Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စက်တင်ဘာလ (၁၉) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=================

- မယ်စဲ့မှာ ဖမ်းမိတဲ့ တပ်မိသားစုဝင်တွေကို ပြန်လွှတ်ပေးတဲ့ သတင်း

- စစ်ကောင်စီ ဗဟိုဘဏ်က ၁၀ ရက်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော် ထုတ်ရောင်းတဲ့ သတင်း

- တရုတ်အထူးသံတမန် တိန့်ရှီးကျွင်း နေပြည်တော်သို့ ရောက်ရှိလာတဲ့သတင်း

- KTVမှာ သောက်စားနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရတဲ့ သတင်း

- မူဆယ်နဲ့ မိုးကုတ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ သတင်းနဲ့

- ရုရှားကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ သွားရောက်ပြီး လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတွေပြုလုပ်တဲ့
သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/1-CAub0cymc?si=0cra8QCqQHv6ARek

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁4👍1
​​စစ်ကိုင်းတွင် ပကဖနှင့် စစ်ကောင်စီတပ်တိုက်ပွဲ စစ်ကောင်စီတပ်က ၂၀ ကျော်သေပြီး ပကဖ ရဲဘော် ၂ ဦးကျဆုံးဟုဆို
====================

007
(မဇ္စျိမ) ။ ။စစ်ကိုင်းမြို့တွင်၊ စက်တင်ဘာလ ၁၅ ရက်နေ့ကစခဲ့သည့်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲများ ယနေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ၂၀ ကျော်သေဆုံးကာ ပကဖ ရဲဘော် ၂ ဦးကျဆုံးဟုဆိုကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

“စစ်ကိုင်းအနောက်ခြမ်းရော အရှေ့ခြမ်းရောမှာ စစ်ရေးတင်းမာနေဆဲအခြေအနေပါ၊ အခုမနက်အထိကို ပစ်နေ ခတ်နေကြတုန်းပဲ၊ ငါးထပ်ကြီးဘုရားနားတပ်စွဲထားတဲ့ စကစတွေက အခုထိ ရွာတွေထဲ မွှေလို့ကောင်းနေတုန်းပဲ၊ အဲဒီမှာ တချက်တချက် လက်နက်ကြီးပစ်သံတွေကြားနေရတယ်၊ စစ်ကိုင်းမြို့ပေါ်တော့ လူအသွားအလာ အရမ်းနည်းသွားပြီ” ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် စစ်ကိုင်းဒေသခံတဦးက ပြောသည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းကနေ နေ့လယ်ပိုင်းအချိန်အထိ စစ်ကိုင်းမြို့ အနောက်ဘက်ကျေးရွာများဘက်က လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများထွက်ပေါ်နေပြီး စစ်အုပ်စု ဘက်ကလည်း အဆိုပါကျေးရွာများအား ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနောက်ဘက်ကို စစ်ကြောင်းထိုးပြီး၊ ရွှေဘုံသာကျောင်း၀င်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သော ဂဠုန်မင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့သည့်စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၃ နာရီ ၅၀ မိနစ်ခန့်တွင် ၆၀ မမဖြင့် ပစ်ခတ်ရာ စစ်သားငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရများပြားကြောင်း ၎င်းတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ဂဠုန်မင်းတပ်ဖွဲ့သည်၊ ထိုနေ့မတိုင်ခင် စက်တင်ဘာလ ၁၅ ရက်နေ့ညကလည်း ငါးထပ်ကြီးဘုရားအနောက်ဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး၊ မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီဘက်က တဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်းလည်းသိရသည်။

အလားတူ ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင်လည်း၊ တဲကြီးကျေးရွာထဲ စစ်ကြောင်းထိုးလာသော စကစတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး၊ ထိုတိုက်ပွဲတွင်တော့ စကစတပ်ဘက်က ၂၀ ခန့်သေဆုံးခဲ့၍ ၎င်းတို့ဘက်ကလည်း တော်လှန်ရေးရဲဘော် နှစ်ဦးကျဆုံးခဲ့ရကြောင်း ဂဠုန်မင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာ၀န်ရှိသူက ပြောသည်။

