Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သြဂုတ်လ ၂၃ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=========================

01:03-လက်နက်ကိုင် ၃ ဖွဲ့က NCA လမ်းကြောင်းကို သွေဖယ်ပြီး စစ်တပ်ကို ပြန်တိုက်နေတယ်လို့ စစ်ကောင်စီပြောတဲ့သတင်း

03:40-မိုးထဲလေထဲ စစ်ကြောင်းကြားမှာ ကျင်းပတဲ့ မြောင်နယ်လုံးဆိုင်ရာ ရေပေါ်သပိတ် အကြောင်း

08:03-ကျောက်တံခါးမြို့နယ်က ရန်ကုန်-မန္တလေး ရထားလမ်းနဲ့ လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင် ၂ ခု မိုင်းခွဲခံရတဲ့သတင်း

09:25-သုံးနှစ်အတွင်း ပထမဆုံးအဖြစ် မြောက်ကိုရီးယားရဲ့ နိုင်ငံတကာလေယာဉ် ဘေဂျင်းသို့ဆင်းသက်တဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/qm5bcBbaldI

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🍌1
KNU တပ်မဟာ(၆)နယ်မြေတွင် စစ်တပ်​၏ ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်း ဒေသခံသေဆုံး၊ ၂ ဦးဒဏ်ရာရ
😢7🔥2
KNU တပ်မဟာ(၆)နယ်မြေတွင် စစ်တပ်​၏ ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်း ဒေသခံသေဆုံး၊ ၂ ဦးဒဏ်ရာရ
=================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်၍ သက်ကြီးပိုင်း ဒေသခံတဦးသေဆုံးကာ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို​၏ ယမန်နေ့ ဩဂုတ်လ ၂၂ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

" စစ်ကောင်စီကတော့ အမြဲတမ်းပဲ စစ်ကြောင်းထိုးတယ်ပဲ။ အမြဲတမ်းပဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာပဲ။ ရွာမရှောင် ဘာမရှောင် ပစ်နေတာပဲ။ ဒေသခံ ဒဏ်ရာရတာရှိတာပေါ့၊ ရွာထဲမှာ ပစ်မှတော့ အိမ်ထိမယ်၊ နွားထိမယ်၊ ပြည်သူလူထုတွေ ထိမယ်" ဟု ကျားဖြူစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်အချိန်က ကော့ကရိတ်မြို့နယ်၊ ဝေါ်လေကျေးရွာမှ အသက် ၄၀ အရွယ်ရှိ နော်ဖားကလေးနှင့် အသက် ၁၈ နှစ်အရွယ်ရှိ နော်ဖော်အယ်တို့သည် ၎င်းတို့​၏ ပြောင်းစိုက်ခင်းအတွင်းသို့ သွားနေစဉ် လမ်းတွင် ရှိနေသည့် စစ်ကောင်စီတပ်သားများက လှမ်းခေါ်၍ ကြောက်လန့်ထွက်ပြေးမိရာ စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KNU က ဖော်ပြထားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အဆိုပါ အမျိုးသမီးနှစ်ဦး​၏ လက်၊ ခြေထောက်တို့တွင် ကျည်ထိမှန်ဒဏ်ရာရများရခဲ့ပြီး ဆေးကုသမှု ခံယူထားကာ အခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က ကျုံဒိုးမြို့နယ်၊ တောင်ကြားအင်းကျေးရွာ တံတားထိပ်ရှိ စစ်ကောင်စီတပ်သားများအား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်မှုရှိပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်တွင် အရာရှိတဦးနှင့် တပ်ကြပ်တစ်ဦးသေဆုံး၍ ခြောက်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU က ဆိုသည်။

