Mizzima Weekly Sports အစီအစဉ်
===============
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
ဒီတပတ်မှာတော့ .....
- "ကျနော့်ကြောင့် မန်ချက်စတာယူနိုက်တက်က ဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်ခဲ့တာပါ" အန်ဒရေ အိုနာနာ
- ‘အရှက်ရစေ'တဲ့ ဆက်ဆံမှုကြောင့် ဂျူဗင်တပ်စ်ကို တရားဥပဒေအရအရေးယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဘိုနူချီ ပြော
- `sportswashing’ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဂရုမစိုက်ဘူးဆိုတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်
- မြောက်ကိုရီးယားဘောလုံးအသင်း နိုင်ပွဲနဲ့အတူ နိုင်ငံတကာအားကစားပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိတဲ့ အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။
https://youtu.be/5Tmb045kRKk?si=ndLtI4Z_AfelMVog
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
Mizzima Weekly Sports အစီအစဉ်
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
ဒီတပတ်မှာတော့ .....
- "ကျနော့်ကြောင့် မန်ချက်စတာယူနိုက်တက်က ဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်ခဲ့တာပါ" အန်ဒရေ အိုနာနာ…

👍4🔥1
Mizzima needs your support!
မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
👉 https://bit.ly/2VhJ12U
For more information- https://donate.mizzima.com/mm/
#supportmizzima

