Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​Bitcoin နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ
================

Bitcoin ဟာ Ai ကဲ့သို့ ပင်ဆယ်စုနှစ်ကြာပြီးနောက်မကြာသေးမီနှစ်များအတွင်း ပြန်လည်ရေပန်းစားလာခဲ့တဲ့ ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုဖြစ်ပါတယ်။ Bitcoin က ဗဟိုချုပ်ကိုင်မှု ကင်းမဲ့ပြီး အစိုးရနဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းရဲ့ထိန်းချုပ်မှုအောက်မှာမရှိတဲ့တစ်ခုတည်းသောငွေကြေးဖြစ်ပါတယ်။ မြန်မာနိုင်ငံကဲ့သို့ မတည်မငြိမ်သော ငွေကြေးများနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားမှုများကို မကြာခဏ ရင်ဆိုင်ရလေ့ရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူများအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာပါတယ်။

Bitcoin ဟာ ငွေကြေးဖောင်းပွမှုကို တားဆီးပေးနိုင်ပါတယ်။ Bitcoin ဟာ အကန့်အသတ်နဲ့ရှိတာကြောင့် Fiat ငွေကြေးများကဲ့သို့ ငွေကြေးဖောင်းပွမှုများမရှိပါဘူး။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားတတဲ့ နိုင်ငံများရှိ လူများအတွက် ကောင်းမွန်သော စုဆောင်းနိုင်အလွယ်တကူသိမ်းဆည်းနိုင်တဲ့အရာဖြစ်ပါတယ်။ ဥပမာအားဖြင့် မကြာသေးမီနှစ်များအတွင်း ငွေကြေးဖောင်းပွမှုနှုန်း 100% ကျော်လာခဲ့သည့် ဇင်ဘာဘွေတွင် Bitcoin ကို ဇင်ဘာဘွေငွေဖောင်းပွမှုကိုတားဆီးဖို့အကာအကွယ်အဖြစ် အသုံးပြုခဲ့ပါတယ်။ အဲ့တာအပြင် Bitcoin ဟာ နိုင်ငံတကာငွေလွှဲမှုများကို စျေးသက်သာပြီး မြန်ဆန်စေပါတယ်။ နိုင်ငံတကာရှိ ငွေကြေးကိုအလွယ်တကူပြောင်းလဲနိုင်တာ
ကြောင့် ငွေလွှဲခြင်းများကို နိုင်ငံတကာရှိ ပြည်ပရောက်မိသားစုများက သူတို့ မိခင်နိုင်ငံရှိ မိသားစုများသို့အိမ်ပြန်ပို့တဲ့အခါငွေများကို ပြင်ပ ပေါက်စျေးအတိုင်း အလွယ်တကူပို့နိုင်ပါသေးတယ်။

စျေးကြီးပြီး မိရိုးဖလာဘဏ်များမှတဆင့် လုပ်ဆောတာက နှေးကွေးနိုင်ပါတယ်။ ဥပမာအားဖြင့် တစ် ဒေါ်လာကို ပြင်ပစျေး ၃၀၀၀ ကျော်နေချိန်တွင် ဘဏ်ဖြတ်စျေး ၂၀၀၀ ကျော်ဖြင့် အိမ်ပြန်ပို့တဲ့ ပြည်ပ
ရောက်မိသားစုများမှာ များစွာ နစ်နာမှု ရှိပါတယ်။ Bitcoin ဟာပြင်ပအဖွဲ့အစည်းကို မလိုအပ်ဘဲ ကမ္ဘာတစ်ဝှမ်းရှိ မည်သည့်နေရာတွင်မဆို ပေးပို့လက်ခံနိုင်တာကြောင့် ငွေလွှဲမှုများကို စျေးသက်သာပြီး မြန်ဆန်စွာ ပြုလုပ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ကင်ညာတွင် Bitcoinကို အခြားနိုင်ငံများတွင် အလုပ်လုပ်နေသော ကင်ညာနိုင်ငံသားများကသူတို့ မိသားစုများကိုသူတို့လုပ်အားခများဖြင့်ထောက်ပံ့ပေးပို့ရန် အသုံးပြုပါတယ်။ Bitcoin ဟာ ဘဏ်မရှိသူများအတွက် ငွေကြေးဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်ပါသေးတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူအများအပြားက ဘဏ်စာရင်းများနှင့် အကြွေးဝယ်ကတ်များကဲ့သို့သော ဘဏ္ဍာရေးဝန်ဆောင်မှုများကိုလူ
တိုင်းမသုံးစွဲပါဘူး။ Bitcoin ကယခုအခါသိမ်းစည်းစုဆောင်း ငွေလွှဲဖို့ အပြင် အခြားဘဏ္ဍာရေးဆိုင်ရာ စျေး၀ယ်ယူ ခြင်း၊ လေယာဥ်လက်မှတ်၀ယ်ခြင်း ကဲ့သို့ ဝန်ဆောင်မှုများကို လည်းရနိုင်ပြီ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အယ်လ်ဆာဗေးဒေါတွင် Bitcoin ကို ယခုအခါ တရားဝင်တင်ဒါခေါ်ယူထားပြီး၊ အစိုးရက ငွေကြေးလုပ်ငန်း တိုးတက်စေဖို့ အသုံးပြုရန် နည်းလမ်းများကို ရှာဖွေနေပါသေးတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ Bitcoin ကိုအသုံးပြုခြင်းနဲ့ဆက်စပ်တဲ့ စိန်ခေါ်မှုအချို့လည်းရှိပါတယ်။

