Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
အီရတ်မှာ မင်္ဂလာခန်းမအတွင်းမီးလောင်မှုကြောင့် လူ ၁၀၀ ကျော်သေဆုံး

#internationalnews #reels #shorts
👍5🔥1
​​OUT NOW! This week's issue of #MizzimaWeekly. Grab your copy of this downloadable PDF here - https://tinyurl.com/mwI39
👍5🔥1
This media is not supported in your browser
VIEW IN TELEGRAM
September - 28 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍7😁1🍌1
လားရှိုးမြို့က Denko ဆီဆိုင် ပေါက်ကွဲမှု လူ ၂ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ
👍6🔥3
လားရှိုးမြို့က Denko ဆီဆိုင် ပေါက်ကွဲမှု လူ ၂ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ
=======================

007၊ ဂျူချန်း
(မဇ္စျိမ) ။ ။ လားရှိုးမြို့က Denko ဆီဆိုင်တွင် စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်က ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးပရဟိတအသင်း တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

လားရှိုးမြို့ ပြည်ထောင်စုလမ်းမကြီးဘေး၊ မန္တလေး-လားရှိုးလမ်းပိုင်း၊ မယ်ဟန်ကျေးရွာအုပ်စု၊ နမ့်ခိုက်ကျေးရွာအနီးရှိ Denko စက်သုံးဆီ အရောင်းဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဆိုင်သို့ ဆီလာဖြည့်သည့်ဆိုင်ကယ်မှ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကျွမ်းရာမှ အနီးရှိ ခရီးသည်တင်ကားကိုပါ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကာ မီးလောင်မှုဖြစ်စဥ်အတွင်း အမျိုးသား ကိုးဦးနှင့်အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၁၅ ဦး ဒဏ်ရာရသွားကြောင်း ဆိုသည်။

ယင်းအနက် အမျိုးသားနှစ်ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း မြိုခံပရဟိတ အသင်း တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
"ဆီလာဖြည့်တဲ့ ဆိုင်ကယ်ကနေ ထပေါက်ကွဲပြီးမီးလောင်တာ၊ အနားမှာ ရပ်ထား (ဆီဖြည့်ရန်)တဲ့ ခရီးသည်ကားကိုပါ မီးဆက်ကူးတယ်၊ ကျား၊ မ အားလုံးပေါင်း ၁၅ ယောက်လောက် မီးလောင်ဒဏ်ရာတွေ ရတယ်၊ အဲဒီအထဲက နှစ်ယောက်က စိုးရိမ်ရဒဏ်ရာတွေနဲ့ သေတယ် " ဟု မြို့ခံပရဟိတအသင်းတခုမှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယခုပေါက်ကွဲမှု ဖြစ်ပွားသည့် အကြောင်းအရင်းကို မဇ္ဈိမက သီးခြားအတည်မပြုနိုင်သေးပေ။ လက်ရှိမှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများ အားလုံးကို လားရှိုးဆေးရုံသို့ ပို့ဆောင်ဆေးကုသထားကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ခရီးသည်တင်ယာဥ် တစီးနှင့်အတူ အိမ်စီးကားတစီး၊ ဆိုင်ကယ်သုံးစီးထက်မနည်း မီးလောင်သွားကြောင်း နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်တဦးကလည်း မဇ္ဈိမကို ပြောသည်။
"မီးလောင်ခံလိုက်ရတဲ့ ခရီးသည်ကားက မူဆယ်-လားရှိုး- နေပြည်တော်ပြေးဆွဲတဲ့ သစ္စာဟိဏ်းကားပါ၊ အဲဒီကား ပေါ်ပါလာ သူတွေထဲက မီးလောင်ဒဏ်ရာရကြတယ်၊ သေဆုံးနှစ်ဦးလည်း အဲဒီကားပေါ်ကလို့ ကနဦးသိရတယ်" ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော သစ္စာဟိဏ်းကားပေါ်တွင် ခရီးသည် ၂၃ ဦးနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အပါအဝင် စုစုပေါင်း ၃၀ ဦးခန့် ပါဝင်ကြောင်း သစ္စာဟိဏ်းယာဉ်လိုင်းက မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ကားပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရမှု အခြေအနေ အရေအတွက်ကို တိတိကျကျ မသိရကြောင်း ၎င်းက ပြောသည်။

