Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကျုံပျော်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရ အမျိုးသား ဖမ်းဆီးခံရ
====================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့တွင် ယနေ့ သြဂုတ်လ ၂၅ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန်က ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရ အမျိုးသားတဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ကျုံပျော်မြို့အဝင်၊ မြို့နယ်စည်ပင်သာယာရေးရုံးရှေ့နှင့် အင်းရဲလမ်းဆုံရှိ စစ်ကောင်စီတပ်ဖွဲ့ ၏ စစ်ဆေးရေးဂိတ်ရှိရာ နေရာအနီးတွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။
"ဗုံးပေါက်တဲ့အနားမှာရှိတဲ့ ကောင်လေးတယောက် လက်ချောင်းတွေပြတ်ထွက်သွားတယ်။ ပထမအလုံးပေါက်တာမှာ အဲ့ဒီကောင်လေးထိသွားတာပါ။ သေတော့မသေဘူးဗျ။ ချက်ချင်းဖမ်းခေါ်သွားကြတယ်။ အဲ့ကောင်လေးက သာမန်ပြည်သူလား ဘာလားတော့မသိရသေးဘူး"ဟု ဒေသခံကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီးရှိ စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့များက အဆိုပါအမျိုးသားအား ဖမ်းဆီးခေါ်ဆောင်သွားကြခြင်းဖြစ်သည်ဟု သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့အနှံ့ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ပြီး ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက်မှ လူငယ် ၁၀ ဦးထက်မနည်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

လက်ရှိတွင် ကျုံပျော်မြို့ပေါ်နေရာအနှံ့အပြား၌ စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများခြေရှုပ်နေသည်ဟုသိရပြီး ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့်အမျိုးသားအား ကျုံပျော်အခြေစိုက် အမှတ်(၃၆)ခြေလျင်တပ်ရင်းအတွင်းသို့ ခေါ်ဆောင်သွားကာ စစ်ဆေးမှုများပြုလုပ်နေကြသည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျုံပျော်မြို့
#ဗုံးပေါက်ကွဲမှု

ဓာတ်ပုံ - ဗုံးပေါက်ကွဲပြီးနောက် ကျုံပျော်မြို့နယ်စည်ပင်ရုံးရှေ့မြင်ကွင်း

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👎1👏1😁1
"စွန့်လွှတ်စွန့်စား ပြည့်ရင် သွေးများ" အစီအစဥ် - Episode 10
====================

"စွန့်လွှတ်စွန့်စား ပြည့်ရင် သွေးများ" အစီအစဥ်ကို အပတ်စဥ် သောကြာ နေ့၊ ညနေ ၅ နာရီတိုင်းတွင် PVTV နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာများအပြင် လွတ်လပ်သော သတင်းမီဒီယာများတွင်လည်း စောင့်မျှော်နားဆင်နိုင်ပါပြီ။
 
ယခုအပတ် "စွန့်လွှတ်စွန့်စား ပြည့်ရင် သွေးများ" အစီအစဥ် - Episode 10 မှာ နားဆင်ရမှာက တော့ ရန်ကုန်တိုင်းစစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝ အ ကြောင်းကို နားဆင်ရမှာ ဖြစ်ပါတယ်။
 
အနီရောင်နောက်ခံပေါ်မှာ
အဖြူရောင်ကြယ်တပွင့်ပါတဲ့
PDF အလံတော်ကို အမြင့်ဆုံး လွှင့်ထူလိုက်တယ်။
ပြည်သူအတွက် ငါတို့ ရဲရင့်ဖို့အသင့်
ရန်သူတွေ ကြောက်ဒူးတုန်ကြဟေ့။
 
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။
  
https://youtu.be/AUwCF11WRbM?si=wmIWJZpdUD8jzkM9

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9❤4😁1🤮1
​​ဖာပွန်မြို့မရဲစခန်းကို တော်လှန်ရေးအင်အားစုများတိုက်ခိုက် ရဲ ၃ ဦးသေဆုံး
====================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ဖာပွန်မြို့မရဲစခန်းအား KNU တပ်မဟာ (၅) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဖာပွန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ( ဖာပွန် ပ.အ.ဖ) နှင့် တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။