🔥2
ပြည်ပလုပ်သားများ၏ လစာမဟုတ်သည့် ဝင်ငွေ ၁၀ ရာခိုင်နှုန်းကို နိုင်ငံခြားငွေဖြင့် အခွန်ပေးဆောင်ရမည်
=================
ဂျူချန်း၊ ၀၀၁
(မဇ္ဈိမ)။ ။ ပြည်ပရောက် မြန်မာလုပ်သားများထံမှ လာမည့် အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၄ မတ်လကုန်အထိ လစာမဟုတ်သည့် ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံခြားငွေဖြင့် အခွန်ဆောင်ရမည်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေပြဌာန်းလိုက်ကြောင်း ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ထုတ် သတင်းစာတွင် ကြေညာထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက် ရက်စွဲဖြင့် အတည်ပြုခဲ့သည့် ထိုဥပဒေတွင်“ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ ဝင်ငွေခွန်ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(က)ပါ ဝင်ငွေခေါင်းစဉ်များအနက် လစာမှအပ ပြည်ပနေ နိုင်ငံသား၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် ရရှိသည့်နိုင်ငံခြားငွေအမျိုးအစားဖြင့် ၁၀ရာခိုင်နှုန်း ဝင်ငွေခွန်စည်းကြပ်ရမည်" ဟု ဖော်ပြထားသည်။
ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ(က) အရ ဝင်ငွေများကို လစာ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်းဌားရမ်းခ၊ အခြေပစ္စည်းမှ မြတ်စွန်းငွေ၊ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေ ၊ အခြားရလမ်းများမှ ဝင်ငွေဟု၍ ခေါင်းစဥ်အလိုက် သတ်မှတ်ထားသည်။
ယခု ပြင်ဆင်လိုက်သည့် ဥပဒေအရ လာမည့် ခြောက်လတာ ကာလအတွင်းပြည်ပတွင် အလုပ်လုပ်နေသည့် လုပ်သားများ၏ အချိန်ပိုအလုပ်မှ ရရှိသည့် ဝင်ငွေ၊ ဆရာဝန်၊ ပန်းချီဆရာ၊ အင်ဂျင်နီယာ စသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း လုပ်ကိုင်သူများ ၊ ကုန်သွယ်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများ ၊ မြေနှင့် အဆောက်အအုံ ပိုင်ဆိုင် ဌားရမ်းရာမှ ရရှိသည့် ဝင်ငွေ အစရှိသည့် ဝင်ငွေ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမည်ဖြစ်သည်။
“လစာအပြင် အိုဗာတိုင် ဆင်းလို့ ရသွားတဲ့ငွေတွေရှိမယ်။ အခြေခံအလုပ်ကနေလွဲပြီးတော့မှ ကျန်တဲ့အချိန်တွေမှာ လုပ်လို့ရတဲ့ အလုပ်ကနေပြီးတော့ပဲ ရတဲ့ငွေကနေ ၁၀ ရာခိုင်နှုန်းကို သူကောက်တော့တာဖြစ်တယ်။ အမှန်ကတော့ အခြေခံလစာ အပေါ်ကောက်မယ်ဆို သတ်မှတ်နှုန်းထားရှိတယ်။ ပြည်တွင်းမှာဆို သိန်း သုံးရာနဲ့အထက် ဝင်ငွေရတယ်ဆိုရင် တော့ သူ့သတ်မှတ်နှုန်းထားနဲ့ ဝင်ငွေခွန်ရှိတယ်ပေါ့။ အခြေခံလစာတွေမှာတော့ ဝင်ငွေခွန်ကောက်ခံခွင့် မရှိဘူး” ဟု ဥပဒေပညာရှင်က ပြောသည်။