အဆိုပါ ပစ်ခတ်မှုအပြီးတွင် အထိနာသွားသည့် တောင်ကြာအင်းတံတားထိပ်ရှိစစ်ကောင်စီတပ်သားများက တောင်ကြာအင်းနှင့် မြောက်ကြာအင်း ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့ရာ တောင်ကြာအင်းရွာမှ အသက် ၅၂ နှစ်အရွယ်ရှိ မန်းမြင့်ကျော် ဦးခေါင်းတွင် လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပြီး ဒေသခံနေအိမ် ၁၀ လုံးကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး( KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်တခုဖြစ်ပြီး တပ်မဟာ (၆) KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိကာ စစ်ကောင်စီတပ်များက ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသဖြင့် ဒေသခံများ မကြာခဏ ထိခိုက်ဒဏ်ရာရလေ့ရှိသည့် ဒေသဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ကလည်း ကျုံဒိုးမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၄၅) မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ကျုံဒိုးမြို့နယ်၊ ကရင်ကျောက်ဖျာရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ အသက် ၅၃ နှစ်အရွယ်ရှိ နော်ချစ်သန်းနှင့် အသက် ၆၉ နှစ်အရွယ်ရှိ ဦးတလက်မတို့ လက်နက်ကြီးကျည်ထိမှန်၍ လက်၊ ပုခုံးတို့တွင် ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဒေသခံနေအိမ် တလုံးပျက်စီးခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#MIZZIMA
#ကျုံဒိုးမြို့
#လက်နက်ကြီး
#KNU

ပုံအညွှန်း- စစ်ကောင်စီတပ်​၏ သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရအမျိုးသမီးနှစ်ဦးနှင့် အိမ်ပျက်စီးမှုများ ဓါတ်ပုံ- KNU

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4😢3👍2🤬2
This media is not supported in your browser
VIEW IN TELEGRAM
အာဏာဆက်ခံရေးအစီအစဉ်ဟာ လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်ပြော

#Internationalnews #Singapore #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍3🍌1
ဧရာဝတီတိုင်း မြို့နယ် ၆ ခုမှ PDF ၁၀ ဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီဝါဒဖြန့်
😁9💩3👍2🤣1
ဧရာဝတီတိုင်း မြို့နယ် ၆ ခုမှ PDF ၁၀ ဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီဝါဒဖြန့်
===================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်းအတွင်း မြို့နယ် ခြောက်ခုမှ ပြစ်မှုကျူးလွန်ခြင်းမရှိသေးသည့် PDF ၁၀ ဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီက ဝါဒဖြန့်နေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့က အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်းရှိ ခန်းမတခုတွင် ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘများထံလွှဲပြောင်းအပ်နှံခြင်း ခေါင်းစဥ်ဖြင့် အခမ်းအနားပြုလုပ်ပြီး ဝါဒဖြန့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါအခမ်းအနားတွင် လပွတ္တာမြို့နယ်၊ ဟင်္သာတမြို့နယ်၊ မြောင်းမြမြို့နယ်၊ ကြံခင်းမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် ဟိုင်းကြီးကျွန်းမြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ကို ဝန်ခံလက်မှတ်ရေးထိုးခဲ့သည်ဟု စစ်တပ်လော်ဘီ တယ်လီဂရန်ချယ်နယ်များ၌ ဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီက ဝါဒဖြန့်နေမှုနှင့်ပတ်သက်၍ အဆိုပါမြို့နယ်များရှိ တော်လှန်ရေးအင်အားစုများကို ဆက်သွယ်မေးမြန်းရာ အလင်းဝင်သူများဟု စစ်ကောင်စီမှ ဖော်ပြထားသူများမှာ PDF များမဟုတ်ကြောင်း မဇ္စျိမကိုပြောသည်။

"အဲ့ဒီအခမ်းအနားမှာပါတဲ့ ဟင်္သာတက အောင်ရဲထွဋ်ဆိုတာ NLD ပါတီဝင်ပါ။ နိဗ္ဗာန်တိုက်နယ် ကျောင်းကွင်းမှာနေပြီး စစ်တပ်ကလိုက်ဖမ်းလို့ ပြေးရတာတော့မှန်ပါတယ်။ အဲ့ဒီလူက အလှူခံစားနေတဲ့လူ၊ PDF ဆိုတာတော့ လုံးဝမဟုတ်ပါဘူး"ဟု ဟင်္သာတမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

