Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“The Way” ရုပ်ရှင်ဇာတ်ကားအား အမေရိကန်နိုင်ငံတွင် ပွဲဦးထွက်ပြသမည်ဟု ကြေညာ
======================

ဂန္ဒမာ
(မဇ္ဈိမ) ။ ။တေးရေးတေးဆို လင်းလင်း ဇာတ်ညွှန်းရေးသားဖန်တီးထားသည့် “The Way” အမည်ရ ဂီတ အသားပေး ရုပ်ရှင်ဇာတ်ကားအား အမေရိကန်နိုင်ငံတွင် ပွဲဦးထွက်ပြသမည်ဟု The Way ဖေစ့်ဘုတ်ပေခ်ျ့ မှ ကြေညာထားသည်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆာခရာမန်တိုမြို့တွင် ဩဂုတ်လ ၂၆ ရက်နေ့ ညနေ ၃ နာရီမှ ၆ နာရီအထိကျင်းပပြုလုပ်မည့် “သွေးစည်းညီညွတ်သော ဖက်ဒရယ်ပြည်ထောင်စုသစ် ဆီသို့” အမည်ရသော တိုင်းရင်းသားမိသားစုရန်ပုံငွေရုပ်ရှင်ပြပွဲနှင့် တိုင်းရင်းသားအကအလှ ဈေးရောင်း ပွဲတော်တွင် “THE WAY” ရုပ်ရှင်ကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

“အခု ပြည်ပတော်လှန်လူထုတွေထံသို့ လိုက်လံပြသပါမယ်။ ရရှိတော်လှန်ငွေတွေဟာ စစ်ရှောင်ဘိုးဘွား မိသားစုများနဲ့ ကလေးသူငယ်တွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ ပြန်လည်ထူထောင်ရေးများသို့ အရင်းမချန် အကုန်ရောက်ရှိမှာ ဖြစ်ပါတယ်” ဖန်တီးသူ တေးရေးတေးဆို လင်းလင်းက ၎င်း၏ Htwe Lynn Ko ဖေစ့်ဘုတ်အကောင့်တွင် မျှဝေထားသည်။

“The Way” တွင် ချစ်သုဝေ၊ မြတ်နိုးအေး၊ အောင်မြင့်မြတ်၊ Russell အပါအဝင် တော်လှန်ညီအစ်ကို မောင်နှမ ၁၉ ဦးအထိ ပါဝင်သရုပ်ဆောင်ထားကာ မိုဘိုင်းဖုန်းနှစ်လုံးတည်းဖြင့် ရိုက်ကူးထားခြင်းဟု သိရသည်။

"The Way" ရုပ်ရှင်သည် Cannes World Film Festival တွင် Best Mobile Phone Feature Film ဆု ၊ Festigious နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲတွင် Best Musical Film-အကောင်းဆုံးဂီတရုပ်ရှင်ဆု နှင့် Best First Time Director (Feature)-အကောင်းဆုံး ပထမအကြိမ်ရုပ်ရှင်ဒါရိုက်တာဆု၊ Best Song - အကောင်းဆုံး သီချင်းဆုတို့ရရှိထားကာ World Film Carnival , Singapore တွင်လည်း ဆုသုံးဆု ရရှိထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#TheWay
#အဆိုတော်လင်းလင်း
#အမေရိကန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁1🤮1
Media is too big
VIEW IN TELEGRAM
WHO ဦးဆောင်တဲ့ ပထမဆုံးအကြိမ် တိုင်းရင်းဆေး ညီလာခံ ကျင်းပမှုသဘောထား ကွဲလွဲမှုများဖြစ်ပေါ်

Watch more detail - https://youtu.be/TlpCwNmEYo4

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍2🔥1🤮1
မြဝတီ- အာရှလမ်းပေါ်တွင် အိမ်စီးကားများသွားလာနိုင်ပြီဖြစ်သော်လည်း လမ်းဟောင်းကို အသုံးပြုသူများပြား
🔥2
မြဝတီ- အာရှလမ်းပေါ်တွင် အိမ်စီးကားများသွားလာနိုင်ပြီဖြစ်သော်လည်း လမ်းဟောင်းကို အသုံးပြုသူများပြား
===================

