Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖာပွန်မြို့ပေါ်ရှိ အစိုးရရုံး ၄ ရုံးနှင့် ဝန်ထမ်းအိမ်ရာ ၂ ခု ဗုံးခွဲတိုက်ခိုက်ခံရ
👏15🥱3🔥2
ဖာပွန်မြို့ပေါ်ရှိ အစိုးရရုံး ၄ ရုံးနှင့် ဝန်ထမ်းအိမ်ရာ ၂ ခု ဗုံးခွဲတိုက်ခိုက်ခံရ
=====================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ရာများ ဗုံးခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများနှင့် ဖာပွန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် ည ၁၁ နာရီ ဝန်းကျင်အချိန်တွင် ဖာပွန်မြို့ပေါ်ရှိ ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး၊ မြို့နယ်တရားရုံး၊ မြို့နယ်စာရင်းစစ်ရုံး၊ မြို့နယ်အခွန်ရုံး၊ ိ ခရိုင်လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးနေအိမ်နှင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းအိမ်ရာတို့ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

" အသံတွေက ရှေ့ဆင့်နောက်ဆင့် ဆက်တိုက်ပဲကြားရတာ။ ဒီဘက်က စာထုတ်ထားတာပဲ လူနေရင်လည်း သေမှာပေါ့။ လူအထိအခိုက်တော့ မရှိဘူးကြားတယ်" ဟု ဖာပွန်မြို့နယ် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အဆိုပါ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ရာ အဆောက်အအုံများ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါနေရာများအတွင်း နေထိုင်သူမရှိ၍ လူသူအထိအခိုက် တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အစိုးရရုံးများနှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအိမ်ရာများအား ဗုံးခွဲတိုက်ခိုက်ခြင်းကို တော်လှန်ရေးအင်အားစုများဘက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖာပွန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

" ရုံးတွေဖောက်ခွဲမှုက တကယ်ဖြစ်ခဲ့ပါတယ်။ တော်​လှန်ရေးအဖွဲ့က လုပ်တာပါ။ ဘယ်အဖွဲ့လုပ်တယ်ဆိုတာကိုတော့ တပ်မဟာ (၅) ရဲ့ထုတ်ပြန်ချက်မထွက်သေးတဲ့အတွက် အဲ့ဒါကိုတော့ အဖြေပေးလို့မရနိုင်သေးဘူးဗျ" ဟု ဖာပွန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ဖာပွန်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ​၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင် (ဖာပွန်ခရိုင်) အတွင်း တည်ရှိပြီး KNU တပ်မဟာ (၅) က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင်တစ်ကြိမ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် တစ်ကြိမ် စာထုတ်ကာ စစ်ကောင်စီလက်အောက်ခံ အစိုးရဝန်ထမ်းများ ၎င်းတို့​၏ ရာထူး၊ တာဝန်များမှ အမြန်ဆုံးနုတ်ထွက်၊ စွန့်ခွာရန် သတိပေးတောင်းဆိုထားသည်။

KNU တပ်မဟာ (၅)​၏ ဩဂုတ်လ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ကျန်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် KNU တပ်မဟာ (၅) ​၏ ထုတ်ပြန်ချက်အပေါ် လိုက်နာ၍ ၎င်းတို့​၏ ရာထူးမှ အမြန်ဆုံးနှုတ်ထွက်ရန်နှင့် လိုက်နာခြင်းမရှိပါက အမိန့်ဆန့်ကျင်သူများအဖြစ် သက်မှတ်ကာ ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်ခြင်း ပြုလုပ်သွားမည့်အကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ဖာပွန်မြို့ပေါ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ( USDP) ရုံး ဗုံးခွဲတိုက်ခိုက်ခံရမှုရှိပြီး အဆောက်အအုံ ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေး တယ်လီဂရမ်ချန်နယ်များ​၏ ဖော်ပြချက်အရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဗုံးခွဲတိုက်ခိုက်
#ဖာပွန်မြို့

ပုံအညွှန်း- ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဖာပွန်မြို့နယ် အစိုးရရုံးများ (ဓါတ်ပုံ- စစ်ကောင်စီပြန်ကြားရေးချန်နယ်များ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏5🥴2
​​ထားဝယ်ခရိုင်အတွင်းက သပိတ်ဦးဆောင်ကော်မတီဝင်၏ ဖခင်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်
=====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ ထားဝယ်ခရိုင်အတွင်း စစ်အာဏာရှင်ဆန့်ရေးပြုလုပ်နေသည့် သပိတ်ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးဆိုသူ၏ ဖခင်ကို စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၁၃ ရက်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မိသားစုဝင်ထံက သိရသည်။
“အဖေကို စဖမ်းတာက ဇွန်လ ၁၉ ရက်နေ့ကပါ။

ဒီနေ့မှ မိသားစုနဲ့ တွေ့ခွင့်ရတာပါ။ ဒီနေ့နဲ့ဆိုရင် ရက်ပေါင်း ၅၆ ရက်လောက် ရှိပါပြီ”ဟု ဖခင်ဖြစ်သူ အမှုဖွင့်အရေးယူခံရသည့်အကြောင်းကို ကိုမင်းလွင်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်က အသက် ၆၅ နှစ်အရွယ်ရှိ ဦးအောင်ဖေအား စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့တွင် မိသားစုဝင်များထံသို့ အကြောင်းကြားလာခြင်းဖြစ်ကာ မိသားစုဝင်များနှင့် ပထမဆုံး တွေ့ခွင့်ပေးခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