“(ထိခိုက်ဒဏ်ရာရတဲ့သူအရေအတွက်) အဲလိုမျိုး အတိအကျတော့ မသိသေးပါဘူး၊ ကျား၊ မ တော့ မသိပါဘူး၊ (ကားပေါ်မှာ) ကလေးတွေတော့ မပါပါဘူး” ဟု သစ္စာဟိဏ်း ယာဉ်လိုင်းက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက်(၂)ရှိ CS Hotel အနီး ပြီးခဲ့သည့်စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး တဦးသေဆုံး လေးဦးဒဏ်ရာရခဲ့သည်။

အလားတူ သြဂုတ်လ ၂၉ ရက်နေ့ကလည်း၊ ရပ်ကွက် (၈)၊ နယ်မြေ (၃) လားရှိုး-မူဆယ်လမ်းဘေးရှိ Luxury Lounge ဟိုတယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဟိုတယ်ဝန်ထမ်းနှစ်ဦး ဒဏ်ရာရခဲ့သည်။

စာတည်း။ ။ နောင်နောင်
ပုံညွှန်း- ပေါက်ကွဲဖြစ်ပြီးနောက် Denko ဆီဆိုင်မြင်ကွင်း (ဓာတ်ပုံ- ပေးပို့)

#Denko
#ဆီဆိုင်
#သစ္စာဟိဏ်း
#Mizzima
#ရှမ်းမြောက်
👍10🔥1
This media is not supported in your browser
VIEW IN TELEGRAM
မဏိပူရမှာဆန္ဒပြမှုတွေဖြစ်ပွာပြီးနောက်ပိုင်း အိန္ဒိယအစိုးရကအင်တာနက်ပိတ်ပင်မှုတွေ ပြန်လည်စတင်

#internationalnews #reels #shorts #India #Mizzima
👍8🔥3👏1
​​ဆန်စီရီုမှ ပရိသတ် ၇၀,၀၀၀ ဆံ့ ကွင်းသစ်သို့ ပြောင်းရွှေ့ရန် အစီအစဉ်များ စီးရီးအေကလပ် အေစီမီလန် ထုတ်ဖော်ပြောဆို
====================

By PKThawn
အေစီမီလန်အသင်းဟာ ၎င်းတို့ရဲ့ အထင်ကရ ဆန်စီရိုအိမ်ကွင်းမှ ပြောင်းရွှေ့ကာ မြို့တောင်ဘက်ရှိ ပရိသတ် ၇၀,၀၀၀ ဆံ့တဲ့ အားကစားကွင်းအသစ်ကို တည်ဆောက်ဖို့ စီစဉ်နေကြောင်း ကြေညာခဲ့ပါတယ်။

ကလပ်အသင်းဟာ ဆန်ဒိုနာတိုရဲ့ ဆင်ခြေဖုံးရှိ မြို့တော်ကောင်စီထံ ပဏာမ အဆိုပြုချက်တွေ တင်သွင်းခဲ့ပါတယ်။
ဆန်စီရိုဟာ ၁၉၂၆ ကတည်းက မီလန်ရဲ့ အားကစားကွင်းဖြစ်ခဲ့ပေမယ့်လည်း ၁၉၉၀ ကမ္ဘာ့ဖလားနောက်ပိုင်း ခေတ်မီပြောင်းလဲအောင် မလုပ်ဆောင်နိုင်သေးပါဘူး။