YT
(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ်၌ မိုးသည်းထန်စွာ ရွာသွန်း၍ ရေတိုက်စားကာ တောင်မြေပြိုမှု၊ လမ်းမြေပြိုမှု ဖြစ်ပေါ်နေသည့် လမ်းပိုင်းနေရာဘေးတွင် တောင်မြေအား ဖြို၍ မြေသားလမ်း ဆောက်လုပ်နေပြီး အိမ်စီးကားများ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

" မြေကျွံတဲ့နေရာ ဘေးကို တောင်မြေကို မြေသားလမ်း ထပ်လုပ်လိုက်တာပါ။ ကားသေးတွေတော့ အချိန်နဲ့ သွားလာနေပြီ၊ လမ်းလုပ်ငန်းထမင်းစားနားတဲ့အချိန်၊ စက်ယန္တရားတွေ ရပ်တဲ့တဲ့အချိန် လွှတ်ပေးတယ်။ ကားအကြီးတွေကတော့ သွားလို့ရတော့မယ်လို့တော့ ပြောတယ်၊ ရက်အတိအကျတော့ မသိရသေးဘူး။ ဘေလီတံတားတော့ မထိုးသေးဘူး အဲ့ဒီမြေသားလမ်းပေါ်မှာပဲ သွားလာလို့ရတယ်" ဟု ဒေသတွင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် မြဝတီ- ကော့ကရိတ် အာရှလမ်းပေါ်သို့ နံနက် ၆ နာရီမှ ၇ နာရီအထိ တကြိမ်၊ နေ့လယ် ၁၂ နာရီမှ ၁ နာရီအထိတကြိမ်၊ ညနေ ၅ နာရီမှ ၆ နာရီအထိတကြိမ် တနေ့ သုံးကြိမ်ခန့် အိမ်စီးကားများ၊ ဆိုင်ကယ်များအား ဖြတ်သန်းသွားလာခွင့်ပြုနေပြီဖြစ်ကြောင်း၊ ကုန်တင်ကားကြီးများလည်း မကြာခင် သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့က ပြုပြင်နေဆဲ အာရှလမ်းမကြီးပေါ်၊ ဒေါနသစ္စာ စားသောက်ဆိုင်အနီးတွင် ခရီးသည်တင်လာသည့် အံဇာတုံးကားတစီးနှင့် ဘက်ဟိုးတင်လာသည့် ၁၂ ဘီး တွဲကားတစီး အမည်မသိ အဖွဲ့တစ်ဖွဲ့က သေနတ်များဖြင့် ပစ်ခတ်ခြင်းခံရပြီး ကားပေါ်ပါလာသည့် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

အဆိုပါဖြစ်ရပ်ကြောင့် လက်ရှိအချိန်တွင် အာရှလမ်းမကြီးအား အချိန်ပိုင်း အသုံးပြုခွင့် ပြုထားသော်လည်း အသုံးပြုသူနည်းပါးနေပြီး ဒေါနတောင်လမ်းဟောင်းကိုသာ အသုံးပြုလျက်ရှိကြကြောင်း ဒေသတွင်းလူမှုကူညီရေးအသင်းတာဝန်ရှိသူနှင့် ဒေသခံတဦးက ဆိုသည်။

" တကယ်တမ်းကျတော့ အခုအခြေအနေနဲ့ဆို ထို့ကော်ကိုးလမ်းက အလုံခြုံဆုံးလို့ပဲ ထင်တယ်ဗျ။ ဒါပေမယ့် သူက သွားရတာ လှမ်းတယ်။ လမ်းဟောင်းကတော့ တိုက်ပွဲဖြစ်ပွားမှုနည်းတော့ နည်းနည်းတော့ ပိုလုံခြုံပါတယ်၊ လမ်းဟောင်းကိုပဲ အသုံးပြုကြတာ များပါတယ်" ဟု အခြား ဒေသတွင်း လူမှုကူညီရေးအသင်းတခု​၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