“ထိတွေ့တိုက်ပွဲဖြစ်တယ်၊ စကစဘက်က ၂၀ လောက်သေတယ်၊ တော်လှန်ရေးရဲဘော် နှစ်ယောက်တော့ မြင့်မြတ်စွာကျဆုံးသွားတယ်၊ ၁၆ ရက်နေ့ကလည်း တိုက်ပွဲတကြိမ်ဖြစ်တယ်၊ အဲဒီမှာလည်း စကစလည်းငါး ကောင်သေတယ်” ဟု ၎င်းကဆိုသည်။

တံတားဦးလေဆိပ်တာ၀န်ကျ ဒုရဲအုပ်သန်းမင်းစိုးနှင့်ဇနီးဖြစ်သူတို့ စစ်ကိုင်းမြို့နယ် သလွန်ဖြူကျေးရွာတွင်၊ စက်တင်ဘာလ ၁၃ ရက်နေ့က အသတ်ခံခဲ့ရသည့်အပေါ် မကျေမချမ်းဖြစ်နေသည့် စစ်အုပ်စုသည်၊ နောက်တရက်နံနက်အစောပိုင်းကစ၍ စစ်ကိုင်းမြို့တပ်မ(၃၃)မှ အင်အား ၁၀၀ ခန့်ဖြင့်၊ အဆိုပါကျေးရွာအပါအ၀င် စစ်ကိုင်းအနောက်ဘက်ကျေးရွာများအား စစ်ကြောင်းထိုး၀င်မွှေနှောက်ဖျက်ဆီးမှုတို့ ပြုလုပ်ခဲ့ကြောင်း၊ စက်တင်ဘာလ ၁၄ ရက်နေ့မှ ယမန်နေ့အထိ၊ ဒေသခံအရပ်သား ၁၀ ဦးထက်မနည်းကို သတ်ဖြတ်ထားပြီး၊ အရပ်သား၄၀ ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း၊ ထိုအထဲမှအချို့သည် ညှဥ်းပန်းနှိပ် စက်ခံရပြီး သေဆုံးခဲ့ကြောင်း၊ စစ်အုပ်စုသည်၊ လူသူမရှိသည့် နေအိမ်များမှ သက်ရှိသက်မဲ့ ကျွဲနွား လှည်း ရွှေငွေနှင့် အဖိုးတန်ပစ္စည်းမှန်သမျှကို လုယက်ယူဆောင်သွားကြောင်း၊ ယနေ့အထိ စစ်ကြောင်းထိုးခံနေရသော တဲကြီး၊ သလွန်ဖြူ၊ ညောင်ကုန်း ၊ သပြူး ၊ နေပူကုန်း၊ သပြေပင် စသည့်ကျေးရွာများမှ ပြည်သူ ၃,၀၀၀ ကျော် မိုးထဲလေထဲ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများနှင့် ဒေသခံများထံက သိရသည်။

“ငါးထပ်ကြီးနားက လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ လူ ၁၀ ယောက်လောက်ကို မနေ့ကဖမ်းသွားတယ်၊ သလွန်ဖြူရွာနဲ့အနီးအနားမှာ ဖမ်းခံရသူတွေနဲ့ဆိုရင်၊ အားလုံးပေါင်း ၄၀လောက်ရှိနေပြီ၊ ဘယ်ရွာက ဘယ်သူဆိုတာကိုတော့၊ အခုထိတော့ စုံစမ်းလို့မရသေးဘူး၊ မာရှယ်လောထုတ်တယ်လို့မနေ့ကတော့ ကောလာဟလသတင်း ထွက်လာသေးတယ်၊ ဒီနေ့အခြေအနေအရဆိုရင် မကြာခင်မှာ မာရှယ်လောထုတ်ခံရဖို့ရှိတယ်၊ အခုကို မြို့ထဲမှာ လူသူအသွားအလာ တအားနည်းသွားပြီ” ဟု ယနေ့နေ့လယ်ပိုင်းအထိ အခြေအနေနှင့်ပတ်သက်၍ နောက်ထပ်ဒေသခံ တဦးကလည်း ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကိုင်း
#ပကဖ
#စစ်ကောင်စီတပ်
#တိုက်ပွဲ

