခွင့်ရုံးက တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့တွင် နာထန်နှင့် ဂေါင်ရာကျေးရွာအနီး၌ ခလရ(၂၆၁) နှင့် မြို့မ(၂)ပြည်သူ့စစ်များပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် TNLA တပ်ရှိရာသို့ စစ်ကြောင်းထိုးလာသောကြောင့် နံနက် ၁၀နာရီမှ ညနေ ၄နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့သည်။ ထိုတိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း မြေပြင်တပ်ဖွဲ့မှ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရုံးမှ တာဝန်ရှိသူက ပြောသည်။
မူဆယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ RPG တစ်လက်၊ RPG-7 ဗုံးသီး ၂၀ လုံး၊ MA-1 သေနတ် တစ်လက်၊ AK-81 သေနတ် တစ်လက်၊ ၆၀ မမ ထောင့် တစ်ထောင့်၊ ၈၁ မမ ထောင့် တစ်ထောင့်၊ ၈၁ မမ ဗုံးသီး ၄၀ လုံး၊ စက်လတ် တစ်လက်၊ကျည်ဆန် ၅,၀၀၀ တောင့်၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း TNLA မှ ဩဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုဩဂုတ်လ ၂ ရက်နေ့ တစ်ရက်တည်းတွင် လားရှိုးမြို့နယ်၊ တောင်တလောင်ကျေးရွာအနီးတွင်လည်း TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲမှ ထိခိုက်သေဆုံးမှုများကို မသိရသေးကြောင်း ဆိုသည်။
ထို့အပြင် ဇူလိုင်လ ၂၃ ရက်နေ့မှ ဩဂုတ်လ၂ ရက်နေ့အထိ ၁၀ ရက်တာအတွင်း TNLA နှင့် မြန်မာ့စစ်တပ်အကြား တိုက်ပွဲ ကိုးကြိမ် ဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ် ပူးပေါင်းတပ်မှ ၂၅ဦးသေဆုံးကာ ၂၇ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးကို အရှင်ဖမ်းမိထားကြောင်း TNLA မှ ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၊ လားရှိုးမြို့နှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ကြား ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ တိုက်ပွဲများ ခပ်စိတ်စိတ် ပြန်လည်ဖြစ်ပွားနေခဲ့ပြီးနောက် စစ်ကောင်စီမှ ဩဂုတ်လ ၁ ရက်နေ့တွင် TNLA တပ်သား ၁၆ ဦးကို ငြိမ်းချမ်းရေးအကြောင်းပြကာ လွှတ်ပေးခဲ့သော်လည်း လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ဖမ်းဆီးအကျဉ်းချခံထားရသည့် TNLA တပ်သားများအား ငြိမ်းချမ်းရေးအကြောင်းပြကာ ပြန်လွှတ်ပေးသည်ဟု ကြေညာသော်လည်း TNLA မှ စစ်ကောင်စီ၏ သဘောထားအမှန်ကို သတိကြီးစွာထားကာ စောင့်ကြည့်နေမည်ဟု TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က မဇ္ဈိမ ကိုပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုအရ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့(NSPNC)နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး မည်သည့်သဘော တူညီချက်မျှမရဘဲ သတ်မှတ်ရက်မတိုင်မီ ပြီးဆုံးသွားခဲ့သည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်လာခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူများမှ သုံးသပ်ထားကြသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#တိုင်းရင်းသားလက်နက်ကိုင်
#မူဆယ်တိုက်ပွဲ
ဓါတ်ပုံ- TNLA
ပုံစာ - ဩဂုတ် ၂ ရက်နေ့ မူဆယ်တိုက်ပွဲအတွင်းသိမ်းဆည်းရမိသည့် လက်နက်များ

