Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တရုတ်ကုမ္ပဏီနှင့်စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ်
👍6👏2😁2
တရုတ်ကုမ္ပဏီနှင့်စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ်
=================

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများက ဒေသတွင်း ကြေးနီထုတ်လုပ်နေသည့် တရုတ်ကုမ္ပဏီများနှင့် စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြပွဲကို ယနေ့ စက်တင်ဘာ ၁ရက်တွင်ပြုလုပ်ခဲ့ကြသည်။ 

လူထုသပိတ်စစ်ကြောင်းသည် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲလုပ် နေတာချက်ခြင်းရပ်” “ " မြန်မာ - ဝမ်ပေါင် အလိုမရှိ" မြန်မာ - ယန်စီ အလိုမရှိ” ဟူသော စာတန်းများကိုင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြခြင်းဖြစ်ကြောင်သိရသည်။

ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီသည် စစ်တပ်ကုမ္ပဏီ ဦးပိုင်နှင့်ပူးပေါင်းကာ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တွင် ကြေးနီသတ္တု ထုတ်လုပ်နေခြင်းဖြစ်သည်။

သပိတ်အင်အားစုသည် ခေတ်အဆက်ဆက် ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများကို ဦးညွှတ်အလေးပြုခဲ့ပြီး သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် (၈၉၃) ရက်မြောက်ချီတက်ခြင်းဖြစ်ကြောင်းသိရသည်။

စာတည်း - အေးချမ်း
#mizzima
#ယင်းမာပင်နှင့်ဆားလင်းကြီး
#စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲ
#ဝမ်ပေါင်နှင့်ယန်စီ

ပုံအညွှန်း - ယနေ့ထွက်လာသည့် လူထုသပိတ်စစ်ကြောင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁3
​​စစ်ကောင်စီ လေတပ်ချုပ်ဦးဆောင်သည့် အာဆီယံလေတပ်အကြီးအကဲများညီလာခံနေပြည်တော်တွင် ပြုလုပ်မည်
===============

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။  ။အာဏာသိမ်းစစ်ကောင်စီ လေတပ်က ဦးစီးပြီး အာဆီယံဆိုင်ရာ လေတပ်အကြီးအကဲများညီလာခံ(The ASEAN Air Chiefs Conference (AACC)) ကို နေပြည်တော်တွင် ကျင်းပလုပ်သွားရန်ရှိနေကြောင်း စစ်ကောင်စီကိုလေ့လာစောင့်ကြည့်နေသည့် Justice For Myanmar က သတင်းထုတ်ပြန်သည်။

လေတပ်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးထွန်းအောင်က ဦးစီးပြီး လာမည့် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ရက်နေ့ အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဟု Justice For Myanmar က ၎င်း၏ သတင်းရင်းမြစ်ကိုကိုးကားပြီးဖော်ပြသည်။

ဗိုလ်မှူးကြီးထွန်းအောင်သည် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ စစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်စုများပေါ်တွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုအထောက်အထားများအထင်အရှားရှိသူတစ်ဦးဖြစ်သည်။ ၎င်း၏ကွပ်ကဲမှုအောက်တွင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၃၀ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၀၀နီးပါးသေဆုံးခဲ့ရသည်ဟု the Armed Conflict Location & Event Data Project (ACLED)က စာရင်းပြုထားသည်။

 အထူးသဖြင့် စစ်ကောင်စီက ကျူးလွန်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများထဲတွင် ကလေးငယ်၄၀ဦးအပါအဝင် လူပေါင်း ၁၂၈ဦးသေဆုံးခဲ့ရသည့် ပဇီကြီးကျေးရွာ တိုက်ခိုက်မှူဖြစ်စဉ်ကို အာဆီယံဥက္ကဌအနေဖြင့် အပြင်းအထန်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း ယခုကဲ့သို့ သဘာပတိအဖြစ်တာဝန်ပေးထားခြင်သည်အသိအမှတ်ပြုခြင်းဖြစ်ကြောင်းJFMက ထောက်ပြသည်။