၎င်းတို့ဟာ မြို့ခံပြိုင်ဖက် အင်တာမီလန်နဲ့ အတူ ပူးတွဲအိမ်ကွင်းအဖြစ် မျှဝေအသုံးပြုကာ ခေတ်မီအောင် ပြန်လည်ပြင်ဆင်ဖို့ အကြိမ်ကြိမ်ကြိုးစားမှု မအောင်မြင်ခဲ့ပါဘူး။

ဩဂုတ်လမှာ ဒေသဆိုင်ရာ အမွေအနှစ်ကော်မရှင်က အားကစားကွင်းမှာ "ယဉ်ကျေးမှုဆိုင်ရာ စိတ်ဝင်စားမှု"ရှိတယ်လို့ ယူဆတာကြောင့် ဖြိုဖျက်လို့ မရနိုင်ဘဲ ကလပ်နှစ်ခုစလုံးကို တခြားနေရာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အေစီမီလန်ဟာ အားကစားကွင်းတခုအပြင် ကလပ်ဌာနချုပ်၊ ဟိုတယ်၊ ကလပ်အရောင်းဆိုင်နဲ့ ပြတိုက်တို့ကိုလည်း တည်ဆောက်ဖို့ မျှော်လင့်ထားပါတယ်။

"ကျနော်တို့ဟာ ကမ္ဘာ့အကောင်းဆုံး အားကစားကွင်းတခုကို ကလပ်အသင်းကို ပေးအပ်ဖို့ ရည်ရွယ်တဲ့ ခရီးစဉ်တခုအပေါ် လေးနှစ်ကြာအောင် ဆုံးဖြတ်ပြီးမှ ယုံကြည်ချက်ဖြင့် စတင်လှမ်းခဲ့တာပါ။ ဒါက အောင်ပွဲတွေနဲ့ ရေရှည်တည်တံ့တဲ့ အနာဂတ်ထဲကို ကျနော်တို့နဲ့အတူ လိုက်ပါနိုင်မှာဖြစ်ပါတယ်" ဟု ဥက္ကဋ္ဌ ပေါ်လို စကာရိုနီက ပြောပါတယ်။

"ဒါက ဒီလုပ်ငန်းစဉ်ရဲ့ ဆင့်ကဲဖြစ်စဉ်ရဲ့ ပဏာမခြေလှမ်းကို ကိုယ်စားပြုပေမယ့် တချိန်တည်းမှာပဲ အေစီမီလန်အတွက် ကွင်းတွင်းရော ကွင်းပြင်ပမှာပါ စဉ်ဆက်မပြတ် တိုးတက်မှုကို အာမခံချက်ပေးမယ့် ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုရဲ့ ကတိကဝတ်ကို ဒါက ထပ်လောင်းသက်သေပြနေပါတယ်။"

ဆန်စီရို ဒါမှမဟုတ် စတီးဒီယို ဂျုဆပ်ပီ မီယက်ဇာဟာ ၎င်းရဲ့ ထူးခြားတဲ့ အနီရောင် သံမဏိတန်းတွေနဲ့ ခရုပတ်တာဝါတိုင်တွေကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လူသိများပေမယ့်လည်း အားကစားကွင်းအတွင်းရှိ ပစ္စည်းတွေဟာ အခြေခံဖြစ်ပြီး ပြုပြင်မွမ်းမံဖို့ အလွန်လိုအပ်နေပါတယ်။

ဒါပေမယ့်လည်း လက်ရှိကွင်းကို ပြန်လည်မွမ်းမံဖို့ ကုန်ကျစရိတ်မှာ သိသာထင်ရှားလှတာကြောင့် အင်တာနဲ့ အေစီမီလန်တို့က တခြားရွေးချယ်စရာ အစီအစဉ်တွေကို နှစ်အတော်ကြာ စဉ်းစားနေခဲ့ပါတယ်။