စစ်ကောင်စီသည် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရန် ဆောင်ရွက်ခြင်းမရှိသည့်အပြင် စားဝတ်နေရေး အတွက် ပြည်ပတွင်အလုပ်လုပ်ကိုင်နေရသူများအပေါ် မရရသည့် နည်းလမ်းဖြင့် ခေါင်းပုံဖြတ်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ထိုင်းရောက် MOU လုပ်သားတဦးက ပြောသည်။
“သူတို့တွေကလေ မြန်မာနိုင်ငံမှာလည်း လုပ်စားလို့ရအောင် မလုပ်ပေးဘူးဟာ။ နိုင်ငံခြားထွက်တဲ့သူစီကနေလည်း ဖြတ်လုပ်ဖြတ်စားဟာ။ အစိုးရဘဏ်ထဲကို လွှဲရတာ။ လွှဲပြီး ပိုက်ဆံတွေဘာတွေဖြတ်ပြီးတော့မှ ကိုယ့်အကောင့်ထဲရောက်တာ” ဟု ထိုင်းရောက် MOU လုပ်သားတဦးက ပြောသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတဦးက “အရင်တုန်းက ဦးသိန်းစိန်တက်တော့ မဆောင်ရတော့ဘူးလေ။ အဲ့ဒီကတည်းကနေ မဆောင်ရတာ။ အကြံကုန်တော့ ဂဠုန်ဆားချက်ပြီပေါ့။ ပြည်ပကလူတွေ ပေးဖို့သာပြင်ထားတော့။ သူတို့က Passport သက်တမ်းတိုးတဲ့အခါကျရင် အခွန်မဆောင်လို့ရှိရင် တိုးမပေးဘူးလေ”ဟု ပြောသည်။
ယင်းကဲ့သို့ မတရားဥပဒေပြု သတ်မှတ်ခြင်းမှာ အစိုးရတရပ်၏ လုပ်ရပ်မဟုတ်ဘဲ မိမိနိုင်ငံသားများအား ဓားပြပြန်တိုက်နေသည့် လုပ်ရပ်ဖြစ်ကြောင်း ဥပဒေပညာရှင်တဦးက မှတ်ချက်ပြုသည်။
“နစကအနေနဲ့ သူတို့လိုချင်တဲ့ အတိုင်းအတာတရပ်ကို သူတို့ဘာသာ ပြင်ဆင်ပြဌာန်းတာက ဒါဥပဒေနဲ့အညီမဟုတ်ဘူး။ မတန်တဆ အခွန်ငွေတွေကို တိုးခွင့်မရှိဘူး။ နိုင်ငံကို ပြန်လည်ထူထောင်ဖို့ အခွန်ပေးရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ၁၀ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းက မတန်တဆ တိုးမြှင့်ကောက်ခံတာကျတော့ ဒါဥပဒေနဲ့အညီမဟုတ်ဘူး ဒါဓားပြတိုက်တာ။ ” ဟု ဥပဒေပညာရှင်တဦးက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်တွင်လည်း ပြည်ပရောက်မြန်မာနိုင်ငံသားများသည် လစာ၏ ၂၅ ရာခိုင်နှုန်းကို နိုင်ငံတွင်းသို့ စစ်ကောင်စီမှ သတ်မှတ်နှုန်းထားများဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည့် ဘဏ်များမှတဆင့် ပြည်တွင်းသို့ မဖြစ်မနေ ပြန်လွှဲပေးရမည်ဟု သတ်မှတ်ခဲ့သည်။
ကြီးမြင့်လာသည့် စစ်အသုံးစားရိတ်များနှင့်အတူ နိုင်ငံတကာပိတ်ဆို့မှုများကြောင့် စစ်ကောင်စီ၏ နိုင်ငံခြားလိုငွေကို ရသည့် နည်းလမ်းဖြင့် ရှာဖွေနေပြီး ပြည်ပရောက် မြန်မာလုပ်သားများအပေါ် ခေါင်းပုံဖြတ်ရန် မတရားကြိုးပမ်းနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများနှင့် ဥပဒေပညာရှင်များက သုံးသပ်ပြောဆိုထားကြသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း- ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် MOU လုပ်သားများ(ဓာတ်ပုံ_ ပုံဟောင်း)
#Mizzima
#ပြည်ပရောက်လုပ်သားများ
#ဝင်ငွေ