"ဒီက ကားတွေကတော့ အကုန် လမ်းဟောင်းကနေပဲ သွားလာနေကြတယ်။ လမ်းသစ်ကနေ ဆင်းတက်တဲ့ ကားတော့ မရှိသေးဘူး။ အခြေအနေကလည်း ဘာမှန်းမသိသေးတော့" ဟု မြဝတီမြို့ခံတဦးကလည်း မဇ္ဈိမကိုပြောသည်။

အာရှလမ်းမကြီးသည် စစ်ကောင်စီတပ်​၏ အဓိက ထောက်ပို့လမ်းကြောင်းဖြစ်သဖြင့် စစ်ကောင်စီက အမြန်ပြီးစီးသွားလာနိုင်ရန် အသည်းအသန်ပြုပြင်နေခြင်းဖြစ်ကြောင်း ကျားဖြူတပ်ခွဲ(၄) ပြန်ကြားရေးထံက သိရသည်။

" လက်ခတ်တောင်စခန်းပြန်ရရေး ၊ သူတို့အသည်းအသန်လုပ်ပြီး ပြင်နေတာ။ အာရှလမ်းမကြီးက စစ်ကောင်စီအတွက် စစ်လက်နက်၊ ခဲ၊ ယမ်း၊ လူအင်အား သယ်ယူပို့ဆောင်ရေးအတွက် အရေးပါတာပေါ့နော်။ အဲ့တာကြောင့်လည်း အသည်းအသန်လမ်းပြင်ထားတယ်၊ ခရီးသွားပြည်သူအသက်ကိုတန်ဖိုးမထားဘဲ အမြန်ဖြစ်သလိုပြင်ဆင်ထားတယ်" ဟု ကျားဖြူတပ်ခွဲ(၄) သတင်းပြန်ကြားရေး ရဲဘော် AKM က မဇ္ဈိမကိုပြောသည်။

ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ကင်းထောက်လေယာဉ်တစီး၊ ရိက္ခာတင်လေယာဉ်တစီးတို့ဖြင့် မြဝတီမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချစခန်းများထံ ရိက္ခာ၊ လက်နက်၊ ခဲ၊ ယမ်းများ ထောက်ပို့မှု ပြုလုပ်သွားကြောင်း ဒေသခံတဦးထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကရင်ပြည်နယ်
#မြဝတီ
#ကော့ကရိတ်
#အာရှလမ်းမကြီး

ပုံအညွှန်း- ပြင်ဆင်နေဆဲ အာရှလမ်းမကြီးတစ်နေရာ (ဓါတ်ပုံ- သင်္ဃန်းညီနောင်မြို့သစ် လူမှုကူညီရေးအသင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
Media is too big
VIEW IN TELEGRAM
လာအိုနိုင်ငံတွင် လူနေမှုစရိတ် မြင့်မားလာမှုကြောင့် အောက်တိုဘာမှစကာ အနိမ့်ဆုံး လုပ်ခလစာ တိုးမြှင့်

Watch more detail - https://youtu.be/TlpCwNmEYo4

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍5🔥2
​​ခင်ဦးမြို့နယ် ပင်တင်းကျေးရွာအနီး တိုက်ပွဲဖြစ်
=================

လွှမ်းမိုး
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အနောက်ခြမ်း ပင်တင်းကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား တဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA ) စေတန်တပ်ခွဲက မဇ္ဈိမကို ပြောသည်။