" မြို့ပေါ် ရပ်ကွက် (၁) မှာရှိတာပါ။ KNLAဦး​ဆောင်ပြီး စစ်​ရေး​ဖော်​ဆောင်တာပါ။ အဲ့ဘက်က ဖုန်းလိုင်း​တွေ စကစဖြတ်ထားတယ်၊ ​မြေပြင်အ​ခြေ​နေ အတိကျမသိရဘူး။ ရဲသုံးယောက်သေတယ်။ ရဲစခန်းမီးရှိူ့ခံရတယ်။ လက်ရှိ ရဲမိသားစု တချို့ ဘုန်းကြီး​ကျောင်းမှာ လာ​နေကြတယ်" ဟု ဖာပွန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်အချိန်က တပ်မဟာ (၅) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဖာပွန်မြို့၊ ရပ်ကွက် (၁) ရှိ ဖာပွန်မြို့မရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်းရှိ ရဲများက ပြန်လည်ပစ်ခတ်မှုပြုသဖြင့် တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း ဖာပွန်မြို့မ ရဲစခန်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦးခန့် သေဆုံး၍ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ပြီး တပ်မဟာ (၅) KNLA ပူးပေါင်းတပ်ဖွဲ့က ရဲစခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

ရဲစခန်း တိုက်ခိုက်ခံရပြီးနောက်တွင် ဖာပွန်မြို့ပေါ်၌ စစ်ကောင်စီတပ်သားများက ဒေသခံများအား စစ်ဆေးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လာကြောင်း သိရသည်။

" အဲ့​ဒီနေ့ တနေ့လုံး ပြည်သူ​တွေကို အပြင်​ပေးမထွက်ဘူး။ ရမ်းသန်းပြီးလိုက်ပစ်​နေတာ။ လမ်း​ပေါ်ထွက်တဲ့လူ အကုန်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်" ဟု ဖာပွန် ပ.အ.ဖ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ဖာပွန်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ​၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင် (ဖာပွန်ခရိုင်)အတွင်း တည်ရှိပြီး KNU တပ်မဟာ (၅) က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင်တကြိမ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် တကြိမ် စာထုတ်ကာ စစ်ကောင်စီလက်အောက်ခံ အစိုးရဝန်ထမ်းများအနေဖြင့် ၎င်းတို့​၏ ရာထူး၊ တာဝန်များမှ အမြန်ဆုံးနှုတ်ထွက်၊ စွန့်ခွာရန် သတိပေးတောင်းဆိုထားသည်။

KNU တပ်မဟာ (၅)​၏ ဩဂုတ်လ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် နယ်မြေအတွင်းကျန်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် KNU တပ်မဟာ (၅) ​၏ ထုတ်ပြန်ချက်အပေါ် လိုက်နာခြင်းမရှိပါက အမိန့်ဆန့်ကျင်သူများအဖြစ် သက်မှတ်ကာ ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်ခြင်း ပြုလုပ်သွားမည့်အကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ဖာပွန်မြို့မရဲစခန်းအား တပ်မဟာ (၅) KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲ တဦး သေဆုံးခဲ့ကြောင်း KNU မူတြော်သတင်းစဉ်ထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KNLA
#ပူးပေါင်းအဖွဲ့
#ဖာပွန်မြို့နယ်
#မြို့မရဲစခန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏3😁2
​​ခရီးသွားလုပ်ငန်း မြှင့်တင်ရန် ဖူးခက်သို့ ထိုင်းဝန်ကြီးချုပ်သစ် ပထမဆုံး သွားရောက် 
======================

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဆရတ်သာ သာဗီဆင်းသည် ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းဖြင့် စီးပွားရေး ပြန်လည်ဦးမော့မှုကို တွန်းတင်ရန် ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် ဖူးခက်အပန်းဖြေကျွန်းသို့ သောကြာနေ့တွင် သွားရောက်သည်။ 

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် အားနည်းသော ကမ္ဘာ့ဝယ်လိုအားကြောင့် အဓိကပို့ကုန်ကဏ္ဍ ကျဆင်းရာ ဧပြီမှ ဇွန်လအတွင်း စီးပွားရေးဖွံ့ဖြိုးမှုက တစ်နှစ်ကထက် ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိပြီး ပြီးခဲ့သော သုံးလတာကထက် သိသိသာသာ နှေးကွေးနေသည်။ 
စီမံကိန်းဌာနကလည်း စီးပွားရေးဖွံ့ဖြိုးမှု ခန့်မှန်းချက်ကို ၂ ဒသမ ၇ မှ ၃ ဒသမ ၇ ရာခိုင်နှုန်းမှသည် ၂ ဒသမ ၅ မှ ၃ ဒသမ ၀ ရာခိုင်နှုန်းသို့ လျှော့ချခန့်မှန်းခဲ့သည်။ 