ငွေကြေးမတည်ငြိမ်မှုများ မြင့်မားခြင်း၊ တရား၀င်ခွင့်မပြုဘဲကန့်သတ်ထား ခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်များလည်း ပါဝင်ပါတယ်။ ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် Bitcoin အလားအလာကောင်းမှုများဟာ သိသာထင်ရှားပြီး နောက်ထပ်တိုးတက်လာပြီးလေ့လာရကျိုးနပ်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် Bitcoin က နိုင်ငံရေးကြောင့် မတည်ငြိမ်သောငွေကြေးနှင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားခြင်းကနေ စုဆောင်းထားတဲ့ငွေများကို ကာကွယ်တဲ့ နည်းလမ်းတစ်ခု အဖြစ် မကြာသေးမီနှစ်များအတွင်း လူကြိုက်များလာပါတယ်။

အမေရိကန်သမ္မတလောင်း Robert F. Kennedy Jr. ကလည်း ဒီမိုကရေစီကြိုးပမ်းမှုအတွက် Bitcoin ဟာ မြန်မာနိုင်အတွက် အရေးပါကြောင်းထုတ်ဖော်ပြောကြားထားပါတယ်။

အာဂျင်တီးနားတွင် Bitcoin ကို နိုင်ငံရဲ့ မြင့်မားသော ငွေကြေးဖောင်းပွမှုနှုန်း အရင်းအနှီးထိန်းချုပ်မှုများကို ရှောင်ရှာဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုခဲ့ပါတယ်။ ယခုအခါအာဂျင်တီးနားတွင် Bitcoin ကို အားပေးထောက်ခံတဲ့ သမ္မတလောင်း Javier Milei ဟာအနိုင်ရထားပါသေးတယ်။
👍9😁2
This media is not supported in your browser
VIEW IN TELEGRAM
ဘေဂျင်းနဲ့ပြုံယမ်းကြား လေကြောင်းပျံသန်းမှုတွေ ပြန်လည်စတင်ဖို့ခွင့်ပြုလိုက်ကြောင်း တရုတ်ပြော

#China #Internationalnews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍5😁1
​​လက်နက်နှင့်အတူ CDM ဝင်လာသူ ရဲ ၂ဦးကို ကျပ် သိန်း၁၀၀ ချီးမြှင့်
====================

ကိုခင်မောင်

(မဇ္စျိမ)။    ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သားနှစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလာပြီး PDF- Zoland ထံသို့ အလင်းဝင်လာကြောင်း သိရသည်။

လုပ်သက်ကိုးနှစ်နှင့် သုံးနှစ်ရှိပြီဖြစ်သည့် ရဲတပ်သားနှစ်ဦးသည် ကာကွယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်၍ သြဂုတ်လ ၂၀ရက်နေ့တွင် အလင်းဝင်လာပြီး CDMပြုလုပ်လာခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးက MA-3 နှစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည်တောင့် ၂၀၀ကျော် ယူဆောင်လာသည်ဟု PDF- Zoland တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့၍ ပြည်သူနှင့်အတူ ပူးပေါင်းလာခြင်းဟု CDM ပြုလုပ်လာသူရဲတပ်သားတဦးက မဇ္စျိမကိုပြောသည်။ 

" ကျွန်တော်တို့ ပြည်သူတွေနဲ့ပူပေါင်းချင်လို့ ကျွန်တော်တို့ခံယူချက်နဲ့ ဝင်လာတာပါ"ဟု ၎င်းပြောသည်။

လက်နက်ခဲယမ်းများနှင့်အတူ CDM ပြုလုပ်လာခြင်းဖြစ်၍ အဆိုပါ ရဲတပ်သားနှစ်ဦးကို ဆုကြေးငွေ ကျပ် ၁၀၀သိန်း ချီးမြှင့်ခဲ့ကြောင်း PDF- Zolandမှ တာဝန်ရှိသူထံမှ သိရသည်။နှစ်ဦးစလုံးကိုလွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားပြီးကြောင်း သိရသည်။