ကလပ်နှစ်သင်းဟာ 'The Cathedral' လို့ အမည်ပေးထားတဲ့ လက်ရှိဆိုက်နေရာမှာ ပရိသတ် ၆၀,၀၀၀ ဆံ့တဲ့ အားကစားကွင်းအသစ်ကို မျှဝေအသုံးပြုဖို့ အစီအစဉ်ရှိကြောင်း ၂၀၂၁ မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း အမွေအနှစ်ကော်မရှင်ရဲ့ ပြီးခဲ့တဲ့လက ကြေညာချက်ကြောင့် လက်ရှိကွင်းကို ဖြိုချမယ့် မည်သည့်အခွင့်အရေးကိုမဆို အဆုံးသတ်စေခြင်းနဲ့အတူ ဆန္ဒပြမှုတွေ၊ အယူခံဝင်မှုတွေနဲ့ ကန့်ကွက်မှုတွေဟာ ဒီစီမံကိန်းကို ရပ်တန့်စေခဲ့ပါတယ်။

အေစီမီလန်အသင်းလိုပဲ အင်တာမီလန်ဟာ အခုအခါ မီလန်မြို့တောင်ဘက်ရှိ မြို့ငယ်လေးဖြစ်တဲ့ Assago မှာ နေရာတစ်ခုနဲ့အတူ ၎င်းတို့ရဲ့ ကိုယ်ပိုင်ကွင်းကို တခြားနေရာမှာ တည်ဆောက်ဖို့ အခုအခါ စဉ်းစားနေပြီဖြစ်ပါတယ်။

(BBC)
Photo: AC Milan

#sansiro #ACMilan #InterMilan #ဆန်စီရီု
👍10🔥1
စက်တင်ဘာလ( ၂၈ )ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===========================

01:00-မှတ်ပုံတင်မထားတဲ့ ဆင်းကတ်တွေရောင်းချပါက ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီ ကြေညာတဲ့သတင်း

02:43-ပဋိပက္ခဖြစ်ပွားမှု ကမ္ဘာ့နိုင်ငံ ၅၀ စာရင်းထဲ မြန်မာနိုင်ငံ ထိပ်ဆုံးကရပ်တည်နေတဲ့သတင်း

05:38-ပုလဲတွင် ဒေသကာကွယ်ရေး ရဲဘော် ၃ ဦး သတ်ဖြတ်ခံရပြီး ဒေသခံ ၅ ဦးပျောက်ဆုံးနေတဲ့သတင်း

10:47-ဒီကနေ့ မနက် ၁၁နာရီအထိရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေဈေး၊ စက်သုံးဆီဈေးနဲ့ စားအုန်းဆီဈေးတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/ypg-7q6SBO0?si=X-LWNqG-po3nEVXY

#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11🍌2
This media is not supported in your browser
VIEW IN TELEGRAM
မြောက်ကိုရီးယားက အမေရိကန်စစ်သား ထရာဗစ်ကင်းကို နယ်နှင်ဒဏ်ပေးဖို့ဆုံးဖြတ်

#internationalnews #reels #shorts #American #NorthKorea #Mizzima
👍7🔥2
Media is too big
VIEW IN TELEGRAM
အင်ဒိုနီးရှားမှာ တရုတ်ထောက်ပံ့တဲ့ စီမံကိန်းတွေအတွက် ဒေသခံတစ်ချို့နှင်ထုတ်ခံနေရ

#internationalnews #reels #shorts #Indonesia #Mizzima
🔥6👍4
​​ကန်ပက်လက်မြို့တွင် စစ်ကောင်စီ တပ်စွဲထားသည့် ၂ နေရာ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး
====================

ပါခွီး
(မဇ္စျိမ) ။ ။ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့တွင် စစ်ကောင်စီ တပ်စွဲထားသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ပညာရေးမှူးရုံးတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက် လက်) CDF – Kanpetlet က ယမန်နေ့ စက်တင်ဘာလ ၂၇ရက်နေ့တွင် ထုတ်ပြန်သည်။

ကန်ပက်လက်မြို့တွင် အင်အား ၃၀ ဖြင့် တပ်စွဲထားသော ထွေအုပ်ရုံးကို ယမန်နေ့ နံနက် ၆နာရီ မှ ၁၁ နာရီထိ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိသည်ဟု သိရသည်။