သို့ရာတွင် ခရီးသွားလုပ်ငန်းမှာ အားကောင်းလာနေဆဲ ဖြစ်ကာ ယခုနှစ်အတွက် နိုင်ငံခြားဧည့်သည် ၂၉ သန်း ရောက်ရှိရန် အစိုးရက ရည်မှန်းထားသည်။ ယင်းသည် ဘတ်ငွေ ၁ ဒသမ ၉၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၄၀ ဘီလီယံ) သုံးစွဲခဲ့ကြသော ၂၀၁၉ ကပ်ဘေးမတိုင်ခင်က စံချိန်တင် ဧည့်သည်လာရောက်မှု၏ လေးပုံသုံးပုံနီးပါး ဖြစ်သည်။ 

ယခုနှစ်တွင် တရုတ်မှ ဧည့်သည် ၁၁ သန်းနီးပါး လာရောက်ထားသည်။ “လက်ရှိမှာ တရုတ်ဧည့်သည် ၃၀ ရာခိုင်နှုန်းပဲ လာရောက်သေးတယ်”ဟု အိမ်ခြံမြေလုပ်ငန်းရှင်လည်းဖြစ်သည့် ဆရတ်သာက သတင်းထောက်များအား ပြောသည်။ 

“တရုတ်ဧည့်သည်တွေဟာ အရေးပါတဲ့ အပိုင်းမှာ ပါတယ်၊ တရုတ်မှာ စီးပွားရေး နှေးကွေးနေတာကြောင့် ပြည်ပခရီးသွားလုပ်ငန်းကို အားမပေးနိုင် ဖြစ်နေတယ်၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ တိုင်းပြည်ဆီ လာရောက်လည်ပတ်ရေးမှာ ပိုမိုလွယ်ကူအဆင်ပြေအောင် လုပ်ပေးဖို့ လိုတယ်”ဟု ၎င်းက ပြောပြီး ဗီဇာလိုအပ်ချက် လျှော့ချခြင်းမျိုးကို အကြံပြုသည်။ 

နိုင်ငံရေး လူသစ်တန်းဖြစ်သော ဆရတ်သာသည် လွန်ခဲ့သော လအနည်းငယ်က အိမ်ခြံမြေကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌဖြစ်ခဲ့ပြီး လွှတ်တော်မဲပေးမှုတွင် အလွယ်တကူ အနိုင်ရကာ ကြာသပတေးနေ့တွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ ဖြစ်သည်။ 

ဆရတ်သာ အနေဖြင့် ၎င်း၏ ဖျူထိုင်းပါတီနှင့် ယှဉ်ပြိုင်ဘက် ပါတီများအပါအဝင် လူစုံသော ၁၁ ပါတီညွန့်ပေါင်းအဖွဲ့မှ အစိုးရအဖွဲ့နှင့်အတူ လက်တွဲလုပ်ဆောင်သွားရမည် ဖြစ်သည်။ 
လာမည့်နှစ်၌ ခရီးသွားလုပ်ငန်းမှ ဝင်ငွေကို ဘတ် ၃ ဒသမ ၃ ထရီလီယံ (ဒေါ်လာ ၉၃ ဒသမ ၉၉ သန်း) ရရှိရန် ရည်ရွယ်ထားကြောင်း ဆရတ်သာက လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
👍6🔥2
​​တက်စလာရဲ့ အော့ပ်တီမက်စ်စက်ရုပ်ကို ယှဉ်ပြိုင်သွားနိုင်မည့် အပိုလိုမနုဿစက်ရုပ်
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
​​လမ်းလျှောက်စက်ပေါ်၌ အကူအညီမလိုဘဲ ပြေးလွှားနိုင်သည့် ခွေးစက်ရုပ်
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1🔥1
​​Bellbottom
========

နိုင်ငံတကာအဆင့် ချက်စ်ကစားသမားတစ်ယောက်ဖြစ်တဲ့ Anshul ဆိုတဲ့အမျိုးသားမှာ မိခင်ဖြစ်သူ နှင့် အမြဲစနောက်တတ်တဲ့ဇနီးဖြစ်သူရှိပြီး ကောလိပ်ကျောင်းတွင် ပြင်သစ်ဘာသာနှင့် ဂျာမန်ဘာသာကို သင်ကြားပေးတဲ့ပျော်ပျော်နေတတ်တဲ့ အမျိုးသားတစ်ယောက်ပေါ့..

ကံမကောင်းစွာပဲ တစ်နေ့မှာ လေယာဉ်ပြန်ပေးဆွဲမှုတစ်ခုမှာ သူ့ရဲ့မိခင်ပါဝင်သွားပြီး ဆုံးပါးသွားပါတော့တယ်.. အဲ့လိုနဲဲ့ Anshul တစ်ယောက် လက်စားချေဖို့ အေးဂျင့်ဖြစ်လာပါတော့တယ်..

