ဧရာဝတီတိုင်း မြို့နယ် ၆ ခုမှ PDF ၁၀ ဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီဝါဒဖြန့်
===================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်းအတွင်း မြို့နယ် ခြောက်ခုမှ ပြစ်မှုကျူးလွန်ခြင်းမရှိသေးသည့် PDF ၁၀ ဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီက ဝါဒဖြန့်နေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့က အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်းရှိ ခန်းမတခုတွင် ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘများထံလွှဲပြောင်းအပ်နှံခြင်း ခေါင်းစဥ်ဖြင့် အခမ်းအနားပြုလုပ်ပြီး ဝါဒဖြန့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါအခမ်းအနားတွင် လပွတ္တာမြို့နယ်၊ ဟင်္သာတမြို့နယ်၊ မြောင်းမြမြို့နယ်၊ ကြံခင်းမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် ဟိုင်းကြီးကျွန်းမြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ကို ဝန်ခံလက်မှတ်ရေးထိုးခဲ့သည်ဟု စစ်တပ်လော်ဘီ တယ်လီဂရန်ချယ်နယ်များ၌ ဖော်ပြထားသည်။
ထိုသို့ စစ်ကောင်စီက ဝါဒဖြန့်နေမှုနှင့်ပတ်သက်၍ အဆိုပါမြို့နယ်များရှိ တော်လှန်ရေးအင်အားစုများကို ဆက်သွယ်မေးမြန်းရာ အလင်းဝင်သူများဟု စစ်ကောင်စီမှ ဖော်ပြထားသူများမှာ PDF များမဟုတ်ကြောင်း မဇ္စျိမကိုပြောသည်။
"အဲ့ဒီအခမ်းအနားမှာပါတဲ့ ဟင်္သာတက အောင်ရဲထွဋ်ဆိုတာ NLD ပါတီဝင်ပါ။ နိဗ္ဗာန်တိုက်နယ် ကျောင်းကွင်းမှာနေပြီး စစ်တပ်ကလိုက်ဖမ်းလို့ ပြေးရတာတော့မှန်ပါတယ်။ အဲ့ဒီလူက အလှူခံစားနေတဲ့လူ၊ PDF ဆိုတာတော့ လုံးဝမဟုတ်ပါဘူး"ဟု ဟင်္သာတမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။
ယင်းပြင် မြောင်းမြမြို့နယ်၊ ကြံခင်းမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့ရှိ တော်လှန်ရေးအင်အားစုများကလည်း ၎င်းတို့အဖွဲ့အစည်းများထဲမှ စစ်ကောင်စီထံအလင်းဝင်သူ တဦးတယောက်မျှမရှိကြောင်း၊ စစ်ကောင်စီက PDF ဟု ဖော်ပြသူများမှာ ၎င်းတို့အနေဖြင့် မြင်ဖူးတွေ့ဖူးခြင်းမရှိသည့် သက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီးများဖြစ်ကြောင်း ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က ကြံခင်းမြို့နယ် ထွေအုပ်ရုံး အစည်းအဝေးခန်းမတွင် PDF သင်တန်းဆင်း ၁၀ ဦး စစ်ကောင်စီထံအ လင်းဝင်ခဲ့သည်ဟု စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်များ၌ ဖော်ပြခဲ့သေးသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#PDF
#ဧရာဝတီတိုင်း
#တယ်လီဂရန်
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10💩8😁5🔥1
China accuses Japan of 'arbitrarily dumping nuclear-contaminated' Fukushima water
=========================
https://youtu.be/75asyzD7-mE
=========================
https://youtu.be/75asyzD7-mE
YouTube
China accuses Japan of 'arbitrarily dumping nuclear-contaminated' Fukushima water
China accuses Japan of planning to "arbitrarily dump nuclear-contaminated water" after Tokyo said it would begin releasing water from the stricken Fukushima power plant into the Pacific Ocean this week.
-----------------------------------------
မဇ္ဈိမကို…

😁6
သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=================
https://youtu.be/h05Nah1wh5c