ပုံစာ- စစ်ကိုင်းမြို့အ၀င်မုခ်ဦးဖြစ်ပါသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Photo CJ
👍17❤1👏1😁1
Media is too big
VIEW IN TELEGRAM
Sep - 19 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍5🍌1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၉ စက်တင်ဘာ ၂၀၂၃) 
======================

အာဏာလုစစ်တပ်ကိုယ်တိုင်သည် ကျေးရွာများတွင် ခိုးဆိုးလုယက်နေသည့်အတွက် ၎င်းတို့၏ တရားရုံးများတွင်ပါ ပစ္စည်းများ ခိုးခံရသည့် အခြေအနေရောက်နေတာကြောင့် ပြည်သူများ၏ လုံခြုံရေးမှာ စိုးရိမ်ဖွယ်ရာဖြစ်နေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁2🔥1
​​ကျူးဘားနှင့် လာအိုက အပြန်အလှန် ဆက်ဆံရေး မြှင့်တင် 
======================

ကျူးဘား ဝန်ကြီးချုပ် မန်နျူရယ် မာရီရို ခရုဇ်နှင့် လာအိုပါတီ အတွင်းရေးမှူးချုပ်နှင့် နိုင်ငံတော် သမ္မတ သောင်လောင်း စီဆော်လစ်ရှ်တို့သည် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရေးကို သဘောတူကြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2
တော်လှန်ရေးအတွက် လက်နက်ခဲယမ်းလိုအပ်နေတယ်လို့ အမျိုးသမီးတပ်ဖွဲ့များပြော
======================

KMN (မဇ္ဈိမ)။ ။စစ်ကောင်စီကို တော်လှန်ရေးဆင်နွဲနေတာ နှစ်နှစ်ကျော်ကြာလာတဲ့အချိန်မှာတော့ လက်နက် ခဲယမ်းလိုအပ်ချက်တွေ တနေ့တခြားများလာတယ်လို့ အမျိုးသမီးတွေသီးသန့်ဖွဲ့စည့်ထားတဲ့ တပ်ဖွဲ့တွေ ကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေ ထိုးစစ်ဆင်လာတဲ့အခါမှာ လက်လုပ်မိုင်းတွေနဲ့သာ တိုက်ခိုက်နေရပြီး ခုခံ စရာ လက်နက်ကျည်ဆံတွေ၊ ဒရုန်းနဲ့တိုက်ခိုက်ဖို့ အီနာဂါလို ဗုံးသီးတွေ လိုအပ်နေတယ်လို့ TGR Women Drone တပ်ဖွဲ့ခေါင်းဆောင် ကျားခင်စိန်ကပြောပါတယ်။

မြောင်မြို့နယ်အမျိုးသမီးစစ်သည်တော်(Myaung Women Warriors) အဖွဲ့ကတော့ တော်လှန်ရေး အရှိန် အဟုန်မြင့်တက်လာနေပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမှာ အမျိုးသမီးတွေပါဝင်လာကြပြီလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း စစ်ဆင်ရေးတွေမှာ အသာစီးရနေပေမယ့် ကျည်ဆံနဲ့ ခဲယမ်းမလုံလောက်လို့ ပြန်ဆုတ်ခဲ့ ရတာတွေရှိနေတယ်လို့ ပြောပါတယ်။

တင်ဆက်၊ တည်းဖြတ် - KMN

https://youtu.be/82DYuNTOj2k?si=R8oQsEeh23JsJ5iC

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍16❤4🤮2
​​တော်ဝင် အသရေဖျက်မှု ဥပဒေနှင့်ပတ်သက်၍ ပွင့်လင်းစွာ ဆွေးနွေးရေး ထိုင်းဘုရင်၏ သား တိုက်တွန်း
========================