ပြီးခဲ့သည့် မေလကလည်း တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉) တပ်ရင်းမှ စစ်ကောင်စီတပ်သားတဦး သည် သေနတ်တလက်အပါအဝင်လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာခဲ့ရာ PDF – Zoland မှ ငွေကျပ် ၅၀သိန်းချီးမြင့်ခဲ့သည်။ထို့အပြင် မေလအတွင်းမှာပင် ဖလမ်းမြို့အခြေစိုက် ခလရ (၂၆၈)မှထွက်ပြေးလာသူ စစ်ကောင်စီတပ်သားနှစ်ဦးကို PDF-Zolandက လုံခြုံရာနေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုသော စစ်ကောင်စီလက်အောက်ခံများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို ဆက်သွယ်၍သော်လည်းကောင်း၊ ပြည်သူ့ရင်ခွင် ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ဆက်သွယ်၍သော်လည်းကောင်း ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#mizzima
#တီးတိန်မြို့နယ်
#ရဲတပ်သားနှစ်ဦး
#အလင်းဝင်
#PDF- Zoland 

Photo - CDM ပြုလုပ်လာသည့် ရဲတပ်သားနှစ်ဦး (Photo-PDF Zoland)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁4👏2
​​ထိုင်းနိုင်ငံကို ပြန်ရောက်လာသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ဒဏ်ချမှတ်ခံရ
=================

ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေထိုင်ရာမှ ယနေ့ ဩဂုတ် ၂၂ ရက်တွင် နိုင်ငံသို့ ပြန်လာသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာသည် နိုင်ငံသို့ ပြန်ရောက်ရောက်ချင်းမှာပင် ထောင်ဒဏ် ရှစ်နှစ် ကျခံစေရန် ညွှန်ကြားခံရသည်။

သို့သော် ၎င်း၏ ပါတီက အာဏာပြန်ရရန် နီးစပ်နေခြင်းကြောင့် သက်ဆင်၏ အကျဉ်းကျခံရမည့်ကာလက စောလျင်စွာ ပြီးမြောက်အဆုံးသတ်နိုင်ဖွယ် ရှိသည်။

ဘီလျံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဒေသစံတော်ချိန် မနက် ၉ နာရီက ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ဘန်ကောက်၏ ဒွန်မောင်းလေဆိပ်သို့ ဆိုက်ရောက်လာခဲ့ရာ စာတန်းများ ဝှေ့ရမ်းပြီး သီချင်းများ ဆိုနေကြသည့် “ရှပ်နီ” ထောက်ခံသူ ရာနှင့်ချီတို့က ကြိုဆိုခဲ့ကြသည်။
😁6👍3👏1
​​စစ်ကောင်စီဘဏ္ဍာရေး ကပ်ဆိုက်တော့မှာလား (ဆောင်းပါး)
===================

အမေရိကန်က စစ်ကောင်စီရဲ့ ဘဏ်တွေကို အရေးယူဖို့ ချမှတ်ထားပြီးအမေရိကန်ရဲ့ မူဝါဒတွေကို လိုက်နာ မှု ရှိမရှိစောင့်ကြည့်မယ်လို့ ဩဂုတ်လ ၅ ရက်နေ့က သတိပေးလိုက်ပါတယ်။ အဲဒီလို သတိ ပေးမှုပြုလုပ်ပြီး သိပ်မကြာခင်မှာဘဲ စစ်ကောင်စီဘဏ်တွေနဲ့ ဆက်ဆံမှုရှိနေတဲ့ အိမ်နီးနားချင်း နိုင်ငံက ဘဏ်တွေက စစ်ကောင်စီလက်အောက်ခံ ဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကို ရပ်ဆိုင်း လိုက်ကြပါတယ်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1🤣1
​​ဒီးမော့ဆို - ဖရူဆိုလမ်းပိုင်းတွင် တိုက်ပွဲ ပြန်လည်ပြင်းထန်
===================

001

(မဇ္စျိမ)။    ။ ကရင်နီပြည်နယ်၊ ဒီးမော့ဆို - ဖရူဆို လမ်းပိုင်းရှိ ထီးသော်ကူးကျေးရွာဘက်တွင် ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲ အပြင်းအထန် ပြန်ဖြစ်ပွားခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့ကစပြီး ဒီးမော့ဆိုမြို့မှ ဖရူဆိုဘက်သို့ ဦးတည်ပြီး ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား ဩဂုတ်လ ၁၄ ရက်နေ့အထိ ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေခဲ့ခြင်းဖြစ်သည်။