လက်ရှိတွင် လောင်းလုံးမြို့မရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ဦးအောင်ဖေအား ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားသော်လည်း မည်သည့်နေ့တွင် ရုံးထုတ် အမှုဖွင့်စစ်ဆေးမည်ကို မသိရသေးကြောင်း မိသားစုဝင်များက ပြောသည်။

ထိုအတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ အတွင်း ကလည်း ကိုမင်းလွင်ဦး၏ မိခင်ဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးခဲ့ပြီး လေးရက်အကြာတွင် ပြန်လည် လွှတ်ပေးခဲ့သည်။

စစ်ကောင်စီက ကိုမင်းလွင်ဦးကို ဖမ်းဆီးရန် ဝရမ်းထုတ်ထားပြီး ဖမ်းဆီးပေးသူကို ဆုကြေးငွေ ပေးမည်ဟုလည်း ကြေညာထားခြင်း ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#ဖမ်းဆီးမှု

ပုံအညွှန်း-ဖမ်းဆီးခံထားရသူ ဦးအောင်ဖေ။(ဓာတ်ပုံ-CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14👍3😁2❤1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၃ ဩဂုတ် ၂၀၂၃)
===================

အမျိုးသားညီညွတ်ရေး အစိုးရ

• နွေဦးတော်လှန်ရေးတွင် မျိုးဆက်သစ်လူငယ်များ၏ ပေးဆပ်အနစ်နာခံမှု ၊ ဆန်းသစ်တီထွင်မှု ၊ မြဲမြံခိုင်မာသည့် ယုံကြည်ချက်ဖြင့် တော်လှန်ရေးတွင် တစ်သားတည်း ရပ်တည်မှုများသည် အနာဂတ် ဖက်ဒရာယ်ဒီမိုကရေစီနိုင်ငံသစ်တွင် ခမ်းနားသည့် သမိုင်းအဖြစ် တည်ရှိနေမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဩဂုတ် ၁၂ ရက်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် ဂုဏ်ပြုစကားပြောကြားခဲ့သည်။

• မတရားအာဏာသိမ်းယူထားသည့် စစ်ကောင်စီအုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို စုပေါင်းတော်လှန်တိုက်ခိုက်ကြရင်း ကရင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးစုအားလုံး၏

သွေးစည်းညီညွတ်မှုမှာ ပိုမိုအားကောင်းလာပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးပေါ်ပေါက်လာရေး ဘုံရည်မှန်းချက်သည် လက်တကမ်းအကွာကို ရောက်ရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက (၇၃)နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

• စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာအနီး ပြည်သူပိုင်လမ်းတွင် အကြမ်းဖက်စစ်တပ်က ထောင်ထားသည့် နင်းမိုင်းများကို ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် PDF တပ်ဖွဲ့က ဖြုတ်သိမ်းနိုင်ခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က အသိပေးထုတ်ပြန်ထားသည်။

• အမျိုးသာညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော ပြည်ပရောက် မြန်မာနိုင်ငံသား မိဘ နှစ်ပါးမှ မွေးဖွားသော သား/သမီးများအား မွေးစာရင်းလက်မှတ်ထုတ်ပေး ရေးလုပ်ငန်း ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးကို ဩဂုတ် ၁၂ ရက် နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

• မကွေးတိုင်း ၊ ဆောမြို့နယ်က စစ်ဘေးရှောင်များကို NUG ဆောကျန်းမာရေးတာဝန်ခံ နှင့် PDF အမှတ် (၁) စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းမှ ဆေးတပ်သားများက ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့သည်ဟု The Youth Force-Saw & Kyaukhtu က ထုတ်ပြန်ထားသည်။
👍13😁2
ဘားအံမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်သူ ၇,၀၀၀ နီးပါးရှိ
😢5🔥1
ဘားအံမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်သူ ၇,၀၀၀ နီးပါးရှိ
====================

YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မိုးရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုတို့ကြောင့် သံလွင် မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်မြင့်တက်ပြီး မြေအနိမ့်ပိုင်းဒေသများ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ ၍ ရေဘေးသင့်ပြည်သူ ၆,၈၅၀ ဦးရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်နှင့် လူမှုကူညီရေးအသင်းများ ထံမှ သိရသည်။

ဘားအံမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုတို့ ကြောင့် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ကာ မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီး ရေလျှံမှုများ စတင်ဖြစ်ပေါ်ခဲ့ပြီး ကားလမ်းမများပေါ်ထိ ရေလွှမ်းမိုးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီထုတ်ပြန်ချက်အရ သံလွင်မြစ်ရေသည် ဩဂုတ်လ ၁၂ ရက်နေ့ တိုင်းတာချက်အရ တပေခန့်ကျဆင်း သွားသော်လည်း စိုးရိမ်ရေမှတ်အထက် သုံးပေခန့်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