ချက်စ်သမားတစ်ယောက်ဖြစ်တဲ့ Anshul က ရန်သူတွေက ဘယ်လိုအကွက်ရွေ့မလဲဆိုတာ ဘယ်လိုတွေတွက်ချက်ပြီးကြိုတင်စဉ်းစားမလဲ ? ဘယ်လိုစိန်ခေါ်မှုများကိုဖြတ်ကျော်မလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ...

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။၂၅.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၂၆.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍2🔥1😁1
ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလို့ ဒေသခံတွေတိမ်းရှောင်
===================

KMN (မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးသွားလာနေတာကြောင့် ကျေးရွာ ခုနစ်ရွာက ဒေသခံ ၈,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းက ဩဂုတ်လ ၁၃ ရက်ကစပြီး ဝက်လက်မြို့နယ်ထဲကို ဝင်ရောက်နေတာဖြစ်ပြီး ကျေးရွာတွေမှာ အထိုင်ချတာ နေအိမ်တွေကိုမီးရှို့တာ ရွာခံတွေကိုဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံကပြောပါတယ်။

လက်ရှိ ဝက်လက်မြို့နယ်ထဲက ထန်းကြီး၊ ပေါက်ကန်၊ ခက်ခ၊ စမွန်း၊ ကျွန်းဦးတော၊ ပဒူ၊ ညောင်ပင်ကြီးတော စတဲ့ ကျေးရွာ ခုနစ်ရွာက ဒေသခံတွေထွက်ပြေးနေရတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်က ပြောပါတယ်။

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

တင်ဆက်၊တည်းဖြတ် - KMN

https://youtu.be/l9XxAwQa3To?si=jM-lwXz3nOil2nXI

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁2🤬2👍1🔥1
​​တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူးကား PDF သိမ်းယူ
================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့တွင် စစ်ကောင်စီဧည့်ရိပ်သာအတွင်း ရပ်ထားသည့် ခရိုင်အုပ်ချုပ်ရေးမှူး၏ကားကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက သိမ်းယူခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ရက်နေ့ ညနေက တီးတိန်မြို့ ပေါ်ရှိ စစ်ကောင်စီအရာရှိများတည်းခိုသည့် ဧည့်ရိပ်သာဝင်းအတွင်းသို့ ဝင်ရောက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ချမ်းငြိမ်းအသုံးပြုသည့် ဟိုင်းလပ်အမျိုးအစားကားကို ယာဉ်မောင်းထံမှ တောင်းယူမောင်းနှင်ခဲ့ခြင်းဟု ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။

“ ကျွန်တော်တို့ သွားယူလိုက်တာပါ။ ခရိုင်အုပ်ချုပ်ရေးမှူးသုံးတဲ့ကားပါ။ ထွမ်းဝုမ်ရိပ်သာ( အရာရှိရိပ်သာ)မှာသွားယူတာ။ ကျွန်တော်တို့ရဲဘော်တွေကိုယ်တိုင် အဲဒီနေရာသွားတော့ ယာဥ်မောင်းသမားရှိတယ်။ အဲ့ယာဥ်မောင်းဆီမှာ ကားသော့တောင်းကြတာ။ ယာဥ်မောင်းက လူကြီးတွေက ကျွန်တော့်ကိုဆူမှာပေါ့လို့ပြောတော့ မင်းကိုဘာမှမလုပ်ဘူးဆိုပြီးမှ ကားကိုယူသွားလိုက်တာပါ။ယာဥ်မောင်းကိုတော့ ဘာမှမလုပ်ခဲ့ပါဘူး" ဟု ၎င်းက ပြောသည်။

ထွမ်းဝုမ်ရိပ်သာထဲ၌ ရုံးသုံးကားနှစ်စီးထားရှိရာမှ ခရိုင်အုပ်ချုပ်ရေးမှူးအသုံးပြုသည့် ကားကို လူငယ်အချို့က မောင်းနှင်ယူဆောင်သွားခဲ့သည်ဟု ဒေသခံတဦးက မဇ္ဈိမအားပြောသည်။