“မနေ့ကတော့ ၂၁ ရက်နေ့ မနက် ၅နာရီကျော်ကနေ စဖြစ်တယ်။ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်ဗျ။ တိုက်ခိုက်မှုတွေတော့ အစုံရှိတယ်။ လက်နက်ကြီးရော လက်နက်ငယ်ရော၊ နောက် လေကြောင်းလည်း ပစ်ခတ်တိုက်ခိုက်တာရှိတယ်။ သူတို့(စစ်ကောင်စီ) ထိုးစစ် ဆင်လာတာပေါ့။ ပြီးတော့ ပြည်ထောင်စုလမ်းမဘေးမှာ သူတို့ ကင်းပုန်းတွေချထားတာရှိတယ်လေ။ အဲ့တာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုဖက်နဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေဖြစ်တယ်”ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုအပါအဝင် တိုက်ပွဲအ​ခြေအ​နေအ​သေးစိတ်နှင့်ပတ်သက်ပြီး ​မြေပြင်အချက်အလက်​ရောက် မလာ​​သေး​သည့်အတွက် အတိအကျ မ​ပြောနိုင်သေး​ကြောင်း အဆိုပါ တာဝန်ရှိသူကပြောသည်။

ဒီးမော့ဆို - ဖရူဆို လမ်းမကြီးတလျှောက်တွင် စစ်ကောင်စီ၏ တပ်မ( ၅၅) လက်အောက်ခံတပ်များဖြစ်သည့် ခမရ (၁၁၂) ၊ ခလရ (၃) တပ်များက စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းတွင်မူ စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် ၇၀ နီးပါး ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကာ ကရင်နီပူးပေါင်းအဖွဲ့ဘက်မှ ဒုဗိုလ်တဦးအပါအဝင် ရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်း ကရင်နီပူးပေါင်းအဖွဲ့များက ဩဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ကြသည်။

ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့ရှိ ထွေလီဗီလာကျေးရွာ၊ ငွေတောင်ရွာသစ်ကျေးရွာ၊ ကဒါးလားကျေးရွာနှင့် ထီးသော်ကူးကျေးရွာများ တလျှောက်တွင် အချိန်မရွေးထိတွေ့တိုက်ပွဲ ပြန်ဖြစ်နိုင်၍ ပြည်သူများအနေဖြင့် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးတလျှောက် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန်နှင့် စစ်ရေးသတိရှိစွာ သွားလာနေထိုင်ကြရန် KNDFက သြဂုတ်လ ၁၈ရက်​နေ့က အသိပေးထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KNDF
#ဖရူဆိုမြို့နယ်
#စစ်ကြောင်းထိုး

Photo - DMO Local PDF တပ်ဖွဲ့ဝင်အချို့အား ပြီးခဲ့သည့် မတ်လအတွင်းက ​တွေ့ရစဥ် (DMO Local PDF)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2🫡2👏1
တရုတ်နှင့်စစ်ကောင်စီဝန်ကြီးတို့စီးပွားရေးစီမံကိန်းလုပ်ဆောင်ဖို့ဆွေးနွေး|Business Round Up(22.8.2023)
===================

- ထိုင်းဘတ်ငွေဈေးဂယက်ကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တော်လှန်ရေးအတွက် လက်နက်ခဲယမ်းဝယ်ယူဖို့ ခက်ခဲလာဟုဆို

- တရုတ်နှင့်စစ်ကောင်စီဝန်ကြီးတို့စီးပွားရေး စီမံကိန်းများ လုပ်ဆောင်ဖို့ ဆွေးနွေးနေ

- WHO ဦးဆောင်တဲ့ ပထမဆုံးအကြိမ် တိုင်းရင်းဆေး ညီလာခံ ကျင်းပမှု သဘောထား ကွဲလွဲမှုများဖြစ်ပေါ်

- လာအိုနိုင်ငံတွင် လူနေမှုစရိတ် မြင့်မားလာမှုကြောင့် အောက်တိုဘာမှစကာ အနိမ့်ဆုံး လုပ်ခလစာ တိုးမြှင့်

https://youtu.be/TlpCwNmEYo4
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤2
Media is too big
VIEW IN TELEGRAM
မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲပြုလုပ် အဖြေရှာဖို့ အင်ဒိုနီးရှား ကြိုးပမ်းနေ

#mizzimanewshour #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #PoliticalNews #Indonesia
👍6🖕1
​​မန္တလေးတွင် ညအချိန် အရပ်ဝတ်လက်နက်ကိုင်များ တားဆီးစစ်ဆေးနေ၍ မြို့လူထု ဒုက္ခရောက်နေကြဟုဆို
====================