တဖန် စစ်ကောင်စီ တပ်အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲထားသော ပညာရေးမှူးရုံးကို ယမန်နေ့ မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ ဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ် သား သေဆုံးဒဏ်ရာရရှိမှုကို အတည်မပြုနိုင်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ထွေအုပ်ရုံးတိုက်ပွဲမှာ စစ်ကောင်စီတပ်သားသေတာက ကျနော်တို့က စနိုက်ပါနဲ့ပစ်ခဲ့တာပါ ။ အဲဒီနောက် အနီးဆုံး ကတုတ်ကျင်းအထိ ချည်းကပ်နိုင်ခဲ့ကြတယ်။ လက်နက်ချဖို့ အော်ဟစ်ပြော ဆိုခဲ့ပေမဲ့ အသေခံပြီး တောင့်ခံခဲ့ကြတယ်။ တပ်စွဲထားတဲ့အထဲက ငိုသံတွေလည်း ကြားခဲ့ကြတယ်” ဟု CDF – Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်း က မဇ္စျိမ ကိုပြောသည်။

အဆိုပါထွေအုပ်ရုံးကို သိမ်းယူနိုင်ရန်အခွင့်အရေးရခဲ့သော်လည်း လက်လုပ် လက်နက်ကြီးပစ်ကူနှင့် ဒရုန်းပစ်ကူများ မရှိ၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဆိုသည်။

ပညာရေးရုံးမှူးတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများက အဆင်သင့်နေရာယူထားသဖြင့် အပြန်အလှန်ပစ်ခတ်မှုရှိခဲ့သော်လည်း သေဆုံးမှုကို အတည်မပြုနိုင်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

ကန်ပက်လက်မြို့တွင် တိုက်ခိုက်ခဲ့သည့် နှစ်နေရာအပြင် စစ်ကောင်စီတပ်သည် အထက(၁)ကျောင်းတွင် အင်အား ၇၀ ၊ ရဲစခန်းတွင် ရဲအင်အား ၃၀ ၊ ရန်အောင်စေတီကုန်းနှင့် ဘုန်းကြီးကျောင်းတွင် ၅၀ခန့်ဖြင့်တပ်စွဲထားပြီး တိုက်ခိုက်ချိန်တွင် ၎င်းနေရာများမှ စစ်ကူမလာ ရောက်နိုင်စေရန် လမ်းကြောင်း များကို ကာကွယ်ရေးတပ်ဖွဲ့မှ ပိတ်ဆို့ထားခဲ့ကြောင်း တပ်မဟာမှူးက ဆက်လက် ပြောဆိုသည်။

တိုက်ပွဲနှစ်ခုစလုံးတွင် ကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိကြောင်း CDF – Kanpetlet က ထုတ်ပြန်ချက်တွင်အသိပေးထားသည်။

CDF – Kanpetlet တပ်ဖွဲ့သည့် တိုက်ပွဲပေါင်း ၁၅၀ ကျော် ဆင်နွှဲခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအချို့အပါအဝင် အနည်းဆုံး ၂၀၀ ခန့်ကို ရှင်းလင်းနိုင်ခဲ့ကာ ၎င်းတို့ဘက် မှ တပ်ဖွဲ့ဝင် ၁၆ဦး ကျဆုံးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ယခုအချိန်တွင် ပြောက်ကျားစခန်းမှ တန်ပြန်ထိုးစစ်များစတင်နိုင်ရန်နှင့် စစ်ကောင်စီ တပ်အထိုင်စခန်းများကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် လိုအပ်သော လက်နက် ကြီး၊ ငယ်များနှင့် ကျည်ဆန်များ ဖြည့်တင်းနိုင်ရေးအတွက် “ဝိတိုရိယ သူရဲကောင်း စုပေါင်းအားသစ်လောင်း” ခေါင်းစဥ်ဖြင့် ရန်ပုံငွေ ကျပ်သိန်း ၅၀၀,၀၀၀,၀၀၀ (သိန်းငါးထောင်) ကမ်ပိန်းပြုလုပ်လျက်ရှိကြောင်းသိရသည်။