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

🔥4👍1
ကနီမြို့နယ် နွားခြံကုန်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံး
=====================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကိုတိုက် ခိုက်ခဲ့ရာတွင် စစ်သား ၁၀ ဦးခန့် သေဆုံးကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF)ထံမှ သိရသည်။
ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၃ နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ လေးနာရီကြာြမင့်ခဲ့ကြောင်း ULF တပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကိုဂျော်ဒန်က ပြောသည်။
“ရန်သူ့ တပ်ကို မီတာ ၅၀ ခန့် အကွာလောက်ကနေ တိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။ စစ်သားသေဆုံးမှု ၁၀ ဦးလောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူများတယ်” ဟု ၎င်းက ဆိုသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေကျွမ်းကျင်မှုနှင့် တိကျသောစစ်ကြောင်းသတင်းများကို အခြေခံ ကာ စစ်ကောင်စီတပ်ကို ပစောက်ပုံဝိုင်းပြီး ဗျူဟာကျကျတိုက်ခိုက်နိုင်ခဲ့ကြောင်း ULF တပ်ပေါင်းစုမှ ပြော သည်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးရှိ ကျောက် ဆစ်ပုံအမြောက်တပ်မှ လက်နက်ကြီးပစ်ကူ အကြိမ်ရေ ၂၀ ခန့် ပစ်ခတ်ခဲ့ကြောင်း ULF တပ်ပေါင်းစုထံမှ သိရသည်။
အဆိုပါတိုက်ပွဲကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစုမှ KLG စစ်ကြောင်း၊ Comrade စစ်ကြောင်း၊ Alpha စစ်ကြောင်း ၊ Monywa Underground Guerrilla Force ၊ ဒေါင်းလုလင်နှင့် ဒေသတွင်း မဟာမိတ် များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အသက် ၂၃ နှစ်အရွယ် ရဲဘော်ရည်ဝေကျော် လက်နက်ကြီးထိမှန်ပြီးကျဆုံးခဲ့ကြောင်း ULF ထံမှ သိရသည်။
အဆိုပါ စစ်ကောင်စီတပ်သားများသည် ကနီမြို့နယ် နွားခြံကုန်းကျေးရွာမှ ယင်းမာပင်မြို့နယ် စည်သူ သစ်ကွင်း၌ပြောင်းရွှေ့တပ်စွဲနေခြင်းကြောင့် ပန်းတိမ်ပြင်၊ စည်သူ၊ ကျောက် မှော်၊ နွားခြံကုန်း၊ စုန်းချောင်း ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကနီမြို့နယ်
#ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု

❤9👏2👍1😁1
မြန်မာစစ်အုပ်စုခေါင်းဆောင်များနှင့် အဆက်အဆံ ဖြတ်ရန် ကုလကို အရပ်ဖက်လူမှုအဖွဲ့များ တိုက်တွန်း
==================
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) အကြီးအကဲ မာတင် ဂရစ်ဖစ်သ်၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့်စပ်လျဉ်း၍ အရပ်ဖက်လူမှုအဖွဲ့အစည်း ၅၀၀ ကျော်က ပြစ်တင်ဝေဖန်လိုက်သည်။ မစ္စတာ ဂရစ်ဖစ်သ်၏ ခရီးစဉ်သည် လူသားချင်းစာနာမှု အကူအညီနှင့်ပတ်သက်၍ မည်မည်ရရ တိုးတက်မှုရရှိအောင် လုပ်ဆောင်နိုင်ခြင်း မရှိသလို “အကူအညီကို လက်နက်သဖွယ် အသုံးချနေသည့်” အာဏာသိမ်းခေါင်းဆောင်များကို တရားဝင်မှု ပေးရာ ရောက်သည်ဟု အဆိုပါ အဖွဲ့များက ပြောသည်။
မစ္စတာ ဂရစ်ဖစ်သ်သည် ပြီးခဲ့သည့် သီတင်းပတ်က နေပြည်တော်သို့ သွားရောက်ခဲ့ပြီး ၂၀၂၁ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှု၏ ဦးဆောင်သူ မင်းအောင်လှိုင်နှင့် ၎င်းတို့ လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံသည် စစ်အုပ်စုထိန်းချုပ်သော ဂလိုဘယ် နယူးလိုက်အော့ဖ် မြန်မာ သတင်းစာ ရှေ့စာမျက်နှာတွင် ဖော်ပြထားသည်။
သုံးရက်တာ ခရီးစဉ်အတွင်း မစ္စတာ ဂရစ်ဖ်သ်သည် နေရပ်စွန့်ခွာရသူ ရိုဟင်ဂျာ ကမ့်စခန်းတခုကို သွားရောက်ခဲ့သလို ပြီးခဲ့သည့် သုံးလအကြာက မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အကြီးအကျယ် ထိခိုက်ခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့အနီး ကျေးရွာတခုသို့လည်း သွားရောက်ခဲ့သည်။ ရန်ကုန်နှင့် နေပြည်တော်အကြား ပဲခူးတိုင်းတွင် မုတ်သုံမိုးကြီးမှုကြောင့် ရေကြီး၊ မြေပြိုမှုများဖြစ်ပေါ်ပြီး လူ ငါးဦးထက်မနည်း သေဆုံးခဲ့စဉ် ကုလ စာနာမှု ဆိုင်ရာ အကြီးအကဲ၏ မြန်မာခရီးစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ခရီးစဉ်အပြီးတွင် မစ္စတာ ဂရစ်ဖ်စ်သ်က “ဘေးကင်းလုံခြုံပြီး ရေရှည်တည်တံ့သည့် အကူအညီ ဖြန့်ဝေပေးပို့မှုများ လုပ်ဆောင်နိုင်ရေး” အတွက် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း အရပ်ဖက် လူမှုအဖွဲ့အစည်းပေါင်း ၅၁၄ ဖွဲ့က အသိအမှတ်ပြုသော်လည်း စစ်တပ်နှင့် အတူ လုပ်ဆောင်ခြင်းအားဖြင့် ယင်းကို အောင်မြင်နိုင်မည် မဟုတ်ဟု ပြောကြောင်း Progressive Voice က ဝေမျှသည့် ပူးတွဲထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။ စစ်တပ်သည် နိုင်ငံတွင် အကူအညီ လိုအပ်နေသူများ၊ အထူးသဖြင့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်သည့် ပိုမိုနက်ရှိုင်းလာနေသော ပဋိပက္ခ၏ ရလဒ်ကြောင့် အကူအညီ လိုအပ်နေသူများထံ အကူအညီများ ရောက်ရှိစေမှုအပေါ် ဟန့်တားပိတ်ဆို့နေသည်ဟု စွပ်စွဲခံထားရကြောင်း ထိုပူးတွဲထုတ်ပြန်ချက်အရ သိရသည်။
“ကိုယ်ကျင့်တရားရှိတဲ့ လူသားချင်းစာနာမှု ထိတွေ့ဆက်ဆံမှုအရဆိုရင် မြန်မာမှာ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲတွေကို ဖြစ်စေတဲ့ အဓိက ရင်းမြစ်ဖြစ်သလို အကူအညီကို လက်နက်သဖွယ် အသုံးချနေတဲ့ တရားမဝင်တဲ့ စစ်အုပ်စုနဲ့ OCHA ၊ အခြား ကုလ လူသားချင်းစာနာမှု အေဂျင်စီတွေ အဆက်အဆံဖြတ်တောက်တာကို တွေ့ရဖို့ လိုပါလိမ့်မယ်” ဟု အရပ်ဖက်လူမှုအဖွဲ့များက ပြောသည်။

