Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Tens of thousands affected as monsoon #floods hit #Myanmar

e affected by the flood take shelter at a monastery in Bago, Myanmar, 13 August 2023. Tens of thousands people have been affected in Myanmar as heavy rains continue to cause flooding in Kayin, Rakhine, Mon and Bago areas. EPA-EFE/NYEIN CHAN NAING
👍3🔥2
တောင်တရုတ်ပင်လယ်အတွင်းတင်းမာမှုမြင့်လာခြင်းနဲ့အတူတရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့အရှေ့တောင်အာရှခရီးစဉ်
====================

https://youtu.be/f4Bnzwj7CFU
❤2👍2😁2🔥1
ဖားကန့် မြေစာပုံပြိုကျမှု ၃၄ ဦးထက်မနည်း ပျောက်ဆုံးနေ
😢8😁2🔥1
ဖားကန့် မြေစာပုံပြိုကျမှု ၃၄ ဦးထက်မနည်း ပျောက်ဆုံးနေ
=====================

အဂမ်
(မဇ္ဈိမ)။ ။ဖားကန့်မြို့နယ်၊ မနမှော်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် မြေပြိုမှု၌ ရေမဆေးရှာဖွေနေသူ(၃၄) ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ဒေသခံများကပြောပြီး ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု၊မနမှော်မှ မြေစာပုံဟောင်းတခုသည် သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် ရေမဆေးကျောက်ရှာဖွေသူအများအပြားရှိနေစဉ် ပြိုကျခဲ့သည်။
မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က ယ‌နေ့ ဩဂုတ်လ ၁၄ရက်နံနက်အထိ ရရှိထားသော အချက်အလက်အရ မြေပြိုကျမှုကြောင့် ဒဏ်ရာရပြီး ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားသူရှစ်ဦးရှိပြီး ပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံ နာမည်စာရင်းလာပေးထားသူ (၃၄) ဦး ထက်မနည်း ရှိနေသည်။

"ကျောက်စိမ်းတောင် လုပ်ကွက်ဟောင်းက ကမ်းပါးပြိုကျသွားပြီး အောက်ခြေက ရေကန်ထဲကို ကျသွားခဲ့တာပါ။အဲ့ဒီကနေ ရေလှိုင်းတွေဖြစ်ပြီး ရေမဆေးကျောက်ရှာဖွေနေသူတွေကို ကန်ထဲဆွဲချသွားခဲ့တာပါ" ဟု ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေသူတဦးကပြောသည်။

မိုးများပါက နောက်ထပ်ပြိုကျနိုင်သည့် မြေစာပုံဟောင်းအချို့ရှိနေသေး၍ ကြိုတင်ကာကွယ်ရေးများ လုပ်ဆောင်သင့်ကြောင်း ဖားကန့်ဒေသခံအချို့က သတိပေးသည်။

ဖားကန့်‌ဒေသအပါအဝင် ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လဆန်းက မိုးကောင်းခဲ့ပြီး လာမည့် ရက်သတ္တပတ်အတွင်း၌လည်း မိုးသည်းထန်နိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က ယနေ့ သတိ‌ပေးချက်ထုတ်ပြန်ထားသည်။
ဖားကန့်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၅ရက်ကလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး‌ အောင်သာယာ(၂)ကျေးရွာမှ မြေစာပုံပြိုကျခဲ့ရာ ကလေးနှစ်ယောက် မိခင်အမျိုးသမီးတဦး ရေနစ်မြုပ်သေဆုံးခဲ့ပြီးအမျိုးသား ငါးဦး ဒဏ်ရာရခဲ့သည်။

စာတည်း - မောင်ကြီး

#mizzima
#ဖားကန့်
#မနမှော်
#မြေပြို

မနမှော်မြေပြိုမှုအပြီး မြင်ကွင်း
Photo-CJ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢11😁2👍1🥰1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်ဝမ်ဒုသမ္မတက ပါရာဂွေးခရီးစဉ်နဲ့တစ်ဆက်တည်း အမေရိကန်သို့ဝင်ရောက်ဖို့ရှိ

#InternationalNews #reels #shorts #Taiwan #American #Mizzima
👍7🔥2
သတင်းထဲက အင်္ဂလိပ်စာ | VOA on Mizzima
==================

ဒီတပတ်ရဲ့ သတင်းထဲကအင်္ဂလိပ်စာအစီအစဉ်မှာ သတင်းတွေထဲ ဖော်ပြပါရှိတဲ့ လွတ်လပ်ရေးနေ့နဲ့ ဆိုင်တဲ့ စကားလုံး၊ အသုံးအနှုန်းတွေကို ကောက်နှုတ်တင်ပြထားပါတယ်။ မမြသဇင်အောင်နဲ့ ကိုအောင်လွင်ဦးတို့က စီစဉ် တင်ဆက်ပေးထားပါတယ်။

https://youtu.be/tHYa6ybA9rQ

#VOA
#MizzimaTv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁1🤮1
This media is not supported in your browser
VIEW IN TELEGRAM
တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေမြင့်တက်လာခြင်းနဲ့အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ အရှေ့တောင်အာရှခရီးစဉ်စတင်

#InternationalNews #reels #shorts #China #Mizzima
❤3😁3👍2🔥1
သြဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===================

https://youtu.be/Pu7VY6S-qN4
👍3🔥2
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယပါလီမန်မှာ မိုဒီအစိုးရကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းမှု ရှုံးနိမ့်

#InternationalNews #reels #shorts #india #Mizzima
🤬5🔥2