စစ်ကောင်စီနှင့်အာဆီယံဆက်ဆံရေးတွင်စစ်ကောင်စီကို လက်ခံသည့်အုပ်စုနှင့်လက်မခံသည့်အုပ်စု နှစ်ခြမ်းကွဲနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်က သုံးသပ်သည်။

 “အချို့က တရုတ်ပြည်ရဲ့သဘောထားအတိုင်းစစ်ကောင်စီကို ထောက်ခံရပ်တည်တဲ့ အင်အားစုတွေရှိတယ်။အထူးသဖြင့်ထိုင်းတို့ ကမ္ဘောဒီးယားတို့လာအိုတို့ အဲဒီအဖွဲ့တွေ က စစ်ကောင်စီကို အသိအမှတ်ပြုဆက်ဆံဖို့ ထက်သန်တက်ကြွပါတယ်။တရုတ်ရဲ့ပေါ်လစီတိုင်းပေါ့။၊ဒါပေမဲ့ မလေးရှား၊ မလေးရှား၊ စင်ကာပူ၊ အင်ဒီုနီးရှားစတဲ့တိုင်းပြည်တွေကတော့ စစ်ကောင်စီနဲ့ အတတ်နိုင်ဆုံး အဆက်အဆံလုပ်ဖို့ သဘောထားမရှိကြပါဘူး" ဟုပြောသည်။

ထိုညီလာခံကို အကြိမ်( ၂၀) မြောက်အဖြစ် ကျင်းပမည်ဖြစ်သည်။ 
လာမည့်ညီလာခံကိုတာဝန်ယူထားသည့် ဗိုလ်ချုပ်မှူးကြီးထွန်းအောင်သည် ဥရောသမဂ္ဂ၊ အမေရိကန်၊ ယူကေနှင့် ကနေဒါတို့ ပိတ်ဆို့အရေးယူမှူများကို ခံထားရသူတစ်ဦးလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီသည် ပြည်သူများကို မြေပြင်တွင်စစ်ကြောင်းထိုးတိုက်ခိုက်မှုများကိုဆက်တိုက်ပြုလုပ်နေသကဲ့ လေကြောင်းတိုက်ခိုက်မှုများလည်းတောက်လျှောက်ပြုလုပ်နေသည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့်ဒေသခံပြည်သူများသေဆုံးရသည့်အပြင်၊ နေအိမ်များပျက်စီးခြင်း၊ ဘုရားစေတီများ၊ ဝတ်ပြုကျောင်းများနှင့်စာသင်ကျောင်းများလည်းပျက်စီးခဲ့ရသည်။

စာတည်။ ။အောင်ကျော်ဖြိုး

#Mizzima
#အာဆီယံလေဆိုင်ရာလေတပ်အကြီးအကဲများညီလာခံ
#လေတပ်ကာကွယ်ရေးစစ်ဦးစီးချုပ်
#Justice For Myanmar

ဓာတ်ပုံ -JFM

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮9❤2👍1
KIA ဌာနချုပ်လိုင်ဇာအနီး စစ်ကောင်စီတပ်နဲ့တိုက်ပွဲများ ပြင်းထန်နေ
====================