👍15👏2😁1
ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် ရေယာဉ်များကို တရုတ်က ပိတ်ဆို့
====================
အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်အတွင်း အန္တရာယ်ရှိသော ထိပ်တိုက်တွေ့မှုတစ်ရပ်၌ တရုတ်၏ ပိတ်ဆို့ထားမှုကို ဖိလစ်ပိုင် စက်လှေနှစ်စင်းက ချိုးဖောက်ဝင်ရောက်မှု ဖြစ်ခဲ့သည်။
ဖိလစ်ပိုင်က ပိုင်ဆိုင်သည်ဟု အတည်ပြုထားသော Second Thomas ပင်လယ်ရေတိမ်ပိုင်းအနီးတွင် အင်္ဂါနေ့က ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရေယာဉ်များ၏ ဖြတ်သန်းသွားလာခွင့်ကို တရုတ်က နာရီအတန်ကြာ ပိတ်ဆို့ထားခြင်း ဖြစ်သည်။ အဆိုပါ ပင်လယ်ရေတိမ်ပိုင်း၌ ဖိလစ်ပိုင်စစ်သင်္ဘောတစ်စင်း ကျောက်ချထားပြီး လိုအပ်ပစ္စည်းများ ပေးပို့ခြင်း ဖြစ်သည်။
ယခု အန္တရာယ်ရှိသော ထိပ်တိုက်တွေ့မှုမှာ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဘရူနိုင်းတို့ပါဝင်သော အသွားအလာများသည့် ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှု၌ နောက်ဆုံး ဖြစ်ပွားသည့် ထိပ်တိုက်တွေ့မှုလည်းပဲ ဖြစ်သည်။
အင်္ဂါနေ့က ဖြစ်ပွားသော အဆိုပါ ထိပ်တိုက်တွေ့မှု၌ တရုတ်ကမ်းခြေစောင့် သင်္ဘောတစ်စင်းသည် ဖိလစ်ပိုင်ကမ်းခြေစောင့် သင်္ဘောတစ်စင်းထံ ၄၆ မီတာအကွာအဝေးထိ ချည်းကပ်လာရာ ဖိလစ်ပိုင်သင်္ဘောက မတိုက်မိအောင် အလျင်အမြန် ရှောင်ရှားခဲ့ရသည်။
ယင်း ပင်လယ်ရေတိမ်ပိုင်း၌ ကာလရှည် ကျောက်ချထားသော ဖိလစ်ပိုင်စစ်သင်္ဘောဆီ ရိက္ခာများနှင့် စစ်သားသစ်များ သွားရောက်ပေးပို့ပြီးနောက် ဖိလစ်ပိုင် ရေယာဉ်များအားလုံး နောက်ထပ် ထိပ်တိုက်တွေ့မှုမျိုး မရှိဘဲ ပြန်လည်ထွက်ခွာခဲ့သည်။
ယင်းရေပြင်ဧရိယာကို ပိုင်ဆိုင်သည်ဟု အတည်ပြုထားသော တရုတ်က လူသားချင်း စာနာထောက်ထားရေး အကြောင်းပြချက်ဖြင့် ဖိလစ်ပိုင် ရေယာဉ်နှစ်စင်းကို ဖြတ်သန်းခွင့် ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တောင်တရုတ်ပင်လယ်ပြင်၌ အချုပ်အခြာ ပိုင်ဆိုင်မှုနှင့် ပတ်သက်ကာ တရုတ်သည် နိုင်ငံတော်တော်များများနှင့် အငြင်းပွားလျက် ရှိနေသည်။

👍8🔥4
Hong Kong to curb some Japan food imports over Fukushima water release
======================
https://youtu.be/SknyAMCPSvc

Hong Kong will ban the import of "aquatic products" from 10 Japanese prefectures, says Tse Chin-wan, Secretary for Environment and Ecology, following Japan's announcement that it would start discharging water from the stricken Fukushima nuclear plant into…
🔥1
Media is too big
VIEW IN TELEGRAM
Aug - 23 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