“လူငယ်လေးယောက်က သေနတ်ထောက်ပြီးတော့ ကားသော့တောင်းပြီး မောင်းထွက်သွားတာတဲ့။ ကားသမားကိုတော့ ဘာမှမလုပ်ဘူးလို့ကြားသိရတယ်” ဟု အဆိုပါဒေသခံကပြောသည်။
ကားအား ပြည်သူ့ကာကွယ်ရေးရဲဘော်များက မောင်းနှင်ယူဆောင်သွားပြီး မိနစ်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နောက်မှလိုက်လာပြီး လိုက်လံရှာဖွေခဲ့သည်ဟု သိရသည်။

"နှစ်မိနစ်လောက်နောက်ကျရင် သူတို့ဘက်က ဖမ်းမိမှာပါ။ စကစဘက်က ချက်ချင်းလိုက်လာပါတယ်”ဟု လတ်တလောတွင် လုံခြုံရေးအခြေအနေအရ အမည်ဖော်ပြခြင်းမရှိသေးသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တဦးကပြောသည်။

သိမ်းဆည်းရရှိထားသော အဆိုပါ ကားကို စစ်ကောင်စီအား တိုက်ခိုက်ရေး မစ်ရှင်များဖော်ဆောင်ရာတွင် အသုံးပြုနေပြီဖြစ်ကြောင်းလည်း PDFအဖွဲ့က ပြောသည်။ ကားလုယူခံရပြီးနောက် စစ်ကောင်စီတပ်က တီးတိန်မြို့ပေါ်တွင် စစ်ဆေးရေးတင်းကြပ်ခြင်း၊ ဒေသခံတော်လှန်ရေးအင်အားစုများအား ခြိမ်းခြောက်ခြင်းများလုပ်ဆောင်ခဲ့သည်ဟုသိရသည်။

တီးတိန်မြို့သည် ယခင်က ဖလမ်းခရိုင်အောက်တွင် တည်ရှိပြီး စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူသည်နောက် ၂၀၂၂ ဧပြီလတွင် ခရိုင်မြို့အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ယခုအခါ ခရိုင်အဆင့်ရုံးဌာနများ ဆောက်လုပ်နေဆဲဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးသည် အရာရှိဧည့်ရိပ်သာတွင် အနေများသည် မြို့ခံများကပြောသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဦးအောင်ချမ်းငြိမ်းအားမေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ်မရသေးပေ။

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများ၏ ကား လုယူခံရမှုသည်ချင်းပြည်နယ်၌ ရက်ပိုင်းအတွင်း နှစ် ကြိမ်မြောက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့်ဩဂုတ်လ၂၀ရက်ညကလည်း ချင်းပြည်နယ်၊မင်းတပ်မြို့ဆေးရုံဝင်းအတွင်း ရပ်ထားသည့် ဆေးရုံသုံးတစီးကို လူငယ်အချို့က မောင်းနှင်ယူဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

စာတည်း - အေးချမ်း

#mizzima
#တီးတိန်မြို့
#ခရိုင်အုပ်ချုပ်ရေးမှူးကား
#PDFသိမ်းယူ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤3👏2🔥1🍌1
သြဂုတ်လ( ၂၅ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီက ထုတ်ဝေတဲ့ နှစ်သောင်းတန် ငွေစက္ကူတွေကို မသုံးစွဲဖို့ NUG က တားမြစ်မိန့်ထုတ်ပြန်လိုက်တဲ့ သတင်းနဲ့အတူ ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားတဲ့ကြားထဲက ခရိုင်ပြည်သူ့ဆေးရုံ ဝန်းထဲမှာရှိတဲ့ လူနာတင်ကားတစီးဟာ ပြီးခဲ့တဲ့ဩဂုတ်လ၂၀ရက်နေ့ညက ပျောက်ဆုံး သွားခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/T-5Rk1FAx4s?si=JbgyDJIlsyYbm5tK

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁1🤮1
​​သားဖြစ်သူသပိတ်ခေါင်းဆောင်အား ဖမ်းမရ၍ ဖခင်ကိုဖမ်းပြီးထောင် ၂ နှစ်ချ
====================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်နှင့် လောင်းလုံးမြို့မှ လူထုသပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦး၏ ဖခင်ကိုစစ်ကောင်စီက ထောင် ဒဏ်နှစ်နှစ်ချမှတ်လိုက်ကြောင်းသတင်းရရှိသည်။