“ရေကတဝက်လောက်ပြန်ကျပေမယ့် ကျတာနှေးတဲ့အတွက် ဒေသခံတွေ အိမ်မပြန်ရဲကြသေးဘူး။ ဒုတိယအကြိမ် ပြန်တက်ဦးမှာဆိုတော့ တချို့ကလည်း မပြန်ချင်ကြသေးဘူး” ဟု ဒေသတွင်း သတင်းရင်း မြစ်က မဇ္ဈိမကိုပြောသည်။

ဩဂုတ်လ ၁၂ ရက်နေ့ကမေးမြန်းချက်အရ ဘားအံမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ယာယီ ကယ်ဆယ်ရေးစခန်း ၁၃ ခုဖွင့်လှစ်ထားပြီး လာရောက်ခိုလှုံသူ ၆,၈၅၀ ဦးရှိကာ ရေအနည်းငယ်ကျဆင်း သွား၍ အချို့မှာ မိမိတို့၏နေအိမ်များတွင် ပြန်လည်နေထိုင်နေကြပြီဖြစ်ကြောင်း သိရသည်။

သို့သော် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် မြင့်တက်နေဆဲဖြစ်ပြီ မိုးဆက်လက်ရွာသွန်းနေ၍ မြစ် ရေထပ်မံတက်လာနိုင်ချေရှိသောကြောင့် အများစုမှာ ကယ်ဆယ်ရေးစခန်းများတွင်သာ နေထိုင်နေဆဲဖြစ် ကြောင်း သိရသည်။

“ဇာသပြင်-ဘားအံအဖြောင့်လမ်း၊ ကျော်ဇေယျလမ်း အဲ့ဒါက ဆေးရုံကြီးအနောက်ဘက်ကလမ်း၊ ပြီးတော့ ပိတောက်လမ်း၊ မြို့ရှောင်လမ်း အဲဒီလိုလမ်းတွေတော့ ရေတော်တော်ကျသွားပြီ။ ဆိုင်ကယ်တွေသွားလာ လို့ရနေပြီ” ဟု ဒေသတွင်း လူမှုကူညီရေးအသင်းသားတဦးက မဇ္ဈိမကိုပြောသည်။

ဘားအံမြို့နယ်ရှိ ရေဘေးအရေးပေါ်ကူညီကယ်ဆယ်ရေးစခန်းများတွင် လက်ရှိခိုလှုံနေသော ရေဘေး သင့်ပြည်သူအရေအတွက်အား မဇ္ဈိမမှ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ကရင်ပြည်နယ်တွင် ဘားအံမြို့နယ်အပြင် လှိုင်းဘွဲ့၊ ပိုင်ကျုံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုးမြို့နယ်တို့တွင်လည်း မိုးရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုတို့ကြောင့် ရေကြီးရေလျှံမှုများဖြစ် ပေါ်ခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#ဘားအံမြို့
#ရေကြီးရေလျှံ
#ရေဘေးသင့်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥6😢3👍2
ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်း မတူသူများနှင့် အတူယှဉ်တွဲနေထိုင်ခြင်း | Common Ground- Episode (2)
==================

ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။

https://youtu.be/jvH2_3mJZHU

#commonground
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥3
“အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု” ‘ဘယ်လိုလုပ်မလဲ၊​ ဘယ်တော့လုပ်သင့်လဲ’ | Editors' Talk - Ep (19)
=-================

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) လုပ်ငန်းစဥ်တွေကို မဖြစ်မနေ ဦးစားပေး ချမှတ် အကောင်အထည်ဖော်ဆောင်သွားမယ်လို့ NUG နဲ့ NUCC တို့ ပူးတွဲထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာ ဘာကိုပြောတာပါလဲ၊ အဲဒီလုပ်ငန်းစဥ်တွေကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုအခြေအနေတွေ လိုအပ်ပါသလဲ၊ အဲဒီလုပ်ငန်းစဥ်တွေက အခုကိုပဲ စလုပ်သင့်ပါပြီလား၊ ဘယ်အချိန် ဘယ်ကာလမှာ စလုပ်သင့်ပါသလဲ စတာတွေကို အခုတပတ် ဆွေးနွေးခန်းမှာ နားဆင်ကြရပါမယ်။

ဥပဒေရေးရာ သုတေသီတဦးဖြစ်သူ မရိုဇာလင်း ဇာဟောင်း၊ နိုင်ငံရေးအကျဥ်းသားဟောင်းတဦးဖြစ်ပြီး နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အမှုဆောင်အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ကိုအောင်မျိုးကျော်တို့နဲ့ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။

https://youtu.be/uQnkrKgffGo

#Editors’Talk
#တရားမျှတမှု
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14😁2
​​Kim Ji-young: Born 1982
============

“တစ်စုံတစ်ယောက်ရဲ့ ဇနီးတစ်စုံတစ်ယောက်ရဲ့မိခင်တစ်ခါတလေတော့လည်း ဒီလိုဖြစ်တည်မှုကိုသဘောကျပေမဲ့တစ်ခါတလေတော့လည်း ထောင်ချောက်မိနေသလိုခံစားရတယ်တစ်နေရာရာမှာများ ထွက်ပေါက်ရှိမလားလို့ လိုက်ရှာပေမဲ့ရှာလို့မတွေ့ဘူးလေကြာတော့ နဂိုတည်းက ထွက်ပေါက်မရှိခဲ့တာလားလို့တွေးမိပြီးဒေါသထွက်မိပါတယ်”