🍌1
မြိတ်တွင် စက်သုံးဆီအကန့်အသတ်ဖြင့်သာ ရရှိ
=================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် စက်သုံးဆီပြတ်လပ်မှု စတင်ရင်ဆိုင်နေရပြီး အကန့်အသတ်ဖြင့်သာ ဝယ်ယူရောင်းချနေရကြောင်းစက်သုံးဆီ အရောင်းဆိုင်များနှင့် ဒေသခံများက ပြောသည်။
စက်သုံးဆီရရှိနိုင်မှုအခက်အခဲသည် ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်မှစတင် ကြုံတွေ့နေရခြင်းဟု မြိတ်မြို့ခံများကပြောသည်။ဆိုင်ကြီး အချို့သည် လိုသလောက် ရောင်းချပေးခြင်း မရှိတော့ဘဲ အကန့်သတ်ဖြင့် ရောင်းပေးနေသည်ဟု သိရသည်။
“ဆိုင်ကယ်တစီးကို ၃,၀၀၀(ကျပ်) ဖိုးပဲ ရောင်းပေးလို့ ရမယ်ဆိုပြီးပြောတယ်။ အရင်၀ယ်သလိုမျိုး အပြည့်ထည့်ခိုင်းတာ ရောင်းပေးလို့မရဘူး ပြောတယ်"ဟု မြိတ်မြို့ခံတဦးကဆိုသည်။
မြို့ပေါ်ဆီဆိုင်ကြီးအချို့၌ လက်ကျန်ဆီမရှိတော့ဘဲ ရောင်းလက်စဆီ ပြတ်လပ်ပါက ဆိုင်ယာယီ ပိတ်ထားရဖွယ်ရှိသည်ဟု အရောင်းဝန်ထမ်းများက ယနေ့ ဩဂုတ် ၂၃ရက်က ဆီဝယ်စဉ် အသိပေးလိုက်ကြောင်း ၎င်းက ပြောသည်။
ဆိုင်ကြီးများတွင် မော်တော်ဆိုင်ကယ် တစီးလျှင်၃,၀၀၀ကျပ်ဖိုး၊ သုံးဘီးယာဥ်တစီးလျှင် ၃၀,၀၀၀ဖိုးကျပ်နှင့် မော်တော်ယာဉ် တစီးလျှင် ၅၀,၀၀၀ကျပ်ဖိုး ကန့်သတ်ရောင်းချပေးနေကြောင်း သတင်းရရှိသည်။
“စကစက စက်သုံးဆီကို ထိန်းချုပ်ပြီး ကန့်သတ်မှုတွေနဲ့ ချပေးတော့ အရောင်းအဝယ် မမျှတဲ့သဘော ဖြစ်နေတယ်”ဟု မြိတ်မြို့မှ စက်သုံးဆီလုပ်ငန်းရှင်တဦးက ပြောသည်။
မြိတ်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဩဂုတ်လဆန်းပိုင်းက 92 အောက်တိန်းတလီတာလျှင် ၂၅၆၀ ကျပ်ရှိရာမှ တဖြည်းဖြည်း ဈေးတက်လာပြီး ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နောက်ဆုံး စျေးနှုးန်း အရ ၂၉၀၀ ကျပ်သို့ ဖြစ်နေကြောင်းသိရသည်။ထိုင်းနိုင်ငံမှ တင်သွင်း လာသည့် ဓာတ်ဆီမှာမူ တလီတာလျှင် ၃၃၀၀ မှ ၃၅၀၀ ကျပ်အထိ ရှိနေသည်။
မြိတ်မြို့သည် ရေလမ်းရော ကုန်းလမ်းဆက်သွယ်ရေးအပြင် စက်မှုလုပ်ငန်းများလည်းရှိပြီး စက်သုံးဆီသုံးစွဲမှုများသည့် ဒေသဖြစ်သည်။ စက်သုံးဆီအရောင်းဆိုင်ကြီး ခုနစ်ဆိုင်နှင့်လက်လီရောင်းချသည့် ဆိုင်ပေါင်း ၇ဝ ဝန်းကျင် ရှိကြောင်း သိရသည်။
မြိတ်မြို့ရှိ စက်သုံးဆီဆိုင်တဆိုင်တွင် ဒေသခံများ ဆီတိုးဝှေ့ဝယ်ယူနေစဉ်(ပုံဟောင်း)
စာတည်း-အေးချမ်း
#mizzima
#မြိတ်မြို့
#စက်သုံးဆီပြတ်လပ်မှု