ထားဝယ်ခရိုင်သပိတ်ကော်မတီအဖွဲ့ဝင်ဖြစ်ပြီး ထားဝယ်နှင့် လောင်းလုံးမြို့မှ လူထုသပိတ်များတွင် ဦးဆောင်နေသည့် ကိုမင်းလွင်ဦး၏ဖခင်အသက် ၆၅ နှစ်အရွယ် ဦးအောင်ဖေကို လောင်းလုံးမြို့နယ် တရားရုံးက သြဂုတ်လ ၂၃ ရက်နေ့တွင် ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။စစ်ကောင်စီသည် ၎င်းအားဖမ်းဆီးရန်ကြိုးစားသော်လည်း မရခဲ့၍ ဖခင်ဖြစ်သူကို ဖမ်းဆီးပြီး ထောင်ဒဏ် မတရားချမှတ်ခြင်းဟု ကိုမင်းလွင်ဦးကပြောသည်။

" ကျွန်တော် အဖေကို အခု ထောင်ဒဏ်ချရလောက်တဲ့ အထိ ပြစ်မှုမရှိဘူးဆိုတာ သိတယ်ဗျာ။ ဒါပေမယ့် စစ်အာဏာရှင်တွေက ဒီလိုပဲ သူတို့ တရားစွဲ တင်လိုက်ပြီဆိုကတည်းက သူတို့ထောင်ချဖို့ စီစဉ်ထားပြီးသား။သူတို့ တရားစီရင်တယ်ဆိုတဲ့ တရားရုံးတွေကလည်းဟန်ပြ တရားရုံးတွေ”ဟု ၎င်းက ဆိုသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ဟု ထားဝယ်နှင့် လောင်းလုံးမြို့မှ လူထုသပိတ်လှုပ်ရှားမှုများကို ဦးဆောင်ခဲ့သည့် ကိုမင်းလွင်ဦးအား စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ကိုမင်းလွင်ဦးအား ဖမ်းဆီးရန် အမျိုးမျိုးကြိုးစားခဲ့သော်လည်း မရသောကြောင့် သတင်းပေးနိုင်သူကို ကျပ်သိန်းသုံးရာ ပေးမည်ဟု ပြီးခဲ့သည့် ဧပြီလတွင် စစ်ကောင်စီက လောင်းလုံးမြို့လူစည်ကားရာနေရာများ၌ ကြေညာခဲ့ဖူးသည်။ ထို့နောက် ဦးအောင်ဖေကို စစ်ကောင်စီက ဇွန်လ ၁၉ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာရှိ နေအိမ်၌ဖမ်းဆီးခဲ့သည်။ သြဂုတ်လ ၁၂ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခဲ့ပြီးနောက် ယခုအခါ ထောင်ဒဏ်ချမှတ်လိုက်ခြင်းဟု သိရသည်။

စစ်ကောင်စီသည် ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် အရပ်သားပြည်သူတဦးကို မတရားဖမ်းဆီး လုပ်ကြံထောင်ချခြင်းသာဖြစ်‌ကြောင်းထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီက ယနေ့ဩဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ဦးအောင်ဖေအပါအဝင် မတရား ဖမ်းဆီးထောင်ချခံထားရသည့် တနိုင်ငံလုံးမှ နိုင်ငံရေးအကျဥ်းသားများသည် အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်မှုများကို နေ့စဥ်နဲ့အမျှခံနေကြရပြီး အဖမ်းခံထားရစဥ် တစုံတရာ ထိခိုက်မှုရှိခဲ့ပါက အကြမ်းဖက်စစ်တပ်၏ တာဝန်သာဖြစ်သည်ဟု ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း - အေးချမ်း

#mizzima
#ဦးအောင်ဖေ
#ကိုမင်းလွင်ဦး
#လောင်းလုံးမြို့နယ်တရားရုံး

ပုံ - သပိတ်စစ်ကြောင်းရှေ့မှ ကိုမင်းလွင်ဦး

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍7😁2🤬2🔥1
​​ဆိုလာပြားများထက် စွမ်းအင်ပိုမိုထုတ်လုပ်ပေးနိုင်သည့် ဇီဝသစ်ရွက်
==================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
ဩဂုတ်လ (၂၅) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=====================

- ထွက်သွားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေထက် ပြန်ဝင်လာတဲ့ ရင်းနှီးမြှပ်နှံမှုက ပိုများကြောင်း စစ်ကောင်စီဝန်ကြီးပြောတဲ့သတင်း

− ကြံခင်းမြို့နယ်မှာ ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ သတင်း

− ယာယီဘေလီတံတားခင်းပြီးဖြစ်တာကြောင့် မြဝတီ-ကော့ကရိတ်သွားအာရှလမ်းကို ပြန်လည်ဖြတ်သန်းခွင့်ပြုတဲ့သတင်း