007
(မဇ္ဈိမ) ။ ။မန္တလေးမြို့တွင်၊ အရပ်ဝတ်လက်နက်ကိုင်များက ညအချိန် လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် သွားရေးလာရေးအခက်အခဲဖြစ်နေကြရကြောင်း ဒေသခံများထံကသိရသည်။

“ဘာတွေမှန်းမသိဘူး၊ ယူနီဖောင်းဝတ်တွေလည်း မဟုတ်ဘူး၊ အဲဒါတွေနဲ့ ညဘက်စစ်ဆေးရေးလုပ်တယ်၊ လက်ထဲမှာ ဒုတ်တွေဓားတွေလည်း ကိုင်ထားကြတယ်၊ အဲဒီအထဲက တယောက်မှာ သေနတ်ပါတယ်၊ အခု မန္တလေးမှာ၊ ညဘက် အလုပ်ပြန်တွေ တအားဒုက္ခရောက်နေကြတယ်၊ ဘယ်အချက်ကိုယ့်ဆီ ကျည်ဆန်တည့်တည့်ဝင်လာမလဲဆိုတဲ့စိတ်နဲ့ သွားလာနေရတာ” ဟု ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့ ည က၊ မဟာအောင်မြေမြို့နယ်အတွင်းကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မဖော်လိုသူဒေသခံတဦးက ပြောသည်။
ပြီးခဲ့သည့် နှစ်ရက်သုံးရက်ခန့်ကစ၍၊ အဆိုပါတားဆီးစစ်ရေးအဖွဲ့များထွက်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့နယ်အလိုက် ရပ်ကွက်အဝင်လမ်းများတွင် ည ၈ နာရီနောက်ပိုင်းကစပြီး၊ လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးနေကြခြင်းဖြစ်ကြောင်း သိရသည်။

“အလုပ်က ည ၈ နာရီမှ ပြန်လွှတ်တာဆိုတော့၊ နောက်ရက်တွေ ဘယ်လိုဖြတ်သန်းရမလဲ မစဉ်းတတ်ဘူး၊ သူတို့နဲ့ထိပ်တိုက်တိုးမှာကို တအား ကြောက်တယ်၊ မထင်ရင် မထင်သလို သေနတ်နဲ့လှမ်းပစ်တာတွေက မြင်နေကြားနေရတယ်လေ၊ နောက်တခုက၊ စစ်ဆေးရေးအယောင်ဆောင်ပြီး ခိုးဆိုးနှိုက်တွေ ပြန်ထလာမှာလည်း လန့်နေရတယ်” ဟု စားသောက်ကုန်လုပ်ငန်းတခုတွင် လုပ်ကိုင်နေသူတဦးက ပြောသည်။

မန္တလေးမြို့တွင်၊ စစ်အာဏာသိမ်းသည့်နှစ်မှ ယခုနှစ်မေလအထိ၊ ညအချိန် ဆိုင်ကယ်ဖြင့်အပြင်ထွက်ရာမှ စစ်အုပ်စု၏ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရသည့်ဖြစ်စဉ် ၁၅ ခုထက်မနည်း ရှိခဲ့ကြောင်း၊ စစ်အာဏာသိမ်းကာလ မန္တလေးမြို့အခြေအနေ စောင့်ကြည့်လေ့လာသူများထံက သိရသည်။

“တကယ်က ၁၅ ကြိမ်မကဘူးဗျ၊ ကျွန်တော်တို့လက်လှမ်းမီသလောက်အချက်အလက်အရသာပြောရတာ၊ မနှစ်ကတနှစ်အတွင်းမှာကို ညဘက် အပစ်ခံရတဲ့ကလေးတွေ ၁၀ ယောက်မကဘူး၊ တားတာရပ်မပေးလို့ပစ်တယ်၊ အိမ်အထိလိုက်ပစ်တယ် စုံနေတာပဲ၊ မနေ့တနေ့ကလေးတင် မြို့သစ်ထဲဖြစ်သွားသေးတယ်၊ အိမ်အပြန် နောက်ကျလို့ ဆိုင်ကယ်တအားမောင်းလာတဲ့နှစ်ယောက်၊ လှည့်ကင်းနဲ့တည့်တည့် တိုးပြီးအပစ်ခံလိုက်ရတယ်” ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် စောင့်ကြည့်လေ့လာသူ တဦးကပြောသည်။