👍9❤5🤣5🖕2
Chinese activist asks Taiwan not to deport him
==================
https://youtu.be/aaZtRm4uExA?si=JtWt-rhnRkkKdGOo

Chinese activist Chen Siming pleads to the authorities not to deport him after he landed at Taiwan's international airport and requested asylum from the United States and Canada.
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရ…

👍3🔥1
China reacts to Indian athletes’ visa issue for Asian Games
=====================
https://youtu.be/wVdNja4ETQc?si=UQfVPRghfj41SQOP

Chinese foreign ministry spokesperson Mao Ning says the "Chinese government does not recognize the so-called Arunachal region" of India at a press briefing, adding "South Tibet is part of China," as the Indian side claimed that three athletes from this region…
🔥2👏1
ဒဏ်ရာအနှောင့်အယှက်ကြားမှ ချယ်လ်ဆီးဆေးအဖွဲ့ကို ပိုချက်တီနို ကာကွယ်
======================
By PKThawn
မော်ရီစီယို ပိုချက်တီနိုက သူ့ရဲ့ တာဝန်ယူမှု စတင်ချိန်မှာ အသင်းရဲ့ စွမ်းဆောင်ရည်ကို အနှောင့်အယှက်ဖြစ်စေတဲ့ ဒဏ်ရာပြူနာတွေအတွက် ချယ်လ်ဆီးရဲ့ ဆေးဘက်ဆိုင်ရာဌာနကို အပြစ်မတင်ကြောင်း အခိုင်အမာပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးရဲ့ ဒဏ်ရာပြဿနာကြောင့် ဘုန်းမောက်နဲ့ စိတ်ပျက်ဖွယ်သရေကျခဲ့တဲ့ ပွဲအတွက် ပိုချက်တီနိုနဲ့အတူ ကြံခိုင်မှုပြည့်ဝတဲ့ စီနီယာကစားသမား ၁၅ ဦးသာ ရှိခဲ့ပါတယ်။
တော့ ဘိုလေရဲ့ လုပ်ငန်းစုက ၂၀၂၁ မှာ လွှဲပြောင်းယူခဲ့ပြီးနောက်ပိုင်း ချယ်လ်ဆီးဟာ ပေါင် ၁ ဘီလီယံ (ဒေါ်လာ ၁.၂ ဘီလီယံ) ကျော်သုံးစွဲခဲ့ပေမယ့်လည်း အသင်းလူစာရင်းဟာ စိန်ခေါ်မှုနဲ့ တောင်းဆိုမှု ကြီးမားတဲ့ ဖိအားတွေအောက်မှာ ရှိနေပါတယ်။
အပြာရောင် ခြင်္သေ့တို့ဟာ ဘုန်းမောက်နဲ့ပွဲမှာ ကြယ်ပွင့်ကစားသမား ၁၂ ဦးကို လက်လွတ်ခဲ့ရပြီး ပိုချက်တီနိုဟာ သူ့ရဲ့အရန်ခုံမှာ ပထမအသင်းကြီးအတွေ့အကြုံမရှိတဲ့ အသက် ၁၉ နှစ်အောက် ကစားသမား ၃ ဦးအပါအဝင် ဂိုးသမား ၂ ဦးတို့ကိုပါ ထည့်သွင်းခိုင်းစေခဲ့ရပါတယ်။
ခရစ္စတိုဖာ အန်ကန်ကူ၊ ရိစ်ဂျိမ်းစ်၊ ရိုမီယို လာဗီယာ၊ ဝီစလေ ဖိုဖာနာ, ကာနေး ချူကွီမီးကား၊ ထရေဗာ ချာလိုဘာနဲ့ မွိုက်စ် ကိုက်စီဒိုတို့ဟာ လက်ရှိမှာ ဒဏ်ရာရပြီး ကုသမှုခံယူနေတဲ့ ကစားသမားတွေထဲမှာပါဝင်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ တနင်္ဂနွေနေ့မှာ အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မတိုင်ခင် (၅)ပွဲကနေ နိုင်ပွဲ (၁)ပွဲနဲ့အတူ အဆင့် ၁၄ မှာ ရုန်းကန်နေရပေမယ့်လည်း ပိုချက်တီနိုဟာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေမှာ အပြစ်ရှိတယ်လို့ မယုံကြည်ပါဘူး။
"ကျနော်တို့ ဒီနေရာကို မရောက်လာခင်မှာ ပြီးခဲ့ရာသီက ဖြစ်ပွားခဲ့တဲ့ ဒဏ်ရာအရေအတွက် မြင့်မားရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို နားလည်ဖို့ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှု ဒါမဟုတ် ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ခဲ့ပါတယ်။"လို့ ပိုချက်တီနိုက သတင်းထောက်တွေကို သောကြာနေ့မှာ ပြောခဲ့ပါတယ်။
"ဒါဟာ ကစားသမားရဲ့ ပရိုဖိုင်နောက်ကြောင်း၊ ကစားသမားရဲ့ ဒဏ်ရာအန္တရာယ်နဲ့ ပတ်သက်တယ်။ အဲဒါက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်နယ်ပယ်မှာ အလုပ်လုပ်နေတဲ့သူတွေကို အပြစ်မတင်သင့်ပါဘူး။
"အသင်းမှာ ဒီနယ်ပယ်တွေက အရမ်းတော်တဲ့ ပရော်ဖက်ရှင်နယ်တွေ၊ အရည်အချင်းရှိတဲ့သူတွေကို လေးစားဖို့ ကျနော်တို့ လိုမယ်လို့ ကျနော် ထင်တယ်။ အဲဒါကြောင့် သူတို့က ဘောလုံးမှာ အလုပ်လုပ်နေတာ။ ဒါပေမယ့် တချို့ကစားသမားတွေအတွက်တော့ တစ်ဦးချင်း risk ရှိတယ်၊ အကဲဖြတ်ဖို့ လိုပါမယ်။
"နောက်ပြီး ကံမကောင်းပါဘူး။ ကျနော်တို့မှာ တရာသီ ဒါမှမဟုတ် နှစ်ရာသီအတွင်းဖြစ်နိုင်တဲ့ ဒဏ်ရာတွေ ရခဲ့ပေမယ့် ထိန်းမနိုင်တဲ့ အခြေအနေတွေကြောင့် ချယ်လ်ဆီးမှာ ဖြစ်သွားခဲ့တာပါ။"
(AFP)
Photo: AFP
#Pochettino #Chelsea #ပိုချက်တီနို #ချယ်လ်ဆီး