👍12🔥4👎1
ဩဂုတ်လ (၂၃) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
========================
-ခုခံတော်လှန်စစ် အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်မှာ အများကြီး မူတည်နေကြောင်း NUG ယာယီသမ္မတ ပြောကြားလိုက်တဲ့သတင်း
-ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ပေမယ့်လည်း ဈေးနှုန်းမြင့်တက်နေဆဲလို့ စစ်ကောင်စီ ညည်းတွားတဲ့သတင်း
-ကျောက်တံခါးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး ရထားလမ်းနှင့် လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင် ၂ ခု မိုင်းခွဲခံရတဲ့အကြောင်း
-ရခိုင်မှာ မိုခါအပြီး ၃ လကျော်ကြာတဲ့အထိ စာသင်ကျောင်းတချို့ ဆောက်လုပ်ပြီး စီးတာ မရှိသေးတဲ့ သတင်း
-နိုင်ငံအနှံ့မှာပြည်သူ့ထောက်ပံ့ငွေနဲ့ ဒရုန်း အစင်း ၄၀၀ ကျော် ပို့ဆောင်ထားကြောင်း NUG ထုတ်ပြန်တဲ့အကြောင်းနဲ့
-မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းရောင်းချမှု တားဆီးဖို့ စင်ကာပူကို တောင်းဆိုလိုက်တဲ့သတင်းတွေအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/live/EFbauyz_teA?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

ဩဂုတ်လ (၂၃) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======
-ခုခံတော်လှန်စစ် အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်မှာ အများကြီး မူတည်နေကြောင်း NUG ယာယီသမ္မတ ပြောကြားလိုက်တဲ့သတင်း
-ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ပေမယ့်လည်း…

👍12🍌2
သေတဲ့အထိ သတိ | မရွှေမိုး (ကိုရီယား)ရဲ့ လေးညို့သံ − အပိုင်း (၆၇)
===================
“ကိုယ့်ကိုကိုယ် ပေးနိုင်တဲ့ကတိ အရင်ပေးပြီးတော့ အဲဒိကတိကို တည်တာနဲ့ ၉၀ ရာခိုင်နှုန်းက အောင်မြင်တယ်" ... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/uuNI3S6kjxw
#မရွှေမိုးကိုရီးယား
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
“ကိုယ့်ကိုကိုယ် ပေးနိုင်တဲ့ကတိ အရင်ပေးပြီးတော့ အဲဒိကတိကို တည်တာနဲ့ ၉၀ ရာခိုင်နှုန်းက အောင်မြင်တယ်" ... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/uuNI3S6kjxw
#မရွှေမိုးကိုရီးယား
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
သေတဲ့အထိ သတိ | မရွှေမိုး (ကိုရီယား)ရဲ့ လေးညို့သံ − အပိုင်း (၆၇)
“ကိုယ့်ကိုကိုယ် ပေးနိုင်တဲ့ကတိ အရင်ပေးပြီးတော့ အဲဒိကတိကို တည်တာနဲ့ ၉၀ ရာခိုင်နှုန်းက အောင်မြင်တယ်" ... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ…