မန္တလေးမြို့တွင်၊ သြဂုတ်လ ၁၉ ရက်နေ့ညက ဆိုင်ကယ်တစီးကို လူနှစ်ယောက်စီးပြီးအိမ်ပြန်လာသူနှစ်ဦး၊ လမ်းတွင် စစ်အုပ်စုလှည့်ကင်းနှင့် ဝင်တိုးရာမှ သေနတ်ဖြင့်ပစ်ခတ်ခံရသည့်ဖြစ်စဉ် တခုဖြစ်ခဲ့သေးသည်။

အဆိုပါဖြစ်စဉ်တွင် တဦးသေဆုံးပြီး နောက်ထပ်တဦးက ပြင်းထန်ဒဏ်ရာဖြင့် ယနေ့အထိ ဆေးရုံတွင်ကုသမှုပေးထားရကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၄ ရက်နေ့ညကလည်း၊ ဆိုင်ကယ်စီးလူငယ်လေးဦး မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဖြတ်သွားစဉ်၊ သေနတ်ဖြင့်လှမ်းပစ်ခံရပြီး၊ တဦးသေဆုံးခဲ့သည့်ဖြစ်စဉ် တခုလည်း ဖြစ်ခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဆိုင်ကယ်
#မန္တလေးမြို့
#လမ်းသွားလမ်းလာ

ပုံစာ - မန္တလေးမှာ ညအချိန် အရပ်ဝတ်လက်နက်ကိုင်များဖြင့် တားဆီးစစ်နေသည်ကိုတွေ့ရစဥ်(ပုံဟောင်းဖြစ်ပါသည်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬5😁4👍2😱2❤1
သြဂုတ်လ (၂၂)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

00:56 - မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲပြုလုပ် အဖြေရှာဖို့ အင်ဒိုနီးရှား ကြိုးပမ်းနေတဲ့ သတင်း

03:35 - မန္တလေးမှ တိုင်းရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံးကို NMD ဗုံးပစ်တိုက်ခိုက်တဲ့သတင်း

04:37 - အာဏာသိမ်းကာလ နှစ်နှစ်ခွဲအတွင်း တိုက်ပွဲပေါင်း ၁၀,၀၀၀ ကျော် ဖြစ်ပွားခဲ့တဲ့ သတင်း

10:16 - အမေရိကန် တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ပူးတွဲထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တရုတ်ကန့်ကွက်တဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/IHT2pP_wXDg

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁2🍌1
မီဒီယာ နဲ့ သတင်းအချက်အလက်အကြောင်းကို သိနားလည်မှု
===================

အင်နာတာနက်ကို ကျယ်ပြန့်စွာ အသုံးပြုလာတာနဲ့အမျှ သတင်းတု၊ သတင်းမှားတွေလည်း အလွယ်တကူပျံ့နှံ့လာပါတယ်။ ဒီလိုပျံ့နှံ့လာတဲ့ သတင်းတုသတင်းမှားတွေကို ခွဲခြားစိစစ်နိုင်ဖို့ မီဒီယာနဲ့သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရှိခြင်း (Information and media literacy) ဆိုင်ရာ အချက် အလက်တွေကို ဒီဗီဒီယိုလေးကတဆင့် ပြောပြပေးချင်ပါတယ်။

https://youtu.be/c9QYk5jZ5Gk

#PSA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🍌1🖕1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်က စီးပွားရေးနှေးကွေးနေခြင်းကိုကုစားဖို့ အဓိကအတိုးနှုန်းကို လျှော့ချ

#Internationalnews #China #Business #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #PoliticalNews #Indonesia
👍5🍌1
ကလေးငယ်များအား ဦးခေါင်းရိုက်နှက်သည့် ကျောင်းအုပ်ဆရာမကို မြို့နယ်ပညာရေးမှူးရုံးသို့ တိုင်ကြား သွားမည်ဟုဆို
=====================

ကီရာ
(မဇ္ဈိမ) ။ ။ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ BOC လမ်း နောင်လျန်ရပ်ကွက်(၁) ရှိ အ.မ.က (၆) မှ ကျောင်း အုပ်ဆရာမသည် ကလေးငယ်များအား ဦးခေါင်းကိုရိုက်နှက်လေ့ရှိသည့်အတွက် မြို့နယ်ပညာရေးမှူးရုံး ထံ သွားရောက်တိုင်ကြားသွားမည်ဟု ကျောင်းသားမိဘများက မဇ္ဈိမကို ပြောသည်။