👍4❤2🔥1
Media is too big
VIEW IN TELEGRAM
👉 မထင်မှတ်ထားတဲ့ သူမအပြုအမှုတွေကြောင့်ဝေဖန်ခံနေတဲ့အဆိုတော် Selena Gomez
Full Video Link - https://youtu.be/VkSSJdhOKdc
#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts

👍6🌭1🍌1
UNGA: Pakistan urges pressure on India over long-disputed Kashmir issue
========================
https://youtu.be/LjNbdw3xfss?si=50rBPGJlgZL-CxzG

Pakistan's caretaker prime minister, Anwar ul Haq Kakar, urges the UN Security Council to implement its resolution on the issue of Kashmir. "India has evaded implementation of the Security Council's resolutions, which call for the final disposition of Jammu…
🔥3👍2
စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တန်းကို တပ်မဟာ(၁) KNLA ပူးပေါင်းအဖွဲ့မိုင်းဆွဲတိုက်ခိုက်
=====================
YT (မဇ္ဈိမ)။ ။ ရန်ကုန်- မော်လမြိုင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တန်းကို တပ်မဟာ(၁) KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်လိုက်ကြောင်း Hawk Revolutionary Squad (HRS)က ယနေ့ စက်တင်ဘာလ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့၏ ကားကိုးစီးပါ ယာဉ်တန်းကို စက်တင်ဘာလ ၂၁ ရက်ညနေ ၄ နာရီအချိန်က သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
"စစ်ကားအစီးတိုင်းမှာတော့ စစ်သားအင်အား ၂၅ နဲ့ ၃၀ ကြား ပါတယ်။ ဖောကားအမျိုးအစားတွေနဲ့ စစ်ကားတွေနဲ့ လာတာဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့က မိုင်းနှစ်လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်တာ ဖြစ်ပါတယ်" ဟု HRS တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှုအား တပ်မဟာ (၁) KNLA တပ်ရင်း (၂) တပ်ခွဲ (၃)နှင့် HRS ပါဝင်သော ပူးပေါင်းစစ်ကြောင်းက ပြုလုပ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကားတစီး ပက်လက်လန်အနေအထား ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနေဆဲဖြစ်သည်ဟု ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးခဲ့သည်ဟု ဖော်ပြထားသည်။
“မိုင်းဆွဲပြီးတဲ့အချိန်မှာ သူတို့ကျန်တဲ့ ရှစ်စီးက အင်အားတွေစုပြီး Battle(အပြန်အလှန်)ပစ်ကြတဲ့အခါကျတော့ ဒီထိခိုက်ကျဆုံးကို သတင်းမယူနိုင်ခဲ့ဘူး။ အပြန်အလှန်ပစ်ခတ်မှုမှာတော့ ကိုယ့်ဘက်က အထိအခိုက်မရှိဘူး" ဟု HRS တာဝန်ခံက ဆက်ပြောသည်။
ဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးသည့် စစ်ကောင်စီတပ်သားများနှင့် ပျက်စီးသွားသည့် ဖောကားတစီးကို သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ စစ်ကောင်စီတပ်ရင်းရှိရာဘက်သို့ ယူဆောင်သွားသည်ဟု ဆိုသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်အပြီးတွင် တိုက်ပွဲဖြစ်ပွားရာနေရာ အနီးအနားရှိ စစ်ကောင်စီ၏ အမြောက်တပ်ရှိရာဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိသော်လည်း ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
https://youtube.com/shorts/EjzqCG95vqI?si=uo6YSqzU_CTP_uRu
#KNLA
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