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လုပ်ငန်းခွင်မှာ သူငယ်ချင်းကြားမှာမိသားစုဝင်ကြားမှာ ကျား/မခွဲခြားဆက်ဆံခံရမှုတွေ ရှိနေဆဲပါပဲအမျိုးသမီးဆိုတဲ့ဖြစ်တည်မှုဟာ အိိမ်ထောင်မှုထိန်းသိမ်းဖို့ကလေးမွေးဖို့ ကလေးထိန်းဖို့အတွက်လို့ သတ်မှတ်ထားကြတဲ့
လူ့အဖွဲ့အစည်းတစ်ရပ်ကလည်း ယခုချိန်ထိရှိနေတုန်းပါဒီဇာတ်ကားဟာ ၁၉၈၂ ခုနှစ်မှာမွေးဖွားခဲ့တဲ့ဂင်ဂျီယောင်းဆိုတဲ့ အမျိုးသမီးအကြောင်းရိုက်ကူးထားတာပါပညာသင်ရမယ့်အရွယ်မှာ ပညာသင်ခဲ့ပြီးအလုပ်လုပ်ရမယ့်အချိန်မှာ အလုပ်လုပ်ရင်းအိမ်ထောင်ပြုချိန်မှာ အိမ်ထောင်ပြုကလေးယူချိန်မှာ ကလေးယူခဲ့တဲ့ သာမန်အမျိုးသမီးတစ်ဦးပါပဲသို့ပေမဲ့ အမျိုးသမီးဆိုတဲ့ဖြစ်တည်မှုကို ကလေးမွေးဖို့လောက်ပဲသတ်မှတ်ထားကြတဲ့ လူ့အဖွဲ့အစည်းမှာ နေရတာကြောင့်ဂင်ဂျီယောင်းရဲ့ ကမ္ဘာဟာ တဖြည်းဖြည်းနဲ့ကျဉ်းမြောင်းလာခဲ့ပါတော့တယ်ဒီရုပ်ရှင်ဟာ ကျွန်တော်ပြောခဲ့သလိုပဲ ဂင်ဂျီယောင်းဆိုတဲ့သာမန်အမျိုးသမီးအကြောင်း ရိုက်ကူးထားတဲ့ Drama ဇာတ်ကားပါ

သို့ပေမဲ့ ဆုပေါင်း ၁၂ ဆုတိတိရရှိထားပြီးတော့ Rating ကောင်းကောင်းရထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်
ဒါကြောင့် စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ....

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၁၃.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍8😁1
နိုင်ငံတကာ ပံ့ပိုးကူညီမှု မရှိပါက မြန်မာနိုင်ငံမှပြည်ပရောက်အစိုးရဟာ Bitcoin Bond ကို စဥ်းစားသင့်

Bitcoin Magazine မှ ဖော်ပြထားသည့် IN THE ABSENCE OF INTERNATIONAL SUPPORT, MYANMAR’S EXILED GOVERNMENT SHOULD EXPLORE A BITCOIN BOND ကို ဆီလျှော်အောင် ဘာသာပြန်သည်။