မြန်မာပြည်မြောက်ပိုင်း တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIA တို့ကြား တိုက်ပွဲများ ပြန်လည် ပြင်းထန်နေပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ KIO ဌာနချုပ် လိုင်ဇာအနီးမှာ စစ်ရေးတင်းမာနေတာ ၂ လခန့် ကြာမြင့်နေပြီ ဖြစ်ပြီး ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က လိုင်ဇာဘက်ကို မြစ်ကြီးနားနဲ့ ဗန်းမော်ဘက်ကနေ စစ်အင်အားတွေ ဖြည့်တင်းလာနေတာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးမှ ဆန်တက်လာတဲ့ လက်နက်ခဲယမ်းနဲ့ စစ်ကူများပါတဲ့ သင်္ဘော ၉ စီး လိုင်ဇာမြို့တောင်ဘက် မိုင် ၅၀ ကျော်သာ ဝေးတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဩဂုတ် ၁၉ ရက်နေ့က ဆိုက်ကပ်ပြီး နောက်ပိုင်းမှာ စစ်ကောင်စီက လိုင်ဇာအနီး မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းမှာ စစ်ရေးလှုပ်ရှားနေရာ KIA က ခုခံနေတာဖြစ်ပါတယ်။
ဒီလမ်းပိုင်းမှတစ်ဆင့် စစ်ကောင်စီ မြေပြင်အင်အား ၁၀၀ ခန့်က စစ်သုံးထရပ်ကား ၄ စီးနဲ့ လက်နက်ခဲယမ်းများသယ်ဆောင်ကာ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ မြောက်ဘက် ၁၂ မိုင်ခန့်သာ ဝေးတဲ့ နမ်ဆန်ယန်ရွာသို့ တက်လာရာ လမ်းတစ်လျှောက်မှာ တော်လှန်ရေးအဖွဲ့နဲ့ တိုက်ပွဲများ သုံးရက်ဆက်တိုက ဖြစ်ပွားနေတယ်လို့သိရပါတယ်။

ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်က ဝိုင်းမော်မြို့နယ် ဂါးရာယန်ရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေတိုက်ခိုက်နေသလို ဂါရာယန်အနီးမှာ ခုလို ၃ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေကာ မိုးမောက်မြို့နယ် မဒီးယန်ဘက်မှာလည်း လေကြောင်းက ဗုံးကြဲတာရှိတယ်လို့ KIO ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

လိုင်ဇာနဲ့ အမြောက်တစ်ကမ်းသာ ဝေးတဲ့ နန်ဆန်ယန်မှာ တပ်စွဲနိုင်ဖို့ စစ်အင်အား ရာချီသုံးပြီး ဇူလိုင်လဆန်းမှစကာ အပြင်းအထန်ကြိုးစားနေတာလည်းဖြစ်ပါတယ်။

KIA ဌာနချုပ် လိုင်ဇာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက စတင်ပြီး စစ်ရေးတင်းမာခဲ့တာပါ။ 
ဒီ ၂ လအတွင်းမှာ ဗန်းမော်-မြစ်ကြီးနား လမ်းတလျှာက် တိုက်ပွဲတွေ မကြာခနဖြစ်ခဲ့သလို လေကြောင်းက တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။

KIA ဘက်ကတော့ ဌာနချုပ်လိုင်ဇာအနီးကို စစ်ကောင်စီက တပ်အင်အားတွေ ဖြည့်တင်းနေတာဟာ ဗန်းမော်-မြစ်ကြီးနားလမ်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်ကြောင်း သုံးသပ်ထားပါတယ်။ 

လောလောဆယ်မှာတော့ ဗန်းမော်-မြစ်ကြီးနားလမ်းကို ပိတ်ထားရတာ ၂လနီးပါးရှိနေပြီ ဖြစ်ပါတယ်။

တိုက်ပွဲကာလ ဗုံးအကြိမ်ကြိမ် အကြဲခံထားရတဲ့ နမ်ဆန်ယန်ရွာမှ ဒေသခံများမှာ နီးစပ်ရာ ကျေးရွာတွေနဲ့ ဝိုင်းမော်၊ မြစ်ကြီးနား၊ လိုင်ဇာမြို့များသို့ တိမ်းရှောင်နေကြရတယ်လို့လည်းသိရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကိုဆန့်ကျင်ကာ လက်နက်ကိုင်တော်လှန်လိုတဲ့ ပြည်မက လူငယ်တွေကို KIA က စစ်သင်တန်းပေး၊ လက်နက်ခဲယမ်းများ ကူညီကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာကြောင့် စစ်ကောင်စီကလည်း KIA ကို ဖိအားပေးတိုက်ခိုက်နေတာဖြစ်ပါတယ်။

https://youtu.be/RhmhZZ-SJlc?si=_nFauDWhCBSvmVGc
 
#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥3🤬1
Media is too big
VIEW IN TELEGRAM
အာဏာသိမ်း မြန်မာစစ်တပ် ပူးတွဲဥက္ကဋ္ဌ တာဝန်ယူမယ့် အာဆီယံရဲ့ စစ်ရေးလေ့ကျင့်မှု JFM ကန့်ကွက်