ထိုင်းဘုရင့် မိသားစုအပေါ် စော်ကားခြင်းကို ဆန့်ကျင်သည့် နိုင်ငံ၏ တင်းကျပ်သော ဥပဒေများနှင့်ပတ်သက်ပြီး ပွင့်လင်းစွာ ဆွေးနွေးရန် ထိုင်းဘုရင်၏ သားဖြစ်သူက တိုက်တွန်း ပြောဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤1🔥1
စက်တင်ဘာလ (၁၉) ရက်၊ အင်္ဂါနေ့ ညပိုင်း Mizzima ရေဒီယိုအစီအစဉ်
===================

၂၀၂၃ နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် PRIO အဖွဲ့ရဲ့ ဆန်ခါတင်စာရင်းမှာ ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်၊ ရေးမြို့နယ် သတင်းတပ်ဖွဲ့တာဝန်ခံ ရေးဘီလူးအဖွဲ့မှပစ်ခတ်မှုကြောင့် သေဆုံး၊ ကုလညီလာခံအတွက် ကမ္ဘာခေါင်းဆောင်တွေစုဝေးရောက်ရှိ၊ တရုတ်နဲ့ရုရှား နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး မော်စကိုမှာတွေ့ဆုံ၊ “သတင်းဆောင်းပါး” အစီအစဉ်နဲ့ “မရွှေမိုးရဲ့လေးညှို့သံဆောင်းပါး” အစီအစဉ်တွေကို နားဆင်ရဖို့ရှိပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/vzG8BrwSZtY?si=SwtSqcxzqHnnCj6W

#Eveningradio
#Mizzimaradio
----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🤮1
​​မုန်းမြို့နယ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုးသမီး ၂ ဦးအပါအဝင် ၅ ဦးဒဏ်ရာရ
===================

YT
မဇ္ဈိမ။ ။ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ် သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးအပါအဝင်ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ဗဟိုက စက်တင်ဘာလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
“ဒဏ်ရာတော့ မပြင်းထန်ကြပါဘူး သက်သာတယ်လို့ သိရပါတယ်”ဟု တပ်မဟာ (၃) KNLA သတင်းရင်း မြစ်တဦးက မဇ္ဈိမကိုပြောသည်။

KNU တပ်မဟာ(၃)နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်ဖွဲ့က လက် နက်ကြီးဖြင့်ပစ်ခတ်မှုများ မကြာခဏပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။

စက်တင်ဘာလ ၁၆ ရက် ညနေ ၆ နာရီအချိန်တွင် မုန်းမြို့နယ်၊ နတ်သံကွင်းစခန်းတွင် အထိုင်ချနေသော စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဥသျှစ် ကုန်းကျေးရွာမှ အသက် ၃၄ နှစ်အရွယ် စောချစ်နာဘူး ဒဏ်ရာရရှိသွားကြောင်း KNU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းနေ့ ညပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် နတ်သံ ကွင်း၊ ရပ်ကွက်(၆)ရှိ နေအိမ်တလုံးပေါ်သို့ကျရောက်ပေါက်ကွဲကာ နေအိမ်အတွင်းရှိ မိသားစုဝင်သုံးဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဒဏ်ရာရရှိခဲ့သူများမှာ နတ်သံကွင်း၊ ရပ်ကွက်(၆)မှ အသက် ၄၅ နှစ်အရွယ်ရှိ စောအယ်ထူး၊ အသက် ၄၇ နှစ်အရွယ်ရှိ နော်ငွေသိန်းနှင့် အသက် ၁၆ နှစ်အရွယ်ရှိ စောသတင်းထူးတို့ဖြစ်သည်ဟု သိရသည်။