မြန်မာနိုင်ငံမှ ပြည်ပရောက် အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရဟာ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုကိုရဖို့ ရုန်းကန်နေရတာကြောင့် Bitcoin ငွေချေးစာချုပ်ကမ်းလှမ်းမှုများပြုလုပ်သင့်ပါတယ်။ Biden အစိုးရက 2021 ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို မြန်မာနိုင်ငံ (ဘားမား ဟုသ်ိလည်းလူသိများတဲ့ နိုင်ငံ) တွင် စီးပွားရေး ပိတ်ဆို့မှုများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ပြီး အမေရိကန်ပြည်ထောင်စုအတွင်း မြန်မာ အစိုးရမှ သိမ်းထားတဲ့ ရန်ပုံငွေ ဒေါ်လာ 1 ဘီလီယံကို Freeze လိုက်ပါတယ်။ မြန်မာ့နွေဦး တော်လှန်ရေးစတင်ပြီး နှစ်နှစ်ကျော်အကြာမှာ မြန်မာစစ်တပ်မှ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရကို အကြမ်းဖက် ဖြုတ်ချခြင်းကနေ ပေါက်ဖွားလာတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဟာ 2020 ခုနှစ် ရွေးကောက်ပွဲမှ ရွေးကောက်ခံလွတ်တော်အမတ်များအများစုနှင့် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
👍19❤1😁1🤮1
တပ်မတော်ရဲ့ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်အောင်မြင်စွာ ထွက်ခဲ့နိုင်သော အာဏာသိမ်းမှု ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ဟာ တော်လှန်ရေး အရှိန်မြှင့်တင်ဖို့ အတွက် အဆိုပါ ထိန်းသိမ်းခံထားရသော ရန်ပုံငွေများကို ရယူဖို့ နည်းလမ်းများကို ဆက်လက် ရှာဖွေနေကြပါတယ်။ အဆိုပါ ရန်ပုံငွေများကို ရယူသုံးစွဲဖို့ အလွန်လိုအပ်နေပုံရပါတယ်။ မြန်မာနိုင်ငံတွင် 2021 ခုနှစ် ဖြုတ်ချခံရပြီးနောက် ဆိုးရွားသော အခြေအနေတစ်ရပ်ကို ဖန်တီးခဲ့သလိုဖြစ်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်ဟာ နယ်မြေ ၁၇ ရာခိုင်နှုန်းကိုသာတည်ငြိမ်စွာ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကျန်နေရရာဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ ရွာသူရွာသား (၁၀၀) သေဆုံးခဲ့ရတဲ့ ဧပြီလ လေကြောင်းတိုက်ခိုက်မှုကဲ့သို့ စိတ်ဆင်းရဲစရာ တိုက်ခိုက်ခံရမှုများနှင့် ရင်ဆိုင်နေရပါတယ်။ အာဏာသိမ်းပြီးကတည်းက လူပေါင်း ၃,၅၀၀ ကျော် သေဆုံးပြီး အရပ်သား ၂၃,၀၀၀ ကျော် အကျဉ်းချခံခဲ့ရတာက လူသားချင်းစာ
နာထောက်ထားမှု အကူအညီတွေ အရေးပေါ်လိုအပ်နေတာကို မီးမောင်းထိုးပြနေပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေ ၁၇ ဒသမ ၆ သန်း အကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး ဒါဟာ ယူကရိန်းမှာ လိုအပ်နေတဲ့ လူဦးရေနဲ့ ညီမျှပါတယ်။ သို့ပေမယ့် ကုလသမဂ္ဂ လူသားချင်းစာန
ာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) တုံ့ပြန်ရေးအစီအစဉ်က မြန်မာနိုင်ငံအတွက် ရန်ပုံငွေပမာဏဟာ ကြီးမားတဲ့ဒါမှမဟုတ်တူညီတဲ့ ပြဿနာများကို ရင်ဆိုင်နေရတဲ့ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံအတွက် ရန်ပုံမှာသိသိသာသာကွာဟချက်ကို မြင်တွေ့ရပါတယ်။ ကျွန်တော့်အမြင်အရတော့ အကူအညီလိုအပ်နေတဲ့ 17.6 သန်းထဲက လူ 5 သန်းကိုသာထိထိရောက်
ရောက်ရှိတဲ့အတွက် ဒီအစီအစဥ်ရဲ့အကျိုးထိရောက်မှုဟာ သိသိသာသာနည်းပါတယ်။ ထိုသို့ငွေကြေးမလုံလောက်မှုဟာ ကမ္ဘာ့မူဝါဒအဆင့်မှာ မြန်မာနိုင်ငံပဋိပက္ခအတွက် ကြီးမားသောပံ့ပိုးကူညီမှုပေးဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ဆိုင်းနေမှုကိုမီးမောင်းထိုးပြ
နေပါတယ်။ ထိုကဲ့သို့အကူအညီ နည်းပါးမှုက လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းနှင့် ရုန်းကန်နေရသော မြန်မာနိုင်ငံပြည်သူများအပေါ် အရေးပါတဲ့ သက်ရောက်မှု ဖြစ်နေပါတယ်။