YT (မဇ္ဈိမ)။ ။ ရန်ကုန်- မော်လမြိုင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တန်းကို တပ်မဟာ(၁) KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်...
👍15🔥1🥱1
This media is not supported in your browser
VIEW IN TELEGRAM
👉 ရည်းစားဟောင်းနှင့်ပြန်တွဲနေကြတယ်လို့ သတင်းထွက်လာတဲ့ မင်းသား Kim Bum
Full Video Link - https://youtu.be/VkSSJdhOKdc
#entertainmentnews
#celecity #mizzimaplus
#internationalnews #reels #shorts
Full Video Link - https://youtu.be/VkSSJdhOKdc
#entertainmentnews
#celecity #mizzimaplus
#internationalnews #reels #shorts
👍6🌭1🖕1
Vinaro Bhagyamu Vishnu Katha
=================
YouTube မှာ viewer များဖို သူ(မ)ရဲ့ ဖုန်းနံပါတ်နဲ့ ရှေ့ဆင့်နောက်ဆင့် နံပါတ်နှစ်ခုကို ဆက်သွယ်ပြီး၊ ဗီဒီယိုတစ်ပုဒ် ဖန်တီးခဲ့တဲ့ "ဒါသျှာနာ"။ သူမရဲ့ ဖုန်းနံပါတ် အိမ်နီးချင်းတွေဖြစ်တဲ့ "ဗီသျှနူး"က လူတစ်ဖက်သားကို ကူညီတတ်သူဖြစ်ပြီး၊ သက်လတ်ပိုင်းအရွယ် "ရှာမာ"ကတော့ မြိုစွန်မှာ ခွေးဂေဟာ ဖွင့်ထားသူပါ။
ဒီလိုနဲ့ YouTube မှာ ဆယ်လီ ဖြစ်ချင်တဲ့ ဒါသျှာနာတစ်ယောက် ဗီသျှနူးကို prank လုပ်ရာကနေ ရှာမာ့ကို သေနတ်အစစ်နဲ့ ပစ်မိခဲ့လို ထောင် (၇) နှစ် ကျသွားခဲ့ပါတယ်။ ဒါဟာ တကယ်တော့ သူ(မ) ထောင်ချောက်ဆင် ခံခဲ့ရတာဖြစ်ပြီး၊ နောက်ကွယ်မှာ ရှာမာ့ကို သေစေချင်တဲ့ နိုင်ငံရေးသမား တချို ရှိနေခဲ့ပါတယ်။
ဒါကို သိသွားတဲ့ ဗီသျှနူးက သူ ချစ်ရတဲ့ ဒါသျှာနာကို ကူညီနိုင်ဖို တရားခံအစစ်ကို လိုက်ရှာရင်း၊ ရှာမာ တကယ် မသေခဲ့မှန်း သိလိုက်ရချိန်မှာတော့.....။ Telugu ဇာတ်ကားတွေရဲ့ ရိုးရာအတိုင်း အချိုးအကွေ့ မြှုပ်ကွက်ပေါင်းများစွာနဲ့ စိတ်ဝင်စားဖွယ် ရှုစားကြရမှာမို ချစ်ပရိသတ်ကြီးက စောင့်မျှော်ကြည့်ရှု အားပေးပါဦးနော်။
Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။
#New ပြသမည့်ရက်။ ။ 23.9.2023
အချိန်။ ။မနက် ၈နာရီ
ပြန်လည်ပြသမည့်ရက်။ ။ 24.9.2023
အချိန်။ ။နေ့လည် ၂နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
YouTube မှာ viewer များဖို သူ(မ)ရဲ့ ဖုန်းနံပါတ်နဲ့ ရှေ့ဆင့်နောက်ဆင့် နံပါတ်နှစ်ခုကို ဆက်သွယ်ပြီး၊ ဗီဒီယိုတစ်ပုဒ် ဖန်တီးခဲ့တဲ့ "ဒါသျှာနာ"။ သူမရဲ့ ဖုန်းနံပါတ် အိမ်နီးချင်းတွေဖြစ်တဲ့ "ဗီသျှနူး"က လူတစ်ဖက်သားကို ကူညီတတ်သူဖြစ်ပြီး၊ သက်လတ်ပိုင်းအရွယ် "ရှာမာ"ကတော့ မြိုစွန်မှာ ခွေးဂေဟာ ဖွင့်ထားသူပါ။
ဒီလိုနဲ့ YouTube မှာ ဆယ်လီ ဖြစ်ချင်တဲ့ ဒါသျှာနာတစ်ယောက် ဗီသျှနူးကို prank လုပ်ရာကနေ ရှာမာ့ကို သေနတ်အစစ်နဲ့ ပစ်မိခဲ့လို ထောင် (၇) နှစ် ကျသွားခဲ့ပါတယ်။ ဒါဟာ တကယ်တော့ သူ(မ) ထောင်ချောက်ဆင် ခံခဲ့ရတာဖြစ်ပြီး၊ နောက်ကွယ်မှာ ရှာမာ့ကို သေစေချင်တဲ့ နိုင်ငံရေးသမား တချို ရှိနေခဲ့ပါတယ်။
ဒါကို သိသွားတဲ့ ဗီသျှနူးက သူ ချစ်ရတဲ့ ဒါသျှာနာကို ကူညီနိုင်ဖို တရားခံအစစ်ကို လိုက်ရှာရင်း၊ ရှာမာ တကယ် မသေခဲ့မှန်း သိလိုက်ရချိန်မှာတော့.....။ Telugu ဇာတ်ကားတွေရဲ့ ရိုးရာအတိုင်း အချိုးအကွေ့ မြှုပ်ကွက်ပေါင်းများစွာနဲ့ စိတ်ဝင်စားဖွယ် ရှုစားကြရမှာမို ချစ်ပရိသတ်ကြီးက စောင့်မျှော်ကြည့်ရှု အားပေးပါဦးနော်။
Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။
#New ပြသမည့်ရက်။ ။ 23.9.2023
အချိန်။ ။မနက် ၈နာရီ
ပြန်လည်ပြသမည့်ရက်။ ။ 24.9.2023
အချိန်။ ။နေ့လည် ၂နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3👍2
ရည်းစားဟောင်းနှင့်ပြန်တွဲနေကြတယ်လို့ သတင်းထွက်လာတဲ့ မင်းသား Kim Bum | Cele City - Episode 37
======================
🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..
ဒီအပတ်မှာဆိုရင်
👉 ရည်းစားဟောင်းနှင့်ပြန်တွဲနေကြတယ်လို့ သတင်းထွက်လာတဲ့ မင်းသား Kim Bum
👉 အီတလီနိုင်ငံမှာ မင်္ဂလာပွဲကျင်းပခဲ့တဲ့ ထိုင်းထိပ်တန်းစုံတွဲ Mark နှင် Kimmy
👉 မထင်မှတ်ထားတဲ့ သူမအပြုအမှုတွေကြောင့်ဝေဖန်ခံနေတဲ့အဆိုတော် Selena Gomez
အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
https://www.youtube.com/watch?v=VkSSJdhOKdc