အ.မ.က (၆)မှ ကျောင်းအုပ်ဆရာမ ဒေါ်လှလှထွေးသည် ကျောင်းသူ/ သားများအား ထိန်းကျောင်းရာတွင် ဦးခေါင်းကို ရိုက်နှက်လေ့ရှိသူဟု ကျောင်းသားမိဘများအကြား နာမည်ကြီးသည်။
“ကလေးတိုင်း လိုလို အရိုက်ခံရတယ်” ဟု ကျောင်းသား မိဘတဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက် သောကြာနေ့တွင် အသက်ကိုးနှစ်အရွယ်ကလေးငယ်တဦး၏ မိခင်ဖြစ်သူမှ ကလေးငယ်အားရေချိုးပေးရာ “ခေါင်းနာတယ်” ဟုဆိုကာ အထိမခံသည့်အတွက် မေးမြန်းရာ ဆရာမဖြစ် သူက ခေါင်းကို ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့ကြောင့် မိခင်ဖြစ်သူမှ ကျောင်းအုပ်ဆရာမအား ကျောင်းတွင် သွားရောက်မေးမြန်းခဲ့ရာ ထိုဆရာမက “ခေါင်းကွဲသွားလို့လား” ၊ “သွေးထွက်သွားလို့လား” ၊ “သေသွားလို့လား” ဟု ပြန်လည်ပြောဆိုကြောင်း ကလေးငယ်မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ပြောဆိုရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထိုရန်ဖြစ်စကားများသည့် ရုပ်သံဖိုင်တခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ယင်းဗွီဒီယိုဖိုင်ကို ကျောင်းသားမိဘဖြစ်သူက ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
ဗီဒီယိုတွင် ပါဝင်သူများမှာ အ.မ.က(၆) နောင်လျန် ရပ်ကွက်(၁)မှ ကျောင်းအုပ်ဖြစ်သူ ဒေါ်လှလှထွေးနှင့် ၎င်း၏ သားဖြစ်သူနှစ်ဦး ဖြစ်ကြောင်း သိရသည်။

“ချိန်လိုက်စမ်းပါ၊ ရိုက်လိုက်စမ်းပါ၊ ငါ အ.ထ.က (၃)က ကျောင်းဆရာ၊ နင်တို့ကို ၅၀၅(က)နဲ့ ဗိုလ်ချုပ်မင်း အောင်လှိုင်ကို တိုင်မယ်”ဟု ကျောင်းအုပ်ဆရာမ၏သားဖြစ်သူက တုတ်ကိုင်ပြီးပြောကြားသည်ကို ဗွီဒီယို ဖိုင်တွင်တွေ့ရသည်။

အဆိုပါကျောင်းအုပ်ဆရာမသည် ခေါင်းရိုက်နှက်သည့်အတွက် နာမည်ကြီးသူတဦးဖြစ်ပြီး အတိုင်ခံရခြင်း ကြောင့်လည်း မကြာခဏကျောင်းပြောင်းခံရသူဟု အခြားကျောင်းသားမိဘတဦးက ပြောသည်။

အခြားမိဘတဦးကလည်း ၎င်း၏ ကလေးငယ်လည်း “လက်သည်းမညှပ်” ဟုဆိုကာ ခေါင်းကို အရိုက်ခံခဲ့ရ သည်ဟု မဇ္ဈိမကို‌ ပြောသည်။
“ကလေးခေါင်းကို လက်နဲ့ရိုက်တာ အားပါတော့ ကလေးက မူးဝေသွားတယ်။ ခေါင်းရိုက်တာက လက် သည်းမညှပ်လို့တဲ့။ အဲဒီကျောင်းဆရာမကြီးက အရမ်းကြမ်းတယ်တဲ့၊ တချို့ကလေးတွေဆိုရင် ကျောင်း တောင် ပြောင်းကုန်ပြီ” ဟု လက်သည်းမညှပ်၍ အရိုက်ခံရသည့် ကလေးငယ်၏ မိခင်က ပြောသည်။

ယင်းကြောင့် အရိုက်ခံရသော ကျောင်းသူ၊ ကျောင်းသားများ၏ မိဘအချို့စုပြီး မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်တိုင်ကြားရန် ပြင်ဆင်နေကြောင်းလည်း ပြောသည်။

ကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်လှလှထွေး စီမံအုပ်ချုပ်နေသည့် အ.မ.က(၆)သည် သူငယ်တန်းမှ ငါးတန်း အထိရှိပြီး ကျောင်းသူ၊ ကျောင်းသား ၈၀ ဝန်းကျင်နှင့် တကျောင်းလုံးတွင် ဆရာ၊ ဆရာမ လေးဦးနှင့် ကျောင်းအုပ်ဆရာမ တဦးရှိကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