👍14😁1🥴1
ပုလဲမြို့နယ် တနယ်ကျေးရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
🤬10😢2❤1👍1😁1
ပုလဲမြို့နယ် တနယ်ကျေးရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
===================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် တောင်ဘက်အခြမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဩဂုတ်လ ၃ ရက် နံနက် ၄ နာရီ အချိန်တွင် တနယ်ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ရွာကို တစ်ရက် တပ်စွဲပြီး နောက်ရက်မနက် ထွက်ခါနီးလေးမှာ မီးရှို့သွားတာပါ။ ကျေးရွာ ခေါင်းဆောင်တွေဝင်ပြီး မီးငြိမ်းသတ်နိုင်ခဲ့လို့ ဆုံးရှုံးမှုတန်ဖိုးတော့ နည်းသွားတယ် ပြောရမှာပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
အင်အား ၁၂၀ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် အိမ်ခြေ ၃၈၀ ခန့် ရှိသည့် တနယ်ကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ်ကိုးလုံး မီးလောင်ပျက်စီးသွားသည်ဟု ဆိုသည်။
ယင်းအပြင် တနယ်ကျေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းကို ဩဂုတ်လ ၃ရက်နေ့ ညနေပိုင်းအချိန်က ရွာအနောက်ဘက် ဆည်ဘောင်ပေါ်တွင် တွေ့ရှိထားကြောင်း ဒေသခံထံက သိရသည်။
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေခြင်းကြောင့် တနယ်၊ လှော်ကား ၊ ပန်းရွာ ၊ ကျောက်ကုန်း ၊ နွားကူး ၊ မွေ့တုံ ၊ မင်းရွာ ၊ ကိုင်းတွင်း၊ အင်းကန် ၊ စပါးစေ့ နှင့် မင်းတိုင်ပင် ကျေးရွာများမှ ဒေသခံ ဦးရေ၂၀၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
“မိုးတွေကလည်း အဆက်မပြတ် ရွာနေတာဆိုတော့ နေရေးထိုင်ရေး အခက်အခဲ ဖြစ်နေတာပါ။ တချို့ကလည်း မိုးကာတဲလေးတွေ ထိုးနေကြတာ ၊ မိုးကာမရှိတဲ့ သူတွေကတော့ အခက်အခဲတော်တော်လေး ဖြစ်နေကြတာ။ အိမ်မွေး တိရစ္ဆာန်တွေ တစ်ချို့က ပစ်ထားခဲ့ကြရတာ ၊ သိုးအုပ်တွေတော့ တတ်နိုင်သမျှ မောင်းလာကြတယ်။ လူတွေရော အိမ်မွေးတိရစ္ဆာန်တွေပါ အခက်အခဲ ဖြစ်နေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် တနယ်ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အသုံးပြုနေသည့် ဆိုင်ကယ် ၁၂ စီးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသကာကွယ်ရေး ရဲဘော်များထံက သိရသည်။
ယင်းစစ်ကြောင်းသည် လက်ရှိအချိန်တွင် မင်းတိုင်ပင် ကျေးရွာသို့ရောက်ရှိကာ ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက်ဖျက်ဆီးလျက်ရှိသည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး
ပုံအညွှန်း။ ။မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်နှင့်စစ်ရှောင်နေကြသည့် တနယ်ကျေးရွာဒေသခံများ(ဓာတ်ပုံ- CJ)

🤬9😢3👍2❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်မှာ ဆယ်ကျော်သက်တွေကို စမတ်ဖုန်းနဲ့အင်တာနက်အသုံးပြုခွင့်တားမြစ်
#InternationalNews #reels #shorts #China #SmartPhone #Mizzima

👍5😁4
မော်လမြိုင်မြို့ရှိ ကိုလိုနီခေတ်အမျိုးသားအထက်တန်းကျောင်းမီးလောင်
======================
ဂျူချန်း (မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းပဲတန်းလမ်းက ကိုလိုနီခေတ် ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်းလို့ လူသိများတဲ့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းဟာ ယမန်နေ့ညနက်ပိုင်းမှာ မီးလောင်သွားခဲ့ပါတယ်။
ကျောင်းဝင်းထဲက ပင်မအဆောင်ဖြစ်တဲ့ ဦးသာညှင်းကျောင်းဆောင်ဟာ ဩဂုတ်လ ၃ ရက်နေ့ ည ၁၂လောက်မှာ ကျောင်းအုပ်ကြီးရုံးခန်းက မီးစတင်လောင်ကျွမ်းတာကနေ ကူးစက်ခဲ့တာဖြစ်ပြီး မနက် ၃နာရီလောက်မှာမှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါ့ဆမီးကြောင့်လို့ ဒေသခံတွေကပြောပြီး မီးလောင်ကျွမ်းရခြင်း အကြောင်းအရာအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ လက်ရှိမှာ ကျောင်းကို ယာယီပိတ်ထားတယ်လို့ သိရပါတယ်။
အမှတ်(၉) မော်လမြိုင် အထက်တန်းကျောင်းဟာ ကိုလိုနီခေတ် ၁၈၉၉ ခုနှစ်ကတည်းက အမျိုးသားအထက်တန်းကျောင်းအဖြစ် တည်ဆောက်ခဲ့တဲ့ ကျောင်းဆောင်ကြီးဖြစ်ပါတယ်။နှစ်ပေါင်း ၁၂၄နှစ်ရှိပြီဖြစ်တဲ့ မြို့အမွေအနှစ်တခုဖြစ်တာကြောင့် အခုလို မီးလောင်ပျက်စီးသွားရတဲ့အတွက် မြို့နေလူထုက နှမြောတသသဖြစ်နေကြပါတယ်။
https://youtu.be/r3PN8IAgdQ8
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မော်လမြိုင်မြို့ရှိ ကိုလိုနီခေတ်အမျိုးသားအထက်တန်းကျောင်းမီးလောင်
ဂျူချန်း (မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းပဲတန်းလမ်းက ကိုလိုနီခေတ် ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်းလို့ လူသိများတဲ့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းဟာ ယမန်နေ့ညနက်ပိုင်းမှာ မီးလောင်သွားခဲ့ပါတယ်။
ကျောင်းဝင်းထဲက ပင်မအဆောင်ဖြစ်တဲ့ ဦ…
ကျောင်းဝင်းထဲက ပင်မအဆောင်ဖြစ်တဲ့ ဦ…
😢7🔥4👍2
တနင်္သာရီမြို့တွင် စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံ အချို့ ထိခိုက် ၊ နေအိမ်များ ပျက်စီး
🤬6😢2❤1😁1