👉 အီတလီနိုင်ငံမှာ မင်္ဂလာပွဲကျင်းပခဲ့တဲ့ ထိုင်းထိပ်တန်းစုံတွဲ Mark…

👍7🍌1
This media is not supported in your browser
VIEW IN TELEGRAM
👉 မင်းသား Hrithik Roshan ကိုယ်တိုင်ကြည့်ဖို့ ညွှန်းတဲ့ ဝဘ်စီးရီး The Freelancer
Full Video Link - https://youtu.be/VkSSJdhOKdc
#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
Full Video Link - https://youtu.be/VkSSJdhOKdc
#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
😁2🌭1🖕1
ချင်းတွင်းမြစ်အတွင်း ပုပ်ပွပေါ်လာသည့် စစ်ကောင်စီ ရေယာဉ်မှ အလောင်းများ ဆယ်ယူသူမရှိသေး
=====================
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်အတွင်း ယမန်နေ့ က စတင်၍ ပုပ်ပွပေါ်လာသည့် စစ်ကောင်စီရေယာဉ်မှ အလောင်း ၁၀ လောင်းခန့် ကို ယနေ့ စက်တင်ဘာလ ၂၃ ရက် ညနေ ၃ နာရီအထိ ဆယ်ယူသူမရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှ ထွက်ခွာလာသည့် စစ်ကောင်စီ၏ စစ်ရေယာဉ်နှစ်စီးနှင့် ဖလပ်ခွံရေယာဉ်များအနက် ဖလပ်ခွံတစီးသည် မောက္ကတော်ရွာအနီး နစ်မြုပ်ခဲ့ရာမှ ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် အလောင်းများ ပေါ်လာခြင်းဖြစ်ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမ ကိုပြောကြားသည်။
"မနေ့က အထိ အလောင်း ၁၀ လောင်းတွေ့တာပါ ။ ဒီနေ့တော့ ထပ်မတွေ့သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒီတိုင်းပဲအလောင်းတွေက ပစ်ထားပြီး မျှောနေတာ ၊ ဒီဘက်ကလည်း ဆယ်တာတွေ မလုပ်ကြဘူး" ဟု ယနေ့ ညနေ ၃ နာရီတွင် မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သည့်အပေါ် ၎င်းတာဝန်ရှိသူက ဖြေကြားသည်။
ဒေသခံများ၏အဆိုအရ စက်တင်ဘာလ ၂၂ ရက်နေ့၌ ချင်းတွင်းမြစ်အတွင်း တွေ့ရှိရသည့်အလောင်းများအနက် အမျိုးသားအလောင်းများ အများဆုံးတွေ့ရပြီး စစ်ဦးထုတ်နှင့် ကြံခိုင်းရေးပါတီ တံဆိပ်ပါ အင်္ကျီဝတ်ဆင်ထားသည့် အလောင်းများပါဝင်ကြောင်း သိရသည်။
စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများ၏ ဖော်ပြချက်အရ ရေယာဉ်နစ်မြုပ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦး ၊ ကုမ္ပဏီဝန်ထမ်း သုံးဦး၊ ပြည်သူခြောက်ဦး စုစုပေါင်း ၁၂ ဦးပျောက်ဆုံးခဲ့ကြောင်း ဆိုသည်။
စစ်ကောင်စီ၏ စစ်ရေယာဉ်နှစ်စီးနှင့် ဖလပ်ခွံရေယာဉ်များသည် စက်တင်ဘာလ ၂၁ ရက် ညတွင် ကနီမြို့နယ်၌ ညအိပ်ရပ်နားခဲ့ပြီး ချင်းတွင်းမြစ် အောက်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး Union Liberation Front က ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ချင်းတွင်းမြစ်
#ရေယာဥ်နစ်မြုပ်
ပုံအညွှန်း - စစ်ကောင်စီ စစ်ရေယာဉ် တစီးကို ချင်းတွင်းမြစ်တွင်းတွေ့ရစဉ်။ (ဓာတ်ပုံ - ANPTT)

😁12👍7
KNU တပ်မဟာ(၁)ခရိုင်ဌာနချုပ်ရုံးဟောင်းကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲ
🔥7👍2👏1😁1😢1