ယင်းပြင် မြောင်းမြမြို့နယ်၊ ကြံခင်းမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့ရှိ တော်လှန်ရေးအင်အားစုများကလည်း ၎င်းတို့အဖွဲ့အစည်းများထဲမှ စစ်ကောင်စီထံအလင်းဝင်သူ တဦးတယောက်မျှမရှိကြောင်း၊ စစ်ကောင်စီက PDF ဟု ဖော်ပြသူများမှာ ၎င်းတို့အနေဖြင့် မြင်ဖူးတွေ့ဖူးခြင်းမရှိသည့် သက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီးများဖြစ်ကြောင်း ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က ကြံခင်းမြို့နယ် ထွေအုပ်ရုံး အစည်းအဝေးခန်းမတွင် PDF သင်တန်းဆင်း ၁၀ ဦး စစ်ကောင်စီထံအ လင်းဝင်ခဲ့သည်ဟု စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်များ၌ ဖော်ပြခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#PDF
#ဧရာဝတီတိုင်း
#တယ်လီဂရန်

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10💩8😁5🔥1
​​ကနီမြို့နယ် နွားခြံကုန်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံး
=====================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကိုတိုက် ခိုက်ခဲ့ရာတွင် စစ်သား ၁၀ ဦးခန့် သေဆုံးကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF)ထံမှ သိရသည်။

ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၃ နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ လေးနာရီကြာြမင့်ခဲ့ကြောင်း ULF တပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကိုဂျော်ဒန်က ပြောသည်။

“ရန်သူ့ တပ်ကို မီတာ ၅၀ ခန့် အကွာလောက်ကနေ တိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။ စစ်သားသေဆုံးမှု ၁၀ ဦးလောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူများတယ်” ဟု ၎င်းက ဆိုသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေကျွမ်းကျင်မှုနှင့် တိကျသောစစ်ကြောင်းသတင်းများကို အခြေခံ ကာ စစ်ကောင်စီတပ်ကို ပစောက်ပုံဝိုင်းပြီး ဗျူဟာကျကျတိုက်ခိုက်နိုင်ခဲ့ကြောင်း ULF တပ်ပေါင်းစုမှ ပြော သည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးရှိ ကျောက် ဆစ်ပုံအမြောက်တပ်မှ လက်နက်ကြီးပစ်ကူ အကြိမ်ရေ ၂၀ ခန့် ပစ်ခတ်ခဲ့ကြောင်း ULF တပ်ပေါင်းစုထံမှ သိရသည်။

အဆိုပါတိုက်ပွဲကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစုမှ KLG စစ်ကြောင်း၊ Comrade စစ်ကြောင်း၊ Alpha စစ်ကြောင်း ၊ Monywa Underground Guerrilla Force ၊ ဒေါင်းလုလင်နှင့် ဒေသတွင်း မဟာမိတ် များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အသက် ၂၃ နှစ်အရွယ် ရဲဘော်ရည်ဝေကျော် လက်နက်ကြီးထိမှန်ပြီးကျဆုံးခဲ့ကြောင်း ULF ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ကနီမြို့နယ် နွားခြံကုန်းကျေးရွာမှ ယင်းမာပင်မြို့နယ် စည်သူ သစ်ကွင်း၌ပြောင်းရွှေ့တပ်စွဲနေခြင်းကြောင့် ပန်းတိမ်ပြင်၊ စည်သူ၊ ကျောက် မှော်၊ နွားခြံကုန်း၊ စုန်းချောင်း ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကနီမြို့နယ်
#ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👏2👍1😁1
​​မြန်မာစစ်အုပ်စုခေါင်းဆောင်များနှင့် အဆက်အဆံ ဖြတ်ရန် ကုလကို အရပ်ဖက်လူမှုအဖွဲ့များ တိုက်တွန်း
==================