Watch more detail - https://youtu.be/6_tbEiW8aFI

#PoliticalNews
#reels
#shorts
#MizzimaTV
👍6🤡2👏1
​​မြို့ဆိုးစစ်တောင်းမြစ်ကူးတံတားတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးဟု PDF ပြော
=====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း ၊ထန်းတပင်မြို့နယ် ၊ မြို့ဆိုးကျေးရွာရှိ စစ်တောင်းမြစ်ကူးတံတားမှ စစ်ကောင်စီတပ်ဖွဲ့၏ ဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ ရှစ်ဦးသေဆုံးသည်ဟု အထူးကွန်မန်ဒိုတပ်ရင်း −တောင်ပိုင်းတိုင်းက ယနေ့ စက်တင်ဘာလ ၁ ရက်တွင်ထုတ်ပြန်သည်။

ဩဂုတ်လ ၃၁ ရက် နံနက် ၄ နာရီ ၁၀ မိနစ်မှစတင်ကာ နံနက် ၅ နာရီ ၃၀ မိနစ်အထိ တစ်နာရီကျော်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦး နေရာတွင်ပင်သေဆုံးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သား ၁၂ ဦးဒဏ်ရာရရှိသွားပြီး အဆိုပါ ဒဏ်ရာရရှိသူများထဲမှ နှစ်ဦး ထပ်မံသေဆုံးသွားသောကြောင့် ယနေ့နံနက်အထိ သေဆုံး ရှစ်ဦး အတည်ပြုထားကာ ထပ်မံသေဆုံးနိုင်ခြေရှိကြောင်းလည်း သတင်းရရှိထားသည်ဟု ၎င်းကဆိုသည်။

ယနေ့နံနက်ပိုင်းအထိ မြို့ဆိုးဒေသအတွင်း စစ်ရေးတင်းမာလျက်ရှိကာ စစ်ကောင်စီတပ်ဘက်မှလေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

"စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိနေပါတယ်။ ဒီဘက်မှာ စစ်ဆိုင်နေကြဆဲပါ” ဟု အထူးကွန်မန်ဒိုတပ်ရင်း−တောင်ပိုင်းတိုင်း၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ထိုသို့ထိတွေ့မှုဖြစ်ပွားစဉ်တွင် စစ်ကောင်စီတပ်ဖွဲ့က မြို့ဆိုးကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့ပြီး လက်နက်ကြီးကျည်သည် ရွာအတွင်း အရပ်သားနေအိမ်ပေါ်သို့ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံနှစ်ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။
သေဆုံးသူ အရပ်သား နှစ်ဦးမှာ မြို့ဆိုးကျေးရွာ အောက်ပိုင်းနေ ဦးဝင်းအောင်နှင့် ဇနီး ဒေါ်မီးမီးတို့ဖြစ်ကြောင်း မဇ္ဈိမမှသတင်းရရှိသည်။

ပဲခူးတိုင်းအရှေ့ခြမ်း မြို့နယ်များဖြစ်သော ထန်းတပင်၊ ရေတာရှည်၊ ဖြူး၊ ကျောက်တံခါး၊ကျောက်ကြီး၊ ရွှေကျင်၊ အုတ်တွင်း၊ သံတောင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသတွင်း KNLA PDF ပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာလျက်ရှိကာ ရင်ဆိုင်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ထိုသို့ စစ်ရေးတင်းမာလျက်ရှိသော ဒေသများသို့ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသများသည် စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့်အတွက် စစ်ကောင်စီဘက်မှ လေကြောင်းရောမြေပြင်တွင်ပါ အပြင်းအထန် ခုခံလျက်ရှိကြောင်း တော်လှန်ရေးအင်အားစုများ၏ ပြောဆိုချက်အရ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#ထန်းတပင်မြို့နယ်
#စစ်ကောင်စီ
#ကာကွယ်ရေးတပ်ဖွဲ့