👍11🤮1
မြင်းကောင်ရေအား ၁၃၄၁ ကျော်ရှိသည့် လန်ဘော်ဂီနီ၏ လျှပ်စစ်စွမ်းအင်သုံး ဟိုက်ပါကား
===================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
လက်တံ ၂၀ ရှိသည့် ဂြိုဟ်သားကဲ့သို့သက်ရှိအား အန္တာတိကသမုဒ္ဒရာ၌တွေ့ရှိ
===================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
စစ်ရေးတင်းမာနေဆဲဖြစ်၍ ဖြူးမြို့နယ်တစ်ဝိုက်မှဒေသခံများ နေရပ်မပြန်နိုင်သေး
======================
YT
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တပ်မဟာ(၃) ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ PDF စစ်ကြောင်းများအကြား စစ်ရေးတင်းမာနေဆဲဖြစ်၍ ဒေသခံများ နေရပ်မပြန် နိုင်သေးကြောင်း တော်လှန်ရေးရဲဘော်များနှင့် မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
ဖြူးမြို့နယ်တွင် ဩဂုတ်လ ပထမပတ်မှစ၍ စစ်ကောင်စီတပ်နှင့် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ကာ ဩဂုတ်လ ၁၈ ရက်နေ့က နေပြည်တော်မှလာသည့် စစ်ကောင်စီကုန်တင်ရထား ကို ကညွတ်ကွင်းမြို့နှင့် တောကျွဲအင်းမြို့ကြားတွင် တော်လှန်ရေးအင်အားစုများကမိုင်းဆွဲခဲ့ရာမှ တိုက်ပွဲ ပိုမိုပြင်းထန်လာခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ် ခတ်ခြင်း၊ ဒေသခံများအား အကြောင်းမဲ့စစ်ဆေးဖမ်းဆီးခြင်းများပြုလုပ်နေသဖြင့် ဒေသခံများ ဘေးလွတ် ရာသို့ စစ်ဘေးရှောင်နေရပြီး ယနေ့အထိ နေအိမ်ပြန်၍ မရနိုင်သေးကြောင်း သိရသည်။
“စစ်ကောင်စီရဲ့လက်ရှိအနေအထားကတော့ စစ်တောင်းမြစ်ရဲ့ အနောက်ဘက်ခြမ်းကိုပဲ အသည်းအသန် ကာနေရတဲ့ အနေအထားမျိုးရှိတယ်။ စစ်တောင်းမြစ်ရဲ့ အနောက်ဘက်ခြမ်းမှာ သူတို့ ပိတ်မိနေတဲ့အနေ အထားမျိုး” ဟု မြေပြင်ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။
“လူရှိတဲ့ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အမြဲတမ်း နေ့ညမပြတ် လှမ်းလှမ်းပစ်နေတော့ ထိခိုက်သေ ဆုံးမှုတွေရှိတယ်။ အဲဒီလိုအနေအထားမျိုးနဲ့ အကြောက်တရားတွေ ရင်ဆိုင်နေရတာပါ။
လက်ရှိစစ်ရေး အခြေအနေအရ ဒေသခံတော်တော်များများ ကျေးရွာစွန့်ပြီး ထွက်ပြေးနေတဲ့အနေအထားမျိုးရှိပါတယ်။ စစ်ရှောင်ထောင်ကျော်ရှိပါတယ်။ စစ်တောင်းမြစ်တလျှောက်က ကျေးရွာတွေပေါ့” ဟု မြေပြင်သတင်း ရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ဖြူးမြို့နယ်အတွင်းရှိ အုတ်ဖြတ်၊ ကြာအင်း၊ ဝဲကြီး၊ မျက်နီကွင်း၊ သစ်ခြောက်ခင်း စသည့်ကျေးရွာငါးရွာ အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ အင်အားတိုးချဲ့ထားကြောင်း သိရသည်။
အဆိုပါကျေးရွာငါးရွာအပြင် ရေဇဲမြောင်၊ ဂုံးတဲ၊ ရေပြာ၊ ကျွန်းကုန်း၊ သနပ်ကွင်း၊ လက်တက်ကြီး၊ နောင်ဘို၊ သစ်ဖြူဆိပ်၊ လှေဒုံး၊ ရွာသစ်၊ ငတိုးခင်၊ ဇလုပ်ကြီး စသည့်ကျေးရွာများမှ ဒေသခံပြည်သူ ထောင်ချီ၍ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ဘေးရှောင်များ၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော် မတီထံ မဇ္ဈိမမှ ဆက်သွယ်ထားသော်လည်း လက်ခံဖြေကြားခြင်း မရှိသေးချေ။
ဖြူးမြို့နယ်တွင် ဩဂုတ်လ ၇ ရက်မှ ၁၆ ရက်နေ့အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရခဲ့ကာ ကျေးရွာအတွင်းနေထိုင်သူများအား ဖမ်း ဆီးသတ်ဖြတ်မှုကြောင့် ခုနစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ပုံအညွှန်း- ဖြူးမြို့နယ်မှ စစ်ဘေးရှောင်အချို့အားတွေ့ရစဉ် ဓါတ်ပုံ- KNU
စာတည်း။ ။စောဖေ
#ပဲခူးတိုင်း
#ဖြူးမြို့နယ်
#စစ်ရေးတင်းမာ
#စစ်ဘေးရှောင်

👍8🔥3
လေစွမ်းအင်သုံး ရွက်တောင်ပံ ၂ ဖက်တပ်သင်္ဘောအား စမ်းသပ်ရွက်လွှင့်
=================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥1
ဂါမာရောင်ခြည်များအားလေ့လာဖို့ သိပ္ပံပညာရှင်များက နာဆာလေယာဉ်ကို မုန်တိုင်းထဲစေလွှတ်

👍5🔥1