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) အကြီးအကဲ မာတင် ဂရစ်ဖစ်သ်၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့်စပ်လျဉ်း၍ အရပ်ဖက်လူမှုအဖွဲ့အစည်း ၅၀၀ ကျော်က ပြစ်တင်ဝေဖန်လိုက်သည်။ မစ္စတာ ဂရစ်ဖစ်သ်၏ ခရီးစဉ်သည် လူသားချင်းစာနာမှု အကူအညီနှင့်ပတ်သက်၍ မည်မည်ရရ တိုးတက်မှုရရှိအောင် လုပ်ဆောင်နိုင်ခြင်း မရှိသလို “အကူအညီကို လက်နက်သဖွယ် အသုံးချနေသည့်” အာဏာသိမ်းခေါင်းဆောင်များကို တရားဝင်မှု ပေးရာ ရောက်သည်ဟု အဆိုပါ အဖွဲ့များက ပြောသည်။

မစ္စတာ ဂရစ်ဖစ်သ်သည် ပြီးခဲ့သည့် သီတင်းပတ်က နေပြည်တော်သို့ သွားရောက်ခဲ့ပြီး ၂၀၂၁ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှု၏ ဦးဆောင်သူ မင်းအောင်လှိုင်နှင့် ၎င်းတို့ လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံသည် စစ်အုပ်စုထိန်းချုပ်သော ဂလိုဘယ် နယူးလိုက်အော့ဖ် မြန်မာ သတင်းစာ ရှေ့စာမျက်နှာတွင် ဖော်ပြထားသည်။

သုံးရက်တာ ခရီးစဉ်အတွင်း မစ္စတာ ဂရစ်ဖ်သ်သည် နေရပ်စွန့်ခွာရသူ ရိုဟင်ဂျာ ကမ့်စခန်းတခုကို သွားရောက်ခဲ့သလို ပြီးခဲ့သည့် သုံးလအကြာက မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အကြီးအကျယ် ထိခိုက်ခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့အနီး ကျေးရွာတခုသို့လည်း သွားရောက်ခဲ့သည်။ ရန်ကုန်နှင့် နေပြည်တော်အကြား ပဲခူးတိုင်းတွင် မုတ်သုံမိုးကြီးမှုကြောင့် ရေကြီး၊ မြေပြိုမှုများဖြစ်ပေါ်ပြီး လူ ငါးဦးထက်မနည်း သေဆုံးခဲ့စဉ် ကုလ စာနာမှု ဆိုင်ရာ အကြီးအကဲ၏ မြန်မာခရီးစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ခရီးစဉ်အပြီးတွင် မစ္စတာ ဂရစ်ဖ်စ်သ်က “ဘေးကင်းလုံခြုံပြီး ရေရှည်တည်တံ့သည့် အကူအညီ ဖြန့်ဝေပေးပို့မှုများ လုပ်ဆောင်နိုင်ရေး” အတွက် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း အရပ်ဖက် လူမှုအဖွဲ့အစည်းပေါင်း ၅၁၄ ဖွဲ့က အသိအမှတ်ပြုသော်လည်း စစ်တပ်နှင့် အတူ လုပ်ဆောင်ခြင်းအားဖြင့် ယင်းကို အောင်မြင်နိုင်မည် မဟုတ်ဟု ပြောကြောင်း Progressive Voice က ဝေမျှသည့် ပူးတွဲထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။ စစ်တပ်သည် နိုင်ငံတွင် အကူအညီ လိုအပ်နေသူများ၊ အထူးသဖြင့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်သည့် ပိုမိုနက်ရှိုင်းလာနေသော ပဋိပက္ခ၏ ရလဒ်ကြောင့် အကူအညီ လိုအပ်နေသူများထံ အကူအညီများ ရောက်ရှိစေမှုအပေါ် ဟန့်တားပိတ်ဆို့နေသည်ဟု စွပ်စွဲခံထားရကြောင်း ထိုပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