https://youtu.be/uOqbjgRRa74

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

#ကျောင်းအုပ်ဆရာမ
#ရုန်းရင်းဆန်ခတ်ဖြစ်
#ရှမ်းပြည်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁5
တောင်ဥက္ကလာပမြို့နယ်ရှိ ဇီဇဝါဥယျာဉ်အိမ်ယာရှေ့ ဗုံးတွေ့သည်ဟုဆိုကာ စစ်တပ်မှ ဖောက်ခွဲရှင်းလင်း
👍3🔥1😁1
တောင်ဥက္ကလာပမြို့နယ်ရှိ ဇီဇဝါဥယျာဉ်အိမ်ယာရှေ့ ဗုံးတွေ့သည်ဟုဆိုကာ စစ်တပ်မှ ဖောက်ခွဲရှင်းလင်း
=====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ဇီဇဝါဥယျာဉ်အိမ်ယာရှေ့၊ သံသုမာလမ်းမပေါ်၌ ယ‌မန်နေ့ ညပိုင်းက ဗုံးတွေ့ရှိသည်ဟုဆိုကာ စစ်တပ်မှ အဆိုပါနေရာပတ်ဝန်းကျင်တွင် ဖောက်ခွဲရှင်းလင်းခဲ့ကြောင်း သိရသည်။

"မနေ့ညက ဗုံးပေါက်တဲ့ အသံအကျယ်ကြီးပဲကြားလိုက်တယ်။ မနက်မှသိရတာက ဗုံးတွေ့လို့ဆိုပြီး စကစ(စစ်ကောင်စီတပ်)က သူတို့ဘာသာသူတို့ပဲဖောက်ခွဲလိုက်တယ်တဲ့။ ထိခိုက်တာတော့မကြားပါဘူးရှင့်။ အသံကတော့ကျယ်လို့ တခြားမြို့နယ်တွေကလည်း ကြားတယ်လို့တော့ ပြောပါတယ်။" ဟု တောင်ဥက္ကလာပဘုရားအနီးတွင် နေထိုင်သူတဦးကပြောသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၁ ရက် ည ၁၀ နာရီခန့်ကဖြစ်ပြီး လက်လုပ်ဗုံးတွေ့ရှိသည်ဟုဆိုကာ သံသုမာလမ်းမပေါ်တွင်ပင် စစ်ကောင်စီတပ်မှဖောက်ခွဲလိုက်ခြင်းဖြစ်သည်။

ဗုံးခွဲမှုကြောင့် ထွက်ပေါ်လာသောအသံအား တောင်ဥက္ကလာပမြို့နယ်နှင့် ထိစပ်နေသော မြောက်ဒဂုံမြို့နယ်အပါအဝင်၊ အရှေ့ဒဂုံမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင်ပင် ကြားရကြောင်း သိရသည်။

"ရန်ကုန်က အဖွဲ့တော်တော်များများကိုလိုက်မေးတာတော့ အဲ့မစ်ရှင်မရှိဘူးတဲ့။ မစ်ရှင်စာရင်းထဲမှာလည်း မတွေ့မိဘူး။ မသေချာမှာစိုးလို့လည်း ပကဖတွေကို လိုက်မေးထားတာ အဲ့မစ်ရှင်မရှိခဲ့ဘူးနော်။ ဘယ်အဖွဲ့က လုပ်ပါတယ်ဆိုတာလည်းမရှိဘူး။ ဒါပေမယ့် အဲ့ဗုံးက ဘယ်ကဘယ်လိုတွေ့လို့ စစ်တပ်က ဖောက်ခွဲလိုက်ရပါတယ် ဖြစ်သွားလဲတော့မသိဘူး" ဟု ရန်ကုန် မြေပြင်ရှိ တော်လှန်ရေးအင်အားစုတခုက ပြောသည်။

ယခုရက်ပိုင်းအတွင်းတွင် PDF များ ရန်ကုန်သို့ဝင်လာကြောင်း စစ်တပ်လော်ဘီများ၏ သတင်းလွှင့်မှုကြောင့် ရန်ကုန်၌ ဧည့်စာရင်းများဖြင့် ပိုက်စိပ်တိုက် စစ်ဆေးတင်းကျပ်ထားရာ ညစဉ် မြို့နယ် ခုနစ်ခု၊ ရှစ်ခုသို့ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အင်အား အများအပြားဖြင့် ဝင်ရောက်ကာ စစ်ဆေးလျက်ရှိသည်။

ထို့အပြင် ရန်ကုန်တွင်လည်း ဇူလိုင်လ လကုန်ပိုင်းမှစတင်ကာ ဖောက်ခွဲမှု ၊ တိုက်ခိုက်မှု၊ ရှင်းလင်းမှုဖြစ်စဉ်များ အလွန်လျော့နည်းနေသည်ကို‌ တွေ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#PDF
#တောင်ဥက္ကလာပမြို့နယ်
#ဇီဇဝါဥယျာဉ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3😁1