Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
👉 ၁၅ နှစ်အရွယ်သမီးဖြစ်သူကို သူမရဲ့ Personal Assistant ခန့်ထားတဲ အိန်ဂျလီနာဂျိုလီ

Full Video Link - https://youtu.be/vH5KMAfBVpY

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍6🍌2
နတ်စင်ကုန်းအထက်တန်းကျောင်းမှာ ကျောင်းသားတွေကို စစ်သင်တန်းပေးနေဟုဆို
======================

ရွှေနွယ် (မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ တောင်ငူမြို့နယ် နတ်စင်ကုန်းအထက်တန်းကျောင်းမှာ ကျောင်းသားတွေကို စစ်ကောင်စီရဲ့ ကြည်းတပ်က စစ်သင်တန်းပေးနေကြောင်း တောင်ငူမြို့ခံတွေက မဇ္ဈိမကိုပြောပါတယ်။

ဒီလို စစ်သင်တန်းပေးနေတာဟာ နှစ်လလောက်ရှိပြီဖြစ်ပြီး အဲ့ဒီ အထက်တန်းကျောင်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေတက်ရောက်ပညာသင်ယူနေတဲ့ ကျောင်းဖြစ်တယ်လို့ တောင်ငူမြို့ခံတဦးက ပြောပါတယ်။

ဒါဟာ ချောဆွဲတဲ့ ပုံစံမျိုးနဲ့ဖိအားပေး လုပ်ဆောင်နေတာဖြစ်ပြီး ဒီလုပ်ရပ်တွေဟာ စစ်ကောင်စီတပ်ထဲမှာ အကျအဆုံးဘယ်လောက်များနေကြောင်း၊ ဘယ်လောက်အင်အားချိနဲ့နေကြောင်းနဲ့ စစ်အင်အားမလုံလောက်မှု အနေအထားတွေကို ပြသနေတာဖြစ်တယ်လို့လည်း စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စစ်ကောင်စီရဲ့အကျပ်အတည်းပိုကြီးမားလာလေ ဒီလို စစ်အင်အားစုဆောင်းမှုတွေဟာလည်း မြန်မာနိုင်ငံအနှံ့မှာ ပိုမိုများပြားလာလေဖြစ်နိုင်ကြောင်း ဦးသန်းစိုးနိုင်က သုံးသပ်ထားပါတယ်။

https://youtu.be/M4syV7ru7TU?si=5X1f1QCPniLhE4aN

#ပဲခူးတိုင်း
#တောင်ငူမြို့နယ်
#စစ်ကောင်စီတပ်
#စစ်သင်တန်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬10❤2👍2
​​မြန်မာဆီ လိင်ကုန်ကူးခံရသည့် ထိုင်းအမျိုးသမီးကို ကယ်တင်
===================

မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသည့် ဘေးအန္တရာယ်အတွင်း ကျရောက်ခဲ့သော ဥဒုံဌာနီမှ အမျိုးသမီးတဦးကို ချင်းရိုင်ရှိ အာဏာပိုင်များက ကယ်ဆယ်ခဲ့ရသည်။

နမ်းဟုသာ သိရသော အသက် ၂၉ နှစ်အရွယ် အဆိုပါ အမျိုးသမီးသည် ရှမ်းပြည်နယ်က call centre အလုပ်သမားများကို လိင်ဝန်ဆောင်မှု ပေးရန် တရုတ်အော်ပရေတာများ၏ လိမ်လည်လှည့်ဖျား ခေါ်ဆောင်ခြင်း ခံရခြင်း ဖြစ်သည်။

ယင်း အမှုကို Ninja Today ဖေ့ဘုတ်ပေ့ချ်၌ အရပ်သားဂျာနယ်လစ်တဦးက ဖော်ထုတ်ရာမှ ချင်းရိုင်ရဲဌာနှင့် လူမှုဖွံ့ဖြိုးရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာနတို့က အာရုံစိုက်လာခဲ့ခြင်း ဖြစ်သည်။
👍9🍌1
မုန်းမြို့နယ်တွင် စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင် ၅,၀၀၀ ကျော်ရှိလာ
🔥5👍1
မုန်းမြို့နယ်တွင် စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင် ၅,၀၀၀ ကျော်ရှိလာ
======================

YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ မုန်းမြို့နယ်တွင် ဒေသခံ ၅,၆၆၂ ဦး စစ်ဘေးတိမ်းရှောင်နေရကြောင်း KNU ဗဟို၏ ယမန်နေ့ စက်တင်ဘာလ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မဟာ(၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားနေဆဲ တိုက်ပွဲများနှင့် စစ်ကောင်စီတပ်ဖွဲ့၏ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်နေကြခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

"ကျေးရွာပေါင်းကတော့ ရွာ ၂၀ ဝန်းကျင်လောက်ရှိပါတယ်။ တော်တော်များများက ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပါ။ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအတိုင်းအတာနဲ့ စာရင်းကောက်ခံတာ အကုန်တော့ မရသေးဘူး။ ခန့်မှန်းခြေအရမှာ ၅,၀၀၀ ကျော်ပါတယ်" ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (မုန်းမြို့နယ်) မှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီအနေဖြင့် သစ်ချဆိပ်ကျေးရွာ၊ ဖိုးသောစုကျေးရွာ၊ ကရင်မျက်ရဲရွာ၊ ဗမာမျက်ရဲရွာ၊ တိုင်ပင်ကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ ဥသျှစ်ခင်ကျေးရွာ၊ ငလောက်တိုက်ကျေးရွာ စသည့် ကျေးရွာရှစ်ရွာကိုသာ စာရင်းပြုစု၊ အတည်ပြုနိုင်သေးပြီး အဆိုပါ ကျေးရွာများမှ ဒေသခံ ၅,၆၆၂ ဦး ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"တနှစ်ကျော်လောက် ရှိပြီ၊ တချို့ ပြေးလိုက် ပြန်နေလိုက် လုပ်တဲ့သူတွေတော့ ရှိတာပေါ့။ အခု အဲ့ဒီကျန်နေတဲ့ဒေသခံတွေပါ ထွက်ပြေးရတာပါ" ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

မုန်းမြို့နယ်တွင် ဩဂုတ်လ ၂၉ ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့ နှင့် တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ဒေသခံများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

ထွက်ပြေးတိမ်းရှောင်နေရဆဲ စစ်ဘေးရှောင်များအတွက် လက်ရှိတွင် မိုးတွင်းကာလဖြစ်၍ အမိုးအကာများ အရေးပေါ်လိုအပ်နေပြီး ဆေးဝါး၊ စားနပ်ရိက္ခာ၊ စောင်၊ ခြင်ထောင်များလည်း လိုအပ်နေကြောင်း ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီဝင်ထံက သိရသည်။

ထို့အပြင် ဩဂုတ်လ ၂၉ ရက်နေ့မှ ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့အထိ ဖြစ်ပွားနေဆဲ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ နေအိမ်မီးရှို့မှု စသည့် အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုများအား ပိုမိုကျူးလွန်လာကြောင်း ၎င်းထံက သိရသည်။

လက်ရှိတွင် KNU နယ်မြေများ၌ စစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီတပ်၏ အရပ်သားပစ်မှတ်များအား တိုက်ခိုက်ခြင်းများကြောင့် KNU နယ်မြေများတွင် စစ်ဘေးရှောင်ပြည်သူ ၆၀၀,၀၀၀ ကျော်ရှိနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဩဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်သည့် " First 100 Days: KNU In New Era” သတင်းစာရှင်းလင်းပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက ထုတ်ဖော်ပြောဆိုထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ပဲခူးတိုင်း
#ကျောက်ကြီးမြို့နယ်
#စစ်ဘေးရှောင်

ပုံအညွှန်း- စစ်ဘေးရှောင်ဒေသခံအချို့အား တွေ့ရစဉ်( ဓါတ်ပုံ- KPSN)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4👍1
စက်တင်ဘာလ (၂) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒီကနေ့ညမှာတော့