“ကိုယ်ကျင့်တရားရှိတဲ့ လူသားချင်းစာနာမှု ထိတွေ့ဆက်ဆံမှုအရဆိုရင် မြန်မာမှာ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲတွေကို ဖြစ်စေတဲ့ အဓိက ရင်းမြစ်ဖြစ်သလို အကူအညီကို လက်နက်သဖွယ် အသုံးချနေတဲ့ တရားမဝင်တဲ့ စစ်အုပ်စုနဲ့ OCHA ၊ အခြား ကုလ လူသားချင်းစာနာမှု အေဂျင်စီတွေ အဆက်အဆံဖြတ်တောက်တာကို တွေ့ရဖို့ လိုပါလိမ့်မယ်” ဟု အရပ်ဖက်လူမှုအဖွဲ့များက ပြောသည်။
👍15👏2😁1
​​ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် ရေယာဉ်များကို တရုတ်က ပိတ်ဆို့ 
====================

အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်အတွင်း အန္တရာယ်ရှိသော ထိပ်တိုက်တွေ့မှုတစ်ရပ်၌ တရုတ်၏ ပိတ်ဆို့ထားမှုကို ဖိလစ်ပိုင် စက်လှေနှစ်စင်းက ချိုးဖောက်ဝင်ရောက်မှု ဖြစ်ခဲ့သည်။ 
ဖိလစ်ပိုင်က ပိုင်ဆိုင်သည်ဟု အတည်ပြုထားသော Second Thomas ပင်လယ်ရေတိမ်ပိုင်းအနီးတွင် အင်္ဂါနေ့က ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရေယာဉ်များ၏ ဖြတ်သန်းသွားလာခွင့်ကို တရုတ်က နာရီအတန်ကြာ ပိတ်ဆို့ထားခြင်း ဖြစ်သည်။ အဆိုပါ ပင်လယ်ရေတိမ်ပိုင်း၌ ဖိလစ်ပိုင်စစ်သင်္ဘောတစ်စင်း ကျောက်ချထားပြီး လိုအပ်ပစ္စည်းများ ပေးပို့ခြင်း ဖြစ်သည်။ 

ယခု အန္တရာယ်ရှိသော ထိပ်တိုက်တွေ့မှုမှာ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဘရူနိုင်းတို့ပါဝင်သော အသွားအလာများသည့် ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှု၌ နောက်ဆုံး ဖြစ်ပွားသည့် ထိပ်တိုက်တွေ့မှုလည်းပဲ ဖြစ်သည်။ 

အင်္ဂါနေ့က ဖြစ်ပွားသော အဆိုပါ ထိပ်တိုက်တွေ့မှု၌ တရုတ်ကမ်းခြေစောင့် သင်္ဘောတစ်စင်းသည် ဖိလစ်ပိုင်ကမ်းခြေစောင့် သင်္ဘောတစ်စင်းထံ ၄၆ မီတာအကွာအဝေးထိ ချည်းကပ်လာရာ ဖိလစ်ပိုင်သင်္ဘောက မတိုက်မိအောင် အလျင်အမြန် ရှောင်ရှားခဲ့ရသည်။ 

ယင်း ပင်လယ်ရေတိမ်ပိုင်း၌ ကာလရှည် ကျောက်ချထားသော ဖိလစ်ပိုင်စစ်သင်္ဘောဆီ ရိက္ခာများနှင့် စစ်သားသစ်များ သွားရောက်ပေးပို့ပြီးနောက် ဖိလစ်ပိုင် ရေယာဉ်များအားလုံး နောက်ထပ် ထိပ်တိုက်တွေ့မှုမျိုး မရှိဘဲ ပြန်လည်ထွက်ခွာခဲ့သည်။ 
ယင်းရေပြင်ဧရိယာကို ပိုင်ဆိုင်သည်ဟု အတည်ပြုထားသော တရုတ်က လူသားချင်း စာနာထောက်ထားရေး အကြောင်းပြချက်ဖြင့် ဖိလစ်ပိုင် ရေယာဉ်နှစ်စင်းကို ဖြတ်သန်းခွင့် ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

တောင်တရုတ်ပင်လယ်ပြင်၌ အချုပ်အခြာ ပိုင်ဆိုင်မှုနှင့် ပတ်သက်ကာ တရုတ်သည် နိုင်ငံတော်တော်များများနှင့် အငြင်းပွားလျက် ရှိနေသည်။
👍8🔥4