− တာချီလိတ်ကနေ ရန်ကုန်ကို ထွက်ခွာတဲ့ လေယာဉ်ပေါ်မှာ ကလေးမီးဖွားတဲ့သတင်း

− ရန်ကုန် မြောက်ဒဂုံမှာ တ‌ည်ဆောက်ဆဲ နဂါးရုံဘုရားပြိုကျပြီး ပန်းရံလုပ်သား ၂ဦး ဒဏ်ရာရတဲ့သတင်းနဲ့

− မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်းတွေမှာ ရိက္ခာအခက်ကြုံနေတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/oavzN-OgRL0?si=K05seLaGE5yEVqlA

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6❤3🔥1🍌1
Media is too big
VIEW IN TELEGRAM
ယူကရိန်းအလံပါတဲ့ အင်္ကျီနဲ့ နိုင်ငံခြားသူအမျိုးသမီးဟာ မြန်မာပြည်ကိုခြေချလာတယ်ဆိုပြီး ဘာသာရေးအကြောင်းပြ သတင်းမှားတစ်ခု ပျံ့နေပါတယ်။

အပြည့်အစုံဖတ်ရန် - t.ly/Y7LuW

#Misinformation_Buster #Fake_News #Ukraine #KNDF #reels #shorts
👍8🔥1🤮1
ရွှေဘိုတွင် ပြည်သူ့စစ်အဖွဲ့ကို PDF တိုက်ခိုက်၊ ၁ဦး အရှင်ဖမ်းမိ
===================

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ဖက်သမ်းကုန်းရွာတွင် ကင်းပုန်းလာဝပ်သည့် ပြည်သူ့ စစ်အဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တဦးအရှင်ဖမ်းမိခဲ့ကြောင်း မဟူရာရွှေဘိုသားတပ်ဖွဲ့က ထုတ်ပြန်သည်။

ရွှေဘိုမြို့နယ် မြစ်ချင်းရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်လေးဦးက ကင်းပုန်းဝပ်ရန်လာရောက်စဥ် ဩဂုတ်လ ၂၄ရက် မနက် ၁၁နာရီ ၃၀မိနစ်အချိန်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဖက်သမ်းကုန်းမှာ အမြဲလိုလို ကင်းပုန်းလာဝပ်တာကို အတွင်းလူ(ဖရဲသီး)က သတင်းပေးပို့လာတဲ့အတွက် သွားစောင့်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာပါ” ဟု မဟူရွာရွှေဘိုသားတပ်ဖွဲ့ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်အဖွဲ့မှမြင့်လင်း ဆိုသူကို အရှင်ဖမ်းမိခဲ့ပြီး သုံးဦးသည် ထွက်ပြေးသွားကြောင်းသိရသည်။မြင့်လင်းအား ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ရွှေဘိုခရိုင်တပ်ရင်း(၄) နှင့် မြင်းချင်းကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မဟူရာရွှေဘိုသားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ ဒေါင်းမာန်၊ ဒေါင်းစစ်သည် ၊ Shwebo Federal Army ၊ ရွှေဘိုအားမာန် ၊ ဘိုမဟာ၊ snake Eyes ၊ ရွှေဘိုစွန်ရဲ ၊ ဇေယျာသွေး ၊ Flying Dragon Force ပြည်သူ့ကာကွယ်ရေးမဟာမိတ်ညီနောင်များမှ ပူးပေါင်းလုပ်‌ဆောင်ခဲ့ခြင်းဟု သိရသည်။တော်လှန်ရေးညီနောင်များအနေဖြင့် စစ်ကောင်စီနှင့် ၎င်းတို့၏ ဒေါက်တိုင်များကို အမြစ်ဖြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း ၎င်းတို့က အသိပေးထားသည်။

စာတည်း - အေးချမ်း

https://youtu.be/B39xp51f16I?si=2JCsg3hLclEgAC53

#mizzima
#ရွှေဘို
#ပြည်သူ့စစ်အဖွဲ့
#တိုက်ခိုက်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12🔥2🥰2👏2❤1
ခင်ဦးမြို့နယ်မှာ စစ်‌ကောင်စီတပ်ဖွဲ့ စစ်ကြောင် ထိုးနေလို့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရ
==================

MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်းနဲ့ အနောက်တောင်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က ဒီကနေ့ ဩဂုတ်လ ၂၅ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၀ ရွာက ဒေသခံ ၈,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကိုနေသူရက ပြောပါတယ်။

တည်းဖြတ် ၊ တင်ဆက် MTO

https://youtu.be/AEWfijuobq4?si=TmMDk7m4TymM52TO

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥2🤬2❤1😁1
​​ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတွင် PDF များက ပြည်သူများအား သတ်ဖြတ်ခြင်းမရှိ
======================