စစ်ကောင်စီရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ၅ ဦး ရာထူးကနေ ဖယ်ရှားခံရတဲ့သတင်းနဲ့အတူ

ချင်းပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင် နေရာကို ဗိုလ်မှူးကြီးသိန်းထွန်းအောင်နဲ့ အစားထိုးတဲ့ သတင်းအပါအဝင်

နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်း နိုင်ငံတကာ၊ အားကစားနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ်အစီအစဉ်ကို တင်ဆက်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/SkvvU5qeeEE?si=5HlcvJZWG7R7nJfL

#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥3👍1
"ခြားတော့ ခြားတာပဲ" | ဘာလိုလို့လဲ ဇာတ်လမ်းတို
====================

လင်မယားလို့ဖြစ်လာပြီဆိုရင် အိမ်ထောင် တာဝန်တွေ ထမ်းကြရပါတယ်။

အခုခေတ် အိမ်ထောင်တွေမှာ မရှိမဖြစ်လိုလာတာက သားဆက်ခြား ကျန်းမာရေး အသိပါ။

သိပြီးရင်တော့ သားဆက်ခြား လုပ်တဲ့အခါအမျိုးသားရဲ့ တာဝန်လား အမျိုးသမီးရဲ့ တာဝန်ဖြစ်ပါသလား။

ဘာလိုလို့လဲ ဇာတ်လမ်းတွဲက နောက်ထပ် ဇာတ်လမ်းတိုတပုဒ်ပါ။

သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။

https://youtu.be/osvaa0W4JTo?si=MVmjs9Yb3BQpBKCq
👍4🔥1
​​“ထောက်ခံမှု မြင့်မားလိမ့်မည်ဟု မမျှော်လင့်ခဲ့” ဟု စင်ကာပူ ရွေးကောက်ခံသမ္မတ ပြော 
=======================

စင်ကာပူနိုင်ငံ၏ ရွေးကောက်ခံ သမ္မတ သာမန်း ရှန်မူဂါရတ်နမ်က ၂၀၂၃ သမ္မတ ရွေးကောက်ပွဲ၌ သူ အနိုင်ရခဲ့သည့် အတိုင်းအဆကို အံ့အားသင့်ရကြောင်း စနေနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5💩4👏1
“စစ်ကောင်စီစစ်ကြောင်းတွေ ဘယ်လောက်ရက်စက်နေလဲ" | ချစ်သောအညာမြေ EP- 23
====================

အခုနောက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေဟာ အရင်ကထက် ပိုဆိုးတာတွေ လုပ်တာတယ်လို့ သိရပါတယ်။ ဘယ်လို ဆိုးဆိုးဝါးဝါး လုပ်ရပ်တွေကို တွေ့လာရပါသလဲ။ စစ်ကောင်စီက သူတို့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ နယ်မြေစိုးမိုးရေးတို့၊ PDF စခန်းတွေဖြိုခွင်းရေးတို့ ကြောင့် စစ်ကြောင်းထိုးတာလို့ဆိုတယ်။ အဲဒီ အကြောင်းပြချက်နဲ့ လက်တွေ့မြေပြင်မှာ သူတို့လုပ်တဲ့ လုပ်ဆောင်ချက်တွေက တူညီမှုရှိလား။ ကိုယ့်အချင်းချင်းကြား ပဠိပက္ခတွေအပေါ် သက်ဆိုင်သူတွေကို ဘာပြောချင်လဲ၊ အညာအတွက် လူထုတရပ်လုံးကို ဘယ်လိုသတင်းစကား ပါးချင်ပါသလဲ။ စတာတွေကို ဆွေးနွေးခန်းမှာ နားဆင်ကြရမှာပါ။

ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင့် ကိုသော်ကောင်း၊ မုံရွာသပိတ်ခေါင်းဆောင် မချောစုစံနဲ့ Myingyan Black Tiger (MBT) က ရဲဘော် 98 တို့ကို ကိုနောင်နောင်က မေးမြန်းဆွေးနွေးထားပါတယ်။

https://youtu.be/PlNdthMubAE?si=M_M-VRs7Yfba_fGm

#ချစ်သောအညာမြေ
#စကားဝိုင်း
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤5
NUG နဲ့ ဆက်ဆံတာကြောင့်ဆိုပြီး အရှေ့တီမော သံတမန်ကို စစ်ကောင်စီနှင်ထုတ် | Weekend News Roundup
====================