United States Institute Of Peace မှ မကြာသေးမီက သုံးသပ်ချက်ဆောင်းပါးတွင် မြန်မာနိုင်ငံက ထင်ရှားတဲ့ ပုဂ္ဂိုလ်အုပ်စုတစ်စုဟာ ဒီမိုကရေစီတိုက်ပွဲတွင် ယူကရိန်းနိုင်ငံသားများနှင့် မျှဝေရဲသော သတ္တိ၊ စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုကို အလေးပေးဖော်ပြခဲ့ပါတယ်။ သို့သော်လည်း နှစ်နိုင်ငံရရှိတဲ့ နိုင်ငံတကာအကူအညီအဆင့်တွင် သိသာထင်ရှားသောကွာဟချက်ကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။ ယူကရိန်းဟာ ရုရှားရန်လိုမှုကို တန်ပြန်ဖို့ကြီးမားသောအကူအညီများ ရရှိထားပေမယ့် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုတွင် နှိုင်းယှဥ်ကြည့်လျင် လိုအပ်တဲ့ ထောက်ပံ့မှုများမရရှိခဲ့ပါဘူး။ ယူကရိန်းက ရရှိတဲ့ ထောက်ပံ့ကူညီမှု ရဲ့အပိုင်းတစ်ပိုင်းလောက်ရရင်တောင်မှ စစ်အာဏာရှင်တွေကို ဖြုတ်ချဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာရဲ့ကြိုးပမ်းမှုတွေအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနိုင်တယ်လို့ စာရေးသူက ထောက်ပြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အရိပ်အစိုးရဖြစ်သော NUG ဟာနိုင်ငံတကာ သံတမန်ရေးရာ ရှေ့တန်းတွင် အခြားသောအားနည်းချက်များနှင့် ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံပိုင်နက် ၅၃ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး မြန်မာအက်ဥပဒေ (Burma Act) ဖြင့် ဝါရှင်တန်ဒီစီတွင် ဆက်ဆံရေးရုံးဖွင့်လှစ်ခဲ့ပေမယ့် NUG ဟာ အမေရိကန်ထံမှ တရားဝင်မှုနှင့် အသိအမှတ်ပြုမှုရရှိရန် ရုန်းကန်နေရပါသေးတယ်။ ဥရောပပါလီမန်က 2021 ခုနှစ် အောက်တိုဘာလမှစတင်ပြီး "မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီဆန္ဒအတွက် တရားဝင်ကိုယ်စားလှယ်တွေ" အဖြစ် NUG အား ထောက်ခံအားပေးတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပေမယ့် အမေရိကန်တွင် အလားတူ အသိအမှတ်ပြုမှုရရှိဖို့တော့ ရုန်းကန်ကြိုးစားနေရစဲဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲအတွက် ငွေကြေးထောက်ပံ့ခြင်း -------------------------------------------------------------------------------
👍17❤2😁1🤮1
ထိုသို့ စိန်ခေါ်မှုကာလအတွင်း US မှရပ်တန့်ထားသောရန်ပုံငွေများကိုရယူဖို့ကြိုးစားနေချိန်တွင် NUG ဟာအခြားရန်ပုံငွေရှာဖွေရေးလမ်းကြောင်းများကိုလည်းရှာဖွေခဲ့ပါတယ်။ ဥပမာအနေနဲ့ပြောရရင်တီထွင်ဖန်တီးမှုနည်းလမ်းများဖြင့် ကမ္ဘာတစ်ဝှမ်းရှိ မြန်မာလူမျိုးများထံမှ ဒေါ်လာသန်းပေါင်းများစွာကို အောင်မြင်စွာ ကောက်ခံစုဆောင်းနိုင်ခဲ့ပါတယ်။ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန (MOPFI) က နှစ်ရက်ခွဲအတွင်း ထူးထူးခြားခြား မြေယာရောင်းချမှုကို စတင်ခဲ့ပြီး နှစ်ရက်ခွဲအတွင်း ဒေါ်လာ ၉ သန်း ရရှိခဲ့ပါတယ်။ စစ်အာဏာရှင်ရဲ့ မြေယာစာချုပ်များကို လေလံတင်ရောင်းချမှုကလည်း သုံးရက်အတွင်း အမေရိကန်ဒေါ်လာ ၂ သန်း ရရှိခဲ့တာပါ။ 2023 ခုနှစ်အစောပိုင်းတွင် NUG ဟာ စစ်အာဏာရှင်ကို အားနည်းစေပြီး သူတို့ရဲ့ ဒီမိုကရေစီကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးဖို့အတွက် ဒေါ်လာ 132 သန်းကျော်စုဆောင်းထားနိုင်ကြောင်း ကြေညာခဲ့ပါတယ်။ ပိုပြီး အထင်ကြီးစရာကောင်းတာကတော့ ဒီပမာဏဟာ လူဦးရေ ၅၄ သန်းရှိတဲ့ တိုင်းပြည်မှာ အဓိက အခြေခံထားတာဖြစ်ပြီး၊ တစ်ဦးချင်း GDP ဟာ အတော်လေးနည်းပြီး ဒေါ်လာ 1,085 သာရှိပြီး ပြည်ပမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားဆိုတာကလည်း ၄.၅ သန်းလောက်သာ ရှိတာပါ။ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ယနေ့အထိ ရရှိတဲ့ ရန်ပုံငွေရဲ့ ၄၅ ရာခိုင်နှုန်းခန့်မှာ Spring Revolution အထူးငွေတိုက်စာချုပ်များ ရောင်းချခြင်းကနေ ဖြစ်ကြောင်း Straits Times သို့ ပြောကြားခဲ့ဖူးပါတယ်။

NUG မှ မကြာသေးမီက ကြားဖြတ်ဗဟိုဘဏ်တစ်ခု တည်ထောင်ခြင်းအပြင် အရိပ်အစိုးရဟာသူတို့ရဲ့ပြဿနာများအတွက် မူရင်းဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဖြေရှင်းနည်းများကို ရှာဖွေဖော်ထုတ်နေလျက်ရှိပါတယ်။ Polygon blockchain မှ ကျောထောက်နောက်ခံပြုထားတဲ့ Spring Development Bank ရဲ့ မကြာသေးမီက အစမ်းလွှင့်တင်မှု ကဲ့သို့သောခြေလှမ်းများဖြစ်ပါတယ်။ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် တက်ရောက်တဲ့ ကြေငြာချက်တွင် Spring Development Bank ဟာ ကြားဖြတ်ဗဟိုဘဏ်ထံမှ လိုင်စင်နှင့် စည်းမျဉ်းများကို လက်ခံရရှိထားပြီးဖြစ်သည့် မြန်မာကျပ်၊ အမေရိကန် ဒေါ်လာ၊ စင်္ကာပူဒေါ်လာနှင့် ထိုင်းဘတ် ငွေကြေးလုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ ကြေငြာပွဲအခမ်းအနားရဲ့ အမေးအဖြေကဏ္ဍတွင် NUG ဟာ Spring Development Bank မှတဆင့် နိုင်ငံတကာရန်ပုံငွေကို ဖြန့်ကြက်ရန် အစီအစဉ်ရှိကြောင်းလည်း ဦးတင်ထွန်းနိုင်က ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်က ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ ဒေါ်လာ ၁ ဘီလီယံ အရန်ငွေကို တရားဝင်နည်းလမ်းဖြင့် ပြန်လည်ရယူဖို့လည်း တက်ကြွစွာ လုပ်ဆောင်နေကြောင်းလည်း သူကထပ်မံ ပြောကြားခဲ့ပါတယ်။ တော်လှန်ရေး အရှိန်အဟုန် တိုးမြင့်လာတာနှင့်အမျှထို့ကဲ့သို့ ကိစ္စရပ်များတွင် သိသာထင်ရှားသော တိုးတက်မှုကိုမျှော်လင့်ကြောင်းလည်း၀န်ကြီး က အလေးအနက် ပြောကြားခဲ့ပါတယ်။ NUG ရဲ့ ကိုယ်ပိုင်ရန်ပုံငွေရရှိရေးတွင် ကနဦးအောင်မြင်မှုမှာ အလားအလာကောင်းနေသော်လည်း၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အလှူရှင်များက တိုင်းပြည်ရဲ့ ရုန်းကန်မှုများကို လျစ်လျူရှုထားတာကြောင့် မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုတွင် ပြည်သူများက အဓိကလုပ်ဆောင်နေရပါတယ်။ ထိုအချက်က ကမ္ဘာ့အထင်ကြီးဆုံး၊ အချုပ်အခြာအာဏာပိုင်ဘဏ္ဍာရေးကိရိယာများထဲမှတစ်ခုဖြစ်တဲ့ Bitcoin ကိုလက်ခံဖို့လိုအပ်ကြောင်းပြသနေပါတယ်။