ခင်ဦးအနောက်ခြမ်းကို စစ်ကြောင်းထိုးပြီး မြို့ပေါ်ပြန်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ပင်တင်းကျေးရွာအနီး ဩဂုတ်လ ၁၉ ရက်နေ့၊ နံနက် ၉ နာရီတွင် တဖက်ပွင့် နှစ်လုံးတွဲမိုင်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုစစ်ကြောင်းတွင် အင်အား ၁၀၀ ခန့် ပါဝင်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် ၁၅ မိနစ်ခန့်ကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု MRDA စေတန် တပ်ခွဲမှူးက မဇ္ဈိမကို ပြောသည်။
“အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို နှစ်လုံးတွဲမိုင်း နှစ်ဆိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်၊ စစ်သားတဦးသေဆုံးပြီး နှစ်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့တယ်” ဟု တပ်ခွဲမှူးက ပြောသည်။

ထိုတိုက်ခိုက်မှုကို Royal Tiger BWGRF ၊ ဒေါင်းသွေးနီ ပကဖနှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) စေတန် တပ်ခွဲတို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိမှာ ထိုတိုက်ခိုက်ခံရသော စစ်ကြောင်းသည် ခင်ဦးမြို့ပေါ် သို့ ရောက်ရှိသွားပြီဟု သိရသည်။

သို့သော်လည်း မြိုနှင့်နီးသည့် ကျေးရွာများကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်နေသည့်အတွက် ဒေသခံပြည်သူများ နေရပ်စွန့်ခွာစစ်ရှောင်နေကြကြောင်းလည်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ပင်တင်းကျေးရွာ
#တိုက်ပွဲဖြစ်
#ခင်ဦး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁3🔥1
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်မှန်၍ အမျိုးသမီး သေဆုံး
😱2🤬2❤1🔥1😁1
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်မှန်၍ အမျိုးသမီး သေဆုံး
====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ရှည်မှ မြင်းမူမြို့နယ် မူးမန္တလေးကျေးရွာသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ အမျိုးသမီး တဦးသေဆုံးသွားကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးကထုတ် ပြန်သည်။

စစ်ကိုင်းမြို့နယ် ၊ ညောင်ပင်ရှည်ရွာသို့ ရောက်ရှိနေသော အင်အား ၁၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဩဂုတ်လ ၂၁ရက် နံနက် ၁၁နာရီခန့်တွင် မြင်းမူမြို့နယ် မူးမန္တလေးရွာဘက်သို့ လက်နက်ကြီး သုံးလုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ကျည်ထိမှန် ပြီးအသက် ၂၁နှစ်အရွယ် အမျိုးသမီးသေဆုံးခဲ့ခြင်း ဖြစ်သည်။

“လက်နက်ကြီး သုံးလုံးလှမ်းပစ်တာ နှစ်လုံးက မူးမန္တလေးရွာရဲ့မြောက်ဖက်ကို ကျတယ် ၊ နောက်ဆုံးအလုံးက ရွာမြောက်ပိုင်းမှာ ရေချိုးနေတဲ့အမျိုးသမီးကိုမှန်တာ ၊ ခြေထောက်နှစ်ချောင်းပြတ်ပြီး ခါးကနေဝမ်းဗိုက်ထိုးချင်းပေါက်ဒဏ်ရာနဲ့ သေဆုံး သွားခဲ့တာ” ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက မဇ္စျိမ ကိုပြောသည်။

စစ်ကိုင်းမြို့နယ် ၊ ညောင်ပင်ရှည်ရွာနှင့် မြင်းမူမြို့နယ် မူးမန္တလေးရွာတို့သည့် ပေ ၃,၈၀၀ ကျော်သာ ကွာဝေးပြီး မူးသာခြားသည့် ရွာနှစ်ရွာဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် မြင်းမူမြို့နယ် ရွာသာလေးရွာကို ဝင်ရောက်ပြီး စစ်ဘေးရှောင်ဒေသခံ အမျိုးသားလေးဦးကို သတ်ဖြတ်ပြီး အိမ်တလုံးကို မီးရှို့ခဲ့ကာ မုံရွာ - မန္တလေး စစ်ကောင်စီယာဉ်တန်း လုံခြုံရေးယူ ကင်းပုန်းဝပ်ခဲ့သည့် စစ်ကောင်စီတပ်များဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ကဆက် ပြောသည်။