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

-NUG နဲ့ ဆက်ဆံတာကြောင့်ဆိုပြီး အရှေ့တီမော သံတမန်ကို စစ်ကောင်စီနှင်ထုတ်တဲ့သတင်း

-လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ့် လာအိုနိုင်ငံအတွက် မြန်မာ့အရေး ဖြေရှင်းဖို့ ဖောင်ဒေးရှင်းချပေးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားပြောတဲ့သတင်း

-အမေရိကန်ရဲ့စစ်ရေးအကူအညီပေးနေမှုက ထိုင်ဝမ်ရဲ့လုံခြုံရေးကိုထိခိုက်စေကြောင်း တရုတ်သတိပေး တဲ့သတင်း

-ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမှာ မျောက်ဝံတွေရဲ့နှောက်ယှက်မှုမခံရဖို့ မျောက်ဝံယောင်ဆောင်ထားတဲ့လူတွေကို ဖြန့်ကြက်ချထား တဲ့သတင်း

-မြန်မာနိုင်ငံမှ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတွေကို ဥရောပသမဂ္ဂ(EU)က အကဲဖြတ်နေ တဲ့ သတင်း

-ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ကြိုတင်ဝင်ငွေခွန်ကောက်ခံတဲ့သတင်း

https://youtu.be/PIzsms7PbK8?si=R9FqStQBSlhR9fpA


#weekendnewsroundup
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👏6👍5🤬2🥰1
Media is too big
VIEW IN TELEGRAM
“စစ်ကောင်စီစစ်ကြောင်းတွေ ဘယ်လောက်ရက်စက်နေလဲ" | ချစ်သောအညာမြေ EP- 23

Watch more detail - https://youtu.be/PlNdthMubAE

#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels
❤8👍4
မြိုင်မြိုင်ဆိုင် သုံးခရိုင် စီမံချက်နဲ့ မန္တလေးတိုင်းမှာ စစ်ဆင်ရေး တိုးမြှင့်သွား မယ်လို့ဆို
====================

KMN (မဇ္ဈိမ)။ ။မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသဖြစ်တဲ့ မြင်းခြံ၊ မိတ္ထီလာ၊ ညောင်ဦးခရိုင်တွေမှာ စစ်ဆင်ရေး တိုးမြှင့်သွားမယ်လို့ ခရိုင် ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

မြင်းခြံ၊ မိတ္ထီလာ၊ ညောင်ဦးခရိုင်တွေပါဝင်တဲ့ လက်နက်ခဲယမ်း ရန်ပုံငွေရှာဖွေမှုကို စက်တင်ဘာလ ၂၇ ရက်နေ့အထိ ဆောင်ရွက်နေတာဖြစ်ပြီး လက်နက်ခဲယမ်း ဝယ်ယူဖို့အတွက် ကျပ်သိန်း ၅,၀၀၀ လျာထားတယ်လို့လည်း ပါဝင်တဲ့ တပ်ဖွဲ့တွေက ပြောပါတယ်။

တော်လှန်ရေးအရှိန် မြှင့်တင်ဖို့ အတွက် သက်ဆိုင်ရာ တပ်ဖွဲ့ နဲ့ မြိုင်မြိုင်ဆိုင် သုံးခရိုင် စီမံချက်ကို ဆောင်ရွက်ပေးနေတဲ့ ပြည်ပရောက်ထောက်ဖို့အဖွဲ့တွေက တဆင့်လှူဒါန်းနိုင် တယ်လို့လည်း ခရိုင်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

https://youtu.be/Ih1tPH8KVOE?si=-FsTja9zFyXkAdpD

#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👏11👍7❤3👎1😁1
မီတာမဆောင်လျင် မီတာပုံးများသိမ်းမည်ဟု ငွေတောင်းခံလွှာတွင် ရိုက်နှိပ်အသိပေး
❤6🤮3👍2