ယင်းအပြင် စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းအချိန်က လယ်ပတ်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရေလဲဗမာကျေးရွာမှ အသက် ၄၆ နှစ်အရွယ်ရှိ နော်ဖောလောအယ် ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။
“လက်ရှိအခြေအနေက ရွာသားတွေလည်း ရွာထဲမှာမရှိကြတော့ဘူး။ စစ်ဘေးရှောင်စခန်းနဲ့ နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့ အရပ်ဒေသကို ပြောင်းရွေ့နေထိုင်ကြတယ်” ဟု တပ်မဟာ (၃) KNLA သတင်းရင်းမြစ် တဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးပစ်ခတ်မှုများအပြင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း နှင့် ဒေသခံများအား ဖမ်းဆီးခြင်းများ ပြုလုပ်သည်ဟု ၎င်းကဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့က မုန်းမြို့နယ်၊ ငထွေစုပ်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့က စစ် ကြောင်းထိုးဝင်ရောက်လာသဖြင့် ဒေသခံများထွက်ပြေးကြသော်လည်း အမျိုးသမီးသုံးဦး ဖမ်းဆီးခံခဲ့ရ သည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးသုံးဦးသည် အသက် ၆၀ အရွယ်ရှိ နော်ဒိုဂေ၊ အသက် ၅၀ နှစ်အရွယ်ရှိ နော်ဒိုင် ရီစိုးနှင့် အသက် ၃၀ အရွယ်ရှိ မမြသန်းစိန်တို့ဖြစ်သည်ဟု KNU က ဖော်ပြထားသည်။
“ပြန်လွတ်ပြီလား ဖမ်းထားဆဲပဲလားဆိုတာတော့ သေချာမပြောတတ်သေးဘူး။ ကျွန်တော်တို့လည်း ရှေ့တန်းမှာဆိုတော့” ဟု တပ်မဟာ (၃) KNLA သတင်းရင်းမြစ်ကပြောသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ငထွေစုပ်ကျေးရွာအတွင်းရှိ နေအိမ် ၁၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွား သည်ဟု သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်း
#KNU
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
Photo - KNU

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬4🔥1
​​မြန်မာရေတပ်ကို ဆိုနာစနစ် ရောင်းချမှုအတွက် စင်္ကာပူ ကုမ္ပဏီနှင့် နိုင်ငံသား ၂ ဦး ဒဏ်တပ်ခံရ
=======================

မြန်မာစစ်ကောင်စီရေတပ် အသုံးပြုသည့် ဆိုနာစနစ်တခုကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် တင်ပို့ရောင်းချမှုအတွက် စင်္ကာပူကုမ္ပဏီတခုနှင့် ကုမ္ပဏီအမှုထမ်း နှစ်ဦး တို့ကို စင်္ကာပူတရားရုံးတခုက စက်တင်ဘာ ၁၉ ရက်တွင် များပြားသည့် ဒဏ်ငွေများ ချမှတ်လိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁1
​​တမူးတွင် စစ်ရေးတင်းမာနေ၊ စစ်ကောင်စီဂိတ်ကို ၂ရက်ဆက်တိုက်ခိုက်မှု ၄ဦးသေဆုံးဟုဆို
========================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သားလေးဦးသေဆုံးကြောင်း တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF – Tamu) တပ်ရင်း (၄) ထံမှ သိရသည်။

တမူးမြို့အတွင်း ကောင်းသန့်ဆီဆိုင်အနီးမှ စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းပင်အား ၁၀ ဦးခန့် ဖြင့် တပ်စွဲထားသော စစ်ဆေးရေးဂိတ်ကို စက်တင်ဘာလ ၁၈ရက်နှင့် စက်တင်ဘာလ ၁၉ရက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF – Tamu တပ်ရင်း(၄) စစ်ရေးတာဝန်ခံ ဗိုလ်ခန့် က မဇ္စျိမ ကိုပြောသည်။

“သူတို့ကအရင် ကျနော်တို့ ထိုင်တဲ့ မြို့ပြင်ဂိတ်မှာ ထိုင်ထားတယ်။ ကျနော်တို့က မဟာဗျူဟာကျကျ၊ မြို့ထဲမှာ လွတ်နေတဲ့ အားနည်းနေတဲ့ နေရာကို ပြန်ဆော်တာပါ” ဟု ဗိုလ်ခန့်ကပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိသည်ဟု PDF – Tamu တပ်ရင်း(၄) ကဆိုသည်။ စစ်ကောင်စီ၏ ထိခိုက်မှုကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

တမူးမြို့နယ်တွင် ယခုရက်ပိုင်း၌ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေသည်။ စက်တင်ဘာလ ၁၆ရက်နေ့ နံနက် က အင်အား ၁၀၀ကျော် ပါသည့် စစ်ကောင်စီတပ်ဖွဲ့သည့် PDF – Tamu တပ်ရင်း (၄) စခန်းကို တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု သိရသည်။