မြန်မာနိုင်ငံတွင် Bitcoin Bond ထုတ်ပေးသင့်နေခြင်း
—-------------------------------------------------------------
👍16😁1🤮1
စိန်ခေါ်မှုအခြေအနေများနှင့် အကန့်အသတ်ရှိတဲ့ နိုင်ငံတကာပံ့ပိုးမှုများကြောင့် NUG ဟာ El Salvador တွင်မိတ်ဆက်ခဲ့သည့် Bitcoin ငွေချေးစာချုပ်ကဲ့သို့ အစပြုမှုများကနေ လှုံ့ဆော်မှုစပြီးလုပ်သင့်ပါတယ်။ NUG ဟာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ပံ့ပိုးပေးလိုသော ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများရဲ့ အတွေးအခေါ်နှင့် ညီညွတ်သော ရင်းနှီးမြှုပ်နှံသူများထံကို ဝင်ရောက်နိုင်တဲ့ ဒစ်ဂျစ်တယ် လွတ်လပ်မှုစာချုပ်ကို ထုတ်ပေးနိုင်ပါတယ်။ ဆန်းသစ်သော လွတ်လပ်မှုစာချုပ်ချဉ်းကပ်မှုအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ထိန်းသိမ်းခံထားရတဲံ $1 ဘီလီယံအရန်ငွေရဲ့ ရာခိုင်နှုန်းအချို့ကို Bitcoin အဖြစ် သတ်မှတ်ကာ ငွေချေးစာချုပ်များကို USD ဖြင့် ပြုလုပ်ပြီး စတင်နိုင်ပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ဖို့ နှင့် မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုအား ပံ့ပိုးရန်အတွက် မက်လုံးများပေးနိုင်ရန် ကြိုတင်သတ်မှတ်ထားသော အတိုးနှုန်းနှင့် စာချုပ်ကာလကဲ့သို့သော လွတ်လပ်မှုစာချုပ်ကို သီးခြားအသွင်အပြင်ဖြင့် ဒီဇိုင်းထုတ်နိုင်ပါတယ်။ NUG ဟာ အလားအလာရှိသော ရင်းနှီးမြုပ်နှံသူများအတွက် ထပ်လောင်းအကျိုးအမြတ်အဖြစ် တော်လှန်ရေးလွန်ခေတ်တွင် အမြဲတမ်းနေထိုင်ခွင့်ကို ကမ်းလှမ်းနိုင်ခြေကိုလည်း စူးစမ်းလေ့လာစတင်နိုင်ပါတယ်။ လွတ်လပ်မှုနှောင်ကြိုးမဟာဗျူဟာတွင် ထိုအရာများကို ပေါင်းစပ်ခြင်းဖြင့် NUG ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကြိုးပမ်းမှုများကို ငွေကြေးထောက်ပံ့ရုံသာမက ရင်းနှီးမြှုပ်နှံသူများကို မြင်သာထင်သာရှိသော bitcoin စံနှုန်းအကျိုးကျေးဇူးများနှင့် အဓိပ္ပါယ်ရှိသော ပံ့ပိုးကူညီမှုပေးသည့် ဆန်းသစ်ပြီး ဆွဲဆောင်မှုရှိသော ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ထိုဗျူဟာဟာ ကမ္ဘာလုံးဆိုင်ရာ ဇာတ်ခုံပေါ်ရှိ မြန်မာ့ဒီမိုကရေစီ တိုးတက်မှုဆီသို့ ခရီးအတွက် အဓိပ္ပါယ်ရှိသော အခိုက်အတန့်ဖြစ်ပြီး သံတမန်ရေးအရလည်း ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ထိုကဲ့သို့ အလားအလာရှိသော Bitcoin စံနှုန်းနှင့်ပတ်သက်ပြီးတင်ပြဖို့ ဦးတင်ထွန်းနိုင်ထံ အကြိမ်ကြိမ်ဆက်သွယ်ရန် ကြိုးပမ်းပြီးနောက် NUG အဖွဲ့ဟာ သူတို့ရဲ့ ဗဟိုဘဏ်ဖွဲ့စည်းမှုကို လက်ရှိတွင်ထိပ်တန်းဦးစားပေးဖြစ်နေကြောင်း ကိုပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်တည်ထောင်ခြင်း ပြီးရင်တော့ NUG ဟာ Bitcoin စံနှုန်းတစ်ခု ထူထောင်ဖို့လည်း စီစဉ်ထားကြောင်းသိရပါတယ်။