ကင်းပုန်းဝပ်ပြီးနောက် မြင်းမူမြို့နယ် ဝမ်းပြည့်ရွာမှတဆင့် ဩဂုတ်လ ၁၈ရက် နံနက်ပိုင်းတွင် ပျော့ရွာသို့ရောက်ရှိလာကာ ၎င်းမှတဆင့် ညနေ ၆နာရီ အချိန်တွင် ညောင်ပင်ဝန်းစခန်းမှ စစ်ကိုင်းနယ်အနောက်ခြမ်းသို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
မူးမန္တလေးရွာသည် လွန်ခဲ့သည့်ဇူလိုင်လတွင် လေကြောင်းမှတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်မှ ရွာကို ဝင်ရောက်မီးရှို့ခံခဲ့ရကြောင်းသိရသည်။

အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် ဩဂုတ်လ ၂၁ရက်နေ့တွင် ညောင်ပင်ရှည်ရွာမှ ထွက်ခွာလာပြီး ပေါင်းမမြောက်ရွာ ဘုန်းကြီးကျောင်း (တောင်)တွင် ညအိပ်ခဲ့ကာ ဩဂုတ်လ ၂၂ရက် ယနေ့နံနက်အစောပိုင်းတွင် ထန်းတောဆိပ်ရွာသို့ရောက်ရှိလာခဲ့ပြီး ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကိုင်းမြို့နယ်
#အမျိုးသမီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬2❤1🔥1😁1
​​ပေါက်တွင် ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရ ၁ ဦးသေ၊ လက်နက်ခဲယမ်းအချို့ ကာကွယ်ရေးအဖွဲ့ရရှိ
=====================

ကိုခင်မောင်
(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပြည်သူပိုင်လမ်းပေါ် စစ်ဆေးရေးလုပ်နေသည့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ရဲတဦးသေဆုံးပြီး သေနတ်တလက်နှင့် ကျည်ဆန်များသိမ်းဆည်းရရှိခဲ့ကြောင်း Anonymous Special Task Force- ASTF (Pauk) အဖွဲ့ထံမှ သိရသည်။

ပေါက်မြို့နယ်၊ရေပြာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ငါးဦးသည် ယနေ့ သြဂုတ်လ ၂၂ ရက်နေ့ နံနက်၇နာရီ ၄၅မိနစ်ခန့်တွင် ရေပြာလမ်းဆုံ၌ ဆက်ကြေးကောက်နေချိန် တိုက်ခိုက်ခြင်းဟု Anonymous Special Task Force တာဝန်ရှိသူကမဇ္စျိမသို့ ပြောသည်။

“ရေပြာရဲစခန်းကနေ ရေပြာလမ်းဆုံကိုလာပြီး ပိုက်ဆံတောင်းတာပါ။သူတို့ အင်အား ငါးယောက်ပါတယ်။ ရဲတဦးသေဆုံးပြီး G3 သေနတ်တလက် ကျည် ၁၇၁ တောင့်ကို သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

”နောင်ရိုး စစ်ဆင်ရေး” အဖြစ် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ရဲ‌လေးဦးထွက်ပြေးလွတ်မြောက်သွားသည်ဟုဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ASTF (Pauk)တပ်ဖွဲ့၊ မြိုင် ပကဖ ရင်း၁ - စိတ် ၁၈၊ NPRF တပ်ဖွဲ့ ၊ Fire Revolution Group (ခရိုင်ရင်း ၁၆) ၊ ပခုက္ကူမြို့ပြပျောက်ကြားတပ်ဖွဲ့ ၊ ဗိုလ်ဗျတ္တနှင့် နွေဦးလေပွေတပ်ဖွဲ့၊ Justic Fighter တပ်ဖွဲ့၊ ကင်ဒိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အဆိုတော်တပ်ဖွဲ့ ၊ ဆိုင်ကလုန်းပျောက်ကြားတပ်ဖွဲ့၊ ဗိုလ်လရောင်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - အေးချမ်း