“ကျနော်တို့ စခန်းလာတိုက်ခံရနိုင်တယ်လို့ ကြိုတင်တွက်မိလို့ ပစ္စည်းတွေ့ရွှေ့ထားတယ်။ အရှေ့မှာ တိုက်ပွဲအယောင်ပြတိုက်ပြီး အနောက်က ဝင်လာပြီး စခန်းအခွံကြီးကို လာသိမ်းသွားတာပါ” ဟု ဗိုလ်ခန့်က ပြောသည်။

တမူးမြို့နယ်အထက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး အချိန်မရွေးတိုက်ပွဲများဖြစ်ပွားနိုင်သဖြင့် တမူး - အောင်ဇေယျ လမ်းပိုင်းကို သွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

လတ်တလောတွင် တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေပြီး လက်နက်ခဲယမ်းအခက်အခဲကြောင့် စစ်ကောင်စီကို ခဲခဲယဥ်းယဥ်းတိုက်ခိုက်နေရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။ပြည်သူများအနေဖြင့် တတ်နိုင်သည့်နည်းလမ်းဖြင့် ဝိုင်းဝန်းအကူအညီပေးကြရန် PDF – Tamu တပ်ရင်း (၄) တောင်းဆိုသည်။

စာတည်း - အေးချမ်း

#mizzima
#တမူးမြို့
#စစ်ရေးတင်းမာ
#နှစ်ရက်ဆက်တိုက်ခိုက်
#PDF –Tamu

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၄) ရဲဘော်များ
ဓါတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး)တပ်ရင်း(၄)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤6😁1
လားရှိုးမြို့ CS Hotel အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရ
👍6🔥1
လားရှိုးမြို့ CS Hotel အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရ
=======================

007
(မဇ္စျိမ) ။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ CS Hotel အနီးတွင် ယနေ့ စက်တင်ဘာလ ၁၉ ရက် ညနေ ၅ နာရီ ၂၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တဦးသေဆုံးပြီး လေးဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ဟိုတယ်ထဲ ပေါက်တာမဟုတ်ဘူး၊ ဟိုတယ်နဲ့ ခပ်လှမ်းလှမ်းလမ်းမှာ ပေါက်တာ၊ လမ်းဘေးရပ်ထားတဲ့ ဆိုင်ကယ်ကနေ ထပေါက်တာ၊ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရတယ်။ အဲဒီအထဲက အမျိုး သားတဦး နေရာမှာပဲသေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ ပရဟိတသမားတဦးက မဇ္ဈိမသို့ ပြောသည်။

ယင်းပေါက်ကွဲမှုတွင် သေဆုံး၊ ဒဏ်ရာရသူများမှာ သာမန်အရပ်သားများသာဖြစ်ကြောင်း ကနဦး သတင်း ရရှိထားသည်။ အဆိုပါ ပေါက်ကွဲမှုအား မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွာကြောင်း မသိရသေးပေ။

သြဂုတ်လ ၂၉ ရက်ကလည်း လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်၊ နယ်မြေ(၃) လားရှိုး-မူဆယ်လမ်းဘေးရှိ Luxury Lounge ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဟိုတယ်၀န်ထမ်းနှစ်ဦး ဒဏ်ရာရခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

လားရှိုးမြို့သည်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၏မြို့တော်ဖြစ်ပြီး စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်နှင့် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့ရုံးရှိရာမြို့လည်း ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အများအပြား အခြေစိုက်ရာဒေသဖြစ် ပြီး စစ်ကောင်စီတပ်နှင့် မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားလေ့ရှိရာ နယ်မြေလည်းဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်
#လာရှိုးမြို့
#ပေါက်ကွဲမှု

Photo theinmintun

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤2🔥1
​​၂၀၂၇ ခုနှစ်၌ ဖွင့်လှစ်သွားမည့် ပင်လယ်ရေအောက်ဗိမာန်
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
​​မြေအောက်ရေ လျော့ကျမှုပြဿနာအား ကြုံနေရသည့် ယီမင်နိုင်ငံ
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1