=====================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီမြို့နယ်ရှိ ခြေလျင်တပ်ရင်း (ခလရ -၅၆၁) က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်၍ ဒေသခံ နှစ်ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်ခြောက်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ ည ၇ နာရီမှ ၁၁ နာရီကျော်အတွင်း ထိုသို့ ပစ်ခတ်ခဲ့၍ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ဗောဓိကမ်းရွာ၊ ခြောက်မိုင်ရွာ၊ ငါးမိုင်ရွာနှင့် ဘန်လောရွာများသို့ လက်နက်ကြီးကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ခြောက်မိုင်ရွာခံ တစ်ဦးက“ညက တညလုံး ပစ်နေလို့ ဒေသခံတွေ ကြောက်ပြီး မအိပ်ရဲကြဘူး။ ထွက်ပြေး နေရသူတွေလည်း ရှိတယ်”ဟု ပြောသည်။
အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း နှစ်ဦး ထိခိုက်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူက ပြောသော်လည်း ဒေသခံများကမူ နှစ်ဦး သေဆုံးခဲ့ကြောင်းဆိုသည်။ ထိုကွဲလွဲချက်အပေါ် အမှန်အတည်ပြုနိုင်ရန် မဇ္ဈိမက ကြိုးစားနေဆဲဖြစ်သည်။
လက်ရှိ ဩဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်နေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဩဂုတ်လ ၁ ရက်နေ့က တနင်္သာရီမြို့ပေါ်ရှိ နေရာ အချို့ကို PDF အဖွဲ့က ဒရုန်နှင့် သွားရောက် တိုက်ခိုက်ခဲ့သလို မြေပြင် စစ်ကောင်စီ ဂိတ်စခန်းများကိုလည်း ပစ်ခတ်ခဲ့ပြီး နောက် လက်ရှိတွင် မြို့တွင် လုံခြုံရေး အင်အားတိုးချထားကြောင်း မြို့ခံများထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လက်နက်ကြီးဖြင့် ပစ်ခတ်
#ခလရ -၅၆၁
ပုံအညွှန်း- လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ-CJ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီမြို့နယ်ရှိ ခြေလျင်တပ်ရင်း (ခလရ -၅၆၁) က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်၍ ဒေသခံ နှစ်ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်ခြောက်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ ည ၇ နာရီမှ ၁၁ နာရီကျော်အတွင်း ထိုသို့ ပစ်ခတ်ခဲ့၍ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ဗောဓိကမ်းရွာ၊ ခြောက်မိုင်ရွာ၊ ငါးမိုင်ရွာနှင့် ဘန်လောရွာများသို့ လက်နက်ကြီးကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ခြောက်မိုင်ရွာခံ တစ်ဦးက“ညက တညလုံး ပစ်နေလို့ ဒေသခံတွေ ကြောက်ပြီး မအိပ်ရဲကြဘူး။ ထွက်ပြေး နေရသူတွေလည်း ရှိတယ်”ဟု ပြောသည်။
အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း နှစ်ဦး ထိခိုက်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူက ပြောသော်လည်း ဒေသခံများကမူ နှစ်ဦး သေဆုံးခဲ့ကြောင်းဆိုသည်။ ထိုကွဲလွဲချက်အပေါ် အမှန်အတည်ပြုနိုင်ရန် မဇ္ဈိမက ကြိုးစားနေဆဲဖြစ်သည်။
လက်ရှိ ဩဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်နေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဩဂုတ်လ ၁ ရက်နေ့က တနင်္သာရီမြို့ပေါ်ရှိ နေရာ အချို့ကို PDF အဖွဲ့က ဒရုန်နှင့် သွားရောက် တိုက်ခိုက်ခဲ့သလို မြေပြင် စစ်ကောင်စီ ဂိတ်စခန်းများကိုလည်း ပစ်ခတ်ခဲ့ပြီး နောက် လက်ရှိတွင် မြို့တွင် လုံခြုံရေး အင်အားတိုးချထားကြောင်း မြို့ခံများထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လက်နက်ကြီးဖြင့် ပစ်ခတ်
#ခလရ -၅၆၁
ပုံအညွှန်း- လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ-CJ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍2🔥2😢2❤1
This media is not supported in your browser
VIEW IN TELEGRAM
မဟာဗျူဟာကျတဲ့ ပင်လယ်ကွေ့ကျွန်းများအနီး အီရန်အစောင့်တပ်တွေ စစ်ရေးလေ့ကျင့်မှုပြုလုပ်
#InternationalNews #reels #shorts #Mizzima

🔥2