ဩဂုတ်လ ၃၁ရက်နေ့မှ အောက်တိုက်ဘာ ၁၅ရက်အထိ ၄၅ ရက်အကြာပြုလုပ်မည် ဖြစ်သော အဆိုပါကမ့်ပိန်းတွင် စက်တင်ဘာလ ၂၈ရက် ယနေ့အထိ ကျပ် ၁၂၀,၀၀၀,၀၀၀(သိန်း၁,၂၀၀) ခန့်သာရရှိသေးသဖြင့် ရာခိုင်နှုန်းပြည့်မီရန် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းအာရုံစိုက်ပေးစေလိုကြောင်း တပ်မဟာမှူးက မေတ္တာရပ်ခံထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း - CDF – Kanpetlet ရဲဘော်များ
ဓါတ်ပုံ။ - CDF – Kanpetlet

#Mizzima
#CDF – Kanpetlet
#ကန်ပက်လက်မြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤6😁2
ပဋိပက္ခဖြစ်ပွားမှု ကမ္ဘာ့နိုင်ငံ ၅၀ စာရင်းထဲ မြန်မာနိုင်ငံ ထိပ်ဆုံးကရပ်တည်နေ
======================

ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ပဋိပက္ခမီးတောက်လောင်နေတဲ့ ကမ္ဘာ့နိုင်ငံ ၅၀ စာရင်းကို ACLED က မကြာမီက ထုတ်ပြန်ခဲ့ရာ အဆိုပါ စာရင်းထဲမှာ မြန်မာနိုင်ငံက အဆိုးရွားဆုံး နံပါတ် (၁) မှာရှိနေတယ်လို့ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဋိပက္ခ ဖြစ်ပွားမှု အဆင့်က ယူကရိန်းထက်ကျော်ပြီး နံပါတ် (၁) နေရာမှာ ရှိနေတာဖြစ်တယ်လို့ လက်နက်ကိုင်ပဋိပက္ခတည်နေရာနဲ့ ဖြစ်ရပ်တွေကို အချိန်နဲ့တပြေးညီ မှတ်တမ်းပြုစုနေတဲ့ အမေရိကန် အခြေစိုက် ACLED သုတေသန အဖွဲ့က ပြောကြားလိုက်တာပါ။

ဒီအချက်အလက်တွေက ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်ကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာ လဝက်အထိ မှတ်တမ်းပြု တွက်ချက်ထားတာလည်းဖြစ်ပါတယ်။

Acled အဖွဲ့ဟာ သတင်းအစီရင်ခံစာတွေ၊ အရပ်သားအဖွဲ့အစည်းနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေ အပြင် ဒေသတွင်းနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးဆိုင်ရာ နောက်ဆုံးအခြေအနေ ထုတ်ပြန်ချက်တွေကို အခြေခံပြီး အချက်အလက် ကောက်ယူတာဖြစ်ပါတယ်။

အဆိုပါစာရင်းကို ပြီးခဲ့တဲ့နှစ်က ဖြစ်ပွါးခဲ့တဲ့ နိုင်ငံရေးအကြမ်းဖက်မှု ဆိုင်ရာ အဓိက အချက်အလက် အကြောင်းအရာ လေးခုအပေါ် အခြေခံပြီး စာရင်းထုတ်ပြန်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
အကြောင်းအရာ လေးခုကတော့ အန္တရာယ်ကြီးမားမှု၊ အရပ်သားများအပေါ် ဘေးအန္တရာယ်ဖြစ်စေမှု၊ ပဋိပက္ခကြောင့် ပထဝီဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုနဲ့ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းအရေအတွက် တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်း အများဆုံးနဲ့ အလွန့်အလွန်စိုးရိမ်စရာ အခြေအနေအဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ဆီးရီးယားနဲ့ မူးယစ်ဒုစရိုက်မှု အများအပြားဖြစ်နေတဲ့ မက္ကဆီကိုနိုင်ငံတို့တောင် မြန်မာနိုင်ငံအောက်မှာရှိနေတာဖြစ်ပါတယ်။