ပုံအညွှန်း - ထန်းတပင်မြို့နယ်၊ မြို့ဆိုးတံတား(ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏2🤣2
​​ဆန္ဒပြမှုများကို နှိမ်နင်းရန် စစ်ကောင်စီက အမျိုးသမီးနှင့် ကလေးငယ်များကို ဖမ်းဆီးဟု ကုလသမဂ္ဂ ပြော 
=======================

အရှေ့တောင်အာရှ မြန်မာနိုင်ငံသည် အမျိုးသမီးများနှင့် ကလေးငယ်များအတွက် ဘေးအန္တရာယ် ရှိသည့် နိုင်ငံတနိုင်ငံ ဖြစ်သည်ဟု ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဆီ လာရောက်ခဲ့သူ ကုလသမဂ္ဂ အကြီးတန်းတာဝန်ရှိသူတဦးက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁1
Media is too big
VIEW IN TELEGRAM
INGO နဲ့ NGO တွေကို ပြည်ပနိုင်ငံတွေက အသုံးချနေတာကြောင့် ကြပ်မတ်ထိန်းသိမ်းရမယ်လို့ စစ်ခေါင်းဆောင်ပြော

Watch more detail - https://youtu.be/TmcER2RpoU8

#PoliticalNews
#reels
#shorts
#MizzimaTV
😁8❤1🤬1
​​Cluster ဗုံးများ သုံးစွဲနေခြင်းအတွက် မြန်မာကို လူ့အခွင့်အရေးအဖွဲ့များ ရှုတ်ချ
======================

မြန်မာစစ်တပ်၏ cluster (ပဒေသာဗုံးများ) သုံးစွဲနေခြင်းအတွက် လူ့အခွင့်အရေး ညွန့်ပေါင်းအုပ်စုက ကြာသပတေးနေ့တွင် ရှုတ်ချပြီး ယင်း လုပ်ရပ်ကို ချက်ချင်းရပ်ရန် တောင်းဆိုသည်။၂၀၂၁ ဖေဖော်ဝါရီလက အာဏာသိမ်းထားသည့် စစ်ကောင်စီသည် နေရာများစွာတွင် ထိုသို့သော လက်နက်မျိုးကို အသုံးပြုနေပြီး အနီးဆုံးအားဖြင့် ဇွန်လအတွင်းမှာပင် အသုံးပြုထားကြောင်း Cluster Munition Coalition (CMC) အဖွဲ့က ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤣2🤬1
Media is too big
VIEW IN TELEGRAM
KIA ဌာနချုပ်လိုင်ဇာအနီး စစ်ကောင်စီတပ်နဲ့တိုက်ပွဲများ ပြင်းထန်နေ

Watch more detail - https://youtu.be/RhmhZZ-SJlc

#PoliticalNews
#reels
#shorts
#MizzimaTV
👍9🔥2
​​ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၁ဦးသေ ၂ဦး ဒဏ်ရာရ
=======================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ထန်တလန်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် က လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် စစ်ဘေးရှောင်ဒေသခံအမျိုးသားတဦးသေဆုံး ပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရသိရသည်။

ထန်တလန်မြို့နှင့် ၁၀မိုင်အကွာရှိ ထလွာလမ်(Thlualam) ရွာကို ဩဂုတ်လ ၃၀ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာတွင် ထိခိုက်သေဆုံး ခဲ့ခြင်းဖြစ်သည်။
“ စစ်ဘေးရှောင်သေသွားတယ်လို့သိရတယ် ။ ထန်တလန်နဲ့ အဲဒီရွာက မြေပြင်က ၁၀မိုင်လောက်ရှိတယ်ဆိုပေမဲ့ လေမိုင်ကျတော့နီးပါတယ်။ တစ်မိုင် လောက်ပေါ့” ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္စျိမကို ပြောသည်။