JC
(မဇ္ဈိမ) ။ ။ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)များက လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးခြင်း၊ သတ်ဖြတ်ခြင်းများလုပ် ဆောင်နေကြောင်း ဖြန့်ဝေနေသည်။ ယင်းမှာ မှားယွင်းနေသည်။

“People Media” တယ်လီဂရမ်ချန်နယ်က ဩဂုတ်လ ၁၂ ရက်နေ့တွင် “မင်းကိုနိုင်ရဲ့ အုပ်စုဖြစ်တဲ့ ဒီငြိမ်း လင်းအဖွဲ့က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းမှာ ပြည်သူ တွေကို သတ်ဖြတ်တာ၊ ယာဉ်တွေကို စစ်ဆေးတာတွေ လုပ်ဆောင်လျက်ရှိနေပါတယ်” ဟု (မူရင်း အရေး အသားတိုင်း) ဓာတ်ပုံသုံးပုံဖြင့် ဖြန့်ဝေထားသည်။ ထိုအကြောင်းသည် တယ်လီဂရမ်နှင့် ဂရု(ပ်) ၁၇ ခုတွင် ထပ်ဆင့်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၆၀,၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ အလားတူ ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ စစ်ဆေးခဲ့ရာတွင် ထိုအကြောင်းသည် တစိတ်တပိုင်း မှားယွင်း နေသည့် သတင်းတု ဖြစ်သည်။

သတင်းမှား၌ဖော်ပြထားသည့်ဓာတ်ပုံများသည် ဩဂုတ်လ ၁၁ ရက်နေ့က နယ်ထိန်းရဲတစ်ဦးအား သတင်း အရ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတနေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း Royal Peacock Column မှ ထုတ်ပြန်ထားသည့် ဗီဒီယိုဖိုင်ထဲမှ ဒီငြိမ်းလင်းပါဝင်သည့်နေရာများအား စခရင်ရှော့(Screenshot) ယူ ထားခြင်းဖြစ်သည်။

Royal Peacock Column မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူအား မဇ္ဈိမကထိုအကြောင်းအရာ နှင့်ပတ်သက်၍မေးမြန်းရာ ဖမ်းဆီးရမိသည့် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရဲစခန်းမှ နယ်ထိန်းရဲ အောင်ကိုကိုနိုင်အား သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ ထိန်းသိမ်းထားကြောင်း ပြောသည်။

အဆိုပါ လမ်းပိုင်းတွင် အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၏ ရိုးမဗျူဟာစစ်ကြောင်းများဖြစ် သော Royal Peacock Column၊ Spring Warriors Column ၊ ၃၇၀၂ တပ်ရင်းများမှ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ လမ်းလုံခြုံရေးယူကာ စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများမှလည်း စစ်ဆေးမှုတွင် ကြည် ဖြူစွာ ပူးပေါင်းပါဝင်ကြကြောင်း Royal Peacock Column သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြော သည်။
ထိုလမ်းပိုင်းစစ်ဆေးသည့်အကြောင်းကို သတင်းဌာနများတွင်လည်းဖော်ပြထားကြပြီး သတင်းမှားတွင် ဖော်ပြသကဲ့သို့ ပြည်သူများအား သတ်ဖြတ်ခြင်း မရှိပေ။

လင့် - https://fb.watch/mAEm2TzuxW/
ဤအကြောင်းအရာနှင့်ပတ်သက်၍ “ရွှေကျင်ညောင်လေးပင်က နယ်ထိန်းရဲအဖမ်းခံရပြီးနောက် ပြည်သူ တွေကို PDF ခြိမ်းခြောက်လို့ စစ်ကောင်စီလော်ဘီတွေ သတင်းမှားဖြန့်” ဟု သံလွင်တိုင်းမ်သတင်းဌာနက လည်း အချက်အလက်စစ်ဆေးထားသည်။

လင့် - https://shorturl.at/fnrAK
ထို့ကြောင့် ဒီငြိမ်းလင်းဦးဆောင်သည့် PDF တပ်ဖွဲ့က ရွှေကျင်-ညောင်လေးပင်လမ်းပိုင်း၌ လမ်းစစ်ဆေး ခြင်း ဆောင်ရွက်ခဲ့သော်လည်း ပြည်သူများအား ခြိမ်းခြောက်သတ်ဖြတ်နေသည်ဆိုခြင်းမှာ သတင်းမှား သာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#ဒီငြိမ်းလင်း
#royal_peacock_column
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤2😁2🔥1