မြန်မာပြီးရင် ဆီးရီးယားက ဒုတိယနဲ့ မက္ကဆီကိုက တတိယနေရာမှာဖြစ်ပါတယ်။ ယူကရိန်း၊ နိုင်ဂျီးရီးယား၊ ဘရာဇီး၊ ယီမင်၊ အီရတ်၊ ကွန်ဂို နဲ့ ကိုလံဘီယာ တို့က အဆက့်(၄)မှ (၁၀) အတွင်း အလွန်စိုးရိမ်စရာ(extreme) အနေအထားတွင် ရှိပြီး ရုရှားက အကြောင်းအရာ လေးခုအနက် တစ်ခုဖြစ်သော မတည်ငြိမ်မှု ( turbulence)မှာ အဆင့် ၃၉ ရရှိနေပါတယ်။

အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန်တို့က အဆင့် ၁၃၊ ၁၆ နှင့် ၁၉ နေရာများတွင် ရောက်ရှိနေပြီး ဘင်္ဂလားဒေ့ရှ်က အဆင့် ၂၂ တွင် ရှိနေပါတယ်။

အနောက်အုပ်စုနိုင်ငံများအနက် အမေရိကန် တစ်နိုင်ငံတည်းက ပဋိပက္ခမီး တောက်လောင်နေတဲ့ နိုင်ငံများစာရင်းမှာ အဆင့်(၅၀)မှာရှိနေပါတယ်။

အညွှန်းကိန်းအချက်အလက်များအရ ကမ္ဘာ့နိုင်ငံအားလုံးမှာ ပဋိပက္ခများ ရှိနေပေမယ့်လည်း အမြင့်ဆုံးပဋိပက္ခတွေကို နိုင်ငံ ၅၀ မှာတွေ့ရတာဖြစ်တယ်လို့ဆိုပါတယ်။

ထိပ်ဆုံး(၁၀)နိုင်ငံက အလွန့်အလွန်စိုးရိမ်စရာ(extreme) အဆင့် သတ်မှတ်ခံရပြီး (၁၁မှ ၃၀ အထိ) နိုင်ငံ ၂၀ က မြင့်မားသော( high) အဆင့်၊ နောက်ဆုံး နိုင်ငံ ၂၀ ကို မငြိမ်မသက်အဆင့်အဖြစ် ( turbulence) သတ်မှတ် ထားတာဖြစ်ပါတယ်။

https://youtu.be/fJAAbzWbu3s?si=ZvIPl1qJLNItPgct

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍13❤1🔥1👏1
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး လူထုသပိတ်နှင့် KIA၊ PDF၊ NUG ထောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြ ပြည်သူများက “ ပြည်သူ့အစိုးရနှင့် ပြည်သူ့သံအမတ်ကိုလက်ခံပါ ၊အာဏာရှင်ကို ဆန့်ကျင်ပါ” “ငါတိုမှာ ငါတို့ပဲရှိတယ်၊ ငါတို့နိုင်ကိုနိုင်ရမယ်” “ ဘုံရန်သူကို အမြစ်ဖြတ်တိုက်ဖို့ တပ်ပေါင်းစုဖြင့်ချီတက်စို “ “ ဘုံရန်သူ တူနေရင် ညီညွတ်ရေးလည်း ယူနိုင်ရမယ် “ “ စစ်အာဏာရှင် စနစ်လုံးဝ အုပ်ချုပ်ခွင့်မရစေရ “ “ နွေဦးတော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ပါဝင်စို့ “ စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြသည်။

ဓာတ်ပုံ- CJ
#ဆန္ဒပြ
#စစ်အာဏာရှင်
#Mizzima

website link >>> https://www.mizzimaburmese.com/article/133812

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2