သေဆုံးသွားသူမှာ အသက်(၄၂) နှစ်အရွယ်ရှိ ဦးကြာထန်းဆိုသူဖြစ်ပြီး ကလေး လေးဦး၏ ဖခင်ဖြစ်ကာ အဆိုပါရွာသို့ စစ်ဘေးရှောင်ခိုလှုံနေသောသူဖြစ်ကြောင်း သိရသည်။

ရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံအမျိုးသားနှစ်ဦး မပြင်းထန်သော ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဩဂုတ်လ ၂၇နှင့် ၂၈ရက်များတွင် ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်း ငါးခု အပြင် မြို့တွင်းရှိတပ်စခန်းငယ်နှစ်ခုနှင့် ဟားခါး - ထန်တလန်အကြားရှိ အော်တိုတောင်တို့တွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) CDF – Thantlang က ဩဂုတ်လ ၃၀ရက်နေ့ တွင်ထုတ်ပြန်ခဲ့သည်။

Tilim Operation(03) ဟု အမည်ပေးထားသည့် အဆိုပါစစ်ဆင်ရေးတွင် CDF – Thantlang ၊ ချင်းအမျိုးသားတပ်မတော် (CNA) ၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုဖေး) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၀ကျော်သေဆုံးပြီး ၅၀ကျော်ဒဏ်ရာ ရရှိသွားသည့်အပြင် သေနတ်ငါးလက်နှင့် ကျည်ဆန်များသိမ်းဆည်းရရှိခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်ဖြင့်ဗုံးကြဲခဲ့ပြီး ဟားခါးမြို့မှ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်ဖွဲ့ဝင်များဖြစ်သော CNA မှ ငါးဦး ၊ CDF – Zophei ငါးဦး ၊ CDF – Thantlang လေးဦးနှင့် CDF – Hakha မှ ရဲဘော်တစ်ဦး စုစုပေါင်း ၁၅ဦးကျဆုံးခဲ့ကြောင်းသိရသည်။

ယင်းသို့ နှစ်ဖက်အကျအဆုံးများပြားခဲ့သော ထန်တလန်မြို့တွင် စက်တင်ဘာလ ၁ရက် ယနေ့တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ နှစ်ဖက်ဆက်လက်တပ်စွဲထားလျက် ရှိကြောင်း ချင်းတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကပြောသည်။

ထန်တလန်မြို့သည် စစ်ကောင်စီတပ်နှင့် ချင်းတပ်ဖွဲ့များအတွက် စစ်ရေးအရ အရေးပါသော နေရာဖြစ်ပြီး တိုက်ပွဲများဖြစ်ပွားခဲ့ချိန်တိုင်းတွင် စစ်ကောင်စီတပ်က လူနေအိမ်များကို မီးရှို့ခဲ့သဖြင့် ဒေသခံများ တိမ်ရှောင်နေခဲ့ကြရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#Mizzima
#ထန်တလန်
#လက်နက်ကြီး

ပုံအညွှန်း- ထန်တလန်မြို့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😢3❤2
This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင် မနီလာမြို့မီးလောင်မှုအတွင်း လူ ၁၅ ဦးသေဆုံး

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
❤5😢4
​​မြန်မာရှိ ရိုဟင်ဂျာများနှင့် အခြား လူနည်းစုများကို ကာကွယ်ရန် ကုလသမဂ္ဂ အကြီးအကဲ တိုက်တွန်း
=======================

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများနှင့် စည်းလုံးညီညွတ်မှုကို ပြသရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မကြာသေးခင်က ထုတ်ပြန်ချက်တွင် တိုက်တွန်းသည်။၂၀၂၂ ဩဂုတ် ၁၅ ရက်မှ ၂၀၂၃ ဩဂုတ် ၁၄ ရက် ကာလကို လွှမ်းခြုံသော “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေ” ကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
ဩဂုတ်လအတွင်း စစ်ကောင်စီသတ်ဖြတ်မှုကြောင့် သေဆုံးသည့် ၉၄ ဦးတွင် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်
👍7👎2❤1