“မြန်မာနိုင်ငံမှာ Bitcoin ဟာ အစောပိုင်းအင်တာနက်ခေတ် (၂၀၀၇-၂၀၀၈) မှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်ခဲ့တဲ့ တိုင်းပြည်နဲ့တူတယ်” လို့ မြန်မာဘာသာနှင့်ရေးသားပြီးပညာပေးဆိုင်ရာ ပလပ်ဖောင်းတစ်ခုဖြစ်တဲ့ Bitcoin Myanmar Initiative မှ ကိုယ်စားလှယ်တဦးက ရှင်းပြထားပါတယ်။ “အင်တာနက်ဟာ ဆယ်ကျော်သက်တွေအတွက် ချိန်းတွေ့တဲ့ နေရာတစ်ခုဖြစ်ပြီး အရွယ်ရောက်ပြီးသူ ညစ်ညမ်းအကြောင်းအရာတွေကို ကြည့်ရှုဖို့နေရာ၊ အင်တာနက်ကဖေးတွေက ကလေးတွေကို ဆေးလိပ်သောက်တတ်အောင်လုပ်နေတာလို့ ယုံကြည်ကြတဲ့ မိဘတွေနဲ့ ဆရာတွေက လူငယ်တွေကို Brainwash လုပ်ခဲ့ပါတယ်။ သို့ပေမယ့်အစောပိုင်းအင်တာနက်ခေတ်ရဲ့ Brainwash လုပ်ချင်းက မှားယွင်းသောအချက်ဖြစ်ခဲ့ပါတယ်။ အဲ့အစားအင်တာနက်ဟာ လွတ်လပ်သောကမ္ဘာအတွေ့အကြုံကို ပွင့်လင်းစေတဲ့ ဒီမိုကရေစီ သတင်းအချက်အလက်တစ်ခုဆီသို့ ဦးတည်ပြီး ပြည်သူများကိုနည်းပညာအကြောက်တရားဆီကနေ တွန်းအားပေးဖို့ တန်ပြန်ဖြစ်လာပါတယ်။ မြန်မာနိုင်ငံဟာ လွန်ခဲ့သောဆယ်စုနှစ်တစ်ခုကျော်က အင်တာနက်အစောပိုင်းတွင်ပျံနှုံမှုနှိုင်းယှဉ်နိုင်လျင်ယခုအချိန်ဟာ Bitcoin မွေးစားမှုအတွက် အရေးကြီးသောအခိုက်အတန့်တစ်ခုဖြစ်ကြောင်းလည်း Intiative မှ ယုံကြည်ထားပါတယ်။ "ယခုအခုချိန် က ကျွန်ုပ်တို့မြန်မာနိုင်ငံမှာ Bitcoin မွေးစားဖို့ အကောင်းဆုံးအချိန်လို့ ကျွန်ုပ်တို့ထင်တယ်" လို့ကိုယ်စားလှယ်ကပြောကြားခဲ့ပါတယ်။ Bitcoin စံနှုန်းက မြန်မာနိုင်ငံအတွက် အနာဂတ်ဟု ထင်ရသော်လည်း အခြားနေရာများတွင် ထင်ရှားသော လူများထံမှ အာရုံစိုက်မှုနှင့် ထောက်ခံမှု ရရှိထားပြီးဖြစ်ပါတယ်။ 2024 ခုနှစ် အမေရိကန် သမ္မတလောင်း Robert F. Kennedy Jr. ဟာ မကြာသေးမီက ပင် Bitcoin အာရုံစိုက်တဲ့အကြောင်းကို မျှဝေခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ လူများလှုပ်ရှားမှုများအပေါ် Bitcoin ရဲ့ အကျိုးသက်ရောက်မှုကို မီးမောင်းထိုးပြခဲ့ပြီး မကြာသေးမီက တွစ်တာတွင် “မြန်မာ” ကိုလည်းအထူးဖော်ပြခဲ့ပါသေးတယ်။ Bitcoin နည်းပညာဟာ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သော အပြောင်းအလဲနှင့် အသွင်ကူးပြောင်းမှုကို ယူဆောင်လာဖို့ အလားအလာကို အကြံပြုရင်း Bitcoin နည်းပညာက တိုင်းပြည်အတွက် အသက်ကယ်တစ်ခုဖြစ်ကြောင်း Kennedy က အလေးပေးပြောကြားခဲ့ပါတယ်။
👍11😁1🤮1🥴1