#mizzima
#ပေါက်မြို့နယ်
#ရဲတပ်ဖွဲ့
#ASTF (Pauk)

ပုံ - ရဲတပ်ဖွဲ့ထဲမှရရှိသော လက်နက်ခဲယမ်းအချို့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12😁1🥴1
မိုးထဲလေထဲ စစ်ကြောင်းကြားမှာ ကျင်းပတဲ့ မြောင်နယ်လုံးဆိုင်ရာ ရေပေါ်သပိတ်
=====================

KMN (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မိုးရွာသွန်းပြီး ရာသီဥတု ဆိုးဝါးနေတဲ့အပြင် စစ်ကောင်စီတပ်က စစ်ကြောင်းတွေ ထိုးနေတဲ့ကြားက မြောင် နယ်လုံးဆိုင်ရာ ရေပေါ်သပိတ်ကို သြဂုတ်လ ၂၁ ရက် မနေ့က ကျင်းပခဲ့ပါတယ်။

ကုန်းပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေပြုလုပ်ခဲ့သလို ရေပေါ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်တာ ဖြစ်တယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

https://youtu.be/WUUvYfRriJA

#‌မြောင်နယ်လုံးဆိုင်ရာ
#ရေပေါ်သပိတ်
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🔥1😁1🤮1
​​F-15 တိုက်လေယာဉ်များ ဝယ်ယူရေးအတွက် အင်ဒိုနီးရှားနှင့် ဘိုးရင်းကုမ္ပဏီတို့ သဘောတူ 
======================

အရှေ့တောင်အာရှ၏ စီးပွားရေးအကြီးဆုံး အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ စစ်တပ်အောင် ခေတ်မီအောင် မြှင့်တင်လျက်ရှိရာ F-15EX တိုက်လေယာဉ် နှစ်ဒါဇင် ဝယ်ယူရေးအတွက် အမေရိကန်လေယာဉ်ထုတ်လုပ်သည့် ဘိုးရင်းကုမ္ပဏီနှင့် သဘောတူညီချက် ရရှိကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1😁1
ဩဂုတ်လ (၂၂) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
======================

- တော်လှန်ရေးဦးဆောင်နေသူတွေ ဖြောင့်မတ်မှု ရှိဖို့ ယာယီသမ္မတ သတိပေး တဲ့သတင်း

− လက်နက်နဲ့အတူ CDM ဝင်လာသူ ရဲ ၂ဦးကို ကျပ် သိန်း၁၀၀ ချီးမြှင့်တဲ့သတင်း

− ကလေးငယ်တွေကို ခေါင်းရိုက်နှက်တဲ့ ကျောင်းအုပ်ဆရာမကို မြို့နယ်ပညာရေးရုံးထံ တိုင်ကြားသွားမယ်ဆိုတဲ့သတင်း

− မန္တလေးမှာ ညအချိန် အရပ်ဝတ်လက်နက်ကိုင်တွေ တားဆီးစစ်ဆေးနေတာကြောင့် မြို့လူထု ဒုက္ခရောက်နေကြတဲ့ သတင်း

− ဟွန်ဆန်ရဲ့သားကိုအာဏာလွှဲအပ်ဖို့ မဲခွဲဆုံးဖြတ်မှုမပြုလုပ်ခင် ကမ္ဘောဒီးယားပါလီမန်ကို စတင်ဖွင့်လှစ်လိုက်တဲ့သတင်းနဲ့

− ထိုင်းဘတ်ငွေဈေးဂယက်ကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တော်လှန်ရေးအတွက် လက်နက်ခဲယမ်းဝယ်ယူဖို့ ခက်ခဲလာတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/0s2JYxqo1gY?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🤮1🍌1
ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲရပ်ရန်တောင်းဆိုသည့် ကျေးရွာပေါင်းစုံသပိတ်
❤7👍2🔥1😁1